Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




တရုတ်နိုင်ငံ၏အောင်မြင်ခြင်းလှို့ဝှက်ချက်
( တရုတ်ဆောင်းလယ်ပွဲတော်၌ပေးထားသောတရားဒေသနာတစ်ခု )

THE SECRET OF SUCCESS IN CHINA
(A SERMON GIVEN AT THE CHINESE MID-AUTUMN FESTIVAL)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၈ခုနှစ်
စက်တာဘာလ ( ၃၀ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening September 30, 2018

“သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ ( သို့သော်လည်း သင်သည် ကြွယ်၀ပြည့်စုံခြင်းရှိ၏။ )…” ( ဗျာဒိတ် ၂း ၉ )


တရုတ်ခရစ်ယာန်တို့အကြောင်းကိုရေးသားသူ သင်းအုပ်ဆရာကြီး Wang Mingdao က ဤသို့ဆိုပါသည်။

တရုတ်အစိုးရက မည်သို့သောပေါ်လစီကို အသုံးပြုနေသည်ဖြစ်ပါ စေ၊ တရုတ်ပြည်ရှိအသင်းတော်သည် နောက်လာမည့်မျိုးဆက် များအတွက် ကမ္ဘာအနှံ့ခရစ်ယာန်တို့၏ပုံရိပ်ကို အလေးအနက် သက်ရောက်စေပေမည်။ သန်းခုနှစ်ဆယ်သောဝိညာဉ် ( ယခုတွင် သန်း ၁၆၀ ) နှင့် နှစ်တိုင်း ၇ ရာခိုင်းနှုန်းမျှသောကြီးထွားမှု၊ တရုတ် ပြည်ရှိခရစ်ယာန်များစွာတို့သည် ကမ္ဘာပေါ်ရှိ မည်သည့်တိုင်းနိုင်ငံ များထက်မဆို များနေသည်။ တိုးတက်နေသောနိုင်ငံရှိခရစ်ယာန် များနည်းတူ တရုတ်ခရစ်ယာန်များသည် နှစ်ဆယ့်တစ်ရာစုရှိ အ သင်းတော်များ၏ရှေ့ပြေးပင်ဖြစ်ပါသည်။ (Thomas Alan Harvey, Acquainted With Grief, Brazos Press, ၂၀၀၂၊ စာ- ၁၅၉ )

David Aikman က ပီကျင်းတွင်ရှိသောယေရှု ဟူသော ၎င်း၏စာအုပ်တွင် ဤသို့ဆိုသည်။

အရေအတွက်အားဖြင့်မဟုတ်၊ အသိဥာဏ်ပညာဆိုင်ရာဖြစ်နိုင်ခြေ များကို ဆင်ခြင်သောအခါ ထိုက်တန်ပါသည်။ အကြောင်းမှာ ခရစ်ယာန်ဘာသာသည် တရုတ်ပြည်တွင်ဆက်လက်တိုးပွါးပြီး တရုတ်ပြည်သည် တန်ခိုးကြီးလာသည်နှင့်အမျှ ဥရောပနှင့် မြောက်အမေရိကထဲက ထွက်လာသည်။ ဖြစ်စဉ်သည် စတင်နှင့် ပြီဟုမျှော်လင့်ရပြီး တရုတ်အိမ်အသင်းတော်ခေါင်းဆောင်များက လုပ်ဆောင်နေကြသည်။ (David Aikman ၊ ပီကျင်းမြို့၌ရှိသော ယေရှု၊ Regnery Publishing ၊ ၂၀၀၃၊ စာ-၂၉၁၊ ၂၉၂ )

ရှမာရိ၌ အသင်းတော်နှင့်ပတ်သက်ပြီး ခရစ်တော်၏ဖော်ပြချက်က ယနေ့၌ “အိမ်အ သင်းတော်” လှုပ်ရှားမှု၌ မည်သည့်အရာဖြစ်ပျက်နေသည်ကို သရုပ်ဖော်ထားပါသည်။

“သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ ( သို့ သော်လည်း သင်သည် ကြွယ်၀ပြည့်စုံခြင်းရှိ၏။ )…” ( ဗျာဒိတ် ၂း ၉ )

ရှမာရိအသင်းတော်နှင့်ပတ်သက်၍ ဒေါက်တာ James O. Combs က ဤသို့ဆိုသည်။

အသက် ၉၀ အရွယ်၊ အေဒီ ၁၅၅ တွင် မာတုရဖြင့်သေဆုံးခဲ့သော ပိုလီကပ် သင်းအုပ်လုပ်နေသောအသင်းတော်မှာ ဧဖက်မြို့၏ မြောက်ပိုင်းရှိ ရှမာရိတွင်ဖြစ်သည်။ သူတို့သည် ဒုက္ခဝေဒနာပေါင်း များစွာကို ခံစားနေခဲ့ကြပါသည်။ သို့ရာတွင် ဝိညာဉ်ပိုင်း၌မူ ကြွယ် ဝချမ်းသာကြပါသည်။ (James O. Combs, D.Min., Litt.D.၊ ဗျာဒိတ်ကျမ်းထဲက သက်သန့်၊ Tribune Publishers ၊ ၁၉၉၄၊ စာ- ၃၃ )

ရှမာရိရှိအသင်းတော်ကဲ့သို့ပင် တရုတ်ပြည်ရှိ အိမ်အသင်းတော်များ၌ သစ္စာရှိသော ခရစ်ယာန်များသည် ကြီးစွာသော ညှင်းပန်းနှိပ်စက်ခြင်း နှင့် “ဘေးဒဏ်ကြီး” ကို ခံရကြသည်။ သို့ရာတွင် သူတို့သည် “နှစ်စဉ်နှစ်တိုင်း ၇ ရာခိုင်နှုန်း” တိုးတက်မှုကိုပြုသည် ၎င်းတို့၏ဧဝံဂေ လိတရား၌ “ကြွယ်၀” ချမ်းသာကြပါသည်။ (Thomas Alan Harvey, ၎င်း ) ထို့ကြောင့်၊ တရုတ်ပြည်၌ ခရစ်ယာန်ဦးရေသည် “မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအများစုရှိ ခရစ်ယာန်အရေအ တွက်ထဲ စာရင်းဝင်ကြသည်။” တရုတ်ပြည်၌ ခရစ်ယာန်ပေါင်း သန်း ၁၆၀ သည် စစ်မှန်သော ပြောင်းလဲခြင်းရှိသူများဟု ယူဆရသည်။ အမေရိကန်၌ရှိသောသူများထက် တရုတ်၌ရှိသော ခရစ်ယာန်များသည် ပို၍စစ်မှန်ကြပါသည်။ ယင်းသည် ယိမ်းယိုင်မှုဖြစ်ပါသည်။ မိမိကိုယ်ကို မေးသင့်သည်မှာ “သူတို့အောင်မြင်ရသည့်အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့ပြုသော ဧဝံဂေလိလုပ်ငန်း၏လှို့ဝှက်ချက်ကား အဘယ်နည်း။ အဘယ့်ကြောင့် ဤသို့ပြောနိုင်သနည်း။

“သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ ( သို့ သော်လည်း သင်သည် ကြွယ်၀ပြည့်စုံခြင်းရှိ၏။ )…” ( ဗျာဒိတ် ၂း ၉ )

ဧဝံဂေလိခရစ်ယာန်များသည် အမေရိကန်ပြည်ထောင်စုတွင် ကြီးထွားလာခြင်းမရှိဟူ သောအချက်၊ လူများစွာက ဧဝံဂေလိခရစ်ယာန်အဖွဲ့သည် သေခါနည်းအခြေအနေတွင်ရှိ သည်ဟုဆိုကြသောအချက်တို့ကို ဆင်ခြင်သောအခါ ကျွန်တော်တို့၌ရှိပြီး သူတို့၌မရှိသောအ ရာ၊ သူတို့၌ရှိပြီး ကျွန်တော်တို့၌မရှိသောအရာအကြောင်းများကို အလေးအနက်ထား စဉ်းစား သင့်ပါသည်။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

ကျွန်တော်တို့၏တရားဒေသနာများကို သင်၏လက်ကိုင်ဖုန်းတွင် ယခုနားထောင်နိုင်ပါပြီ WWW.SERMONSFORTHEWORLD.COM သို့သွားပါ။
အပေါ်တွင် “အက်ပ်” ဟူသောစကားလုံးပါရှိသည့် အစိမ်းရောင်အလုံးလေးကို နှိပ်ပါ။
ပေါ်လာသည့် ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။

+ + + + + + + + + + + + + + + + + + + + + + + + + + + + + + + +

၁။ ပထမအချက်၊ ကျွန်တော်တို့၌ရှိပြီး သူတို့၌မရှိသောအရာ။

သူတို့၌ အသင်းတော်အဆောက်အဦးမရှိကြပါ။ အသင်းတော် “သုံးပါးက” သာလျှင် ကိုယ်ပိုင် ဘုရားကျောင်းရှိကြသည်။ သို့ရာတွင် “အိမ်အသင်းတော်များ” သည် ကြီးထွားနေ သောအသင်းတော်များဖြစ်ကြသည်။ သူတို့၌ ဘုရားကျောင်း အနည်းငယ်သာရှိကြပါသည်။ အများစု၌ ကျွန်တော်တို့ကဲ့သို့ အဆောက်အဦးမပိုင်ဆိုင်ထားကြပါ။

သူတို့၌ အစိုးရ၏ခွင့်ပြုချက်လည်းမရှိ။ သူတို့သည် တရုတ်အစိုးရ၏ ဆက်လက်ပြီး ညှင်းပန်းနှိပ်စက်မှုကို ခံနေရကြပါသည်။ သူတို့၌ ကျွန်တော်တို့ကဲ့သို့ ဘာသာရေးလွတ်လပ် ခွင့်မရှိကြ။

ကျွန်တော်တို့ကဲ့သို့ သင်းအုပ်များကို သင်ကြားပေးမည့် သင်တန်းကျောင်းလဲမရှိကြ ပါ။ တရုတ်ပြည်၌ သင်းအုပ်များ၌ရှိသောသင်တန်းမှာ တစ်ဦးဦး၏အိမ်တွင်သာပြုလုပ်သည်။ တိုတောင်းပြီး အစင်မချောလှပါ။ သူတို့သည် သင်တန်းအနည်းငယ်သာရှိပြီး “ဆက်လက်” လုပ်ဆောင်နေကြဆဲသာဖြစ်သည်။

သူတို့၌ ဆန်းဒေးစကူးလ်အဆောက်အဦးမရှိပါ။ “ဘတ်စ်ကားသာသနာလုပ်ငန်း” အ တွက် ဘက်စ်ကားများမရှိကြပါ။ သူတို့၌ “ခရစ်ယာန်တီဗွီ” မရှိပါ။ “ခရစ်ယာန်ရေဒီယို”လည်း မရှိကြပါ။ သူတို့၌ ခရစ်ယာန်ပုံနှိပ်ထုတ်ဝေရေးလည်း မရှိကြပါ။ “ပါဝါပွိုင့်” အတွက်လည်း ဘာ မှမရှိကြပါ။ မျက်နှာပြင်ကျယ်ကျယ်ကြီးဖြင့် တရားဟောသူများကိုပြသရန် တီဗွီပရိုကျက်တာ လည်း မရှိကြပါ။ “ခရစ်ယာန်တေးဂီတတီဝိုင်း” လည်း မရှိကြပါ။ အော်ဂင်လည်းမရှိကြ။ ပီယာနိုလည်း အသုံးမပြုကြပါ။ ဆန်းဒေးစကူးလ်အတွက် စာရွက်စာတန်းများလည်း ထုတ်ဝေ ခွင့်မရှိကြပါ။လူတိုင်းအတွက် ကျမ်းစာလည်း မရှိကြပါ။ သို့မဟုတ် သီချင်းစာအုပ်တောင် မရှိကြပါ။ ကျွန်တော်တို့တွင်ရှိသောအရာသည် သူတို့၌ လုံးဝမရှိကြပါ။ သို့ရာတွင် သူတို့သည် အစိုးရရဲ့ ညှင်းပန်းနှိပ်စက်မှုကိုတော့ ခံရကြပါသည်။ သူတို့သည် ခရစ်ယာန်ဖြစ်ရခြင်းကြောင့် ရံဖန်ရံခါ အချုပ်ထဲသို့သွားရသေးသည်။ အထူးတလည် ခရစ်ယာန်ဖြစ်သောသူများအတွက် ထိုသို့သော ဆက်ဆံမှုမျိုးကို အမြဲခံရကြပါသည်။ တရုတ်ပြည်၌ ခရစ်ယာန်များအပေါ် ညှင်း ပန်းနှိပ်စက်မှုအကြောင်းကို ဖတ်ရှုရန် www.persecution.com သို့သွားပါ။ သို့ရာတွင် တရုတ်ပြည်ရှိ ခရစ်ယာန်များသည် ပျောက်ဆုံးဝိညာဉ်ကယ်တင်ရာတွင် အောင်မြင်သောသူ များဖြစ်ကြပါသည်။ ခရစ်ယာန်များစွာတို့သည် ခေတ်သစ်သမိုင်းနိုးထမှုတွင်တရုတ်ပြည်ကို လွှမ်းမိုးကြသည်။

“သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ (သို့ သော်လည်း သင်သည် ကြွယ်၀ပြည့်စုံခြင်းရှိ၏။)…” (ဗျာဒိတ် ၂း ၉

အမေရိကန်ပြည်ထောင်စုရှိအသင်းတော်များစွာအကြောင်းကို လောဒိကိအသင်းတော်သို့ ယေရှုမိန့်တော်မူခဲ့သောအရာအားဖြင့် ဖော်ပြလျှင် ပို၍ ကောင်းမည်ကို စိုးရိမ်မိသည်။

“သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီး။ တစုံတခုကိုမျှမလိုဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနား ဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်း ရှိခြင်းဖြစ်သည်ကို မသိပါတကား။” ( ဗျာဒိတ် ၃း ၁၇ )

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့၌မရှိသောအရာကို သူတို့၌ ရှိကြသည်။

ဤနေရာတွင် သူတို့၌ရှိသောအရာ၊ ကျွန်တော်တို့တွင်မရှိပါ။ ဤအရာမှာ သူတို့၏ အောင်မြင်သည့်လှို့ဝှက်ချက်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့အတွက်မူ ကျဆုံးခြင်းဖြစ်ပါသည်။

သူတို့သည် ဒုက္ခဝေဒနာကို ခံစားကြသည်။ ထို့ကြောင့် လက်ဝါးကပ်တိုင်ထမ်းရွက် ခြင်းကို သည်းခံကြသည်။ အမေရိကန်ခရစ်ယာန်အများစုတို့သည် ဆုတောင်းအစည်းအဝေး သို့ တစ်ညနေလောက်သွားဖို့ကိုပင် မလိုလားကြပါ။ ဒုက္ခမခံလိုကြပါ။ တစ်ညနေလောက် ဝိညာဉ်ရိတ်သိမ်းခြင်းအတွက် ဧဝံဂေလိထွက်ဖို့ကိုပင် အပင်ပန်းမခံလိုကြပါ။ တနင်္ဂနွေညနေ တွင် ဘုရားကျောင်းတက်ခြင်းဖြင့် ၎င်းတို့၏သက်သောင့်သက်သာဖြစ်ခြင်းကိုပင် မဆုံးရှုံးလို ကြပါ။ အမေရိကန်ပြည်ထောင်စုရှိသင်းအုပ်များသည် အလေးချိန်လျှော့ချဖို့လိုကြသည်။ ကယ်လိုရီအချို့ကို လျှော့ချရပါမည်။ သို့ရာတွင် တရုတ်ပြည်၌မူ တရားဟောဆရာများမှာ ပါးလှီပိန်ချုံးနေကြသည်။ ထို့ကြောင့် သူတို့သည် အသံကျယ်ကျယ်ဖြင့် တရားဟောနိုင်ကြပါ သည်။ ကျွန်တော်တို့သည် ဝိတ်ချဖို့လိုအပ်သည်။ သို့မဟုတ်လျှင် အသံကျယ်ကျယ်ဖြင့် တရား ဟောနိုင်ကြမည်မဟုတ်။ တရုတ်ပြည်တွင် ပို၍ပိန်သောသူသည် တရားဟောသောအခါ သန့် ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်၀၍ ပို၍တရားဟောနိုင်သည်။ အလွန်အကျွံဝသည့် တရုတ် ပြည် “အိမ်အသင်းတော်” တရားဟောဆရာ မတွေ့ဖူးသေးပါ။ အမေရိကန်ပြည်ထောင်းစုနှင့် အနောက်တိုင်းကမ္ဘာတွင် ခရစ်ယာန်ဘာသာသည် ပိန်ချုံးပြီး သေလုမျှောပါးဖြစ်နေချိန် တရုတ်ပြည်၌ နိုးထမှုရှိနေသည်မှာ ဖြစ်သင့်ပါသည်။ ထို့သို့ဖြစ်ရန် ပေးဆပ်မှုလိုအပ်သည်။ ဝိတ်ကျသည်အထိ အစာလျှော့စားရမည်။ ဘုရားသခင်ဖြစ်စေလိုသည်အတ်ိုင်းဖြစ်လာရန် ဒုက္ခဝေဒနာခံရဖို့လည်း လိုအပ်သည်။ တရုတ်ဧဝံဂေလိဆရာကြီး ဒေါက်တာ John Sung က ဤသို့ဆိုပါသည်။

ကြီးမားသည့်ဒုက္ခက ကြီးမားသည့်နိုးထမှုကိုဖြစ်စေသည်။ ဘုရား သခင်သည် ခက်ခဲသည့်အချိန်ကာလများတွင် ဘုရားသခင်ကို လွန်စွာ ရိုသေသမှုပြုသောသူတို့ကို ကြီးကြီးမားမားအသုံးပြုထား ပါသည်။ ခက်ခဲမှုများစွာက အကျိုးကျေးဇူးများစွာကိုပေးသည်။ တပည့်တော်များ၏အသက်တာသည် သံလွန်တောင်နှင့်ပိုမိုနီးစပ် သည်။ ဖိအားအောက်ရောက်လေလေ၊ သံလွင်သီးထဲက အဆီပို ထွက်လေလေဖြစ်သည်။ ဒုက္ခပြဿနာကို ရင်ဆိုင်နေရသောသူ များသာလျှင် သနားခြင်းကရုဏာ(မေတ္တာ)နှင့်အခြားသူများအပေါ် နှိမ့်သိမ့်ခြင်းကိုပေးထားသည်။ (John Sung, Ph.D., The Journal Once Lost, ကမ္ဘာဦးကျမ်း၊ ၂၀၀၈၊ စာ- ၅၃၄ )

ယေရှုက ဤသို့မိန့်တော်မူသည်။

“ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” ( မဿဲ ၁၆း ၂၄ )

တဖန်၊ ယေရှုက ဤသို့မိန့်တော်မူသည်။

“သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ ( သို့ သော်လည်း သင်သည် ကြွယ်၀ပြည့်စုံခြင်းရှိ၏။ )…” ( ဗျာဒိတ် ၂း ၉ )

သူတို့သည် တရုတ်ပြည်တွင် ဒုက္ခခံနေရကြသည်။ ထို့ကြောင့် သူတို့သည် နိုးထမှု၌ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာ ကြွယ်၀ကြလိမ့်မည်။ ကျွန်တော်တို့အသင်းတော်၌လည်း မိမိကိုယ်ကိုငြင်းပယ်၍ ကိုယ့်လက်ဝါးကပ်တိုင်ထမ်းကာ မည်သို့သောပေးဆပ်မှုကြီးရှိနေပါစေ ခရစ်တော်နောက်တို့လိုက်ကြပါစို့လား။

ဒုတိယအချက်အနေဖြင့် သူတို့သည် ပျောက်ဆုံးဝိညာဉ်အတွက် ဆုတောင်းကြသော အခါ မျက်ရည်ကျလျက်ရှိကြသည်။ ထိုအကြောင်းကိုသိသော ညီအစ်ကိုတစ်ယောက်က “တရုတ်ပြည်၌ မျက်ရည်ကြီးငယ်များစွာကျရသည်” ဟုဆိုသည်။ သူပြောတာ မှန်ကန်သည်။ သူတို့သည် ပျောက်ဆုံးသူများအတွက် ဆုတောင်းကြသောအခါ မျက်ရည်ကျလျက်ရှိကြပါ သည်။ ခရစ်တော်၌ လူပေါင်းများစွာ ပြောင်းလဲလာကြသည်မှာ အံ့ဩစရာတော့မဟုတ်ပါ။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“မျက်ရည်ကျလျက်မျိုးစေ့ကြဲသောသူသည် ရွှင်လန်းလျက် ရိတ်ရ လိမ့်မည်။ ( ဆာလံ ၁၂၃း၅ )

ဘုရားသခင်က ပျောက်ဆုံးဝိညာဉ်အတွက် ကျိုးပဲ့သောစိတ်နှလုံးတစ်ခုကိုပေးရန် ဆုတောင်း ပါ။ ( အားလုံးဆုတောင်းသည်။ )

တတိယအချက်၊ သူတို့သည် ၎င်းတို့၏ “အိမ်အသင်းတော်များ” သို့ ပျောက်ဆုံး ဝိညာဉ်များကို ခေါ်ဆောင်လာရန် အစွမ်းရှိသမျှဖြင့် ကြိုးစားအားထုတ်ကြပါသည်။ D. L. Moody က “သူတို့ကိုချစ်ပါ” ဟု ဆိုထားသည်။ သူတို့သည် ထိုနည်းအတိုင်းပင် တရုတ်ပြည်ရှိ အသင်းတော်များသို့ လူများကို ခေါ်ဆောင်လာကြသည်။ ကျွန်တော်တို့လည်း ထိုနည်းအတိုင်း ပြုသင့်ပါသည်။ “သူတို့ကို ချစ်ပါ။” ဝိညာဉ်ရိတ်သိမ်းခြင်းသည် ခရစ်တော်၌ လူတို့ကို ဦးစွာ ချစ်ခြင်းပင်ဖြစ်ပါသည်။ ထိုအရာသည် အသင်းတော်၌ဖြစ်ပျက်လျက်ရှိပါသည်။ “သူတို့ကို ချစ် ပါ။ ယင်းသည် လီဗရယ်ဝါဒမဟုတ်ပါ။ “အသက်တာပုံစံ” ဧဝံဂေလိအလုပ်မဟုတ်ပါ။၎င်းသည် D. L. Moody ၏ နည်းလမ်းဖြစ်သည်။ မှန်သည်ဟု ယူဆမိသည်။ တရုတ်ပြည်တွင် အလုပ် ဖြစ်ခဲ့သည်။ ဤနေရာတွင်လည်း အလုပ်ဖြစ်ပေမည်။ “သူတို့ကို ချစ်ပါ။”

ကျွန်တော်တို့သည် ဝတ်ပြုခြင်းမှလွဲရှောင်သွားလျှင် ပျောက်ဆုံးဝိညာဉ်များကို ရရှိကြ မည်မဟုတ်။ ကြန့်ကြာဖျင်နွဲ့နေသူများသာ ပျောက်ဆုံးဝိညာဉ်များကို ရရှိမည်။ ပျောက်ဆုံး ဝိညာဉ်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိသောသူများသာလျှင် အစီအစဉ်မတိုင်မှီနှင့်နောက်ပိုင်းတွင် ပျောက်ဆုံးဝိညာဉ်များကို ရရှိမည်။ အသင်းတော်၌ ပျောက်ဆုံးဝိညာဉ်များ ထပ်မံရရှိဖို့နည်း လမ်းမရှိပါ။ ကျွန်တော်တို့သည် တရုတ်ပြည်၌ သူတို့ပြုကြသည်အတိုင်း “သူတို့ကို ချစ်ရမည်။” “ကောင်းကြီးဖြစ်စေပါ” သီချင်းကို သီဆိုကြပါစို့။သင်တို့ကိုင်သောသီချင်းစာရွက်တွင် နံပါတ် ၄ ဖြစ်ပါသည်။

ယနေ့ပင် ကောင်းကြီးလာရန်လမ်းဖြစ်စေမူပါ၊
   ကောင်းကြီးစီးဆင်းရာလမ်းဖြစ်စေပါ၊ ဆုတောင်းပါ၏၊
ကျွန်ုပ်အသက်တာပိုင်ဆိုင်၊ အမှုတော်ကောင်းကြီးများ၊
   ယနေ့ပင် ကောင်းကြီးစီးဆင်းလာရာလမ်းဖြစ်စေမူပါ။
( “ကောင်းကြီးစီးဆင်းရာလမ်းဖြစ်စေမူပါ။” Harper G. Smyth, ၁၈၇၃-၁၉၄၅ ).

သင်တို့တွင် မပြောင်းလဲသေးသောသူများအား အနည်းငယ် စကားချွေခြင်းမပြုဘဲ အ စီအစဉ်ကို အဆုံးမသတ်လိုပါ။ ဘုရားကျောင်းလာခြင်းက သင်တို့သည် ပြောင်းလဲခြင်းသို့ ရောက်ပြီဟု မဆိုလိုပါ။ သမ္မာကျမ်းစာလေ့လာခြင်းက သင်တို့ကို မပြောင်းလဲစေပါ။ သင်တို့ပြု မိသောအပြစ်အတွက် နောင်တရရပါမည်။ ယေရှုခရစ်ထံသို့ အရောက်လာရပါမည်။ ဒုက္ခဝေဒနာပေါင်းများစွာကိုခံလျက် လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးသွန်းလောင်းပြီး အသေခံခဲ့ပါသည်။ သို့ဖြင့် သင်၏စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းသို့ရောက်စေပါသည်။ သင် သည် အသွေးတော်အားဖြင့် အပြစ်ဆေးကြောခြင်းကို ခံရပါမည်။ ခရစ်တော်ထံသို့လာပြီး အပြစ်၊ သေခြင်းနှင့်ငရဲထဲက လွတ်မြောက်ခြင်းကို ရယူပါ။ ထိုသို့သောအတွေ့အကြုံကို ခံစား ရန် ဆုတောင်းပါသည်။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Benjamin Kincaid Griffith က ဂုဏ်တော် ချီးမွမ်းသည်။
“ယေရှုကျွန်ုပ်ကိုချစ်သည်” (Anna B. Warner ၁၈၂၀-၁၉၁၅ ရေးစပ်သည်။ )


အခှပှေုကမြွး

တရုတ်နိုင်ငံ၏အောင်မြင်ခြင်းလှို့ဝှက်ချက်အကျဉ်း

THE SECRET OF SUCCESS IN CHINA

Dr. R. L. Hymers, Jr.

“သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ ( သို့သော်လည်း သင်သည် ကြွယ်၀ပြည့်စုံခြင်းရှိ၏။ )…” ( ဗျာဒိတ် ၂း ၉ )

၁။ ပထမအချက်၊ ကျွန်တော်တို့၌ရှိပြီး သူတို့၌မရှိသောအရာ။ ဗျာဒိတ် ၃း ၁၇

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့၌မရှိသောအရာကို သူတို့၌ ရှိကြသည်။ မဿဲ ၁၆း ၂၄၊ ဆာလံ ၁၂၆း ၅။