Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဆန်တယ်မင်ဝါဒကိုဆန့်ကျင်သည့်တိုက်ပွဲ

(တိုက်ပွဲအော်သံအပိုင်း ၃ )
THE BATTLE AGAINST SANDEMANIANISM
(NUMBER THREE IN A SERIES OF BATTLE CRIES)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ ခုနှစ်
ဇန်နာဝါရီလ(၂၂) ရက်၊ သခင်ဘုရား၏နေ့ နံနက်ပိုင်းတွင် ဟော
ကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာ ဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, January 22, 2017

“ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့်သင်တို့ သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေ ဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိ ကြ။” ( ယောဟန် ၅း ၃၉၊ ၄၀ )


သင်သည် ဓမ္မပညာဆည်းပူးနေသောကျောင်းသာမဟုတ်ခဲ့လျှင် ဆန်တင်မင်ဝါဒဟူ သောစကားလုံးကို သေသေချာချာသိနားလည်မည်မဟုတ်ပါ။ သို့သော် ၎င်းမှာ ဝိညာဉ်ပျက်စီး ခြင်းမှားယွင်းမှုပင်ဖြစ်ပါသည်။ ၎င်းတွင် ဧဝံဂေလိတရားပျက်စီးစေသော တရားဟောချက်တွေ ရှိလာသည်။ ၎င်းက သန်းပေါင်းများစွာသောလူတို့ကို ပြင်းစွာသော ငရဲထဲသို့ ပို့ဆောင်ပေးပါ သည်။ ဆန်တာမင်ဝါဒသည် Robert Sandeman (၁၇၁၈-၁၇၇၁ )တွင် ထင်ထင်ပေါ်ပေါ်ဖြစ် လာသည်။ ၎င်း၏အဓိကကျသောသွန်သင်ချက်မှာ သင်စိတ်နှလုံးသားထဲတွင် သမ္မာကျမ်းစာ မိန့်ဆိုထားသောအရာကို လက်ခံသောအချိန်တွင် သင်သည် ကယ်တင်တော်မူခြင်းသို့ ရောက် သည်ဟု ဆိုပါသည်။ ဆန်တင်မင်ဝါဒက ခရစ်တော်သည် ကျွန်ုပ်တို့အတွက်အသေခံပြီး သေခြင်းမှထမြောက်သည်ဟူသောအချက်ကို ယုံကြည်သောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်သည်ဟူ၍လည်းကောင်း၊ သမ္မာကျမ်းစာထဲတွင် ပြောဆိုခဲ့သောအရာတိုင်းကို လက်ခံ သောသူသည် အသက်တာပြောင်းလဲခြင်းသို့ ရောက်သည်ဟူ၍လည်းကောင်း သွန်သင်ထား သည်။ ယနေ့အချိန်ကာလတွင် ဆန်တင်မင်ဝါဒသည် ကျွန်ုပ်တို့အသင်းတော်များတွင် အဓိက အမှားအယွင်းတစ်ခုဖြစ်လာပါသည်။ ၎င်းက သန်းပေါင်းများစွာသော လူတို့ကို ငရဲသို့ပို့ဆောင် ပေးသည်။ ဤသို့သေစေတတ်သောမှားယွင်းမှုကို ယုံကြည်လက်ခံသောသူများ ကျွန်ုပ်တို့အ သင်းတော်တွင် များစွာရှိလာပါသည်။ ထိုအကြောင်းကို အမြဲတမ်းဟောလေ့ရှိသော်လည်း ကျွန်ုပ်ပြောဆိုချက်များကို သူတို့သည် နားလည်ထားခြင်းမရှိပါ။ သူတို့သည် ဆန်တင်မင်ဝါဒီ သမားတို့၏အယူအဆကိုသာ ဆက်လက်ပြီး ယုံကြည်လက်ခံကြသည်။ လွန်ခဲ့သောနှစ်က မိမိကိုယ်ကို ပြောင်းလဲပြီဟု ထင်ကြသော အသင်းတော်ရှိလူခြောက်ဦးသည် ၎င်းကို ယုံကြည် လက်ခံကြသည်။ သူတို့သည် ပျောက်လျက်သာနေကြဆဲပါ။ ထိုအရာကို ယုံကြည်ကြသော ကြောင့် ငရဲသို့သာ ဦးတည်နေကြဆဲဖြစ်သည်။ (“ဆန်တင်မင်ဝါဒ” ကို သန့်ရှင်းသူများ၊ ၎င်းတို့ ၏မူလအစနှင့်ဆက်ခံသူများ၊ ဒေါက်တာ Martyn Lloyd-Jones, The Puritans: Their Origins and Successors, Banner of Truth, ၁၉၉၆ ၊ စာ- ၁၇၀-၁၉၇ )

သူတို့က ခရစ်တော်၏သေခြင်းနှင့်ပါတ်သက်၍ သမ္မာကျမ်းစာပြောဆိုထားသောအရာ ကို လက်ခံထားလျှင် ကယ်တင်ခြင်းသို့ရောက်မည်ဟု ဆိုကြသည်။ ၎င်းမှာ သင်၏အဆင့်အ တန်းဖြစ်ပါသည်။ ဒေါက်တာ Lloyd-Jones က ယခုမျက်မှောက်အချိန်ကာလတွင် ကျွန်ုပ်တို့ ရှေ့မှောက်တွင်ရှိသည့် အဓိက ပြဿနာတစ်ခုပင်ဖြစ်ပါသည်” ဟုဆိုပါသည်။ (၎င်း၊စာ- ၁၇၇) လွန်ခဲ့သောနှစ်က ကျွန်ုပ်တို့အသင်းတော်ထဲတွင် မိမိကိုယ်ကို ကယ်တင်ခြင်းရရှိပြီဟု ထင်နေ ကြသည့်ပုဂ္ဂိုလ် အနည်းဆုံးခြောက်ဦးရှိပြီး ၎င်းတို့သည် အမှန်တော့ ပျောက်ဆုံးနေကြဆဲပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က ခရစ်တော်ကိုယ်တိုင်ကို ယုံကြည်ကိုးစားမည့် အစား ခရစ်တော်အကြောင်း သမ္မာကျမ်းစာပြောဆိုချက်ကို ယုံကြည်လက်ခံသောကြောင့်ဖြစ် ပါသည်။

သူတို့က ယေရှုသည် လက်ဝါးကားတိုင်တွင် အသေခံသည်ဟု ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ရောက်မည်ဟု ယုံကြည်လက်ခံကြပါသည်။ခရစ်တော်၏သေခြင်းနှင့်ပါတ် သက်၍ သမ္မာကျမ်းစာသွန်သင်ချက်ကို ယုံကြည်ကြသည်။ သို့ရာတွင် သမ္မာကျမ်းစာပြော သည်ကို ယုံကြည်ခြင်းသက်သက်သည် လူတစ်ဦးကို ကယ်တင်နိုင်မည်မဟုတ်ပါ။ ဤတရား ဒေသနာတွင် သက်သေပြချက်ကို ကျွန်ုပ်ပေးပါမည်။

၁။ ပထမအချက်၊ ဆန်တင်မင်ဝါဒကို ခရစ်တော်ကိုယ်တိုင် အမှန်ပြင်ပေးခဲ့သည်။

ယေရှုသည် ဖာရိရှဲများကို စကားပြောခဲ့သည်။ ဤယုဒလူမျိုးများသည် ကယ်တင်ခြင်း နှင့်ပါတ်သက်ပြီး ၎င်းတို့အမြင်မှာ ဆန်တင်မင်ဝါဒပင်ဖြစ်ပါသည်။ ယေရှုက ဤသို့ဆိုသည်။

“ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့်သင်တို့ သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက် သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိ ကြ။” ( ယောဟန် ၅း ၃၉၊ ၄၀ )

ဤအမျိုးသားများက သူတို့သည် သမ္မာကျမ်းစာလေ့လာခြင်းနှင့် သမ္မာကျမ်းစာအပေါ်ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်ကြမည်ဟု ထင်မြင်ယူဆခဲ့ကြပါသည်။ Matthew Henry က “သူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းနှင့်နှုတ်ကပါတ်တော်လေ့လာခြင်းအား ဖြင့် (ထာဝရအသက်) ကို ရှာဖွေနေကြပါသည်” ဟုဆိုသည်။ သူတို့ကြားထဲ ရေးပန်းစာလျက် ပြောဆိုနေကျစကားမှာ “ပညတ်တရား(ကျမ်းစာ)စကားကို လက်ခံသောသူသည် ထာဝရအ သက်ကို ပိုင်ဆိုင်သည်” ဟု ဆိုလေ့ရှိကြပါသည်။ သူတို့သည် “ကျမ်းပိုဒ်ကို အလွတ်ဆိုနိုင်ခြင်း အားဖြင့် ကောင်းကင်ဘုံသို့ ရောက်နိုင်ကြသည်” ဟု ထင်မှတ်ကြပါသည်။ (Matthew Henry’s Commentary on the Whole Bible) ဒေါက်တာ Frank Gaebelein က သမ္မာ ကျမ်းစာထဲ သူတို့၏ယုံကြည်ခြင်းက ”ထာဝရအသက်ကို ရရှိစေမည်” ဟု ထင်ကြသည်ဟု ဆို ပါသည်။ (The Expositor’s Bible Commentary) သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြ သော်လည်း သူတို့သည် ယေရှုထံသို့ လာကြခြင်းမရှိပါ။

ထိုအရာမှာ ဆန်တင်မင်ဝါဒ၏အမှားအယွင်းတစ်ခုဖြစ်ပါသည်။ ဒေါက်တာ Lloyd-Jones က “သင်သည် သမ္မာကျမ်းစာ စလုံးများကို စိတ်နှလုံးဖြင့်လက်ခံလျှင် ၎င်းမှာ အလို အပ်ဆုံးသောအရာပင်ဖြစ်ပါသည်။” ( ၎င်း၊ စာ- ၁၇၅ ) “သမ္မာကျမ်းစာပြောဆိုသောအရာကို ယုံကြည်လက်ခံခြင်းသည် သူတို့ကို ကယ်တင်တော်မူမည်။” (၎င်း )

ကျွန်ုပ်တို့အသင်းတော်ရှိ ကလေးသူငယ်တစ်သောင်းကျော်ကို သေစေသော ခံယူ ချက်များကို သင်ကြားပေးပါသည်။ သူတို့ကို သမ္မာကျမ်းစာရှိ ကျမ်းပိုဒ်များကို အလွတ်ရ အောင် ကျက်မှတ်စေပါသည်။ ထိုနောက် “သူတို့လက်ကို မြှောက်စေပါသည်။” ထို့အပြင် နှစ် ခြင်းလည်း ခံစေပါသည်။ သူတို့သည် ခရစ်တော်ထံသို့ လုံး၀ မလာခဲ့ကြပေ။ သူတို့သည် ယော ဟန် ၃း ၁၆ စကားလုံးကိုသာ ယုံကြည်ကြသည် ဆုတောင်းချက်ကို လျှောက်တင်ကြပါသည်။ ကျွန်ုပ်တို့အသင်းတော်များက သန်းပေါင်းများစွာသော အသင်းတော်တို့ကို ဆန်တင်မင်ဝါဒ ၏ မှားယွင်းသောအယူဝါဒများကို သွန်သင်ခြင်းအားဖြင့် ငရဲသို့ ပို့ဆောင်ကြပါသည်။ ယေရှုက ဤသို့ဆိုပါသည်။

ကျမ်းစာအားဖြင္႔ ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့်သင်တို့ သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏ သက် သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိ ကြ။” ( ယောဟန် ၅း ၃၉၊ ၄၀ )

ထိုနည်း၎င်းဖြစ်သော ကျွန်ုပ်တို့အသင်းတော်ရှိ လူငါးယောက်မှာ အောက်ပါအတိုင်းပင်ဖြစ်ပါ သည်။

တရုတ်လူငယ်လေးတစ်ယောက်က “ယေရှုသည် သူ့အတွက် အသေခံသည်ကို ယုံ ကြည်လို့ ကယ်တင်ခြင်းသို့ရောက်သည်” ဟု ဆိုခဲ့ပါသည်။ ယေရှုအကြောင်းနှင့်ပါတ်သက်ပြီး သမ္မာကျမ်းစာမိန့်ဆိုထားချက်ကို ယုံကြည်ခြင်းသည် ယေရှုလာခြင်းကို ယုံကြည်ခြင်းနှင့်အတူ တူဖြစ်သည်ဟု ထင်ကြသည်။ သူသည် ပျောက်ဆုံးသောဆန်တယ်မင်ဝါဒတစ်ခုတွင် တည်ရှိ နေပါသည်။

လူငယ်အမျိုးသမီးတစ်ယောက်က “ယေရှုသည် ကျွန်ုပ်ကိုကယ်တင်နိုင်သော တစ်ပါး တည်းဖြစ်သည်” ဟုဆိုပါသည်။ သူက ယေရှုအကြောင်းနှင့်ပါတ်သက်၍ သမ္မာကျမ်းစာသွန် သင်ချက်ကို ယုံကြည်သည်။ သို့ရာတွင် သူသည် ယေရှုကိုယ်တိုင်ထံသို့ လာခြင်းမဟုတ်ပါ။ သူမကိုယ်တိုင်သည် ယေရှုထံသို့ မလာရောက်ပါ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏စိတ်နှ လုံးသားထဲတွင် အသင်းတော်အား စွန့်ခွါရန်ပြောဆိုနေသော နတ်ဆိုးစကားကို နားထောင် ခြင်းအား ရပ်တန့်လိုခြင်းမရှိသေးပါ။ သူမသည် ထိုသို့အပြစ်နှင့်ပြည့်နေသော အတွေးအခေါ် မျိုးကို မစွန့်လွှတ်လိုပါ။ ယေရှုသည် ကယ်တင်ရှင်ဖြစ်သည်ကိုသာ ယုံကြည်ပြီး ပျောက်ဆုံးသူ များအပေါ် စာတန်၏အကြံပေးမှုကိုမူ မစွန့်လွှတ်လိုပါ။ သို့ဖြစ်၍ သမ္မာကျမ်းစာကို ယုံကြည် သည့် ဆန်တယ်မင်ဝါဒ၌ ဆုံးရှုံးနေသည်။ ယေရှုကိုယ်တိုင်ကို ယုံကြည်ကိုးစားလိုစိတ်လုံးဝမ ရှိပါ။ ယေရှုအကြောင်းနှင့်ပါတ်သက်ပြီး သမ္မာကျမ်းစာသွန်သင်ချက်ကို သူမက ယုံကြည်လက် ခံပါသည်။ သို့သော် ယေရှုကိုယ်တော်တိုင်ထံသို့ မလာရောက်ပါ။ သူမသည် အပြစ်ထဲမှ ရုန်းမ ထွက်နိုင်သောကြောင့် အသွေးတော်အားဖြင့် အပြစ်ဆေးကြောခြင်းခံရန် ယေရှုကိုယ်တော် တိုင်ထံသို့ မလာနိုင်ခြင်းပင်ဖြစ်ပါသည်။ သူသည် ပျောက်ဆုံးနေသော ဆန်တယ်မင်ဝါဒီသမား တစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။

ဟစ်ပင်နစ်လူငယ်လေးတစ်ယောက်က ယေရှုကို ကိုးစားခြင်းသည် ခရစ်တော် လက် ဝါးကပ်တိုင်မှာအသေခံသည်ဟု ယုံကြည်ခြင်းနှင္႔ထပ်တူကျသည်ဟု ဆိုပါသည်။ တဖန် ဤသူ ငယ်က သမ္မာကျမ်းစာပြောသည့်စကားကို ယုံကြည်သည်။ အကြောင်းမှာ သူသည် ဆန်တယ် မင်ဝါဒကို လက်စွဲထားပါသည်။ သူ့အသက် ယေရှုသည် လက်ဝါးကပ်တိုင်တွင် အသေခံ သည်ဟူသော သမ္မာကျမ်းစာကိုယုံကြည်ခြင်း ယေရှုကို ကိုးစားခြင်းနှင့်လုံး၀ ထပ်တူမကျပါ။ သို့ဖြစ်၍ သူသည် ဆန်တင်မင်ဝါဒတွင် ပျောက်ဆုံးနေဆဲဖြစ်ပါသည်။

အခြားတရုပ်လူငယ်လေးတစ်ဦးကလည်း ထိုနည်းအတိုင်းဆိုပါသည်။ သူက ယေရှုကို ကိုးစားခြင်းသည် ယေရှုလက်ဝါးကပ်တိုင်တွင်အသေခံခြင်းကို ယုံကြည်ခြင်းကဲ့သုိ႔ဖြစ်သည်ဟု ဆိုသည်။ သူက သမ္မာကျမ်းစာပြောစကားကို လက်ခံယုံကြည်သော်လည်း ယေရှုကိုယ်တိုင်ကို ယုံကြည်လက်ခံခြင်းမရှိပါ။ သူသည်လည်းပဲ ပျောက်ဆုံးသော ဆန်တင်မင်ဝါဒထဲတွင် ရှိနေပါ သည်။

အခြားတရုပ်ကောင်မလေးတစ်ဦးကလည်း ယေရှုကို ကိုးစားယုံကြည်ခြင်းသည် ယေ ရှုသူမအတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းကို ယုံကြည်ခြင်းနှင့်ထပ်တူကျသည်ဟု ဆိုပါ သည်။ ၎င်းသည် မှားယွင်းသောအရာဖြစ်သည်ကို သူမသိသော်လည်း သူမသည် “အံ့ဩမှု တွေအားဖြင့်ဆောင်ယူခြင်းကိုခံရသည်။” ဒေါက်တာ Cagan က တူညီသောအချက်ရှိမရှိကို မေးမြန်းသည်။ သူမကို အံ့ဩမှုက သိမ်းပိုက်ထားသည်။ အကြောင်းမှာ သူမသည် စိတ်နှလုံး သားထဲတွင် ယေရှုကို လုံး၀ ယုံကြည်ကိုးစားခြင်းမရှိပါ။ သူလုပ်ဆောင်သမျှသောအရာတိုင်း သည် ကျမ်းစာတစ်ပိုဒ် သို့မဟုတ် နှစ်ပိုဒ်ကို လက်ခံခြင်းပင်ဖြစ်ပါသည်။ သူမကို အံ့ဩစေပါ သည်။ အကြောင်းမှာ သူမသည် ယေရှုကိုတိုင်ကို လုံး၀ ကိုးစားခဲ့ခြင်းမရှိခဲ့ဖူးပါ။ သမ္မာကျမ်းစာ ခံယူချက်တစ်ခုတည်းတွင်သာ တည်နေသည်။ သူမသည် ပျောက်ဆုံးနေသော ဆန်တင်မင်ဝါ ဒထဲတွင်ရှိနေပါသည်။

သင်က “Donald Trump မှာ သမ္မတဖြစ်သည်ု ယုံကြည်သည်။ သို့ရာတွင် သူ့ကို မတွေ့ဖူးပါ။ သမ္မတဖြစ်သည်ု ယုံကြည်ခြင်းသည် သူ့ထံသို့ရောက်လာခြင်းနှင့်ထပ်တူမကျ ပါ။ ယေရှုအကြောင်း သမ္မာကျမ်းစာပြောဆိုသောအရာကို ယုံကြည်ခြင်းနှင့် ယေရှုကိုယ်တိုင် ကို ကိုးစားခြင်းသည် မတူကွဲပြားခြားနားမှုရှိပါသည်။ ၎င်းသည် သေးငယ်သောအရာဟုသာ ထင်ရသည်။ သို့သော် မဟုတ်ပါ။ သင်သည် ယေရှုကိုယ်တိုင်ကို ကိုးစားယုံကြည်ခြင်းမရှိလျှင် ငရဲသို့သာသွားရမည်။ ယေရှုက “အသက်ကိုရစေခြင်းငှါ ငါ့ထံသို့လာကြသည်မဟုတ်” ဟုဆို ပါသည်။ (ယောဟန် ၅း ၄၀) ကျမ်းပိုဒ် သို့မဟုတ် ကျမ်းစာသင်ကြားခြင်းကို ယုံကြည်ခြင်း သည် ထာဝရမီးငရဲမှ ကယ်တင်တော်မူမည်မဟုတ်ပါ။

လူတို့က ၎င်းကို အဘယ့်ကြောင့် ဆက်လက်လုပ်ဆောင်နေပါသနည်း။ သူတို့သည် အပြစ်ကို မမြင္ကြသောကြောင့်ဖြစ်ပါသည်။ သင်သည် John Cagan ကဲ့သို့ အပြစ်ကိုသိမြင် လျှင် သင်လုပ်ဆောင်သောအမှု အဘယ်အမှုကမျှ သင့်ကို ကယ်တော်မမူသည်ကို သိလာပေ မည်။ ယေရှုက ကယ်တင်နိုင်သည်ဟုသောအရာကို ယုံကြည်ခြင်းလည်းပါဝင်သည်။ ယေရှု ကိုယ်တော်တိုင်မှတပါး အဘယ်အရာကမျှ အပြစ်ကို သိမြင်ခြင်းမရှိလျှင် ကျေနပ်စေမည်မ ဟုတ်ပါ။ သင်ကလည်း “ကျွန်ုပ်အပြစ်ကို အဘယ်အရာက သန့်ရှင်းစေနိုင်မည်နည်း” ဟုဆိုပေ မည်။ အသွေးတော်မှတပါး အဘယ်အရာမျှမရှိပါ။” သခင်ဘုရား၊ ကျွန်ုပ်လာပါသည်။ ကိုယ် တော့်ထံသို့ လာပါသည်။ ကျွန်ုပ်အားဆေးကြောပေးပါ။ ကာလနီတွင်စီးဆင်းသောအသွေး တော်အားဖြင့် သန့်ရှင်းစင်ကြယ်စေပါ။”

၂။ ဒုတိယအချက်၊ ဆန်တယ်မင်ဝါဒသည် နတ်ဆိုးဝါဒပင်ဖြစ်ပါသည်။

“ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့်သင်တို့ သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေ ဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိ ကြ။” ( (ယောဟန် ၅း ၃၉၊ ၄၀ )

ဖာရိရှဲများက သမ္မာကျမ်းစာကို လေ့လာရှာဖွေကြပါသည်။ သို့သော် ယေရှုထံသို့ လာ ကြသည်တော့မဟုတ်ပါ။ သူတို့သည် စာတန်မာရ်နတ်၏လက်တော်အောက်တွင် ရှိနေကြခြင်း ကြောင့်ပင်ဖြစ်ပါသည်။ ယေရှုက ထိုသူကို မိန့်တော်မူပါသည်။ “ကျွန်ုပ်ပြောသောစကားကို အ ဘယ့်ကြောင့် နားမလည်ပါသနည်း။ သင်သည် ကျွန်ုပ်စကားကို မကြားသောကြောင့်ဖြစ်ပါ သည်။ သင်တို့အဘသည် နတ်ဆိုးဖြစ်သည်။” ( ယောဟန် ၈း ၄၃၊ ၄၄ )

သင်တို့သည် ယေရှုအကြောင်းပြောသောသမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် ယေရှု ကိုးစားခြင်းနှင့်မတူပါဟူသောစကားကို ကြားကြသောအခါ မကြားနိုင်ကြပါ။ ထိုရိုးစင်းသော စဉ်းစားဆင်ခြင်မှုကို သင်တို့နားမလည်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သင်တို့သည် နတ်ဆိုး ၏ထိန်းချုပ်မှုကို ခံစားနေရပါသည်။ ယေရှုက ထိုသို့မိန့်တော်မူခဲ့သည်။ သူက “သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ သင်တို့အဘ၏စကားကို သာနားထောင်ကြသည်” ((ယောဟန် ၈း ၄၃၊ ၄၄) ဟု) ဆိုသည်။ သင်တို့သည် မာရ်နတ်ကိုပိုင်ဆိုင်ထားကြသည်။ နတ်ဆိုးသည် သင် ၏ဘုရားဖြစ်ပါသည်။ နတ်ဆိုးသည် မျက်စိအလင်းကွယ်စေပါသည်။ အဘယ့်ကြောင့်ဆိုသော် နတ်ဆိုးသည် ယေရှုကို ကိုးစားပြီး ကယ်တင်ခြင်းအဖြစ်သို့မရောက်နိုင်ပါ။ တမန်တော်က ဤသို့ဆိုပါသည်။

“ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင် ၊ ဆုံးရှုံးခြင်းသောရောက်သောသူတို့အား ဖုံးအုပ်လျက်ရှိ၏။ ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဍာန်တော်တည်း ဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတ ရား၏အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ဥာဏ်မျက်စိကို ကွယ်စေ၏။” ( (၂ကော ၄း ၃၊ ၄ )

မာရ်နတ်သည် သင့်မျက်စိကို အဘယ်သို့ကွယ်စေသနည်း။ သင်သည် ယေရှုထံသို့မလာနိုင် မည်အကြောင်း မာရ်နတ်သည် သင့်အပေါ်၌ ထိုသို့သောတန်ခိုးကို မည်သို့ဆုပ်ကိုင်သနည်း။

၁။ တရုတ်လူငယ်များစွာတို့သည် အလင်းကွယ်လျက် မယုံကြည်သော ဗုဒမိဘများဖြင့် နတ်ဆိုးက ချုပ်နှောင်လျက်ရှိကြပါသည်။ ဤမိဘ များသည် ကယ်တင်ခြင်းမရနိုင်အောင် သူ့တန်ခိုးအားဖြင့် သင့်ကို ထိန်းချုပ်လိမ့်မည်။ ယေရှုက “ငါ့ထက် မိဘကိုချစ်သောသူသည် ငါ နှင့်မစပ်ဆိုင်” ဟု မိန့်တော်မူ၏။ မဿဲ ၁၀း ၃၇။ တရုတ်နှစ်သက်ကူး လည်း ရောက်ခါနီးပြီ။ မယုံကြည်သော သင်တို့မိဘအချို့တို့သည် အသင်းတော်နှင့်တူညီသောအချိန်တွင် ညစာကို စီစဉ်ကျပေမည်။ တနင်္ဂနွေညဆုတောင်းအစီအစဉ်အတွင်း၌ဖြစ်စေ၊ သို့မဟုတ် တနင်္ဂ နွေနေ့အစီအစဉ်နှစ်ခုတွင်ဖြစ်စေ ညစာကိုပြင်ဆင်ကြလျှင် သူတို့နှင့် အတူ သင်ရှိမနေန်ိုင်သည်အကြောင်းကို ယနေ့တွင်ပင် သူတို့အား ပြောရမည်။ ကတိတည်ပါ။ အသင်းတော်တွင်လည်း ရှိနေပါ။ သင့် အား အဘယ်မျှလောက် စိတ်ဆိုးအမျက်ထွက်နေပါစေ ကတိအ တိုင်းလုပ်ဆောင်ပါ။ မယုံကြည်သည့် ဗုဒမိဘများကို အမျက်ထွက် ခြင်းအားဖြင့် စာတန်၏ချုပ်နှောင်မှုအောက်သို့ မကျရောက်ပါစေနှင့်။ “သို့ရာတွင်” သင်က “သူတို့အမျက်ထွက်မည်” ဟုဆိုပေမည်။ သူတို့ သည် စိတ်တိုချင်လည်း တိုပါစေ။ နောက်ဆုံးသောကာလအချိန် တွင် ဘုရားသခင်က သင့်အား ငြင်းပယ်သည်ကို ကြားရသည်ထက် မာရ်နတ်၏အမျက်ဒေါသကို ကြားသိရခြင်းမှာ အလွန်ပင် ကောင်း မွန်လှပါသည်။ ဘုရားသခင်အားဆန့်ကျင့်သည် အပြစ်ပြည့်နေသော အရာထဲက လွတ်မြောက်လာပေမည်။ စာတန်၏ချုပ်နှောင်ခြင်းကို ချိုးဖဲ့လိုက်ပါ။

၂။ သင်တို့တွင် အများတို့သည် မျက်စိအလင်းကွယ်ပြီး မာရ်နတ်၏ချုပ် နှောင်ခြင်းကို ခံရကြမည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့တွင် လှို့ဝှက်သော အပြစ်များရှိသည်။

သင်ပြုသောအပြစ်ကို အဘယ်သူမျှမသိဟု သင်ထင်ထားမိ သည်။ သင်ကလည်း “အဘယ်သူမျှမသိ” ဟုဆိုပါသည်။ သို့ရာတွင် သင်သည် အမှားကို ပြုမိသည်။ သင်ပြုမိသော “လျှို့ဝှက်”အပြစ်ကို သိရှိသူ နှစ်ဦးရှိသည်။ သူတို့ကား မည်သူတို့နည်း။ သင်၏လျှို့ဝှက် အပြစ်ကို ပထမဆုံးသိသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်က ဧပြီ လတွင် အမှုတော်မြတ်၌ ကျွန်ုပ်ရှိနေသည်မှာ နှစ်ပေါင်း ၅၉နှစ်ရှိပြီး သည်ကို သိမြင်လိမ့်မည်။ လူတို့ကို လူ့စိတ်ကိုဖတ်သူဟု ငါ့ကို ဝေ ဖန်ပြစ်တင်ကြပါသည်။ သို့ရာတွင် ကျွန်ုပ်သည် စိတ်ဖတ်သူတော့ လုံး၀ မဟုတ်ပါ။ သို့ရာတွင် မျက်နှာဖတ်တဲ့သူတော့ဖြစ်သည်။ အသင်းတော်တွင်ရှိသော လူတို့၏မျက်နှာကို နှစ်ပေါင်း ၅၉ နှစ်တိုင် အောင် ကြည့်ရှုလာပြီးနောက် သင်သည် အဘယ်သို့သော လျှို့ဝှက် အပြစ်ကိုလုပ်ဆောင်သည်ဟူသည်ကို ကောင်းကောင်းသိပါသည်။ ပြောနိုင်ပါသည်။ရဲသားတို့သည် မျက်နှာကို ဖတ်တတ်ရန် သင်ကြား ပေးခြင်းကို ခံကြသည်ကို မသိပေဘူးလား။ ကျွန်ုပ်တို့သင်တန်း ကျောင်းနှင့်ကျမ်းစာကျောင်းတွင် မျက်နှာကို မည်သို့ဖတ်ရမည်အ ကြောင်း ဖတ်နိုင်သည့်လူငယ်တရားဟောဆရာများကို သင်ကြား ပေးသည့်အတန်းရှိသင့်ပါသည်။ ဟုတ်ပါသည်။ သင့်မျက်နှာကို ကြည့်ခြင်းအားဖြင့် သင်သည် အပြစ်ကို ကျူးလွန်သည်ကို ဖတ်ရှုနိုင် ပါသည်။
     သို့ရာတွင် သင့်ထက် ပို၍ မှန်ကန်စွာ သိနိုင်သောသူ တစ် ဦးရှိသေးသည်။တကယ်တော့ ထိုသူသည် သင်၏လျှို့ဝှက်အပြစ်နှင့် ပါတ်သက်ပြီး ၁၀ဝရာခိုင်နှုန်းသိနေသည်။ ထို့အပြင် အခုတွင်လည်း သင့်အား စောင့်ကြည့်နေသည်။ တကယ်တော့ သူသည် သင်၏လျှို့ ဝှက်ချက်အားလုံးကို သိထားသည်။ သူကား အဘယ်သူနည်း။ ခန်း မှန်းပြောဆိုကြည့်ပါ။ သင်သည် သူ့ထံက ပုန်းရှောင်လို့မရနိုင်ပါ။ သူ သည် နေရာတိုင်းတွင်ရှိသောသူဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်ချိန် တည်းတွင် နေရာတိုင်း၌ ရှိသည်ဟုဆိုလိုသည်။ သင့်ကိုယ်ခန္ဒာတွင် လုပ်ဆောင်သမျှကို သူမြင်သည်။ စိတ်နှလုံးသားထဲတွင်ရှိသော အ တွေးအခေါ်များကိုလည်း မြင်သည်။ သင့်စိတ်နှလုံး၏အနက်ရှိုင်းဆုံး သောအရာကိုလည်း သိမြင်သည်။ သမ္မာကျမ်းစာက “ထာဝရဘုရား ၏မျက်စိတော်သည် တလောကလုံးကိုကြည့်ရှုသည်” (၂ရာချုပ် ၁၆း ၉) ဟုဆိုပါသည်။ “ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း တွင်ရှိပြီး ကောင်းမကောင်းကို ကြည့်ရှုနေသည်” (သုတ္တံ ၁၅း ၃ ) “သခင်ဘုရား၏မျက်စိတော်သည် ထိုအရာပေါ်တွင် အမြဲရှိသည်။” သင်ပြုမိသောလျှို့ဝက်သောအရာများတွင်ရှိပါသည်။ “သခင်ဘုရား ၏မျက်စိတော်သည် ထိုအရပ်တွင် ရှိတော်မူသည်။” (တရားဟော ၁၁း ၁၂) ထာဝရဘုရားက သင်ပြုသမျှသော မကောင်းသောအမှုအ ရာတိုင်းကို ဘုရားသခင်က သူ့စာအုပ်ထဲတွင် မှတ်တမ်းတင်ထားပါ သည်။ နောက်ဆုံးတရားစီရင်ခြင်းတွင် ဘုရားသခင်သည် သင့်လျှို့ ဝှက်ချက်များကို သူ့စာအုပ်ထဲက မှတ်ကြားပေလိမ့်မည်။ သူ့စာအုပ် သည် ကွန်ပျူတာကြီးနှင့်တူပါသည်။ လျှို့ဝှက်ချက်အပြစ်တိုင်းကို မှတ်တမ်းစာအုပ်ထဲတွင်ရှိပါသည်။ သင်သည် ဘုရားသခင်ရှေ့တော် ၌ နောက်ဆုံးသော တရားစီရင်ရာနေ့တွင် ရှိနေလိမ့်မည်။ အဘယ် သူမျှမသိဟု သင်က ဆိုထားသော်လည်း သင့်အပြစ်အလုံးစုံတို့ကို သူသည် ဖတ်ကြားပေလိမ့်မည်။ ထိုစာအုပ်ထဲက သင်ကျူးလွန်ထား သောအပြစ်အကြောင်းကို ဖတ်ရှုပြီးနောက် သင်သည် မိမိကိုယ်ကို အကာအကွယ်ပေးနိုင်မည်မဟုတ်။ ထိုအပြစ်များကို သင်သည် မိမိ ကိုယ်ကို သိမြင်နေမည်ဖြစ်သည်။ သင်၏လျှို့ဝှက်ချက်အပြစ်များ စာရင်းကို ဖတ်ရားသခင်က ဖတ်ရှုပြီးနောက် သင့်အား “မီးငရဲထဲသို့ ပစ်ထားခြင်းကို ခံရမည်။” ( (ဗျာဒိတ် ၂၀း ၁၁-၁၄ )

၃။ သင်တို့တွင် အများစုသည် အမှောင်လွှမ်းပြီး နတ်ဆိုး၏ချုပ်နှောင် ခြင်းကို ခံရကြသည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့သည် စိတ်နှ လုံး၌ မိုက်မဲသည်ကို ဝန်ခံလိုစိတ်မရှိကြပါ။ သမ္မာကျမ်းစာက “ခပ် သိမ်းသောအရာထက် စိတ်နှလုံးသည် ယိုယွင်းပျက်စီးသည်” ဟုဆို ပါသည်။ (ယေရမိ ၁၇း ၉) George Whitefield (၁၇၁၄-၁၇၇၀ ) က “သင်သည် မည်မျှပင် ငြင်းပယ်နေစေကာမူ၊ အားနည်းသည်အချိန် တွင် သင့်အပြစ်သည် သင့်စိတ်နှလုံးကို ယိုယွင်းပျက်စီးစေသည်ကို မြင်လာပေမည်။ သူသည် အဆိပ်အတောက်ရှိသောသူ စိတ်နှလုံး သားတွင် ပုန်ကန်သောသူဖြစ်ကြောင်းသိလာရပေမည်။ ၎င်းသည် ဘုရားသခင်ထံမှ သူ့ကို အပြစ်ဒဏ်စီရင်ရန် ကောင်းပေသည်။ သူသည် အပြင်ပန်းတွင် အပြစ်လုံး၀ ကျူးလွန်ခြင်းမရှိသော်လည်း ကောင်း ထိုသို့ဖြစ်ပါသည်။ Julie က “သန့်ရှင်းသောဝိညာဉ်တော်က ငါသည် လူကောင်းမဟုတ်သည်အကြောင်း ပြသသည်။ ငါက ကြောက်စရာကောင်းသောသူဖြစ်သည်။ ငါသည် တကိုယ်ကောင်း ဆန်သောသူ၊ ဝါကြွားသောသူ၊ ထိုအရာအတွက် ရှက်မိသည်။ အထဲ တွင်ရှိသော အကျွန်ုပ်ကား အဘယ်သူဖြစ်သနည်း။ မိမိကိုယ်ကို အ ပြစ်ရှိသည်၊ မှားယွင်းသည်ဟု ခံစားမိပါသည်” ဟုဆိုသည်။ သူမ သည် အပြင်းပန်းကိုကြည့်လျှင် လူကောင်းဖြစ်သည်။ သို့ရာတွင် စိတ်နှလုံးမှာ အပြစ်နှင့်ပြည့်နေသည်။ သူမက “ငါက ကောင်းဟန် ဆောင်ပါတယ်၊ စိတ်နှလုံးထဲမှာတော့ တကယ်ကောင်းတာမဟုတ်ပါ ဘူး။ ငါက ကောင်းတယ်လို့ မိမိကိုယ်ကို မထင်ပါဘူး။ ကျွန်ုပ်မျက်နှာ သည် မျက်ရည်များနှင့်စိုလို့ပါတကယ်” ဟုဆိုပါသည်။ သူမသည် သူမအသက်တာ တစ်ခုလုံးတွင် ဧဝံဂေလိအသင်းတော်တွင်သာ ရှိ နေသော်လည်း ယခုတွင် သူမသည် စိတ်နှလုံးသားထဲတွင် ကြောက် မက်ဖွယ်ကောင်းသောအပြစ်ထဲတွင်သာ ရှိနေပါသည်။ သူမက သမ္မာကျမ်းစာသည် သူမအသက်တာကို သူ့မစိတ်နှလုံးသားထဲတွင် အပြစ်ရှိသည်ဟု ခံစားသည်အထိ အကျိုးသက်ရောက်စေမှုမရှိဟု ခံစားစေမှုမရှိဟုဆိုပါသည်။ သူသည် အပြစ်ကို သိမြင်လာသည်။ ခရစ်တော်၏အသွေးတော်သည် သူမအပြစ်ကိုဆေးကြောလာသည်။ သူ့စိတ်နှလုံးသည် စိတ်ပျက်စရာကောင်းသည်ဟု ခံစားသည်အထိ ဖြစ်လာသည်။ ဧဝံဂေလိအသင်းတော်တွင်ရှိသော ဆန်တင်မင်ဝါဒ က သူ့အား သမ္မာကျမ်းစကားကို သွန်သင်ထားပါသည်။ သို့သော် သူမအသက်တာတွင် ဘုရားသခင်က အပြစ်ရှိကြောင်း စိတ်နှလုံး သားထဲတွင် သိမြင်စေသည်အထိ အကျိုးသက်ရောက်မှုမရှိပါ။

၃။ တတိယအချက်၊ ဆန်တယ်မင်ဝါဒက အပြင်ပန်းတွင်ကောင်းသောလူများစွာ ကို ငရဲသို့ ပို့ဆောင်ပေးပါသည်။

သင်က “အခြားလူများလုပ်ဆောင်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောအရာကို လုံးဝလုပ်ဆောင်မည်မဟုတ်ပါ။ ကျွန်ုပ်သည် သန့်ရှင်းစွာ အသက်ရှင်ပါသည်။ တနင်္ဂနွေနေ့ တိုင်း ဘုရားကျောင်းသို့သွားပါသည်။ ကျွန်ုပ်သည် လူကောင်းတစ်ယောက်ဖြစ်ပါသည်” ဟု ဆိုပေမည်။ သို့ရာတွင် သင်သည် မည်သို့ပင်ကောင်းသောသူဖြစ်နေစေကာမူ၊ အဘယ်မျှ လောက်ပင်ဆုတောင်းနေသောသူဖြစ်ပါစေ၊ ကျမ်းစာကို ဖတ်နေပါစေ၊ ယေရှုအကြောင်း သမ္မာကျမ်းစာပြောစကားများကိုယုံကြည်လက်ခံနေပါစေ ယေရှုကိုယ်တော်တိုင်ကို ယုံကြည် ကိုးစားခြင်းမရှိလျှင် မကောင်းသောသူများနှင့်အတူ ငရဲသို့ သွားရမည်အမှန်ပါ။ ယေရှုသည် သင့်အားကယ်တင်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည်ဟူသောအချက်ကို ယုံကြည်ခြင်းမှာ သင့်ကို ကယ်တင်လိမ့်မည်မဟုတ်ပါ။ တမန်တော်မိန့်တော်မူသည့်စကားကို နားထောင်ကြပါစို့။

“ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလို့ငှါ ပညာ ကိုပေးနိုင်သောသမ္မာကျမ်းစာကို ငယ်သောအရွယ်မှစ၍လေ့ကျင့် သည်ကို၎င်းသိမှတ်သည်နှင့်အညီ အထက်က သင်၌ နှလုံးသွန်း သွင်းသော အယူဝါဒနှင့်တူနေကြလော့။ (၂ တိ ၃း ၁၅ )

ယေရှုသည် သင့်အဖို့အသေခံတော်မူသည်ဟူသောအရာကို ယုံကြည်ခြင်းသည် သင့်အား ကယ်တင်တော်မူမည်မဟုတ်ပါ။ ၎င်းသည် ဩဝါဒဆိုင်ရာ ယုံကြည်ခြင်းသာဖြစ်ပါသည်။ သမ္မာ ကျမ်းစာမှာ သင့်အား ကယ်တင်တော်မူခြင်းသို့ ဦးဆောင်လမ်းပြဖို့ရန် ပေးထားခြင်းပင်ဖြစ်ပါ သည်။ “ကယ်တင်ခြင်းဟူသည်မှာ ယေရှုခရစ်တော်ပင်ဖြစ်ပါသည်။” ယေရှုခရစ်ကို ယုံကြည် လက်ခံခြင်းမရှိလျှင် ကျမ်းစာကို မည်မျှပင်ယုံကြည်လက်ခံနေပါစေ၊ ကယ်တင်ခြင်းသို့ရောက် မည်မဟုတ်ပါ။ သမ္မာကျမ်းစာ၏ရည်ရွယ်ထားချက်မှာ သင့်အား ယေရှုကိုယ်တော်တိုင်ထံသို့ ဦးဆောင်လမ်းပြရန်ဖြစ်ပါသည်။

ဒေါက်တာ A. W. Tozer က “ကျမ်းစာသွန်သင်မှု သို့မဟုတ် ဝိညာဉ်တော်သွန်သင် မှု” စာအုပ်တွင် ဆန်တယ်မင်ဝါဒ၏မှားယွင်းမှုကို အတွင်းကျကျပေးထားပါသည်။ ဒေါက်တာ Tozer ဤသို့ဆိုပါသည်။

“အသင်းတော်သည် ၎င်းတို့၏ကလေးများကို သမ္မာကျမ်းစာသင် ကြားပေးကြပြီး ၎င်းတို့သည် ခရစ်ယာန်ဘာသာကို အသက်တာ တွင် လုံး၀ သီးပွင့်ခြင်းမရှိကြပါ။ သူတို့၏ဘာသာရေးအသက်တာ အသက်ရှင်မှုသည် မှန်ကန်ပြီး စဉ်းစားဆင်ခြင်စရာမှာ ကိုယ်ကျင့် တရားပင်ဖြစ်ပါသည်။ စစ်မှုတစ်ခုလုံးပင်ဖြစ်ပါသည်။ ထိုသို့သော (လူငယ်များ) သည် မှားယွင်းသောအယူဝါဒရှိသူဖြစ်ဖို့ မလွဲမသွေ ဖြစ်နိုင်ပါသည်။ အများစုမှာ ထိုအရာထဲတွင် အရေးတယူဖြစ်ကြ ပါသည်။ သူတို့သည် အလင်းကွယ်ကြပါသည်။ သူတို့ကို အပြင် ပိုင်းကျဉ်ခွံသာရှိသောယုံကြည်ခြင်းမျိုးဖြစ်ရန် တွန်းအားပေးခံကြရ ပါသည်။ သူတို့စိတ်နှလုံးများသည် ဝိညာဉ်ပိုင်းဆိုင်ရာအမှန်တရား များအတွက် အမြဲတမ်း ရုန်းကန်လှုပ်ရှားနေကြပါသည်။ သူတို့၌ မှားယွင်ေးသာအရာကိုပင် မသိရှိကြပေ။ ယေရှုသည် သမ္မာတရား ဖြစ်ပါသည်။ “ကျမ်းစာရှိ” စကားလုံးများဖြင့် စစ်ဆေးမရနိုင်ပါ။”

နောဧသီချင်းကဲ့သို့ခံစားဖူးပါသလား။ နောဧက “ငါသည် ဘုရားသခင်နှင့်မှန်ကန်မှုမ ရှိသည်ကို သိသည်။ ကျွန်ုပ်သည် ဒေါက်တာ Cagan နှင့်အတူစကားပြောရန်သွားခဲ့ပြီး အပြစ် သိမြင်လာခဲ့သည်။ ကျွန်ုပ်ရဲ့ခေါင်းမာမှု၊ လှည့်ဖြားတတ်သောစိတ်နှလုံးတို့ကို သိမြင်လာ သည်” ဟုဆိုပါသည်။ ကျွန်ုပ်သည် အဘယ်မျှလောက် အပြစ်သားဖြစ်ကြောင်းကို သန့်ရှင်း သောဝိညာဉ်တော်က မြင်စေသည်။ အပြစ်ကြောင့် ကြွေကွဲနေရသည်။ ဘုရားသခင်၏ကျေးဇူး တော်နှင့်ထိုက်တန်ခြင်းမရှိပါ။ ဒေါက်တာ Hymers က တရားဟောနေစဉ် “စုံလင်သောယုံ ကြည်ခြင်းက မကယ်တင်နိုင်ပါ၊ ယေရှုသာလျှင် ကယ်တင်နိုင်သည်” ဟုဆိုပါသည်။ ငါသည် ယေရှုအမြဲတမ်းရှိသည်ဟူသောအချက်ကို မသိဘဲ မျက်စိကန်းနေသည်။ သူ့ကို ယုံကြည်ကိုး စားဖို့သာ လိုအပ်ပါသည်။ ဒေါက်တာ Hymers က ယေရှုယုံကြည်လက်ခံခြင်းရှိမရှိ ငါ့အား မေးသောအခါ ယုံကြည်ကိုးစားပါ၏ ဟုဖြေလိုက်သည်။ ဒေါက်တာ Hymers သည် သီချင်းဆို နေသည်။ လူသန်းပေါင်းများစွာလာကြသော်လည်း လက်ဝါးကပ်တိုင်တွင် သင့်အဖို့ အခန်း တစ်ခုတည်းသာရှိပါသည်။ အပြစ်နှင့်မှားယွင်းမှုများဖြင့် ယေရှုထံသို့လာပါသည်။ ယေရှုသည် ကျွန်ုပ်ထံမှ ထွက်မသွားပါ။ သူ့ခဏချင်းတွင် ယေရှုကို မှီခိုအားထားသည်။ ခွင့်လွှတ်တတ် သော ကယ်တင်ရှင်ပါတကား။ အရမ်းညစ်ပေလွန်းသည်။ ယေရှုသည် ငါ့အားဆွဲထူ၍ ကယ် တင်ခဲ့ပါသည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် ငါ့အဖို့ အသွေးသွန်းခဲ့သည်။ ကျွန်ုပ်အပြစ် အတွက် ပေးဆပ်ရန်ဖြစ်ပါသည်။ ကျွန်ုပ်အပေါ်ထားသော သူ၏မေတ္တာပင်ဖြစ်ပါသည်။ ငါသည် ထိုအရာကို အမြဲဆင်ခြင်မိပါသည်” ဟုဆိုပါသည်။ လူငယ်လေးရေးသားသောသီချင်း ကို နောဧက သီဆိုထားသည်။ သူသည် သူကိုယ်တိုင် သင်းအုပ်ဖြစ်လာရန် နှုတ်ကပါတ်တော် လေ့လာခြင်းဖြင့် ပြင်ဆင်ထားပါသည်။ သူ့အဖေက တရားဒေသနာအားလုံးကို တရုတ်ဘာ သာစကားသို့ ဘာသာပြန်ဆိုပြီး www.sermonsfortheworld.com တွင် ဗွီဒီယိုဖိုင်ဖြင့် တင် ထားပါသည်။ နောဧသည် မကြာတော့သည့်ရက်သတ္တပတ်များတွင် တရုတ်နှင့်အင်ဒိုနီးရှားနိုင် ငံများတွင် တရားဟောပေမည်။

ချစ်သောမိတ်ဆွေ၊ သင်သည် ယေရှုက ကယ်တင်တော်မူမည်အကြောင်း ကိုးစားခြင်း ကို ရပ်တန့်မည်လော။ ယေရှုထံသို့ တိုက်ရိုက်လာပြီး သူ့ကိုသာ ကိုးစားမည်လော။ ယေရှုသည် သင်ပြစ်မှားခဲ့သမျှသော၊ တရားစီရင်ရာစာအုပ်ထဲကအချက်ကို အကုန်ဆေးကြော ပေးပါသည်။ အသွေးတော်အားဖြင့် အလုံးစုံကို သန့်စင်စေမည်။ သင့်အား ကယ်တင်တော်မူ လိမ့်မည်။ သင့်ကို ကယ်တင်မည်။ သင့်အား ယခုကယ်တင်မည်။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Abel Prudhomme က ကျမ်းစာဖတ်ကြားသည်။ ယောဟန် ၅း ၃၉- ၄၆
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“ကားတိုင်တွင် သင့်အဖို့အခန်းရှိသည်” (Ira F. Stanphill, ၁၉၁၄- ၁၉၉၃ )


အခှပှေုကမွှး

ဆန်တယ်မင်ဝါဒကိုဆန့်ကျင်သည့်တိုက်ပွဲအကျဉ်း

(တိုက်ပွဲအော်သံအပိုင်း ၃ )
THE BATTLE AGAINST SANDEMANIANISM
(NUMBER THREE IN A SERIES OF BATTLE CRIES)

Dr. R. L. Hymers, Jr.

“ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့်သင်တို့ သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေ ဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိ ကြ။” ( ယောဟန် ၅း ၃၉၊ ၄၀ )

၁။ ပထမအချက်၊ ဆန်တင်မင်ဝါဒကို ခရစ်တော်ကိုယ်တိုင် အမှန်ပြင်ပေးခဲ့သည်။ ယော ဟန် ၅း ၃၉၊ ၄၀

၂။ ဒုတိယအချက်၊ ဆန်တယ်မင်ဝါဒသည် နတ်ဆိုးဝါဒပင်ဖြစ်ပါသည်။ ယောဟန် ၈း ၄၃၊ ၄၄၊ ၂ကော ၄း ၃၊ ၄၊ မဿဲ ၁၀း ၂၇၊ ၂ရာချုပ် ၁၆း၉၊သုတ္တံ ၁၅း၃၊ တရားဟောရာကျမ်း ၁၁း ၁၂၊ ဗျာဒိတ် ၂၀း ၁၁-၁၄၊ တရားဟော ၁၁း ၁၂၊ ဗျာဒိတ် ၂၀း ၁၁-၁၄၊ ယေရမိ ၁၇း ၉။

၃။ တတိယအချက်၊ ဆန်တယ်မင်ဝါဒက အပြင်ပန်းတွင်ကောင်းသောလူများစွာ ကို ငရဲသို့ ပို့ဆောင်ပေးပါသည်။ ၂ တိ ၃း ၁၅ ။