Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




A-W-TOZER ၏ နှိုးထမှု

A. W. TOZER ON REVIVAL
(Burmese)

သင်ခန်းစာကို လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၂၁ ခုနှစ် မေလ (၉) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင် Dr. R. L. Hymers, Jr. က ပို့ချခဲ့သည်။
A lesson taught at the Baptist Tabernacle of Los Angeles
Lord’s Day Afternoon, May 9, 2021

(၁၈၂၂-၁၈၉၄ခုနှစ် အေဗစ် ဘာဂျစ်ဆန် ခရစ်စတင်စန် ဝီလျှံ သီကုံးသော) “ကွျန်ုပ်ရူပါရုံဖြည့် ဆည်းကျူး” ဓမ္မ သီချင်းကို သင်ခန်းစာမတိုင်မီ သီဆိုသည်။


အားလုံးမတ်တပ်ရပ်ပြီး၊ ယောရှုမှတ်စာ ၇း၁၂ ကို ဖတ်ကြပါစို့။

“ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။” (ယောရှုမှတ်စာ ၇း၁၂)

ထိုင်နိုင်ပါပြီ။ ဣသရေလလူမျိုးများသည် ယနေ့ထိတိုင် မယုံကြည်သူများအလယ်မှာ အောင်မြင်နေဆဲပါ။ သူတို့ထဲမှတစ်ယောက်က သူတို့သိမ်းပိုက်ခဲ့တဲ့ ပစ္စည်းများတချို့ကို ခိုးယူခဲ့လို့ ဘုရားသခင်ကို အမျက်ထွက်စေခဲ့ပါတယ်။ အဲဒီလူက အာခန်ပါ။ ဒေါက်တာ စကိုးဖီးလ် ပြောခဲ့တာက

“ခရစ်တော်၏အကြောင်းတရားအားလုံးက အပြစ်၊ လျစ်လျူရှုမှု၊ (သို့) မယုံကြည်မှု စတဲ့အရာများ အားဖြင့် ဒဏ်ရာရစေခဲ့တယ်။” (စာမျက်နာ ၂၆၆မှ အောက်ခြေမှတ်စု)

ဆင်ကန်းတောတိုးပြီး ဘုရားသခင်၏လိုအပ်ချက်များကို လျစ်လျူရှုခဲ့တဲ့အချိန်၊ သူ့စကားတော်ကို ချိုးဖျက်ခဲ့တဲ့အချိန်မှာ နှိုးထမှုကိုပြန်စေ လွတ်ရင် ဘုရားသခင်ကို ကျွန်တော်တို့ တောင်း လျှောက်လို့ရပါတယ်။ ဘုရားသခင်က ယောရှုကို ပြောခဲ့တယ်၊

“ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။” (ယောရှုမှတ်စာ ၇း၁၂)

ကတ်သလိပ်ဘာသာဝင်တစ်ယောက်က အပြစ်ကိုသလို့ ဝန်ချချင်ပေမယ့် အဲလိုဝန်ခံခြင်းက တစ်ခါတစ်လေနှစ်ဆဆိုးစေ ခဲ့တယ်။ သုတ္တံ ၂၈း၁၃ကို သွားကြည့်ပါ။ အားလုံးမတ်တပ်ရပ်ပြီး ကျယ်ကျယ်ဖတ်ပေးပါ။

“မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။” (သုတ္တံ ၂၈း၁၃)

ထိုင်နိုင်ပါပြီ။ စွန့်ပစ်ခြင်းမခံရဘဲ ဝန်ခံခြင်းက လုံးဝဝန်ချမတောင်းပန်ခြင်းထက် ပို၍ဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြဲတမ်း ပုန်ကန်သူတစ်ယောက်အတွက် အကူအညီ မဖြစ်နိုင်ပါ။

သုတ္တံ ၁၄း၂၁ မှာ

“မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။” (သုတ္တံ ၁၄း၂၁)

ရှင်ယောဟန် ၁၄း၁၅ ကိုသွားကြည့်ပါ။

“ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊ ” (ယောဟန် ၁၄း၁၅)

ဒေါက်တာ တိုဇာရဲ့နိုးထမှု ခြေလှမ်းများ

(၁) ကိုယ့်ကိုယ်ကို မကျေနပ်ပါနဲ့။ သင်၏အသက်တာကိုပြောင်းလဲခြင်းဆီသို့ သင့်မျက်နှာကိုထားပါ။

(၂) ကောင်းကြီးပေးတဲ့လမ်းဘက်သို့ လျှောက်ပါ။ နိူးထမှုကိုတောင့်တခြင်းနှင့် တစ်ချိန်တည်းမှာ ဆုတောင်းခြင်းကို လျစ်လျူရှုခြင်းက နည်းလမ်းတစ်ခုကိုလိုလားပြီး အခြားလမ်းဘက် လျှောက်လှမ်းရန်ဖြစ်ပါတယ်။

(၃) နောင်တရခြင်းအလုပ်တစ်ခု ပြည့်စုံအောင်လုပ်ပါ။ အဲဒါကို မြန်မြန်ကျော်ဖို့ ဆန္ဒမစောပါနဲ့။

(၄) တတ်နိုင်သမျှလျော်ကြေးပေးပါ.

(၅) အလေးအနက်ထားပါ။ သင့် TV ကိုပိတ်ပါ။ သင်၏အကျင့်ဓလေ့များ ပြောင်းလဲခြင်းရှိရမည် (သို့မဟုတ်) သင်၏ ၀ိညာဉ်ရေးအသက်တာတိုးတက်လာမည်မဟုတ်ပါ။

(၆) သင်၏အကျိုးစီးပွားကိုကျဉ်းမြောင်းစေပါ။ သင်၏နှလုံးက လောကနှင့် အပြစ်ဘက်မှဝေးကွာပြီး ခရစ်တော်ဘက် လှည့်တဲ့အခါ သင်၏ စိတ်နှလုံးပြန်လည်ရှင်သန်ပါလိမ့်မယ်။

(၇) မိမိကိုယ်ကို ယိုယွင်းပျက်စီးရန် အခွင့်မပေးပါနဲ့။ သင်းအုပ်ဆရာအတွက် အဆင်သင့်နေပါ။ သင့်ကို လုပ်ခိုင်း သမျှကိုလုပ်ပါ။ နာခံရန်သင်ယူပါ။

(၈) သက်သေဝေမျှဖို့ စတင်ပါ။ တင်္နဂနွေနေ့မှာ တစ်စုံတစ်ယောက်ကို အသင်းတော်သို့ ဖိတ်ပါ။

(၉) ကျမ်းစာကို ဖြည်းဖြည်းဖတ်ပါ။ မဟာပညာရှင် ဒေါက်တာဆမ်မြူရယ်ဂျွန်ဆင်က အင်္ဂလန်ဘုရင်ထံသွားရောက် လည်ပတ်တဲ့အခါ နှစ်ယောက်သား ခေတ္တမျှ တိတ်ဆိတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ ဘုရင်က ဒေါက်တာ ဂျွန်ဆင်ကို “မင်းအများကြီးဖတ်ဖူးတယ် ထင်တယ်” လို့ ပြောတဲ့အခါ ဒေါက်တာဂျွန်ဆင်က “ဟုတ်ပါတယ် ခင်ဗျား၊ ဒါပေမယ့် အများကြီးထက်ပိုမယ် ထင်ပါတယ်။”လို့ ပြန်ဖြေခဲ့တယ်။

(၁၀) ယုံကြည်ခြင်းရှိပါ။ မျော်လင့်ဖို့စတင်ပါ။ ဘုရားကိုကြည့်ပါ။ ဘုရားကသင့် ဘက်မှာပါ။ သူက သင့်ကိုစိတ် ပျက်စေလိမ့်မှာ မဟုတ်ပါ။


သင့်ရဲ့အသင်းတော်မှာ နှိုးထမှုလိုအပ်တာ ဘုရားသခင်သိတယ်။ အဲဒီနှိုးထမှုက သင့်လိုလူမျိုးကနေတဆင့် ဖြစ်လာ နိုင်ပါတယ်။

ဒီသင်ခန်းစာကို အိမ်မှာ သင်နှင့်အတူ ယူသွားစေချင်ပါတယ်။ ဒေါက်တာ တိုဇာ ပြောတဲ့နှိုးထမှုအတိုင်း လုပ်ဆောင်ပါ။ ကို့ကိုယ်ကို ပြန်ရှင်သန်ပါ၊ အဲဒီအရာက သူတစ်ပါးကိုလည်း စစ်မျန်တဲ့နှိုးထမှုဘက်သို့ ပို့ဆောင်ပေးရန် ဘုရားသခင်က ကူညီနိုင် ပါတယ်။ အားလုံးမတ်တပ်ရပ်ပြီး ဓမ္မသီချင်းဆိုကြပါစို။

ကျွန်ုပ်ရူပါရုံဖြည့်ဆည်းပေး၊ ယနေ့ယေရှုနှင့်တွေ့ပါစေ ဆုတောင်း
   ချိုင်းဝှမ်းသို့ သင်လမ်းပြသော်လည်း၊ ဘုန်းတော်အားဖြင့် လွှမ်းခြုံသည်။
ကျွန်ုပ်ရူပါရုံဖြည့်၊ ကျွန်ုပ်ကယ်တင်ရှင်၊ ကျွန်ုပ်ဝိညာဉ် သင့်ဘုန်းတော်ဖြင့် တောက်ပFill
   ကျွန်ုပ်ရူပါရုံဖြည့်ဆည်း၊ သင့်၏သဏ္ဌာန်တော် ကျွန်ုပ်၌မြင်တွေ့စေမည်။

ကျွန်ုပ်ရူပါရုံဖြည့်၊ သင့်ဘုန်းတော်အတွက် ကျွန်ုပ်ဆန္ဒ၊ ငါ့ဝိညာဉ်သည် လာ၏။
   စုံလင်ခြင်း၊ သန့်ရှင်းသောချစ်ခြင်းမေတ္တာ၊ အထက်မှအလင်းဖြင့် ကျွန်ုပ်လမ်းကိုသွန်းလောင်း။ ကယ်တင်ရှင်ဘုရားကျွန်ုပ်၏ရူပါရုံအားလုံးဖြည့်ပါ၊
ကိုယ်တော်၏သန့်ရှင်းသောပုံရိပ်သည်ကျွန်ုပ်၌ထင်ဟပ်စေရန်ကျွန်ုပ်၏ရူပါရုံအားလုံးကိုဖြည့်စွက်ပါ။

ကျွန်ုပ်၏ရူပါရုံအားလုံးကိုဖြည့်စွက်ပါ၊ အပြစ်မှကင်းစင်ပါစေ။
   ကောင်းချီးမင်္ဂလာရှိသောမျက်နှာတစ်ခုတည်းကိုသာ ကျွန်ုပ်မြင်တွေ့ခွင့်ပေးပါ။
ကယ်တင်ရှင်ဘုရားကျွန်ုပ်၏ရူပါရုံအားလုံးဖြည့်ပါ။
   ကိုယ်တော်၏သန့်ရှင်းသောပုံရိပ်သည် ကျွန်ုပ်၌ထင်ဟပ်စေရန် ကျွန်ုပ်၏ရူပါရုံအားလုံးကိုဖြည့်စွက်ပါ။
(၁၈၂၂-၁၈၉၄ခုနှစ် အေဗစ် ဘာဂျစ်ဆန် ခရစ်စတင်စန် ဝီလျှံ သီကုံးသော “ကွျန်ုပ်ရူပါရုံဖြည့် ဆည်းကျူး” ဓမ္မ သီချင်း)


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။