Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အပြစ်သားများအတွက် မုန့်ကိုတောင်းခြင်း - အတွေးသစ်

ASKING BREAD FOR SINNERS – A NEW THOUGHT!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဧပြီလ ( ၂၂ ) ရက်နေ့ စနေနေ့၊ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, April 22, 2017


John Samuel Cagan က လွန်ခဲ့သောမိနစ်အနည်းငယ်က လုကာ ၁၁း ၅-၁၃ ကို ဖတ်ရှုခဲ့သည်။ တဖန် ထိုကျမ်းပိုဒ်ကို လှန်ပြီးဖတ်စေချင်ပါသည်။ ၎င်းမှာ Scofield Study Bible တွင် စာမျက်နှာ ၁၀၉၀ ဖြစ်ပါသည်။ အပူတပြင်းတောင်းဆိုသောမိတ်ဆွေအကြောင်း သာဓကတစ်ခုလည်းဖြစ်ပါသည်။ ဤသာဓကထဲတွင်ပါရှိသည့် အရေးကြီးသည့်အရာအချို့ကို ဆွဲထုတ်ဖော်ပြပါမည်။

ပထမအချက်အနေဖြင့် ဤသာဓကတွင် လူသုံးဦးပါဝင်ပါသည်။

“တဖန်မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင်းအချိန်တွင် ထိုအဆွေ ခင်ပွန်း၏အိမ်သို့ သွားပြီးလျှင်၊ အဆွေ၊ အကျွန်ုပ်အဆွေခင်ပွန်း တယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါဟု ဆိုသော်၊” ( လုကာ ၁၁း ၅- ၆ ))

ပထမ “မိတ်ဆွေ” သည် မုန့်များစွာကို ပိုင်ဆိုင်သောသူဖြစ်သည်။ သူသည် ခမည်း တော်ဘုရားဖြစ်ပါသည်။ ဒုတိယမိတ်ဆွေမှာ မုန့်ကိုတောင်းပေးသောသူဖြစ်ပါသည်။ သူသည် ခရစ်ယာန်၊ မုန့်ကိုလိုလားသောသူဖြစ်ပါသည်။ တတိမိတ်ဆွေမှာ ခရစ်ယာန်တို့ထံရောက်လာ သောသူဖြစ်ပါသည်။ သူသည် ပျောက်သောသူ၊ ကယ်တင်ခြင်းမရရှိသေးသောသူဖြစ်ပါသည်။ မုန့်ကိုလိုအပ်သောသူလည်းဖြစ်ပါသည်။ သင်နှင့်ကျွန်ုပ်သည် ဘုရားသခင်နှင့်ပျောက်သောသူ တို့ကြားတွင်ရပ်တည်နေကြသော ခရစ်ယာန်များဖြစ်ကြပါသည်။ ဤသာဓကတွင် “မုန့်” မှာ အဘယ်အရာကို ဆိုလိုပါသနည်း။ အချို့တို့က မုန့်ဟူသည်မှာ သန့်ရှင်းသောဝိညာဉ်တော်ဖြစ် သည်ဟုပင် ထင်တတ်ကြပါသည်။ သို့ရာတွင် ထိုအတွေးမှားယွင်းသည်ဟု ကျွန်ုပ်ထင်မိသည်။ အပိုဒ်ငယ် ၁၃ ကိုဖတ်ရှုလေ့လာသောအခါ ဆုတောင်းခြင်း၏အဖြေအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကိုပေးသည်မှာ မှန်ပါသည်။

“သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား တောင်းသော အရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည်မဟုတ်လောဟု မိန့်တော် မူ၏။” ( လုကာ ၁၁း ၁၃ ) )

သို့ရာတွင် ယခု ကျွန်ုပ်သိလာရသည်မှာ “မုန့်” ဟူသည်မှာ သန့်ရှင်းသောဝိညာဉ်တော်မဟုတ္ ကြောင်းပင်ဖြစ်ပါသည်။ဒေါက်တာ John R. Rice ရှင်လုကာခရစ်ဝင်ကျမ်းမှာ ဤသာဓက ကို အသေးစိတ်ရေးသားခဲ့ပါသည်။ (ဆုတောင်းခြင်း၊ တောင်းလျှောက်ခြင်းနှင့်လက်ခံရရှိခြင်း၊ Sword of the Lord, ၁၉၇၀၊ စာ- ၇၀) “မုန့်” နှင့်ပတ်သက်၍ ဒေါက်တာ Rice ဆိုထားသည် မှာ ခရစ်တော်ပင်ဖြစ်သည်။ “သူကိုယ်တိုင်သည် ထိုမုန့်ဖြစ်သည်။” (ယောဟန် ၆း ၃၅) ပထမ တွင် “မုန့်” သည် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်ဟု ကျွန်ုပ်ထင်ခဲ့သည်။ သို့သော် ၎င်းမှာ မှားယွင်းမှုရှိပါသည်။ မုန့်ဟူသည်မှာ ခရစ်တော်ကိုယ်တိုင်ပင်ဖြစ်ပါသည်။ ၎င်းကို ဓမ္မသစ်ကျမ်း က ရှင်းရှင်းလင်းလင်းဖော်ပြထားပါသည်။ ဤအခန်းတစ်ခုလုံးက ခရစ်တော်ကို “အသက်မုန့်” အဖြစ်ဖော်ပြထားပါသည်။ ယောဟနန် အခန်းကြီး ခြောက်တွင် ယေရှုမိန့်တော်မူသောစကား ကို နားထောင်ကြပါစို့။

“ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသား တို့အား အသက်ကိုပေးသော မုန့်ပေတည်း။” ((ယောဟန် ၆း ၃၃))

“ငါသည် အသက်မုန့်ဖြစ်၏။” ( ယောဟန် ၆း ၃၅ ) )

“ငါသည် အသက်မုန့်ဖြစ်၏။” ( ယောဟန် ၆း ၄၈ )

“ငါသည် အသက်ရှင်သောမုန့်ဖြစ်၏။” (ယောဟန် ၆း ၅၁ ) )

“ငါပေးသောမုန့်ကား၊ ငါ၏အသားပေတည်း။” (ယောဟန် ၆း ၅၁ )

ယေရှုကိုယ်တိုင်သည် “အသက်မုန့်” ဖြစ်ကြောင်း တချိန်ပြီးတချိန် ကျွန်ုပ်တို့အား မိန့်ဆိုသည်။

သို့ဆိုလျှင် ခရစ်ယာန်တစ်ယောက်သည် လုကာ ၁၁း ၆ တွင် “အကျွန်ုပ်အဆွေတစ် ယောက်သည်လာသဖြင့် သူ့ကိုပေးဖို့ ကျွန်ုပ်၌ မရှိပါ” ဟု အဘယ့်ကြောင့်ဆိုကြသနည်း။ ကျွန်ုပ်တို့သည် စားစရာ “အသက်မုန့်” ကို ရယူနိုင်ဖို့ တန်ခိုးမရှိသောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဝိညာဉ်ရိတ်သိမ်းခြင်းနှင့်တရားဒေသနာဟောပြောခြင်းတို့တွင် အသက်မုန့်ကိုပေး ဖို့ တန်ခိုးမရှိသောကြောင့်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဧဝံဂေလိတရားအကြောင်းကို သိရှိ ထားကြသည်။ သို့သော် ကျွန်ုပ်တို့တွင် တန်ခိုးမရှိဟု ခံစားခဲ့ကြသည်။ ထို့ကြောင့် “အကျွန်ုပ် အဆွေခင်ပွန်း တယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိ သောကြောင့်” ( လုကာ ၁၁း ၆ ) ဟူသောအကြောင်းကို သိရှိကြပါသည်။

ထိုအရာမှာ ကျွန်ုပ်၏ဝန်ခံခြင်းပင်ဖြစ်ပါသည်။ “သူ့မျက်မှောကတွင် ချထားရန် အ ဘယ်အရာမျှမရှိပါ။၎င်းမှာ နှစ်ခြင်းအသင်းတော်မှာ အလယ်အပတ်လည်ရောက်ချိန်တွင် လူ ငယ်များ၏ခံစားချက်ပင်ဖြစ်ပါသည်။သူတို့လိုအပ်သောအရာကို အသင်းတော်က မပေးဘူးဟု ခံစားခဲ့ကြသည်။ ကျွန်ုပ်တို့နှစ်ခြင်းအသင်းများစွာက “ယာယီတေးသီချင်းတစ်ပုဒ်နှစ်ပိုဒ်မှလွဲ၍ ကျွေးမွေးစရာမရှိဘဲဖြစ်” တတ်ကြလေသည်။ မုန်းချင်စရာပင်ဖြစ်ကြပါသည်။ သူတို့အားလုံး သည် အတူတူပင်ဖြစ်ကြပါသည်။ ၎င်းတို့သည် “ကိုးကွယ်သီချင်းများသာဖြစ်ကြသည်။” အပြစ်သားသည် ယေရှုကိုလိုအပ်ကြောင်း စဉ်းစားစေသည့်သီချင်းတစ်ခုမှမပါဝင်ပါ။ သူတို့ရှေ့ တွင် ချထားစရာတစ်ခုမျှ မရှိပါ။ ဘာမျှမရှိ။ ဘာမျှမရှိ။ “ဆွေးမြေ့သောကိုးကွယ်ခြင်းမှတပါး” ဘာမျှမရှိပါ။ ဘာမျှမရှိ၊ ဘာမျှမရှိ၊ ဘာမျှမရှိ၊ ဘာမျှမရှိပါ။ သူတို့ရှေ့တွင် ချထားစရာ ဘာမျှမရှိ ပါ။ မြေမှုန့်ကဲ့သို့ခြောက်သွေ့သောအရာမှတပါး၊ အသက်မဲ့သောအရာမှတပါး ဘာမျှမရှိပါ။ ကျမ်းပိုဒ်အလိုက် ကျမ်းစာရှင်းပြချက်မှတပါး ဘာမျှမရှိပါ။ “အသက်မဲ့သောကိုးကွယ်သီချင်း” မှတပါး ဘာမျှမရှိပါ။ စိတ်ပျက်လက်ပျက်ဖြစ်စေသော သမ္မာကျမ်းစာလေ့လာခြင်းမှတပါး ဘာ မျှမရှိပါ။ သင်သည် အခြားသောညတစ်ခုတွင် ၎င်းကို ကြားသိခဲ့မည်ဖြစ်သည်။ ကျန်းမာခြင်း မရှိ။ ပုံမှန်လူငယ်လေးတစ်ဦးပင်လျှင် ထိုအရာကို အကူအညီပေးနိုင်သည်။ Paul Rader ၏ ရှင်ပြန်ထမြောက်ရာနေ့သီချင်း “တဖန် အသက်ရှင်ပြီ” ကို သီဆိုနေခြင်းသာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တဝတ်သေနေသောအစီအစဉ်ဖြင့် စိတ်မွေ့ရာချခဲ့ရသည်။ ကျွန်ုပ်တို့သည် ထိုသီချင်းကိုသီဆိုနိုးကြားမှုရှိဖို့ရန် အော်ဟစ်ရပါမည်။ ကျွန်ုပ်တို့အသင်းတော်သည် ပျောက် ဆုံးဝိညာဉ်များကို လောကထဲမှဆွဲမထုတ်နိုင်ကြသည်မှာ အံ့ဩစရာပင်မဟုတ်ပါ။ အသင်း တော်တွင် လူငယ် ၉၀ % လောက် ဆုံးရှုံးခဲ့ပြီးသည်မှာ အံ့ဩစရာမဟုတ်ပါ။ ၎င်းမှာ ကျွန်ုပ် ငယ်စဉ်က ဖြစ်ပျက်ခဲ့သောအရာများပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ကျေနပ်စေသည့်အရာ အ သင်းတော်တွင် လုံးဝမရှိခဲ့ပါ။ ကျွန်ုပ်သည် အသေကောင်းကြီးပင်ဖြစ်ပါသည်။ ခြောက်သွေ့ သောသူ၊ မှိုတက်နေသောသူသာဖြစ်ပါသည်။ ကျွန်ုပ်၏ပထမအသင်းတော်တွင် ကျွန်ုပ်ကို စိမ် ခေါ်မှုပေးရန် ဘာမျှမရှိပါ။ အစီအစဉ်တိုင်းတွင် ကျွန်ုပ်စိတ်နှလုံးသည် အချည်းနှီးသက်သက် သာဖြစ်ပါသည်။ ကျွန်ုပ်စိတ်ထဲဘာမျှမရှိပါ။ အကြောင်းမှာ ယေရှုမရှိသောကြောင့်ဖြစ်သည်။ အစီအစဉ်တိုင်းသည် အသင်းတော်တွင်ရှိသော မိန်းမကြီးများကို ပျော်စေရန် လုပ်ဆောင်ထား ဟန်တူပါသည်။ ကျွန်ုပ်ရှေ့တွင် ချထားစရာဘာမျှမရှိပါ။ တီဗွီပေါ်တွင် ထုတ်လွှတ်သည့် Charles Stanley ကိုကြည့်ပါ။ သို့မဟုတ် အင်တာနက်ပေါ်ရှိ Paul Chappell ကို ကြည့်ပါ။ သေသောသူများ၊ ခြောက်သွေ့နေသူများ၊ သူတို့အပြစ်တရားအတွက် အဖြေမှာယေရှုဖြစ် ကြောင်း ပြောစရာလုံးဝမရှိကြပါ။ သူတို့ရဲ့အထီးကျန်မှု၊ ထာဝရကံကြမ္မာအတွက် ယေရှုဖြစ် ကြောင်း အဖြေမရှိကြပါ။ အကျွန်ုပ်အဆွေခင်ပွန်း တယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံ သို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိသောကြောင့်” ဖြစ်ပါသည်။ ကျွန်ုပ်သည် Rick Warren ၏ အသင်းတော်ကိုလည်း ရောက်ခဲ့ပြီးပါပြီ။ Dallas မြို့ရှိ ပထမနှစ်ခြင်းအသင်းတော် တွင်လည်း တက်ရောက်ခဲ့ပြီးပြီ။ BBFI အသင်းတော်များတွင်လည်း တက်ရောက်ခဲ့ဖူးပြီ။ သူတို့ည် “သူတပါးရှေ့တွင်ချထားစရာဘာမျှမရှိကြောင်း” ကို မသိကြသည့် ဘိန်းသမားများ နှင့်တူကြကြောင်း တွေ့ရှိရပါသည်။

အဖြေမှာ အပိုဒ် ၉ နှင့်၁၀ တွင် တွေ့ရပါသည်။

“တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာ ကြာလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက် လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူ လည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။ သင်တို့ တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘ သည် ကျောက်ကိုပေးမည်လော။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော။ ဥကိုတောင်းလျှင် ကင်းမြှီးကောက်ကိုပေး မည်လော။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ်လော ဟု မိန့်တော်မူ၏။” ( လုကာ ၁၁း ၉-၁၃ )

ကောင်းကင်ဘုံ၌ရှိသော သင်တို့အဘသည် “ဆုတောင်းသောသူတို့အား သန့်ရှင်း သောဝိညာဉ်တော်ကို သာ၍ပေးမည်” ဟုဆိုသောကြောင့် ရှာရန်၊ ခေါက်ရန်၊ တောင်းရန် မိန့် ဆိုခြင်းဖြင့် သာဓကလေးကို ယေရှုက အဆုံးသတ်လိုက်သည်။ ( လုကာ ၁၁း ၁၃ ) ဆက်လက် ဆုတောင်းပါ ( ၎င်းမှာ ဂရိစကားလုံး၏အဓိပါယ်ပင်ဖြစ်ပါသည်။ ) ဆက်လက်ရှာဖွေရန်၊ ဆက် လက်၍ခေါက်ရန်ဖြစ်သည်။ ဆက်လက်တောင်းလျှောက်ရန်ပင်ဖြစ်ပါသည်။

ဤအစီအစဉ်တွင် သန့်ရှင်းသောဝိညာဉ်တော်ရှိတော်မူကြောင်းကို သင်တို့သိမြင်ရပါ သည်။ သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် ယေရှုသည် အလွန်ပင် အရေးပါကြောင်း တွေ့ ရှိရပါသည်။ ယေရှုသည် မျက်မှောက်တော်ထင်ရှားတော်မမူလျှင်၊ အဘယ်သူမျှကယ်တင် တော်မူခြင်းသို့ ရောက်မည်မဟုတ်ပါ။ အပိုဒ်ငယ် ၈ တွင် ကယ်တင်ရှင်၏ မိန့်တော်မူချက်ကို ဆင်ခြင်ကြပါစို့။

“ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေး သော်လည်း၊ အားမလျော့ဘဲတောင်း၍နေသောကြောင့် ထ၍လို ချင်သမျှကို ပေးလိမ့်မည်။” ( လုကာ ၁၁း ၈ ) )

KJV ကျမ်းစာအုပ်တွင် “အပူတပြင်း”ဟုအနက်ဖွင့်ဆိုထားသော ဂရိစကားလုံး၏အဓိပါယ်မှန် မှာ “အရှက်တရားကင်းလျက်ပြုလုပ်ခြင်း” ဟု ဆိုလိုသတည်း။ ဆက်လက်လုပ်ဆောင်ခြင်း ဟူသည်မှာ အစီအစဉ်တစ်ခုချင်းစီအတွက် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို တောင်း လျှောက်ခြင်းပင်ဖြစ်ပါသည်။ သဲကန္တာရတွင် ရရှိသည့် “မန္န” သည် တစ်ညလုံး သိမ်းထားလျှင် ပုတ်သိုးသွားမည်။ ထိုနေ့အတွက်သာဖြစ်ပါသည်။ ဆုတောင်းခြင်းအစီအစဉ်နှင့်ဝတ်ပြုခြင်းအ စီအစဉ်သည် ဆုတောင်းခြင်းအစီအစဉ်တိုင်းနှင့်ဝတ်ပြုအစီအစဉ်တို့တွင် ဆုတောင်းခြင်းကို “အရှက်ကင်းကင်းဆက်လက်လုပ်ဆောင်နိုင်ခြင်း” မရှိလျှင် ပုတ်ပျက်သွားနိုင်သည်။

ကျွန်ုပ်တ်ို့သည် ယေရှုခရစ်တော်အား ဝတ်ပြုအစီအစဉ်ထဲက နှင်ထုတ်လိုက်ကြပါ သည်။ ဗျာဒိတ်ကျမ်းတွင်တွေ့ရသည့် လောဒိကိအသင်းတော်က ယေရှုကို နှင်ထုတ်သကဲ့သို့ ပင်ဖြစ်ပါသည်။ ၎င်းမှာ မပူမအေး အသက်တာပုံစံဖြစ်ပါသည်။ အပူလည်းမရှိ။ လျှပ်စီးလက် ခြင်းလည်းမရှိပါ။ ခိုင်မာသောသီဆိုကျူးဧခြင်းလည်းမရှိပါ။ တရားဒေသနာဟောပြောခြင်း လည်းမရှိပါ။ နိုးထမှုမရှိသည့် ကျမ်းပိုဒ်တစ်ခုချင်းစီ ရှင်းပြခြင်းသာရှိပါသည်။ တရားဒေသနာ ကို ရှင်းပြခြင်းဖြင့် ဟောပြောခြင်းတွင် သန့်ရှင်းသောဝိညာဉ်တော် မလိုအပ်ပါ။ ရှင်းပြတရား ဒေသနာက ဦးနှောက်သာအရေးကြီးပါသည်။ ဧဝံဂေလိတရားဒေသနာသည် စိတ်နှလုံးကို စ ကားပြောပါသည်။ စိတ်နှလုံးကို စကားပြောပါသည်။ စိတ်နှလုံးကို စကားပြောပါသည်။ “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။” ( ရောမ ၁၀း ၁၀ ) ဦးနှောက်နှင့် မဟုတ်ဘဲ စိတ်နှလုံးဖြင့် ယုံကြည်ရပါသည်။ စိတ်တစ်ခုတည်းဖြင့်လည်း မဟုတ်ပါ။ ခရစ်တော် သည် စိတ်နှလုံးဖြင့်စကားပြောရသည်။ သို့မဟုတ် အဘယ်သူမျှ ကယ်တင်တော်မူခြင်းသို့မ ရောက်နိုင်။ သို့မဟုတ် အဘယ်သူမျှ နိုးထမှုမဖြစ်နိုင်ပါ။ သို့မဟုတ် အဘယ်သူမျှ အသက်မုန့် ကို မြည်းစမ်းမည်မဟုတ်ပါ။ ယေရှုကို မပူမအေး ဧဝံဂေလိနှင့်နှစ်ခြင်းဝတ်ပြုအစီအစဉ်များကို ဖယ်ရှားကြပါသည်။ ဖယ်ရှားကြသည်။ ဖယ်ရှားကြသည်။ ဖယ်ရှားကြသည်။ ဖယ်ရှားကြသည်။ ယေရှုက “ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏” ဟု မိန့်ဆိုထားသည်။ ( ဗျာဒိတ် ၃း ၂၀ ) သူသည် အသင်းတော်အပြင်ဘက်တွင်နေပြီး အဘယ့်ကြောင့် ခေါက်လျက်နေသနည်း။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သူ့အား အပြင်ထုတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သာလျှင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အစီအစဉ်တစ်ခုချင်းစီတိုင်းတွင် သန့်ရှင်းသောဝိညာဉ် တော်အား ဆုမတောင်းလျှင် ထိုအစီအစဉ်တွင် ယေရှုရှိမည်မဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ် တော်တည်နေသည့်နေရာ၌သာ ယေရှုရှိနေခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဆု တောင်းသည့်အချိန်တွင်သာ မျက်မှောက်တော်တွင် ရောက်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တုိ႔ ဆုတောင်းသော အချိန်၌သာ မျက်မှောက်တော်ကျိန်းဝပ်သည်။ ကျွန်ုပ်တို့၏ဝတ်ပြုအစီအစဉ် အများစုသည် ကစ်သိုလစ်အစီအစဉ်တစ်ခုထက် မပိုပါ။ သင်တို့ တွေ့မြင်ပြီးသားဖြစ်ပေမည်။ သင်တွေ့မြင်ပြီးသားဖြစ်ပေမည်။ တကယ်တော့ ကစ်သိုလစ်များထက်ပင် သေလျက်နေပါ သည်။ ထို့အပြင် ထိုသို့ဆိုခြင်းမှာ မှန်ကန်ကြောင်း သင်တွေ့ရှိရပါမည်။

“ကျွန်ုပ်အဆွေခင်ပွန်းတယောက်သည်…….သူ့က်ို ကျွေးစရာမရှိ သောကြောင့်။” ( လုကာ ၁၁း ၆ )

ထိုညသန်ခေါင်ချိန်တွင် ထိုသူတောင်းဆိုသော “မုန့်” ကား အဘယ်အရာဖြစ်သနည်း။ သူသည် အိမ်နီးချင်း၏တံခါးကို ထုသောအခါ အဘယ်အရာကို အလိုရှိခဲ့သနည်း။ သူရှာဖွေ သောမုန့်၊ သူခေါက်သောမုန့်၊ သူတောင်းဆိုသောမုန့်မှာ ယေရှုကိုယ်တိုင်ပင်ဖြစ်ပါသည်။ အပြစ်သားသည် နောက်ထပ်အဘယ်အရာကို လိုအပ်သနည်း။ အပိုဒ်ငယ် ၁၃ အဆုံးပိုင်းတွင် ယေရှုက “ကောင်းကင်ဘုံ၌ရှိသောသင်တို့အဘသည် တောင်းသောသူအား ဆုတောင်းသော သူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်” ဟု အဆုံးသတ်ထားတော်မူ ခဲ့သည်။ ( လုကာ ၁၁း ၁၃ )) Scofield က ဤနေရာတွင် အချက်ကို လွဲသွားသည်။ ဆုတောင်း စစ်သည်တို့သည် သန့်ရှင်းသောဝိညာဉ်ကိုယ်တိုင်ကို တောင်းကြမည်မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်က နှလုံးသားကိုဖွင့်ပေးပြီး ယေရှုထံသို့ နီးစေတော်မမူလျှင် ယေရှုကို လုံးဝကိုး စားယုံကြည်ဖို့မဖြစ်န်ိုင်သော ပျောက်ဆုံးသောမိတ်ဆွေအတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ဆုတောင်းပေးမူမည်။

“အကျွန်ုပ်အဆွေခင်ပွန်း တယောက်သည် ခရီးမှလာ၍ အကျွန်ုပ် ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိပါ။”

ဘုရားသခင်သည် သင်၏ဆုတောင်းချက်ကို နားထောင်ညောင်းပြီးသန့်ရှင်းသောဝိညာဉ်တော် ကို ပေးတော်မမူလျှင်၊ ပျောက်ဆုံးသောသူတို့အား သင်ပေးရမည့်အရာမရှိတော့ပါ။ ဒေါက်တာ John R. Rice က ထိုအကြောင်းကို ကောင်းစွာ ဖော်ပြထားပါသည်။

     ဆုတောင်းခြင်းအကြောင်းနှင့်ပတ်သက်ပြီး ဤသင်ခန်းစာ အဆုံးပိုင်းအထိ ယေရှုသည် တိကျသောစကားလုံးကို ထားရှိခြင်း မရှိပါ။ သူသည် တပည့်တော်များအား နိုးထမှု၊ အပြစ်သားအား အ ပြစ်ကိုမြင်စေခြင်း၊ ပြောင်းလဲစေခြင်း၊ ဘုရားလူတို့အား ဥာဏ်ပ ညာ၊ နှင့်တန်ခိုးနှင့်ခေါင်းဆောင်မှုပညာကိုပေးသော သန့်ရှင်း သောဝိညာဉ်တော်အတွက် ဆုတောင်းရန် သင်ကြားပေးခဲ့သည်။ အပြစ်သားများအတွက် မုန့်ကိုတောင်းလျှင် ကျွန်ုပ်တို့က ဘုရား သခင်၏ဝိညာဉ်တော်လိုအပ်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ (Rice, ၎င်း၊ စာ- ၉၆ )

သင်တို့တွင် ပျောက်ဆုံးလျက်ရှိနေသေးသော သင်တို့အား ငါတိုက်တွန်းသွေးဆောင် ပါ၏။ ယေရှုခရစ်သည် သာဓကတွင် မုန့်ဖြစ်သည်။ သခင်ယေရှုခရစ်သည် အခြားအရာထက် သင်လိုအပ်သောအရာဖြစ်သည်။ သင့်အသင်းတော်ဝတ်ပြုအစီအစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော်မမူလျှင် သင့်အပြစ်ကို သိမြင်လာလိမ့်မည်မဟုတ်ပါ။ ယေရှုက ဤသို့မိန့်ဆိုပါသည်။

“ဥပဇ္စျယ်ဆရာသည်ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို ဖော်ပြလိမ့် မည်။” (ယောဟန် ၁၆း ၈ ) )

သင်တို့ကဲ့သို့ အပြစ်ထဲ၌ပျောက်ဆုံးနေသောသူတို့သည် စိတ်နှလုံးထဲတွင် အပြစ်၏မကောင်း မှုကိုသိမြင်စေဖို့ ကြွဆင်းလာရန် ကျွန်ုပ်တို့ဆုတောင်းပဌနာပြုပါသည်။ သင့်စိတ်နှလုံး၏ခိုင်မာ သောအပြစ်ကို နက်နက်နဲနဲသိမြင်လာရန် လုပ်ဆောင်ဖို့ ဆုတောင်းကြပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့လုပ်ဆောင်ထားခြင်းမရှိလျှင် ခရစ်တော်လိုအပ်ကြောင်းကို လုံးဝသိ မြင်လာမည်မဟုတ်ပါ။

ထို့နောက် သင်သည် ပြည့်၀သောကယ်တင်ခြင်းတရားကိုရရှိဖို့ရန် ခရစ်တော်ထံနီးစေ ဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား ဆုတောင်းပဌနာပြုရမည်။ ကယ်တင်ရှင်က ဤသို့ ဆိုပါသည်။

“ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မ မူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။” ( ယောဟန် ၆း ၄၄ ) )

ယေရှုထံသို့ သင့်အား နီးကပ်စေရန် ဘုရားသခင်၏ဝိညာဉ်အား ဆုတောင်းပဌနာပြုရမည်။ အ ကြောင်းမှာ ယေရှုသာလျှင် သင့်အား အပြစ်နှင့်ငရဲမှ ကယ်တင်နိုင်သည်။

ယခုထိတိုင် သင်သည် ဧဝံဂေလိတရားကို ကြားသိရသည်။ ယေရှုသည် သင့်အပြစ် အတွက် အကြွေးဆပ်ရန် လက်ဝါးကပ်တိုင်တွင် အသေခံကြောင်းကို ကြားသိခဲ့ရသည်။ ယေရှု ၏အသွေးတော်သည် သင့်အပြစ်အလုံးစုံကိုဆေးကြောပြီး ဘုရားသခင်၏မျက်မှောက်တော်၌ ဖြောင့်မတ်စေကြောင်းကို ၾကားသိခဲ့ရသည်။ ယေရှုသည် သေခြင်းမှထမြောက်ကြောင်းကို ကြားသိခဲ႔ရသည်။ ယေရှုသည် ကောင်းကင်ဘုံတွင်အသက်ရှင်လျက်ရှိကြောင်း၊ သင့်အတွက် ဆုတောင်းပေးနေကြောင်းကိုသာ ကြားသိခဲ့ရသည်။ သင်သည် ထိုအချက်များကို ၾကားသိခဲ့ရ သော်လည်း သင့်အသက်တာတွင် တွေ့ကြုံဖူးခြင်းမရှိပါ။ အသင်းတော်တနင်္ဂနွေနေ့ တနင်္ဂနွေ ပြီးနောက်ပိုင်းတွင် ထိုင်နေတော်မမူလျှင် ဤအရာများကို လုံး၀ အသက်တာတွင် တွေ့ကြဳံရ မည်မဟုတ်ပါ။ ကြိမ်ဖန်များစွာ ကြားနေရခြင်းသာဖြစ်ပါသည်။ ထိုအချက်တွေထက်များစွာ သောအရာကိုကြားသိရသည်ထက် သင့်အသက်တာတွင် ဖြစ်ပျက်နေပါသည်။ သို့မဟုတ်လျှင် ကယ်တင်ခြင်းသို့ရောက်နိုင်မည်မဟုတ်ပါ။

သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်းသက်လာပြီး အပြစ်သားဖြစ်ကြောင်း သိစေ ပါမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကြွလာပြီး ခရစ်တော်နှင့်နီးစေပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကြွဆင်းလာပြီး ဘုရား-လူကို အသက်ရှင်သောခရစ်တော်နှင့်တွေ့ကြုံစေ မည်။ ကယ်တင်ရှင်ထံ သာ၍နီးစေရန်မှာ အံ့ဩဘွယ်ရာပင်ဖြစ်ပါသည်။ သင့်အသက်တာတွင် ဒုတိယမွေးခြင်းတည်းဟူသော အံ့ဩဘွယ်ရာဖြစ်လာပါမည်။ သင့်အသက်တာတွင် အံ့ဩ ဘွယ်ရာကိုဖြစ်စေသူမှာ သန့်ရှင်းသောဝိညာဉ်တော်သာလျှင် ဖြစ်ပါသည်။ သင့်ဝိညာဉ်ရေးရာ လိုအပ်ချက်နှင့်ပြည့်၀စေရန် ဝိညာဉ်တော်က အလုပ်လုပ်ဆောင်တော်မူခြင်းမရှိလျှင်၊ သန့်ရှင်း သောဝိညာဉ်တော်သည် ဝတ်ပြုအစီအစဉ်တွင် ရှိတော်မမူလျှင် ၊ သူသည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မမူလျှင် ကျွန်ုပ်တို့ပြောဆိုနိုင်သည်မှာ ဤကဲ့သို့ပင်ဖြစ်ပါသည်။

“ကျွန်ုပ်အဆွေခင်ပွန်းတယောက်သည်…….သူ့က်ို ကျွေးစရာမရှိ သောကြောင့်။” ( လုကာ ၁၁း ၆) )

ထို့ကြောင့်သာလျှင် ကယ်တင်ခြင်းအတွက် ဆုတောင်းနေရခြင်းဖြစ်ပါသည်။ ဆက် လက်ပြီး တောင်းလျှောက်နေရခြင်းလည်းဖြစ်ပါသည်။ ဆက်လက်ပြီး ရှာနေရခြင်းလည်းဖြစ်ပါ သည်။ ဆက်လက်ပြီး ခေါက်နေရခြင်းအကြောင်းရင်းလည်းဖြစ်ပါသည်။ ဘုရားသခင်သည် ကောင်းကင်ကိုဖွင့်ပြီး သင့်ကိုပြောင်းလဲစေပြီး ထာဝရအသက်ကိုပေးရန် သန့်ရှင်းသောဝိညာဉ် တော်အား စေလွှတ်သည်အထိ ဆက်လက်လုပ်ဆောင်ရန်ဖြစ်ပါသည်။ ယေရှုက “ခမည်း တော်သည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးသည်” ဟု မိန့် တော်မူသတည်း။ ( လုကာ ၁၁း ၁၃ ) ကျွန်ုပ်တို့သည် သင့်အဖို့ ဆုတောင်းလျက်နေကြသည်။ သင့်အပြစ်ကိုမြင်စေရန်၊ သင့်အား အံ့ဩဘွယ်ရာပြောင်းလဲခြင်းဖြင့် ခရစ်တော်ထံသို့ပို့ဆောင် ပေးရန် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ပေးရန်ပင်ဖြစ်ပါသည်။ ခရစ်တော်သည် ၎င်း၏ အသွေးတော်ဖြင့် သင့်အပြစ်ကိုဆေးကြောတော်မူမည်။ ခရစ်တော်သည် သင့်အား ဖြောင့်မတ် ခြင်းဝတ်လုံဖြင့် ရစ်ပတ်တော်မူခဲ့သည်။ ဘုရားသခင်ကိုချစ်ပြီး အပြစ်ကိုမုန်းသည့် စိတ်နှလုံး ကိုလည်းပေးထားသည်။ ကျောက်နှလုံးကိုယူ၍ အသားနှလုံးကို ပေးတော်မူမည်။ “အကြောင်း မူကား သင်သည် ဆုတောင်းသောကြောင့်ဖြစ်သည်။” သီချင်းသီဆိုကြပါစို့။

သင့်အဖို့ဆုတောင်းနေသည်၊ သင့်အဖို့ ဆုတောင်းနေပါသည်၊
   သင့်အဖို့ ဆုတောင်းနေပါသည်။
သင့်အဖို့ ကျွန်ုပ်ဆုတောင်းနေပါသည်။
   (“သင့်အဖို့ဆုတောင်းနေပါသည်။” S. O’Malley Clough, ၁၈၃၇-၁၉၁၀ )

ကျွန်ုပ်တို့သည် လွန်ခဲ့သောတနင်္ဂနွေညက သန့်ရှင်းသောဝိညာဉ်တော်အဖို့ ဆု တောင်းကြပါသည်။ အားလုံးသွားပြီးနောက်တွင် ဒေါက်တာ Cagan နှင့်ထိုင်နေခဲ့ကြသည်။ ထို့ နောက် Tom Xia သည်လာ၍ ကယ်တင်ခြင်းသို့ရောက်သည်။ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်လာခဲ့သည်။ အာမင်၊ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. John Samuel Cagan က ကျမ်းစာဖတ်ကြားသည်။ လုကာ ၁၁း ၅- ၁၃
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
     “သင်အဖို့ဆုတောင်းနေသည်။"၊ (S. O’Malley Clough, ၁၈၃၇-၁၉၁၀ ရေးစပ်သည်။ )