Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဆုတောင်းနည်းနှင့်ဆုတောင်းအစည်းအဝေးလုပ်ဆောင်နည်း
( ဒေါက်တာလင်း၏သင်ကြားပို့ချချက်၊ ၁၉၁၁-၂၀၀၉ )

HOW TO PRAY AND HOW TO CONDUCT A PRAYER MEETING
(THE TEACHINGS OF DR. TIMOTHY LIN, 1911-2009)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ ခုနှစ်
အောက်တိုဘာလ ( ၁၅ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင်
Dr. R. L. Hymers, Jr. ရေးသားပြီး မစ္စတာ John Samuel Cagan ဟောကြားသော တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 15, 2017

“သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ ၏။” ( လုကာ ၁၈း ၈ )


ဒေါက်တာ Hymers ၏ သက်တမ်းရှည်သင်းအုပ်ဆရာ ဒေါက်တာ တိမောသေလင်း (၁၉၁၁-၂၀၀၉) သည် သမ္မာကျမ်းစာကို ကောင်းစွာ နားလည်သဘောပေါက်သူဖြစ်ပါသည်။ သူသည် ဟေဗြဲဘာသာနှင့်ဘာသာစကားအမျိုးတူတွင် Ph.D. ကို ဆွတ်ခူးရရှိခဲ့ပါသည်။ ၁၉၅၀ ခုနှစ်တွင် Bob Jones တက္ကသိုလ်တွင် စနစ်ကျသောဓမ္မပညာ၊ သမ္မာကျမ်းဆိုင်ရာဓမ္မ ပညာ၊ ဓမ္မဟောင်းဟေဗြဲဘာသာ၊ သမ္မာကျမ်းဆိုင်ရာအာရာမစ်ဘာသာ၊ အဆင့်မြင့်အာရာမစ်၊ ဘက်စီတာဆိုင်ရီယားတို့ကို သင်ကြားပို့ချပေးပါသည်။ နောက်ပိုင်းတွင် ဒေါက်တာ James Hudson Taylor III ကို ဆက်ခံပြီး တရုတ်ဧဝံဂေလိဓမ္မကျမ်းစာကျောင်းအုပ်ကြီးဖြစ်လာခဲ့ သည်။ သူသည် ဓမ္မဟောင်းကျမ်းကို New American Standard Bible (NASB) သို့ ဘာသာ ပြန်ဆိုသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ဒေါက်တာလင်းသည် ဒေါက်တာ R. L. Hymers, Jr. ၏ နှစ်ဆယ့်လေးနှစ်တိုင်တိုင် သင်းအုပ်ဆရာကြီးတစ်ဦးလည်းဖြစ်ပါသည်။ ဒေါက်တာ Hymers က သူသိဖူးသမျှသင်းအုပ်များထဲတွင် ဒေါက်တာလင်းသည် အထိရောက် ဆုံးသင်းအုပ်ဆရာဖြစ်သည်ဟု ဆိုသည်။ သူသည် အသင်းသားတစ်ယောက်အဖြစ် ဒေါက် တာလင်းတို့အသင်းတော်တွင်ပါဝင်စဉ်ခါ၊ ဒေါက်တာ Hymers က လူပေါင်းတစ်ရာကျော် ကယ်တင်ခြင်းသို့ရောက်ပြီး အသင်းတော်သို့လာနိုင်ကြစေရန် ဘုရားသခင်စေလွှတ်တော်မူ သော နိုးထမှုကြီးကို တွေ့ခဲ့ရသည်။

“သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ ၏။” ( လုကာ ၁၈း ၈ )

အနက်ဖွင့်ကျမ်းအများစုက ဤကျမ်းပိုဒ်ကို မှန်ကန်စွာ ဖော်ပြနိုင်ခြင်းမရှိကြပေ။ ဥပမာအားဖြင့် လူကြိုက်များသောအနက်ဖွင့်ကျမ်းတစ်အုပ်က “မြေကြီးပေါ်တွင်ဖြစ်ပျက်သော ယေဘုယျအခြေအနေသည် မယုံကြည်မှုတစ်ခုဖြစ်လိမ့်မည်” ဟု ဆိုသည်။ သို့ရာတွင် ဤကျမ်းပိုဒ်၌ ယေရှုမိန့်တော်မူသောအကြောင်းအရာသည် ထိုအချက်မဟုတ်ပါ။ သူက နောက်ဆုံးသောကာလ၏မှားယွင်းသောအယူဝါဒအကြောင်းကို ယေဘုယျကျကျတင်ပြထား သည်မဟုတ်။ သူပြန်လည်ကြွလာသည့်အချိန်၌ စစ်မှန်သောခရစ်ယာန်များရှိမည်၊ မရှိမည်ကို မေးခွန်းထုတ်နေခြင်းလည်း မဟုတ်ပါ။ ယေရှု အမှန်တကယ် မိန့်ဆိုထားသူမှာ ပေတရုကို ဆန့်ကျင်ပြောနေခြင်းဖြစ်သည်။

“ဤကျောက်ပေါ်မှာ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။” ( မဿဲ ၁၆း ၁၈ )

မဿဲ ၁၆း ၁၈ က “မှားယွင်းသောအယူဝါဒသည် မည်သို့သောကြောက်မက်ဖွယ်ရာ ဖြစ်နေပါစေ၊ ခရစ်တော်ပြန်လည်ကြွလာသည့်အချိန်တွင် စစ်မှန်သောခရစ်ယာန် ယုံကြည်သူ များစွာ ရှိနေပေအုံးမည်။ စစ်မှန်သောခရစ်ယာန်များစွာသည် ချီဆောင်ခြင်းခံရမည်။ အထူးသ ဖြင့် တရုတ်နိုင်ငံနှင့်တတိယကမ္ဘာ၏အချို့သောနေရာများတွင် စစ်မှန်သောနိုးထမှု ယနေ့ရှိနေ ကြပါသည်။

“ဘုရားသခင်သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင် ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ် ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေကြလိမ့်မည်။” ( ၁ သက် ၄း ၁၆-၁၇ )

ဘေးဒဏ်ကြီးကာလအတွင်းမှာပင် လူများစွာတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။

“လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှ မရေ တွက်နိုင်သော လူများအပေါင်းတို့သည်၊” ( ဗျာဒိတ် ၇း ၉ )

“ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသူငယ်၏အသွေး၌ လျော်၍ဖြူစေသောသူ ဖြစ်ကြသတည်း။” ( ဗျာဒိတ် ၇း ၁၄ )

ထို့ကြောင့် ယေရှုက အောက်ပါအတိုင်းမိန့်တော်မူစဉ်တွင် ၎င်း၏တဖန်ကြွလာသော အခါတွင် ကယ်တင်နိုင်သောယုံကြည်ခြင်းကွယ်ပျောက်မည်အကြောင်းကို မိန့်ဆိုနေခြင်းမ ဟုတ်ပါ။

“သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ ၏။” ( လုကာ ၁၈း ၈ )

၁။ ပထမအချက်၊ မခြားမလပ်ဆုတောင်းခြင်း၏အရေးကြီးမှု။

အနက်ဖွင့်ကျမ်းအများစုသည် မှားယွင်းကြသည်။ သို့ရာတွင် ဒေါက်တာလင်းက ကျွန်ု္ပ်တို့အခြေပြုကျမ်း၏ မှန်ကန်သောအနက်ဖွင့်ပုံစံကိုပေးထားသည်။ ဒေါက်တာလင်းက ဤသို့ဆိုသည်။

“ယုံကြည်ခြင်း” ဟူသောစကားလုံးကို သမ္မာကျမ်းစာထဲ၌ ကျယ် ကျယ်ပြန့်ပြန့်အသုံးပြုထားသည်။ ၎င်း၏မှန်ကန်တိကျသောဆိုလို ရင်းကိုမူ ၎င်း၏ရှေ့နောက်ဆက်စပ်မှုကို သေချာလေ့လာသုံးသပ် ပြီးမှသာ သတ်မှတ်နိုင်မည်ဖြစ်သည်။ ဤကျမ်းပိုဒ်မတိုင်မှီ ကျမ်း ပိုဒ်မှာ ဥပမာဖြစ်ပြီး ကျွန်ုပ်တို့သည် စိတ်နှလုံးပျောက်ဆုံးခြင်းမရှိ ဘဲ အစဉ်အမြဲဆုတောင်းဖို့အကြောင်းကို ပြသသည်။ ( လုကာ ၁၈း ၁-၈က ) ) အခြေပြုကျမ်းပိုဒ်နောက်တွင်လာသောကျမ်းပိုဒ်ကမူ ( လုကာ ၁၈း ၉-၁၄ ) ) ဖာရိရှဲနှင့်အခွန်ခံတို့၏ဆုတောင်းခြင်းအ ကြောင်းသာဓကပင်ဖြစ်ပါသည်။ ထို့ကြောင့် ဤကျမ်းပိုဒ်၏ရှေ့ နောက်အသွားအလာကိုကြည့်လျှင် ( လုကာ ၁၈း ၈ ) “ယုံကြည် ခြင်း” ဟူသောစကားလုံးက ဆုတောင်းခြင်းတွင်ရှိသော ယုံကြည် ခြင်းကို ညွှန်းဆိုထားကြောင်းသိသာထင်ရှားလှပါသည်။ ထို့အပြင် ကျွန်ု္ပ်တို့အရှင်ယေရှု၏ဖော်ပြချက်မှာ သူ့အသင်းတော်သည် ပြန် လာခါနီးတွင် ဆုတောင်းခြင်းနှင့်သက်ဆိုင်သောယုံကြည်ခြင်း ဆုံး ရှုံးကြလိမ့်မည်အကြောင်း ဝမ်းနည်းဖွယ်ရာဖော်ပြထားပါသည်။ ( တိမောသေလင်း၊ Ph.D., အသင်းတော်ကြီးထွားခြင်းလှို့ဝှက် ချက်၊ လော့စ်အိန်ဂျယ်လ်ရှိပထမတရုတ်နှစ်ခြင်းအသင်းတော်၊ စာ- ၉၄-၉၅ )

ဒေါက်တာလင်းက လုကာ ၁၈း ၁-၈ တွင်ရှိသော ပုံဆောင်ချက်၏သော့ချက်မှာ ခရစ်ယာန်တို့ သည် အားနည်းခြင်းမရှိဘဲ ဆက်လက်ဆုတောင်းသင့်ကြောင်းကို ပြောဆိုထားပါသည်။ အပိုဒ် ငယ်ရှစ်က ခရစ်ယာန်များသည် ယခုကျွန်တော်တို့အသက်ရှင်နေသည့် နောက်ဆုံးသောကာ လတွင် ဆုတောင်းခြင်းတွင်ရှိသောယုံ ကြည်ခြင်းများကို မခြားမလပ်မလုပ်ဆောင်နိုင်ကြောင်း ပြသပါသည်။

“သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်း(ဆု တောင်းခြင်း ကိုထိန်းသိမ်းလျက်)ကို မြေကြီးပေါ်မှာ တွေ့မည်လော ဟု သခင်ဘုရားသည် မိန့်တော်မူ ၏။” ( လုကာ ၁၈း၁၊ ၈ )

ဒေါက်တာလင်းက ဆက်လက်ပြောဆိုသည်မှာ ဤသို့ဖြစ်သည်။

အသင်းတော် အများစုတွင်ရှိသောဆုတောင်းအစည်းအဝေးသည် လူသူကင်းမဲ့သည်။ ( သို့မဟုတ် ရက်သတ္တပတ်ဝတ်သမ္မာကျမ်းစာ လေ့လာခြင်း၊ ဆုတောင်းခြင်းအရိပ်အယောင်အနေဖြင် ) ထိုသို့ သောဝမ်းနည်းဖွယ်ရာအခြေအနေကို ရင်ဆိုင်ကြုံတွေ့ရခြင်းသည် အသင်းတော်အများစုက အရေးကြီးဆုံးသောသတိပေးချက်ကို လစ်လျူရှုထားပြီး မိမိအလိုဆန္ဒပြည့်ဝဖို့အတွက်သာ လုပ်ဆောင် နေကြသည်။ အတူအကွဆုတောင်းခြင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ ကြသည်။ သခင်ဘုရား ဒုတိယအကြိမ်ကြွလာမည့်အကြောင်း နိမိတ်ပင်ဖြစ်လေသည်။ ယခုအချိန်တွင် ( အသင်းတော်ဝင် ) များ စွာတို့ ၎င်းတို့၏သခင်ထက် တီဗွီကိုသာ ကိုးကွယ်ကြပါသည်။ တ ကယ့် ဝမ်းနည်းစရာကောင်းသောအရာပင်ဖြစ်ပါသည်။ နောက် ဆုံးသောကာအသင်းတော်များသည် ဆုတောင်းခြင်းကို ဟန်ပြရုံ သာဖြစ်ပြီး ( စိတ်ဝင်စားမှုမရှိကြပါ။ ) ( တိမောသေလင်း၊ Ph.D., ၎င်း၊ စာ-၉၅ )

ထို့ကြောင့် လုကာ ၁၈း၈ က ခရစ်တော်ဒုတိယအကြိမ်မကြွလာခင် အသင်းတော်များတွင်ရှိ သည့် ဆုတောင်းခြင်းမဲ့မှု၏နိမိတ်ပုံရိပ်ကိုပေးထားသည်။ ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည့် အချိန်ကာလ၏နိမိတ်၊ ဆုတောင်းခြင်းကင်းမဲ့ခြင်း၏နိမိတ်၊ ဒါပေမယ့် ကယ်တင်နိုင်သောယုံ ကြည်ခြင်းလုံးဝမရှိခြင်းမျိုးတော့မဟုတ်ပါ။ အသင်းတော်များ၌ ဆုတောင်းခြင်းမဲ့နေခြင်းသည် ခရစ်တော်ဒုတိယအကြိမ်မကြွလာမှီ ကျွန်ုပ်တို့အသက်ရှင်နေသော နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာတစ်ခုပင်ဖြစ်ပါသည်။

“သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ ၏။” ( လုကာ ၁၈း ၈ )

၂။ ဒုတိယအချက်၊ ဆုတောင်းအစည်းအဝေးများ၏အရေးကြီးမှု၊

ဒေါက်တာလင်းက ဆုတောင်းခြင်းအစည်းအဝေးတွင် တစ်ဦးတည်းဆုတောင်းခြင်း သည် စုပေါင်းဆုတောင်းခြင်းတွင်ရှိသည့် အခွင့်အာဏာနှင့်တန်ခိုးလောက် အခွင့်အာဏာနှင့် တန်ခိုးမရှိကြောင်းကို ညွှန်ပြခဲ့ပါသည်။ သူက ဤသို့ဆိုပါသည်။

သင်သည် အတူတကွပဲ ဆုတောင်း၊ ဆုတောင်း၊ အဖွဲ့လိုက်ပဲ ဆု တောင်းဆုတောင်း၊ ခြားနားမှုမရှိပါဟု လူများက ဆိုတတ်ကြပါ သည်။ အိမ်၌တစ်ဦးတည်းဆုတောင်းသည်ပဲဖြစ်ပါစေ၊ အသင်း တော်ရှိညီအစ်ကို မောင်နှမများနှင့်ဆုတောင်းသည်ပဲဖြစ်ပါစေ ခြား နားမှုလုံးဝမရှိပါဟု ဆိုကြပြန်သည်။ ထိုသို့သောပြောဆိုချက်မှာ ပြင်းရိသူတို့၏ မိမိကိုယ်ကိုနှိမ့်သိမ့်ခြင်းမျိုးသာဖြစ်သည်။ ဆု တောင်းခြင်းတန်ခိုးကို ငြင်းဆန်သောသူတို့၏ အကြောင်းပြရှင်း လင်းချက်သာဖြစ်ပါသည်။ ဤသို့သောဆုတောင်းခြင်းနှင့်ပတ် သက်ပြီး သခင်ယေရှုက မည်သို့မိန့်မူကြောင်းကို ကြည့်ကြပါစို့။

“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့ သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ် ၌ ထိုသူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။ ( မဿဲ ၁၈း ၁၉-၂၀ )

ဘုရားသခင်၏ဤအခွင့်အာဏာကိုအသုံးပြုခြင်းသည် တစ် ဦးချင်းစီ၏ကြိုးစားအားထုတ်မှုအားဖြင့် မအောင်မြင်နိုင်ကြောင်း၊ အသင်းတော်တစ်ခုလုံးပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့်သာ ရရှိ နိုင်ကြောင်းကို ကျွန်ု္ပ်တို့အရှင်ယေရှုက အလေးအနက်ထား၍ သ တိပေးထားပါ သည်။ တနည်းအားဖြင့် အသင်းတော်တစ်ခုလုံး သည် စိတ်နှလုံးတညီတညွတ်တည်းဖြင့် ဆုတောင်းလျှင် အသင်း တော်သည် ဘုရားသခင်၏အခွင့်အာဏာကဲ့သို့သောအရာကို ထိ ထိရောက်ရောက်အသုံးပြုနိုင်ပါသည်။
     သို့ရာတွင် နောက်ဆုံးသောကာလတွင်ရှိသောအသင်းတော် သည် ဤသမ္မာတရားကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏တန်ခိုး ရရှိနိုင်သည့် သင့်လျော်သောအစီအစဉ်ကိုလည်း သတိမရကြပါ။ ကြီးမားသည့် ဆုံးရှုံးမှုပါတကား။ ( အသင်းတော် ) သည် ကောင်း ကင်ဘုံမှလာသော ဘုရားသခင်၏အခွင့်အာဏာကို ပိုင်ဆိုင်ထား သည်။ ၎င်း၏စီမံခန့်ခွဲမှုကို သိရုံသက်သက်မဟုတ်ပါ။ သို့ရာတွင် သူသည် ချုပ်နှောင်ထားချက်များကိုလွှတ်ရန် စာတန်၏အလုပ်ကို ချည်နှောင်လိုသည်။ ၎င်းမှာ ဘုရားမျက်မှောက်တော်အစစ်အမှန် ကို လက်တွေ့ကြုံတွေ့ရန်ဖြစ်ပါသည်။ ( တိမောသေလင်း၊ Ph.D., ၎င်း၊ စာ.၉၂-၉၃ )

ထို့ကြောင့်၊ ဒေါက်တာ လင်းက ဆုတောင်းခြင်းတွင်လိုအပ်သောယုံကြည်ခြင်း၏အရေးကြီးမှု အကြောင်းကို သင်ကြားပေးခဲ့သည်။ အသင်းတော်ဆုတောင်းခြင်းအစည်းအဝေး၏အရေးကြီး မှုအကြောင်းကိုလည်း သင်ကြားပေးပါသည်။

၃။ တတိယအချက်၊ “တလုံးတဝတည်းဖြင့်” ဆုတောင်းခြင်း၏အရေးကြီးမှု၊

တမန်တော် ၁း ၁၄ ကို ကြည့်ပြီး အသံကျယ်ကျယ်ဖတ်ရှုကြပါစို့။

“ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့် ၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီတညွတ်တည်းကြိုးစား၍ ဆု တောင်းပဌနာပြုလျက် နေကြ၏။” ( တမန် ၁း ၁၄ )

“ဆုတောင်းခြင်းနှင့်တောင်းလျှောက်ခြင်းတွင် တစ်လုံးတစ်ဝတည်းဖြင့် ဆက်လက်လုပ်ဆောင် ကြပါစို့….”ဟု ဒေါက်တာလင်းက ဆိုပါသည်။

တရုတ်ကျမ်းစာအုပ်တွင် “တလုံးတဝတည်း” ကို “စိတ်နှလုံးတညီ တညွတ်တည်း” ဟု ဘာသာပြန်ဆိုထားပါသည်။ ထို့ကြောင့် ဆု တောင်းအစည်းအဝေးတွင် ဘုရားသခင်၏မျက်မှောက်တော်ရှိရ မည်။ ဆုတောင်းခြင်းအစစ်အမှန်၏အရေးပါမှုကို ပါဝင်ဆုတောင်း သူအားလုံးက နားလည်သဘောပေါက်ရန်လိုအပ်သည်သာမက တောင်းလျှောက်ခြင်းကိုပြုရန်၊ ဆုတောင်းပဌနာပြုရန်၊ ကြားဝင် ဖြန်ဖြေမှုပြုရန်နှင့် ဘုရားသခင်အားကျေးဇူးတော် ချီးမွမ်းရန် အ တွက် ဖြူစင်သောစိတ်နှလုံးသားဖြင့်သာ ဆုတောင်းအစည်းအ ဝေးသို့လာရမည်ဖြစ်သည်။ဆုတောင်းခြင်းအစီအစဉ်သည် အောင် မြင်မှုရှိလာလျှင် အခြားအမှုတော်သည်လည်း အောင်မြင်မှုရှိလာ ပေမည်။ ( တိမောသေလင်း၊ Ph.D., ၎င်း၊ စာ. ၉၃-၉၄ )

“တစ်နေရာတည်း၌ဆုတောင်းရန်” ကျွန်ု္ပ်တို့အားလုံးက အတူတကွ ညီအစ်ကိုတစ်ဦး က ဆုတောင်းဦးဆောင်သည်ဖြစ်၍ “အာမင်” ထူးရမည်။ အားလုံးက “အာမင်” ဟုဆိုကြစဉ် ကျွန်ုပ်တို့သည် “တစ်လုံးတစ်ဝတည်း” ဆုတောင်းကြခြင်းဖြစ်ပါသည်။

ဆုတောင်းခြင်း၌ ယုံကြည်ခြင်း၏အရေးကြီးမှု၊ အသင်းတော်ဆုတောင်းအစည်း အ ဝေး၏အရေးကြီးမှု၊ ပေါင်းစည်းခြင်း၏အရေးကြီးမှု၊ ”တလုံးတဝတည်းဆုတောင်းခြင်း” အ ကြောင်း ဒေါက်တာလင်း၏သင်ကြားပေးမှုကို သင်ကြားခဲ့ရပြီးဖြစ်ပေမည်။ သို့ရာတွင် ယနေ့ ညတွင် ဤနေရာ၌ရောက်နေကြသောသင်တို့တွင် အဘယ်သူမျှ ကျွန်ုပ်တို့၏ဆုတောင်းအ စည်းအဝေးသို့ မလာကြပါ။ ဆိုတော့ သင်တို့၏ဝိညာဉ်ရေးရာ အလွန်မေးမှိန်နေသည်ဟူသော အချက်မှာ အံ့ဩစရာမရှိပါ။ ယနေ့ညတွင် “ဆရာ၊ ယခုအချိန်ကစပြီး ဆုတောင်းအစည်းအ သေးသို့ အနည်းဆုံးတစ်ကြိမ်တက်မည်” ဟု ပြောနိုင်မည့်သူရှိပါသလား။ မျက်စိမှိတ်ကြပါ။ ထို သို့ပြောမည်ဆိုလျှင်၊ လက်ထောင်ပါ။ သူတို့ပြောသည်အတိုင်း အမှန်တကယ်လုပ်ဆောင်နိုင် ဖို့ အယောက်စီတိုင်း ဆုတောင်းကြပါစို့။ ( အားလုံးဆုတောင်းကြသည်။ )

သင်သည် မပြောင်းလဲသေးလျှင် အနည်းဆုံး စနေ့ညဆုတောင်းအစည်းအဝေးကို တော့ တက်ရောက်သင့်ပါသည်။ မျက်စိမှိတ်ပါ။ “ဆရာ၊ စနေညနေဆုတောင်းအစည်းအဝေး ကို ကျွန်တော်တက်ရောက်ပါမည်”ဟု မည်သူပြောမည်နည်း။ လက်ထောင်ပါ။ သူတို့ကတိပေး ထားသည်အတိုင်း လုပ်ဆောင်နိုင်ရန် ဆုတောင်းပေးကြပါစို့။ ( အားလုံးဆုတောင်းသည်။ )

သင့်အပြစ်ကြွေးဆပ်ရန် ခရစ်တော်သည် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့သည်။ သင့် အပြစ်ကိုဆေးကြောရန် အသွေးတော်သွန်းလောင်းခဲ့သည်။ ကြောက်မက်ဖွယ်ရာဝေဒနာကို ခံစားခဲ့ရသည်။ သံမှိုဖြင့် ရိုက်ထားခြင်းကို ခံရသည်။ ထိုအရာအားလုံးသည် သင့်အပြစ်ကြေ အေးစေရန်ဖြစ်ပါသည်။ သူသည် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှထမြောက်ခဲ့သည်။ သူသည် ယခုတွင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၏။ ခရစ်တော်ထံသို့ လာပါ။ သင့်ကို အပြစ်ထဲက ရွေးနှုတ်ကယ်တင်လိမ့်မည်။

ယနေ့ညတွင် ကျွန်ုပ်တို့အထဲ၌ ကယ်တင်ခြင်းမရရှိသေးသူရှိပါသလား။ ကယ်တင် ခြင်းအတွက် ဆုတောင်းပေးစေလိုသူရှိပါသလား။ နောက်တဖန် မျက်စိမှိတ်ကြပါ။ ပြီးတော့ လက်ထောင်ပါ။ သင်တို့၏ကယ်တင်ခြင်းအတွက် ဆုတောင်းကြပါစို့။ သူတို့သည် နောင်တရ လျက် ခရစ်တော်ထံသို့လာသဖြင့် အသွေးတော်အားဖြင့် ဆေးကြောခြင်းကို ခံကြမည်အ ကြောင်း ဆုတောင်းပေးကြပါစို့။

ယနေ့ညတွင် တစ်ဦးဦး ကယ်တင်ခြင်းရရှိနိုင်ဖို့ရန် ဒေါက်တာ Chan ရေ၊ ကျေးဇူးပြု ပြီး ဆုတောင်းဦးဆောင်ပေးပါ။ စစ်မှန်သောခရစ်ယာန်တစ်ဦးဖြစ်ခြင်းအကြောင်းနှင့်ပတ်သက် ပြီး ကျွန်ု္ပ်တို့နှင့်ဆွေးနွေးတိုင်ပင်လိုလျှင် ဒေါက်တာ Cagan, John Cagan, Noah Song နောက်သို့လိုက်ပြီး ဆွေးနွေးတိုင်ပင်ရာနေရာသို့သွားပါ။ သင်တို့၏ပြောင်းလဲခြင်းအကြောင်း နှင့်ပတ်သက်ပြီး ဆွေးနွေးဆုတောင်းနိုင်သည့် တိတ်ဆိတ်သောနေရာသို့ သူတို့က သင့်အား ခေါ်ဆောင်သွားကြပေလိမ့်မည်။



သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“မင်္ဂလာရှိသောဆုတောင်းချိန်"၊ ( Fanny J. Crosby ၁၉၂၀ ရေးစပ်သည်။ )


အခှပှေုကမွှး

ဆုတောင်းနည်းနှင့်ဆုတောင်းအစည်းအဝေးလုပ်ဆောင်နည်းအကျဉ်း
( ဒေါက်တာလင်း၏သင်ကြားပို့ချချက်၊ ၁၉၁၁-၂၀၀၉ )

HOW TO PRAY AND HOW TO CONDUCT A PRAYER MEETING
(THE TEACHINGS OF DR. TIMOTHY LIN, 1911-2009)

တရားဒေသနာကို ဒေါက်တာ R. L. Hymers, Jr. ကရေးသားပြီး
မစ္စတာ John Samuel Cagan က ဟောကြားသည်။

“သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ ၏။” ( လုကာ ၁၈း ၈ )

( ( မဿဲ ၁၆း ၁၈၊ ၁ သက် ၄း ၁၆-၁၇၊ ဗျာဒိတ် ၇း ၉၊ ၁၄ )

၁။ ပထမအချက်၊ မခြားမလပ်ဆုတောင်းခြင်း၏အရေးကြီးမှု၊ လုကာ ၁၈း၈

၂။ ဒုတိယအချက်၊ ဆုတောင်းအစည်းအဝေးများ၏အရေးကြီးမှု၊ မဿဲ ၁၈း ၁၉-၂၀။

၃။ တတိယအချက်၊ “တလုံးတဝတည်းဖြင့်” ဆုတောင်းခြင်း၏အရေးကြီးမှု တမန်တော် ၁း ၁၄။