Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကယာဖ- ခရစ်တော်
အသေသတ်ခြင်းအစီအစဉ်ချမှတ်သောသူ

CAIAPHAS – THE MAN WHO
PLANNED THE MURDER OF CHRIST!
(Burmese)

ဒေါက်တာ R. L. Hymers, Jr. ရေးသားသော တရားဒေသနာကို
လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ ခုနှစ်
ဧပြီလ ( ၉ ) ရက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင်
မစ္စတာ John Samuel Cagan က ဟောကြားသည်။
A sermon written by Dr. R. L. Hymers, Jr.
and preached by Mr. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 9, 2017

“ထိုသူတို့အဝင်၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖအ မည်ရှိသောသူက၊ သင်တို့သည် အလျင်းမသိကြ။ ယုဒလူမျိုးအကုန်အ စင်ပျက်စီးသည်ထက်၊ လူတယောက်သည် လူများတို့အတွက် သေ သော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်းပါတကားဟု ပြောဆို၏။ ထိုစကားကို ကိုယ်အလိုအလျောက်ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအ တွက် သေရမည်ဟူ၍၎င်း၊ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှါ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဥာဏ်နှင့်ဟောပြော၏။ ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။” ( (လုကာ ၁၁း ၄၉- ၅၃ ) )


ဤအဖြစ်အပျက်များသည် ခရစ်တော်၏သာသနာလုပ်ငန်း အဆုံးသတ်ပိုင်းတွင် ဖြစ် ပျက်လျက်ရှိခဲ့သည်။ ယေရှုသည် လာဇရုအား သေခြင်းမှထမြောက်စေပြီးနောက်တွင် တော ဘက်သို့ထွက်သွားခဲ့သည်။ သူသည် လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်းမခံမှီ နောက်ဆုံး ရက်သတ္တပတ်တိုင်အောင် ယေရုရှလင်မြို့သို့ ပြန်မလာခဲ့ပါ။ တစ်စုံတစ်ဦးက လာဇရုအား သေခြင်းမှထမြောက်စေခြင်းသည် ဘာသာရေးခေါင်းဆောင်များအား အသိပေးလိုက်ခြင်းဖြစ် သည်ဟု ထင်မှတ်နိုင်သော်လည်း ထိုသို့မဟုတ်ပါ။ ယေရှုက ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။

“သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမ ထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှထမြောက် သော်လည်း မယုံကြည်နိုင်။” ( လုကာ ၁၆း ၃၁ ) )

လူတို့သည် မြင်တွေ့ခဲ့ရသောနိမိတ်လက္ခဏာများဖြင့် မကြာခဏ အသိဝင်ကြသည်မဟုတ်။ သူတို့လိုလားသောနိမိတ်လက္ခဏာမှာ “အပြစ်၌သေလျက်ရှိသော” ( ဧဖက် ၂း ၁ ) ၎င်းတို့စိတ် ဝိညာဉ်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်ကိုမြင်စေခြင်းလုပ်ငန်းပင်ဖြစ်ပါသည်။ လူတစ်ဦးသည် အပြစ်ကို အံ့ဩစရာကောင်းလောက်အောင် မြင်တွေ့လာခြင်းမရှိလျှင် သူ သည် ပြောင်းလဲလာစရာအကြောင်းမရှိပါ။ “သေခြင်းမှထမြောက်သောသူရှိသောလည်း” ( လု ကာ ၁၆း ၃၁ ) သူသည် ပြောင်းလဲလာမည်မဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏အပြစ်ကို သိမြင်စေသည့်နိုးထမှုသည် လူတို့အား အပြစ်အတွက် ခံစားစေခြင်းဖြစ်ပြီး ၎င်းမှာ စစ်မှန် သောပြောင်းလဲခြင်းတရားတွင် တွေ့ကြုံရမည့် အံ့ဩဘွယ်ရာပင်ဖြစ်ပါသည်။

နိမိတ်လက္ခဏာသည် ဘုရားကိုဆန့်ကျင်ပုံကန်သည့် ၎င်းတို့၏စိတ်နှလုံးသားကို ပိုမို ၍ပင်ခိုင်မာစေနိုင်သေးသည်။ ယခုတွင် ဖာရိရှဲနှင့်ဇက္ဒုကဲများက ယေရှုသည် “နိမိတ်လက္ခဏာ များစွာ” လုပ်ဆောင်နေသည်ကို မြင်ကြသောအခါ သူတို့သည် ဆန်ဟင်ဒရင်း ( ယောဟန် ၁၁း ၄၇ ) ကော်မတီ “အစည်းအဝေး” ကို ခေါ်၍ စုဝေးကြသည်။ ထိုအစည်းအဝေးတွင် ထူး ဆန်းထွေလာအဖြစ်အပျက်များဖြစ်ပျက်ခဲ့သည်။ ယဇ်ပုရောဟိတ်မင်းကယာဖက ခရစ်တော် နှင့်စပ်လျဉ်းသည့် မှန်ကန်သောပရောဖက်ပြုချက်ကိုပေးခဲ့သည်။ ဓမ္မသစ်အနက်ဖွင့်ကျမ်းက အဓိပါယ်ကို ဤသို့ဖွဲ့ဆိုထားသည်။ ကယာဖသည် “ သင့်မြတ်ခြင်း သို့မဟုတ် တရားမျှတ ခြင်း၏ အဓိပါယ်ကိုနားမလည်ဘဲ ကြိုးကိုင်ချယ်လှယ်သူ၊ အခွင့်အရေးသမားတစ်ယောက်ဖြစ် သည်။ အပြစ်မဲ့သောသူ၏အသွေးသွန်းခြင်းမှ ကြောက်ရွံ့ခြင်းမရှိ။ ( သူလုပ်ဆောင်ခဲ့သောအ ရာကိုပြုသောခြင်းသည် ) လူတို့အတွက်လိုအပ်သောအရာတစ်ခုဖြစ်သကဲ့သို့ လုပ်ဆောင်ပါ သည်။ကယာဖသည် ယေရှုကို မနာလိုဖြစ်သည်။ ကယာဖမိမိ၏တကိုယ်ကောင်းလိုအပ်ချက် ကြောင့် ယေရှုကို သတ်လိုသည်။ ယေရှုအပေါ်အပြစ်စီရင်ခြင်းကို အကျိုးသက်ရောက်စေရန် လိမ္မာကျွမ်းကျင်သောတွက်ချက်မှု၏အကျိုးအနေဖြင့် စက်ကိရိယာများကို အသုံးပြုထားသည်။ သူသည် လှည့်ဖြားတတ်သောသူဖြစ်သည်။ သူသည် ခရစ်တော်၏အပြစ်စွဲချက်တင်စရာ ကောင်းသည်ဟု ထင်မြင်သောအရာကို တွေ့သောကြောင်း သူ့စိတ်နှလုံးထဲတွင် ပျော်ရွှင်မြူး ထူးမှုနှင့်ပြည့်နှက်လာသောအခါ ရှုပ်ထွေးသောသောက၏ အောင်မြင်မှုကိုရရှိသကဲ့သို့ ယဇ်ပု ရောဟိတ်အဝတ်ကို ဆုပ်ဖြဲပစ်လိုက်သည်။ ကယာဖသည် ထိုကဲ့သို့သောသူဖြစ်သည်။ Josephus, Antiquities, XVIII, 4:3” ကိုလည်း ကြည့်ရှုပါ။ (William Hendriksen, Th.D., ဓမ္မသစ်အနက်ဖွင့်ကျမ်း၊ Baker Book House, ၁၉၈၁၊ အတွဲ ၁၊ စာ- ၁၆၃၊ ယောဟန် ၁၁း ၄၉-၅၀ မှတ်စု) နောက်တဖန် ဤမကောင်းဆိုးဝါးယဇ်ပုရောဟိတ်မင်းသည် ပရောဖက်ပြုချက် တစ်ခုကိုတောင် ပေးခဲ့သေးသည်။ ဓမ္မဟောင်းကျမ်းတွင် ဗာလမ်ကဲ့သို့ပင် ဤမကောင်းဆိုး သွင်းသောလူသည် မှန်ကန်သောပရောဖက်ပြုချက်ကို နောက်ဆုံးတွင် ပေးခဲ့သေးသည်။

“ထိုသူတို့အဝင်၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ အမည်ရှိသောသူက၊ သင်တို့သည် အလျင်းမသိကြ။ ယုဒလူမျိုး အကုန်အစင်ပျက်စီးသည်ထက်၊ လူတယောက်သည် လူများတို့အ တွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်းပါ တကားဟု ပြောဆို၏။ ထိုစကားကို ကိုယ်အလိုအလျောက်ပြော ဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှု သည် ထိုအမျိုးအတွက် သေရမည်ဟူ၍၎င်း၊ ထိုအမျိုးအတွက် သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သား များကိုအတူစုဝေးစေခြင်းငှါ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဥာဏ် နှင့်ဟောပြော၏။” ( ယောဟန် ၁၁း ၄၉-၅၂ ) )

သို့ရာတွင် သမ္မာကျမ်းစာက ဤသို့ဆိုထားသည်။

“ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည် ကြ၏။” ( ယောဟန် ၁၁း ၅၃ )

ရက်သတ္တပတ်ကြာပြီးနောက်တွင် ကယာဖက ယေရှုသည် ဂေသရှေမာန်ဥယျာဉ်အ တွင်းဆုတောင်းလျက်နေစဉ်တွင် တဲတော်အစောင့်တပ်အချို့ကိုစေလွှတ်၍ ဖတ်စေသည်။ ထို အစောင့်တို့သည် ယေရှုအား ကယာဖထံသို့ခေါ်ဆောင်သွားခဲ့ကြပြီး ကယာဖက “ဘုရားသခင် ၏သားတော် ခရစ်တော်ဖြစ်သလော” ဟုမေးလေသည်။ ( မဿဲ ၂၆း ၆၃ )) ယေရှုက အတည် ပြုချက်ပေးပြီး ဖြေဆိုခဲ့ပါသည်။

“ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤ သူသည် ဘုရားကို လွန်ကျူး၍ပြောပြီ။ အဘယ်သက်သေကို လို သေးသနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ကြားရပြီ။ အဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။ ထိုအခါ မျက်နှာတော်ကို တံထွေးနှင့်ထွေးကြ၏။ လက်သီးနှင့်ထိုး ကြ၏။ အချို့တို့သည်လည်း ပါးတော်ကိုလက်နှင့်ပုတ်၍၊ အချင်း ခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟု ဆိုကြ၏။” ( မဿဲ ၂၆း ၆၅ - ၆၈ ) )

ယဇ်ပုရောဟိတ်သည်လူတို့အရေးကို အပြည့်အဝဆောင်ရွက်ခွင့်မရှိပေ။ ထို့ကြောင့် ကယာဖ သည် ယေရှုအား ရောမဧကရာဇ်ဖြစ်သော ပုန္တိပိလတ်မင်းထံသို့ပို့ဆောင်ခဲ့သည်။ ရောမအစိုးရ က သူ့အား လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ရန် တောင်းဆိုခဲ့သည်။

ဤကဲ့သို့ အတ္ထုပတ္တိနှင့်ဆိုင်သောအကြောင်းအရာကို ဖော်ထုတ်ရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။ သို့ရာတွင် ခရစ်တော်လက်ဝါးကပ်တိုင်တွင် အသေခံရရန် အစီအစဉ်ချမှတ်ခဲ့ သော ယဇ်ပုရောဟိတ်မင်း ယောရှဖကယာဖ၏ စကားနှင့်လုပ်ဆောင်ချက်များမှ ယေဘုယျ အဆုံးသတ်ချက်နှစ်ချက်ကို ဆွဲထုတ်နိုင်ပါသည်။

၁။ ပထမအချက်၊ ကယာဖသည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်။ ခရစ် တော်၏ကိုယ်စားခံယဇ်ပူဇော်ခြင်းအကြောင်းနက်နဲသော သမ္မာတရားကိုပင် ပြောဆိုခဲ့သည်။

ကယာဖသည် ယဇ်ပုရောဟိတ်မင်းအာန၏သားစြဖ်သည်။ သူသည် ယဇ်ပုရောဟိတ် ရာထူးကို ၁၈ နှစ်အရွယ်ကတည်းက ဆက်ခံခဲ့သည်။ ထိုခေတ်ထိုအခါက ယဇ်ပုရောဟိတ်ရာ ထူးလက်ခံသူများထက် ပိုမိုရှည်ကြာခဲ့သည်။

ကံမကောင်းစွာဘဲ၊ သူသည် အဘယ်သို့သောသူဖြစ်သည်ကို သိရှိကြသည်။ ဥပမာ အားဖြင့် ဒေါက်တာ Hymers သည် ငယ်ရွယ်စဉ်က “သင်သည် ထိုအကြောင်းမဟောနိုင်ဘူး” သို့မဟုတ် “ဒီလိုမဟောရဘူး” စသဖြင့် ပြောကြသည်မှာ အကြိမ်များစွာပင်ဖြစ်ပါသည်။ ထိုကဲ့ သို့ အချိန်ကာလကြာမြင်လာသည်နှင့် သူတို့၏အကြံပေးတိုက်တွန်းမှုများသည် မှားယွင်း ကြောင်းသိလာရသည်။ သမ္မာကျမ်းစာထဲတွင် သွန်သင်ထားသကဲ့သို့ သမ္မာတရားအကြောင်း ထက် ၎င်းတို့ရာထူးနေရာက ပိုမို၍အရေးပါကြောင်း သူ့အား ပြောသောသူများပင်ဖြစ်ကြပါ သည်။ တရားဟောဆရာတစ်ဦးသည် မိမိအလုပ်ကိုသာ မြဲမြံစေရန် လုပ်ဆောင်နေသောလူတို့ ကို ကျေနပ်စေရန် မလုပ်ဆောင်နိုင်ပါ။ အဘယ်သူကိုမျှလည်း ဝမ်းမနည်းစေနိုင်ပါ။ ကယာဖ သည် ထိုသို့သောသူပင်ဖြစ်ပါသည်။ သူက ယေရှုသည် “နိမိတ်လက္ခဏာများစွာ” လုပ်ဆောင် သည်ကို သိခဲ့သည်။ (ယောဟန် ၁၁း ၄၇ ) သို့ရာတွင် ယေရှုကို နိုင်ငံရေးလုပ်ဆောင်မှုမှရပ် တန့်စေမှုကိုသာ ရပ်တန်စေရန်ဖြစ်သည်။ သူက “သူကို တစ်ဦးတည်းထားရစ်ခဲ့လျှင် တစ်စုံ တစ်ခုကို ဆုံးရှုံးလိမ့်မည်” ဟု ထင်မိသည်။

ယေရှုသည် မိန့်တော်မူသည်အတိုင်း အလုပ်လုပ်သည်။မေတ္တာဖြင့်အလုပ်လုပ်သည်။ ဘုရားသခင်အား နာခံလျက်ရှိသည်။ ကယာဖက သူပြောသည်အတိုင်းအလုပ်လုပ်သည်။ ဘုရားသခင်အကြောင်း တစုံတရာစဉ်းစားဆင်ခြင်းမှုမရှိဘဲ လုပ်ဆောင်သည်။ ယနေ့အသင်း တော်များတွင်လည်း ထိုကဲ့သို့သောသူအများကြီးရှိကြသည်။ ယယာဖသည် ဘာသာတရားကို အလွန်ကိုင်းရှိုင်းသောသူဖြစ်သည်။ ထိုအကြောင်းကို သတိမမူဘဲ ခရစ်တော်၏ကိုယ်စားခံမည့် အကြောင်း သမ္မာတရားကိုလည်း ပြောဆိုခဲ့သေးသည်။

လူတယောက်သည် လူများတို့အ တွက်သေသော် သာ၍ကောင်း သည်ကို သင်တို့သည် မဆင်ခြင်းပါ တကားဟု ပြောဆို၏။ ( ယောဟန် ၁၁း ၅၀ ) )

ထို့ကြောင့် သူက ခရစ်တော်သည် အပြစ်သားများအတွက် ကိုယ်စားပြုအသေခံမည်အ ကြောင်း ဟေရှာယ၏စကားကို ရည်ညွှန်း၍ နက်နဲသောတရားကိုပြောခဲ့သည်။

“ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာထိုး ခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။” ( ဟေရှာယ ၅၃း ၅ ))

သတိပြုကြပါ။ ထိုအရာထဲက အဘယ်အကျိုးမျှမရှိဘဲ ထိုစကားမွတ်ဆိုသည်ကို သိရှိနိုင်ပါ သည်။ ၎င်းမှာ ကယာဖ၏အလုပ်သာဖြစ်ပါသည်။ သူသည် မှန်သောစကားကိုသိသော်လည်း သူ့အသက်တာအတွက် အကျိုးမရှိပေ။

ဤသူသည် သေခြင်းမှ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုဟောပြောသော အခါ ပေတရုအား ခြိမ်းခြောက်သောယဇ်ပုရောဟိတ်မင်းပင်ဖြစ်သည်။ သို့ရာတွင် သူသည် လူတို့ကို ကြောက်ရွံ့သောကြောင့် ပေတရုကို ခြောက်လှန့်ပြီး လွှတ်လိုက်သည်။ ( တမန် ၄း ၂၁ ) တဖန် ကယာဖသည် တမန်တော်တို့ကို ထောင်ပို့သောယဇ်ပုရောဟိတ်လည်းဖြစ်ပါ သည်။( တမန် ၅း ၁၇- ၁၈ ) သို့ရာတွင် ဘုရားသခင်သည် ကောင်းကင်တမန်စေလွှတ်ပြီး ထောင်တံခါးကိုဖွင့်ပေးသဖြင့် လွှတ်လိုက်သည်။ ထို့နောက် ကယာဖက “ကျော်ခဲ့ဖြင့်ပစ်ကြ မည်ကိုစိုးရိမ်သဖြင့် --- အဘယ်အမှုမျှမပြုဘဲ” ဆန်ဟင်ဒရင်းရှေ့သို့ ပေတရုကိုခေါ်ဆောင် လာရန် တာဝန်ရှိသောသူများကို စေလွှတ်ခဲ့သည်။( တမန်တော် ၅း ၂၆ ) လူများစွာတို့က ကယာဖက သူတို့ကို ခဲဖြင့်သောအောင်ပစ်မည်ကို ကြောက်ရွံမှုရှိသဖြင့် သူသည် သူတို့ကို ထိ ခိုက်နာကျင်စေမှုရှိမရှိ တမန်တော်တို့ကို နားထောင်နေကြသည်။ ကလာမေးအမည်ရှိသော ဆန်ဟင်ဒရင်တွင်ရှိသည့် လူတို့အထဲက တစ်ဦးက ကယာဖနှင့်အခြားသူတို့အား ဤသို့ပြော ဆိုလိုက်သည်။

“ယခုလည်း ဤသူတို့ကိုရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံ ဤအမှုသည် လူ၏အကြံ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏အာ ဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ ဟု ပြောဆို၏။” ( တမန် ၅း ၃၈-၃၉ ) )

ကယာဖနှင့်အခြားသောသူတို့သည် ကမေလနှင့်နှုတ်ဆက်ကြသည်။ သို့သော် သူတို့သည် အ ဘယ်အရာကို လုပ်ဆောင်ကြပါသနည်း။ သူတို့သည် ဘုရားသခင်အကြောင်းကို ဆွေးနွေးကြ ပါသလား။ ထိုသို့မဟုတ်ပါ။ သူတို့သည် တမန်တော်တို့ကို ရိုက်ပုတ်၍ “ယေရှုနာမကိုအသုံးပြု ၍ အဘယ်အရာကိုမျှမပြောရန် လွှတ်လိုက်မည်အကြောင်း” အမိန့်ပေးခဲ့ကြသည်။ ( တမန် ၅း ၄၀ )

“ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟော ပြောလျက်နေကြ၏။” ( တမန် ၅း ၄၂ ) )

ထို့ကြောင့် ကျွန်ုပ်တို့သည် ကယာဖကို ချန်ထားခဲ့သည်။ ၎င်းသည် ဧဝံဂေလိတရား နှင့်ခရစ်ယာန်သာသနာကျယ်ပြန့်ဖို့မရပ်တန့်နိုင်သောသူ၊ အားမနည်းစေနိုင်သောသူဖြစ်သည်။ ဘုရားသခင်နှင့်အပြစ်တရားအတွက် နောင်တရခြင်းအကြောင်းကို စဉ်းစားရန် စိတ်နှလုံးထဲ၌ လုံးဝမရှိသူဖြစ်သည်။ သူသည် နိုင်ငံရေးအရမှန်ကန်မှုရှိသူ၊ ဘာသာတရားကိုင်းရှိုင်းသူဖြစ် သော်လည်း ဘုရားသခင်ကို မကြောက်ရွံ့သူဖြစ်သည်။ ထိုသို့ဖြစ်သည်မှာ Josephus ၏ရေး သားပြောဆိုချက်အရ နောက်နှစ်နှစ် အေဒီ ၃၆ တွင် ပိလတ်မင်းနန်းဆက်ခံသူ Vitellus က ယဇ်ပုရောဟိတ်အဖြစ်မှ ထုတ်ပယ်သည်အထိပင်ဖြစ်ပါသည်။ (Antiquities, XVIII: 4, 2) သူ့အားဖယ်ရှားလိုက်ပြီးနောက်တွင် အဘယ်သို့ဖြစ်ကြောင်း မသိရတော့ပါ။ ၎င်း၏အရိုးစုများ ကို ၁၉၉၁ ခုနှစ်တွင် ယေရုရှလင်မြို့တွင် တူးဖော်တွေ့ရှိရသည်ဟု တွေ့ရသည်။ ၎င်းကို နောက်ဆုံးအလောင်းရှိရာဖြစ်နိုင်သည်ဟု ဘူမိဗေဒပညာရှင်များက ယုံကြည်လက်ခံထားပါ သည်။ (Archaeological Study Bible, Zondervan, ၂၀၀၅၊ စာ- ၁၆၀၉၊မဿဲ ၂၆း၃ မှတ်စု) သူ့ကို သတိရစေသည့်အချက်တစ်ခုမှာ “အပြစ်မရှိသောအကျဉ်းသား(ယေရှု) ၏သေခြင်းအ ပေါ် တာဝန်အပြည့်အဝရှိသည်” ဟူသောအချက်သာလျှင်ဖြစ်သည်။ (John D. Davis, D.D., Davis Dictionary of the Bible, Baker Book House, ၁၉၇၈၊ စာ- ၁၁၄ )

၂။ ဒုတိယအချက်၊ ကယာဖသည် ကာဏ္ဍနကဲ့သို့ပင် လုံး၀နောင်တ မရသဖြင့်၊ ကယ်တင်ခြင်းလည်း မရရှိပေ။

ကယာဖနှင့်ကာဏ္ဍနတို့ကြား တူညီသောအရာရှိသည်။ ကာဏ္ဍနက အာဗြေလကဲ့သို့ အသွေးရှိသောယဇ်ပူဇော်ခြင်းကိုပြုရန်လိုသည်ကို သိရှိခဲ့သည်။ သို့ရာတွင် နောင်တမရခဲ့ပေ။ နောင်တရမည့်အစားအာဗြေလကို ရန်ဘက်ပြုသည်။

“ကာဏ္ဍနသည် ညီအာဗေလကို ရန်ဘက်ပြု၌ သတ်လေ၏။” ( ကမ္ဘာဦး ၄း ၈ ) )

ကာဏ္ဍနနှင့်ကယာဖကဲ့သို့သောလူကြားထဲတွင် ဆက်နွယ်မှုရှိကြောင်း ဓမ္မသစ်ကျမ်း၌ တွေ့ရ သည်။ တမန်တော် ရှင်ယောဟန်က ဤသို့ဆိုသည်။

“မာရ်နနှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဏ္ဍနကဲ့သို့မဟုတ်၊ ငါတို့ သည် အချင်းချင်းချစ်ရကြမည်ဟု လာသတည်း။ ကာဏ္ဍနသည် မိမိညီကို အဘယ့်ကြောင့် သတ်သနည်းဟူမူကား၊ မိမိအကျင့် သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။ ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။” ( ၁ယောဟန် ၃း ၁၂- ၁၃ ) )

ကာဏ္ဍနကဲ့သို့သော ကယာဖကို “ဆိုးသွင်းသောသူ” စာတန်က လွှမ်းမိုးထားပါသည်။ ကာဏ္ဍနကဲ့သို့ပင် ကယာဖသည် “လောက” အစိုးရခြင်းကို ခံရသောသူဖြစ်သည်။ စာတန်စ ကားနားထောင်ခြင်းကို လုံးဝရပ်တန့်ခြင်းမပြုပေ။ ဘုရားသခင်ကို အစေခံရန် “လောက” ကို စွန့်ခွါမသွားနိုင်ပါ။ ပင်လယ်သေစာလိပ်ကို ထုတ်လုပ်သည့် ယုဒဂိုရမ်အဖွဲ့အစည်းအကြောင်း တရားအရဆိုလျှင် ကယာဖသည် အလွန်ပင် ဝေဖန်ထိုက်သောသူဖြစ်ကြောင်းဆိုသည်။ တနည်းအားဖြင့် “ဆိုးသွင်းသောယဇ်ပုရောဟိတ်” ပင်ဖြစ်ပါသည်။ (Archaeological Study Bible, ၎င်း)

ကာဏ္ဍုနနှင့်ကယာဖတို့က ဘာသာတရားကိုသာစွဲလန်းပြီး ပျေက်ဆုံးနေသောသူများ ကို ကြောက်မက်ဖွယ်သတိပေးထားလိုက်ပါသည်။ ကာဏ္ဍုနနှင့်ကယာဖတို့နှစ်ဦးစလုံးက အ သွေးတော်ပူဇော်ခြင်းအကြောင်းကို နားလည်ခဲ့ကြသည်။ ကာဏ္ဍုနနှင့်ကယာဖတို့သည် ဘုရား တိုက်ရိုက်စကားပြောသည်ကို ကြားသောသူများဖြစ်ကြပါသည်။ ဘုရားသားတော်သည် ကယာဖအား ကာဏ္ဍုနကိုစကားပြောသကဲ့သို့ (ကမ္ဘာဦး ၄း ၆- ၇ ) တိုက်ရိုက်စကားပြောခဲ့ သည်။ ကာဏ္ဍနနှင့်ကယာဖနှစ်ဦးလုံးက ၎င်းတို့၏ဩတ္တပစိတ်တွင် ဘုရားသခင်၏အသံကို မျက်ကွယ်ပြုကြသည်။ မိမိကိုယ်ဗဟိုပြုသောအသက်တာကိုသာ စွဲလန်းခုံမင်ခဲ့ကြသည်။ ကာဏ္ဍနနှင့်ကယာဖတို့သည် ခရစ်တော်၏နောက်ဆုံးတရားပလ္လင်တွင် ခရစ်တော်ရှေ့မှောက် ၌ ရပ်ရကြပေမည်။ ယေရှုသည် သူတို့အား ဤသို့မိန့်တော်မူလိမ့်မည်။

“ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (မဿဲ ၇း ၂၃ ) )

သူတို့သည် “အံသွားခဲ့ကြိတ် ငိုကြွေးရာ၊ မှောင်မိုက်ရာသို့ ပစ်ချခြင်းခံရကြပေမည်။” ( မဿဲ ၈း ၁၂ ) )

သင်သည် ဘုရားသခင်အကြောင်း အမှန်တကယ် စဉ်းစားဆင်ခြင်မှုရှိမရှိကို ယနေ့ နံ နက်တွင် သင်တို့အား သတိပေးလိုပါသည်။ သင့်အပြစ်အကြောင်း အမှန်တကယ် စဉ်းစားခြင်း ရှိမရှိ သေချာစေလိုသည်။ သင်သည် “မှန်သောအရာ” အမှန်တကယ် ပြောမပြောကို သေချာ စေလိုသည်။ သင့်အပြစ်ကို အမှန်တကယ် သိနားလည်ခြင်းရှိမရှိ သေချာစေလိုသည်။

“ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင် ရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်းဖြစ်စေ ကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြ လော့။” ( ယာကုပ် ၄း ၉ ) )

သင်သည် ကယ်တင်ခြင်းအစစ်အမှန်ရရှိခြင်းရှိမရှိသေချာစေပါ။ ခရစ်တော်ကိုမျက်နှာခြင်းဆိုင် ရင်ဆိုင်ပြီး “သင့်အပြစ်ကိုအသွေးတော်ဖြင့်ဆေးကြောခြင်း” ရှိမရှိကို သေချာစေပါ။ ( ဗျာဒိတ် ၁း ၅ )) အချိန်မစောင့်ပါနှင့်။ ယေရှုထံလာဖို့ မငြင်းပယ်ပါနှင့်။ ဘုရားသခင်သည် သင့်အား အ လျော့ပေးသည်အထိမစောင့်ဘဲ မိမိအပြစ်ကိုမြင်သောစိတ်ထားဖြင့် ပြန်လှည့်လာပါ။

ကယ်တင်ရှင်ကို အချိန်များစွာ ငြင်းပယ်ခဲ့ရ၊
   မိမိအပြစ်ကိုဆွဲကိုင်ရင်း အချိန်ကုန်လွန်စေခဲ့။
မိမိငြင်းပယ်မှုကို အချိန်ကြာမြင့်စွာ ဆင်ခြေပေးခဲ့၊
   သူမရှိဘဲ ပျောက်နေမှန် ကျွန်ုပ်သိလာခဲ့သည်။
နောက်ကျပြီး၊နောက်ကျသွားပြီ၊ သို့သော် တံခါးနားမှာ သူတံခါး ခေါက်၊
   ယေရှု၊ ကယ်တင်ရှင်၊ နောက်ထပ်ခေါ်လျက်နေလေသည်။
(“အချိန်ကြာမြင့်စွာငြင်းပယ်”၊ ဒေါက်တာ John R. Rice, ၁၈၉၅- ၁၉၈၀ )

ဒေါက်တာ Hymers ၊ ကျေးဇူးပြုပြီးရှေ့ထွက်လာကာ အစီအစဉ်ကို အဆုံးသတ်ဆုတောင်း ပေးပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“အချိန်ကြာမြင့်စွာ ငြင်းဆန်ခဲ့သည်။"၊ ( ဒေါက်တာ John R. Rice , ၁၈၉၅-၁၉၈၀ ရေးစပ်သည်။ )


အခှပှေုကမွှး

ကယာဖ- ခရစ်တော်
အသေသတ်ခြင်းအစီအစဉ်ချမှတ်သောသူအကျဉ်းချုပ်

CAIAPHAS – THE MAN WHO
PLANNED THE MURDER OF CHRIST!

Dr. R. L. Hymers, Jr. ရေးသားသော တရားဒေသနာကို
Mr. John Samuel Cagan က ဟောကြားခဲ့သည်။

“ထိုသူတို့အဝင်၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖအ မည်ရှိသောသူက၊ သင်တို့သည် အလျင်းမသိကြ။ ယုဒလူမျိုးအကုန်အ စင်ပျက်စီးသည်ထက်၊ လူတယောက်သည် လူများတို့အတွက် သေ သော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်းပါတကားဟု ပြောဆို၏။ ထိုစကားကို ကိုယ်အလိုအလျောက်ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအ တွက် သေရမည်ဟူ၍၎င်း၊ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှါ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဥာဏ်နှင့်ဟောပြော၏။ ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။” (လုကာ ၁၁း ၄၉- ၅၃ ) )

( (လုကာ ၁၆း ၃၁၊ ဧဖက် ၂း ၁၊ ယောဟန် ၁၁း ၄၇-၄၈၊ ၄၉-၅၂၊ ၅၃၊ မဿဲ ၂၆း ၆၃၊ ၆၅-၆၈ ) )

၁။ ပထမအချက်၊ ကယာဖသည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်။ ခရစ်တော် ၏ကိုယ်စားခံယဇ်ပူဇော်ခြင်းအကြောင်းနက်နဲသော သမ္မာတရားကိုပင် ပြောဆို ခဲ့သည်။ ယောဟန် ၁၁း ၄၇၊ ၅၀၊ ဟေရှာယ ၅၃း ၅၊ တမန်တော် ၄း ၂၁၊ ၅း ၁၇- ၁၈၊ ၂၆၊ ၃၈-၃၉၊ ၄၀၊ ၄၂။

၂။ ဒုတိယအချက်၊ ကယာဖသည် ကာဏ္ဍနကဲ့သို့ပင် လုံး၀နောင်တ မရသဖြင့်၊ ကယ်တင်ခြင်းလည်း မရရှိပေ။ ကမ္ဘာဦး ၄း ၈၊ ၁ယောဟန် ၃း ၁၂-၁၃၊ ကမ္ဘာဦး ၄း ၆- ၇၊ မဿဲ ၇း ၂၃၊ ၈း ၁၂၊ ယာကုပ် ၄း ၉၊ ဗျာဒိတ် ၁း ၅။