Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ပေတရု တပည့်တော်တစ်ပါးဖြစ်လာပုံ

HOW PETER BECAME A DISCIPLE
(Burmese)

တရားဒေသနာစာမူကို ဒေါက်တာ Christopher L. Cagan ရေးသားပြီး
လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၉ခုနှစ်
စက်တင်ဘာလ ( ၁ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
Dr. R. L. Hymers, Jr. က ဟောပြောသည်။
Text by Dr. Christopher L. Cagan;
preached by Dr. R. L. Hymers, Jr.
at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 1, 2019

“ယောဟန်၏စကားကိုကြား၍၊ နောက်တော်သို့လိုက်သောသူနှစ်ယောက် တို့တွင် တယောက်ကား ရှိမုန်ပေတရုညီ အန္ဒြေပေတည်း။ ထိုသူသည် မိမိအစ်ကိုရှိမုန်ကိုရှေးဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက် သူ့ကိုယေရှုထံသို့ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟု ဆိုလိုသနည်း။ ယေရှုသည် ထိုသူကိုကြည့်ရှု၍ သင်သည် ယောန၏သားရှိမုန်ဖြစ်၏။ ကေဖအမည်သစ်ကိုရလတံ့ဟု၏၊ ကေဖအ နက်ကား ပေတရုဟု ဆိုလိုသတည်း။” ( ယောဟန် ၁း ၄၀-၄၂၊ စာ- ၁၁၁၆၊ Scofield )


ယေရှုနှင့်ပေတရုဆုံတွေ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပါသည်။ သူ၏နာမည်အရင်း မှာ ရှိမုန်ဖြစ်ပါသည်။ ယေရှုသည် သူ့နာမည်ကို “ပေတရု” ဟုမှည့်ဆိုပြီး “ကျောက်” ဟု အဓိ ပယ်ရပါသည်။ အန္ဒြိက သူညီဖြစ်သည်။ ပေတရုသည် တံငါသည်တစ်ဦးဖြစ်သည်။ အိန္ဒြနှင့်ပေ တရုတို့သည် ဂလိလဲပင်လယ်နှင့်မလှမ်းမကမ်းရွာငယ်လေးတစ်ခုတွင် နေထိုင်ကြပါသည်။ သူ တို့သည် ဂါလိလဲပင်လယ်တွင် ငါးဖမ်းခြင်းအလုပ်ကို အမြဲလုပ်လေ့ရှိကြပါသည်။ ငါးဖမ်းသည့် အလုပ်ဟူသည်မှာ မလုပ်မဖြစ်လုပ်ဆောင်ရသည့် ခက်ခဲသည့်အလုပ်ဖြစ်သဖြင့် ဘဝသည် အ လွန်ပင် ခက်ခဲလွန်းလှသည်။ ပေတရုသည် ယေရှုက သူ့ယောက္ခမကို ကျန်းမာစေကြောင့် တွေ့ရသဖြင့် မိသားစုရှိကြောင်းသိရသည်။ ပေတရုသည် ယေရှုနှင့်တွေ့ချိန်တွင် အသက်သုံး ဆယ်နီးပါးရှိသည်။ သူသည် တပည့်တောများတွင် အသက်အကြီးဆုံးဖြစ်သည်။

ဂါလိလဲပင်လယ်၌ ငါးဖမ်းနေသောတငါသည်များကို တို့ထိခံရသောသူများဖြစ်ကြပါ သည်။ ငါးဖမ်းခြင်းအလုပ်သည် ကိုယ်ကာယတွင် အလွန်တောင်းဆိုမှုများသည်။ သူတို့သည် ကြောက်ရွံ့မှုကို ရင်ဆိုင်ကြရသည်။ အကြောင်းမှာ ပြင်းထန်သောလေမုန်တိုင်းသည် ဂါလိလဲ ပင်လယ်ပြင်ကနေ ရုတ်တရက်ပေါ်လာတတ်လေ့ရှိသည်။ ထိုမုန်တိုင်းသည် ၎င်းတို့၏လှေငယ် လေးကိုရိုက်ခတ်လျှင် နစ်မြှုပ်သွားနိုင်ပါသည်။

ပေတရုသည် ဖာရိရှဲတစ်ဦးမဟုတ်ပါ။ သူသည် ဂျူးလူမျိုးဖြစ်သောကြောင့် တရားဇရပ် သို့ ရံဖန်ရံခါသွားလေ့ရှိသည်။ သူသည် ဖာရိရှဲများကဲ့သို့ ရှေးရိုးစွဲတစ်ဦးမဟုတ်ပါ။ သို့ရာတွင် အခြားတံငါများနှင့်မတူဘဲ ပေတရုသည် အပြစ်သားဖြစ်ကြောင်းကို စိတ်နှလုံးသားထဲက သိ နေပါသည်။ နောက်ပိုင်းတွင် ယေရှုအား ပြောဆိုသည်မှာ “ငါ့ထံမှထွက်ပါ။ ငါသည် အပြစ်ရှိ သောသူဖြစ်ပါသည်၊ သခင်” ဟူ၍ဖြစ်သည်။ ( လုကာ ၅း ၈၊ စာ- ၁၀၇၈ )

ထို့ကြောင့် ပေတရုသည် ဘာသာရေးကိုင်းရှိုင်းသူအဖြစ် စတင်ခဲ့သည်မဟုတ်။ ခရစ် ယာန်တစ်ဦးအဖြစ် စတင်ခဲ့သည်လည်းမဟုတ်ပါ။ သူသည် အကျင့်စာရိတ္တခက်ထန်သူတစ်ဦး ဖြစ်ပါသည်။ သူသည် တံငါသည်တစ်ဦးအနေဖြင့် ခက်ထန်ရပါမည်။ သူသည် “အသင်းတော်” ကောင်းမွန်စွာ သင်ကြားခြင်းခံရသူလည်းမဟုတ်။ သူသည် မကောင်းသည့်ဘာသာစကားကို အသုံးပြုလေ့ရှိသည်။ စိတ်တိုလွယ်သည်။ အမှားများစွာကို ကျူးလွန်သည့် အပြစ်သားတစ်ဦး လည်းဖြစ်ပါသည်။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ကျွန်ုပ်တို့၏တရားဒေသနာကို သင်၏ဖုန်းတွင် ယခုဖတ်ရှုနိုင်ပါသည်။
WWW.SERMONSFORTHEWORLD.COM. သို့သွားပါ။
အပေါ်တွင် “APP” စကားလုံးပါရှိသည့် အစိမ်းရောင် ခလုတ်လေးကို နှိပ်ပါ။
ထွက်ပေါ်လာသည့်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ယခုတွင် ခရစ်တော်အတွက် ကြိုးစားလုပ်ဆောင်နေသူများကို ဆင်ခြင်ကြည့်ပါ။ ပေတရုကဲ့သို့သောသူသည် “အသင်းတော်၌ကြီးပြင်းလာသူ”တစ်ဦးအနေဖြင့် အပြည့်အဝ သွန်သင်ခြင်း၊ ပြုပြင်ခြင်းခံရသူမဟုတ်ပါ။ သူသည် အသင်းတော်အစည်းအဝေးသို့ သွားရ သည့်အကြောင်းကိုလည်း အပြည့်အဝနားလည်ထားခြင်းမရှိ။ ဗွီဒီယိုဂိမ်းဆော့ခြင်း သို့မဟုတ် ပျောက်ဆုံးသောမိတ်ဆွေများနှင့်အတူ ပျော်ပါးခြင်း၌ အချိန်နာရီပေါင်းများစွာ အသုံးပြုထား ခြင်းသည် သူ့အတွက် အကောင်းဆုံးဟု ယူဆမိသည်။ သူသိသမျှလူတိုင်းသည်လည်း သူကဲ့ သို့သောသူများသာဖြစ်ပါသည်။ သူသည် အပြစ်ကိုကျူးလွန်သူဖြစ်သည်။ မှားယွင်းသည့် အယူအဆများလည်း ရှိပါသည်။ ပြဿနာလည်း ခဏခဏကြုံတွေ့ရတတ်သည်။ သူနှင့်အ ငြင်းပွါးခြင်းဖြင့် သူ့ကိုခရစ်တော်ထံမရောက်စေနိုင်ပါ။ သူ့ကို ယေရှုအကြောင်း ပြောပြဖို့သာ ကျန်တော့သည်။ သူ့အတွက် ယေရှုလုပ်ဆောင်ပေးသမျှကို ပြောပြရမည်။ သူ့အပေါ်၌ ရင်း နှီးမှုကိုပြရမည်။ သူ့ကို ဘုရားကျောင်းသို့ ခေါ်ထွက်ရန်မှာ အတော်ကို စဉ်းစားရမည့်အချက် တစ်ခုဖြစ်ပါသည်။ ပေတရုသည် လေ့ကျင့်ပေးခြင်းခံရသူမဟုတ်။ သူသည် လောက၌ ပျောက် ဆုံးနေသူတစ်ဦးလည်းဖြစ်ပါသည်။

သူ့ညီအိန္ဒြက ပေတရုအား ယေရှုအကြောင်း ပြောပြခဲ့သည်။ “သူသည် သူ၏အစ်ကို ရှိမုန်( ပေတရု ) ကို ပထမဦးဆုံး ဘုရားအကြောင်းပြောပြသည်မှာ ငါသည် မေရှိယကိုတွေ့ပြီ။ မေရှိယအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။” ( ယောဟန် ၁း ၄၁၊ စာ-) ၁၁၁၆ ) ပေတရု သည် ယေရှုကို ပထမဆုံးအကြိမ် ကြားသိရသည်အတွင် တပည့်တော်ဖြစ်မလာခဲ့ပါ။

အလွန်ပင် အရေးကြီးသည့်အချက်ဖြစ်ပါသည်။ “ဆုံးဖြတ်ချက်ဝါဒီ” သမားများအ တွက် လွယ်ကူသောအရာဖြစ်သည်။ ဒေါက်တာ A. W. Tozer က “အပြစ်သားဆုတောင်းခြင်း နည်း” ကို အတင်းရွက်ဆိုစေခြင်းက စစ်မှန်သောခရစ်ယာန်၊ စစ်မှန်တပည့်တော်ကို မမွေး ထုတ်ပေးနိုင်ပါဟု ရှင်းရှင်းလင်းလင်းပြောထားသည်။ ပေတရုသည် ပထမဆုံးအကြိမ် ယေရှု အကြောင်းကြားသိသောအခါ၌ “ဆုံးဖြတ်ချက်တစ်ခု” မချမှတ်ခဲ့ပါ။ ဟုတ်ပါသည်။ ပေတရုက စိတ်ဝင်စားခဲ့သည်မှာ အမှန်ပါ။ သူက ယေရှုအကြောင်းကို ပို၍သိလို ကြားလိုသည်။ သို့ရာ တွင် နောက်ပိုင်း ဗတ္တိဇံဆရာယောဟန်သည် ဖမ်းဆီးခြင်းခံရပြီးနောက်တွင်သာ ပေတရုသည် တပည့်တော်အဖြစ် ပေတရုနောက်သို့လိုက်ရန် ဆုံးဖြတ်ထားခြင်းဖြစ်ပါသည်။

“ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောပြောတော်မူ၏။ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကိုနှစ် ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင် တော်မူလျှင်၊ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့ သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည်ဟု အမိန့်တော်ရှိ သော်၊ ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကို စွန့်ပစ်၍ နောက်တော် သို့လိုက်ကြ၏။” ( မာကု ၁း ၁၄- ၁၈၊ စာ- ၁၀၄၆ )

ခရစ်တော်ထံသို့ပို့ဆောင်ဖို့ သင်ကြိုးစားအားထုတ်သောသူသည် ခရစ်တော်၏တပည့် ဖြစ်လာမဖြစ်လာမှာ သူ၏ဆုံးဖြတ်ချက်ဖြစ်သည်။ ၎င်းသည် ရုန်းကန်နေရသည့်အခြေအနေကို ဆိုလိုသည်။ စစ်မြေပြင်တစ်ခုသဖွယ်ဖြစ်နေသည်။ သူသည် ရက်သတ္တပတ်အနည်းငယ် သို့မ ဟုတ် လပေါင်းများစွာလောက် သင်နှင့်အတူ ဘုရားကျောင်းလာခြင်းဖြင့် မပြီးဆုံးပါ။ လပေါင်း များစွာ သို့မဟုတ် နှစ်နှင့်ချီလျက် ဖြစ်ပျက်နေသည့် စစ်မြေပြင်တိုက်ပွဲပင်ဖြစ်ပါသည်။

ဤအရာသည် Kreighton Chan ကို ဧဝံဂေလိလုပ်ငန်း၌ ထိထိရောက်ရောက်မရှိစေ သည့် အကြောင်း ရင်းပင်ဖြစ်ပါသည်။ သူသည်လည်း ဆုံးဖြတ်ချက်ဝါဒီအများစုလိုပဲ သူတို့ သည် ဧဝံဂေလိတရားနှင့်ဆိုင်သောအချက်ကို နားလည်သည့်အချိန်၌ဖြစ်သည်ဟုသာ ယူဆ နေသည်။ Chan နှင့် Waldrip ကဲ့သို့သောသူတို့သည် လူသစ်တွေထံ အချိန်မြန်မြန် “သွား” ကြသည်။ စစ်မှန်သော ဝိညာဉ်ရိတ်သိမ်းခြင်းသည် စဉ်ဆက်မပြတ် တိုက်နေရသည့် တိုက်ပွဲ ဖြစ်ကြောင်းကို သူတို့နားမလည်ကြပါ။ သို့ဖြစ်၍ စစ်မှန်သော ဝိညာဉ်ရိတ်သိမ်းခြင်းသည် ဥာဏ်ပညာအမြော်အမြင်ကြီးဖို့ လိုအပ်သည်။ “ဝိညာဉ်ရိတ်သိမ်းသူသည် ဥာဏ်ပညာရှိသူဖြစ် သည်” ( သုတ္တံ ၁၁း ၃၀၊ စာ- ၆၈၀ )။ ထိုကျမ်းပိုဒ်ကို “ဥာဏ်ပညာရှိသောသူသည် ဝိညာဉ်ရိတ် သိမ်းသည်” ဟုပင် အနက်ဖွင့်ဆိုနိုင်ပါသည်။ ဒေါက်တာ A. W. Tozer က အမြော်အမြင်ရှိရှိ ဤသို့ဆိုပါသည်။

“ကျွန်ုပ်တို့သည် ကယ်တင်ခြင်းနှင့်ဆိုင်သောအရာအားလုံးကို နှစ်ခု ထဲက အတွေ့အကြုံတစ်ခုဆီသို့တွန်းပို့ရန် ကြိုးစားအားထုတ်ခြင်း ဖြင့် ခရစ်ယာန်ဘာသာကိုလျှောက်လှဲသူများသည် သဘာဝတရား အားဖြင့် သွားနေသော တိုးတက်မှုနိယာမတရားကို မာန်အပြည့် နှင့်ဟန်ပြသည်။ သူတို့က ဒုက္ခဝေဒနာခံစားခြင်း၊ လက်ဝါးကပ် တိုင်သယ်ဆောင်ခြင်းနှင့်လက်တွေ့နာခံခြင်းအကျိုးကိုဖြစ်စေ သည့် သန့်ရှင်းစင်ကြယ်ခြင်းကို လစ်လျူရှုကြသည်။ သူတို့သည် ဝိညာဉ်ရေးရာလေ့ကျင့်ပျိုးထောင်မှု၊ မှန်ကန်သောဘာသာရေးအ လေ့အကျင့်ပုံစံ၏လိုအပ်မှု၊ လောက၊ မာရ်နတ်၊ နှင့်ဇာတိပကတိ တို့နှင့်တိုက်ခိုက်ရုန်ကန်လိုအပ်မှုတို့ကို ဖြတ်ကျော်ခဲ့ကြသည်။” (The Inadequacy of ‘Instant Christianity’).

ပေတရုသည် “အသင်းတော်ကွဲပြားမှု” ကြီးတစ်ခုအတွင်း စမ်းသပ်မှုကြီးတစ်ခုကို ကြုံ တွေ့ခဲ့ရသည်။ အခြားသူများက အသင်းတော်ကို စွန့်ခွါခဲ့ကြသည်။ ပေတရုကတော့ မစွန့်ခွါဖို့ ဆုံးဖြတ်ခဲ့သည်။ အခြားသူများနည်းတူ ထွက်မသွားဖို့ ဆုံးဖြတ်ခဲ့သည်။

“ထိုအခါမှစ၍၊ တပည့်တော်အများတို့သည် ကိုယ်တော်နှင့်မပေါင်း ဖော်ဘဲ ဆုတ်သွားကြ၏။ ထို့ကြောင့် ယေရှုသည် တကျိပ်နှစ်ပါး သောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိကြ သလောဟု မေးတော်မူလျှင်၊ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့ သည် အဘယ်သူထံသို့ သွားရပါမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင် ၏သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြ ပါသည်ဟု လျှောက်လေ၏။” ( ယောဟန် ၆း ၆၆-၆၉၊ စာ- ၁၁၂၄ )

ယေရှုက တပည့်တော်တစ်ဆယ့်နှစ်ပါးအား “သင်တို့သည်လည်း ထွက်သွားကြမည်လား” ဟု မေးလိုက်သည်။ “ထိုအခါ ရှိမုန်ပေတရုက သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရပါမည်နည်း၊ ကိုယ်တော်သည် ထာဝရအသက်၌ ထာဝရအသက်နှင့်ဆိုင်သောနှုတ် တော်ထွက်စကားရှိပါ၏ဟုဆိုသည်” ( ယောဟန် ၆း ၆၇-၆၈ ) ဤကျမ်းပိုဒ်၌ အရေးကြီးသည့် အချက်နှစ်ချက်ရှိသည်။

၁။ ထွက်ခွါသွားခဲ့သူများသည် နောက်တဖန် ကြားနိုင်စရာအခွင့်မရှိကြ။ ကျွန်ုပ်၏ နှစ်ပေါင်း ၆၁ အတွေ့အကြုံအရဆိုရလျှင်၊ အသင်းတော် ကွဲပြားမှုတွင် ထွက်ခွါသွားသူများသည် ခိုင်မာသောတပည့်တော်များ လုံး၀ဖြစ်လာနိုင် စရာအကြောင်းမရှိကြပါ။ ထိုသို့ဖြစ်လာသူ တစ်ဦးတစ် လေမျှ မတွေ့စဖူးပါ။

၂။ ပေတရုသည် “ကွဲပြားမှု” တွင် ထွက်ခွါသွားလျှင် လုံး၀ပြောင်းလဲမည်မ ဟုတ်။

“ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အ ထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အ တူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင် ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှထွက်သွားကြ၏။” ( ၁ ယော ၂း ၁၉၊ စာ- ၁၃၂၂ )

“မိမိတို့မတရားသောတပါမက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ယယ်ပြု တတ်သောသူတို့သည် ပေါ်ကြလိမ့်မည်ဟု ငါတို့သခင်ယေရှုခရစ် ၏တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက် မေ့ကြလော့။ ထိုသူတို့သည် သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူဖြစ်ကြ၏” ( ယုဒ ၁၈၊ ၁၉၊ စာ-၁၃၂၉ )။

ထွက်သွားသည့်လူများက ခရစ်ယာန်တပည့်တော်ဖြစ်ခြင်း၏အစစ်အမှန်ကို မမြင်တွေ့ခဲ့ကြ ပေ။ တပည့်တော်ဖြစ်ခြင်းဟူသည်မှာ စစ်မှန်သည့် ပြောင်းလဲမှုဖြစ်ပြီး ကျမ်းပိုဒ်ကို အလွတ် ကျက်မှတ်ခြင်း၊ သို့မဟုတ် ဩဝါဒများကို ယုံကြည်ခြင်းထက် ပိုသည်။ တပည့်တော်ဖြစ်ခြင်း၌ ဆက်လက်တည်ရှိရန် ဆုံးဖြတ်ချက်တစ်ခုလည်းပါဝင်သည်။ ထို့အပြင် ထွက်သွားခြင်းက အကျိုးလည်းမရှိ။ အကြောင်းမှာ “အပြင်မှာရှိနေခြင်း” သည် အချည်းနှီးသက်သက်ဖြစ်သည်။ ပေတရုက ထိုအကြောင်းကိုသိသည်။ သို့သော် သူသည် မပြောင်းလဲသေးပါ။

ဝိညာဉ်ရိတ်သိမ်းခြင်းသည် ကြီးမားသည့်စီမံကိန်းတစ်ခုဖြစ်သည်ကို ရှုမြင်နိုင်သည်။ နာမည်ရေးထိုးခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ကို ဆုတောင်းစေခြင်းမဟုတ်ပါ။ အသက် ရှင်သောသူ၏ဝိညာဉ်အတွက် အသက်ရှင်သော ရုန်းကန်လှုပ်ရှားမှုဖြစ်သည်။

ပြောင်းလဲခြင်းနှင့်တပည့်တော်ဖြစ်ခြင်းတို့သည် ယေရှုခရစ်မည်သူမည်ဝါဖြစ်ကြောင်း နှင့်ပတ်သက်ပြီး အလင်းပေးခြင်းထက်ပိုသည်။

“သင်တို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်း တော်မူလျှင်၊ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ် တော်မူသည်ဟု လျှောက်လေ၏။ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဘော်ပြသည်မဟုတ်။ ကောင်း ကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသ တည်း။” ( မဿဲ ၁၆း ၁၅-၁၇၊ စာ- ၁၀၂၁ )

ခမည်းတော်ဘုရားသခင်က ယေရှုသည် အဘယ်သူဖြစ်သည်ကို ပေတရုအား ပြသ ( အလင်း ပေး ) သည်။ ဘုရားသခင်က ယေရှု၏အစစ်အမှန်ဖြစ်ခြင်းကို ပေတရုအား ပြသသည်။ သို့ရာ တွင် ပေတရုသည် မပြောင်းလဲသေးပါ။ များစွာသောလူတို့က ပေတရုသည် ၎င်းအချိန်တွင် ပြောင်းလဲသည်ဟုပင် ဆိုကြသည်။ တကယ်တော့ ထိုသို့မဟုတ်ပါ။

ယောဟန်က ပေတရုအား ယေရှု၏အစစ်အမှန်ဖြစ်ခြင်းကို ညွှန်ပြသည်နှင့်ချက်ခြင်း ပေတရုသည် ဧဝံဂေလိတရားကို စတင်ငြင်းပယ်လာသည်။

“ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားရမည်။ လူအ ကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်းခံရမည်။ သုံးရက်မြောက် သောနေ့၌ ထမြောက်လိမ့်မည်ဟူသောအကြောင်းများကို ထိုအခါ မှစ၍ တပည့်တော်တို့အား ပြတော်မူ၏။ ထိုအခါ ပေတရုသည် ကိုယ်တော်ကိုမိမိနှင့်အတူခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ် ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌မရောက်ရာဟု အပြစ်တင် သောစကားကိုလျှောက်သော်၊ ကိုယ်တော်သည် မျက်နှာတော်ကို လှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ဆုပ်လော့။ သင်သည် ငါတိုက် မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟု မိန့်တော်မူ၏” ( မဿဲ ၁၆း ၂၁- ၂၃၊ စာ- ၁၀၂၂ )

ပေတရုသည် ဧဝံဂေလိတရားကို ငြင်းပယ်သည်။ လက်ဝါးကပ်တိုင်သွားပြီးအသေခံမည်၊ သုံးရက်မြောက်သောနေ့တွင် သေခြင်းမှထမြောက်မည်ဟူသော ယေရှု၏စကားကိုပင် ပြစ် တင်ရှုပ်ချသည်။ သူသည် ဧဝံဂေလိတရားကို ငြင်းပယ်သည်။ သို့ဖြစ်၍ လူတစ်ဦးသည် မပြောင်းလဲဘဲ ယေရှု၏နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ လုပ်ဆောင်နိုင်သည်။ စာရေး သားခြင်း၊ ခရစ်တော်အတွက် တိုက်ခိုက်ခြင်းများ လုပ်ဆောင်နိုင်သည်။ တကယ် လုပ်ဆောင် နိုင်ပါသည်။

ပေတရုသည် တကယ့် အားကြီးသော ခရစ်ယာန်တစ်ဦးဖြစ်ကြောင်းပြသသည်။ ခရစ် တော်မသေခင်ညမှာ ပေတရုက ခရစ်တော်အား “ငါသေလျှင်ပင် ကိုယ်တော့်ကို ငြင်းပယ်မည် မဟုတ်” ( မဿဲ ၂၆း ၃၅၊ စာ- ၁၀၃၈ ) ဟု ဆိုခဲ့သည်။ သို့ရာတွင် နာရီအနည်းငယ်ကြာလာ သောအခါ ပေတရုသည် ယေရှုကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သည်။

ပေတရုသည် မပြောင်းလဲသေးပါ။ သူသည် ဂေသရှေမာန်ဥယျာဉ်၌ ယေရှုအဖမ်းခံရ စဉ်က ကိုယ်ကာယအားဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ယေရှုကို သုံးကြိမ်တိုင်တိုင် ငြင်း ပယ်ခဲ့သည်။ ပေတရုသည် အခြားသူများနည်းတူ တပည့်တော်ဖြစ်ခဲ့သည်။ သို့ရာတွင် သူ၏ ရုန်ုးကန်နေမှုသည် မဆုံးသေး။ သူသည် မပြောင်းလဲသေးပါ။ သူသည် “ခရစ်တော်အထဲ၌” ရှိမနေသေးပါ။

ပေတရုသည် ယေရှု သေခြင်းမှထမြောက်ပြီးသည့်အခါတွင် ပြောင်းလဲလာခဲ့ပါသည်။ ထိုအကြောင်းကို ရှင်ယောဟန် ၂၀း ၂၂ တွင် တွေ့ရသည်။

“သင်တို့ကို ငါ( ယေရှု ) စေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊ ထို သူတို့(ပေတရုနှင့်အခြားသူများ)ပေါ်၌မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော် ကို ခံကြလော့။” ( ယောဟန် ၂၀း ၁၉- ၂၂၊ စာ- ၁၁၄၄ )

အနက်ဖွင့်ကျမ်းရေးသားသူ John Ellicott က တမန်တော်ယောဟန်သည် “ထိုအချိန်ကလက သူတို့ရဲ့အနာဂတ်အသက်တာလွှမ်းမိုးမှုသည် အသစ်သော ဝိညာဉ်ရေးရာဖန်ဆင်းခြင်းတစ်ခု ဖြစ်ကြောင်း၊ ၎င်းအားဖြင့် သူတို့ကို သေခြင်းမှ အသက်ရှင်ခြင်းဆီသို့ဆွဲခေါ်ထားခြင်းဖြစ်သည် ကို သတိရနေပေလိမ့်မည်” ဟုဆိုသည်။ (Ellicott’s Commentary on the Whole Bible). ဒေါက်တာ J. Vernon McGee ကလည်း ယေရှုသည် သေခြင်းမှထမြောက်တော်မူသည့်ညမှာ ပေတရုပြောင်းလဲသည့်နေ့၊ ဒုတိယအကြိမ်မွေးဖွါးသည့်နေ့ဖြစ်သည်” ဟုဆိုသည်။ ( ယော ဟန် ၂၀း ၂၂ နှင့်ပတ်သက်ပြီး Thru the Bible ကို ကြည့်ပါ။ )

၎င်းအချိန်သည် ယေရှုကို ပေတရု အပြည့်အဝ အားကိုးသည့်အချိန်ဖြစ်သည်။ လူ ပေါင်းသုံးထောင်လောက် ကယ်တင်ခြင်းရရှိသည့် ပင်္တေကုတ္တိနေ့တွင် တရားဟောပြောနိုင်သူ အဖြစ် သတ္တိရှိသော တမန်တော်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ယေရှုကို ငြင်းပယ်သည် ထက် ယေရှုအတွက် အသေခံပေးခဲ့သည်။ ထိုမမှီတွင် ပေတရုသည် မှားယွင်းသောအစပြု ခြင်းနှင့်ရှုံးနိမ့်ခြင်း၊ ရုန်းကန်လှုပ်ရှားမှုနှင့်အမြင်များဖြင့် ဝေ၀ါးနေသည်။

ဝိညာဉ်ရိတ်သိမ်းခြင်းသည် မလွယ်ကူသည့်အရာ၊ အဓိကလုပ်ငန်းကြီးဖြစ်သည်ကို သင်မြင်တွေ့နိုင်ပါသလား။ ဖုန်းခေါ်ဆိုမှု သို့မဟုတ် ဆုတောင်းရုံသက်သက်ဖြင့် ဖြစ်နိုင်သည့် အရာမဟုတ်။ လူတစ်ဦး၏အသက်ဝိညာဉ်အတွက် အသက်တာရုန်းကန်မှုဖြစ်ရသည်။ ဆု တောင်းခြင်းလိုအပ်သည်။ ဥာဏ်ပညာလိုအပ်သည်။ ကြိုးစားအားထုတ်မှုလိုအပ်သည်။ အချိန် ကာလလိုအပ်သည်။ သင့်ဘဝအသက်တာတွင် ဝိညာဉ်တစ်ခုရရှိလျှင် သင်သည် မင်္ဂလာရှိ သောသူဖြစ်သည်။ ကြီးမားသည့်အမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ သာဓုသစ္စာရှိသောသူဖြစ် ပါသည်။ သင်သည် ထိုသို့လုပ်ဆောင်နိုင်ရန် ဆုတောင်းပေးပါသည်။

ယေရှုနောက်သို့လိုက်ရမည့်အရေးမှာ အလွန်ရှည်လျားသော လမ်းဖြစ်ပါသည်။ အ လွန်ခက်ခဲသည်။ အလွန်ရှည်လျားသည်။ ယေရှုက “အသက်ရှင်ခြင်းသို့သွားရာလမ်းသည် ကျဉ်းသည်ဖြစ်၍၊ သွားမည်သူနည်း၏” ( မဿဲ ၇း ၁၄၊ စာ- ၁၀၀၄ ) ဟု မိန့်ဆိုထားသည်။

သို့ရာတွင် ဤကျမ်းပိုဒ်တွင် ပေတရုကိုယ်တိုင်၏ နောက်ဆုံးစကားကို ကြည့်ကြပါစို့။ ဤစာသည် ကားစင်တင်အသတ်မခံရမှီ ပေတရု နောက်ဆုံးရေးခဲ့သော စာဖြစ်ပါသည်။

“ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူသောအရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွါးကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရနေ့ရက်ကာလပတ်လုံး ဘုန်းအသရေရှိတော်မူ စေသတည်း။” ( ၂ ပေ ၃း ၁၈၊ စာ- ၁၃၂၀ )


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။