Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




မျှော်လင့်ချက်မဲ့သူများအဖို့ ကယ်တင်ခြင်း

SALVATION FOR THE HELPLESS
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဇွန်လ ( ၃ ) ရက်၊ စနေနေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, June 3, 2017


အတူတကွမတ်တပ်ရပ်လျက်၊ မာကုခရစ်ဝင်ကျမ်းထဲက အခြေပြုကျမ်းကို ကျေးဇူးပြု ပြီး ဖွင့်ဖတ်ကြပါစို့။ မာကု ၉း ၂၆- ၂၇ ဖြစ်ပါသည်။

“နတ်သည် အော်ဟစ်၍ အလွန်တောက်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။ ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည် ထ လေ၏။” ( မာကု ၉း ၂၆-၂၇ ) )

ယေရှုသည် ဤသူငယ်အား နတ်ဆိုးတန်ခိုးမှကယ်နှုတ်ခဲ့သည်။ ဤပုံဝတ္ထုကို အ ကြောင်းတရားတစ်ခုအတွက် ပေးထားခြင်းဖြစ်ပါသည်။ ၎င်းမှာ ယေရှုသည် ပျောက်ဆုံးပြီး အ ကူအညီမဲ့သောသူတို့အား မည်သို့ကယ်တင်တော်မူကြောင်းကို ပြသရန် ပေးထားသည့်အ ကြောင်းပြချက်တစ်ခုဖြစ်ပါသည်။ ခရစ်ဝင်ကျမ်းလေးကျမ်းဖြစ်သော မဿဲ၊ မာကု၊ လုကာ၊ နှင့် ယောဟန်တို့တွင်လည်း ဤသို့သောပုံဝတ္ထုများစွာရှိပါသည်။ မျှော်လင့်ချက်မဲ့သောဝိညာဉ်များ မည်သို့ကယ်တင်ခြင်းရသည်အကြောင်းကို ပြသကြပါသည်။ ဤပုံဝတ္ထုများက ကယ်တင်ခြင်း အကြောင်းမတူညီသောကဏ္ဍမှဖော်ပြကြသည်။ ထိုကျမ်းများကိုဖတ်ရှုခြင်းဖြင့် များစွာသောအ ရာကို သင်ယူလေ့လာနိုင်ပါသည်။

ဤလူငယ်လေးသည် နတ်ဆိုးစွဲသူလေးဖြစ်ပါသည်။ နားကန်းစေသည့်၊ စကားအစေ သည့် နတ်ဆိုး သူ့ အထဲတွင်ရှိနေသည်။ သူသည် စကားမပြောနိုင်၊ ကြားလည်းမကြားနိုင် ဖြစ်ပါသည်။ ထိုအရာမှာ မပြောင်းလဲခင်က လူတိုင်းဖြစ်လေ့ဖြစ်ထရှိသောအခြေအနေပင်ဖြစ်ပါ သတည်း။ သင်သည် ကယ်တင်တော်မူခြင်းသို့မရောက်မီတွင် ဘုရားသခင်က အဘယ်အရာ ပြောသည်ကို ကြားသိရမည်မဟုတ်ပါ။ ထိုအကြောင်းကို သင်ပြောဆိုနိုင်မည်မဟုတ်။

သို့ရာတွင် ခရစ်တော်သည် နတ်ဆိုးများကို နင်ထုတ်လိုက်သည်။ ခရစ်တော်သည် နတ်ဆိုးထက် တန်ခိုးကြီးသည်။ သို့ဖြစ်၍ ခရစ်တော်က သင့်အား ကယ်တင်နိုင်သည်။ ဤသူ ငယ်ကို ကယ်တင်သကဲ့သို့ သင့်ကိုလည်း ကယ်တင်နိုင်သည်။ ခရစ်တော်သည် အဘယ်မျှ လောက် မျှော်လင့်ချက်မဲ့နေပါစေ လူတိုင်းကို ကယ်တင်နိုင်ပါသည်။ ခရစ်တော်သည် သင့် အား နတ်ဆိုးလက်ထဲက ကယ်ချွတ်နိုင်ပါသည်။ ဤအကြောင်းအရာထဲက ကယ်တင်ခြင်းနှင့် ပတ်သက်ပြီး မှန်ကန်သောအရာသုံးခုကို သင်ယူလေ့လာနိုင်ပါသည်။

၁။ ပထမအချက်၊ သင်သည် သေနေသောသူဖြစ်သည်။

သမ္မာကျမ်းစာက ဤသို့ဆိုထားသည်။

“နတ်သည် အော်ဟစ်၍ အလွန်တောက်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ ” (မာကု ၉း ၂၆ ) )

ကယ်တင်ခြင်းမရမီ လူတိုင်းဖြစ်လေ့ဖြစ်ထရှိသော အရာပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာက လူတိုင်းသည် သေလျက်ရှိကြသည်ဟုဆိုထားပါသည်။ သင်သည္ ဝိညာဉ်ရေးရာပိုင်းတွင် သေ လျက်ရှိပါသည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင် ၍၊ အပြစ်တရားအားဖြင့်သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအ ပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” ( ရောမ ၅း ၁၂ )

ကျွန်ုပ်တို့၏ပထမမိဘများသည် ဘုရားသခင်ကို ပြစ်မှားကြသည်။ ထို့ကြောင့် သူတို့ သည် ဝိညာဉ်ပိုင်း၌ သေလျက်ရှိကြသည်။ အာဒံသည် ဘုရားသခင်နှင့်အဆက်အသွယ်ပြတ် တောက်သည်ဖြစ်၍ ဝိညာဉ်ပိုင်း၌ သေနေသည့်အခြေအနေတွင်ရှိသည်။ ထိုဝိညာဉ်ပိုင်းသေ ခြင်းသည် လူသားမျိုးနွယ်စုအားလုံးထံသို့ လက်ဆင့်ကမ်းရောက်လာပါသည်။ သို့ဖြစ်သော ကြောင့် ဘာသာတရားများစွာ ရှိလာရပါသည်။ ဝိညာဉ်ရေးရာအမှောင်လွှမ်းမှုကြောင့် လူသား တို့သည် ဘာသာတရားကို ပြုပြင်လိုက်စားလာကြသည်။ သို့ရာတွင် လူသားတို့သည် စစ်မှန် ၍အသက်ရှင်သောဘုရားသခင်ကို မတွေ့ရကြပေ။

အာသင်မြို့တွင်ရှိသော လူတို့အား တမန်တော်ရှင်ပေါလုက ဤသို့ဆိုထားသည်။

“လမ်း၌သွား၍ သင်တို့၏ဘုရားများကို ကြည့်ရှုသည်တွင် ၊ ငါတို့မ သိသောဘုရားသခင်ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက်ကိုးကွယ်သော ဘုရားသ ခင်၏အကြောင်းကို ငါဟောပြော၏။” ( တမန် ၁၇း ၂၃ ) )

သူတို့သည် ရုပ်တုပေါင်းများစွာ၊ ဘုရားပေါင်းများစွာကို ပိုင်ဆိုင်ထားကြသည်။ သို့သော် စစ်မှန် သော ဘုရားကိုမူ မသိရှိကြပါ။ သူတို့က ဘုရားသခင်ကို “မသိသောဘုရား” ဟု သမုတ်ကြ သည်။

ယနေ့ညတွင် ဘုရားသခင်သည် သင့်အဖို့ မသိသောဘုရားဖြစ်နေလေသလား။ သင့်အဖို့ “မသိသောဘုရား” ဖြစ်နေပါသည်။ ဘုရားသခင်သည် သင်တို့အဖို့ စစ်မှန်သော ဘုရားမဖြစ်သည့် ဟန်တူသည်။ သင်တို့သည် ဘုရားအရာ၌ သေလျက်ရှိသောသူများဖြစ်ကြ သည်။ သင်တို့သည် ဝိညာဉ်ရေးရာတွင် သေလျက်ရှိကြသည်။ သင်သည် ပုံပြင်ထဲက ကောင်လေးသဖွယ် ဖြစ်နေသည်။

“နတ်သည် အော်ဟစ်၍ အလွန်တောက်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။” (မာကု ၉း ၂၆ ) )

သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကို” ( ကောလောသဲ ၂း ၁၃ ) )

သမ္မာကျမ်းစာက သင်တို့သည်

“ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော” ( ဧဖက် ၂း ၁ ) )

ပျောက်သောသား၏ဖခင်က ဤသို့ဆိုသည်။

“ငါ့သားသည် အထက်ကသေ၏” ( လုကာ ၁၅း ၂၄ ) )

သူက ပျောက်သောသား၏အစ်ကိုအား ဤသို့ဆိုသည်။

“သင့်ညီမူကား၊ အထက်ကသေ၏။” ( (လုကာ ၁၅း ၃၂) )

ယနေ့ညတွင် ပြောင်းလဲလာကြသည့် ဤနေရာတွင်ရှိသောသူအားလုံးသည် တချိန်က ထိုသို့ ပင် ရှိခဲ့ကြသည်။ အားလုံးသည် အပြစ်တရား၌ သေလျက်ရှိကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့မသိသောဘုရားဖြစ်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင်မသိ။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် ပုံပြင်ဟောင်းတစ်ပုဒ်သာဖြစ်ခဲ့သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် သေ လျက်ရှိကြသည်။

“ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံးမိုက်မဲ သောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏အသက် နှင့်ကွာရှင်းလျက်ရှိကြ၏။” (ဧဖက် ၄း ၁၈) )

ထိုအရာမှာ ကျွန်ုပ်တို့မပြောင်းလဲခင်အခြေအနေကို တင်ပြခြင်းပင်ဖြစ်ပါသည်။ သင်တို့သည် ယေရှုခရစ်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ရမည်။ ယေရှုသာလျှင် ဝိညာဉ်သေခြင်းမှ ကယ်နှုတ်နိုင်သည်။

၂။ ဒုတိယအချက်၊ ယေရှု “လက်ထဲတွင် ထားရှိသည်။”

ကျွန်ုပ်တို့၏အခြေပြုကျမ်းက ဤသို့ဆိုသည်။

“နတ်သည် အော်ဟစ်၍ အလွန်တောက်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။ ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည် ထ လေ၏။” ( မာကု ၉း ၂၆-၂၇ ) )

အံ့ဩစရာကောင်းသည့် ကျမ်းပိုဒ်ဖြစ်ပါသည်။ “သို့ရာတွင် ယေရှုက လက်ဖြင့်ယူလိုက်သည်။” နိုးထမှု၏ သာဓကပင်ဖြစ်ပါသည်။ ရှေ့ပြေးကျေးဇူးတော်လည်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကယ် တင်ခြင်းအကြောင်းလည်းဖြစ်ပါသည်။ အကူအညီမဲ့သောသူတုိ႔အတွက္ ကယ်တင်ခြင်းပင်ဖြစ် ပါသည်။

“သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသ ကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန် သောသူတို့၌ ပြုပြင်သောဝိညာဉ်၏အလိုနှင့်အညီ၊ ဒုစရိုက်အပြစ် တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။ ထိုငြင်း ဆန်သောသူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာ ယ၏အလိုသို့၎င်း၊ စိတ်၏အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့ ၌ ကျင်လည်သည်ဖြစ်၍၊ ကျွမ်းသောသူတို့ကဲ့သို့ပင် ပကတိအ တိုင်းအမျက်တော်ကို ခံရသောသူဖြစ်ကြ၏။ သို့သော်လည်း ကရု ဏာတော်နှင့်ကြွယ်၀တော်မူသောဘုရားသခင်သည် ငါတို့ကို ချစ် တော်မူသော မဟာမေတ္တာတော်အားဖြင့်၊ ဒုစရိုက်အပြစ်၌ သေ လျက်ရှိနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော် မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ယေရှုခရစ်တော်အားဖြင့် ငါတို့ကိုထမြောက်စေ၍ ကောင်းကင်အ ရပ်၌နေရာပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်၀ခြင်းကို နောင် ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။ ယုံ ကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရား သခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ် တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွးစရာအခွင့်မရှိ။” (ဧဖက် ၂း ၂-၉ ))

ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့်ဖြစ်သည်။ ခရစ်တော်အားဖြင့်သာလျှင် ကယ်တင် ခြင်းဖြစ်လာသည်။၎င်းမှာ ကောင်းကင်သွားရာလမ်းလဲဖြစ်ပါသည်။ တစ်ခုတည်းသောလမ်းပင် ဖြစ်ပါသည်။

“နတ်သည် အော်ဟစ်၍ အလွန်တောက်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။ ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည် ထ လေ၏။” ( မာကု ၉း ၂၆-၂၇ ) )

ယေရှုဆင်းသက်မလာမီ သင်သည် ဘာမှမဟုတ်၊ မနိုးထသေးသည့်အခြေအနေတွင် ရှိနေပါသည်။ သင့်ဝိညာဉ်အတွက် ဘာအကြောင်းမှ နားမလည်နိုင်ပါ။ မာကု အခန်းကြီးကိုး ၌ တွေ့ရသော ကောင်းလေးအတိုင်းပင်ဖြစ်ပါသည်။

“လူအစုအဝေး၌ပါသောသူတယောက်က၊ အရှင်ဘုရား၊ အသော နတ်အစွဲခံရသောအကျွန်ုပ်၏သားကို အထံတော်သို့ဆောင်ခဲ့ပါ ပြီ။” ( မာကု ၉း ၁၇ ) )

၎င်းမှာ ကျွန်ုပ်ဖြစ်ခဲ့သောနည်းလမ်းပင်ဖြစ်ပါသည်။ အိမ်နားကလူတွေက ကျွန်ုပ်အား နှစ်ခြင်း အသင်းတော်ကို ခေါ်ဆောင်သွားခဲ့ကြပါသည်။ သူတို့က အသင်းတော်ရှိရာကို ခေါ်ဆောင် သွားခဲ့ကြသည်။ မိမိသားကို ယေရှုထံသို့ ခေါ်ဆောင်လာသောသူကဲ့သို့ပင်ဖြစ်ပါသည်။ သို့ရာ တွင် ဘုရားအကြောင်း ကျွန်ုပ်မသိပါ။ ခရစ်တော်အကြောင်းလည်းမသိပါ။ ကျမ်းစာအကြောင်း လဲနားမလည်ပါ။ ကျမ်းစာလည်း ဖတ်ဖူးခြင်းမရှိပါ။ ရှင်မဿဲလဲ မတွေ့ဖူးပါ။ ကမ္ဘာဦးကစ၍ တောက်လျှောက်ကြည့်ရှုနေသည်။ မဿဲခရစ်ဝင်ကျမ်းကိုတွေ့ရှိလာသောအခါ တရားဒေသ နာလည်း ပြီးခါနီးဖြစ်သည်။ သို့ရာတွင် သူတို့သည် ဘုရားကျောင်းကို ခေါ်ဆောင်သွားလေ့ရှိ ခဲ့ကြသည်။ ဘုရားသခင်သည် သင့်အဖို့သက်သေဖြစ်စေရန် ခရစ်ယာန်များကို အသုံးပြုကာ သင့်အား ခရစ်တော်ထံသို့ပို့ဆောင်ပေးသည်မှာ မိမိသားကို ခရစ်တော်ထံပို့ဆောင်သော ထိုလူကြီးအတိုင်းပင်ဖြစ်သည်။

သင်သည် နိုးထမှုကို စတင်ခံစားလာရသည်။ အလျှင်အမြန်လည်းဖြစ်လာနိုင်သလို ရှည်ကြာသည်လည်းဖြစ်နိုင်သည်။ လူတို့ကတော့ ကွဲပြားခြားနားသည်။ သို့ရာတွင် နိုးထမှုဟူ သည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ပေါလုသည် မြေကြီးပေါ်လဲကျသွားပါ သည်။ ပင်္တေကုတ္တနေ့တွင်ရှိသောလူများသည် စိတ်နှလုံးထဲ၌ မင်သက်မကဖြစ်ခဲ့ကြသည်။ လက်ဝါးကပ်တိုင်တွင် အသတ်ခံရသောလူဆိုးတို့သည် မိမိအပြစ်ကိုမြင်ခဲ့ကြသည်။ ကြောက် မက်ဖွယ်ရာဖြစ်ခဲ့ပါသည်။ John Cagan က “သေခါနီးအခြေအနေအထိဖြစ်ခဲ့သည်။ မပြုံနိုင်ပါ၊ ငြိမ်သက်ခြင်းလည်းမရနိုင်ပါ။ နာကျင်ခံစားနေရသည်ကို မရပ်တန့်နိုင်ပါ။ နောက်ထပ်မခံနိုင် တော့ပါ” ဟုဆိုလေသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပြစ်ကို မြင်စေပါသည်။ Emi Zabalaga က “သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပအပြစ်ကိုမြင်စေသည်။ ကျွန်ုပ် အားရှက်ကြောက်စေသည်။ ဘုရားသခင်က ကျွန်ုပ်အပြစ်ရှိသမျှကို သိသည်ကို နားလည်ပါ သည်။ သန့်ရှင်းသောခရစ်ယာန်များကြားတွင် မသန်စွမ်းသောသူကဲ့သို့ဖြစ်သည်” ဟုဆိုလေ သည်။ Jack Ngann က “ကျွန်ုပ်ပြုမိသောအဆိုးရွားဆုံးအပြစ်ကို မှတ်မိနေသေးသည်၊ ကျွန်ုပ် မှာ သေလူဖြစ်သည်” ဆိုခဲ့သည်။

“ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းသူငယ် ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုတ် ထွက်လျက် ကိုယ်ကိုလှိမ့်လျက်နေ၏။” ( မာကု ၉း ၂၀)

ပထမနိုးထမှုကြီးနှင့် Lewis ကျွန်းနိုးထမှုတွင် လူများစွာတို့သည် ထိုနည်းအတိုင်းပင်ဖြစ်ကြပါ သည်။ လူအများတို့သည် ငိုကြွေးမြည်တမ်းလျက် အပြစ်ကိုသိကာ မြေပေါ်သို့လဲကျသွားခဲ့ကြ သည်။ အမေရိကန်ပြည်တွင်လည်း တစ်နေ့တွင် ထိုသို့ဖြစ်လာမည်ဟု ယုံကြည်သည်။ ၎င်းမှာ “ရယ်မောခြင်းနိုးထမှု”ဖြစ်သည်။ မာကုအခန်းကြီးကိုးထဲတွင်တွေ့ရသောလူငယ်လေးသည် ရယ်မောခြင်းမရှိပါ။ စစ်မှန်သောနိုးထမှုသည် အပြစ်ကိုမြင်စေသည်။ မရယ်မောစေပါ။ နိုးထမှု ကြီးတချို့တွင် နိုးထမှုသည် အပြစ်ကိုမြင်စေလျက် မြေပေါ်သို့လဲကျစေပါသည်။ တရုတ်ပြည် တွင်လည်း ထိုသို့ဖြစ်လေ့ရှိသည်။ အိန္ဒိယနိုင်ငံတွင်လည်းဖြစ်သည်။ သူတို့သည် နိုးထမှုကို အ မှန်တကယ်တွေ့ကြုံကြပါသည်။

နိုးထမှုရှိသောသူတို့သည် အပြစ်ကိုသိမြင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပြစ်ကို မြင်စေပါသည်။

“ဥပဇ္စျယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ် ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။ ငါ့ကိုမယုံကြည်သောကြောင့် ဒုစရိုက်အ ပြစ်ကိုဘော်ပြမည်။” (ယောဟန် ၁၆း ၈-၉ ) )

သင်သည် အပြစ်ကို ခံစားခဲ့ဖူးပါသလား။ အပြစ်အတွက် ဝမ်းနည်းကျေကွဲနေခဲ့ဖူးပါသ လား။ သင်၏ဩတ္တပစိတ်သည် သင့်အပြစ်ကို ဝန်လေးနေစေပါသလား။ သင့်ကို ယေရှုခွင့် လွှတ်ရန် လိုအပ်သည်ဟု ခံစားမိပါသလား။ အပြစ်ကိုသိမြင်ဖို့ ကြာကြာစောင့်မနေပါနှင့်။ အ ပြစ်သိမြင်ခြင်းသည် သင့်ကို မကယ်တင်နိုင်ပါ။ အဘယ်သို့သော အပြစ်သိမြင်ခြင်းသည်လဲ သင့်ကို မကယ်တင်နိုင်ပါ။ ဘုရားသခင်၏သားတော်ထံသို့ တကြိမ်တည်းလာပါ။ အခုလာပါ။ အပြစ်ကိုသိမြင်ခြင်းသည် သင့်အား ခရစ်တော်ထံသို့ပို့ဆောင်မည်။ ယေရှုသည် သင့်၏အပြစ် သိမြင်ခြင်းကို အမှန်တကယ် ဖြေရှင်းပေးနိုင်သောသူတစ်ဦးတည်းဖြစ်သည်။

စိုးရိမ်ပူပန်ခြင်း၊ လေသောဝန်၊ ကျိုးပဲ့ကြေမွဲခြင်း၊ ကျဆုံးခြင်းထဲက၊
သင်ကောင်းလာသည်အထိစောင့်လျှင် လာနိုင်မည်လုံးဝမဟုတ်။
   (”သင်အပြစ်သား၊ ဆင်းရဲသူ၊ ဒုက္ခသည်၊ လာပါ၊ Joseph Hart, ၁၇၁၂-၁၇၆၈) )

သင်သည် အပြစ်ကို အလုံအလောက်သိရှိနားလည်ခြင်းမရှိသေးဟု ထင်ရတောင်မှ ယေရှုထံ သို့ ယခုလာ၍ ယုံကြည်ကိုးစားပါ။ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ “သင်ကောင်းလာသည် အထိစောင့်ဆိုင်းနေရလျှင် မည်သည့်အချိန်၌မျှလာမည်မဟုတ်။” ယခုလာပါ။ ဘုရားသား တော်ယေရှုကို ယုံကြည်ကိုးစားပါ။ သူသည် သင့်အား ကယ်တင်တော်မူမည်။

သင့်အပြစ်ကြွေးကိုပေးဆပ်ရန် ခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသွန်းလောင်းသောအသွေးတော်သည် သင့်အပြစ်ကိုဆေးကြောပေးမည်။ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူမည်။ ကောင်းကင်ဘုံရှိ အဘခမည်းတော်၏လက်ယာဘက်တွင် ထိုင်နေတော်မူသည်။ ခရစ်တော်ထံသို့လာပါ။ ခရစ်တော်ထံသို့လာပါ။ ခရစ်တော်ထံသို့လာပါ။ ခရစ်တော်ကို ယုံကြည်ကိုးစားပါ။ ယုံကြည်ကိုးစားပါ။ ခရစ်တော်ကို ယုံကြည်ကိုးစားပါ။ ကယ် တင်တော်မူခြင်းသို့ရောက်လိမ့်မည်။

၃။ တတိယအချက်၊ ခရစ်တော်နှင့်တွေ့ဆုံရန် ထမြောက်ခြင်းဖြစ်သည်။

“ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည် ထ လေ၏။” ( မာကု ၉း ၂၇ ) )

ယေရှုထံသို့ မည်သို့လာရမည်အကြောင်းကို ဂဃနဏသိရှိထားရန်မလိုပါ။ ဤသူငယ် သည် မည်သို့လက်မြှောက်ရမည်ကို သိထားရန် မလိုအပ်ပါ။ “ယေရှုက လက်ကိုမတင်ပေး သည်၊ လက်မြှောက်ပေးသည်။” ခရစ်တော်ထံသို့ အမှန်တကယ် လာလိုလျှင် ဤသူငယ်အား မြှောက်ပင့်ပေးသည့်တန်ခိုးအတိုင်း ခရစ်တော်သည် သင့်အား ခေါ်ဆောင်သွားပေလိမ့်မည်။ ယေရှုက ထိုသို့မိန့်မူထားသည်။ ယေရှုက ဤသို့ဆိုသည်။

“ခမည်းတော်သည် ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာ ကြလိမ့်မည်။ ငါ့ထံသို့လာသောသူကို ငါသည် အလျင်းမပယ်။” ( ယောဟန် ၆း ၃၇ ) )

“ဘုရားသခင်က ကျွန်ုပ်ကို ခရစ်တော်ပေးမပေးမသိပါ” ဟု လူတစ်ဦးက ဆိုနိုင်သည်။ ၎င်းမှာ မိုက်မဲသောတွေးတောမှုပင်ဖြစ်သည်။ သင်သိရှိနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သာလျှင် သိထားသည်။ ဓမ္မပညာအတွေးအခေါ်မျိုးနှင့်အချိန်ဖြုန်းမနေပါနှင့်။ အချို့သူတို့က ဓမ္မပညာအကြောင်း အငြင်းပွါးနေစဉ် သင်မူကား ခရစ်တော်ထံသို့လာပါ။ အ ခြားသူများအငြင်းပွါးနေစဉ် သင်သည် ကယ်တင်တော်မူခြင်းသို့ ရောက်လိမ့်မည်။ ယေရှုက ဤသို့မိန့်ဆိုထားသည်။

“ငါ့ထံသို့လာသောသူကို ငါသည် အလျင်းမပယ်။” ( ယောဟန် ၆း ၃၇ )

ခရစ်တော်သည် သင့်ကို မောင်းထုတ်မည်မဟုတ်။ သင်သည် သေပြီးငရဲရောက်စေရန် ခရစ် တော်က စွန့်ပစ်သွားမည်မဟုတ်ပါ။ ခရစ်တော်သည် သင့်အပြစ်ကိုခွင့်လွှတ်ပြီး ကယ်တင်လိမ့် မည်။ သင့်နှင့်အတူ အပြစ်ခွင့်လွှတ်ရန် လျှောက်ထားပါသည်။ သင့်ကို တိုက်တွန်းပါ၏။ တောင်းဆိုပါ၏။ ငြိမ်သက်ခြင်းရရှိဖို့ရန် အခြားသောလမ်းမရှိပါ။ ယေရှုသာလျှင် ငြိမ်သက်ခြင်း ကိုပေးပိုင်ရှင် သင့်အပြစ်ကို ခွင့်လွှတ်နိုင်သူဖြစ်သည်။ Noah Song သီဆိုသောသီချင်းက ဤသို့ဆိုပါသည်။

“ခရစ်တော်မပါလျှင် မျှော်လင့်ချက်မဲ့သောအပြစ်သား၊ မျက်စိကန်း၊ အဝတ်အချည်းစည်းရှိပါသည်။သူသည်ငါ့ကိုချစ်သော ကြောင့်သူ့ ကိုချစ်သည်။ ယေရှုသည် လက် ဝါးကပ်တိုင်တွင် ကျွန်ုပ်ကိုယ်စား သွေးသွန်း၊ ကျွန်ုပ်အပြစ်အတွက် ပေးဆပ်သည်။ သူသည် ကျွန်ုပ် ကိုချစ်သည်။ ထိုအရာကို အမြဲ သတိရသည်။ သူသည် မကောင်း သောအပြစ်ထဲကလည်း ကယ် တင်မည်။”

ချုပ်နှောင်ခြင်း၊ ဝမ်းနည်းခြင်း၊ မှောင်မိုက်ထဲက ယေရှုထံ ကျွန်ုပ်လာပါသည်။ လွတ်မြောက်ခြင်း၊ ပျော်ရွှင်ခြင်း၊ အလင်းထဲသို့ ယေရှုထံသို့ ကျွန်ုပ်လာပါသည်။
နာမကျန်းခြင်းထဲက ကျန်းမာခြင်းသို့၊ လိုအပ်ချက်ထဲက စည်းစိမ်ထဲသို့ လာပါသည်။
အပြစ်ထဲက ကိုယ်တော့်ထံလာသည်၊ ယေရှု၊ ကိုယ်တော့်ထံ ကျွန်ုပ်လာပါသည်။
   (”ယေရှု၊ ကျွန်ုပ်လာသည်”၊ William T. Sleeper, ၁၈၁၉-၁၉၀၄)

ယေရှုခရစ်၏ကယ်တင်တော်မူခြင်းအကြောင်း သင်နှင့်ပြောဆိုရသည်ကို နှစ်သက်ပါ သလား။ ပထမနှစ်တန်းတွင် လာ၍ ခဏထိုင်လိုက်ပါ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Noah Song က ကျမ်းစာဖတ်ကြားသည်။ မာကု ၉း ၁၇- ၂၇။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“ဟုတ်ကဲ့၊ ကျွန်ု္ပ်သိပါ၏"၊ (Anna W. Waterman, ၁၉၂၀ ရေးစပ်သည်။)


အခှပှေုကမွှး

မျှော်လင့်ချက်မဲ့သူများအဖို့ကယ်တင်ခြင်းအကျဉ်းချုပ်

SALVATION FOR THE HELPLESS

Dr. R. L. Hymers, Jr.

“နတ်သည် အော်ဟစ်၍ အလွန်တောက်မာစေပြီးမှ ထွက်သွား ၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများ ဆိုကြ၏။ ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည် ထလေ၏။” ( မာကု ၉း ၂၆-၂၇ ) )

၁။ ပထမအချက်၊ သင်သည် သေနေသောသူဖြစ်သည်။ မာကု ၉း ၂၆၊ ရောမ ၅း ၁၂၊ တမန်တော် ၁၇း ၂၃၊ ကောလော ၂း ၁၃၊ ဧဖက် ၂း ၁၊ လုကာ ၁၅း ၂၄၊ ၃၂၊ ဧဖက် ၄း ၁၈။

၂။ ဒုတိယအချက်၊ ယေရှု “လက်ထဲတွင် ထားရှိသည်။” မာကု ၉း ၂၇က ၊ ဧဖက် ၂း ၂-၉၊ မာကု ၉း ၁၇၊ ၂၀၊ ယောဟန် ၁၆း ၈-၉။

၃။ တတိယအချက်၊ ခရစ်တော်နှင့်တွေ့ဆုံရန် ထမြောက်ခြင်းဖြစ်သည်။ မာကု ၉း ၂၇ခ၊ ယောဟန် ၉း ၃၇။