Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




GEORGE WHITEFIELD ဟောကြားသော “ကျေးဇူးတော်နည်းလမ်း” ကို
ခေတ်သစ်အင်္ဂလိပ်ဘာသာဖြင့် အတိုချုံ့၍ လိုက်ဖက်အောင်ပြင်ဆင်သည်၊

“THE METHOD OF GRACE” BY GEORGE WHITEFIELD,
CONDENSED AND ADAPTED TO MODERN ENGLISH (Burmese)

တရားဒေသနာကို ဒေါက်တာ R. L. Hymers, Jr. က ရေးသားပြီး၊
by Dr. R. L. Hymers, Jr.

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
ဇန်နာဝါရီလ ( ၈ ) ရက်၊ ညနေပိုင်းတွင် ဟောကြားသော
မစ္စတာ John Samuel Cagan ၏ တရားဒေသနာဖြစ်သည်။
A sermon preached by Mr. John Samuel Cagan
at the Baptist Tabernacle of Los Angeles
Lord’s Day Evening, January 8, 2017

“ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ့၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။” ( ယေရမိ ၆း ၁၄ )


နိဒါန်း။ George Whitefield သည် အင်္ဂလန်ပြည်၊ Gloucester တွင် ၁၇၁၄ ခုနှစ် တွင် မွေးဖွါးခဲ့ပါသည်။ သူသည် စားသောက်ဆိုင်ပိုင်ရှင်၏သားဖြစ်ပါသည်။ ဤပတ်ဝန်းကျင် အခြေအနေတွင် သူသည် ကလေးတစ်ဦးအနေဖြင့် ခရစ်ယာန်၏လွှမ်းမိုးမှုကို အနည်းငယ်မျှ သာရှိသော်လည်း ကျောင်းတွင် တူမတူသောအစွမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။ သူသည် ယောဟန်နှင့်ချာလ်းဝယ်စလီတို့နှင့်မိတ်ဆွေဖြစ်ပြီး ၎င်းတို့၏ဆုတောင်းခြင်းနှင့်သမ္မာကျမ်းစာ လေ့လာသည့်အဖွဲ့တွင် အစိတ်အပိုင်းဖြစ်လာရန် အော့စ်ဖို့တက္ကသိုလ်ကို တက်ရောက်ခဲ့ပါ သည်။

သူသည် အော့စ်ဖို့တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးအနေဖြင့်ကျောင်းတက်နေစဉ် ပြောင်းလဲလာခဲ့သည်။ ထို့နောက်များမကြာမှီ သူသည် အင်္ဂလီကန်အသင်းတော်၏ဘိသိတ် ခြင်းကို ခံခဲ့ရပါသည်။အသစ်တဖန်မွေးဖွါးရန် အကြွင်းမဲ့လိုအပ်ကြောင်း ၎င်း၏တရားဒေသနာ က ဝတ်ပြုကိုးကွယ်ခြင်းမရှိဘဲ တံခါးပိတ်ထားသောအသင်းတော်များတွင် ကျိုးသက်ရောက် စေသည်။ အကြောင်းမှာ ဇာတိဆန်သောသင်းအုပ်ဆရာများက အသစ်တဖန်မွေးဖွါးရန် အ ကြွင်းမဲ့လိုအပ်ကြောင်း ၎င်း၏တရားဒေသနာသည် သူတို့၏အင်္ဂလီကန်ဘုန်းတော်ကြီးများ အား အမျက်ထွက်စေမည်ကို စိုးရွံ့နေကြသည်။ သို့ဖြစ်၍ သူအား လဟာပြင်တွင် တရားဟော ရန် အသင်းတော်များမှ နှင်ထုတ်ကြသည်။ ၎င်းဖြင့် သူသည် နာမည်ကြီးလာခဲ့သည်။

Whitefield သည် ၁၇၃၈ ခုနှစ်တွင် အမေရိကန်သို့ ခရီးနှင်ပြီး မိဘမဲ့ဂေဟာတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ သူသည် နောက်ပိုင်းတွင် အမေရိကန်ကိုလိုနီနှင့်ဂရိတ်ဗြိတိန် တစ်ခုလုံးသို့ လျှောက်သွားပြီး မိဘမဲ့ကလေးများကို အထောက်အပံ့ပေးရန် တရားဟောပြောလျက် ရံပုံငွေ ရှာဖွေလျက်ရှိပါသည်။ သူသည် စပိန်၊ ဟော်လန်၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်၊ ဝေး၊ စကော့တ လန်နိုင်ငံတို့နှင့် အမေရိကန်ပြည်ရှိ အတ္ထလန်တိတ်တစ်လျှောက် လူမျိုးပေါင်းတစ်ဆယ့်သုံးမျိုး ကြားတွင် တရားဟောခဲ့သည်။

သူသည် Benjamin Franklin, Jonathan Edwards နှင့် John Wesley တို့နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး John Wesley အား ၎င်းလုပ်သည်အတိုင်း လဟာပြင်တရားဟောရန် ဆွဲဆောင်သူတစ်ဦးလည်းဖြစ်ပါသည်။ Benjamin Franklin က Whitefield သည် လူပေါင်း သုံးထောင်ပရိသတ်တွင် တရားဟောသည်ဟု တစ်ချိန်က ခန့်မှန်းတွက်ချက်ဖူးသည်။ သူ၏ လဟာပြင်တရားဟောပွဲတွင် လူပေါင်း ၂၅၀၀၀ ကျော်လောက် တက်ရောက်လေ့ရှိပါသည်။ စကော့တလန်နယ်၊ Glasgow တွင် တရားဟောစဉ်က လူပေါင်း ၁၀၀၀၀၀ ခန့်မျှ စုရုံးခဲ့ကြပါ သည်။ ၎င်းအချိန်တွင် အသံချဲ့စက်ပင် မရှိပါ။ ထိုအစည်းအဝေးတွင် လူပေါင်းတစ်သောင်း လောက်က ကယ်တင်ခြင်းရသည်ဟု ဝန်ခံခဲ့ကြပါသည်။

သမိုင်းပညာရှင်များစွာတို့က သူသည် အင်္ဂလိပ်လူမျိုးထဲတွင် အချိန်တိုင်းကြီးကျယ် သည့် ဧဝံဂေလိတရားဟောဆရာကြီးဖြစ်သည်ဟုပင် မှတ်ယူခဲ့ကြသည်။ Billy Graham သည် အသံချဲ့စက်ဖြင့် ထိုထက်သာ၍များစွာသောလူအုပ်ကြားတွင် တရားဟောသော်လည်း Whitefield ၏ ရိုးရာယဉ်ကျေးမှုအပေါ်လွှမ်းမိုးနိုင်မှုသည် မေးခွန်းထုတ်စရာတောင်မလိုဘဲ သာ၍ကြီးမားလှသည်။

Whitefield သည် ပထမနိုးထမှုကြီးတွင် ဦးဆောင်ဦးရွက်ပြုသောသူပင်ဖြစ်ပါသည်။ ထိုနိုးထမှုကြီးက ၁၈ ရာစု အလယ်လောက်တွင် အမေရိကန်၏ သွင်ပြင်လက္ခဏာကို ဖန်တီး ထားသော ပြင်းထန်သည့်နိုးထမှုကြီးပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့တိုင်းပြည်တွင်ရှိသော ကိုလိုနီး များကို သူတရားဟောသည့်အချိန်တွင် နိုးထမှုဖြင့် လှုံ့ဆော်ပေးပါသည်။ ဤနိုးထမှု၏ဇာတ် ရှိန်သည် Whitefield က ခြောက်ပတ်လောက် နယူအင်္ဂလန်တွင် လှည့်ပတ်နေသည့်အတွင်း ၁၇၄၀ တွင် ဖြစ်ပျက်ခဲ့ပါသည်။ သူသည် ရက်ပေါင်း လေးဆယ့်ငါးရက်အတွင်းတွင် တရားဒေ သနာပေါင်း ၇၅ ခုကို လူပေါင်း တစ်သိန်းကျော်ကြားတွင် ဟောပြောပြီး ဝိညာဉ်ရေးရာရုန်းရင်း ဆန်ခတ်မှုကို ထားရစ်ခဲ့သည်။ ၎င်းမှာ အမေရိကန်ပြည်ထောင်စုတွင် အထင်ကရဖြစ်သော အချိန်ခါသမယလည်းဖြစ်ပါသည်။

သူသေသည့်အချိန်တွင် အင်္ဂလိပ်ဘာသာစကားပြောသည့်ကမ္ဘာကြားတွင် အရုံစူးစိုက် မှုကို ခံရလေသည်။ သူသည် Princeton တက္ကသိုလ်၊ Dartmouth ကောလိပ်၊ နှင့် Pennsylvania တက္ကသိုလ် တို့ကိုတည်ထောင်ရာတွင် တန်ဆာပလာဖြစ်ခဲ့ပါသည်။ သူသည် အမေရိကန်ပြည်ထောင်စု၏ပြုပြင်ပြောင်းလဲခြင်းမတိုင်မှီ ခြောက်နှစ်အလို ၁၇၇၀ ခုနှစ် Newburyport ရှိ Massachusetts တွင် တရားဟောပြီးနောက် မကြာမှီ အသက်ဆုံးသွားခဲ့ သည်။ George Washington သည် ကျွန်ု္ပ်တို့နိုင်ငံ၏အဖဖြစ်သော်လည်း George Whitefield မူကား ၎င်း၏အဘိုးပင်ဖြစ်ပါသည်။

Whitefield ဟောပြောသော အောက်ပါတရားဒေသနာကို ခေတ်သစ်အင်္ဂလိပ်ဘာ သာဖြင့် ပေးထားပါသည်။ ဤသည်မှာ ၎င်း၏ တရားဒေသနာအမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့အချိန်ကာလတွင် ပို၍နားလည်ရလွယ်ကူစေရန် စကားလုံးအသုံးအနှုန်းမထားကို ပြု ပြင်မွန်းမံခဲ့သည်။

“ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ့၏ လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။” ( ယေရမိ ၆း ၁၄ )

တရားဒေသနာ။ လူမျိုးတစ်မျိုးဆီသို့ ဘုရားသခင်စေလွှတ်နိုင်သော အကြီးမားဆုံး သောကောင်းကြီးမင်္ဂလာသည် ကောင်းမွန်ပြီး သစ္စာရှိသောတရားဟောဆရာများပင်ဖြစ်ကြပါ သည်။ သို့ရာတွင် လူမျိုးတစ်မျိုးထံ ဘုရားသခင်စေလွှတ်နိုင်သည့် အကြီးမားဆုံးသောကျိန် ခြင်းမှာ ငွေရှာဖွေခြင်းတစ်ခုတည်းနှင့်သာပတ်သက်နေသည့် ပျောက်ဆုံးသောတရားဟော ဆရာများနှင့်လုပ်ဆောင်နေသည့် အသင်းတော်များသာလျှင်ဖြစ်ပါသည်။ သို့ရာတွင် ခေတ် ကာလတိုင်းတွင် လူတွေရဲ့စိတ်ကိုပျော်ရွှင်စေသည့်တရားဒေသနာများကို ဟောပြောသော မှားယွင်းသည့်တရားဟောဆရာများစွာရှိပါသည်။ လူတို့ကိုလှည့်ဖြားစေရန် သမ္မာကျမ်းစာကို ပျက်စီးစေပြီး မှားယွင်းအောင်လုပ်ဆောင်သော အမှုတော်ဆောင်များစွာရှိပါသည်။

၎င်းမှာ ယေရမိ၏အချိန်ကာလတွင် ဖြစ်ပျက်ခဲ့သောနည်းလမ်းပင်ဖြစ်ပါသည်။ ယေရ မိသည် သစ္စာရှိသောစွာ ဘုရားသခင်အားနာခံမှုတွင် မှားယွင်းသူများကို ဆန့်ကျင်ပြီး ဟော ပြောခဲ့သည်။ ဇာတိအလိုကိုလိုက်သောတရားဟောဆရာများကို ဆန့်ကျင်ပြီး နှုတ်ကိုဖွင့်၍ တ ရားဟောခဲ့သည်။ သင်သည် ၎င်း၏စာအုပ်ကိုဖတ်ရှုလေ့လာလျှင် ယေရမိထက် မှားယွင်း သော တရားဟောဆရာများကို ဆန့်ကျင်ပြီး တရားဟောသူမရှိစဖူးသည်ကို ကျွန်ုပ်တို့မြင်တွေ့ ရပေလိမ့်မည်။ ကျွန်ုပ်တို့အသုံးပြုနေသောအခြေပြုကျမ်းပါဝင်သည့်အခန်းတွင် သူတို့ကို အ ပြင်းအထန်ဆန့်ကျင်ပြီး ပြောကြားခဲ့ပါသည်။

“ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ့၏ လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။” ( ယေရမိ ၆း ၁၄ )

ယေရမိက သူတို့သည် ငွေရဖို့အတွက်သာ ဟောပြောကြကြောင်း ဆိုခဲ့သည်။ အပိုဒ် ငယ် တစ်ဆယ့်သုံးတွင် ယေရမိက ဤသို့ဆိုပါသည်။

“အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မ တရားသောစီးပွါးကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကိုသုံးကြ၏။” ( ယေရမိ ၆း ၁၃ )

သူတို့သည် တပ်မက်သောစိတ်ရှိကြသည်ဖြစ်၍ မှားယွင်းစွာ ဟောပြောကြသည်။

ကျွန်ုပ်တို့အသုံးပြုနေသောအခြေပြုကျမ်းထဲတွင် ယေရမိက သူတို့ မှားယွင်းစွာဟော ပြောကြသည့်နည်းလမ်းများစွာထဲက တစ်ခုကို ပြသခဲ့ပါသည်။ ပရောဖက်က ပျောက်ဆုံးသော ဝိညာဉ်များနှင့်ဆက်နွယ်နေကြသည့် ဆုံးသွင်းသောလမ်းကို ပြသခဲ့ပါသည်။

“ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ့၏ လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။” ( ယေရမိ ၆း ၁၄ )

ဘုရားသခင်က ယေရမိအား လူတို့အပေါ်ကျရောက်လာမည့်တိုက်ပွဲအကြောင်းကို သတိပေးရန် မိန့်ဆိုခဲ့သည်။ ၎င်းတို့၏နေအိမ်များသည် ဖျက်ဆီးခြင်းခံရမည်အကြောင်း သူတို့ အားပြောဆိုရန် ဘုရားသခင်သည် ယေရမိအား အလိုတော်ရှိခဲ့ပါသည်။ ထိုစစ်ပွဲသည် လာ လျက်ရှိပါသည်။ (ယေရမိ ၆း ၁၁-၁၂ ကို ဖတ်ရှုပါ)

ယေရမိသည် ကြောက်မက်ဖွယ်သတင်းတစ်ခုကို သူတို့အားပေးခဲ့သည်။ ၎င်းက လူများစွာကို တုန်လှုပ်စေပြီး နောင်တရရှိစေပါသည်။ သို့ရာတွင် ဇာတိပကတိနှင့်ပြည့်သော ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည် လူတို့အား မှားယွင်းသောနှိမ့်သိမ့်ခြင်းကို ပေးခဲ့ ကြပါသည်။ ယေရမိသည် အယူသည်းသူဖြစ်သည်ဟု စွပ်စွဲကြသည်။ ဘာစစ်ပွဲမှရှိမည်မဟုတ် ဟု နှိမ့်သိမ့်ပြောဆိုခဲ့ကြသည်။ ငြိမ်သက်ခြင်းမရှိဟု ယေရမိဆိုသောအခါ သူတို့က ငြိမ်သက် ခြင်းရှိမည်ဟု ဆိုကြသည်။

“ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ့၏ လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။” ( ယေရမိ ၆း ၁၄ )

အခြေပြုကျမ်းစာ၏ အခြေခံအားဖြင့် အပြင်ပိုင်းငြိမ်သက်ခြင်းကို ရည်ညွှန်းထားပါ သည်။ သို့ရာတွင် စိတ်ဝိညာဉ်ငြိမ်သက်ခြင်းကိုလည်း ရည်ညွှန်းထားပါသည်။ သူတို့သည် ပြောင်းလဲခြင်းမရှိသော်လည်း ကောင်းသောသူများဖြစ်ကြသည်ဟုဆိုကြသော မှားယွင်းသည့် ပရောဖက်များကို ရည်ညွှန်းထားသည်ဟု ထင်ရသည်။ မပြောင်းလဲသောသူများသည် ဤသို့ သောတရားဒေသနာကို ကြိုက်နှစ်သက်ကြသည်။ လူ့စိတ်နှလုံးသည် ဆိုးသွင်းပြီး ယိုယွင်း တတ်ပါသည်။ လူ့စိတ်နှလုံးသည် အဘယ်မျှလောက်သစ္စာမဲ့သည်ဟူသောအချက်ကို ဘုရား သခင်သိတော်မူသည်။

သင်တို့တွင် အများစုက စစ်မှန်သောငြိမ်သက်ခြင်းမရှိသောအခါ ငြိမ်သက်ခြင်းရှိသည် ဟု ဆိုတတ်ကြသည်။ သင်တို့တွင် အများစုက ခရစ်ယာန်မဟုတ်သော်လည်း ခရစ်ယာန်များ ဟု ဆိုတတ်ကြသည်။ နတ်ဆိုးဟူသည်မှာ မှားယွင်းသောငြိမ်သက်ခြင်းကို ပေးသောသူဖြစ်ပါ သည်။ ဘုရားသခင်သည် ဤသို့သော “ငြိမ်သက်ခြင်း” မျိုးကို မပေးပါ။ လူဥာဏ်နားလည်နိုင် သော ငြိမ်သက်ခြင်းလည်းမဟုတ်ပါ။ သင်တို့တွင်ရှိသည့် မှားယွင်းသောငြိမ်သက်ခြင်းဖြစ်ပါ သည်။

သင်သည် ဘုရားသခင်ထံကလာသောငြိမ်သက်ခြင်းကို အမှန်တကယ် ရရှိခြင်းရှိမရှိ ကို သိရှိရန် အလွန်ပင်အရေးကြီးလှပါသည်။ လူတိုင်းသည် ငြိမ်သက်ခြင်းကို အလိုရှိကြသည်။ ငြိမ်သက်ခြင်းဟူသည်မှာ ဘုရားသခင်ထံကလာသော ကြီးမားသည့် ကောင်းကြီးမင်္ဂလာဖြစ်ပါ သည်။ ထို့ကြောင့် ဘုရားသခင်ထံကလာသော ငြိမ်သက်ခြင်းကို အဘယ်သို့ရရှိနိုင်ပါမည်အ ကြောင်း ကျွန်ုပ်ပြောပြရပါမည်။ ကျွန်ုပ်သည် အသွေးအသားမဖြစ်ရပါ။ သင်တို့အားလုံးသည် ဘုရားသခင်၏အဖွဲ့အစည်းထဲတွင်ရှိသည်ဟုဆိုရမည်။ ကျွန်ုပ်တို့အခြေပြုကျမ်းစာထဲမှ သင့် အသက်တာတွင် အဘယ်အရာဖြစ်ပေါ်လာမည်အကြောင်းကို သင့်အား ပြသရန် ကြိုးစားအား ထုတ်ရပေလိမ့်မည်။ ဘုရားသခင်ထံကလာသောငြိမ်သက်ခြင်းကို ရရှိမည်အကြောင်း သင့်အ သက်တာတွင် ပြောင်းလဲစေရမည့်အရာကို ကြိုးစားလုပ်ဆောင်ရပါမည်။

၁။ ပထမအချက်၊ သင်သည် ဘုရားသခင်ထံကလာသောငြိမ်သက်ခြင်းမရှိမှီ ဘု ရားသခင်၏ပညတ်တော်ကိုဆန့်ကျင်သည့်ပြစ်မှားခြင်းအပေါ် ခံစားရမည်၊ ငိုကြွေး ရမည်၊ ဝမ်းနည်းရမည်။

သမ္မာကျမ်းစာက “ပြစ်မှားသောဝိညာဉ်သည် သေရမည်” (ယေဇကျေလ ၁၈း ၄) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏ပညတ်တရားတော်ထဲတွင် ရေးသားသမျှသောအရာကို ဆက်လက်လုပ်ဆောင်ထားခြင်းမရှိသောသူတို့သည် ကျိန်ခြင်းကို ခံရကြမည်ဖြစ်သည်။

သင်သည် တစ်စုံတစ်ခုကိုသာလုပ်ဆောင်ရမည်မဟုတ်၊ အားလုံးကိုလည်း လုပ် ဆောင်ရမည်၊ သို့မဟုတ် သင်သည် ကျိန်ခြင်းကို ခံရလိမ့်မည်။

“ပညတ်တရား၏အကျင့်ကိုအမှီပြုသောသူရှိသမျှတို့သည် အကျိန် နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ပါသမျှ သော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။” ( ဂလာတိ ၃း ၁၀ )

ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခြင်းသည် ကာယကံတွင်လည်းကောင်း၊ ဝစီကံတွင်လည်းကောင်း၊ အပြုအမူတွင်လည်းကောင်း ဘုရားသခင်၏ပညတ်တော်အရ ထာ၀ ရပြစ်ဒဏ်နှင့်ထိုက်တန်သည်။ မကောင်းသောအတွေးအခေါ်တစ်ခုရှိလျှင်၊ စကားတစ်ခွန်းမှား လျှင်၊ တစ်ခုခုအမှားလုပ်မိလျှင် ထာဝရပြစ်ဒဏ်နှင့်ထိုက်တန်သည်။ သင်သည် ငရဲမှ အဘယ် သို့လွတ်မြောက်နိုင်မည်နည်း။ သင့်စိတ်နှလုံးသားထဲတွင် စစ်မှန်သောငြိမ်သက်ခြင်းမရှိလျှင် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခြင်းက အဘယ်မျှလောက် ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သင်တွေ့ရှိရလိမ့်မည်။

မိမိစိတ်နှလုံးကို စစ်ဆေးပါ။ ထို့အပြင် ကျွန်ုပ်မေးပါရစေ။ သင်ပြုမိသောအပြစ်သည် သင့်အဖို့ ထိခိုက်နာကျင်စရာဖြစ်သည်ကို သတိရသောအချိန်ရှိခဲ့ပါသလား။ သင့်အပြစ်ဝန်ကို ထမ်းရွက်နိုင်စရာအကြောင်းမရှိဟုဆိုနိုင်သည့်အချိန်ရှိပါသလား။ ဘုရားသခင်၏အမျက်တော် သည် သင့်ပေါ်ကျသည်ကို မြင်ပါရဲ့လား။ ၎င်းမှာ ပညတ်တရားကို ပြစ်မှားသောအပြစ်ကြောင့် ဖြစ်ပါသည်။ သင်သည် ပြုမိသောအပြစ်ကြောင့် အတွင်းနှလုံးသားထဲတွင် ဝမ်းနည်းမိပါသ လား။ “ကျွန်ုပ်အပြစ်ဝန်ကို မထမ်းရွက်နိုင်ပါ” ဟု သင်ဆိုဖူးပါသလား။ ထိုကဲ့သို့ သင်တွေ့ကြုံ ဖူးပါသလား။ သို့မဟုတ်လျှင် မိမိကိုယ်ကို ခရစ်ယာန်ဟု မခေါ်ပါနှင့်။ သင်က ငြိမ်သက်ခြင်းရှိ သည်ဟု ဆိုပေမည်။ သို့ရာတွင် သင့်အတွက် စစ်မှန်သောငြိမ်သက်ခြင်းမရှိပါ။ သခင်ဘုရား သည် သင့်အား နိုးထစေတော်မူပါစေသော်။ ဘုရားသခင်သည် သင့်အား ပြောင်းလဲစေတော်မူ ပါစေသော်။

၂။ ဒုတိယအချက်၊ ဘုရားသခင်၏ငြိမ်သက်ခြင်းမရရှိမှီ၊ အပြစ်ကို သိမြင်ခြင်းသည် နက်နက်ရှိုင်းရှိုင်းသွားရမည်။ သင်ကိုယ်တိုင်၏ အပြစ် သဘာဝကို သိရမည်။ သင့် စိတ်ဝိညာဉ်၏ဆိုးသွင်းခြင်းကို သိရမည်။

သင်သည် ဗီဇအပြစ်ကို သိနားလည်ရမည်။ ၎င်းအပေါ် ကြောက်ရွံ့စိတ်ရှိရမည်။ အ ပြစ်ကို သိနားလည်ခြင်းသည် နက်နက်ရှိုင်းရှိုင်းသွားရမည်။ သင်သည် ဘုရားသခင်၏ပညတ် တော်လွန်ကျူးခြင်းအပြစ်ကိုလည်း သိထားရပါမည်။ ထိုထက်သာ၍သွားရမည်။ သင်၏ကိုယ် ပိုင်အပြစ်၊ စိတ်နှလုံးထဲတွင်ရှိသောအပြစ်၊ သင့်အား ငရဲသို့ပို့ဆောင်မည့်အပြစ်များကို ခံစားသိ မြင်ရမည်။

မိမိကိုယ်ကို အသိဥာဏ်ကြွယ်ဝသည်ဟု ထင်ကြသည့် များစွာသောလူတို့က ဗီဇအပြစ်မရှိဟု ဆိုကြပါသည်။ ဘုရားသခင်က သူတို့အား ငရဲပို့သည်မှာ မတရားသဖြင့် ပြုသည်ဟု ထင်မှတ် ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် အာဒံဆီက အမွေရထားသည့် အပြစ်ရှိပါသည်။ သူတို့ က အပြစ်ဗီဇနှင့်မွေးဖွါးလာခြင်းမရှိဟုဆိုကြသည်။ ဒုတိယမွေးခြင်းခံဖို့လည်း မလိုဟုဆိုကြ သည်။ သို့ရာတွင် သင့်ပတ်ဝန်ကျင်ရှိ ကမ္ဘာကြီးကို ကြည့်ရှုပါ။ ဘုရားသခင်က လူသားတို့အား ပရဒိသုဘုံကို ကတိပေးထားပါရဲ့လား။ ထိုသို့မဟုတ်ပါ။ မြေကြီးပေါ်တွင်ရှိသောအရာတိုင်း သည် ကစဉ့်ကလျားဖြစ်နေသည်။ အကြောင်းမှာ လူသားမျိုးနွယ်တို့တွင် မှားယွင်းသောအရာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာကြီးကို ဖျက်ဆီးလိုက်သည်မှာ ဗီဇအပြစ်ပင်ဖြစ်ပါသည်။

သင်၏ငြင်းပယ်မှုသည် မည်မျှပင် ခိုင်မာနေပါစေ၊ သင်နိုးထလာသောအခါ သင့်အသက်တာ တွင်ရှိသောအပြစ်သည် ဆိုးသွင်းသောနှလုံးသားထဲက ဖြစ်လာသည်ကို သိရမည်။ ဗီဇအပြစ် မှ အဆိပ်သင့်စေသော နှလုံးသားပင်ဖြစ်ပါသည်။

မပြောင်းလဲသောသူသည် ပထမဆုံးနိုးထသောအခါ သူသည် “ကျွန်ုပ်အဘယ့်ကြောင့် ဆိုးသွင်းနေပါသနည်း” ဟု စတင်၍ အံ့ဩလာခဲ့သည်။ ဘုရားသခင်၏ဝိညာဉ်တော်က ၎င်း၏ သဘောသဘာဝတွင် ကောင်းကွက်မရှိသည်ကို ပြသသည်။ ထို့နောက် သူသည် လုံးဝအပြစ် သားဖြစ်ကြောင်းကို ပြသသည်။ ဘုရားသခင်သည် မှန်ကန်ကြောင်း နောက်ဆုံးတွင် အပြစ် သားသည်လည်း သိမြင်လာသည်။ ဘုရားသခင်က ပြစ်ဒဏ်စီရင်ရလောက်အောင် ၎င်း၏ သဘာ၀တွင် ဆိုးသွင်းခြင်း၌ အဆိပ်တက်ပြီး ပုန်ကန်သည်ကို သူသည် မြင်လာသည်။ သူ သည် အပြင်ဘက်တွင် အပြစ်တစ်စုံတစ်ရာမရှိသော်လည်း အပြစ်ဒဏ်ခံရမည်ဖြစ်သည်။

ဤအရာကို တွေ့ကြုံဖူးပါသလား။ ခံစားဖူးပါသလား။ ၎င်းသည် မှန်ပါသလား။ ဘုရားသခင်က သင့်အား အပြစ်ဒဏ်ပေးရန်မှာ တရားမျှတပါမည်လော။ သင်သည် သဘာဝအားဖြင့် အမျက် တော်ခံထိုက်သောသူဖြစ်သည်ကို သဘောတူပါသလား။ (ဧဖက် ၂း ၃ )

သင်သည် အမှန်တကယ် ကယ်တင်ခြင်းရရှိမည်ဆိုလျှင် ဤအရာများကို ချန်ရစ်ထား ခဲ့မည်ဖြစ်သည်။ သင်သည် ဗီဇအပြစ်အလေးချိန်ကို ခံစားနေရလျှင် မိမိကိုယ်ကို ခရစ်ယာန်ဟု ပင် ခေါ်မနေပါနှင့်။ ဗီဇအပြစ်သည် စစ်မှန်သောပြောင်းလဲသူများအတွက် ကြီးမားသည့် ဝန် ထုတ်ဝန်ပိုးဖြစ်ပါသည်။ အမှန်တကယ် ပြောင်းလဲလာသူသည် ဗီဇအပြစ်ကြောင့် ပူဆွေးသော ကရောက်နေပါသည်။ အမှန်တကယ်ပြောင်းလဲသူသည် မကြာခဏဆိုသလို “သေခြင်းထဲက နေ အကျွန်ုပ်ကို အဘယ်သူ ကယ်နှုတ်မည်နည်း။ စိတ်နှလုံးထဲက အပြစ်တွေတည်ရှိနေသော အရာထဲက အဘယ်သူ ကယ်နှုတ်မည်နည်း” ဟု ငိုကြွေးတတ်ပါသည်။ (ရောမ ၇း ၂၄) ၎င်းမှာ နိုးထမှုရှိလာသောသူတစ်ဦး၏အတွင်းစိတ်နှလုံးသားထဲတွင် ဖြစ်ပေါ်နေသော အရာ ပင်ဖြစ်ပါသည်။ သင့်၏အတွင်းစိတ်နှလုံးသဘောကို သင်ကိုယ်တိုင်သိနားလည်ထားခြင်းမရှိ လျှင်၊ သင့်စိတ်နှလုံး၌ စစ်မှန်သောငြိမ်သက်ခြင်းကို ရှာတွေ့ရန် မဖြစ်နိုင်ပါ။

၃။ တတိယအချက်၊ သင်သည် ဘုရားသခင်၏ငြိမ်သက်ခြင်းမရမှီ သင့်သက်တာ တွင်ရှိသောအပြစ်၊ သင့်အသက်တာတွင်ရှိသောအပြစ် နှင့် ဒုက္ခရောက်ရုံ သာမက သင့်၏အကောင်းဆုံးရွေးချယ်မှု၊ ဆက်ကပ်ခြင်း၊ “ခရစ်ယာန် အသက်တာ” ဟုခေါ်ဝေါ်ခြင်းကို အပြစ်တရားက ထိန်းချုပ်ထားပါသည်။ ရှိသောအပြစ်ရှိပါသည်။

ချစ်သောမိတ်ဆွေ၊ သင့်ကို ဘုရားသခင်ရှေ့တွင် အထောက်အမပြုသည့် သင့်၏ ဘာ သာတရားရှိပါသလား။ သင်သည် မိမိသဘာဝအားဖြင့် မဖြောင့်မတ်သောသူ၊ မပြောင်းလဲ သောသူဖြစ်ပါသည်။ သင်ပြုသော အပြင်ပိုင်းအပြစ်ကြောင့် ငရဲပြည်တွင် ခုနှစ်ကြိမ်ထက်မ နည်း အပြစ်ဒဏ်ခံသင့်ပါသည်။ သင့်ဘာသာတရားယုံကြည်မှုသည် အဘယ်မျှလောက် ကောင်းမွန်ပါသနည်း။ ပြောင်းလဲခြင်းမရှိဘဲ အမှုအရာကိုမျှ အကောင်းလုပ်နိုင်စွမ်းမရှိပါ။

“ဇာတိပကတိ၌ ကျင်လည်သောသူသည် ဘုရားသခင်၏စိတ် တော်နှင့်မတွေ့နိုင်။” ( ရောမ ၈း ၈ )

မပြောင်းလဲသောသူသည် အရာအားလုံးကို ဘုရားသခင်၏ဘုန်းတော်အတွက် လုပ်ဆောင်နိုင် စွမ်းမရှိပါ။

ကျွန်ုပ်တို့ပြောင်းလဲလာပြီးနောက်တောင်၊ အစိတ်အပိုင်းတချို့လောက်သာ အသစ် ဖြစ်လာသည်။ အတွင်း၌ အပြစ်သည် ဆက်လက်တည်ရှိနေသည်။ ကျွန်ုပ်တို့၏လုပ်ဆောင် လေသမျှတွင် အနည်းဆုံး ပျက်စီးမှုတော့ရှိပါသည်။ သို့ဖြစ်၍၊ ကျွန်ုပ်တို့သည် ပြောင်းလဲခြင်း နောက်တွင်၊ ကျွန်ုပ်တို့၏ “ကောင်းသော” အကျင့်နှင့်အညီ ယေရှုခရစ်တော်က လက်ခံမည်ဆို လျှင် ကျွန်ုပ်တို့အလုပ်က အပြစ်ပေးလိမ့်မည်။ ကျွန်ုပ်တို့အထဲ၌ အပြစ်ရှိနေလျက်နှင့် ဆုမ တောင်းနိုင်ပါ။ တကိုယ်ကောင်းဆန်စိတ်လေး၊ ပျင်းရိစိတ်ကလေး၊ တချို့တွေမှာ ကိုယ်ကျင့် တရားမပြည့်စုံမှုမရှိဘဲ ဆုမတောင်းနိုင်ပါ။ သင်အဘယ်အရာစဉ်းစားနေသည်ကို ကျွန်ုပ်မသိ ပါ။ သို့ရာတွင် အပြစ်မပါဘဲ ဆုမတောင်းနိုင်ပါ။ အပြစ်မပြုဘဲ သင့်အား တရားမချနိုင်ပါ။ အပြစ်မပါဘဲ အဘယ်အမှုကိုမျှမပြုနိုင်ပါ။ ကျွန်ုပ်နောင်တရရန်လိုအပ်ပါသည်။ ကျွန်ုပ်မျက်ရည် တွေကို ကျွန်ုပ်ကယ်တင်ရှင်၏အသွေးတော်အားဖြင့် သုတ်လိမ်းပေးရမည်။

ကျွန်ုပ်တို့၏ အကောင်းဆုံးဖြေရှင်းချက်၊ အကောင်းဆုံးတာဝန်၊ အကောင်းဆုံးဘာ သာတရား၊ အကောင်းဆုံး ဆုံးဖြတ်ချက်၊ တို့မှာ အပြစ်များစွာပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘာ သာတရားတာဝန်မှာ အပြစ်နှင့်ပြည့်နှက်နေသည်။ သင့်စိတ်နှလုံးသားထဲတွင် ငြိမ်သက်ခြင်းမ ရှိဘဲ သင့်ဗီဇအပြစ် နှင့်အပြင်ပိုင်းအပြစ်တို့ နာဖျားခြင်းရှိမည်မဟုတ်သည်သာမက၊ သင့်ဖြောင့် မတ်ခြင်း၊ တာဝန်နှင့်ဘာသာရေးလှုပ်ရှားမှုတို့တွင် မနာမကျန်းဖြစ်ရမည်။ သင်၏မိမိကိုယ်ကို ဖြောင့်မတ်ခြင်းတရားထဲက ဆောင်ယူခြင်းမတိုင်မှီတွင် နက်နဲသောအပြစ်ကို သိမြင်ခြင်းတ ရားရှိရမည်။ မိမိကိုယ်ကို ကြိုးစားမှုဖြင့် ဖြောင့်မတ်နိုင်ခြင်းမရှိဟု မခံစားတတ်ရင်၊ ယေရှုခရစ် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်ဖွယ်မရှိပါ။ မပြောင်းလဲဘဲ ဆက်လက်ရှိနေပေ မည်။

လူတစ်ဦးက “ကောင်းပါပြီး၊ ဤအရာကို ယုံကြည်လက်ခံသည်” ဟု ဆိုပေမည်။ သို့ ရာတွင် “ယုံကြည်ခြင်း” နှင့် “ခံစားချက်” ကြားတွင် ကြီးမားသည့် ခြားနားမှုရှိပါသည်။ သင်၏ ခရစ်တော်လိုအပ်မှုကို ခံစားခဲ့ဖူးပါသလား။ မိမိ၏ကိုယ်တိုင်ကောင်းမြတ်ခြင်းမရှိမူကြောင့် သင် သည် ခရစ်တော်လိုအပ်သည်ဟု ခံစားဖူးပါသလား။ ထို့အပြင် ယခုတွင် “သခင်ဘုရား ကျွန်ုပ် လုပ်ဆောင်နိုင်သည့် အကောင်းဆုံးသောဘာသာရေးလုပ်ငန်းအတွက် အပြစ်ဒဏ်ပေးနိုင်ပါ သည်” ဟု ပြောနိုင်ပါသည်။ ဤကဲ့သို့ မိမိအထဲက ဆောင်ယူလာနိုင်ခြင်းမရှိလျှင် ဘုရားသခင် ၏ငြိမ်သက်ခြင်းလည်း မရှိနိုင်ပါ။

၄။ စတုတ္ထအချက်၊ ဘုရားသခင်၏ငြိမ်သက်ခြင်းမရရှိမှီ သင့်ကို ဒုက္ခပေးသည့် အပြစ်တစ်ခုရှိသည်။ ထိုအပြစ်ကို မကြောင့်သော်လည်း အနည်းငယ်တို့က စဉ်းစားဆင်ခြင်ရပါမည်။ ၎င်းမှာ ဤလောကတွင် အပြစ်ကို အစီရင်ဆုံး အပြစ်ဖြစ်သည်။ သို့ရာတွင် လောကကြီးက ၎င်းကို အပြစ်ဟုပင်မထင်ပါ။ “ထိုအပြစ်ကားအဘယ်နည်း” ဟု သင်တို့မေးနိုင်ကြပါသည်။ သင်သည် အပြစ် ရှိသည်ဟု မထင်သော အပြစ်ပင်ဖြစ်ပါသည်။ မယုံကြည်သောအပြစ်လည်း ဖြစ်ပါသည်။

ငြိမ်သက်ခြင်းမရရှိမှီ သင့်စိတ်နှလုံး၏မယုံကြည်မှုကို ဒုက္ခခံရမည်။ သင်သည် ယေရှု ခရစ်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်း မရှိသောကြောင့်ဖြစ်သည်။

သင့်စိတ်နှလုံးကို တောင်းလျှောက်ပါ၏။ နတ်ဆိုးကိုယုံကြည်သည်ထက် ယေရှုခရစ် ကို ယုံကြည်ခြင်းမရှိမည်ကို စိုးရိမ်ရပါမည်။ နတ်ဆိုးများသည်လည်း သင်တို့ထက် ကျမ်းစာကို ယုံကြည်ကြသည်။ ယေရှုခရစ်၏ဘုရားဖြစ်ခြင်းကိုလည်း ယုံကြည်ကြသည်။ တုန်လှုပ်လျက် ယုံကြည်ကြသည်။ မိမိကိုယ်ကို ခရစ်ယာန်ဟု ခေါ်သောသူ အထောင်အသောင်းထက် တုန် လှုပ်လျက် ယုံကြည်ကြသည်။

သင်သည် သမ္မာကျမ်းစာကို ယုံကြည်သဖြင့် သင်ယုံကြည်သည်ဟုထင်သည်။ သို့မဟုတ် သင် ဘုရားကျောင်းကို သွားနေသောကြောင့် ယုံကြည်သည်ဟု ထင်နေရသည်။ ထိုအရာများကို ယုံကြည်ခြင်းမပါဘဲ သင်လုပ်ဆောင်နိုင်ပါတယ်။ ယေရှုခရစ်သည် သင့်အား ကောင်းသော အရာတစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်နိုင်၊ ဆီဇာ၊ အလက်ဇန္ဒားတဂရိတ်တို့ကဲ့သို့သော လူတို့ ထက်မပိုသောယုံကြည်မှုဖြင့်သာ ယုံကြည်လက်ခံသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါသည်။ ထိုအရာအတွက် ဘုရားသခင်ကို ချီးမွမ်းရပါမည်။ သို့ရာတွင် သင်ယုံကြည်လက်ခံနိုင်ပါသည်။ သို့ရာတွင် သခင်ယေရှုခရစ်ကိုတော့ ယုံကြည်ခြင်းမရှိပါ။

ယေရှုခရစ်ကိုယုံကြည်သည့်အချိန်မှစ၍ အဘယ်မျှလောက်ကြာမြင့်သည်ကို မေးလျှင် အမြဲတမ်းယုံကြည်သည်ဟု ပြောဆိုကြပါမည်။ ယေရှုကို မယုံကြည်ရသေးကြောင်း ကြီးမား သည့် သက်သေသာဓကအဖြစ် ပေးလိုက်ပါ။ ခရစ်တော်ကို အမှန်တကယ် ယုံကြည်လက်ခံ သောသူသည် ခရစ်တော်ကို ယုံကြည်လက်ခံခြင်းမရှိသည့် အချိန်ကာလလည်း ရှိပါသည်။

ဤအရာထက် များစွာ ပြောဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆိုးသွင်းသော လှည့်စားခြင်းသဘောသာဖြစ်ပါသည်။ များစွာသောအရာကို ထိုအရာနှင့်အတူ ဖြစ်ပေါ်လာ သည်။ သူတို့ကိုယ်တိုင် ယုံကြည်လက်ခံမှုရှိသည်ဟု ထင်ကြပါသည်။ လူတစ်ဦးက သူ့နာမည် သည် ပညတ်တရားဆယ်ပါးအောက်တွင် အပြစ်စရင်းဝင်သည်ဟု ပြောဆိုနိုင်သည်။ ထို့ နောက်တွင် သင်းအုပ်ထံသို့လာပြီး ငြိမ်သက်ခြင်းမရသည့်အကြောင်းရင်းကို မေးလိုက်သည်။ အမှုတော်ဆောင်က စာရင်းကိုကြည့်လိုက်ပြီး “ဝေးပါသေးတယ်၊ သင့်စာရင်းထဲတွင် မယုံ ကြည်သည့်အပြစ်ကို မတွေ့ရပါလား” ဟုဆိုပေမည်။ သင်၌ ယုံကြည်ခြင်းမရှိသဖြင့် မယုံ ကြည်သောအပြစ်ကို သိမြင်စေရန်မှာ ဘုရားသခင်၏ဝိညာဉ်တော်အလုပ်ပင်ဖြစ်ပါသည်။ ယေရှုခရစ်က ဝိညာဉ်တော်နှင့်စပ်လျဉ်း၍ မိန့်တော်မူခဲ့သည်။

“သူသည် လောကသားတို့၏အပြစ်ကို ထင်ရှားစေမည်၊ သူတို့သည် ငါ့ကိုမယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဖော်ပြမည်။” ( ယောဟန် ၁၆း ၈-၉ )

ယခုတွင် ချစ်သောမိတ်ဆွေ၊ သင်သည် ခရစ်တော်၌ စစ်မှန်သော ယုံကြည်ခြင်းမရှိ သည်ကို ဘုရားသခင်က ဖော်ပြဖူးပါသလား။ မာကြောသော သင့်စိတ်နှလုံး၏မယုံကြည်မှုအ ပေါ် ဝမ်းနည်းပူဆွေးမှုတွေ ရှိပါရဲ့လား။ သင်သည် “သခင်ဘုရား၊ ခရစ်တော်၌ ယုံကြည်ကိုး စားမှုရှိရန် ကူမတော်မူပါ” ဟု ဆုတောင်းဖူးပါသလား။ ခရစ်တော်ထံ သင်ကိုယ်တိုင် မလာနိုင် သည်ကို ဘုရားသခင်က ဖော်ပြပါသလား။ ခရစ်တော်၌ ယုံကြည်ခြင်းအတွက် ဆုတောင်း ငို ကြွေးပါသလား။ ထိုသို့မဟုတ်လျှင် သင့်စိတ်နှလုံးသားထဲတွင် ငြိမ်သက်ခြင်းမရရှိနိုင်ပါ။ ဘု ရားသခင်သည် သင့်အား နိုးထစေမူပါစေ။ သင်မသေမှီ ယေရှုခရစ်၌ ယုံကြည်ခြင်းအားဖြင့် စစ်မှန်သော ငြိမ်သက်ခြင်းကို ရရှိပါစေသော်။ ၎င်းသည် အခွင့်အရေးတစ်ခုမဟုတ်ပါ။

၅။ ပဥ္စမအချက်၊ သင်သည် ဘုရားသခင်ထံကလာသောငြိမ်သက်ခြင်းမရရှိမှီ ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားကို အပြည့်အဝယုံကြည်လက်ခံရပါမည်။

သင်သည် မူလအပြစ်၊ ဗီဇအပြစ်ကို သိရုံသက်သက်မဟုတ်ဘဲ မိမိ၏ဖြောင့်မတ်ခြင်း တရားကို ပျက်စီးစေသောအပြစ်၊ မယုံကြည်သောအပြစ်တို့ကိုလဲသိမှတ်ရပါမည်။ သခင်ယေရှု ခရစ်၏စုံလင်သောဖြောင့်မတ်ခြင်းတရားကို ယုံကြည်အားကိုစေနိုင်ရပါမည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ဆုပ်ကိုင်ထားနိုင်ရပါမည်။ ထို့နောက် သင်သည် ငြိမ်သက်ခြင်းကို ရရှိမည်ဖြစ်ပါသည်။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်။

“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါ သည်ချမ်းသာပေးမည်။” ( မဿဲ ၁၁း ၂၈ )

ဤကျမ်းပိုဒ်က ဝမ်လေး၍ပင်ပန်းနွမ်းနယ်သူများ သူ့ထံသို့သွားရန် ခွန်အားပေးတိုက် တွန်းထားပါသည်။ အဘယ်သူမဆို သွားနိုင်ပါသည်။ သို့ရာတွင် ချမ်းသာခြင်းကတိတော်ကို ယေရှုခရစ်တော်အား ယုံကြည်လက်ခံသောသူတို့အတွက်သာလျှင် ဖြစ်ပါသည်။ ဘုရားသခင် ၏ငြိမ်သက်ခြင်းကို လက်ခံရရှိထားခြင်းမတိုင်မှီ ယုံကြည်သောအားဖြင့် သခင်ယေရှုခရစ်၌ ဖြောင့်မတ်ခြင်းကို ရရှိသောသူဖြစ်ရပါမည်။ ခရစ်တော်ကိုယ်တိုင်ကို ပိုင်ဆိုင်ထားသူဖြစ်ရမည်။ ထို့ကြောင့် သူ၏ဖြောင့်မတ်ခြင်းက သင့်အား ဖြောင့်မတ်စေမူမည်။

ချစ်သောမိတ်ဆွေ၊ ခရစ်တော်နှင့်မင်္ဂလာဆောင်နှင်းပြီးပြီလား။ ယေရှုခရစ်သည် သင့် အား အမြဲပေးလျက်ရှိပါသလား။ အသက်ရှင်ခြင်းနှင့်ဆိုင်သောယုံကြည်ခြင်းဖြင့် ခရစ်တော်ထံ အမြဲလာပါရဲ့လား။ ခရစ်တော်သည် သင့်ထံသို့လာ၍ သင့်အား ငြိမ်သက်ခြင်းအကြောင်းပြော ရန် ဆုတောင်းပါ၏။ ဒုတိယအကြိမ်မွေးဖွါးရန် ဤအရာများကို တွေ့ကြုံရပါမည်။

ကျွန်ုပ်သည် အခြားကမ္ဘာက မမြင်နိုင်သည့် စစ်မှန်သောအရာကို ပြောလိုပါသည်။ ၎င်းမှာ ခရစ်ယာန်တို့၏အတွင်းပိုင်း၊ အပြစ်သားတို့၏နှလုံးသားထဲက ဘုရားသခင်၏လုပ် ဆောင်ချက်သာဖြစ်ပါသည်။ သင့်အတွက် အလွန်ပင် အရေးကြီးလှသောအရာအကြောင်းကို ကျွန်ုပ်ပြောဆိုနေသည်။ သင်သည် ဤအရာကို အလေးထားရမည်။ သင့်စိတ်နှလုံးသည် လည်း အလေးထားရပါမည်။ သင်၏ထာဝရကယ်တင်ခြင်းသည် ၎င်းနှင့်သက်ဆိုင်ပါသည်။

သင်သည် ခရစ်တော်မပါဘဲ ငြိမ်သက်ခြင်းမရှိနိုင်ဟု ခံစားနိုင်သည်။ နတ်ဆိုးက သင့် အား ငိုက်မြည်းစေနိုင်သည်။ မှားယွင်းသောလုံခြုံမှုကိုလည်းပေးနိုင်သည်။ သင့်အား ငရဲသို့ပို့ ဆောင်သည့်တိုင်အောင် သင့်အား အိပ်စက်စေပါလိမ့်မည်။ သင်နိုးထမည့်အချိန်ရှိပါသည်။ သို့ ရာတွင် သင်ကယ်တင်ခြင်းရဖို့အလွန်နောက်ကျပြီး မီးလျှံထဲတွင် ထလာရပါမည်။ သင့်လျှံတွင် ရေစက်လေးကိုပင် ချပေးရန် ထိုအချိန်တွင် သင်တောင်းဆိုရပေလိမ့်မည်။ သင့်ကို အဘယ်သူ မျှ ရေပေးမည်မဟုတ်ပါ။

သင်သည် ခရစ်တော်၌ နားခိုခြင်းမပြုသ၍ သင့်စိတ်ဝိညာဉ်တွင် ငြိမ်သက်ခြင်းမရရှိ နိုင်ပါ။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ ပျောက်ဆုံးနေသောအပြစ်သားများကို ကယ်တင်ရှင်ထံသို့ ပြန်လည်ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ သို့ဖြစ် ဘုရားသခင်သည် သင့်အား ကယ်တင်ရှင်ထံသို့ ခေါ်ဆောင်သွားပေမည်။ သင်သည် အပြစ်သားဖြစ်ကြောင်းကို သန့်ရှင်းသောဝိညာဉ်တော် သည် သင့်အား သိနားလည်စေတော်မူပါစေ။ ဤသို့ဖြင့် သင့်၏ဆိုးသွင်းသောလမ်းစဉ်ထဲမှ ယေရှုခရစ်ထံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ မစ္စတာ Noah Song က ဆုတောင်းသည်။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“သခင်၊ ကျွန်ု္ပ်ဆိုးသွန်းပါတကား"၊(John Newton, ၁၇၂၅-၁၈၀၇ ရေးစပ်သည်။)


အခှပှေုကမွှး

GEORGE WHITEFIELD ဟောကြားသော “ကျေးဇူးတော်နည်းလမ်း” ကို
ခေတ်သစ်အင်္ဂလိပ်ဘာသာဖြင့် အတိုချုံ့၍ လိုက်ဖက်အောင်ပြင်ဆင်သည် အကျဉ်းချုပ်

“THE METHOD OF GRACE” BY GEORGE WHITEFIELD,
CONDENSED AND ADAPTED TO MODERN ENGLISH

တရားဒေသနာကို ဒေါက်တာ R. L. Hymers, Jr. ကရေးသားပြီး
မစ္စတာ John Samuel Cagan က ဟောပြောသည်။

“ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ့၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။” ( ယေရမိ ၆း ၁၄ )

( ယေရမိ ၆း ၁၃ )

၁။      ပထမအချက်၊ သင်သည် ဘုရားသခင်ထံကလာသောငြိမ်သက်ခြင်း မရှိမှီ ဘုရားသခင်၏ပညတ်တော်ကိုဆန့်ကျင်သည့်ပြစ်မှားခြင်းအပေါ် ခံစားရမည်၊ ငိုကြွေး ရမည်၊ ဝမ်းနည်းရမည်။ ယေဇကျေလ ၁၈း ၄၊ ဂလာ ၃း ၁၀။

၂။      ဒုတိယအချက်၊ ဘုရားသခင်၏ငြိမ်သက်ခြင်းမရရှိမှီ၊ အပြစ်ကို သိ မြင်ခြင်း သည် နက်နက်ရှိုင်းရှိုင်းသွားရမည်။ သင်ကိုယ်တိုင်၏ အ ပြစ် သဘာဝကိုသိရမည်။ သင့် စိတ်ဝိညာဉ်၏ဆိုးသွင်းခြင်းကို သိရ မည်။ ဧဖက် ၂း ၃၊ ရောမ ၇း ၂၄။

၃။     တတိယအချက်၊ သင်သည် ဘုရားသခင်၏ငြိမ်သက်ခြင်းမရမှီ သင့်သက် တာတွင်ရှိသောအပြစ်၊ သင့်အသက်တာတွင်ရှိသောအပြစ် နှင့် ဒုက္ခ ရောက်ရုံသာမက သင့်၏အကောင်းဆုံးရွေးချယ်မှု၊ ဆက်ကပ်ခြင်း၊ “ခရစ် ယာန်အသက်တာ” ဟုခေါ်ဝေါ်ခြင်းကို အပြစ်တရားက ထိန်းချုပ်ထား ပါ သည်။ ရှိသောအပြစ်ရှိပါသည်။ ရောမ ၈း ၈ ။

၄။     စတုတ္ထအချက်၊ ဘုရားသခင်၏ငြိမ်သက်ခြင်းမရရှိမှီ သင့်ကို ဒုက္ခပေးသည့် အပြစ်တစ်ခုရှိသည်။ ထိုအပြစ်ကို မကြောင့်သော်လည်း အနည်းငယ်တို့ က စဉ်းစားဆင်ခြင်ရပါမည်။ ၎င်းမှာ ဤလောကတွင် အပြစ်ကို အစီရင် ဆုံး အပြစ်ဖြစ်သည်။ သို့ရာတွင် လောကကြီးက ၎င်းကို အပြစ်ဟုပင် မ ထင်ပါ။ “ထိုအပြစ်ကားအဘယ်နည်း” ဟု သင်တို့မေးနိုင်ကြပါသည်။ သင် သည် အပြစ်ရှိသည်ဟု မထင်သော အပြစ်ပင်ဖြစ်ပါသည်။ မယုံကြည် သောအပြစ်လည်း ဖြစ်ပါသည်။ ယောဟန် ၁၆း ၈၊ ၉ ။

၅။     ပဥ္စမအချက်၊ သင်သည် ဘုရားသခင်ထံကလာသောငြိမ်သက်ခြင်းမရရှိမှီ ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားကို အပြည့်အဝယုံကြည် လက်ခံရပါ မည်။ မဿဲ ၁၁း ၂၈။