Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




တွေ့ရှိရသည့် မှားယွင်းသောခရစ်ယာန်

THE FALSE CHRISTIAN DISCOVERED!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၉ခုနှစ်
ဇူလိုင်လ ( ၇ ) ရက်၊ သခင်ဘုရား၏နေ့ နံနက်ပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, July 7, 2019

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထို နေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအ လျဉ်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့ အား အတိအလင်း ငါပြောမည်။” ( မဿဲ ၇း ၂၁- ၂၃ )


အပိုဒ်ငယ် ၂၁ ကို ကြည့်ကြပါစို့။

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရလိမ့်မည်မဟုတ်။ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ( မဿဲ ၇း ၂၁ )

ဤတရားဒေသနာသည် ကျွန်ုပ်၏အတွေးအခေါ်ဖြင့် အခြေခံထားသည်မဟုတ်။ ခရစ်တော်၏ စကားတော်ကို အခြေခံထားခြင်းဖြစ်ပါသည်။ ထို့အပြင် ကျမ်းစာအနက်ဖွင့်ကျမ်းရေးသားသူ ကြီး Matthew Mead ( ၁၆၂၉-၁၆၉၉ ) ကို အခြေခံထားခြင်းလည်း ဖြစ်ပါသည်။ John MacArthur ကလည်း မက်စ် (Mead) ၏စာအုပ်ကို အတည်ပြုထောက်ခံပေးပါသည်။ ခရစ် ယာန်အကြောင်း အားလုံးလိုလိုကို စူးစမ်းလေ့လာထားသည်။ ကျွန်ုပ်သည်လည်း ထိုစာအုပ် ကို ထောက်ခံထားပါသည်။

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရလိမ့်မည်မဟုတ်။ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ( မဿဲ ၇း ၂၁ )

လူတစ်ဦး၌ ဗဟုသုတများစွာ ရှိနိုင်သည်။ ခရစ်တော်အကြောင်းများစွာ သိနိုင်သည်။ သို့သော်လည်း ပျောက်ဆုံးသူ ဖြစ်နိုင်သေးသည်။ ဖာရိရှဲတို့က များစွာ သိကြသည်။ သို့သော် မှားယွင်းသောသူတို့၏မျိုးဆက်များသာဖြစ်ကြသည်။ လူများစွာတို့သည် နှုတ်ကပတ်တော်ကို များစွာသိလျက် ငရဲသွားနေကြသည်။ သိသာသိခြင်းသည် စပ်စုခြင်းအပေါ် အခြေခံထားပါ သည်။ သိသောအရာကို ဝါကြွားဖို့သိလိုခြင်းသည်လည်း အချည်းနှီးသော ဘုန်းအသရေသာ ဖြစ်ပါသည်။ သိသောအရာကို လက်တွေ့လုပ်ဆောင်ခြင်းသည် စစ်မှန်သော ခရစ်ယာန်ဘာ သာတရားဖြစ်ပါသည်။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ကျွန်ုပ်တို့၏တရားဒေသနာကို သင်၏ဖုန်းတွင် ယခုဖတ်ရှုနိုင်ပါသည်။
WWW.SERMONSFORTHEWORLD.COM. သို့သွားပါ။
အပေါ်တွင် “APP” စကားလုံးပါရှိသည့် အစိမ်းရောင် ခလုတ်လေးကို နှိပ်ပါ။
ထွက်ပေါ်လာသည့်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

လူတစ်ဦး၌ ဆုကျေးဇူးအကြီးကြီးရှိသော်လည်း ပျောက်နေနိုင်သည်။ ဆုတောင်းခြင်း ဆုကျေးဇူးသည် ဝိညာဉ်ဆုကျေးဇူးဖြစ်ပါသည်။ လူတစ်ဦးသည် ထူးထူးခြားခြားဆုတောင်း သော်လည်း ပျောက်ဆုံးသူဖြစ်နိုင်သည်။ လူတစ်ဦးက တရားဟောကောင်းသောလည်း ကယ် တင်ခြင်းမရသေးတာဖြစ်နိုင်သည်။ ယုဒသည် တရားဟောဆရာကြီးတစ်ပါးဖြစ်သည်။ ယုဒက သခင်၊ သခင်၊ သခင့်နာမ၌ ကျွန်ုပ်တို့ ( တရား ) ဟောပြီးပြီ၊ သခင့်နာမ၌ နတ်ဆိုးများကို နှင် ထုတ်ပြီးပြီ” ဟု ပြောဆိုခဲ့သည်။ သူသည် အပြင်ထွက်ဆုတောင်း၊ တရားဟောပွဲဲတွင် စစ်မှန် သောခရစ်ယာန်များကို သွန်သင်နိုင်သည်။ သို့သော် သူသည် စစ်မှန်သော ခရစ်ယာန်မဟုတ် ပါ။ သူသည် ဆုတောင်းခြင်း၊ တရားဟောခြင်းဖြင့် တခြားသူများကို ကူညီဖေးမနိုင်သည်။ သို့သော် သူကိုယ်တိုင်က အကူအညီလိုအပ်နေနိုင်သည်။

တရားဟောခြင်းနှင့်ဆုတောင်းခြင်းတန်ခိုးသည် တရားဟောသူ၏ အခွင့်အာဏာအ ပေါ်တွင် မမူတည်ပါ။ ဘုရားသခင်ကောင်းကြီးပေးထားသည့်အခွင့်အာဏာပေါ်တွင် မူတည်ပါ သည်။ တစ်ဦးဦးသည် သူ၏တရားဟောချက်ဖြင့် ပြောင်းလဲနိုင်သည်။ တရားဟောသူကိုယ် တိုင်လဲ ငရဲထဲ ရောက်သွားနိုင်ပါသည်။ Pendleton ဘုရင်မ မေရီနေ့တွင် Sanders အား သူ ဟောပြောသော ဧဝံဂေလိတရားအတွက် ရပ်တည်ရန် ဟောပြောခဲ့သည်။ သို့ရာတွင် နောက် ပိုင်း၌ ငရဲသွားသည့် မှားယွင်းသူတစ်ဦးဖြစ်လာသည်။ အရမ်းအဟောအပြောကောင်းသည့် တရားဟောဆရာလူငယ်လေးကို သိဖူးသည်။ နောက်ပိုင်းတွင် သူသည် သူတော်ကောင်း ယောင်ဆောင်သောသူအဖြစ် သတ်မှတ်ခံရသည်။ လူတစ်ဦးသည် တမန်တော်များအလား၊ တရားဟောနိုင်သည်။ ကောင်းကင်တမန်များအလား ဆုတောင်းနိုင်သည်။ သို့သော် နတ်ဆိုး ရဲ့စိတ်နှလုံးကိုလဲ ပိုင်ဆိုင်ထားနိုင်ဆဲပါ။ ဆုကျေးဇူး ကြီးကြီးမားမားရှိသော်လည်း ပျောက်ဆုံး နေသူဖြစ်နေနိုင်ပါသည်။ ဘီရှော့ကြီးတစ်ဦးက “စာတတ်၊ ပေတတ် သမားများ ငရဲသွားနေချိန် မှာ စာမတတ်၊ ပေမတတ်သမားများသည် ကောင်းကင်သို့ ရောက်သွားနိုင်သည်” ဟု ဆိုထား ပါသည်။ လူတစ်ဦး၌ ကြီးမားသည့် ဆုကျေးဇူးများရှိနိုင်သည်။ သို့သော် ပျောက်ဆုံးနေသော သူသာလျှင် ဖြစ်နေနိုင်ပါသည်။ စစ်မှန်သော ကျေးဇူးတော်တစ်ခုသည် ဆုကျေးဇူးပေါင်များစွာ ထက်တန်ဖိုးရှိလှပါသည်။ ယုဒသည် ခရစ်တော်နောက်လိုက်ဖြစ်သည်။ သူသည် ခရစ်တော်၏ ဧဝံဂေလိတရားအကြောင်းကို ဟောပြောသည်။ ခရစ်တော်၏နာမ၌ နတ်ဆိုးများကို နှင်ထုတ် သည်။ ခရစ်တော်နှင့်အတူ စားပွဲတစ်ခုတွင် အတူတကွ စားသောက်သည်။ သို့သော် သူသည် မှားယွင်းသောသူသာ ဖြစ်နေသည်။ ငရဲသို့ “မိမိနေရာ” ၌သာ သွားနေသည်။ သန့်ရှင်းဟန် ဆောင်သောသူသည် ဘုရားဝတ်၌မွေ့လျော်ခြင်းကို လက်တွေ့မကျင့်သုံးဘဲ “ဘုရားဝတ်၌ မွေ့လျော်သည့်ပုံစံသာကျပြီး ဘုရားသခင်၏တန်ခိုးကို ငြင်းပယ်ထားပါသည်။

လူတစ်ဦးသည် ခရစ်ယာန်ဟု မိမိကိုယ်ကို ဝန်ခံကောင်း ဝန်ခံမည်။ သို့သော် စိတ်နှ လုံး ပြောင်းလဲခြင်းလုံးဝမရှိ။ ခရစ်ယာန်ကောင်းတစ်ဦးအနေဖြင့် ဟန်ဆောင်ထားသည့်သူသာ လျှင် ဖြစ်ပါသည်။ သူ့စိတ်နှလုံးထဲတွင်မူ မာန်မာနနှင့်ဆန့်ကျင်မှုများသာရှိပါသည်။ လူများစွာ က ဖြောင့်မတ်ဟန်ဆောင်ကြသော်လည်း ဖြောင့်မတ်ခြင်းကို အမှတ်အသား အဖြစ်သာ ဝတ် ဆင်ကြပြီး စိတ်နှလုံးထဲတွင် မာန်မာနနှင့်ပုန်ကန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ထိုအကြောင်းက ကျမ်းစာကျောင်းတက်ရောက်သူ၊ နှင့်ဘိသိတ်ခံရသူများကို ဖော်ပြထားပါသည်။ သို့သော် သူ့ စိတ်နှလုံးသည် လုံး၀ ပြောင်းလဲခြင်းမရှိ။ သို့ဖြစ်သောကြောင့် လှပသော မိန်းကလေးနောက် သို့လိုက်ရန် ကျွန်ုပ်တို့၏အသင်းတော်ကို စွန့်ခွါသွားခဲ့သည်။ “ဒိမသည် လောကကို ချစ်သော ကြောင့် ကျွန်ုပ်ကိုစွန့်ခွါခဲ့သည်။” ( ၂ တိ ၄း ၁၀ ) မာန်မာနနှင့်ဆန့်ကျင်မှုများ မျက်မြင်ရလာ သောအခါ၊ ဖုံးကွယ်ထားသောအရာများ ပျက်စီးလာသောအခါ၊ ဟန်ဆောင်သူအဖြစ် လူတ ကာမြင်လာကြသောအခါ ဟန်ဆောင်သူအဖြစ်သာရှိနေသော ဒေါက်တာ Kreighton L. Chan ကို ဖော်ပြထားပါသည်။

“ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ် လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျဉ်းမသိ။ အဓမ္မအမှုကိုပြု သောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါ ပြောမည်။”

ကြွက်များနှင့်လချေးတို့သည် အိမ်တစ်အိမ်တွင် အတူတကွနေနိုင်သည်။ သို့သော် အိမ်ပြိုဆင်းဟန်တူလာသောအခါ ထွက်ပြေးကြမည်။ အကြောင်းမှာ သူတို့သည် ၎င်းတို့အ တွက်လုံခြုံမှုရှိသောနေရာကို လိုက်ရှာကြမည်။ အသင်းတော်၌ပျော်ရွှင်ရသောနေ့ရက်တွင် ဟန်ဆောင်မျက်နှာဖုံးများစွာ ရှိတတ်သည်။ သို့သော် အသင်းတော်၌ တုန်လှုပ်စရာများကြုံ လျှင် ထွက်ပြေးကုန်ကြသည်။ သူတို့သည် အရင်က မည်သို့ပင်ပြောဆိုနေကြပါစေ၊ စစ်မှန် သော ခရစ်ယာန်များမဟုတ်ဟုသာ သတ်မှတ်ရပါမည်။ သူတို့တွင် အချို့ကို အောက်တွင် ဖော်ပြပါမည်။

လူတစ်ဦးက “ပို့ဆောင်သည့်နေရာတိုင်းသို့ လိုက်ပါမည်။ ဒုက္ခအခက်အခဲများစွာကို ကြုံတွေ့နေရပါစေ၊ယေရှုသည် ကျွန်ုပ်ကို အသက်ပေးခဲ့ပြီးပြီ။ယေရှုနာမ ကြီးမြတ်ပါစေသော်” ဟုဆိုသည်။ သို့သော် ထိုလူသည် အသင်းတော်ကွဲပြားသောအခါ ပထမဆုံးထွက် ပြေးသူဖြစ် သည်။

တရုတ်မိန်းကလေးတစ်ဦးက “ကျွန်ုပ်အတွက် ဘုရားသခင်ပြုတဲ့ ကြီးမားသည့်အမှု အကြောင်းကို သူတပါးကို သိစေလိုပါသည်။ သက်သေအဖြစ် ဘုရားသခင်က ကျွန်ုပ်အသက် တာကို အသုံးပြုပါစေ” ဟုဆိုသည်။ အသင်းတော်ကွဲပြားသောအခါ သူသည် ထွက်ပြေးသွား သည်။

အခြားတရုတ်လူငယ်လေးက “ယေရှုခရစ်၏ကယ်တင်ခြင်းရရှိမှုသည် အလွန်ပင် ကြီး မြတ်လှသည်။ ခရစ်တော်က ကျွန်ုပ်အတွက် လုပ်ဆောင်ပေးသောအရာကို အခြားသူများကို လဲ သိစေလိုသည်ဟုဆိုသည်။” သို့သော် နောက်မကြာမှီ ချန်နောက်လိုက်ရန် အသင်းတော် ကို ထားခဲ့သည်။ ထိုအရာက သူ့စကားသည် အရာမဝင်မှန်းဖော်ပြနေပါသည်။ သူသည် ဟန် ဆောင်မျက်နှာဖုံးမျှသာဖြစ်ပါသည်။ ငရဲသာသွားမည်ဖြစ်သည်။

ဗီယက်နမ်မှလူငယ်တစ်ဦးက “ယေရှုက ကျွန်ုပ်ကို အရမ်းချစ်သည်၊ သူ့ကို အများ ကြီး ပြန်မချစ်နိုင်ပါ။ ကျွန်ုပ်ကယ်တင်ရှင်အတွက် အသက်တာကို ပေးလိုက်သည်” ဟုဆိုပါ သည်။ တစ်နှစ်ကြာသောအခါ သူသည် ကယ်တင်ရှင်ကို သစ္စာဖောက်ပြီး မှားယွင်းသည့်ချန် နှင့်အသင်းတော်ကို စွန့်ခွါသွားသည်။

အခြားကောလိပ်ကျောင်းသားတစ်ဦးက “ယေရှုအသွေးတော်မြတ်ဖြင့် ကျွန်ုပ်ကို ဆေး ကြောပေးသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ဘုရားသခင်ကို ချီးမွမ်းပါသည်” ဟုဆိုပါသည်။ အဲဒါကောင်းသည့် လက္ခဏာမဟုတ်ပေဘူးလား။ သို့သော် သူပြောပြီး သိပ်မ ကြာခင်မှာ သူသည် အသင်းတော်ကို စွန့်ခွါပြီး လောကအပြစ်ထဲသို့ ပြန်ဝင်သွားသည်။

ဂျပန်/အမေရိကန်မိန်းကလေးတစ်ဦးက “ကျွန်ုပ်၏သက်သေခံချက်က ရိုးရိုးလေးပါ။ ယေရှုကို ယုံကြည်ကိုးစားတယ်၊ သူ ကျွန်ုပ်ကို ကယ်တင်တယ်” ဟုဆိုသည်။ သူက ထိုအရာ ကို အသင်းတော်ကနေထွက်သွားပြီး မှားယွင်းသူများနှင့်ပူးပေါင်းခြင်းဖြင့် ပြန်ပေးဆပ်လိုက်ပါ သည်။

မက်ဆီကန်တစ်ဦးက “ကယ်တင်ရှင်က ကျွန်ုပ်ကို ကရုဏာပြခဲ့ပြီ။ အဲဒါ ဘယ်တော့မှ မမေ့ဘူး” ဟုဆိုသည်။ သို့သော် သိပ်မကြာခင်မှာပဲ သူစကား သူမေ့သွားခဲ့သည်။ ပြီးသော မှားယွင်းသောအယူဝါဒထဲသို့ သွားရောက်ပါဝင်သည်။ မှားယွင်းသ်ည့ အယူရှိသူများနှင့်အတူ ရပ်ပြီး ရိုက်ထားသည့်ပုံ ကျွန်ုပ်ဆီမှာလဲ ရှိသည်။

တရုတ်အမျိုးသမီးတစ်ဦးက “ယေရှု ကျွန်ုပ်ကိုချစ်သည်။ ယခု ကျွန်ုပ်၏ကယ်တင်ရှင် ယေရှုကို ဂုဏ်တော်ချီးမွမ်းချင်သည်” ဟုဆိုသည်။ အရမ်းကောင်းတယ်မလား။ သို့သော် မကြာခင်မှာဘဲ အသင်းတော်ကို သစ္စာဖောက်သွားခဲ့သည်။ မှားယွင်းတဲ့လူတွေဆီသွားခဲ့ပါ သည်။

လူတစ်ဦးက “ဒေါက်တာ Hymers ၊ တရုတ်လူမျိုးအများကြီး ခေါ်မလာဘူးလား။ သူ တို့က မျက်နှာနှစ်ဘက်ရှိသော ဟန်ဆောင်မျက်နှာဖုံးများ” ဟု ပြောလိုက်သည်။ အရမ်းမှန် တကယ်။ သူတို့သည် ဒုတိယပြောင်းလဲခြင်းမရသ၍ ပျောက်ဆုံးသူများသာ ဖြစ်ပါသည်။ ယေရှုက “သင်သည် ဒုတိယမွေးခြင်းခံရမည်” ဟု မိန့်တော်မူသည်။ ( ယောဟန် ၃း ၇ )

“ဈေးချိုချိုကျေးဇူးတော်” နှင့် “လွယ်ကူသောယုံကြည်မှုဝါဒ” တို့သည် အသစ်သော စကားလုံးများသာဖြစ်ပါသည်။ သို့သော် “အန်ဒီနိုမီနီစိမ်” ကတော့မဟုတ်ပါ။ မာတင်လူသာ ( ၁၄၈၃-၁၅၄၆ ) က စကားစုတစ်ခုကို ပေးထားသည်။ ၎င်းက ကယ်တင်ခြင်းအကျိုးကို ရရှိလို သူတို့အကြောင်းကို ဖော်ပြသည်။ တာဝန်အကြောင်းကို လုံးဝမပြောပါ။ (Soli Deo Gloria Publications, jacket cover of Matthew Mead’s The Almost Christian Discovered, foreword by John MacArthur).

မှားယွင်းသောချန်တို့၏လူတို့က “ဒေါက်တာ Hymers က ဘုရားကျောင်းမတက်ရင် ဘယ်သူမှ ကယ်တင်ခြင်းမရဘူး ထင်လိမ့်မည်” ဟု ပြောကြသည်။ သူလိုမှားယွင်းသောသူတို့ က ၎င်းတို့၏ပျောက်ဆုံးမှု၊ ဆိုးသွင်းသောအပြစ်များကို ဖုံးအုပ်ရန် မုသာတိုင်းလိုလိုကို အသုံး ပြုနိုင်ပါသည်။ အဲ့လိုလိမ်သာလောက်က သူ့အတွက် မဆန်းပါဘူး။ အကြောင်းမှာ အဲလိုလုံး၀ ငါမပြောတာကို သိသည်။ အဲ့ဒါကို ငါက ယုံမှာလား။

အသင်းတော်သည် “ခရစ်တော်၏ခန္ဒာ” ဖြစ်သည်ကို ကျွန်ုပ်ယုံကြည်သည်။ ( ဧဖက် ၄း ၁၂ ) အသင်းတော်ကို စွန့်ခွါသူတို့က ခန္ဒာကိုယ်ကို အားနည်းစေကြသည်။ အသင်းတော်ကို တိုက်ခိုက်သူများက ခန္ဒာကိုယ်ကို တိုက်ခိုက်ကြသည်။ သူ့အသင်းတော်ကို ကွဲပြားစေသူက သူ့၏ခန္ဒာကို ကွဲပြားစေသည်။ သူ့အသင်းသားမဟုတ်သူများသည် ခန္ဒာအစိတ်အပ်ိုင်းများမ ဟုတ်ကြပါ။ နယူးဧဝံဂေလိအဖွဲ့များက ကျမ်းစာကို အရေးတကြီးမထားကြပါ။ ထို့ကြောင့် သူတို့သည် ခရစ်တော်၏ခန္ဒာကို စွန့်ခွါသူများဖြစ်ကြသည်။

လူအချို့က ၎င်းကို “နယ်မြေသတ်မှတ်ထားသောအမှတ်အသား” ရှုမြင်ရာဟု ခေါ်ကြ ပါသည်။ မည်သို့ပင်ခေါ်ကြစေ အရေးမကြီးပါ။ သမ္မာကျမ်းစာနှင့်ကိုက်ညီဖို့သာ လိုအပ်သည်။ အသင်းတော်သည် “ခရစ်တော်၏ခန္ဒာ” ဖြစ်ပါသည်။

ယေရှုထံသို့လာရန် ဒီမနက် သင်တို့ကို တောင်းဆိုပါ၏။ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ ကောင်းကင်ဘုံ၌ ဘုရားသခင်၏လက်ယာဘက်တွင် ထိုင်နေတော် မူသည်။ ယေရှုထံသို့လာပါ။ လောကအရာနှင့်အပြစ်ထဲမှ ထွက်လာပါ။ ယေရှုကို ယုံကြည်ကိုး စားပါ။ သူသည် သင့်အပြစ်အလုံးစုံတို့ကို အသွေးတော်အားဖြင့် ဆေးကြောပေးလိမ့်မည်။ ယေရှုကို ကိုးစားပါ။ သင်သည် အသင်းတော်တည်းဟူသော ခန္ဒာ၏အစိတ်အပိုင်းထဲ ပါဝင် လာပေလိမ့်မည်။ အာမင်။

သင်သည် ကျွန်ုပ်တို့နှင့် ယေရှုကိုးစားခြင်းအကြောင်း ပြောဆိုဆွေးနွေးလိုလျှင် အရှေ့ ခုံသို့ ယခုချက်ချင်းလာပါ။ သီချင်းနံပါတ် ၅ “ကျွန်ုပ်ဖြစ်သည်အတိုင်း” ကို သီဆိုနေစဉ်၊ လာနိုင်ပါသည်။

တောင်းလျှောက်ခြင်းမရှိ၊ အရှိအတိုင်းပင်၊ သို့သော် အသွေးတော်သည် ကျွန်ုပ်တွက်သွန်းလောင်း
ဘုရားသခင်၏သိုးသူငယ်၊ အထံတော်သို့ လာစေလိုသည်၊ ကျွန်ုပ်လာပြီး ယခုကျွန်ုပ်လာပြီ။

စောင့်ဆိုင်းခြင်းမရှိ၊ အရှိအတိုင်းပင်၊ အပြစ်၏မှောင်မိုက်တန်ခိုးမှ လွတ်မြောက်ဖို့ရန်။
အပြစ်စက်တိုင်းကို အသွေးတော်နှင့်ဆေးကြောနိုင်သူ၊ ဘုရားသိုးသူငယ်၊ ကျွန်ုပ်လာပြီ။

နာကျင်မှုများ၊ သံသယများဖြင့် အရှိကိုအရှိအတိုင်း အထံတော်သို့
ကြောက်ရွံ့မှုများ၊ ထိတ်လန့်မှုများဖြင့် ဘုရားသိုးသူငယ်၊ ကျွန်ုပ်လာသည်၊ ယခုလာပြီ
   ( “အရှိအတိုင်း”၊ Charlotte Elliott ၊ ၁၇၈၉-၁၈၇၁ ရေးသားပြီး သင်းအုပ်က ပြန်လည်ပြုပြင် )


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။