Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သမ္မာကျမ်းစာနှင့်အသင်းတော်အပေါ်သစ္စာဖောက်များ

THE BIBLE AND TRAITORS TO A LOCAL CHURCH
(Burmese)

တရားဒေသနာကို ဒေါက်တာ Dr. R. L. Hymers, Jr. က ရေးသားပြီး
Rev. John Samuel Cagan က လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle
အသင်းတော်၌ ၂၀၁၈ခုနှစ် နိုဝင်ဘာလ ( ၄ ) ရက်၊
သခင်ဘုရား၏နေ့ နံနက်ပိုင်းတွင် ဟောကြားသော တရားဒေသနာဖြစ်သည်။ A sermon written by Dr. R. L. Hymers, Jr.
and preached by Rev. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 4, 2018

“ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အ ထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အ တူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင် ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှထွက်သွားကြ၏။”
    ( ၁ ယော ၂း ၁၉ )


Albert Camus နှင့် Jean-Paul Sartre တို့သည် တည်ရှိခြင်းအယူဝါဒတွင် လူသိရှင် ကြားဖြစ်ကြသော အတွေးအခေါ်ပညာရှင်များဖြစ်ကြပါသည်။ သူတို့အတွေးအခေါ်ကို သူတို့ ကိုယ်တိုင် မသိကြသော်လည်း ယနေ့ လူများစုက အဓိကထား လက်ခံကြပါသည်။ ဒေါက်တာ R. C. Sproul က “ကျွန်တော်တို့အသက်တာတွင် တည်ရှိခြင်းဝါဒက နေ့စဉ်အသက်တာကို လွှမ်းမိုးထားပါသည်။ ကျွန်တော်တို့၏ ယဉ်ကျေးမှုကိုလည်း လွှမ်းမိုးထားပါသည် ….ထိုအရာ၏ လွှမ်းမိုးမှုအောက်တွင် နေ့တိုင်း အသက်ရှင်နေရပါသည်” ဟုဆိုသည်။ ( ဒေါက်တာ R. C. Sproul, Lifeviews, Fleming H. Revell, ၁၉၈၆၊ စာ- ၄၉ )

Camus နှင့် Sartre တို့၏ အဓိကသော့ချက်မှာ “ဘုရားမဲ့ကမ္ဘာထဲ၌ လူတို့၏အထီး ကျန်ဆန်မှု၏အခြေခံသော့ချက်” ပင်ဖြစ်ပါသည်။ ( ဒေါက်တာ John Blanchard ၊ ဘုရားသခင် သည် ဘုရားမဲ့ဝါဒီများကို အယုံအကြည်ရှိပါသလား၊ ဧဝံဂေလိပုံနှိပ်လုပ်ငန်း၊ ၂၀၀၀ ၊ စာ-၁၃၈ )

R. C. Sproul သည် ဤဒဿနအတွေးအခေါ်၏ “လွှမ်းမိုးမှုအောက်တွင် ” “နေ့တိုင်း” အသက်ရှင်နေကြသည်ဟုဆိုသောအခါ သူ၏အယူအဆသည် မှန်ကန်မှုရှိပါသလား။ အဲလိုပဲ ထင်မိပါသည်။ သို့ဖြစ်သောကြောင့် အထီးကျန်ဆန်မှု၏အကြောင်းအရာ၌ အလွန်လေးနက် သောအရာရှိသည်။ အထူးသဖြင့် လူငယ်များကြား၌ဖြစ်ပါသည်။ ဒဿနအတွေးအခေါ်သည် မည်သည့်အရပ်ကလာသည်၊ သို့မဟုတ် မည်သူက ပြောဆိုသည်ကိုပင် သတိမမူဘဲ သင်တို့ က ခံစားနေကြသည်။ ဘုရားမဲ့ ကမ္ဘာကြီး၌ရှိကြကုန်သော “လူသား၏” အခြေခံကျသောအ ထီးကျန်ဆန်မှုကို ခံစားနေကြသေးသည်။ ထိုစကားစု၌ သမ္မာတရားကို သိစေသည့်အချက် ပေးသံရှိပါသည်။ လူငယ်တိုင်းသည် ဘုရားမဲ့ကမ္ဘာကြီး၌ရှိကြကုန်သော “လူသား၏” အခြေခံ ကျသောအထီးကျန်ဆန်မှုရှိကြပါသည်။

သင်သည် လူအများရှိနေသည့်အခန်းတစ်ခုတွင် အထီးကျန်နေသည်ဟု ထင်ကောင်း ထင်နိုင်ပေသည်။ သင်သည် ကယောင်ချောက်ချားပြောဆိုနိုင်ပါသည်။ သို့မဟုတ် လူများစွာ သောနေရာနှင့်အခြားနေရာများတွင် အထီးကျန်ဆန်သည်ဟု ခံစားရပေမည်။ ဆယ်ကျော် သက်တစ်ဦးက ကျွန်တော်တို့၏သင်းအုပ်ဆရာကြီး ဒေါက်တာ Hymers အား “ငါအထီးကျန် ဆန်လွန်းသဖြင့် ဘာလုပ်ရမှန်းတောင်မသိ” ဟု ပြောခဲ့ပါသည်။ ရက်သတ္တပတ်အနည်းငယ်အ ကြာတွင် မိမိကိုယ်ကို သတ်သေခဲ့ပါသည်။ အချို့သောလူငယ်များသည် ယနေ့ခေတ်တွင် အထီးကျန်ဆန်သောခံစားချက်များက နှိပ်စက်နေပါသည်။ ၎င်းသည် “ယဉ်ကျေးမှုတိုင်း၌ ဒုက္ခ ပေးသည့်” တည်ရှိခြင်းထုတ်ကုန်ပင်ဖြစ်ပါသည်။

အထီးကျန်ခြင်းသည် ပြဿနာတစ်ခုဖြစ်သည်။ သို့သော် မည်သည့်အရာသည် ထိုအ ရာအတွက် ဖြေဆေးဖြစ်သနည်း။ မည်သည့်အရာဖြင့် ကုသမည်နည်း။ ကုသမည့်ဆေးမှာ ယေရှုခရစ်ကို ကိုယ်တိုင်သိခြင်းပင်ဖြစ်ပါသည်။ အသင်းတော်၌ ဘုရားသခင်၏မိသားစုဝင်ဖြစ် ခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့က “အဘယ့်ကြောင့်အထီးကျန်သနည်း။ အသင်းတော် တည်းဟူသော အိမ်သို့ပြန်လာပါ။ အဘယ့်ကြောင့် ပျောက်ဆုံးသနည်း။ ဘုရားသားတော်၊ ယေရှုထံသို့ ပြန်လာပါ” ဟု ဆိုသောအခါ တည်ရှိခြင်း၏မကောင်းဆိုးဝါးအကြောင်းကို သိစေ ခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကင်မြူ့စ်၊ ဆာတရီ၊ တည်ရှိခြင်းကို ယေဘုယျအား ဖြင့် ပြောဆိုသောအခါ အဖြေပေးခြင်းပင်ဖြစ်ပါသည်။ နာကျင်ခြင်း၊ အထီးကျန်ခြင်း၊ ခေတ် သစ်ကမ္ဘာ၏အဓိပယ်မဲ့နေထိုင်ခြင်းကို အဖြေပေးခြင်းပင်ဖြစ်ပါသည်။ ထိုသို့အော်ဟစ်ပါ။ တိုး တိုးလေးလဲပြောကြည့်ပါ။ အဘယ့်ကြောင့် အထီးကျန်နေသနည်း။ အသင်းတော် တည်းဟူ သော အိမ်သို့ပြန်လာပါ။ အဘယ့်ကြောင့် ပျောက်ဆုံးသနည်း။ ဘုရားသားတော်၊ ယေရှုထံသို့ ပြန်လာပါ ဟုဆိုလိုက်ပါ။

သို့ရာတွင် အခြားသူများမရှိဘဲ တစ်ဦးဦးကို အလိုရှိသောသူများလဲ ရှိပါသည်။ သူတို့ သည် ယေရှုနှင့်စကားပြောလိုခြင်းမရှိဘဲ အသင်းတော်နှင့်မိဿဟာရလုပ်လိုသူများရှိသည်။ သို့သော် အဆုံးတွင် အကျိုးမရှိပါ။ သူတို့သည် အတူတကွ သွားနေရပါမည်။ ယင်းမှာ ခရစ် ယာန်ဘာသာ၏ ယှဉ်တွဲသောအရာဖြစ်ပါသည်။ အသင်းတော်၌မိဿဟာရဖွဲ့ခြင်းနှင့်ခရစ် တော်နှင့်စကားပြောခြင်းသည် အတူယှဉ်တွဲရပါမည်။ သင်သည် တစ်ခုကိုလိုပြီး တစ်ခုကို ငြင်း ပယ်၍မရပါ။

သင်သည် စကားမပြောဘဲ မိဿဟာရဖွဲ့လျှင် မည်သို့ဖြစ်လာနမည်နည်း။ နောက်ဆုံး တွင် အကွဲကွဲအပြဲပြဲသာဖြစ်လာပါမည်။ အနှေးနှင့်အမြန် အကျိုးပျက်လာပါမည်။ ထိုအ ကြောင်းကြောင့် ကျွန်တော်တို့သင်ခန်းစာက ဆိုသည်မှာ

“ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက် က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေ ကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင် ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှထွက်သွားကြ၏။” ( ၁ ယော ၂း ၁၉ )

ဒေါက်တာ W. A. Criswell က “အချို့တို့သည် အသင်းတော်ထဲက ထွက်ခွါသွားခဲ့ကြသည်၊ .. သူတို့၏ထွက်ခွါခြင်းက သူတို့၌ ကယ်တင်သောယုံကြည်ခြင်း၊ စစ်မှန်သောမိဿဟာရမရှိ ကြောင်းကို ဖော်ပြနေပါသည်” ဟု ဆိုထားသည်။ (The Criswell Study Bible, ၁ ယော ၂း ၁၉ မှတ်စု ) ၁ ေယာ ၂း ၁၉ နှင့်ပတ်သက်ပြီး ခေတ်သစ်ဘာသာပြန်ဆိုချက်ကို အောက်တွင် ဖော်ပြထားပါသည်။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ကျွန်တော်တို့၏တရားဒေသနာများကို သင်၏လက်ကိုင်ဖုန်းတွင် ယခုနားထောင်နိုင်ပါပြီ WWW.SERMONSFORTHEWORLD.COM သို့သွားပါ။
အပေါ်တွင် “အက်ပ်” ဟူသောစကားလုံးပါရှိသည့် အစိမ်းရောင်အလုံးလေးကို နှိပ်ပါ။
ပေါ်လာသည့် ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

“ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက် က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေ ကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင် ကြောင်း ကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှထွက်သွားကြ၏။” ( ၁ ယော ၂း ၁၉ NIV )

ဤအကြောင်းကို ပို၍ အလေးအနက်ထား စဉ်းစားကြပါစို့။

၁။ ပထမအချက်၊ သူတို့လုပ်ဆောင်ခဲ့သောအရာ။

ဒေါက်တာ Criswell က “အချို့သောသူတို့သည် အသင်းတော်များမှ ထွက်ခွါကြ သည်” ဟုဆိုသည်။ သူတို့သည် သံသယကင်းကင်းနှင့်ဘုရားကျောင်းသို့လာကြသည်။ အ ဘယ့်ကြောင့်ဆိုသော် မိဿဟာရကို နှစ်ခြိုက်ကြသည်။ ကနဦးအသင်းတော်များသည် ရောမ အင်ပါယာလက်ထက်၌ အေးတိအေးစိတ်ဖြစ်နေချိန်၌ နက်ရှိုင်းသောမိတ်ဖွဲ့ခြင်းရှိသောနေရာ ပင်ဖြစ်ပါသည်။ လူတို့က အသင်းတော်၌တွေ့ရှိကြသော နွေးထွေးမှုနှင့်သဟာရကို နှစ်သက် ကြပါသည်။

“ဘုရားသခင်ကိုလည်းချီးမွမ်း၍၊ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့် လန်းခြင်းအခွင့်ကို ရကြ၏။” (တမန် ၂း ၄၇ )

သို့ရာတွင် သူတို့က ခရစ်ယာန်အသက်တာသည် မလွယ်ကူမှန်း မကြာခင်သိရှိသွားကြသည်။ အချို့က ထိုအချက်ကို တွေ့ရှိသည်နှင့် ထွက်သွားကြသည်။ တမန်တော်ကြီးက ထိုအချင်းအ ရာကို ဤသို့ဆိုသည်။

“အကြောင်းမူကား၊ ဒေမသည် ယခုဘဝကို နှစ်သက်သောစိတ်ရှိ သည်နှင့် ငါ့ကိုစွန့်ပစ်၍၊ သက်သာလောနိတ်မြို့သို့သွားပြီ။ ကရ က္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာတိပြည်သို့ ၎င်းသွားပြီ။ လုကာတယောက်တည်းသာ ငါထံမှရှိ၏။” ( ၂ တိ ၄း ၁၀-၁၁ )

Demas, Crescens နှင့် Titus တို့သည် ဒုက္ခရောက်ချိန်တွင် ထွက်သွားခဲ့ကြသည်။

ယနေ့တွင် ထိုသို့ဖြစ်ပျက်ပါသလား။ ဖြစ်ပျက်ပါသည်။ လူတို့သည် ဘုရားကျောင်းသို့ ခဏတဖြုတ်လာကြသည်။ သူတို့က အသင်းတော်တွင်ပြုလုပ်သော သဟာရကို နှစ်သက်ကြ ပါသည်။ ရယ်ရွှင်စရာဖြစ်ဟန်တူပါသည်။ သို့ရာတွင် တခုခုဖြစ်လာသည်။ လွန်ခဲ့သောတနင်္ဂ နွေက Las Vegas သို့ ခရီးထွက်သွားသည့် တစ်ဦးအကြောင်း ကြားသိရပါသည်။ထိုသူသည် ဘုရားကျောင်းလာရတာကို ကြိုက်သော်လည်း Las Vegas က ပိုသဘောကျစရာကောင်းမည် ဟုထင်ရသည်။ အချို့သောသူများက ခရစ္စမတ်နှင့်နှစ်သစ်ကူးအချိန်ခါသမယ ပျော်ရွှင်ဖွယ်ရာ များကို နှစ်သက်သဘောကျကြသည်။ သူတို့ကို လောကပျော်ရွှင်မှုက လွှမ်းမိုးထားသည်။ သို့ ဖြစ်၍ အသင်းတော်ကို စွန့်ခွါသွားကြသည်။ “ကျွန်တော်တို့ထံက ထွက်သွားသောသူတို့သည် ကျွန်တော်တို့နှင့်မသက်ဆိုင်ပါ။” ( ၁ ယော ၂း ၁၉ )

၂။ ဒုတိယအချက်၊ သူတို့လုပ်ဆောင်ခဲ့ရသည့်အကြောင်းရင်း။

ကျွန်တော်တို့အသုံးပြုထားသော အခြေပြုကျမ်းက “သူတို့သည် ကျွန်တော်တို့နှင့်မ သက်ဆိုင်။ အကြောင်းမှာ ကျွန်တော်တို့၏အပေါင်းအပါများမဟုတ်ကြပါ။ သူတို့သည် ကျွန် တော်တို့နှင့်အတူ မရှိမည်မှာ သံသယဖြစ်စရာမရှိ။” ( ၁ ယော ၂း ၉ ) ၁ ယော ၂း ၁၉ ကို မှတ် ချက်ပေးရာတွင် ဒေါက်တာ J. Vernon McGee က ဤသို့ဆိုသည်။

ဘုရားသားဖြစ်ကြောင်း သင်ပြောနိုင်သည့်နည်းလမ်းမှာ လူသည် မိမိဖြစ်ခြင်းအစစ်အမှန်ကို ဖော်ပြပြီး ဘုရားသားမစစ်လျှင် ဘုရား သခင်၏လူအစုအထဲကနေ ထွက်သွားပေလိမ့်မည်။ ခရစ်ယာန် အသိုင်းအဝန်း၊ ယုံကြည်သူအဖွဲ့အစည်းထဲကထွက်၍၊ လောက ထဲသို့သွားလိမ့်မည်။ မိမိသည် ခရစ်ယာန်ဖြစ်ကြောင်းကို ဝန်ခံ သောသူအများရှိကြသည်။ သို့ရာတွင် သူတို့သည် ခရစ်ယာန်အ စစ်အမှန်မဟုတ်ကြပါ။ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson ပုံနှိပ်တိုက်, ၁၉၈၃, အတွဲ ၅၊ စာ-၇၇၇ )

အလွန်ကောင်းမွန်သော သမ္မာကျမ်းစာ အဘိဓါန်၌ မှတ်ချက်မပါဘဲ Albert Barnes ၏ စကားလုံးများကို ပေးထားပါသည်။

အကြောင်းမှာ သူတို့သည် ငါတို့နှင့်စပ်ဆိုင်လျှင်၊ သူတို့သည် ရိုး သားဖြောင့်မတ်ပြီး စစ်မှန်သောခရစ်ယာန်များဖြစ်ကြလျှင်။ သူတို့ သည် ကျွန်တော်တို့နှင့်အတူရှိနေမည်ကို သံသပွါးစရာပင်မရှိပါ။ သူတို့သည် စစ်မှန်သောခရစ်ယာန်များသာဖြစ်မည်ဆိုလျှင် အ သင်းတော်ထဲကနေ ထွက်ခွါကြမည်မဟုတ်ပါ။ သူတို့က စကြာ ဝဠာနှင့်ဆိုင်သော သမ္မာတရားဖြစ်သည်ကို လက်ခံကြမည်။ ငါတို့ နှင့်သာစပ်ဆိုင်ကြလျှင်၊ ထိုသူသည် စစ်မှန်သော ခရစ်ယာန်ဖြစ် ပေမည်။ ထိုသူသည် အသင်းတော်၌ အစဉ်အမြဲရှိနေပြီး ဘယ် တော့မှ လဲပြိုသွားမည်မဟုတ်ပါ။ ဆိုလိုသည်မှာ အသင်းတော်မှ ထွက်ခွါသွားလျှင်၊ သူတို့၌ ဘာသာတရားမရှိကြောင်း ထင်ရှားပါ သည်။ အကြောင်းမှာ သူတို့၌ ဘာသာတရားရှိလျှင် အသင်းတော် ၌ စဉ်ဆက်မပြတ်ရှိနေမည်ဖြစ်သည်။ (Albert Barnes, ဓမ္မသစ် မှတ်ချက်၊ Baker Book House, ၁၉၈၃ ပုံနှိပ်ပြီး ၁၉၈၄-၈၅ ၌ ပြန်လည်ပုံနှိပ်သည်၊, ၁ ယော ၂း ၁၉ မှတ်စု )

ယေရှုက ဤသို့ဆိုသည်။

“ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကို ကြား၍ ဝမ်း မြောက်သောစိတ်နှင့်ခံယူသော်လည်း၊ စိတ်နှလုံး၌အမြစ်မစွဲ၊ ခဏ သာယုံကြည်သဖြင့် စုံစမ်းနှောက်ယှက်ခြင်းကိုခံသောအခါ ဖောက် ပြန်သောသူကို ဆိုလိုသတည်း။” ( လုကာ ၈း ၁၃ )

၃။ တတိယအချက်၊ ကုသရမည့်နည်းလမ်း

“ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက် က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေ ကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင် ကြောင်း ကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှထွက်သွားကြ၏။” ( ၁ ယော ၂း ၁၉ )

Matthew Henry က ဤသို့ဆိုပါသည်။

သူတိုသည် အတွင်းစိတ်နှလုံးထဲ၌ ကျွန်ုပ်တို့ကဲ့သို့ မဟုတ်ကြပါ။ သို့ရာတွင် ကျွန်တော်တို့နှင့်မစပ်ဆိုင်ကြပါ။ သူတို့သည် သူတို့အား ဝေငှသက်သေခံသောမှန်ကန်သည့် ခံယူချက်ကို နာခံသည့်စိတ် နှလုံးသားကို မပိုင်ဆိုင်ထားကြပါ။ သူတို့သည် ခရစ်တော်၏ဦး ခေါင်းနှင့်ပေါင်းစည်းခြင်းမရှိသူများဖြစ်ကြပါသည်။ (Matthew Henry’s Commentary on the Whole Bible, Hendrickson, ၁၉၉၆ ပုံနှိပ်ခြင်း၊ အတွဲ ၆၊ စာ-၈၆၃ )

သူတို့သည် ခရစ်တော်နှင့်ပေါင်းစည်းခြင်းမရှိကြပါ။ သူတို့သည် “ငါတို့နှင့်” မစပ်ဆိုင်ကြပါ။ ဒေါက်တာ McGee က ဤကျမ်းပိုဒ်ကို ဤသို့ဆိုထားသည်။

ယောဟန်က အလွန်အရေးကြီးသော ဖော်ပြထုတ်ပြန်ချက်ကို ပြု လုပ်ခဲ့ပါသည်။ ယနေ့ ကျွန်တော်တို့အတွက်လည်း ဖြစ်ပါသည်။ သခင်ယေရှုက၊ အလွန်ပင် ဘာသာတရားကိုင်းရှိုင်းသော နိကောဒင်ကို သင်သည် ဒုတိယမွေးခြင်းခံရမည်ဟု ဆိုခဲ့သည်။ သူက “ဒုတိယမွေးခြင်းမခံလျှင်၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ” ဟု မိန့်တော်မူခဲ့သည်။ ( ယောဟန် ၃း ၃ ) ယောဟန်က “သူတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြသောကြောင့် ငါတို့နှင့်အတူမရှိ ကြ” ဟုဆိုသည်။ သူတို့သည် ဘုရားသခင်၏သားသမီးများနှင့် တူ ကြသော်လည်း၊ တကယ်တော့ မဟုတ်ကြပါ။ (J. Vernon McGee, ၎င်း ).

ဒေါက်တာ McGee က ပြောဆိုသကဲ့သို့ “ငါတို့နှင့်စပ်ဆိုင်သောသူဖြစ်ရန်” သင်သည် ဒုတိယမွေးခြင်းခံရမည်။ ခရစ်တော်နှင့်ပေါင်းစည်းရမည်။ သင်သည် အမှန်တကယ် ဒုတိယ မွေးခြင်းခံရသောအခါ ထိုသို့ဖြစ်လာမည်။ ယေရှုက ဤသို့မိန့်တော်မူသည်။

“သင်သည် ဒုတိယမွေးခြင်းကို ခံရမည်။” ( ယောဟန် ၃း ၇ )

မှားယွင်းသောအရာအတွက် ကုထုံးမှာ ဒုတိယမွေးခြင်းပင်ဖြစ်ပါသည်။ သင်သည် ကိုယ့်အပြစ် ကို သိနားလည်ပြီး ခရစ်တော်ထံသို့လာသောအခါ ထိုသို့ဖြစ်လာမည်။ သူ့ထံသို့လာသောအခါ သင့်ကိုလက်ခံပြီး အသွေးတော်အားဖြင့် ရှိသမျှအပြစ်ကို ဆေးကြောပေးမည်။ ထိုအရာကို သင်ရေတွက်သိနိုင်သည် အဘယ့်ကြောင့်ဆိုသော သူက ဤသို့မိန့်မူသည်။

“ငါထံသို့လာသောသူကို ငါသည် မစွန့်မပယ်။” ( ယောဟန ၆း ၃၇ )

သင်သည် ခရစ်တော်ထံသို့လာပြီး ဆက်နွယ်မှုရှိသောအခါ အသစ်သောမွေးဖွါးခြင်းကိုပေး သည်။ သင့်အပြစ်များကို သန့်စင်စေပြီး ဘုရားသားဖြစ်လာသည်။ ဒုတိယမွေးခြင်းခံမှသာလျှင် သင်သည် ဒေသန္တာရအသင်းတော်၏ အသက်ရှင်သောအသင်းသားအစစ်အမှန်ဖြစ်လာမည်။ တည်ရှိခြင်းဝါဒကို ခရစ်တော်လက်ခံပြီး ဒုတိယမွေးခြင်းခံခါမှ ပျက်စီးလာသည်။ “ဘုရားမဲ့ ကမ္ဘာကြီးထဲ၌ လူတို့၏အခြေခံကျသောအထီးကျန်ဆန်မှု” ကို ခရစ်တော်ထံမြောက်သောအခါ ပျောက်ကင်းသွားပြီး အကျိုးဆက်အနေဖြင့် ဒေသန္တာရအသင်းတော်၏ အသက်ရှင်သော အခန်းကဏ္ဍ၌ ပါဝင်လာခြင်းဖြစ်သည်။ ယေရှုက ဤသို့မိန့်တော်မူသည်။

“ငါထံသို့လာသောသူကို ငါသည် မစွန့်မပယ်။” ( (ယောဟန ၆း ၃၇ )

အဘယ့်ကြောင့်ပျောက်ဆုံးရသနည်း။ အိမ်သို့ပြန်လာပါ။ ဘုရားသားတော် ယေရှုခရစ်ထံသို့ ပြန်လာပါ။

Charles Spurgeon က “မေတ္တဖြင့်သက်သေထူသောအသက်တာ” ဟူသော ခေါင်းစဉ်ဖြင့် တရားဒေသနာဟောကြားခဲ့ပါသည်။ ၎င်းကို ၁ ယော ၃း ၁၄ ကျမ်းပိုဒ် အခြေခံ ဟောပြောခြင်းဖြစ်သည်။

“ငါတို့သည် ညီအစ်ကိုချင်းတို့ကိုချစ်သောကြောင့်၊ သေခြင်းမှ အ သက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။” ( ၁ ယော ၃း ၁၄ )

Spurgeon က ဤသို့ဆိုသည်။

သင်သည် ဒုတိယမွေးခြင်းမခံမချင်း၊ ကျေးဇူးတော်အကြောင်း နား လည်သဘောပေါက်မည်မဟုတ်။ သင်သည် အသစ်သောအသက် တာကို ခံယူရမည်။ သေခြင်းမှအသက်ရှင်ခြင်းသို့ကူးမြောက်ရပါ မည်။ သို့မဟုတ်လျှင် ဤအရာများကို သိနိုင်မည်မဟုတ်…..“ငါတို့ သည် ညီအစ်ကိုချင်းတို့ကိုချစ်သောကြောင့်၊ သေခြင်းမှ အသက် ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။”သို့ဖြစ်၍ ညီအစ်ကိုတို့ ကျွန်တော်တို့က ဘုရားသခင်၏လူတို့ကိုချစ်သည်ဟု ပြောနိုင်လျှင် သူတို့သည် ဘုရားသခင်၏လူများဖြစ်သောကြောင့် ပေတည်း။ ဤအရာသည် သေခြင်းမှအသက်ရှင်ခြင်းသို့ကူး မြောက်ကြောင်း၏ အမှတ်လက္ခဏာပင်ဖြစ်ပါသည်။ (C. H. Spurgeon, “မေတ္တာဖြင့် ဘဝကို သက်သေပြသည်။,” The Metropolitan Tabernacle Pulpit, Pilgrim Publications, ၁၉၇၆, အတွဲ ၁၂၄၊ စာ-၈၀-၈၁ )

ကျွန်တော်တို့သည် ပြောင်းလဲခြင်းဖြင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးပြောင်းသောအခါ၊ အသင်းတော်ရှိ ညီအစ်ကိုများကို ချစ်ရလိမ့်မည်။

ဤအသင်းတော်၌ သင်ပြုသောသဟာရကို တန်ဖိုးထားလျှင် သင်သည် အမှန်တ ကယ်ပြောင်းလဲသည်ကို သတိပြုပါ။ သင်ပြောင်းလဲဖို့သည် မဖြစ်မနေလိုအပ်သောအရာဖြစ်ပါ သည်။ ခရစ်တော်သည် ဒေသန္တာရအသင်းတော်၌ မိဿဟာရကို ဆုပ်ကိုင်သော “ကော်”ဖြစ် ပါသည်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Jack Ngann က ဂုဏ်တော် ချီးမွမ်းသည်။
“ချည်နှောင်သောမင်္ဂလာကြိုးကျူး” (John Fawcett ,၁၇၄၀-၁၈၁၇ ရေးစပ်သည်။ )


အခှပှေုကမြွး

သမ္မာကျမ်းစာနှင့်အသင်းတော်အပေါ်သစ္စာဖောက်များ အကျဉ်းချုပ်

THE BIBLE AND TRAITORS TO A LOCAL CHURCH

တရားဒေသနာကို ဒေါက်တာ Dr. R. L. Hymers, Jr. က
ရေးသားပြီး Rev. John Samuel Cagan က ဟောပြောသည်။

“ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အ ထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အ တူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင် ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှထွက်သွားကြ၏။”
     ( ၁ ယော ၂း ၁၉ )

၁။   ပထမအချက်၊ သူတို့လုပ်ဆောင်ခဲ့သောအရာ၊ တမန် ၂း ၄၇၊ ၂ တိ ၄း ၁၀-၁၁။

၂။   ဒုတိယအချက်၊ သူတို့လုပ်ဆောင်ခဲ့ရသည့်အကြောင်းရင်း၊ လုကာ ၈း၁၃

၃။   တတိယအချက်၊ ကုသရမည့်နည်းလမ်း၊ ယော ၃း ၃၊ ၇၊ ၆း ၃၇၊ ၁ ယော ၃း ၁၄။