Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဆုတောင်းခြင်း၌ရှိသော မျက်ရည်များ

TEARS IN PRAYER (Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၉ခုနှစ်
ဇွန်လ ( ၂ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
ဟောကြားသော Dr. Christopher L. Cagan ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, June 2, 2019

“ထိုခရစ်တော်သည် လူ့ဇာတိအဖြစ်၌နေစဉ်ကာလ၊ သေခြင်းမှကယ် လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည် ကျခြင်းနှင့်ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရ သည်ဖြစ်၍၊” ( ဟေဗြဲ ၅း ၇ )


ကျွန်ုပ်တို့၏အခြေပြုကျမ်းက လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းမတိုင်မှီညတွင် ဂေ သရှေမာန်ဥယျာဉ်၌ ယေရှုဆုတောင်းသည့်အကြောင်းကို ပြောဆိုထားသည်။ ကျွန်ုပ်တို့၏ အ ပြစ်သည် ယေရှုအပေါ်သို့တင်ထားသည်ဖြစ်၍ သူသည် ကြီးစွာသော ဖိအားအောက်သို့ ရောက်နေရပါသည်။ သူသည် ထိုအပြစ်တို့ကို နောက်နေ့တွင် ကားတိုင်ဆီသို့ သယ်ဆောင် သွားရမည်။ ထိုအကြောင်းကို ရှင်လုကာက ဤသို့ဆိုပါသည်။

“ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့် ကြိုးစား၍ဆုတောင်း တော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေး စက်ခဲကဲ့သို့ဖြစ်သတည်း။” ( လုကာ ၂၂း ၄၄ )

ခရစ်တော်သည် ထိုညတွင် “ဒုက္ခဝေဒနာကြားက” ဆုတောင်းခဲ့သည်။ ကျွန်ုပ်တို့၏အခြေပြု ကျမ်းက သူသည် “ကြီးစွာသောအသံဖြင့် ဆုတောင်းပဌနာပြုခဲ့သည်” ဟု ဆိုပါသည်။ ယေရှု၏ဆုတောင်းခြင်းသည် စိတ်ခံစားချက်၊ ခံစားချက်၊ နှင့် အော်ဟစ်ခြင်းနှင့်မျက်ရည်များ ဖြင့် ပြည့်နှက်နေပါသည်။ ယနေ့ညတွင် ဆုတောင်းခြင်း၌ရှိသော ခံစားချက်နှင့်စိတ်အလျှင်ကို ဖော်ပြလိုပါသည်။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ကျွန်ုပ်တို့၏တရားဒေသနာကို သင်၏ဖုန်းတွင် ယခုဖတ်ရှုနိုင်ပါသည်။
WWW.SERMONSFORTHEWORLD.COM. သို့သွားပါ။
အပေါ်တွင် “APP” စကားလုံးပါရှိသည့် အစိမ်းရောင် ခလုတ်လေးကို နှိပ်ပါ။
ထွက်ပေါ်လာသည့်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

၁။ ပထမအချက်၊ ခံစားချက်ဖြင့် မှားယွင်းသောဆုတောင်းချက်

ပင်္တေကုတ္တိအသင်းတော်နှင့်ခါရေစ်မက်တစ်များစွာတို့က အော်ဟစ်ခြင်းနှင့်ငိုကြွေး ခြင်း၊ စိတ်လှုပ်ရှားမှုနှင့်ခံစားချက်တို့သည် ဆုတောင်းခြင်း၏အစိတ်အပိုင်းဖြစ်သည်ဟု ထင်ကြ ပါသည်။ ထိုသို့သောဆုတောင်းခြင်းတွင် သန့်ရှင်းသောဝိညာဉ်တော်ပါရှိသည်ဟု ထင်ကြပါ သည်။ ထိုသို့မဟုတ်လျှင် သန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားခြင်းမရှိဟု ယုံကြည်ကြပါသည်။ သူတို့က ဤသည်မှာ ဆုတောင်းခြင်းတစ်ခုတည်းမဟုတ်။ လူတို့သည် သီဆိုသည့်အခါ၌ လုပ် ဆောင်သည့် နည်းလမ်းလည်းဖြစ်ပါသည်။ သူတို့သည် တရားဒေသနာကို ကြားကြသောအခါ၊ အသင်းတော်၌ဖြစ်ပျက်သမျှကို လုပ်ဆောင်ကြသောအခါ၌ဖြစ်ပါသည်။ သူတို့သည် မှားယွင်း စွာပြုလုပ်ကြပါသည်။ ထိုအရာအတွက် စိတ်ခံစားချက်က ဘာမျှဖော်ပြမထားပါ။ ထိုအရာက ဆုတောင်းခြင်းကိုပင် ပျက်စီးစေနိုင်ပါသည်။ နတ်ဆိုး၏လုပ်ဆောင်ချက်လည်း ဖြစ်နိုင်ပါ သည်။

ဆုတောင်းခြင်း၌ မှားယွင်းသည့် စိတ်ခံစားချက်နှင့်ပတ်သက်ပြီး သမ္မာကျမ်းစာထဲက သာဓကတစ်ခုကို ပေးပါရစေ။ ဧလိယသည် ဗာလပရောဖက်များကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ သည်။ သူတို့သည် ၎င်းတို့၏ဗာလဘုရားထံသို့ အော်ဟစ်ဆုတောင်းဖို့ တစ်ရက်တာ အချိန် ပေးထားခဲ့ပါသည်။ သူကတော့ ဂျူးလူမျိုးတို့၏ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်သည်။ မီး အားဖြင့်အဖြေပေးသော ဘုရားသည် စစ်မှန်သောဘုရားအဖြစ် ထင်ရှားမည်။ ဗာလပရောဖက် တို့သည် ၎င်းတို့၏ဆုတောင်းခြင်းတွင် ရိုင်းစိုင်းပြီး ခံစားချက် ပြင်းထန်လာကြသည်။ ယနေ့ အသင်းတော်အတော်များများတွင် ထိုသို့လုပ်ဆောင်သည်မှာ ကောင်းပါသည်။ ဗာလပရော ဖက်များက ဗာလနာမည်ကို နံနက်မှ မွန်းလွဲတိုင်အောင်၊ အို ဗာလဘုရား အကျွန်ုပ်တို့ကို နား ညောင်းတော်မူပါဟု လျှောက်ကြသည်။ သို့သော် ဘာအသံမှ ရောက်မလာပါ။ အဖြေလည်း မရပါ။ သူတို့သည် ယစ်ပလ္လင်ပေါ်တွင် ခုံပေါက်ပြေးလွှားကြပါသည်။” ( ၁ ရာဇဝင် ၁၈း ၂၆ ) ညနေပိုင်းသို့ရောက်သောအခါ “သူတို့သည် သာ၍ကျယ်လောင်သောအသံဖြင့်အော်ဟစ်ကာ မိမိကိုယ်ကို ဓားဖြင့်လှီးဖြတ်ခြင်းကိုပါပြုကြသည်။ ”( ၁ ရာဇဝင် ၁၈း ၂၈ ) သို့သော် “ဘာအသံ မှ ရောက်မလာ၊ ဘာဖြေကြားချက်မှာ မလာပါ။” ( ၁ ရာဇဝင် ၁၈း ၂၉ ) ထို့နောက် ဧလိယ သည် ရိုးရှင်းသောနည်းလမ်းဖြင့်ဆုတောင်းပဌနာပြုသဖြင့် ဘုရားသခင်သည် မီးကို ကောင်း ကင်မှ စေလွှတ်တော်မူခဲ့သည်။ နတ်ဆိုးတို့၏စိတ်လှုပ်ရှားမှု၊ ကခုန်မြူးထူးခြင်း၊ အော်ဟစ်ခြင်း အလုံးစုံတို့သည် မှားယွင်းသောပရောဖက်များအတွက် ကောင်းသည့်အရာမဟုတ်ပါ။ ထိုအထဲ ၌ရှိသောခံစားချက်သည် ဘာမျှ အကျိုးမရှိပါ။

မိမိစိတ်အလိုအတိုင်း အကြိမ်ပေါင်းများစွာ စိတ်ခံစားချက်ဖြစ်သည်ကို တွေ့ဖူးမြင်ဖူး ပါသည်။ ကျွန်ုပ်သည် ကောင်းသည့်အရာလုပ်ချိန်လည်းမရှိ။ တစ်ခါက စုံစမ်းရေးအခန်းတွင် မိန်းကလေးတစ်ခုကို အကြံဥာဏ်ပေးနေသည်။ သူမကို ခရစ်တော်ထံသို့ပို့ဆောင်ရန် ကြိုးစား အားထုတ်နေသည်။ သူသည် အဆက်မပြတ်ငိုနေသည်။ မေးမြန်းသည့်အခါ၌လည်း လုံးဝရပ် တန့်ခြင်းမရှိ။ သူမအပြစ်အတွက် ငိုနေသည်ဟု သူမကဆိုသည်။ သူမသည် ယေရှုထံငိုကြွေး နေခြင်းကို လုံး၀ မရပ်တန့်ပါ။ သူမသည် ယေရှုအပေါ် အာရုံစူးစိုက်ခြင်းမပြုပါ။ သူမသည် လုံး၀ ကယ်တင်ခြင်းသို့မရောက်ပါ။ နောက်ပိုင်းတွင် သူမသည် အသင်းတော်ကို စွန့်ခွါသွားပြီး အပြစ်ကိုပြုလျက် အသက်ရှင်သည်။

အချို့သောသူများသည် စိတ်လှုပ်ရှားမှုအရမ်းများကြသည်။ သူတို့သည် ကျိုးလွယ် ပျက်လွယ်နှင့် တစ်ခုခုတွေ့လျှင် ငိုကြပါတော့သည်။ အဲလို ပြုမူတတ်သည့် ကောင်မလေးတစ် ယောက်ကို သတိရမိသည်။ ယင်းမှာ တရားဒေသနာဟောပြီးသည့်အချိန်၌ဖြစ်သည်။ သို့မ ဟုတ် သူမသည် ခရစ်တော်ကို ကိုးစားခြင်းအတွက် ညှိနှိုင်းနေသည့် အချိန်တွင်ဖြစ်သည်။ မည်သည့်အချိန်တွင်မဆို ဖြစ်တတ်သည်။ သူမသည် မျက်ရည်မျက်ခွက်နှင့်ငိုကြွေးနေသည်။ သူမသည် စိတ်နှလုံးကို ခရစ်တော်အား ပုံအပ်မထားနိုင်ပါ။ သို့မဟုတ် အသင်းတော်၊ သို့မ ဟုတ် သမ္မာကျမ်းစာကိုလည်း ပုံအပ်မထားနိုင်ပါ။ တစ်နေ့တွင် သူမသည် ဝမ်းနည်းသည်။ သူမသည် ခံစားချက်နောက်ကိုလိုက်ပြီး အသင်းတော်ကို စွန့်ခွါသွားသည်။ သူမကို နောက် ထပ်လုံး၀ မတွေ့တော့ပါ။

ငိုကြွေးခြင်း၊ အော်ဟစ်ခြင်းက တစ်ခုခုကို “အစစ်အမှန်” မဖြစ်စေနိုင်ပါ။ ဆုတောင်း ခြင်းကိုလည်း အစစ်အမှန်မဖြစ်စေနိုင်ပါ။ မိမိကိုယ်ကို ငိုဖို့ကြိုးစားအားထုတ်မှု သို့မဟုတ် အော်ဟစ်ခြင်းက ဘာမျှ မလုပ်နိုင်ပါ။ သင်သည် ဆုတောင်းသောအခါ ဆုတောင်းသည့်အရာ ကို ဆင်ခြင်ကြည့်ပါ။ သင်သည် မျက်ရည်ဖြင့် ဆုတောင်းနိုင်သည်။ သို့မဟုတ် မျက်ရည်မကျ ဘဲလည်း ဆုတောင်းနိုင်သည်။ ယေရှုက ဂေသရှေမာန်ဥယျာဉ်၌ စိတ်ခံစားချက်ကို ဖော်ပြခဲ့ပါ သည်။ သူသည် “မျက်ရည်မျက်ခွက်ဖြင့် ငိုကြွေးလျက်” ဆုတောင်းခဲ့သည်။ သို့သော် သူသည် မိမိအတွက် ငိုကြွေးနေခြင်းမဟုတ်။ သူ့မျက်ရည်က ဆုတောင်းခြင်းကို ကောင်းစေသည်မ ဟုတ်။ သူသည် ဆုတောင်းသည့်အခါ မျက်ရည်ကျလာခြင်းသာဖြစ်သည်။ မျက်ရည်များသည် ဆုတောင်းသည့်အခါ ကျလာခြင်းသာဖြစ်သည်။ စိတ်ခံစားမှုအပြည့်ဖြင့် ဘုရားသခင်ထံဆု တောင်းခဲ့သည်။ လူ့အပြစ်ကို သူ့အပေါ်တင်ထားသည်ဖြစ်၍ ဖိအား၊ နာကျင်မှုတို့ဖြင့် ဆု တောင်းသည်။ သူ၏ငိုကြွေးခြင်းသည် အလေးအနက်ဖြစ်သည်။ လိုအပ်မှုဖြစ်သည်။ ဝန်ထုတ် ဖြစ်သည်။ ဒုက္ခဝေဒနာခံစားခြင်းလည်းဖြစ်ပါသည်။ သင်သည်လည်း ထိုနည်းအတိုင်းဖြစ်သင့် ပါသည်။ ငိုကြွေးဖို့ မကြိုးစားပါနှင့်။ ငိုဖို့ ပြင်ဆင်မထားပါနှင့်။ ဆုပဲတောင်းလိုက်ပါ။ ဘုရား သခင်က ငိုကြွေးစေလိမ့်မည်။ သို့မဟုတ် မငိုကြွေးစေတာလည်းဖြစ်နိုင်ပါသည်။ သို့ရာတွင် ငို သည်ဖြစ်စေ၊ မငိုသည်ဖြစ်စေ စစ်မှန်သည့် ဆုတောင်းခြင်းဖြစ်ဖို့လိုသည်။

၂။ ဒုတိယအချက်၊ မှားယွင်းသည့် ဆုတောင်းခြင်းတွင် ခံစားချက်မရှိ။

ယနေ့ခေတ်တွင် “ဆုတောင်းခြင်း” ဟုခေါ်ဆိုရာတွင် တကယ့်ဆုတောင်းခြင်းမဟုတ် ပါ။ ဘုရားသခင်ထံ ဆုတောင်းခြင်းအစစ်အမှန်မဟုတ်ဘဲ၊ လူတစ်ဦးက တစ်ခုခုကို ပြောဆို နေခြင်းသာဖြစ်ပါသည်။ စကားလုံးဖြင့် ပြောဆိုတာကောင်းပါတယ်၊ ဘာသာတရားအရ ကောင်းပါတယ်၊ သို့ရာတွင် အဓိပါယ်မရှိဘဲ၊ ဘုရားသခင်ထံသို့သွားနေခြင်းမဟုတ်ဘဲ၊ တစ်ခုခုကိုတောင်းဆိုနေခြင်းမဟုတ်ဘဲ ပုံစံခွက်ထဲက အတိုင်းသာဖြစ်သည်။

ဘွဲ့နှင်းသဘင်အခမ်းအနားများစွာကို သွားခဲ့ဖူးသည်။ ပါဝင်ခဲ့ဖူးသည်။ ပွဲမစင်မှီအချိန် တွင် “တိုင်တည်ခြင်း” ဟူသောအရာကို လုပ်လေ့ရှိကြသည်။ ၎င်းကို ဆုတောင်းခြင်းဟု သတ် မှတ်ကြသည်။ သို့ရာတွင် ဆုတောင်းခြင်းမဟုတ်ပါ။ လူတစ်ဦးက ဘွဲ့နှင်းသဘင် ကောင်းမွန်မှု ရှိမရှိမေးမြန်းခြင်းအတွက် စာနှစ်ကြောင်းသို့သွားခြင်းပင်ဖြစ်ပါသည်။ ကျောင်းသူကျောင်းသား များက ကောင်းသည့်အသက်တာဖြင့် အသက်ရှင်ကြောင်း ပြောဆိုခြင်းဖြစ်သည်။ သို့သော် ဘုရားက နားညောင်းဖို့ မည်သူမျှ မမျှော်လင့်ကြ။ တစ်ခုခု အပြောင်းအလဲလုပ်ဖို့ ဘယ်သူမှ စိတ်မဝင်စားကြ။ အနားဆုံး ဆုတောင်းသူအားလုံးတွင် မည်သူမျှ မမျှော်လင့်ကြပါ။ ထိုသို့ သောတိုင်တည်ခြင်းမျိုးတွင် စိတ်နှလုံးခံစားချက် သို့မဟုတ် မျှော်လင့်ချက် လုံးဝမရှိပါ။

တစ်ခါက ဝါရှင်တန်ဒီစီ၊ ကျွန်ုပ်တို့နိုင်ငံ၏မြို့တော်သို့ အလည်အပတ်သွားခဲ့သည်။ ထို နေရာတွင် အမျိုးသားဘုရားရှိခိုးကျောင်းရှိသည်။ သမ္မတ ရီကန်သည် ထိုနေရာတွင် ဆုံးသွား ခဲ့သည်။ သူ၏စာပနအစီအစဉ်ကိုလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေသည်။ ထိုနေရာတွင် အပိစ်ကော်ပယ်ဆရာတစ်ပါးက “ဆုတောင်း” သည်ကို ကြားရသည်။ သို့ရာတွင် သူသည် တ ကယ်ဆုတောင်းသည်မဟုတ်။ စာအုပ်ထဲက စာကို ဖတ်နေခြင်းသာဖြစ်ပါသည်။ ဒါပါပဲ။ တစ်ခု ခုကို လုပ်ဆောင်ရန် ဘုရားသခင်ကို တောင်းလျှောက်နေခြင်းမဟုတ်။ အဖြေလည်း မျှော်လင့် ပုံမပေါ်။ စကားလုံးကိုသာ ရွက်ဆိုသည်။ အကြောင်းမှာ သူက အဲလိုလုပ်ဖို့ စီစဉ်ထားခြင်းဖြစ် ပါသည်။ စိတ်နှလုံးထဲကလာသော ခံစားချက်မရှိ။

ဗိမာန်တော်သို့ ဆုတောင်းရန်သွားသည့် ဖာရိရှဲတစ်ယောကို ယေရှုက မိန့်ဆိုသည်။ လူတစ်ဦးက “ဘုရားသခင်၊ ကျွန်ုပ်သည် မတော်မတရားကောက်ခံများ၊ မတရားသောသူများ၊ ကာမဂုဏ်၌ပျော်မွေ့သူများ၊ အထူးသဖြင့် ဤအခွန်ခံကဲ့သို့မဟုတ်သောကြောင့် ကျေးဇူးတင် ပါသည်။ တစ်ပတ်လျှင် နှစ်ရက်အစာရှောင်ဆုတောင်းသည်။ ရှိသမျှထဲကလည်း ဆယ်ဖို့တစ် ဖို့ကို ပုံမှန်ပေးပါသည်” ( လုကာ ၁၈း ၁၁၊ ၁၂ ) ဟု ဆိုခဲ့သည်။ တကယ်တော့ သူသည် ဆု တောင်းနေခြင်းမဟုတ်။ တစ်ခုခုကို ဘုရားသခင်အား တောင်းလျှောက်ခြင်းမဟုတ်။ သူသည် မည်မျှကောင်းကြောင်း ဘုရားသခင်ကို ပြောနေခြင်းသာဖြစ်ပါသည်။ ခရစ်တော်က “မိမိကိုယ် သာ ဆုတောင်းသည်” ဟုဆိုသည်။ ( လုကာ ၁၈း ၁၁ ) သူသည် ခံစားချက်ကိုလည်း မပြသ။ စိတ်နှလုံးသားထဲက ဆုတောင်းခြင်းလည်း မဟုတ်။

ခရစ်တော်သည် ဖာရိရှဲတို့အား ၎င်းတို့၏မှားယွင်းသောဆုတောင်းခြင်းအတွက် ပြစ် တင်ရှုပ်ချခဲ့သည်။ သူက “လှို့ဝှက်သော ကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါရည်စွာ သောပဌနာစကားကို ရွက်ဆိုတတ်ကြ၏။ထို့ကြောင့် သာ၍ကြီးစွာသော ဒဏ်ကို ခံရကြလတံ့” ( မဿဲ ၂၃း ၁၄ ) ဟု မိန့်တော်မူခဲ့သည်။ သူတို့သည် ဆုတောင်းခြင်းအရှည်ကြီးကို တောင်းပြီး သန့်ရှင်းကြကြောင်းကို ပြသကြသည်။ သို့ရာတွင် သူတို့အမှန်တကယ်လိုအပ်သည်မှာ မုဆိုးမ များထံက အိမ်နှင့်ငွေကို လိုအပ်နေကြသည်။ ထိုသို့ဖြစ်ကြောင်းလဲ ထင်ရှားသည်။ သူတို့ပြသ သည့်ခံစားချက်တိုင်းသည် အပြင်ပန်းအတွက်သာဖြစ်ပါသည်။ သူတို့သည် အပြင်ပန်း၌ အလွန်ကောင်းသူများဖြစ်ကြသည်။ သူတို့သည် စိတ်နှလုံးသားထဲက ဆုတောင်းကြသည်မ ဟုတ်။ သူတို့စိတ်နှလုံးသည် မှန်ကန်မှုလည်း မရှိပါ။

“ကျွန်ုပ်တို့ သူတို့လိုမဟုတ်ဘူး” ဟု သင်က ဆိုချင်ဆိုနိုင်သည်။ သို့သော် သင်သည် မှားယွင်းစွာ ဆုတောင်းနေဆဲပါ။ စကားလုံးများသာ ရေရွက်ကြသည်။ ငါလုပ်ပြီးပြီဟုသာဆို ကြမည်။ ကျွန်ုပ်တစ်ဦးတည်း ဆုတောင်းစဉ်ခါ သင်ဆုတောင်းသည့်အရာ၊ လူများကို အမှန် တကယ် ဖော်ပြပါရဲ့လား။ သူတို့အကြောင်းကို မစဉ်းစားဘဲ ဘုရားသခင်က အဖြေပေးဖို့ တောင်မစဉ်းစားဘဲ ဆုတောင်းပါသလား။ အသင်းတော်ဆုတောင်းခြင်း၌လည်း ထိုသို့ပြုလုပ် ပါသလား။ ကျွန်ုပ်လုပ်ဆောင်ပါသည်။ သင်သည် ဆုတောင်းရမှာမို့ ဆုတောင်းထားပါသလား။ အကြောင်းမှာ သင်က ဆုတောင်းဖို့ အလှည့်ကျလာပါသည်။ အစည်းအဝေးပြီးဆုံးလျှင် ဆု တောင်းစရာတောင်မလိုတော့ပါ။ ၎င်းသည် စစ်မှန်သော ဆုတောင်းခြင်းမဟုတ်။ သင်ကိုယ် တိုင်လျှောက်သွားနေသကဲ့သို့သာဖြစ်ပါသည်။ သင်သည် တစ်ဦးဦးကို ဖိအားပေးဖို့ “ကောင်း ကောင်းဆုတောင်းခြင်း” ကို လုပ်ဆောင်ရန် ကြိုးစားအားထုတ်ပါသလား။ ဆုတောင်းဖို့ ကြို တင်စီစဉ်ထားသူလည်း တွေ့ဖူးသည်။ ၎င်းသည် စစ်မှန်သော ဆုတောင်းခြင်းမဟုတ်။ ရွက်ဆို ခြင်း၊ မိန့်ခွန်းမျိုးသာဖြစ်ပါသည်။ “ဆုတောင်းဖို့ အစီအစဉ်မရေးဆွဲပါနှင့်။ သူတို့အတွက် ဆု တောင်းပါ” ဟု ပြောလိုသည်။ ဆုတောင်းအစည်းအဝေးမတိုင်မှီ ဆုတောင်းခြင်း၌ကူညီမစဖို့ ဘုရားသခင်အား မိနစ်အနည်းငယ်မျှ အချိန်ယူတောင်းလျှောက်ပါ။ သင်သည် ဆုတောင်းအစီ အစဉ်ကိုပြုလုပ်သောအခါ သို့မဟုတ် တစ်ဦးတည်းဆုတောင်းသောအခါ၊ သင်သည် အဘယ် အရာအတွက် ဆုတောင်းသည်ကို ဆင်ခြင်ပါ။ ဘုရားသခင်က အကူအညီမပေးလျှင် အခြေအ နေက အဘယ်မျှလောက်ဆိုးနိုင်သည်ကို သတိပြုပါ။ ဘုရားသခင်၏အဖြေပေးခြင်းအဘယ်မျှ လောက် လိုအပ်သည်ကိုလည်း သတိပြုပါ။ အစာရှောင်ခြင်းက သင်၏ဆုတောင်းခြင်းကို အ ကူအညီပေးလိမ့်မည်။ အကြောင်းမှာ ၎င်းက အာရုံစူးစိုက်မှုကိုဖြစ်စေသည်။ အရေးကြီးသည့် အခြေအနေတွင်ရှိနေကြောင်း ဘုရားသခင်ကို ပြသရာရောက်ပါသည်။ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပါ။ သင်တောင်းလျှောက်လိုသောအရာကို တောင်းလျှောက် ပါ။ သင်သည် ခံစားချက်ဖြင့် အငိုကောင်းတာလည်း ဖြစ်နိုင်ပါသည်။ မိမိကိုယ်ကို မရပ်တန့်ပါ စေနှင့်။ ထိုသို့လုပ်ဆောင်ရန် ဘုရားသခင်က လှုပ်ရှားစေလိမ့်မည်။ တခါတရံ သင်သည် မငို ပါ။ မိမိကိုယ်ကို ငိုအောင်လည်း တွန်းအားမပေးပါနှင့်။ ငိုကြွေးနေသောကြောင့် ဆုတောင်းခြင်း က ထင်သလောက်မကောင်းပါ။ မငိုသောကြောင့် ဆုတောင်းခြင်းသည် မကောင်းပါ။ ဆု တောင်းခြင်းသည် ဘုရားသခင်ပါရှိသောအချိန်တွင် အလွန်မွန်မြတ်ကောင်းမွန်သည်။

၃။ တတိယအချက်၊ ခံစားချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စစ်မှန်သောဆု တောင်းခြင်း

ကျွန်ုပ်တို့၏အခြေပြုကျမ်းက ခရစ်တော်သည် ဥယျာဉ်အတွင်း၌ “မျက်ရည်မျက်ခွက် ဖြင့်” ဆုတောင်းသည့်အကြောင်း မိန့်ဆိုသည်။ သို့ရာတွင် အဖြေရရှိသောဆုတောင်းခြင်း သည် အလွန်သေးငယ်သည် သို့မဟုတ် ခံစားချက်မရှိဘဲ တခါတရံဖြစ်တတ်သည်။ ဗာလ ပရောဖက်များက ၎င်းတို့၏မှားယွင်းသောဘုရားအား မည်သို့ဆုတောင်းကြသည်ကို ကျွန်ုပ် ပြောဆိုခဲ့ပြီးဖြစ်သည်။ ယခုတွင် ဧလိယက မည်သို့ဆိုတောင်းသည်ကို ပြောပြမည်။

“ညဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက် ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ကုဇက်၊ ကုသရေလတို့၏ဘုရားသခင်ထာ၀ ရဘုရား၊ ကိုယ်တော်သည် ကုသရေလအမျိုး၏ဘုရားသခင်ဖြစ် တော်မူကြောင်းကို၎င်း၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အ မိန့်တော်အတိုင်း ဤအမွေအလုံးစုံတို့ကိုပြုကြောင်းကို၎င်း၊ ယနေ့ သိကြပါစေသော။ အိုထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရအ ရှင်ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ဤလူတို့စိတ်သဘော ကို ပြောင်းလဲစေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကို နားထောင်တော်မူပါဟု ဆုတောင်းလေ၏။” ( ၃ ရာ ၁၈း ၃၆၊ ၃၇ )

ဧလိယငိုကြွေးသည်အကြောင်းကို မှတ်တမ်းတင်ထားခြင်းမရှိပါ။ သူသည် ခုန်ဆွခုန်ဆွလုပ် သည်ဟုလည်း မဆိုပါ။ လူးလိမ့်သည်ဟုလည်း မှတ်တမ်းတင်မထားပါ။ မိမိကိုယ်ကို လည်း လှီးဖြတ်ထားခြင်းမရှိ။ ဘုရားသခင်ထံ၌ အလေးအနက်ထား ဆုတောင်းသည် ဟုသာဆို သည်။ သူသည် စစ်မှန်သောဘုရားဖြစ်ကြောင်းကို မိမိလူတို့အား ပြသရန်သာ ဆုတောင်းပါ သည်။ ဘုရားသခင်သည် ထိုဆုတောင်းခြင်းကို နားညောင်းပြီး ကောင်းကင်ဘုံမှ ဧလိယ၏ ယစ်ပလ္လင်ကို လောင်ကျွမ်းမည့်မီးကို စေလွှတ်ခဲ့သည်။ လူတို့က “သူသည် ဘုရားသခင်ဖြစ် သည်၊ သူသည် ဘုရားသခင်ဖြစ်တော်မူသည်” ဟုဆိုကြသည်။ ( ၃ ရာ ၁၈း ၃၉ ) စိတ်လှုပ်ရှား မှုမပါဘဲ ဧလိယ၏အလေးအနက်ထား ဆုတောင်းချက်သည် ဗာလဘုရားတို့၏ဆုတောင်းခြင်း နှင့်ဆန့်ကျင်ဘက်ဖြစ်ပါသည်။ စစ်မှန်သောဆုတောင်းခြင်းတွင် ခံစားချက်မလိုအပ်ပါ။ ဘုရား သခင်ရှိဖို့သာ လိုအပ်ပါသည်။

ခံစားချက်ပြင်းထန်သည့်အချိန်အများစုတွင် မျက်ရည်ပင်လျှင် ဆုတောင်းခြင်း၌ပါဝင် ပါသည်။ သင့်လိုအပ်ချက်ကို သိလျှင်၊ သင့်အတွက် ခံစားချက်ရှိရန်မှာ သဘာဝပင်ဖြစ်ပါ သည်။ စိတ်ဆန္ဒအပြည့်ဖြင့် ဘုရားသခင်ကို အော်ဟစ်နိုင်သည်။ စိတ်နှလုံးကြေကွဲလျက် မျက် ရည်ကျလျက် ဆုတောင်းနိုင်ပါသည်။ သမ္မာကျမ်းစာကိုကြည့်လျှင် အချိန်ကာလတိုင်း၌ မျက် ရည်ဖြင့် ဆုတောင်းခြင်းကို တွေ့ရသည်။ ဆာလံဆရာကြီးက “အိုထာဝရဘုရား၊ အကျွန်ုပ် ဆုတောင်းခြင်းပဌနာကို ကြားတော်မူပါ။ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူ ပါ။ အကျွန်ုပ်မျက်ရည်ကိုကြည့်၍ နေတော်မမူပါနှင့်” ( ဆာလံ ၃၉း ၁၂ ) ဟု ဆုတောင်းခဲ့သည်။

ဟေဇကိမင်းကြီးသည် သေလုမတတ်နေမကောင်းဖြစ်ရသည်။ ဟေဇကိမင်းက ဘု ရားသခင်ထံ ဆုတောင်းပဌနာပြုခဲ့သည်။ သူသည် မည်သို့ဆုတောင်းခဲ့သနည်း။ သမ္မာကျမ်း စာ မိန့်တော်မူသည်မှာ “သူသည် ငိုကြွေးမြည်တမ်းခဲ့သည်” ( ၄ ရာဇဝင် ၂၀း ၃ ) ဟုဆိုသည်။ သူသည် အမှန်တကယ် ငိုကြွေးခဲ့သည်။ ထို့နောက် သခင်ဘုရား၏နှုတ်တော်ထွက်စကား သည် ပရောဖက်ဟေရှာယထံသို့ ရောက်လာခဲ့သည်။ ဟေရှာယက “နှုတ်ကပတ်တော်ရောက် ၍၊ သင်သည် ငါ့လူတို့၏ဗိုလ်ချုပ် ဟေဇကိမင်းထံသို့ တဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ဘု ရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပဌနာစကားကို ငါကြားပြီ။ သင်၏မျက် ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။” ( ၄ ရာ ၂၀း ၅ ) ဟု ဆိုသည်။ “သင်၏မျက်ရည်ကို ငါမြင်ပြီ”။ ဘုရားသခင်က ဟေဇကိမင်း၏ မျှော်လင့်ချက်မဲ့တောင်းလျှောက်သောအသံထဲက မျက်ရည် ကို မြင်ခဲ့သည်။ ထို့အပြင် ဘုရားသခင်သည် ဆုတောင်းခြင်းကို နားညောင်းပြီး ဘုရင့်အသက် ကို ကယ်တင်ပေးခဲ့သည်။

ဓမ္မသစ်ကျမ်းတွင် လူတစ်ဦးသည် ယေရှုထံသို့လာသည်။ သူ့သားသည် နတ်ဆိုးစွဲနေ သည်။ သူ့သား အမှန်တကယ် ကျန်းမာနိုင်ကြောင်း ယုံကြည်ခြင်းရှိမရှိ ခရစ်တော်က မေးမြန်း သည်။ ထို့အပြင် “သူငယ်၏အဘသည် အော်ဟစ်၍ မျက်ရည်များဖြင့်၊ သခင်၊ ကျွန်ုပ်ယုံကြည် ပါ၏။ မယုံကြည်နိုင်သည်ကို ကူမတော်မူပါ” ( မာကု ၉း ၂၄ ) ဟုလျှောက်လေသည်။ ယေရှု သည် သူငယ်အထဲက နတ်ဆိုးကို နှင်ထုတ်ခဲ့ပါသည်။ ဤကျမ်းပိုဒ်ကိုလေ့လာရာတွင် ယုံ ကြည်ခြင်းအားနည်းသည့်သူပင် အဖြေရနိုင်ကြောင်း ဖော်ပြလေ့ရှိပါသည်။ “မယုံကြည်နိုင် သည်ကို ကူမတော်မူပါ။” သို့ရာတွင် အဘသည် “ငိုကြွေးသည်” ဟုကျမ်းပိုဒ်က ဆိုသည်။ ခရစ်တော်ကို “မျက်ရည်ဖြင့်” ပြောဆိုနေသည်။ ဤသူသည် တပည့်တော်မဟုတ်။ ပြောင်းလဲ သောသူလည်းမဟုတ်။ “လူစုထဲက တစ်ဦး၊ လူစုလူဝေးထဲက တစ်ဦး” ( မာကု ၉း ၁၇ ) သို့ရာ တွင် သူသည် မိမိသားကို ယေရှုထံသို့ခေါ်ဆောင်ပြီး မျက်ရည်ဖြင့် ငိုကြွေးခဲ့သည်။

လူတစ်ဦးသည် ယေရှုကို မျက်ရည်ဖြင့် အဘယ့်ကြောင့် ခေါ်နေသနည်း။ သူသည် ဆု တောင်းပဌနာပြုသူတစ်ဦးမဟုတ်။ သူသည် ကယ်တင်ခြင်းခံရသူလည်း မဟုတ်။ ထိုနည်းဖြင့် ပြောဆိုသည်မှာ သဘာဝပင်ဖြစ်ပါသည်။ အကြောင်းမှာ သူသည် မိမိလိုအပ်ချက်ကို သိထား ပါသည်။ သူ့သားသည် နတ်ဆိုးစွဲသဖြင့် ယေရှုမပါဘဲ လွတ်လမ်းမရှိပါ။ ထိုသူသည် မိမိကိုယ် ကို အော်နေခြင်းမဟုတ်။ သူ၏လိုအပ်ချက်၊ စိတ်ပျက်ခြင်းကို အခြေခံလျက် မျက်ရည်များစီး ကျလာသည်။ ခံစားချက်ပြင်းသောလိုအပ်ချက်၊ စိတ်ပျက်မြော်လင့်မဲ့သောအရာက သူကို ငို ကြွေးမြည်တမ်းစေသည်။ မှန်ကန်သောဆုတောင်းခြင်း၌ ခံစားချက်ပြင်းပြင်းရှိပါသည်။

ထို့အပြင် ထိုအရာက ကျွန်ုပ်တို့၏အခြေပြုကျမ်းဆီသို့ ဦးဆောင်သွားပေလိမ့်မည်။ ခရစ်တော်သည် ဧဒင်ဥယျာဉ်၌ဆုတောင်းစဉ်အခါ မျက်ရည်မျက်ခွက်ဖြင့် ဆုတောင်းခဲ့သည်။ သူသည် ငိုနေသည့်ကလေးငယ်မဟုတ်ပါ။ သူသည် ရှိသမျှအတွက်ငိုနေတတ်တဲ့ ကလေးမ လည်းမဟုတ်ပါ။ သူသည် အရွယ်ရောက်သူဖြစ်သည်။ အသက်သုံးဆယ်အရွယ်ဖြစ်သည်။ သူ သည် အဘယ့်ကြောင့် ငိုကြွေးခဲ့ရသနည်း။ သူ့စိတ်နှလုံးသားထဲတွင် ငိုကြွေးလိုသည့်စိတ်ရှိ သည်။ လူတိုင်း၏ အပြစ်သည် သူ့အပေါ်သို့ ရောက်သွားသည်။ သူသည် နောက်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်၌ ဒုက္ခဝေဒနာခံရမည်ကို စဉ်းစားမိသည်။ မည်သူမျှ သူ့ကို မကယ်တင် နိုင်ပါ။ သို့ရာတွင် လူ့အပြစ်သည် သူ့ကို အဆုံးသတ်စေခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ကျေး ဇူးတော်မပါလျှင် ထိုညတွင် ဧဒင်ဥယျာဉ်၌ အသက်ဆုံးရှုံးသွားနိုင်သည်။ လက်ဝါးကပ်တိုင်ပင် ရောက်နိုင်မည်မဟုတ်။ ခရစ်တော်သည် စိတ်နှလုံးထဲတွင် လုံး၀ ယူကျူံးမရဖြစ်သည်။ ထို့ ကြောင့် သူသည် “မျက်ရည်စက်များဖြင့် ” ဆုတောင်းခဲ့ရသည်။ ထိုအခြေအနေတွင် ပုံမှန်ဖြစ် နေကြဖြစ်ပါသည်။ သူသည် ခံစားချက်ဖြင့် ဆုမတောင်းလျှင် အံ့ဩစရာဖြစ်ပေလိမ့်မည်။ ယေရှုသည် “အလွန်ကြီးမားသည် ငိုကြွေးမြည်တမ်းခြင်းဖြင့်” ဆုတောင်းပဌနာပြုခဲ့သည်။ “သူ ၏ဆုတောင်းခြင်းကို ဘုရားနားညောင်းတော်မူကြောင်း” ကျွန်ုပ်တို့၏ အခြေပြုကျမ်းက ဖော်ပြ ထားသည်။ ဘုရားသခင်သည် သူ့ဆုတောင်းချက်ကို နားညောင်းပြီး နောက်နေ့တွင် လက်ဝါး ကပ်တိုင်ဆီသို့သွားရလေအောင် အသက်ရှင်ခွင့်ပေးထားသည်။ ဘုရားသခင်သည် သူ၏ “မျက်ရည်မျက်ခွက်ဖြင့်ဆုတောင်းသည်ကို” နားညောင်းပေးသည်။

ကျွန်ုပ်မေးခဲ့သလိုပဲ၊ ခရစ်ယာန်များအနေဖြင့် “မျက်ရည်မျက်ခွက်ဖြင့်ဆုတောင်းပါသ လား။” ဆုတောင်းခြင်းတိုင်း ကို မဆိုလိုပါ။ ကျွန်ုပ်ထပ်မေးချင်ပါသည်။ “မျက်ရည်မျက်ခွက်နှင့် ဆုတောင်းဖူးပါသလား။ အမြဲတမ်းတော့မဟုတ်ပါ။ တခါတရံ ဆုတောင်းဖူးပါသည်။ လိုအပ် ချက်အမှန်အကန်ဖြင့် တခါတရံ ဆုတောင်းဖူးပါသလား။ ထိုဆုတောင်းခြင်းကို ဘုရားသခင်က အဖြေပေးဖို့ကော ဆုတောင်းဖူးပါသလား။ တခါတရံ မျက်ရည်များဖြင့် ဆုတောင်းဖူးပါသ လား။ သင်သည် ထိုသို့လုပ်ဆောင်ဖူးခြင်းမရှိလျှင် သင်သည် ဆုတောင်းခြင်းအသက်တာ ကောင်းမရှိပါ။ သင်သည် ထိုနည်းလမ်းဖြင့်သာဖြစ်နေလျှင် ဆုတောင်းတာကို မရပ်တန့်ပါနှင့်။ သင့်ဆုတောင်းခြင်းသည် ပိုကောင်းသည့်အခြေအနေဖြစ်လာသည်အထိ စောင့်ပါ။ ဘုရား သခင်အလိုတော်ရှိသောအရာဖြစ်ပါသည်။ သို့ရာတွင် သင့်လိုအပ်ချက်ကိုသိမြင်ရန် ဘုရား သခင်ထံဆုတောင်းပါ။ သင်သည် ခံစားချက်ဖြင့် ဆုတောင်းလာလိမ့်မည်။ သင်သည် အစာ ရှောင်လျှင် ဆာလောင်မွတ်သိတ်လာသောအခါ သင်ဘာဆုတောင်းသလဲဆိုတာကို ဆင်ခြင် ကြည့်ပါ။ ဘုရားသခင်ထံသို့လှည့်ပြန်ပြီး ဆုတောင်းပါ။

သင်တို့တွင် အချို့တို့သည် ပျောက်ဆုံးကြသည်။ ယေရှုကို ကိုးစားခြင်းမပြုကြပါ။ သင်တို့သည် ကိုယ့်အပြစ်ကို ငိုကြွေးခံစားကြပါသလာ၊ အနည်းဆုံး အချိန်အနည်းငယ်ဟု မေးလေ့ရှိသည်။ သင့်အပြစ်ကို သိမြင်ခြင်းရှိပါသလား။ ငိုကြွေးခြင်းသည် ပန်းတိုင်မဟုတ်ပါ။ ယေရှုသည်သာ ပန်းတိုင်ဖြစ်ပါသည်။ သင်သည် ငိုနေသည်ဖြစ်စေ၊ ရယ်နေသည်ဖြစ်စေ၊ ယေရှုကို ကိုးစားပါ။ သို့ရာတွင် ငါဆိုသည်မှာ “သင့်အပြစ်အတွက် စိတ်နှလုံးထဲတွင် ဝမ်းနည်း မှုရှိပါသလား” ဟူ၍ဖြစ်သည်။ သင်သည် ဝမ်းနည်းငိုကြွေးသင့်သည်။ အကြောင်းမှာ သင်၏ စိတ်နှလုံးသည် “လုံး၀ ဆိုးသွင်းလျက်ရှိပါသည်။” ( ယေရမိ ၁၇း ၉ ) သင့်စိတ်နှလုံးသည် အပြစ်နှင့်လုံး၀ပြည့်နေကြောင်းကို သိမြင်ရန် ဘုရားသခင်ထံဆုတောင်းပါ။ ထို့နောက် ဘုရား သခင်က ခရစ်တော်နှင့်သာ၍နည်းစေရန် ဆုတောင်းပါ။

ယေရှုသည် သင့်လိုအပ်ချက်၏အဖြေဖြစ်ပါသည်။ သူသည် သင့်အပြစ်အတွက် ဖြေ ဆေး၊ သင့်အပြစ်အတွက်ပေးထားသော အကြွေးဖြစ်ပါသည်။ သူသည် သင့်အပြစ်အတွက် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့သည်။ သင့်စိတ်နှလုံးအပြစ်အတွက် ပေးဆပ်သည်။ သူသည် သင့်အပြစ်ကို ဖုံးအုပ်ရန် အသွေးသွန်းခဲ့သည်။ ထိုအပြစ်ကို ထာဝရဆေးကြောပေးသည်။ သူ သည် အသက်ရှင်ခြင်းဖြင့် သေခြင်းကို အနိုင်ယူကာ ထမြောက်ခဲ့သည်။ သူသာမက သင့်ကို ပါထမြောက်စေပါသည်။ သင်သည် ယေရှုကို ကိုးစားလျှင် ထာဝရကယ်တင်ခြင်းရရှိမည်။ ကိုးစားခြင်းအကြောင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့နှင့်ဆွေးနွေးလိုလျှင် ပထမအတန်းနှစ်ခုဆီသို့ လာထိုင်ပါ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ဂုဏ်တော် ချီးမွမ်းခြင်းကို မစ္စတာ Jack Ngann ထံမှ ကြားရသည်။
“ဆုတောင်းရန်သွန်သင်မူပါ” (Albert S. Reitz ၁၈၇၉-၁၉၆၆ ရေးစပ်သည်။ )


အခှပှေုကမြွး

ဆုတောင်းခြင်း၌ရှိသော မျက်ရည်များ

TEARS IN PRAYER

Dr. Christopher L. Cagan

“ထိုခရစ်တော်သည် လူ့ဇာတိအဖြစ်၌နေစဉ်ကာလ၊ သေခြင်းမှကယ် လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည် ကျခြင်းနှင့်ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရ သည်ဖြစ်၍၊” ( ဟေဗြဲ ၅း ၇ )

(ရှင်လုကာ ၂၂း ၄၄ )

၁။ ပထမအချက်၊ ခံစားချက်ဖြင့် မှားယွင်းသောဆုတောင်းချက်။ ၁ ရာဇဝင် ၁၈း ၂၆၊ ၂၈၊ ၂၉။

၂။ ဒုတိယအချက်၊ မှားယွင်းသည့် ဆုတောင်းခြင်းတွင် ခံစားချက်မရှိ။ လုကာ ၁၈း ၁၁၊ ၁၂ ။ မဿဲ ၂၃း ၁၄

၃။ တတိယအချက်၊ ခံစားချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စစ်မှန်သော ဆု တောင်းခြင်း။ ၁ ရာဇဝင် ၁၈း ၃၆၊ ၃၇၊ ၃၉၊ ဆာလံ ၃၉း ၁၂၊ ၂ ရာဇဝင် ၂၀း ၃၊ ၅၊ မာကု ၉း ၂၄၊ ၁၇၊ ယေရမိ ၁၇း ၉။