Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခွင့်မလွှတ်နိုင်သောအပြစ်-
စနစ်ကျသောဓမ္မပညာထဲက သင်ခန်းစာ # ၁

THE UNPARDONABLE SIN –
LESSON #1 IN SYSTEMATIC THEOLOGY
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဖေဖော်ဝါရီလ ( ၂၅ ) ရက်နေ့ စနေညနေပိုင်းတွင်
Dr. R. L. Hymers, Jr. ပေးသော သင်ခန်းစာတစ်ခုဖြစ်သည်။
A lesson given at the Baptist Tabernacle of Los Angeles
Saturday Evening, February 25, 2017


“ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့်လွတ်စေခြင်းအခွင့်ကို လူတို့ သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကို ယခုဘ ၀နောင်ဘ၀၌ မလွှတ်နိုင်။” (မဿဲ ၁၂း ၃၁- ၃၂ )

၁။ ပထမအချက်၊ ခွင့်မလွှတ်နိုင်သောအပြစ်ဟူသည်မှာ အဘယ်နည်း။

ရီဖော်မေးရှင်းသမ္မာကျမ်းစာလေ့လာခြင်းကျမ်း (Ligonier Ministries, ၂၀၀၅ ) က ဤသို့ဆိုပါသည်။

“ခွင့်မလွှတ်နိုင်သောအပြစ်ဟူသည်မှာ “သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားခြင်းပေတည်း။”ဤပြစ်မှားခြင်းမှာ ပြော ဆိုခြင်း၊ ဖော်ပြခြင်းတစ်ခုအပြစ်နားလည်ခြင်း၊ စိတ်နှလုံးအကြံအစည်ဖြင့် လုပ်ဆောင်ထားသော လုပ်ဆောင်ချက်တစ်ခု ပင်ဖြစ်ပါသည်။ ဤအခြေပြုကျမ်းပိုဒ်တွင် ယေရှုခရစ်၏ရန်သူများက သူတို့အလယ်တွင်လုပ်ဆောင်သည့် ကောင်းသည့် လုပ်ဆောင်ခြင်းတန်ခိုးသည် ဘုရားသခင်ထံက လာခြင်းမဟုတ်ဘဲ နတ်ဆိုးဝိညာဉ်ဆိုးများထံက လာခြင်းဖြစ်ကြောင်း ဆိုခဲ့ကြသည်။ ယေရှုက ဤပြစ်မှားခြင်းနှင့်အခြားအပြစ်များကြား ခွဲခြားပြသွားခဲ့သည်။ နှုတ်ဖြင့်ပြစ်မှားသောအခြားအ ပြစ်နှင့်ယေဘုယျပြစ်မှားသောအခြားအပြစ်နှစ်ခုစလုံးပါဝင်သည်။ သမ္မာကျမ်းစာသွန်သင်ထားသည်အတိုင်း ဘုရားသ ခင်သည် သွေးနီးသူချင်းပေါင်းဖော်နေထိုင်မှုအပြစ်၊ လူသတ်သည့်အပြစ်၊ မုသာသုံးသည့်အပြစ်၊ ရှင်ပေါလုက ဘုရားသ ခင်၏လူတို့ကို “ပြင်းထန်စွာဆက်ဆံပြီး သတ်ဖြတ်သည့်အချိန်တွင်” (တမန်တော် ၉း ၁) အသင်းတော်ကို ညှင်းပန်း နှိပ်စက်ခြင်းအပြစ်ကိုပင်လျှင် ခွင့်လွှတ်တော်မူခဲ့သည်။

ခွင့်မလွှတ်နိုင်သောအပြစ်ကို အခြားအပြစ်များနှင့်အလွန်ကွာခြားစေသည့်အချက်မှာ သန့်ရှင်းသောဝိညာဉ်တော်အပေါ် ဆက်နွယ်ခြင်းပင်ဖြစ်သည်။ အပြစ်သားတို့၏စိတ်နှလုံးကို အလင်းပေးသူမှာ သန့်ရှင်းသောဝိညာဉ်ပင်ဖြစ်သည်။ (ဧဖက် ၁း ၁၇-၁၈ ) ဧဝံဂေလိတရားကို ဖော်ပြပြီး သင်ကြားပေးသူမှာလည်း သန့်ရှင်းသောဝိညာဉ်ပင်ဖြစ်သည်။ (ယောဟန် ၁၄း ၂၆ ) စိတ်ဝိညာဉ်များအား နောင်တသို့ဆွဲခေါ်ပြီး (ခရစ်တော်) အားယုံကြည်စေသည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်ပင်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရှင်းပြရုံသက်သက် မဟုတ် လက်ခံနိုင်ရန် စိတ်နှလုံးကိုလည်း ဖွင့်ပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏လွှမ်းမိုးမှုကို သိလျက်နှင့်ငြင်း ပယ်သောအခါ ပြန်လည်ပြင်မရနိုင်သောအပြစ်ကို ကျူးလွန်ခဲ့သည်။ တုန့်ပြန်မှုတစ်ခုအနေဖြင့် နောင်တနှင့်ယုံကြည် ခြင်းကို စိုးမိုးချုပ်ကိုင်ထားသည့် ဘုရားသခင်ထံက စိတ်နှလုံး မာကြောခြင်းပင်ဖြစ်ပါသည်။ (ဟေဗြဲ ၃း ၁၂၊ ၁၃ ) ဘုရား သခင်က လူတို့၏ဆုံးဖြတ်ချက်သည် ဤအမှုကိစ္စတွင် အတည်ဖြစ်ဖို့ရန် ခွင့်ပြုထားသည်။ ဘုရားသခင်က ဤအမှုကို ပေါ့ပေါ့တန်တန် သို့မဟုတ် အလေးအနက်မထားဘဲ လုပ်ဆောင်ခြင်းမရှိပါ။ သို့ရာတွင် သူ့မေတ္တာကို ဆန့်ကျင်ဘက်ပြု ခြင်းကိုမူ အပြစ်ဟု ယုံလွယ်ပေသည်။

ခွင့်မလွှတ်နိုင်သောအပြစ်များနှင့်ဆက်နွယ်မှုရှိသော အခြားကျမ်းပိုဒ်များမှာ ဟေဗြဲ ၆း ၄-၆၊ ၁၀း ၂၆-၂၉၊ နှင့် ၁ယော ၅း ၁၆၊ ၁၇ တို့ဖြစ်ကြသည်။ ဤကျမ်းပိုဒ်များက ဤအပြစ်ကျူးလွန်နိုင်ခြေရှိမှုကို ပြသသည်။ ယေရှုက ခွင့်မလွှတ်နိုင် သောအပြစ်တည်းဟူသော “ဤအပြစ် မှတပါး” “အပြစ်ရှိသမျှ” နှင့် “မည်သို့သောဘုရားသခင်ကို စော်ကားသည့် အပြစ်ဖြစ်နေပါစေ” ခွင့်လွှတ်မည်အကြောင်း မိန့်ဆိုခဲ့သည်။

ဒေါက်တာ Henry C. Thiessen က ၎င်း၏ စနစ်ကျသောဓမ္မပညာရှိ မိတ်ဆက်သင်ကြားမှု (Eerdmans, ၁၉၄၉) တွင် ဤသို့ဆိုပါသည်။

“နောက်ဆုံးခေါင်းမာခြင်းအပြစ်(ခိုင်မာခြင်း)ဖြစ်သည်။ ၎င်းအတွက် စိတ်ဝိညာဉ်ပြစ်ဒဏ်ကို ၎င်းကိုယ်တိုင်တားဆီးပြီး ပေးထားသော များလှသည့် ဘုရားသခင်၏ကျေးဇူးတော်ကို လစ်လျူရှုထားသည်။ အပြစ်ဒဏ်ကို ဆုံးဖြတ်ထားပါသည်။ နောက်ဆုံးခေါင်းမာခြင်း(အဆီးအတား)မှာ သန့်ရှင်းသောဝိညာဉ်တော်အား ပြစ်မှားခြင်း ခွင့်မလွှတ်နိုင်သောအပြစ်ပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းအားဖြင့် စိတ်ဝိညာဉ်သည် ဘုရားသခင်၏လွှမ်းမိုးမှုကို လက်မခံရန် ဆီးတား ထားပါသည်။” (စာ-၂၇၀)

၂။ ဒုတိယအချက်၊ ခွင့်မလွှတ်နိုင်သောအပြစ် သာဓကများ

၁။ ကာဣန ၊ ကမ္ဘာဦး ၄း ၃-၇၊ ၁၁-၁၂၊ ၁၆

၂။ နောဧခေတ်လူများ၊ ကမ္ဘာဦး ၇း ၁၆- “သခင်ဘုရားက တံခါးကို ပိတ်တော်မူသည်။”
(မဿဲ ၂၄း ၃၇-၃၈ ကိုကြည့်ပါ။ ၂ပေ ၂း ၅ ကို ကြည့်ပါ။)

၃။ သောဒုံမြို့သားများ။ ကမ္ဘာဦး ၁၉း ၁၂-၁၅၊ ၂၄၊ ၂၆။

၄။ ဖာရောဘုရင်၊ ထွက်မြောက် ၇း ၁၄၊ ၇း ၂၂၊ ၈း ၁၅၊ ၈း ၁၉၊ ၈း ၃၂၊ ၉း ၃၅၊ ၁၀း ၁၇-၂၀၊ ၁၁း ၁၀။

၅။ ဧသော ။ ဟေဗြဲ ၁၂း ၁၆- ၁၇

၆။ ကဿဲ-ဗာနေရရှိ ဣသရေလလူမျိုးများ၊ ဟေဗြဲ ၃း ၇၊ ၈၊ ၁၀-၁၂။

၇။ အလင်းပေးခြင်းခံရသောသူများ။ ဟေဗြဲ ၆း ၄-၆။

၈။ ငွေရတတ်သောလူငယ်ခေါင်းဆောင်။ မဿဲ ၁၉း ၂၂၊ ရောမ ၁း ၂၈-၃၂။ ၁၀။ ယုဒ။ မဿဲ ၂၇း ၃-၅။


ပျောက်သောသား သို့မဟုတ် သမီးသည် ပြန်လာပြီး ပြောင်းလဲသည်ဟု မရှိပါ။ ထိုအရာထက်ပိုသည်မှာ အသင်းတော်ကို ထားခဲ့ပြီး တစ်ဦးဦးသည္ နောက်ပြန်တွင် ပြန်လာ၍ ပြောင်းလဲသည်ဟူ၍လည်းမရှိပါ။ လုံးဝမရှိပါ။ သို့ရာတွင် အများစု သည် ဟေဗြဲ ၆း ၄- ၆ တွင် ဖော်ပြထားသည့် ခွင့်မလွတ်နိုင်သောအပြစ်ကို ကျူးလွန်ကြဟန်တူပါသည်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။