Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လူကောင်းဆုံးရှုံးပြီး လူဆိုးကယ်တင်ခြင်းသို့ရောက်သည်။

A GOOD MAN LOST AND A BAD MAN SAVED!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
မတ်လ ( ၅ ) ရက်နေ့ သခင်ဘုရားနေ့ညနေပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 5, 2017

“ကိုယ်ကုသိုလ်ကိုအမှီပြု၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအ ချို့တို့အား မိန့်တော်မူသောဥပမာကား၊ လူနှစ်ယောက်တို့သည် ဆု တောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက် ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တ ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အ ထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်းအ ပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌ မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင်မ ဟုတ်သောကြောင့်ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ်သည် ခုနှစ် ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ၍ ဆုတောင်းပဌနာပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အိုဘုရားသ ခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားခြင်း ကရုဏာစိတ်ရှိတော်မူပါ ဟု ဆုတောင်းလေ၏။ ငါဆိုသည်ကား ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောသူမည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက် လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။” ( (လုကာ ၁၈း ၉-၁၄ ) )


ဤအရာက သာဓကသာလျှင်ဖြစ်ပါသည်။ ကြီးမားသည့် သမ္မာတရားတစ်ခုအကြောင် နှင့်ပါတ်သက်ပြီး ယေရှုပြောခဲ့သည့် ပုံဝတ္ထုသာလျှင်ဖြစ်ပါသည်။ ယေရှုက ဤအကြောင်းတွေ ကို စိတ်ချမှုရှိသူများ၊ မိမိစည်းစိမ်များကို တပ်မက်ကိုးစားသူများ၊ အခြားသူများကို အထင်မြင် သေးသူများအား ပြောပြသည့် သာဓကသာလျှင်ဖြစ်ပါသည်။

ဒေါက်တာ R. A. Torrey သည် ဧဝံဂေလိဆရာကြီးဖြစ်ပါသည်။ ဤအကျမ်းပိုဒ်နှင့် ပါတ်သက်ပြီး မကြာခဏတရားဟောခဲ့သည်။ သူက ဤတရားဒေသနာကို “လူကောင်း ပျောက်၍၊ လူဆိုကယ်တင်ခြင်းခံရ” ဟု ခေါင်းစဉ်တပ်ထားပါသည်။ ဒေါက်တာ Torrey က “သင်တို့တွင် အချို့တို့သည် ဤအကြောင်းနှင့်ပတ်သက်ပြီး အပြစ်ပြောချင်သူတွေလည်း ရှိ ကောင်းရှိနိုင်သည်။ ဤအရာက “လူကောင်းကယ်တင်ခြင်းရပြီး လူဆိုပျောက်တယ်ဆိုတာ ဖြစ်သင့် ပါတယ်။ သို့သော် သင်တို့အဆိုက မှားယွင်းပါတယ်။ ကောင်းစဉ်က ရှင်းပါတယ်။ လူ ကောင်းပျောက်ပြီး လူဆိုကယ်တင်ခြင်းခံရ ဖြစ်ပါသည်။” ခရစ်တော်က ကျွန်ုပ်တို့အား သမိုင်း ကြောင်းလေးကို တင်ပြပေးထားခြင်းဖြစ်ပါသည်။ ခရစ်တော်က လူကောင်းနှင့်လူဆိုအကြောင် ကို မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ခရစ်တော်က လူကောင်းပျောက်လျက် လူဆိုကယ်တင်ခြင်းခံရ ဟူ မိန့်ဆိုထားပါသည်။

ဖာရိရှဲတို့က လူကောင်းများဖြစ်ကြသည်။ သူတို့သည် ဘာသာတရားကိုင်းရှိုင်းသူများ လည်းဖြစ်ကြပါသည်။ ကောင်းစွာလည်း အသက်ရှင်ကြပါသည်။ အခွန်ခံများဟူသည် အခွန် များကို ကောက်ခံနေရသူများဖြစ်ကြပါသည်။ သူတို့ကောင်းနိုင်သမျှ ကောက်ကြပါသည်။ သူတို့သည် လူဆိုဂိုဏ်အဖွဲ့များပင်ဖြစ်ကြပါသည်။ သူတို့ရနိုင်သမျှရတဲ့နည်းဖြင့် ငွေကို ကောက်ခံကြပါသည်။ သူတို့က လူဆိုဂိုဏ်အဖွဲ့များကဲ့သို့ပင်ဖြစ်ကြပါသည်။ များစွာသောအ ရေအတွက်ကိုပေးဖို့ လူများကို တိုက်တွန်းပေးထားပါသည်။ သူတို့သည် ရောမအစိုးရမင်းထံ သို့ အနည်းငယ်သော ငွေကြေးကိုသာ ပြန်၍ ယူဆောင်လာကြပါသည်။ ကျန်တဲ့ငွေများကို မိမိ ဖို့ သိမ်းထားကြပါသည်။ ဂျူးလူမျိုးတို့က သူတို့ကို မုန်းတီးကြပါသည်။ သူတို့ကို ငါးမျှားစာ၊ ဆိုး သွင်းသူများအဖြစ်သာ ထင်မြင်ယူဆခဲ့ကြပါသည်။ အခွန်ခံများက အဆိုးရွားဆုံးသော အပြစ် သားများဖြစ်ကြပါသည်။ သူတို့သည် မတန်တဆတောင်းသူများ၊ သူခိုးများသာဖြစ်ကြပါသည်။ ဤသာဓကတွင် ယေရှုက လူသားမျိုးနွယ်များအကြောင်းကို ပိုင်းခြားထားပါသည်။ လူအတန်း အစားနှစ်မျိုးကို ခွဲထားပြီး မိမိကိုယ်ကို ဖြောင့်မတ်သည်ဟုဆိုသောသူများကား ပျောက်ဆုံးပြီး အပြစ်သားများဟု ထင်ရသောသူများမှာ ကယ်တင်ခြင်းခံရသူများဖြစ်ကြပါသည်။ ပျောက်ဆုံး ပြီး ကယ်တင်ခြင်းရရှိသူများဖြစ်ကြသည်။ ပျက်စီးသူများနှင့်ရွေးချယ်ခံရသူများဖြစ်ကြသည်။ အဖျင်းနှင့်ဂျုံစပါးပင်ဖြစ်သည်။ ကျယ်သောလမ်းမထက်တွင်ရှိသောသူများသည် ငရဲသို့ သွားရ ကြမည်ဖြစ်ပြီး ကျဉ်းသောလမ်းတွင်ရှိသောသူများသည် ကယ်တင်ရာလမ်းသို့သွားသူများဖြစ် ကြပါသည်။ ယေရှုက လူသားမျိုးနွယ်ကို ပိုင်းခြားထားသည်။ ဤနေရာသို့ရောက်ရှိလာကြ သောသူတို့သည်လည်း တစ်ဖွဲ့ဖွဲ့ထဲတွင် ရှိနေမည်အမှန်ပါ။ မည်သည့်အဖွဲ့ထဲတွင် ယနေ့ည ရောက်ရှိနေပါသနည်း။ ယေရှုက “လူနှစ်ယောက်သည် အတူတကွဆုတောင်းခြင်းငှါ ဗိမာန် တော်သို့သွားခဲ့ကြသည်။ တစ်ဦးကား ဖာရိရှဲဖြစ်ပြီး နောက်တဦးမှာ အခွန်ခံဖြစ်သည်” ဟုဆို ထားပါသည်။ ကောင်းသောလူနှင့်ဆိုးသောလူဖြစ်သည်။ သင်ကား မည်သို့သောသူဖြစ်ပါသ နည်း။

၁။ ပထမအချက်၊ လူ“ကောင်း” သည် ပျောက်ဆုံး၏။

“တယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တယောက်တည်း ရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လု ယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်းအပြစ် ရှိသကဲ့သို့ အကျွန်ုပ်၌ မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင်မ ဟုတ်သောကြောင့်ကျေးဇူးတော်ကြီးလှပေ၏။အကျွန်ုပ်သည် ခုနှစ် ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တ ဘို့ လှူပါ၏ဟူ၍ ဆုတောင်းပဌနာပြု၏။ ( (လုကာ ၁၈း ၁၁-) ) ၁၂

လူ့အမြင်မှာတော့ သူသည် လူ“ကောင်း” တစ်ဦးဖြစ်သည်။ သူသည် အကျင့်စာရိတ္တ ကောင်းသောသူလည်းဖြစ်သည်။ သူသည် သန့်ရှင်းစွာ အသက်ရှင်သောသူလည်းဖြစ်ပါသည်။ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်သည်။ ရက်ရောသောသူ၊ လေးစားအတုယူဖွယ်ကောင်း သောသူဖြစ်သည်။ ကျွန်ုပ်မပြောင်းလဲခင်က အခြေအနေကဲ့သို့ပင်ဖြစ်ပါသည်။ ကျွန်ုပ်နှင့်လိုက် ဖက်သောအရာများကိုဝတ်ဆင်ပြီး ဦးလေးနေထိုင်ရာအိမ်အခန်းကို ဖြတ်၍ လမ်းလျှောက် သည်။ အခြားသူများကတော့ အရက်သမားများသာဖြစ်ကြပါသည်။ သူတို့သည် ညောင်စောင်း နှင့်ကြမ်းပြင်များတွင်သာ အိပ်လေ့ရှိကြပါသည်။ ကျွန်ုပ်က အသက် ၁၈ နှစ်အရွယ်သာဖြစ်ပါ သည်။ “ငါက သူတို့ကဲ့သို့မဖြစ်ချင်ဘူး” ဟု ထင်ခဲ့မိသည်။ ကျွန်ုပ်က လူကောင်းကလေးပါ။ မူး ယစ်ဆေးဝါးလည်း မသုံးစွဲခဲ့ပါ။ အရောင်းအစားလည်းမလုပ်ခဲ့ပါ။ ဆေးလိပ်လည်း လုံးဝမ သောက်ပါ။ ကျွန်ုပ်က လူကောင်းလေးပါ။ နှစ်ခြင်းအသင်းတော်အမှုတော်ဆောင်အဖြစ် တရား ဟောရန် ဆက်ကပ်ခဲ့သည်။ အလွန်ကောင်းတဲ့အရာလေးပါ။ ဒါပေမယ့် ပျောက်နေဆဲဆိုတာ တော့မသိပါ။ အခြားကလေးငယ်များလုပ်ဆောင်သည့်အရာကို မလုပ်ဆောင်ခြင်းကြောင့် ဝမ်း သာပီတိဖြစ်ရသည်။ မိမိကိုယ်ကို ဝါကြွားစိတ်တောင်ပေါ်လာခဲ့သည်။ သို့ရာတွင် မိမိအတွက် ဂုဏ်ယူဝါကြွးခြင်းမျှသာဖြစ်ပါသည်။ အမှားတစုံတရာမရှိဟု ထင်ရသည်။ မိမိကိုယ်ကို ကောင်း သည်ဟုသာ ထင်မြင်နေမိသည်။ “ဘုရားသခင်က နောက်ထပ် အဘယ်အရာကို အလိုရှိမည် နည်း” ဟု မိမိကိုယ်ကို မေးခဲ့သည်။ ဘုရားကျောင်းသို့သွားခဲ့သည်။ တနင်္ဂနွေကျောင်းနှင့် တနင်္ဂနွေည ဘုရားကျောင်းလည်း တက်ခဲ့ပါသည်။ တနင်္ဂနွေညနေပိုင်းတွင် Billy Graham တရားဒေသနာဝေငှသည်ကို လေဒီယိုထဲတွင် ကြားခဲ့ရသည်။ တနင်္ဂနွေညတိုင်း ဘုရား ကျောင်းလူငယ်အစီအစဉ်တွင် အဖွဲ့သီချင်းသီဆိုခဲ့သည်။ ကျွန်ုပ်အသက်တာကို ဘုရားသခင် အားပေးသည်။ တရားဟောဆရာအဖြစ် အမှုတော်ထဲ ပါဝင်ခဲ့သည်။ သို့ရာတွင် အနက်နဲဆုံး သောနှလုံးသားထဲတွင် ငြိမ်သက်ခြင်းမရှိ။ သမ္မာကျမ်းစာက “ဘုရားသခင်က ဆိုးသောသူတို့ တွင် ငြိမ်သက်ခြင်းအလျဉ်းမရှိ” ဟု ဆိုပါသည်။ (ဟေရှာယ ၅၇း ၂၁) ဘုရားသခင်က နောက် ထပ်အဘယ်အရာကို အလိုရှိပါသနည်း။ ကျွန်ုပ်သည် ဖာရိရှဲကဲ့သို့သောလူဖြစ်လာခဲ့သည်။

သူသည် မိမိကိုယ်ကို ကိုးစားသည်။ အခြားသူများကို အပြစ်တင်ရှုတ်ချသည်။ သူ သည် အပြစ်သားဖြစ်ကြောင်းကို အခြားသူများထံတွင် မဝန်ခံပါ။ သူ၏ အပြစ်နှင့်ပြည့်နေ သောစိတ်နှလုံးကို မသိမှတ်ပါ။ ဘုရားထက် “သူကိုယ်တိုင်” ဆုတောင်းသည်။ မိမိဖြောင့်မတ် ခြင်းကို ကြွားလုံးထုတ်သည်။ သင်သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ သင်သည် ကိုယ်နည်းလမ်းတွင် ကောင်းမြင်သောသူပြုကြပါသည်။ သင်သည် မိမိကိုယ်ကို လှည့်ဖြားနေ သည်။ စာတန်ကိုသာ နားထောင်နေသည်။ သူသည် သင့်ကို လှည့်ဖြားသည်။ သင်သည် အ ပြင်ပိုင်းတွင် ကိုယ်ကျင့်တရားကောင်းမွန်ဟန်ဆောင်နေသည်။ သို့ရာတွင် အတွင်းစိတ်နှလုံး သည် အပြစ်နှင့်ပြည့်နေသည်။ သမ္မာကျမ်းစာက သင့်စိတ်နှလုံးသည် ကောက်ကျစ်စဉ်းလဲ သည်။ ဆိုးသွင်းသည်” (ယေရမိ ၁၇း ၉) ဆိုပါသည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး တရား ဟောသောအခါ သဘောကျစရာမရှိပါ။ စိုးရိမ်ပူပန်မှုနှင့်မလွယ်ကူမှုကိုသာဖြစ်စေသည်။ မိမိ စိတ်နှလုံးကို စစ်ကြောစီရင်လိုစိတ်မရှိပါ။ သင်သည် အာဒံကဲ့သို့ပင် ဘုရားသခင်ထံက ပုန်း ရှောင်လိုသည်။ မိမိအပြစ်ကို အာဒံကဲ့သို့ ဖုံးအုပ်ထားလိုသည်။ အခြားသူများကိုသာ အာဒံပြု သကဲ့သို့ ပြစ်တင်လိုသည်။ သင်ကို အာဒံကဲ့သို့ ဘုရားသခင်ကျိန်ဆဲပေမည်လော။ သင်သည် ပျောက်ဆုံးနေပါသလော။ ဘာသာတရားနှင့်ကိုယ်ကျင့်တရားတွင် ပျောက်ဆုံးနေပါသလား။ မိမိကိုယ်ကိုလှည့်ဖြားမှုတွင် ပျောက်ဆုံးနေပါသလား။ မှားယွင်းသောမျှော်လင့်ချက်တွင် ပျောက်ဆုံးနေပါသလား။ သင်အရှိအတိုင်း သေသောသူဖြစ်လျှင် သင်သည် ထာဝရကာလ ပတ်လုံး ပျောက်ဆုံးသောသူဖြစ်လိမ့်မည်။

ထာဝရကာလ၊ ထာဝရကာလ၊
ထာဝရကာလတိုင်အောင် ပျောက်ဆုံးနေ။
ထာဝရကာလ၊ ထာဝရကာလ၊
ထာဝရကာလတိုင်အောင် ပျောက်ဆုံးနေသည်။
   (“ထာဝရ”၊ Elisha A. Hoffman, ၁၈၃၉-၁၉၂၉ )

“ဘုရားသခင်က ဘယ်အရာကို ပိုမိုအလိုရှိပါသနည်း” ဟု မိမိကိုယ်ကို မေးမြန်းထားသည်။ ဘယ်အရာမျှ လုံလောက်မှုမရှိပါ။ နေ့တိုင်းနှင့်ညတိုင်း မလွယ်ကူသကဲ့သို့ ခံစားနေခဲ့ရပါ သည်။ သင်လည်း ထိုနည်းအတိုင်း ဖြစ်ပါသလား။ ဤနည်းလမ်းအားဖြင့် ပျော်ရွှင်မှုရှိသည်ဟု မခံစားမိဘူးလား။ ဤနည်းလမ်းဖြင့် ငြိမ်သက်ခြင်းမရှိပေဘူးလား။ “ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မတရားသောသူအဖို့ ငြိမ်သက်ခြင်းမရှိ” ဟူ၍ဖြစ်သည်။ (ဟေရှာယ ၅၇း ၂၁) သင် သည် ကြွယ်၀သော လူငယ်လေးတစ်ဦးအလားဖြစ်နေသည်။ သင်သည် အပြင်ဘက်တွင် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းသော်လည်း အတွင်းစိတ်နှလုံးတွင် စိုးစင်းမျှ မ စဉ်းစားခဲ့ပါ။ ဘုရားပညတ်တော်၏ ဝိညာဉ်ရေးရာသဘောတရားများကို နားမလည်ခြင်းသာ လျှင်ဖြစ်ပါသည်။ ပညတ်တရားဟူသည် စိတ်နှလုံး၏အနည်းငယ်သောတပ်မက်မှုကိုပင် စီရင် တော်မူသည်။ သင်သည် စိတ်နှလုံးသားထဲတွင် လူကောင်းဟု သဘောထားသည်။ သို့သော် ဘုရားမျက်မှောက်တော်တွင် ဘာမျှမဟုတ်သည့် အပြစ်သား သာလျှင်ဖြစ်ပါသည်။ ဤသို့ သေသွားမည်ဆိုလျှင် သင်သည် ထာဝရမီးငရဲထဲသို့သာ သွားရမည်ဖြစ်သည်။

ထာဝရကာလ၊ ထာဝရကာလ၊
ထာဝရကာလတိုင်အောင် ပျောက်ဆုံးနေ။

ဤလူနှင့်ပတ်သက်ပြီး နောက်ထပ်တစ်ခုပြချင်သေးသည်။ သူ၏ဆုတောင်းချက်က သူသည် အဘယ်သို့သောသူဖြစ်ကြောင်းကို ပြသသည်။ သူသည် စုံလျှင်သော အတုအ ယောင်ပင်ဖြစ်ပါသည်။ သူသည် ဘုရားသခင်ကို လုံး၀ အလေးမထားပါ။ သူ၏ “ဆုတောင်း ခြင်း” သည် အပြင်သဏ္ဍာန်နှင့်မှားယွင်းသောအရာသာဖြစ်ပါသည်။ လူတစ်ဦး၏ဆုတောင်း ချက်က သူတို့မပြောင်းလဲသေးကြောင်းကို ပြသသည်။ သူတို့ဆုတောင်းခြင်းသည် မှားယွင်းမှု တွေရှိနေသည်။ သူတို့သည် စက်ရုပ်ဆုတောင်းခြင်းသာလျှင်ဖြစ်ပါသည်။ သူတို့သည် မုသာ သမားများဖြစ်ကြပါသည်။ သူတို့သည် အမှန်တကယ်ဆုတောင်းသူများမဟုတ်ပါ။ သူတို့သည် အခြားသူများအား ဖိအားပေးရန် စကားအားဖြင့်သာ ပြောသောသူများပင်ဖြစ်ကြပါသည်။ မိမိ ကိုယ်ကို လှည့်ဖြားကြသည်။ သူသည် “ကောင်းသောအမှုတွင်” မိမိကိုယ်ကို ချီးမြှောက်ကြ သည်။ “ငါသည် အခြားသူများကဲ့သို့မဟုတ်သောကြောင့် ဘုရားသခင်ကို ချီးမွမ်းပါသည်။” မိုက်လှစွတကား။ သူ့စကားလုံးများသည် အလွန်တရာမှ မှားယွင်းကြောင်းကို သူသိပါသ လား။ မှားယွင်းသောစကားလုံးများဖြစ်ကြသည်။ သူသည် ဘုရားသခင်ကို အမှန်တကယ္ ယုံ ကြည်လက်ခံပါရဲ့လား။ စစ်မှန်သောသဘောတရားဖြင့် မဖြစ်နိုင်ပါ။ ဘုရားသခင်သည် စိတ္တဇ အယူအဆများတွင်သာရှိပါသည်။ မှန်ကန်သောဘုရားမဟုတ်ပါလေ။ အသက်ရှင်သော ဘု ရားလည်းမဟုတ်ပါပေ။ အကြောင်းမှာ သူသည် မိမိအတွက်ပဲ ရပ်တည်ဆုတောင်းခဲ့ခြင်းဖြစ် သည်။” (လုကာ ၁၈း ၁၁) “မိမိအတွက် ဆုတောင်းနေသည်” ဟုပင် အဓိပယ်ပြန်ဆိုရမည်။ အမှန်တကယ်တော့ ဤသူသည် ဘုရားသခင်ကို ဆုတောင်းခြင်းမဟုတ်ပါ။ မိမိကောင်းမြတ် သည်ကို ထုတ်ဖော်ခြင်းသာဖြစ်ပါသည်။ သူသည် ဘုရားသခင်ကို မဟုတ်၊ မိမိကိုယ်ကိုသာ ဆုတောင်းခြင်းဖြစ်သည်။ သင့်ဆုတောင်းခြင်းကား အဘယ်သို့နည်း။ လုံးဝဆုမတောင်းပေး ဘူးလား။ သင်သည် မိမိကိုယ်ကိုကြားရန်သာ ဆုတောင်းသည်ဟု တခါတရံ မခံစားမိပေဘူး လား။ ထိုကြောင့်သာလျှင် ဆုတောင်းအစည်းအဝေးတွင် သင့်ဆုတောင်းသံကို အခြားသူများ ကြားသိရန် စိုးရိမ်မိခြင်းဖြစ်သည်။ သင့်ဆုတောင်းခြင်းသည် မှားယွင်းသည်ဟု အခြားသူများ က သတိပြုမိမည်ဖြစ်သောကြောင့်ပေတည်း။ သူသည် ကြွားဖို့မျှသာ ဆုတောင်းကြသည်။ သင်သည် ပျောက်ဆုံးသူဖြစ်ကြောင်းကို ပြသပါသလား။ ဘုရားသခင်ထံ လုံးဝဆုမတောင်း နိုင်သည့်သူအဖြစ် ထင်ရှားစေပါသလား။ အပိုဒ်ငယ် ၁၄ တွင် ယေရှုက ဤလူ“ကောင်း” သည် “မဖြောင့်မတ်” ကြောင်း အတိအလင်း မိန့်ဆိုထားပါသည်။ သူသည် ကယ်တင်ခြင်းရရှိသော သူမဖြစ်နိုင်ပါ။ သူသည် ပျောက်ဆုံးနေသေးသောသူဖြစ်သည်။ သူသည် ဘာသာတရားသာ ကိုင်းရှိုင်းပြီး ပျောက်ဆုံးနေသည်။ သူသည် အဆုံးမရှိသောကာလပတ်လုံးရှိနေမည့် ထာဝရမီး ငရဲသို့သာလျှင် သွားရမည်ဖြစ်သည်။

ထာဝရကာလ၊ ထာဝရကာလ၊
ထာဝရကာလတိုင်အောင် ပျောက်ဆုံးနေ။

လူက မှားယွင်းနေသည်။ သင်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပေမည်။ သူသည် ဘုရားသခင်ထံ ဆုတောင်းရန် ဟန်ဆောင်ခဲ့သည်။ သင်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ တနေ့လျှင် သင်၏ “ကောင်းသောအမှု” သည် သင့်ကို အကူအညီပေးမည်မဟုတ်ပါ။ ကြောက်မက်ဖွယ် တစုံတခုသည် သင့်အသက်တာတွင် ဖြစ်ပျက်လာမည်ဖြစ်သည်။ လူတိုင်းတွင်လည်း ဖြစ်ပျက် နေကျပင်ဖြစ်ပါသည်။ သို့သော် ကြောက်မက်ဖွယ်နေ့ရက်ကြီးတွင် သင့်၏မှားယွင်းမှုက စိတ်နှ လုံးကို နာကျင်စေမည်။ သမ္မာကျမ်းစာက ဆိုသည်မှာ “ကြောက်ရွှံမှုက မှားယွင်းမှုကို အံ့ဩ သင့်စေမည်” ဟုဆိုပါသည်။ (ဟေရှာယ ၃၃း ၁၄) သင်သည် သေပြီး ဘုရားသခင်ရှေ့တော် တွင်ရောက်သောအခါ ဘုရားသခင်က “သင့်အား ငါမသိ၊ ငါထံမှ ထွက်သွားကြလော့” ဟု မိန့် ဆိုလိမ့်မည်။ (မဿဲ ၇း ၂၃)မှားယွင်သောဆရာ အသင်တို့သည် ကောင်းသောအမှုကို မပြုကြ ပါ။ သင်ကဲ့သို့မှားယွင်းသူများကို ဘုရားသခင်က ငရဲသို့ပို့ဆောင်ပါသည်။ သူသည် မြေကြီး အ မြင်တွင် ကောင်းသောသူဖြစ်သည်။ သို့သော် ဘုရားသခင်၏မျက်မှောက်တော်တွင် မကောင်း သောသူ၊ ပျောက်သောသူဖြစ်နေပါသည်။ သင်သည်လည်း မြေကြီးအမြင်တွင် မကောင်းသော သူဖြစ်ကြောင်း ဖြစ်နိုင်သည်။ သို့ရာတွင် ဘုရားအမြင်တွင် ပျောက်ဆုံးသူဖြစ်နေပါသည်။

၂။ ဒုတိယအချက်၊ မတရားသောသူသည် ကယ်တင်ခြင်းသို့ရောက်ကြ၏။

“အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အိုဘုရားသခင်၊ အပြစ်များသော အကျွန်ုပ် ကို သနားခြင်း ကရုဏာစိတ်ရှိတော်မူပါ ဟု ဆုတောင်းလေ၏။” ( လုကာ ၁၈း ၁၃ ) )

သူသည် လူကောင်းမဟုတ်ပါ။ သူသည် ကိုယ်ကျင့်တရားကောင်းမွန်သူလည်းမဟုတ်ပါ။ သူ သည် အဘယ်မျှလောက် ရွှံရှာဖွယ်ကောင်းသည်ကို မမြင်တွေ႕ရပါ။ သူသည် အမှန်တကယ် ပျောက်သောသူဖြစ်ကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က ပြသခဲ့သည်။ သူသည် ဘုရား သခင်ထံက လာသော ပြစ်ဒဏ်နှင့်သာ ထိုက်တန်သောသူဖြစ်ကြောင်း ခံစားလာမိသည်။ သူက “ကျွန်ုပ်အပြစ်သည် မျက်မှောက်တော်တွင် အစဉ်အမြဲရှိပါ၏” (ဆာလံ ၅၁း ၃ ) ဟု ဆာလံဆရာကြီးက ခံစားခဲ့သကဲ့သို့ပင်ဖြစ်ပါသည်။ ဒေါက်တာ John Gill က “သူသည် ခေါင်း မဖော်နိုင်ပါ။ မမော်ဝံ့ပါ။ ရှက်ကြောက်လျက်ရှိသည်။ ဝမ်းနည်းခြင်းက သူ့မျက်နှာကို ကျရှုံးစေ သည်။ ဘုရားသခင်၏မျက်မှောက်တော်နှင့်မပျော်ရွှင်မှုများသည် သူပိုင်ဆိုင်သောအရာသာ လျှင်ဖြစ်သည်။ သူသည် မိမိကိုယ်ကို (ဘုရားကျေးဇူးတော်)နှင့်မထိုက်တန်ဟု ယူဆနေသည်။ ခါးကိုပတ်လျက် ကြံကြံခိုင်လျက် ဘုရားသခင်အား “ဘုရားသခင်၊ အပြစ်သား ကျွန်ုပ်မျိုးကို သနားသောစိတ်ရှိတော်မူပါ” ဟု အော်ဟစ်ဆုတောင်းသည်။ ဤသည်မှာ သူ၏ဆုတောင်း ချက်ဖြစ်သည်။ တိုတောင်းသော်လည်း ပြည့်စုံသောဆုတောင်းချက်ဖြစ်သည်။ ဝန်ခံခြင်း၊ အာ ဒံထံက ပါလာသောအပြစ်သဘာဝအတွက် ဝန်ခံခြင်းအမှုလည်းပါဝင်ပါသည်။ အပြစ်ကျူးလွန် သောသူဖြစ်သောကြောင့် ဘုရားသခင်၏အမျက်တော်နှင့်ထိုက်တန်သည်။ ငရဲ၏အနိမ့်ဆုံး သောအရပ်တွင် နေရာကျနိုင်သည်။ အပြစ်ပြုသောသူကို ဘုရားသခင် စက်ဆုတ်ရွံရှာဖွယ်ဖြစ် ၏။” ဟု ဆိုပါသည်။ (လုကာ ၁၈း ၁၃ မှတ်စု)

သင်သည် မိမိအပြစ်ကို မြင်နိုင်သိနိုင်သည့်အနေအထားတွင်ရှိပြီး ကယ်တင်ခြင်းမရရှိ သေးသည်လည်းဖြစ်နိုင်ပါသည်။ မျက်ရည်များစီးကျသည့် လူတို့၏မျက်နှာကိုလည်း ကျွန်ုပ်ယုံ ကြည်သည်။ သို့သော် သူတို့သည် လုံးဝကယ်တင်ခြင်းမရရှိပေ။ အပြစ်အတွက် ငိုကြွေးခြင်း၊ ဝမ်းနည်းယူကျုံးမရဖြစ်သော်လည်း ကယ်တင်ခြင်းမရရှိကြသေးပေ။ အရမ်းအရမ်းပဲ ဝမ်းနည်း ငိုကြွေးနေကြရသော လူများကိုလည်း တွေ့မြင်ဖူးပါသည်။ သို့သော် သူတို့သည် ပြောင်းလဲ ခြင်းမရှိကြသေးပေ။ လူတို့က “အပြစ်ရှိပြီးမှားယွင်းနေသည်” ဟုခံစားမိကြောင်း ပြောကြသော် လည်း ကင်တင်ခြင်းမရရှိခဲ့ကြပါ။ ထိုသို့ဖြစ်ကြကြောင်းလည်းကြားခဲ့ရဖူးသည်။ သို့သော် ကယ် တင်ခြင်းလုံးဝမရရှိခဲ့ကြပါ။ အဘယ်သို့ဖြစ်နိုင်ပါမည်နည်း။ ဖြစ်နိုင်ခြေရှိသောနည်းလမ်းကို လေ့လာကြည့်ကြပါစို့။ အပြစ်ကိုသိမြင်ခြင်းသည် အပြစ်မှ ကယ်တင်ခြင်းမဟုတ္ပါ။ သင်သည် လည်း အပြစ်ကို သိမြင်သည့်အဆင့်တွင် သွားလာနိုင်ပါသည်။ သို့ရာတွင် ယေရှုပေးသည့် ကယ်တင်ခြင်းကိုမူ မရရှိသေးပေ။ လူတို့ ထပ်ခါထပ်ခါ မျက်ရည်များကြသည်ကို မြင်ဖူးသည်။ သို့ရာတွင် သူတို့သည် သခင်ယေရှုခရစ်ကို လုံး၀ ကိုးစားခြင်းမရှိကြပေ။ ဒေါက်တာ Martyn Lloyd-Jones က ထိုအကြောင်းကို လုံးဝနားလည်သည်။ သူက “ခရစ်ယာန်တစ်ယောက်ဖြစ် လာခြင်းသည် အကြပ်အတည်းတစ်ခု၊ အသစ်သောမွေးဖွါးခြင်း၊ အသစ်သောဖန်ဆင်းခြင်းတို့ တွင် ကြီးမားသည့်လုပ်ဆောင်ချက်ဖြစ်သည်။ ထိုထက်ပို၍ပြောဆိုရလျှင် ဘုရားသခင်ကိုယ် တိုင်လုပ်ဆောင်သည့် သာမန်ထက်ပိုသောအရာပင်ဖြစ်သည်။ ၎င်းမှာ အသက်ရှင်လာသည့် သေသောဝိညာဉ်နှင့်ပင် ခိုင်းနှိုင်းထားရပါမည်” ဟု ဆိုပါသည်။ ဘုရားသခင်က သင့်စိတ်နှလုံး ကို မုန်းတီးစေသည့် အကြပ်အတည်းဖြစ်သည်။ ဘုရားသခင်က သင့်အတွင်းနှလုံးကို ဖန်တီး ပေးသည့် အကြပ်အတည်းပင်ဖြစ်ပါသည်။ အပြစ်ကိုသိမြင်ခြင်းက ကယ်တင်မှုကို သင့်ဘ၀ တစ်ခုလုံးအတွက် လုပ်ဆောင်သောအခါ ၎င်းမှာ အပြစ်ကို နားလည်ခြင်းအားဖြင့်သာလျှင် ဖြစ်ပါသည်။ John Bunyan သည် ခုနှစ်နှစ်တိုင်တိုင် အပြစ်ကို သိမြင်ခဲ့သည်။ သူသည် လော ကငရဲထဲသို့ ခုနှစ်နှစ်တိုင်တိုင်နေထိုင်ခဲ့ပါသည်။ အပြစ်ကိုသိမြင်ခြင်းသည် အပြစ်ထဲက ပြောင်းလဲလာခြင်းမဟုတ်သည်ကို ကျွန်ုပ်၏အတွေ့အကြုံအားဖြင့် သိမြင်ရပါသည်။

မျက်နှာတွင် မျက်ရည်များပြည့်နေသောလူတစ်ဦးကို မြင်တွေ့သောအခါ ခေတ်သစ် ဧဝံဂေလိအသင်းတော်တို့က သူတို့သည် ကယ်တင်ခြင်းရရှိသည်ဟု ထင်ကြသည်။ သို့ရာတွင် နက်ရှိုင်းသောအရာမရှိပေ။ သူတို့သည် မျက်ရည်များကျသည်ကို အသုံးပြုသောအခါ ယေရှု ကို ကိုးစားကြရန် ချက်ခြင်းပေးလိုက်ပါ။ သို့မဟုတ်ရင် အဘယ်သို့ဖြစ်လာမည်မဟုတ်ပါ။ သူတို့ကိုကယ်တင်ဖို့ရန် ယေရှုကို တောင့်တသည့်အဆင့်တွင် မရောက်သေးပေ။ သူတို့က မကြာခဏပြောလေ့ရှိသည်မှာ “ယေရှုကို ယုံကြည်ကိုးစားပါ” ဟူသောအချက်ဖြစ်သည်။ မိမိ တို့ကိုယ်တိုင် စာမျက်နှာတစ်ခုလုံးကို ရေးသားကြသည်။ သူတို့က ယေရှုခရစ်တော်အကြောင်း ပြောဖို့ အနည်းငယ်သာရှိသည်။ ရက်သတ္တအနည်းငယ်ကြားလာပြီးနောက်တွင် သူတို့က “သူ တို့သည် သူတို့ကိုယ်စား ယေရှုအသေခံပေးခြင်းကို ယုံကြည်လက်ခံကြောင်း” ဆိုပါသည်။ “၎င်းက” သူတို့သည် ယေရှုခရစ်ကိုယ်တိုင်ကိုမဟုတ်ဘဲ ဩဝါဒကိုသာခံယူကြကြောင်းပြသပါ သည်။ ပျောက်ဆုံးသောသူက ယေရှုခရစ်ကိုယ်တိုင်ကို လုံး၀ အားကိုးထားခြင်းမရှိပါ။ သူတို့ သည် လုံး၀ စိတ်ပျက်လက်ပန်းကြသည်အထိပေါပ။ အပြစ်ကြောင့် နာကျင်ခြင်း၊ ဝမ်းနည်းခြင်း ထဲက လွတ်မြောက်နိုင်သည့်နည်းလမ်းမသွေးသမျှ ခံစားနေရမည်မဟုတ်ဟုဆိုထားခြင်းတော့ မဟုတ်ပါ။ တခါတရံ ၎င်းသည် လျှင်မြန်စွာ ဖြစ်ပေါ်လာတတ်သည်။ သို့သော် သင်သည် မှား ယွင်းသောပြောင်းလဲခြင်းကို ဖြတ်ကျော်ရပါမည်။ သို့မှသာလျှင် တမန်တော်ပြောဆိုသကဲ့သို့ “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း” (ရောမ ၇း ၂၄) ဟုဆိုသကဲ့သို့ဖြစ်လာမည်။ သို့မှသာ အခွန်ခံများလုပ်ဆောင်လေ့ ရှိသကဲ့သို့ ဘုရားသခင်၏မစခြင်းကို အော်ဟစ်ဆုတောင်းနေမည်ဖြစ်သည်။ သို့မှသာ ဘုရား သခင်က နားညောင်းပြီး ယေရှုထံသို့ပို့ဆောင်မည်ဖြစ်ပါသည်။

ခေတ်သစ်ဧဝံဂေလိဆရာများက အရာအားလုံးသည် မြန်မြန်နှင့်လွယ်ကူစွားဖြစ်လာ သည်ဟု ပင်ထင်သည်။ ထိုအကြောင်းကို လွန်ခဲ့သောနှစ် နိုးထမှုတွင် များစွာဖြစ်တတ်ပါ သည်တည်း။ လူများစွာတို့ကလာပြီး “ကျွန်ုပ်ကို ကယ်တင္ရန် ယေရှုကို ယုံကြည်ကိုးစားပါ၏” သို့မဟုတ် “ယေရှုကယ်တင်ကြောင်း ယုံကြည်ပါ၏” ဟုပင် ဆိုတတ်ကြပါသည်။ သခင်ယေရှု ခရစ်က သူတို့ကို ချန်ရစ်ထားလုအခြေအနေတွင်ပင် ရှိနေပါသည်။ သင်တို့သည် အပြစ်ကို မ သိမြင်ကြသောကြောင့် စွန့်ပစ်ခဲ့ရသည်။ သင့်စိတ်နှလုံးမှောင်မိုက်ကိုအသိမြင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ရန်သူဖြစ်ကြောင်းကို မသိမြင်ကြသောကြောင့်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို မပြောင်းလဲစေနိုင်ကြောင်းကို မသိကြသောကြောင့်ဖြစ်သည်။ John Cagan က “ငါသည် ယေရှုထံသို့လာသည်၊ သို့သော် မလာနိုင်ပါ” ဟုဆိုသည်။ “ငါသည် ငြိုငြင်သောသူ ဖြစ်သောကြောင့် အဘယ်သူသည် ငါ့ကို ကယ်တင်မည်နည်း။” သင်သည် ယေရှုကို ယုံကြည် သောကြောင့်သာလျှင် ကယ်တင်ခြင်းသို့ရောက်မည်ဟု သင့်အား ငါတို့ပြောဆိုခဲ့ပြီးဖြစ်သည်။ သင်သည် အနည်းငယ် ကမောက်ကမဖြစ်လျက် ဝိညာဉ်ရေးရာအိပ်ပျောက်နေသည့်အခြေအ နေတွင် ပြန်၍သွားနေခြင်းဖြစ်သည်။ သင်တို့တွင် အများသည် လုံးဝမပြောင်းလဲခြင်းပင်ဖြစ္ သည်။ သင်သည် နောက်ပြန်လှည့်၍ အပြစ်ကိုသိမြင်ခြင်းအစီအစဉ်ကို ဖြတ်ကျော်လွှားရမည် ဖြစ်သည်။ ပြောင်းလဲခြင်းဟူသည်မှာ သင့်စိတ်နှလုံးတွင်ဖြစ်ပျက်မည့် အရေးကြီးသောဖြစ်စဉ် တစ်ခုပင်ဖြစ်ပါသည်။ ယေရှုတွင် ယုံကြည်ကိုးစားခြင်းကို စာတစ်ကြောင်းဖြင့် သင်သည် လုံး၀ ဖော်မပြနိုင်ပါ။ သို့မဟုတ် စာကြောင်းဝတ်ဖြင့် ကောင်မလေးတစ်ယောက် လုပ်ဆောင်သကဲ့ သို့ မလုပ်ဆောင်နိုင်ပါ။ အပြစ်ကိုသိမြင်ခြင်းလုံးဝမရှိ၊ ပြန်၍ အိပ်ပျော်သော ကောင်မလေးလုပ် ဆောင်သကဲ့သို့ လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ သင်သည် အပြစ်ကိုသိမြင်ခြင်းမရှိလျှင် ရှေ့ သို့အဘယ်သို့ရောက်လာသနည်း။ တစ်စုံတစ်ခုလုပ်ဆောင်နိုင်မည်ဟု ထင်မိပါသလား။ သင်သည် မိနစ်အနည်းငယ်အတွင်း သင်သွားနိုင်ဖို့ တစ်စုံတစ်ခုဖြစ်လာနိုင်ပါသလား။ သင် သည် တရားပလ္လင်နားတွင် အကြိမ် ၁၀၀၀ လောက်လာလျှင်ပင် သင့်အတွက် ကျွန်ုပ်တို့လုပ် ဆောင်ပေးနိုင်သောအရာမရှိပါ။ သင့်ကို သင်ကြားပေးနိုင်သောအရာ ဘာမျှမရှိခဲ့ပါ။ သင့်အား အကူအညီပေးရန် ကျွန်ုပ်တို့ပြောဆိုနိုင်သောအရာလည်းမရှိပါ။ ဘုရားသခင်သာလျှင် သင့်ကို ကူညီမစမည်။ သို့သော် ဘုရားသခင်က မှားယွင်းသောသူများကို ဘယ်တော့မှ မကူညီပါ။ အပြင်းအထန်လေ့ကျင့်ခြင်း၊ နေ့မအိပ်ညမအိပ်ကြိုးစားအားထုတ်ခြင်းမရှိဘဲ ဆေးဆရာဝန်ရဲ့ ဘွဲ့ဒီဂရီကို ရရှိနိုင်ပါမည်လော။ လုံးဝမဖြစ်နိုင်ပါ။ သို့ရာတွင် ယေရှုခရစ်၌ ပြောင်းလဲခြင်းသည် Ph.D. ထက် သာ၍ အဆုံးမရှိအရေးကြီးလှပါသည်။ စစ်မှန်သောပြောင်းလဲခြင်းမှာ သင့်ဘ၀ တွင် ဘယ်တော့မှ မရရှိမည့် အရေးကြီးဆုံးသော အတွေ့အကြုံပင်ဖြစ်ပါသည်။ သင်က ပျောက်ဆုံးသည်ဟု မထင်မှတ်သ၍ ဘယ်တော့မှ ပြောင်းလဲလာမည်မဟုတ်ပါ။ သင်သည် မျှော်လင့်ချက်မဲ့နေသည်ဟု မထင်မှတ်သ၍ ဘယ်တော့မှ ပြောင်းလဲလာမည်မဟုတ်ပါ။ သင့် စိတ်နှလုံးနှင့်ဘဝအသက်တာတွင်ရှိသော အပြစ်များကို မုန်းတီးခြင်းမရှိသ၍ ဘယ်တော့မှ ပြောင်းလဲလာမည်မဟုတ်ပါ။ သင်သည် “ဘုရားသခင် အပြစ်သားဖြစ်သော ကျွန်ုပ်ကို သနားမူ ပါ” ဟု မငိုကြွေးသ၍ ပြောင်းလဲလာမည်မဟုတ်ပါ။ အားလုံးမတ်တပ်ရပ်ပြီး သီချင်းနံပတ် ၁၀ ကို သီဆိုကြပါစို့။ “အိုအပြစ်သား၊ လာပါ- Joseph Hart (၁၇၁၂-၁၇၆၈ ) ရေးစပ်ထားသော သီချင်းပင်ဖြစ်ပါသည်။ )

ယခုတွင် ယနေ့ည၌ ယေရှုကို ယုံကြည်လက်ခံရန်တောင်းဆိုတိုက်တွန်းလိုပါ၏။ သင် သည် အပြစ်ကို သိနားလည်လာလျှင် မျှောင်လင့်ချက်မဲ့သည်ဟု ခံစားလာလျှင်၊ ပျောက်ဆုံး သည်ဟု ယူဆလာလျှင်၊ တရားပလ္လင်ရှေ့သို့လာပါ။ ယေရှုအကြောင်း ကျွန်ုပ်ပြောပြပါမည်။ ယေရှုသည် ကောင်းကင်မှမြေကြီးသို့ ဆင်းသက်လာသောသူဖြစ်သည်။ သူသည် ကားစင်ပေါ် တွင် သံမှုနှင့်ရိုက်ထားခြင်းခံခဲ့ရပါသည်။ သင့်ကိုယ်စား အသေခံခဲ့သည်။ သင့်အပြစ်ကြွေးကို လည်းပေးဆပ်သည်။ အပြစ်ငရဲဒဏ်မှ လွတ်ကင်ရန်ဖြစ်ပါသည်။ ယေရှုသည်သေခြင်းမှ ကိုယ် ခန္ဒာဖြင့်ထမြောက်က ကောင်းကင်သို့ ပြန်လည် တက်ကြွခဲ့သည်။ သင်သည် သူ့အား ကိုးစား ယုံကြည်လျှင် သင့်အား အပြစ်မှ ရွေးနှုတ်ကယ်တင်မည်။ အားလုံးမတ်တပ်ရပ်ပြီး “အပြစ်သား လာပါ” သီချင်းကို သီဆိုကြပါစို့။ သီချင်းစာရွက်တွင် နံပါတ် ၁၀ ပင်ဖြစ်ပါသည်။

အပြစ်သား၊ ဆင်းရဲ့ချို့တဲ့သောသူ၊ အားနည်းပြီးအနာရှိသောသူ၊ မကျန်းမာသောသူ လာပါ၊
   ယေရှုသည် သင့်အားကယ်တင်ရန်အဆင်သင့်ဖြစ်နေ၊ သနားခြင်း၊ မေတ္တာနှင့်တခို ဖြင့်ပြည့်စုံ။
သူတတ်နိုင်သည်၊ သူတတ်န်ိုင်သည်၊ သူအလိုရှိသည်၊ လုံးဝမစိုးရိမ်ပါနှင့်။
   သူတတ်နိုင်သည်၊ သူတတ်န်ိုင်သည်၊ သူအလိုရှိသည်၊ လုံးဝမစိုးရိမ်ပါနှင့်။

ဝန်လေး၊ စိတ်ပျက်၊ ကျိုးမဲ့ကြေမွသောသူ လာပါ အကျွန်ုပ်ထံသို့
   ကောင်းလာသည်အထိစောင့်ပါ၊ သင်လုံး၀ရောက်မလာပါ။
မဖြောင့်မတ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ အပြစ်သား ယေရှုထံသို့ ခေါ်ဖိတ်ပါ၊
   မဖြောင့်မတ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ အပြစ်သား ယေရှုထံသို့ ခေါ်ဖိတ်ပါ။

ကယ်တင်ရှင်ကိုကြည့် ကောင်းကင်တက်ကြွ၊ အသွေးတော်ဖြင့်ရွေးဝယ်ထား၊
   သူ့အား ပုံအပ်ယုံကြည်လိုက်ပါ၊ အခြားသူ အဘယ်သူမျှ မယုံကြည်မလက်ခံ။
ယေရှုမှတပါ၊ ယေရှုမှတပါး၊ အကူအညီမဲ့အပြစ်သားများကို ကောင်းစေနိုင်သူမရှိ၊
   ယေရှုမှတပါး၊ ယေရှုမှတပါး၊ အကူညီမဲ့အပြစ်သားကို ကောင်းစေနိုင်သူမရှိပါ။
(“အပြစ်သား၊ လာပါ။” Joseph Hart, ၁၇၁၂-၁၇၆၈၊ သင်းအုပ်ကစီစစ်သည်။)


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"အိုပြစ်သားလာပါ၊"၊ (Joseph Hart , ၁၇၁၂-၁၇၆၈) ရေးစပ်သည်။ )


အခှပှေုကမွှး

လူကောင်းဆုံးရှုံးပြီး လူဆိုးကယ်တင်ခြင်းသို့ရောက်သည်အကျဉ်း

A GOOD MAN LOST AND A BAD MAN SAVED!

Dr. R. L. Hymers, Jr.

“ကိုယ်ကုသိုလ်ကိုအမှီပြု၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအ ချို့တို့အား မိန့်တော်မူသောဥပမာကား၊ လူနှစ်ယောက်တို့သည် ဆု တောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက် ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တ ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အ ထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်းအ ပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌ မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင်မ ဟုတ်သောကြောင့်ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ်သည် ခုနှစ် ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ၍ ဆုတောင်းပဌနာပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အိုဘုရားသ ခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားခြင်း ကရုဏာစိတ်ရှိတော်မူပါ ဟု ဆုတောင်းလေ၏။ ငါဆိုသည်ကား ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောသူမည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက် လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။” ( (လုကာ ၁၈း ၉-၁၄ ) )

၁။   ပထမအချက်၊ လူ“ကောင်း” သည် ပျောက်ဆုံး၏။ လုကာ ၁၈း ၁၁-၁၂၊ ဟေရှာယ ၅၇း ၂၁၊ ယေရမိ ၁၇း ၉၊ ဟေရှာယ ၃၃း ၁၄၊ မဿဲ ၇း ၂၃။

၂။  ဒုတိယအချက်၊ မတရားသောသူသည် ကယ်တင်ခြင်းသို့ရောက်ကြ၏။ လုကာ ၁၈း ၁၃၊ ဆာလံ ၅၁း ၃၊ ရောမ ၇း ၂၄။