Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လုပ်ဆောင်သည့်အရာကို လုပ်ဆောင်သည့်အကြောင်းရင်း -
 ဧဝံဂေလိလုပ်ငန်း

WHY WE DO WHAT WE DO – IN EVANGELISM
(Burmese)

တရားဒေသနာကို ဒေါက်တာ C. L. Cagan က ရေးသားပြီး
Rev. John Samuel Cagan က လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle
အသင်းတော်၌ ၂၀၁၈ခုနှစ် အောက်တိုဘာလ ( ၂၈ ) ရက်၊
သခင်ဘုရား၏နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon written by Dr. C. L. Cagan
and preached by Rev. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 28, 2018

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းဌါ အနိုင်အထက်ခေါ်သွင်းလော့။”
(လုကာ ၁၄း ၂၃ )


ကျွန်တော်တို့အသင်းတော်သို့ လူများရောက်လာပြီး ဧဝံဂေလိတရားကြားသိနိုင်ကြ စေရန် ဧဝံဂေလိလုပ်ငန်းကို လုပ်ဆောင်နေရခြင်းဖြစ်ပါသည်။ အခြားသောအသင်းတော်များ၌ သင်းဝင်သူများသည် လမ်းပေါ်၌ရှိသောလူများနှင့်အတူ “အပြစ်သားတို့ဆုတောင်းခြင်းကို” ပြု လုပ်ကြပြီး “ဆုံးဖြတ်ချက်” ချမှတ်ပြီးနောက် သူတို့ကို ဘုရားကျောင်းသို့ ခေါ်ဖိတ်ထားကြပါ သည်။ သို့ရာတွင် ကျွန်တော်တို့ ပထမဆုံးလုပ်ဆောင်ရသောအရာမှာ အသင်းတော်သို့လူများ လာကြရန်ဖြစ်ပါသည်။ ထို့နောက် သူတို့ကို ဘုရားကျောင်းသို့ခေါ်ဆောင်လာခဲ့ကြပါသည်။ သူတို့သည် ဘုရားကျောင်းသို့လာကြသောအခါ အသင်းတော်၌ မိတ်ဆွေဖွဲ့ခဲ့ကြပါသည်။ သူတို့သည် သတင်းစကားဟောပြောသည်ကို ကြားသိကြပါသည်။ အချို့သောသူများက သိနားလည်ကြပြီး ယေရှုခရစ်တော်ကို ယုံကြည်လက်ခံကြပါသည်။ သူတို့သည် အလွန်အံ့ ဘွယ်ကောင်းသောခရစ်ယာန်များဖြစ်လာကြပါသည်။ ဤအသစ်သောနည်းစနစ်သည် ကျွန် တော်တို့၏သင်းအုပ် ဒေါက်တာ Hymers ၏ နည်းစနစ်ဖြစ်ပါသည်။ သူသည် ထိုအချက်ကို တီထွင်ကြံဆတတ်သူဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အခြားသောနည်းဗျူဟာများသည် ပျောက်ဆုံးသောလူများ ဘုရားကျောင်းသို့လာစေရန် အသုံးပြုရာတွင် မအောင်မြင်ကြောင်းကို သတိပြုမိလာသည်။

ဒေါက်တာ Hymers ၏ နည်းစနစ်ကား မည်သို့နည်း။ ဧဝံဂေလိလုပ်ငန်းတွင် မည် သည့်အရာကို လုပ်ဆောင်ကြသနည်း။ ဗုဒ္ဒဟူးည၊ ကြာသပတေးညနှင့်အခြားသောအချိန်ကာ လများတွင် နှစ်ယောက်ချင်းစီ ကောလိပ်များ၊ ဈေးများနှင့် လောအိမ်ဂျယ်၏အခြားသော လူစည်ကားသည့်နေရာများသို့သွားခဲ့ကြပါသည်။ ကျွန်တော်တို့အများစုကလည်း ထိုနည်း လမ်းကို အသုံးပြုကြပါသည်။ ဤနေရာများတွင် ကျွန်တော်တို့သည် လူများထံသို့သွားပြီး သူတို့နှင့်စကားစမြည်ပြောကြပါသည်။ သူတို့ကို ချက်ချင်း ဘုရားကို ကိုးစားဖို့တော့ မပြောလို ပေ။ “အပြစ်သားဆုတောင်းခြင်းဖြင့်” သူတို့ကို ခရစ်တော်ထံသို့ မဦးဆောင်နိုင်ပါ။ ထိုသို့လုပ် ဆောင်မည့်အစား အသင်းတော်၌ မည်သို့လုပ်ဆောင်ရမည်ကိုသာ ပြောပြရပါမည်။ အသင်း တော်၌ လူငယ်အမျိုးသမီး၊ အမျိုးသားများစွာရှိကြပြီး သူတို့သည် မိတ်ဆွေများဖြစ်လာကြပါ သည်။ သူတို့သည် သတင်းစကားကို ပြောကြသည်။ သူတို့သည် အတူတကွ နေ့လည်စာ စား ကြသည်။ ( နံနက်ပိုင်းလာကြမည်ဆိုလျှင် ) သို့မဟုတ် ညစာ စားကြမည်။ ( ညနေပိုင်းလာလျှင် ) သူတို့သည် ရုပ်ရှင်ကိုလည်း အတူတကွ ကြည့်ကြမည်။ သူတို့သည် ပါတီတစ်ခု၌ရှိကြမည်။ အသင်းတော်၌ မွေးနေ့တိုင်းကို ကျင်းပကြပါသည်။ လူတိုင်းလာချင်ကြပါသည်။

ထို့နောက် သူတို့၏ပထမနာမည်နှင့်ဖုန်းနံပတ်ကိုပေးဖို့ တောင်းသည်။ နောက်ပိုင်း တွင် ဤနံပတ်နှင့်နာမည်ကို သင်းထောက်နှင့်အခြားအတွေ့အကြုံရှိသောခရစ်ယာန်အလုပ်သ မားများကို ပေးထားသည်။ ဤအလုပ်သမားများက လူတို့ထံ ဖုန်းဆက်ပြီး အသင်းတော်အ ကြောင်း လူတို့ကို ပြောပြသည်။ ဘုရားကျောင်းလာရန် လူတို့ကို ခေါ်ဖိတ်သည်။ တနင်္ဂနွေ လာကြချိန်၌ အသင်းသားတစ်ဦးနှင့်စီစဉ်ခိုင်းထားသည်။ တနင်္ဂနွေနေ့တွင် သူတို့ကို ကြိုပြီး ဘုရားကျောင်းသို့လာကြသည်။ ပြီးတော့ အိမ်ပြန်ပို့ကြသည်။ လူများစွာတို့သည် ဘုရား ကျောင်းသို့ ဖုန်းဆက်ပြီးနောက် ပထမရက်တွင် လာကြပါသည်။ အခြားသူများသည် ထိုနေ့ တွင် အလွန်အလုပ်များကြသဖြင့် နောက်မှလာကြသည်။ သူတို့သည် ဘုရားကျောင်းသို့လာ ကြသောအခါ သူတို့က ဧဝံဂေလိတရားဟောပြောသည်ကို ကြားရကြသည်။ မိတ်ဆွေများနှင့် လည်း စားသောက်ကြရပါသည်။ အများစုသည် နောက်တဖန် ပြန်လာကြပါသည်။

ဤနည်းစနစ်က အဆင်ပြေပါသည်။ လွန်ခဲ့သောငါးပတ်က၊ လူပေါင်းတစ်ရာကျော်က ပထမဆုံးအကြိမ်၊ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ်အနေဖြင့် ဘုရားကျောင်းလာခဲ့ ကြပါသည်။ အချို့တို့သည် ဘုရားကျောင်းနှင့်အမြဲဆက်သွယ်ပြီး ယေရှုခရစ်ကို ကိုးစားလာခဲ့ ကြပါသည်။ ဤနည်းစနစ်က လူများကို ဘုရားကျောင်းခေါ်လာသည်။ အလုပ်ဖြစ်ပါသည်။

ဒေါက်တာ Hymers က ရှင်လုကာ ၁၄း ၂၃ တွင် ယေရှုမိန့်မှာထားသောအရာကို လိုက်လျှောက်ရင်း ဧဝံဂေလိလုပ်ဆောင်သည့်နည်းလမ်းကို ဖန်တီးထားပါသည်။ “မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိုင်အထက်ခေါ်သွင်းလော့။” ပထမ အချက်အနေဖြင့် ကျွန်တော်တို့သည် ပျောက်ဆုံးသောလူများကို အသင်းတော်သို့ ခေါ်သွင်း သည်။ ထိုအရပ်၌ သူတို့သည် ဧဝံဂေလိတရားကိုကြားကြသဖြင့် ခရစ်တော်ကို ယုံကြည်ကိုး စားလာကြသည်။ ခေတ်သစ်အမေရိကန်အသင်းတော်များက ခေတ်နောက်ပြန်ဆွဲသည့်နည်း လမ်းဖြင့် လုပ်ဆောင်ကြပါသည်။ သူတို့က လူတို့ကို လမ်းပေါ်၌ အလျှင်အမြန် “ဆုံးဖြတ်ချက် ချစေခြင်း” ကို လုပ်ဆောင်ကြသည်။ သို့ရာတွင် အဘယ်သူမျှ ဘုရားကျောင်းသို့ မလာကြပါ။ သူတို့၏နည်းစနစ်က ဆုံးဖြတ်ချက်ကိုသာချမှတ်စေပြီး၊ ပြောင်းလဲခြင်းကို မဖြစ်စေပါ။ ကျွန်တော်ရှင်းပြလိုသောအချက်မှာ ယနေ့တွင် သူတို့လုပ်ဆောင်သောနည်းလမ်းနှင့်မတူဘဲ ဧဝံဂေလိလုပ်ငန်းကို အဘယ့်ကြောင့် သီးခြားလုပ်ဆောင်ရသနည်း။

နာမည်ယူပြီး လူတို့ကို ဘုရားကျောင်းလာဖို့ အဘယ့်ကြောင့် ကြိုးစားအားထုတ်ရပါ သနည်း။ သူတို့နှင့်အတူသွားလာသည့်အခါ လူတို့ ကယ်တင်ခြင်းရဖို့ အဘယ့်ကြောင့် ကြိုးစား အားထုတ်ခြင်းမရှိကြပါသနည်း။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ကျွန်တော်တို့၏တရားဒေသနာများကို သင်၏လက်ကိုင်ဖုန်းတွင် ယခုနားထောင်နိုင်ပါပြီ WWW.SERMONSFORTHEWORLD.COM သို့သွားပါ။
အပေါ်တွင် “အက်ပ်” ဟူသောစကားလုံးပါရှိသည့် အစိမ်းရောင်အလုံးလေးကို နှိပ်ပါ။
ပေါ်လာသည့် ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ပထမအချက်၊ ကျွန်တော်တို့လုပ်ဆောင်ပုံသည် သမ္မာကျမ်းစာ နည်းလမ်းကျသော ကြောင့်ဖြစ်ပါသည်။ ဤသည်မှာ ဓမ္မသစ်ကျမ်းစာတစ်လျှောက်လုံး၌တွေ့ရသည့် နည်းလမ်း ဖြစ်ပါသည်။ တပည့်တော်ဆယ့်နှစ်ပါးအဝင် အန္ဒြေလည်း ထိုနည်းအတိုင်းပြုပါသည်။ သမ္မာ ကျမ်းစာက ဤသို့ဆိုပါသည်။

“ယောဟန် ( ဗတ္တိဇံဆရာ ) ၏စကားကို ကြား၍ နောက်တော်သို့လိုက် သောသူ နှစ် ယောက်တို့တွင် တယောက်ကား ရှိမုန်ပေတရုညီ အန္ဒြေပေတည်း။ ထိုသူသည် မိမိအစ်ကိုရှိမုန်ကို ရှေးဦးစွာ တွေ့ လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊ သူ့ကို ယေရှုထံသို့ ပို့ ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟု ဆို လိုသတည်း။ ယေရှုသည် ထိုသူကို ကြည့်ရှု၍၊ သင်သည် ယောန ၏သားရှိမုန် ဖြစ်၏၊ ကေဖအမည်သစ်ကို ရလတံ့ဟု မိန့်တော်မူ၏။ ကေဖ အနက်ကား ပေတရုဟု ဆိုလိုသတည်း။” ( ယောဟန် ၁း ၄၀-၄၂ )

အိန္ဒြေက အားလုံးကို မသိပါ။ သို့သော် ယေရှုသည် မေရှိယဖြစ်ကြောင်းကိုတော့ သိထားပါ သည်။ အိန္ဒြေသည် လူများနှင့်အပြစ်သားဆုတောင်းခြင်းကို တောင်းလျှောက်ဖို့ လျှောက်မ သွားပါ။ သို့သော် သူသည် သူ့အစ်ကိုရှိမုန်ပေတရုကို ယေရှုထံသို့ခေါ်လာခဲ့ပါသည်။ ပေတရု သည် သူ့တပည့်တော်ဖြစ်လာပါတော့သည်။ နောက်ပိုင်းတွင် ပေတရုသည် ပြောင်းလဲလာပြီး လူပေါင်းသုံးထောင်ခန့် ယေရှုကို ယုံကြည်ကိုးစားသည့်နေ့ ပင်္တေကုတ္တိနေ့၌ တရားဟောခဲ့ပါ သည်။ သို့သော် ၎င်းသည် သူ့ညီကို ပြုစုပြီး ယေရှုနှင့်တွေ့စေသည့်အချိန်၌ စတင်ခဲ့ပါသည်။

တပည့်တော်ဖိလိပိက နာသနေလကို ထိုနည်းအတိုင်းပြောပြခဲ့သည်။ သူက နာသနေလအား “လာပြီးကြည့်ပါ” ( ယော ၁း ၄၆ ) ဟု ဆိုသည်။ ဖိလိပိသည် အများကြီး သိထားခြင်းမရှိပါ။ သို့သော် နာသနေလကို ယေရှုထံသို့ခေါ်ခဲ့ပြီးနောက်တွင် သူသည် ပြောင်း လဲမှုကို စတင်ခံစားလာခဲ့ပါသည်။

တနေ့တွင် ယေရှုသည် ရှမာရိနယ်သို့လျှောက်သွားပြီး လူတစ်ဦးကို ကယ်တင်ခြင်းဆီ သို့ ဦးဆောင်သွားခဲ့ပါသည်။ သူသည် သမ္မာကျမ်းစာကို သိထားသူမဟုတ်။ သူသည် ဂျူးအနွယ်ဝင်ဖြစ်သည်။ သူသည် ယေရှုကို ကိုးစားခဲ့သည်။ သူမသည် မိမိမြို့သို့မသွားပြီး အပြစ်သားဆုတောင်းခြင်းကို ဦးဆောင်မှုမလုပ်ခဲ့ပါ။ သူက မိမိမြို့ကိုသွားပြီး ယေရှုကို လာကြည့်ရန်သာ ခေါ်ဖိတ်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“ထိုမိန်းမ ( ရှမာရိအမျိုးသမီး ) သည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲ သို့သွားပြီးလျှင်၊ အကျွန်ုပ်ပြုဘူးသမျှသောအမှုအရာတို့ကို ထုတ် ဘော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန် လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊” ( ယောဟန် ၄း ၂၈၊ ၂၉ )

လူတိုင်းက ထိုအရာကို လုပ်နိုင်သည်။ သင်သည် ကယ်တင်ခြင်းမရရင်တောင် လုပ် နိုင်သည်။ သမ္မာကျမ်းစာခံယူချက်များကို သင်တန်းခန်းမထဲထိသွားသင်နေစရာမလိုပါ။ သင် သည် လူတို့မေးခွန်းကိုဖြေဆိုဖို့ မကြိုးစားပါ။ လမ်းပေါ်တွင် ကယ်တင်ရန် ကြိုးစားနေခြင်းလဲ မဟုတ်ပါ။ ဘုရားကျောင်းသို့လာရန် ခေါ်ဖိတ်ရုံသက်သက်သာဖြစ်ပါသည်။ မိတ်ဆွေဖွဲ့ပြီး အချိန်ကောင်းကို ရရှိဖို့ရန်သာဖြစ်ပါသည်။ လူတိုင်းက ထိုအရာကို လုပ်ဆောင်နိုင်သည်။ ထို အရာကို လုပ်လည်း လုပ်ကြပါသည်။

ဒုတိယအချက်၊ ကျွန်ုပ်တို့၏နည်းဗျူဟာလုပ်ငန်းများကြောင့်ဖြစ်ပါသည်။ အသင်း တော်အများစုက ဧဝံဂေလိလုပ်ငန်းကို မလုပ်ဆောင်ကြပါ။ သို့ရာတွင် သူတို့သည် ဧဝံဂေလိ လုပ်ငန်းကို လုပ်ဆောင်ကြမည်ဆိုလျှင် လမ်းပေါ်ရှိလူများကို စကားပြောကြပေလိမ့်မည်။ သို့မ ဟုတ် သူတို့တံခါးနီးနားရှိလူများကို စကားပြောဆိုကြပေလိမ့်မည်။ သူတို့သည် “ကယ်တင် ခြင်းအစီအစဉ်” အကြောင်းကို ပျောက်ဆုံးလူတို့အား အလျှင်အမြန်ပြောကြပေလိမ့်မည်။ ချက် ချင်းပင် “အပြစ်သားဆုတောင်းခြင်း” ကို တောင်းစေကြလိမ့်မည်။ ဤသည်မှာ “ဆုံးဖြတ်ချက် ဝါဒ” ပင်ဖြစ်ပါသည်။ “ဆုံးဖြတ်ချက်” ချမှတ်သောလူသည် ပြောင်းလဲသူအဖြစ် သတ်မှတ်ကြ ပါသည်။ “ကယ်တင်ခြင်းခံရသူ” အဖြစ်သတ်မှတ်ထားပါသည်။ ထို့နောက်တွင် အသင်းတော် များသည် ထိုလူတို့ကို “နောက်ကလိုက်” သော်လည်း တစ်ဦးမျှ ဘုရားကျောင်းသို့ ပြန်မလာ ကြတော့ပါ။ ကျွန်တော့်အဖေ၊ ဒေါက်တာ Cagan က တစ်ပတ်လျှင် လူပေါင်း ၉၀၀ လောက် နှင့်အတူ ဆုတောင်းသည့် နှစ်ခြင်းအသင်းတော်တစ်ခုသို့ အလယ်အပတ်သွားခဲ့သည်။ သို့ သော် အသင်းတော်သည် ၁၂၅ ဦးရှိသော အသင်းတော်ဖြစ်သည်။ ၉၀၀ ဦးက ဆုံးဖြတ်ချက် ချခဲ့ကြသော်လည်း ဘုရားကျောင်းသို့ လုံး၀ပြန်မလာခဲ့ကြပါ။ သူတို့သည် ဆုတောင်းကြသည်၊ သို့ရာတွင် ခရစ်တော်ထံသို့ မလာခဲ့ကြပါ။

ထိုအသင်းတော်များလုပ်ဆောင်သည့်အရာကို ကျွန်တော်တို့က အဘယ့်ကြောင့် မ လုပ်ဆောင်ကြသနည်း။ အလုပ်မဖြစ်သောကြောင့်ဖြစ်ပါသည်။ အသင်းသားများသည် ရာ ပေါင်းများစွာသောလူတို့ကို အပြစ်သားဆုတောင်းခြင်းကို ဦးဆောင်ကြသည်။ သို့သော် မည် သူမျှ ဘုရားကျောင်းသို့ ပြန်မလာကြပါ။ သူတို့သည် ခရစ်ယာန်လည်း ဖြစ်မလာကြပါ။ သူတို့က “ဆုံးဖြတ်ချက်” တစ်ခုကိုသာ ချမှတ်ကြသည်၊ မပြောင်းလဲကြပါ။

ကျွန်တော်တို့သည် သူတို့နှင့်စကားပြောသောအခါ အပြစ်သားများကို ခရစ်ယာန်ထဲ သို့ရောက်လာနိုင်ရန် အဘယ့်ကြောင့် မကြိုးစားခဲ့ကြပါသနည်း။ အကြောင်းမှာ သူတို့သည် ခရစ်ယာန်ဖြစ်လိုစိတ်မရှိကြသောကြောင့်ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်မည့်အစား ကျွန်တော် တို့သည် အပြင်သွားပြီး အသင်းတော်သို့လာရန် သူတို့ကို ခေါ်ဖိတ်ရမည်။ သူတို့၏ပထမနာ မည်နှင့်ဖုန်းနံပတ်ကို မေးမြန်းရပါမည်။ ကျွန်တော်တို့၏သင်းထောက်များနှင့်ခေါင်းဆောင်များ က သူတို့ကို ဖုန်းဆက်ပြီး သူတို့သည် တနင်္ဂနွေနေ့တွင် လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရ ပါမည်။ သူတို့နှင့်မိတ်ဆွေဖွဲ့ရမည်။ ကျွန်တော်တို့သည် တနင်္ဂနွေဝတ်ပြုအပြီးတွင် စား သောက်ခြင်းအစီအစဉ်ပြုလုပ်ပြီး ညနေဝတ်ပြုအစီအစဉ်အပြီး၌ ညနေစာ သုံးဆောင်ကြပါ သည်။ အသင်းတော်၌ သူတို့ပျော်ရွှင်အောင် လုပ်ဆောင်ရမည်။ ထို့နောက် ကျွန်တော်တို့၏ သင်းထောက်နှင့်အလုပ်သမားများသည် သူတို့ကိုဖုန်းဆက်ပြီး ပြန်လာဖို့ ခေါ်ဖိတ်ရပါမည်။

ယခုလုပ်နေသည့်အရာကို အဘယ့်ကြောင့် လုပ်ဆောင်ရသနည်း။ အဆင်ပြေနေ သောကြောင့် လုပ်ဆောင်ရပါသည်။ ကျွန်တော်တို့၏နည်းဗျူဟာက လူတို့ကို အသင်းတော်သို့ ပို့ဆောင်စေသည်။ အသင်းတော်ထဲသို့ ဝင်ရောက်လာစေသည်။ သူတို့သည် အသင်းတော်၌ ဧဝံဂေလိတရားကို ကြားနာကြသည်။ အချို့က ဧဝံဂေလိတရားကို ချက်ချင်းကြားနာကြသည်။ သို့သော် အချို့က ဧဝံဂေလိတရားဟောပြောခြင်းကို နှစ်ပတ်သုံးပတ်ခန့် ကြားသိဖို့လိုအပ်ပါ သည်။ သို့မှသာ သူတို့သည် ပြောင်းလဲနိုင်ကြမည်။ ဤသို့ဖြင့်သာ ခရစ်ယာန်အနေဖြင့် ကျန် သည့်အသက်တာတွင် အသင်းတော်၌ အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ အခြားနည်းလမ်းမှာ အဆင်မပြေသောနည်းလမ်းသာဖြစ်ပါသည်။

လွန်ခဲ့သောလအနည်းငယ်က ကျွန်တော့်အဖေ ဒေါက်တာ Cagan နှင့် Noah Song တို့နှင့်အတူ အာဖရိကသို့ သွားခဲ့ကြပါသည်။ ကျွန်တော်တို့က ယူဂန္ဒာ၊ ကင်ယာ၊ နှင့်ရှဝင်တာ တို့ရှိ အသင်းတော်များ၌ တရားဟောကြသည်။ ကင်ယာ၌ သင်းအုပ်များကွန်ဖရင့်တွင် တရား ဟောကြသည်။ ညနေပိုင်းအချိန် နောက်ကျပြီးမှ အစည်းအဝေးကို ရုပ်သိမ်းကြပါသည်။ ဒေါက်တာ Cagan က သင်းအုပ်များကို “ အပြင်သွားပြီး နာမည်စရင်းယူကြစို့” ဟု ပြောခဲ့ပါ သည်။ ကျွန်တော်တို့သည် နိုင်ရိုဘီ၊ ကင်ယာလမ်းတစ်လျှောက်တွင် ဆွမ်ဟီးဘာသာစကား ဖြင့် ဘာသာပြန်ဆိုသည့် သင်းအုပ်ဆရာများနှင့်အတူ သွားကြသည်။ လူများကို စကားပြောပြီး သူတို့ဖုန်းနံပတ်ကို အရယူသည်။ သူတို့ကို ဘုရားကျောင်းလာရန် ခေါ်ဖိတ်သည်။ သင်းအုပ် ဆရာက သူတို့ကို ခေါ်ဖိတ်ပြီး သူတို့လာနိုင်အောင် စီစဉ်ပေးထားသည်။ နောက်နေ့တွင် အ လည်လာသူ ငါးဦးအထိ တိုးလာသည်။ ရှဝင်တာသို့ခရီးဆက်ပြီးနောက် သင်းအုပ်ဆရာများက ၎င်းအလုပ်ကို ဆက်လက်လုပ်ဆောင်ကြသဖြင့် နောက်တနင်္ဂနွေ၌ လူသစ်နောက်ထပ် ငါးဦး တိုးလာခဲ့သည်။

တရားဟောသူများက အလွန်ပင် စိတ်လှုပ်ရှားနေကြပါသည်။ သူတို့က အဆင်ပြေ သည့်နည်းလမ်းကို တွေ့ရှိခဲ့ကြသည်။ သူတို့က ကြီးမားသည့် ကြိုးစားအားထုတ်မှုနှင့် အစည်း အဝေးကို လူတွေက ဆုံးဖြတ်ချက်ချနိုင်အောင် အသုံးပြု ကုန်ဆုံးကြသော်လည်း မည်သူမျှ ဘုရားကျောင်းသို့မလာကြကြောင်း ပြောပြကြသည်။ သင်းအုပ်က ၎င်းသည် ဧဝံဂေလိလုပ် ဆောင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ထင်မှတ်နေပါသည်။ သူတို့သည် ကျွန်တော်တို့၏နည်းစနစ်ကို သင်ယူလေ့လာလိုနေကြသည်။ ထိုနည်းစနစ်က လူများစွာကို ဘုရားကျောင်းသို့ ခေါ်ဆောင်သောကြောင့်ဖြစ်ပါသည်။

တတိယအချက်အနေဖြင့်၊ ကျွန်တော်တို့ရဲ့နည်းစနစ်သည် ဖိတ်ခေါ်ထားသူများ အတွက်သာမက၊ သင့်အတွက် ကောင်းပါသည်။ သင်သည် ဧဝံဂေလိလုပ်ငန်းကို အမြဲတမ်း လုပ်ဆောင်နေသောသူဖြစ်လျှင် သင့်ကို ခိုင်ခံ့သောယုံကြည်သူလည်း ဖြစ်လာစေနိုင်ပါသည်။ အသင်းတော်သို့လာရန် လူများကို ခေါ်ဖိတ်ရာတွင်လည်း သင့်ယုံကြည်ခြင်းကိုလည်း ပို၍ ခွန် အားဖြစ်စေနိုင်ပါသည်။ အသင်းတော်၌ တည်ကြည်စေပြီး ခရစ်တော်ကို ယုံကြည်ကိုးစားစေ နိုင်ပါသည်။ အသင်းတော်သို့လာရန် သင်ခေါ်ဖိတ်ထားသောလူတစ်ဦးဦးက မြင်သောအခါ၌ ကြီးစွာသော ဝမ်းမြောက်ခြင်းကို ပေးနိုင်ပါသည်။ သူတို့ပြောင်းလဲလာသည်ကို မြင်ကြသောအ ခါ သာ၍ကြီးသောဝမ်းမြောက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုဝမ်းမြောက်ခြင်းကို သင့်အတွက် မျှော်လင့်ပါသည်။

ဝေစာကို အဘယ့်ကြောင့်ဖြန့်ဝေရသနည်း။ လူအချို့က ထိုသို့လုပ်ဆောင်ကြပါသည်။ ဝေစာက မည်သို့ဖြစ်သည်ကို သင်မသိတာလည်းဖြစ်နိုင်ပါသည်။ ဝေစာဆိုသည်မှာ စာရွက်၊ ခေါက်ထားသည့်စာရွက်၊ လူများစွာကိုပေးကမ်းရသည့် စာဖြစ်ပါသည်။ ဝေစာက အကြောင်း အရာနှင့်ကယ်တင်ခြင်းအစီအစဉ်ကို ချမှတ်ပေးနိုင်သည်။ နောက်ဆုံးတွင် ဆုတောင်းခြင်း သို့မဟုတ် စာရွက်ပေါ်တွင် နာမည်ထိုးထားခြင်းအားဖြင့် ခရစ်တော်ကို ယုံကြည်လက်ခံရန် ပြောထားပါသည်။

အသင်းတော်အများစုတို့က ၎င်းတို့အသင်းတော်ရှိလူများကို ဝေစာထွက်ဝေစေသည်။ သူတို့က သူတို့သည် ပျောက်ဆုံးဝိညာဉ်များကို ဖမ်းဆီးနေသည်ဟု ထင်မြင်ယူဆကြပါသည်။ သို့ရာတွင် ဝေစာက လူတို့ကို ခရစ်တော်ထံမပို့ဆောင်နိုင်ပါ။ ဘုရားကျောင်းသို့လည်း မပို့ ဆောင်နိုင်ပါ။ ထိုလူများက မည်သည့်နေရာတွင် ရှိကြပါသနည်း။ ဝေစာဟူသည်မှာ ငွေကုန် အချိန်ကို လူပင်ပန်းခြင်းသာ အဖတ်တင်သည်။ ထို့ကြောင့် ထိုနည်းလမ်းကို အသုံးမပြုခြင်း ဖြစ်ပါသည်။

မည်သို့သိနိုင်ပါသနည်း။ ကြိုးစားကြည့ရပါမည်။ ကျွန်တော်တို့သည် သန်းပေါင်းများ စွာသောဝေစာကို ဝေခဲ့ပြီးပြီ။ လူများက ဖတ်ရှုကြသည်။ သို့သော် တစ်ဦးမျှ ဘုရားကျောင်းသို့ မလာနိုင်ကြပါ။ သူတို့သည် စာရွက်ကိုဖတ်လဲ မပြောင်းလဲနိုင်ကြပါ။ ထိုနည်းစနစ်သည် သမ္မာ ကျမ်းစာနည်းလမ်းကျသော နည်းစနစ်မဟုတ်ပါ။ ခရစ်ယာန်များသည် ဝေစာဝေ၍ အမှုတော် လုပ်ရန် ကျမ်းစာက သင်ကြားမပေးပါ။ သွား၍ အပြစ်သားများကို ဖိတ်ခေါ်ရန်သာပြောပါ သည်။ အသင်းတော်သို့လာကြရန်ဖြစ်ပါသည်။ ကျွန်တော်တို့လုပ်ဆောင်သည့် နည်းလမ်းပင် ဖြစ်ပါသည်။

နှစ်ယောက်ချင်းစီ အဘယ့်ကြောင့် သွားရသနည်း။ အဘယ့်ကြောင့်ဆိုသော် ယေရှု သည် တပည့်တော်များကို ထိုနည်းလမ်းအတိုင်း စေလွှတ်ခဲ့သည်။ သမ္မာကျမ်းစာက ခရစ် တော်သည် “တပည့်တော်ဆယ့်နှစ်ပါးကိုခေါ်ပြီး ထိုသူတို့ကို နှစ်ယောက်ချင်းစီ စတင်စေလွှတ် ခဲ့ပါသည်။” ( မာကု ၆း ၇ ) တဖန်၊ သမ္မာကျမ်းစာမိန့်မူသည်မှာ “သခင်ဘုရားသည် လူခုနှစ် ဆယ်ကို ( ရွေးချယ် ) ပြီး သူ့ရှေ့မှောက်၌ မြို့တိုင်း၊ နေရာတိုင်းသို့ နှစ်ယောက်ချင်းစီ စေလွှတ် ခဲ့ပါသည်။” ( လုကာ ၁၀း ၁ )

သင်သည် ဧဝံဂေလိအတွက် တစ်ဦးချင်းလည်း သွားနိုင်ပါသည်။ သမ္မာကျမ်းစာက ထို အရာကို မတားမြစ်ပါ။ မှားသည်ဟုလည်း မဆိုလိုပါ။ သို့သော် နှစ်ယောက်ချင်းသွားခြင်းသည် သမ္မာကျမ်းစာနှင့်ကိုက်ညီသဖြင့် အလုပ်ဖြစ်ပါသည်။

နှစ်ယောက်စီသွားခြင်းက ဘုရားကျောင်းသို့လူများစွာ ရောက်စေနိုင်ပါသည်။ လော့ အိန်ဂျယ်နှင့်အခြားမြို့ကြီးများတွင် လူတို့သည် သံသယမျက်လုံးများဖြင့် ကြည့်နေကြပါ သည်။ မသိသူနှင့်လုံး၀ စကားမပြောလိုကြပါ။ လူငယ်များက လူကြီးများကို သံသယရှိကြပါ သည်။ မိန်းကလေးများက ယောက်ျားလေးများကို သံသယရှိကြသည်။ လူနှစ်ယောက် အပြင် သို့ အတူတကွသွားခြင်းက ကြောက်ရွံ့ခြင်းကိုပွါးစေပြီး နာမည်ပိုရပါသည်။

နှစ်ယောက်ချင်းသွားခြင်းသည် သင့်အတွက် ကောင်းပါသည်။ အတွေ့အကြုံရင့် ခရစ်ယာန်တစ်ဦးနှင့်သွားလာလျှင် အသင်းတော်သို့လူများကို မည်သို့ဖိတ်ကြားရမည်ကို သင် ယူလေ့လာပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ပို၍ပင် သက်သောင့်သက်သာရှိပါသည်။ အစပိုင်း ၌ သင်သည် ကြောက်ရွံ့နိုင်သည်။ ဘာလုပ်ရမှန်းမသိဖြစ်နိုင်ပါသည်။ သို့ရာတွင် အခြားတစ်ဦး ဦးနှင့်သွားလျှင် လုပ်ဆောင်နည်းလမ်းများကို သင်ယူလေ့လာနိုင်ပါသည်။ များမကြာမှီ နာမည် များဖြင့် မိမိကိုယ်ကို လုပ်ဆောင်လာနိုင်လိမ့်မည်။

သင်၌ ကောင်းသောခရစ်ယာန်မိဿဟာရရှိကောင်းရှိမည်။ ယေရှုအတွက် လုပ် ဆောင်ချက်သည် ခရစ်ယာန်များနှင့်သင်လုပ်ဆောင်ခြင်းကို ပိုမိုရင်းနှီးကျွမ်းဝင်စေပါသည်။ “အလုပ်အတွက် မိဿဟာရ” သည် အမှန်တကယ် မိဿဟာရဖြစ်ပါသည်။

အခြားသောနည်းလမ်းများဖြင့် အဆင်မပြေကြောင်းကို မည်သို့သိနိုင်မည်နည်း။ နှစ် ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြပါသည်။ တစ်အိမ်ပြီးတစ်အိမ်သွားပြီး ဘီလီဂရေဟမ်၏ ဝေစာကို အသုံးပြုကာ လူတို့ကို ကယ်တင်ခြင်းအစီအစဉ်အကြောင်း ဝေငှခဲ့ကြပါသည်။ အပြစ်သားဆုတောင်းခြင်းအကြောင်းကို တောင်းကြသည်။ သို့မဟုတ် လမ်းပေါ်တွင်လည်း တောင်းကြပါသည်။ သန်းပေါင်းများစွာသော ဝေစာကို အသုံးပြုကြပါသည်။ သို့ရာတွင် အကျိုး မရှိပါ။ သူတို့သည် ပြောင်းလဲခြင်းလည်း မရှိကြပါ။ ထိုနည်းကလည်း အကျိုးမရှိစေပါ။

သို့ရာတွင် ကျွန်တော်တို့ရဲ့နည်းလမ်းသည် အကျိုးရှိပါသည်။ ကျွန်တော်တို့သည် လော့အိန်ဂျယ်အလယ်ဗဟိုတွင် အသင်းတော်ရှိပါသည်။ လော့အိန်ဂျယ်သည် ဘုရားမဲ့ကြမ်း တမ်းသောမြို့တော်ဖြစ်ပါသည်။ အပြစ်အလုံးစုံသည် ထိုအရပ်၌ ဖြစ်ပျက်လျက်ရှိပါသည်။ လူတို့သည် အလုပ်ကြောင့် ရှုပ်ထွေးနေကြသည်။ ကျောင်း၊ မိသားစု နှင့်မိတ်ဆွေများအားဖြင့် ရှုပ်ထွေးလျက်ရှိနေကြပါသည်။ စိတ်လွင့်ပျယ်သောသူများစွာရှိကြသည်။ ၎င်းတို့မှာ ရုပ်မြင်သံ ကြား၊ အင်တာနက်နှင့်အိုင်ဖုန်းနှင့်အခြားသောအရာများအားဖြင့် စိတ်ရှုပ်ထွေးနေကြပါသည်။ အသင်းတော်ဘုရားကျောင်းသို့ လူနည်းစုသာသွားကြပါသည်။ စစ်မှန်သော ခရစ်ယာန် အနည်းစုသာရှိကြပါသည်။ ကျွန်တော်တို့သည် လမ်းပေါ်ရှိလူများကို ဆုတောင်းခြင်းဖြင့် ဦး ဆောင်ရန် ကြိုးစားအားထုတ်ကြပါသည်။ သို့ရာတွင် အသင်းတော်ကိုတော့ ထိုအရာက မတည်ဆောက်နိုင်ပါ။ လူတို့ကိုလည်း ခရစ်တော်ထံပို့ဆောင်နိုင်ခြင်းလည်း မရှိပါ။

ကျွန်တော်တို့သည် အတွေ့အကြုံထဲက သင်ယူလေ့လာကြပါသည်။ ကျွန်တော်တို့ သည် အပြင်သွားပြီး လူများကို အသင်းတော်ထံသို့ ခေါ်ဖိတ်ထားပါသည်။ ထို့နောက် သူတို့ကို မိတ်ဆွေအသစ်တွေနှင့်ဧဝံဂေလိတရားစကားကို နားထောင်နိုင်မည့်အသင်းတော်သို့ ခေါ် ဆောင်လာခဲ့ကြသည်။ ကျွန်တော်တို့၏အသင်းတော်တွင် တနင်္ဂနွေနေ့တိုင်း လူများစွာကို ဆုံး ရှုံးခဲ့ကြသည်။ သူတို့သည် အခြားအသင်းတော်များထံက လာခြင်းမဟုတ်ပါ။ သူတို့သည် ခရစ် ယာန်မိသားစုထဲက လာကြခြင်းလည်းမဟုတ်ပါ။ သူတို့သည် အပြစ်နှင့်ပြည့်နှက်နေသော ကမ္ဘာထဲက ထွက်လာခြင်းဖြစ်ပါသည်။ အချို့သောသူများသည် အံ့ဩစရာကောင်းသည့် ခရစ် ယာန်များဖြစ်ကြပါသည်။ သို့ဖြစ်သောကြောင့် ကျွန်တော်တို့အသင်းတော်သည် ဝိညာဉ်ရေးရာ ရှင်သန်ကြီးထွားနေပါသည်။ ကျွန်တော်တို့၏နည်းစနစ်က စစ်မှန်သောခရစ်ယာန်များကို ဖြစ် ပေါ်စေသည်။ ထိုအရာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Jack Ngann က ဂုဏ်တော် ချီးမွမ်းသည်။
“အထဲသို့ဆောင်ယူပါကျူး” (Alexcenah Thomas , ၁၉ ရာစုတွင် ရေးစပ်သည်။ )