Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဝိညာဉ်တိုက်ပွဲရဲ့လက်နက်များ

THE WEAPONS OF OUR WARFARE
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ် ဇန်နာဝါရီလ(၇) ရက်နေ့ စနေနေ့ညနေပိုင်းတွင် ဟောကြားသော Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, December 7, 2017

“ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မ ဟုတ်။ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင် သော လက်နက်ဖြစ်၏။” (၂ ကော ၁၀း ၄ ) )


ချစ်သောမိတ်ဆွေ၊ ကျွန်ုပ်တို့သည် စစ်ပွဲတွင် ရှိနေကြပါသည်။ ၎င်းက ဤလောက က ပြောဆိုနေသော စစ်ပွဲမျိုးမဟုတ်ပါ။ မွတ်စလင်အစွန်းရောက်သမားများကြောင့်ဖြစ်ရသည့် တိုက်ပွဲမျိုးလည်းမဟုတ်ပါ။ တိုင်းနိုင်ငံတွေကြားဖြစ်ပျက်နေသော စစ်မျိုးလည်းမဟုတ်ပါ။ ကွဲ ပြားခြားနားသည့် စစ်ပွဲသာဖြစ်ပါသည်။ အခြားစစ်ပွဲများထက် ကြီးမားသည့် စစ်ပွဲများလည်း ဖြစ်ပါသည်။ ၎င်းကို လက်နက်၊ ကြည်ဆံနှင့်ဗုံးများဖြင့် တိုက်ခိုက်၍ မရနိုင်ပါ။ ကျွန်ုပ်တို့ဘိုး ဘေးများက ဟစ်တလာကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် ဒုတိယကမ္ဘာစစ်ကို အနိုင်ယူခဲ့ ကြသည်။ ၎င်းကို ချာချီက “သွေး၊ ချွေး၊ မျက်ရည်စီးကျသောစစ်ပွဲ” ဟု သမုတ်လိုက်သည်။ သူတို့က ထူးခြားချက်ထက်ပို၍ တိုက်ခိုက်နေခဲ့ကြပါသည်။ ဟစ်တလာ၏စစ်တပ်သည် အင်္ဂ လန်နှင့်အမေရိကန်ပူးပေါင်းစစ်ထက် သာ၍ အဆမတန် တန်ခိုးကြီးလှပါသည်။ ဟစ်တလာ သည် အနိုင်ရခဲ့မယ်ဆိုရင် ကျွန်ုပ်တို့၏ဘဝအသက်တာကို လုံးဝဖျက်ဆီးသုတ်သင်ပေလိမ့် မည်။ သူသည် အနောက်တိုင်းကမ္ဘာ၏သမိုင်းကိုလည်း ဖျက်ဆီးလိမ့်မည်။ ကျွန်ုပ်တို့သည် ဆိုး ရွားလှသောပျက်စီးခြင်း၏အခြေအနေထဲတွင်သာ အသက်ရှင်နေကြရမည်ဖြစ်ပါသည်။ Adolf ဟစ်တလာနှင့် ၎င်း၏နာဇီအဖွဲ့တို့၏မိုက်မဲသောအမှုကိုဖျက်ဆီးခဲ့ကြသည့် Churchill, Roosevelt နှင့် စုပေါင်းတပ်ဖွဲ့များကိုပေးခြင်းအတွက် ဘုရားသခင်ကို အထူးကျေးဇူးတင်ပါ သည်။

ကျွန်ုပ်သည် ထိုစစ်ပွဲကို တရေးရေးသာမှတ်မိသည်။ ၎င်းသည် ကျွန်ုပ်ငယ်စဉ်တောင် ကျေးဘဝက ဖြစ်ပျက်ခဲ့သောအရာသာဖြစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့အသုံးပြုထားသော ကျမ်းပိုဒ်က အခြားသောစစ်ပွဲအမျိုးအစားကို ဖော်ပြနေပါတယ်။ မာယာပရိယာယ်ဖြင့်ကြွယ် ၀ပြီး ဖရိုဖရဲဖြစ်သော စစ်ပွဲဖြစ်ပြီး အသွေးအသားဖြင့်တိုက်ခိုက်သော စစ်ပွဲမျိုးမဟုတ်ပါ။ လူတို့ က ကြံစည်စိတ်ကူးထားသော စစ်ပွဲများထက် သာ၍ ကြီးမားသည်။ စာတန်နှင့်၎င်း၏မာရ်နတ် တန်ခိုးများနှင့်ရင်ဆိုင်ရသော စစ်ပွဲလည်းဖြစ်ပါသည်။

တမန်တော်ရှင်ပေါလုက ထိုအကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားပါသည်။ သူ က “ငါတို့သည် လူ့ဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့လိုက်၍ စစ်တိုက်ကြ သည်မဟုတ်” (၂ကော ၁၀း ၃ ) ဟု ဆိုထားပါသည်။ ကျွန်ုပ်တို့သည် လူသားများသာဖြစ်ကြ ပါသည်။ ကျွန်ုပ်တို့သည် ဤရန်သူကို လူသားနည်းလမ်းအားဖြင့် မနှိမ်နင်းနိုင်ပါ။ နိုင်ငံရေးသ မား၊ စစ်ဗိုလ်ချုပ်တွေအားဖြင့်မရ။ Donald Trump အားဖြင့်လည်းမရ။ အသွေးအသားရှိသော သူသည် မာရ်နတ်နှင့်တိုက်ခိုက်ရသော စစ်ပွဲကို အောင်မြင်ရန် မလွယ်ကူပါ။

“ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက် နက်မဟုတ်။ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင် သော လက်နက်ဖြစ်၏။” (၂ ကော ၁၀း ၄ ) )

၁။ ပထမအချက်၊ ကျွန်ုပ်တို့သည် စစ်ပွဲတွင်ရှိနေကြောင်း သတိပြုရမည်။

ဖျမ်းမျှအားဖြင့်လူတို့သည် ဤစစ်ပွဲဆက်လက်ဖြစ်ပွါးနေသည်ကို သတိမပြုမိကြပေ။ သူတို့သည် လက်ကိုင်ဖုန်းထဲတွင် ကလေးတစ်ယောက် ဆော့ကစားနေသကဲ့သို့ ကစားနေကြ သည်။ သူသည် မာရိကျူနာကိုသောက်ပြီး ၎င်းကြောင့်ဖြစ်သော ဆိုးကျိုးကိုမူ သတိမပြုမိကြ ပေ။ သူသည် မကောင်းသောမိန်းမများနှင့်ကာမပိုင်းဆော့ကစားကြပြီး အမျိုးသားတို့ကို ဆီး တားကြပါသည်။ သူ့အဖို့ ဒေါက်တာ Tozer ပြောဆိုသကဲ့သို့ “ကမ္ဘာကြီးသည် စစ်မြေပြင် ထက် ကစားကွင်းဖြစ်ပါသည်” ဟုဆိုသည်။

ကျွန်ုပ်တို့အသင်းတော်များသည် ဂိမ်းကစားအမျိုးမျိုးကို ဆော့ကစားခဲ့ကြသည်။ မျက် စိကန်းသည့်တရားဟောဆရာများသည် ၎င်းတို့၏ညနေပိုင်းအစီအစဉ်တိုင်းကို ပိတ်ကြသည်။ သူတို့သည် သွားစရာမရှိဘဲ တနင်္ဂနွေနေ့ညတိုင်းအပြစ်မှောင်မိုက်ထဲသွားနေသည့် လူငယ်များ အဖို့ လုံးဝစဉ်းစားဆင်ခြင်ခြင်းမရှိခဲ့ကြပါ။ ၎င်းမှာ ဦးနှောက်မရှိသောတရားဟောဆရာများနှင့် လုံးဝမထူးတော့ပါ။ သူတို့သည် တနင်္ဂနွေနေ့တွင် အလှူငွေရနိုင်သမျှကိုကောက်ခံပြီး တနင်္ဂ နွေညနေတွင် အချိန်များစွာပေး၍ ရုပ်မြင်သံကြားကြည့်ကြသည်။ သို့မဟုတ် တံခါးကိုပိတ်၍ အခန်းထဲတွင် မကောင်းသောဇာတ်ကားများကို ကြည့်ရှုကြသည်။ ယခုအခါတွင် Moody Bible Institute ကတောင်မှ သင်ကြားရေးဆရာများ၊ ရုံးအဖွဲ့များက အရက်၊ ကွမ်းယာ သောက်စားခြင်းကိုပင်လျှင် ခွင့်ပြုလာကြသည်။ Biola တက္ကသိုလ်ကလည်း လွန်ခဲ့သောနှစ်က ထိုနည်းအတိုင်း အသုံးပြုခဲ့ပါသည်။ (Don Boys, Ph.D., ဒီဇင်ဘာ ၂၆၊ ၂၀၁၆) ကျွန်ုပ်ဇနီး သည်နှင့်ကျွန်ုပ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကိုယ်တည်ထောင်ထားသည့် အသင်း တော်တွင် သင်းအုပ်သား၏မင်္ဂလာဆောင်ဧည့်ကြိုတွင် ဘီယာနှင့်ဝိုင်ကိုတိုက်ကျွေးပြီး လူတို့ ကခိုင်းမည်ကို စိုးထိန့်နေမိသည်။ “ဘီယာ၊ ကျမ်းစာနှင့်ညီအစ်ကိုဖြစ်ခြင်း” က အော့စဖွတ်တွင် ရှိသောအသင်းတော်တစ်ခုရှိ Rick Warren ၏စာအုပ်လေ့လာခြင်းတွင် တွေ့ဆုံကြပါသည်။ ထိုသို့သောအဖြစ်အပျက်သည် အမေရိကန်တစ်လျှောက်လုံးရှိအသင်းတော်များတွင် ဖြစ်ပျက် လျက်နေကြသည်။ (Boys, ၎င်း)

ကြမ်းတမ်းသောတေးဂီတကို တနင်္ဂနွေနေ့နံနက်တွင် တစ်နာရီခန့်မျှ အသင်းတော် များတွင် တီးခတ်ပြီး ဧဝံဂေလိမရှိ သို့မဟုတ် ခရစ်တော်အကြောင်း ဖော်ပြထားခြင်းလည်းမရှိ၊ သို့မဟုတ် ဧဝံဂေလိအားဖြင့် ပျောက်သောသူတို့ကို ခေါ်ဆောင်လာခြင်းလည်းမရှိ၊ သို့မဟုတ် အပြစ်သားသည် အဘယ်သို့ကယ်တင်ခြင်းရမည်အကြောင်းလည်း ဖော်ပြထားခြင်းမရှိဘဲ ဆယ့်ငါးမိနစ်ခန့် သင်ကြားခြင်းကိုလည်း ပြုထားပါသည်။ သို့ရာတွင် စစ်ပွဲကြီးသည် အသင်း တော်များ မျက်စိမှုန်ဝါးသည့်အချိန်တွင်ဖြစ်ပျက်မည်။ သူတို့သည် ဂိမ်းများကိုဆော့ရင်း စစ်မှန် သော ခရစ်ယာန်များဖြစ်ကြသည်ဟု ထင်နေမိချိန်တွင် ဖြစ်ပျက်လာမည်။ သူတို့သည် ဆု တောင်းခြင်းအစီအစဉ်တွင်လည်း မသွားကြပါ။ သူတို့သည် ဧဝံဂေလိတရားဟောကြားခြင်းကို နားထောင်ရန် ပျောက်ဆုံးဝိညာဉ်များကို ခေါ်ဆောင်လာခြင်းလည်းမရှိပါ။ “သူတို့အထဲက ထွက်လာကြပါ။ ထိုသို့သောအသင်းတော်မျိုးကို လုံး၀ မပေါင်းပါနှင့်။ သူတို့နှင့်ပေါင်းသင်းလျှင် သူတို့ထံက ထွက်လာပါ။ လောတသည် တရားစီရင်ရာနေ့တွင် သောဒုံမြို့မှထွက်သကဲ့သို့ ထွက်လာခဲ့ပါ။

ကျွန်ု္ပ်သည် အသက်ကြီးပြီး ဆံပင်လည်းဖြူနေပြီ။ တနေ့တွင် ဤနေရာ၌ ရှိမည်မ ဟုတ်ပါ။ သို့သော် အသင်းတော်တွင် ကျွန်ုပ်နှင့်တွေ့ဆုံသည့် အသင်းတော်တွင်ရှိသည့် တစ် ဦးချင်းစီတိုင်းအား တာဝန်ပေးလိုသည်မှာ ထိုသို့သော မိုက်မဲမှုကို ဘယ်တော့မှ အရှုံးမပေးပါ နှင့်။ ထိုသို့သော လောကဆန်သည့်မိုက်မဲမှုတွင် ဘယ်တော့မှ အခွင့်အရေးမပေးပါနှင့်။ ဘယ် တော့မှ မပေးပါနှင့်။ ဘယ်တော့မှ၊ ဘယ်တော့မှ၊ ဘယ်တော့မှ မပေးပါနှင့်။ အတိတ်က နိုးထ မှုထဲက ဓမ္မသီချင်းဟောင်းကို လုံး၀ အရှုံးမပေးပါနှင့်။ မစ္စတာ Griffith က ခုနက သီဆိုသည့် သီချင်းဟောင်းကို အရှုံးမပေးပါနှင့်။ ၎င်းမှာ သင်တို့၏သီချင်းစာရွက်တွင် နံပါတ် ၁၀ တွင်ဖြစ် သည်။ “ခရစ်ယာန်စစ်သည်တို့ချီ” ဖြစ်သည်။ အားလုံးမတ်တပ်ရပ်ပြီး ကျယ်ကျယ်လောင် လောင် ရှင်းရှင်းလင်းလင်း သီဆိုကြပါစို့။

တက်ကြခရစ်ယာန်စစ်သည် တိုက်ဖို့ချီသည်နည်း၊
   ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။
ရန်သူတွေ့အောင်ခရစ်တော် ကိုယ်တိုင်ကြွနှင့်၏။
   စစ်ပွဲထဲသို့ဝင်လော့၊ ထူအလံတော်ကြည့်
တက်ကြခရစ်ယာန်စစ်သည် တိုက်ဖို့ချီသည်နည်း၊
   ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။

အားကြီးဗိုလ်ပါများလို ခရစ်တော်အသင်းတော်သား၊
   ရှေးသန့်ရှင်းသူများတို့ ခြေရာကိုလိုက်ကြ။
ကွဲပြားဝါဒကင်း၏ ကိုယ်တစ်ကိုယ်တည်းသာ၊
   တမ်းတမျှော်လင့်ခြင်းညီ မေတ္တာစိတ်တစ်ပါး။
တက်ကြခရစ်ယာန်စစ်သည် တိုက်ဖို့ချီသည်နည်း၊
   ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။

စိုးမင်းအာဏာရွှေ့သွား တိုငဲ်ပည်များပျောက်လည်း၊
   ယေရှုနိုင်ငံတော်ကား မြဲတည်နေရလေ။
မာရ်နတ်ဆိုး၏နိုင်ငံ အောင်ခွင့်လျင်းမရ၊
   ခရစ်တော်ကိုယ်တိုင်မိန့်သံ၊ မြဲကတိတော်ထား။
တက်ကြခရစ်ယာန်စစ်သည် တိုက်ဖို့ချီသည်နည်း။
   ယေရှုကားတိုင်ထမ်း၍၊ ရှေ့တက်စိတ်အားကြီး။
(“ခရစ်ယာန်စစ်သည်တို့ချီ”၊ Sabine Baring-Gould, ၁၈၃၄-၁၉၂၄ ) )

အားလုံးထိုင်နိုင်ပါပြီ။

“ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက် နက်မဟုတ်။ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင် သော လက်နက်ဖြစ်၏။” (၂ ကော ၁၀း ၄ ) )

ကျွန်ုပ်တို့စစ်ပွဲရဲ့လက်နက်များမှာ ဇာတိလက်နက်များမဟုတ်သကဲ့သို့ လူသားလက် နက်များလည်းမဟုတ်ပါ။ ၎င်းတို့သည် သဘာဝလွန် လက်နက်များပင်ဖြစ်ပါသည်။ ၎င်းတို့ သည်လည်း သဘာဝလွန်လက်နက်များဖြစ်သင့်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် သဘာ ဝလွန်တွန်းအားများနှင့်ရင်ဆိုင်တိုက်ခိုက်နေရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်နှင့်၎င်း၏ နတ်ဆိုးများနှင့်တိုက်ခိုက်နေရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် “မာရ်နတ်၏ပရိယာယ်နှင့်တိုက် ခိုက်နေရမည်ဖြစ်သည်။” (ဧဖက် ၆း ၁၁ ) ကျွန်ုပ်တို့ခရစ်ယာန်များသည် နတ်ဆိုး၏အစီအစဉ် များကို အစဉ်တိုက်ခိုက်နေရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အတွေးအခေါ်များကို လိမ် ခေါက်နေသောနတ်ဆိုးနှင့်မှားယွင်းမှုများကို ဆန့်ကျင်တိုက်ခိုက်နေရခြင်းပင်ဖြစ်ပါသည်။ မ ပြောင်းလဲသူများ၏စိတ်နှလုံးသားထဲတွင် နတ်ဆိုးရ မှားယွင်းသောအတွေးအခေါ်များကို ထည့်သွင်းပေးထားပါသည်။ သမ္မာကျမ်းစာက “ကျွန်ုပ်တို့သည် အသွေးအသားဖြင့် တိုက် ခိုက်ကြသည်မဟုတ်၊ အာကာသကောင်းကင်ကိုအစိုးရသောမင်းတည်းဟူသော အာဏာစက် တို့နှင့်တိုက်ခိုက်နေရသည်” ဟု ဆိုပါသည်။ (ဧဖက် ၆း ၁၂ NIV) ကျွန်ု္ပ်တို့သည် နတ်ဆိုးကို တိုက်ခိုက်နေခဲ့ကြပါသည်။ မာရ်နတ်ကို တိုက်ခိုက်နေခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် အသင်း တော်ထဲသို့ခေါ်ဆောင်လာမည့်ပျောက်ဆုံးဝိညာဉ်များအတွက် နတ်ဆိုးများကို တိုက်ခိုက်နေ ကြရခြင်းဖြစ်ပါသည်။ တိုက်ခိုက်ခြင်းမရှိဘဲ သွားခွင့်ပြုထားမည်မဟုတ်ပါ။

သင်သည် အမှန်တကယ် ကယ်တင်ခြင်းရရှိထားခြင်းမရှိလျှင် သင့်စိတ်နှလုံးထဲတွင် နတ်ဆိုးသည် ယခုပင်အလုပ်လုပ်နေလျက်ရှိပါသည်။ နတ်ဆိုးသည် ဤအစည်းအဝေးရှိနေစဉ် တွင်ပင် သင့်စိတ်နှလုံးသားထဲ၌ အလုပ်လုပ်နေပါသည်။ နတ်ဆိုးသည် ၎င်း၏တိုက်ခိုက်သည့် နည်းဗျူဟာများကို ယခုပင် သင့်စိတ်နှလုံးသားထဲတွင်ချထားသည်။ နတ်ဆိုးသည် “နာခံခြင်း မရှိသောသူများ၏စိတ်နှလုံးသားထဲတွင် အလုပ်လုပ်နေသည့်ဝိညာဉ်ဖြစ်သည်။” (ဧဖက် ၂း ၂ NIV) နတ်ဆိုးများသည် သင့်စိတ်နှလုံးသားထဲတွင် “ယခုပင်အလုပ်လုပ်နေကြကြောင်း” သမ္မာကျမ်းစာက ဆိုထားပါသည်။

Julie အမည်ရှိ ကောင်မလေးတစ်ယောက်က မပြောင်းလဲခင် ပြောဆိုသောစကားကို နားထောင်ကြပါစို့။ “ဒေါက်တာ Hymers က ကျွန်ုပ်သည် ပျောက်ဆုံးသည်ဖြစ်၍ စုံစမ်းသည့် အခန်းသို့သွားရန် လိုကြောင်းပြောပြသည်။ ဤအချက်တွင် ဘုရားကျောင်းလာရသည်ကို ကြောက်ရွံ့မိသည်” ဟုဆိုပါသည်။ သူမ၏စိတ်နှလုံးတွင် စကားပြောနေသူမှာ စာတန်မာရ် နတ်ပင်ဖြစ်ပါသည်။ ယခုတွင် သင်တို့သည် မာရ်နတ်၏လှည့်ဖြားခြင်းကို ခံနေရကြသည်။ သင်တို့သည် ပျောက်ဆုံးသူများဖြစ်ကြသည်ဟု ငါဆိုသည်။ သို့ရာတွင် ၎င်းကို သင်တို့သည် မကြားလိုကြပါ။ သင်တို့ပျောက်ဆုံးကြသည်ဟူသောအချက်ကို မကြားလိုကြပါ။ အကြောင်း မှာ သင်တို့သည် စာတန်၏အတွေးအခေါ်၊ နတ်ဆိုး၏အယူအဆကိုသာ နားထောင်နေကြပါ သည်။ Julie က “ငါကောင်းတယ်လို့ထင်ခဲ့မိတယ်။ ထိုအရာမှာ အသက်တာတွင် အလိုအပ် ဆုံးသောအရာများပင်ဖြစ်ကြပါသည်” ဟုဆိုပါသည်။ သူမသည် ဘုရားကျောင်းတွင် ဘဝတစ် လျှောက်လုံး တက်လာခဲ့သည်။ ၎င်းသည် မလုံလောက်ပေဘူးလား။ ဒေါက်တာ Hymers က ကျွန်မပျောက်နေတယ်လို့အဘယ့်ကြောင့်ဆိုသနည်း။ ငါက လူကောင်းတစ်ယောက်ပါ။ “အခြားကလေးများလုပ်ဆောင်ခဲ့သည့် ကောင်းတဲ့အရာကို ငါမလုပ်ခဲ့ပါဘူး။ငါက အမှားမရှိ ဘူးဟု ကိုယ်ကိုကိုယ်တွေးမိတယ်” ဟုဆိုပါသည်။ ၎င်းမှာ အထဲတွင် နတ်ဆိုးအလုပ်လုပ်နေ ခြင်းပင်ဖြစ်ပါသည်။

၎င်းမှာ သင်တွေးနေသောအရာမဟုတ်ပေဘူးလား။ သင်သည် ကောင်းသည်ဟု ယူဆမိပါသလား။ သမ္မာကျမ်းစာက နတ်ဆိုးသည် “ယခုတွင် နာခံခြင်းမရှိသောသူများတွင် အ လုပ်လုပ်နေသည်” ဟုဆိုပါသည်။ နတ်ဆိုးသည် ယခုတွင် သင့်အထဲ၌ အလုပ်လုပ်နေပါ သည်။ သင့်စိတ်နှင့်နှလုံးသားထဲတွင် အလုပ်လုပ်နေပါသည်။

Julie က “ငါတတ်နိုင်သလောက် ကောင်းတာပါဘဲ။ အဘယ်အရာကို နောက်ထပ် အလိုရှိပါသနည်း။ တရားဒေသနာတိုင်းကို စိုးရွံ့နေမိသည်။ ရက်သတ္တပါတ်တွင် မလွယ်ကူ သော အချိန်ကာလကို ဖြတ်သန်းနေခဲ့ရပါသည်” ဟုဆိုခဲ့သည်။ မာရ်နတ်သည် သူမအထဲတွင် အလုပ်လုပ်ဆောင်နေပြီး သူမကောင်းကြောင်းကိုသာပြောနေသည်။ သူမသည် ကယ်တင်ခြင်း ရရှိရန်ပင် မလိုအပ်သည်အကြောင်း ပြောပေမည်။ သူသည် လူကောင်းဖြစ်သောကြောင့်ပင်။ အခြားသူများက သူ့ထက်ပင် အပြစ်ကြီးကြဟန်ဖြစ်လာသည်။ သူတို့ကသာ ကယ်တင်ခြင်း ရရှိကြရန်လိုသည်။ သူမက ကယ်တင်ခြင်းရရှိရန် မလိုအပ်ပါ။ သူသည် ကောင်းနေပြီးသားဖြစ် ပါသည်။ ထိုသို့သောသဘောသည် မာရ်နတ်ထံက လာသော အကြောင်းအရာဖြစ်ပါသည်။ သူမသည် စာတန်၏လက်ထဲတွင် ရောက်နေသည်။ သူမသည် မာရ်နတ်၏ကျေးကျွန်ဖြစ်နေပါ သည်။ သူမသည် မာရ်နတ်၏ချုပ်နှောင်ခြင်းကို ခံစားနေရပါသည်။ သူမသည် ကောင်းသည် ဟူ၍လည်းကောင်း၊ အခြားသူများသာလျှင် အသွေးတော်ဖြင့်ဆေးကြောခြင်းခံရလိုအပ်သည် ဟုလည်းကောင်း လှည့်ဖြားခြင်းကိုခံနေရသည်ဖြစ်၍ ချုပ်နှောင်ခြင်းခံရခြင်းဖြစ်သည်။ သူမ တော့မခံရပါ။ နောက်ဆုံးတွင် သူမသည် တနင်္ဂနွေဘုရားကျောင်းသို့လာပါသည်။ နောက်ဆုံး တွင် သူသည် ကျမ်းစာဖတ်ပြီး ဆုတောင်းလာပါသည်။ “နောက်ထပ် အဘယ်အရာကို လုပ် ဆောင်လိုပါသနည်း။ Julie က သူမကယ်တင်ခြင်းမရကြောင်းကို ကျွန်ုပ်အား မပြောလိုပါ။ ယေရှုအသွေးတော်မပါဘဲ ပျောက်နေသည်ကို မသိစေလိုပါ။ သို့ရာတွင် ဘုရားသခင်၏ တွန်း လှန်၍ မရနိုင်သောကျေးဇူးတော်သည် သူမအား အသင်းတော်ထဲသို့ ထပ်ခါထပ်ခါ ဆွဲခေါ်လာ ခဲ့ပါသည်။ ယုံကြည်လက်ခံသောသူများ ကယ်တင်တော်မူခြင်းသို့ရောက်ကြမည်အကြောင်း ဘုရားသခင်၏တွန်းလှန်၍ မရနိုင်သောကျေးဇူးတော်အားဖြင့် ဧဝံဂေလိတရားကိုကြားနိုင်ရန် ဘုရားသခင်က ပြန်လည်ခေါ်သွင်းခဲ့ပါသည်။

ဆက်လက်လာနိုင်ဖို့ အဘယ်အရာကို လုပ်ဆောင်ရမည်နည်း။ သူခေါ်ဆောင်လာ သော မိတ်ဆွေတစ်ဦးသည် စုံစမ်းသည့်အခန်းသို့သွားရန်လိုအပ်ကြောင်းကို ပြောပြသောအခါ လုံး၀ မလာတော့ပေ။ ထိုမိန်းကလေးသည် မာရ်နတ်စကားကို နားထောင်ပြီး အရင်အသင်း တော်၊ သူမပျောက်ဆုံးကြောင်း အဘယ်သူမျှ မပြောပြဘူးသည့် အသင်းတော်သို့ ပြန်သွားခဲ့ ပါသည်။ အခြားမိန်းကလေးကလည်း မာရ်နတ်စကားကိုနားထောင်ပြီး ဤအသင်းတော်မှ ထွက်ပြေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် သူမအပြစ်အကြောင်း ကျွန်ုပ်၏ဟော ပြောချက်ကို နားမထောင်လိုသောကြောင့်ဖြစ်သည်။ ထိုမိန်းကလေး၏အပြစ်သည် အဘယ်သို့ သောအပြစ်မျိုးဖြစ်ကြောင်း Julie ၏ ဖခင်က ကျွန်ုပ်ကို မေးသည်။ ညစ်ပတ်သောအပြစ်၊ နှင့် သူမသည် ၎င်းကို မစွန့်လွှတ်လိုပါ။ သူမသည် သမ္မာတရားလမ်းထဲက ထွက်သွားပြီး လုံး၀ ကယ်တင်ခြင်းသို့ မရောက်တော့ပါ။ အကြောင်းမှာ သူမသည် ၎င်း၏အစေခံရာသခင် မာရ်နတ်အား နာခံသောကြောင့်ဖြစ်ပါသည်။

သူမကဲ့သို့ ဤအခန်းထဲတွင် လူများစွာရှိနေကြပါသည်။ သူမသည် မာရ်နတ်၏ချုပ် နှောင်ခြင်းကို ခံနေရသည်။ သင်သည် သင့်အပြစ်ကို နှစ်သက်သည်။ သင်၏ဘ၀ဟောင်းကို ကြိုက်နှစ်သက်ခဲ့သည်။ သင်၏ညစ်ပေမှုကို နှစ်သက်သည်။ အတွင်းထဲ၌ သင်၏လက်ရှိဘ၀ ကို နှစ်သက်သည်။ ထိုအကြောင်းကို သိမှတ်ခြင်းမရှိလျှင်၊ မာရ်နတ်၏ကျေးကျွန်ဖြစ်နေမည် ဖြစ်သည်။

သို့ရာတွင် သင့်၌ရှိသော အဆိုးရွားဆုံးသောအပြစ်မှာ ယေရှုကို ငြင်းပယ်ခြင်းပင်ဖြစ် ပါသည်။ သူသည် သင့်အားကယ်တင်ပြီး သူ၏အသွေးတော်အားဖြင့် သင့်အပြစ်ကို ဆေး ကြောလိုပါသည်။ သို့ရာတွင် ယေရှုစဉ်းစားသမျှကို သင့်စိတ်နှလုံးထဲက ဖယ်ထုတ်ပြီး အပြစ် ထဲသို့သာ တရွေ့ရွေ့သွားခဲ့သည်။

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့ဝိညာဉ်တိုက်ပွဲရဲ့လက်နက်များ။

ကျွန်ုပ်တို့အသုံးပြုထားသောကျမ်းပိုဒ်က ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက် သည် ဇာတိပကတိလက်နက်မ ဟုတ်။ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြ တို့ကို ဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏” ဟုဆိုထားပါသည်။ မာရ်နတ်အားတိုက်ခိုက် သည့် လက်နက်များမှာ အခြေခံအားဖြင့် ဆုတောင်းခြင်းနှင့်ဘုရားသခင်၏ပညတ် တော်၊ သင်သည် အပြစ်သားဖြစ်ကြောင်းပြောသည့် ပညတ်တော်ပင်ဖြစ်ပါသည်။ ပညတ်တရားက သင်သည် အပြစ်ရှိကြောင်းပြောသည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်က သင့်အပြစ်ကိုသိမြင်စေမည့် သန့်ရှင်းသောဝိညာဉ်တော်ကို ခေါ်ဆောင်လာသည်။

ထိုအရာမှာ ကျွန်ုပ်တို့သည် စိတ်နှလုံးပါလျက် ဆုတောင်းရန် လိုအပ်သည့် အ ကြောင်းတရားပင်ဖြစ်ပါသည်။ အကြောင်းမှာ ပျောက်သောသူတို့သည် ၎င်းတို့ပြုသောအပြစ် ကို သိမြင်နားလည်ရန်လိုအပ်ပါသည်။ ယနေ့ညတွင် ဆုတောင်းခြင်းမပါလျှင် လုံးဝမပြောင်း လဲနိုင်မည့်သူ အသင်းတော်တွင် ယနေ့ညရှိနေကြပါသည်။ သူတို့အတွက် ရဲစွမ်းသတ္တနှင့် မျက် ရည်မပါလျှင် သူတို့ကို ယေရှုထံပို့ဆောင်နိုင်မည်မဟုတ်ပါ။ မျက်ရည်ဖြင့်ဆုတောင်းလာသော အခါ အပြစ်သားများက မိမိတို့အပြစ်ကို သိမြင်လာကြကြောင်း သိရသည်။ မျက်ရည်မကျဘဲ ဆုတောင်းခြင်းသည် အဖြေရခဲသည်။ ဟေရှာယလုပ်ဆောင်သကဲ့သို့ အဖြေပေးပါသည်။

“ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍ဆင်းသက်တော် မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။” ( ဟေရှာယ ၆၄း ၁ ) )

အရင်က ဆုမတောင်းခဲ့သည့်တိုင် ယခုတွင် ဆုတောင်းရမည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကြွလာ၍ ပျောက်သောသူတို့အား အပြစ်ကို မြင်စေပါသည်။ မကောင်း သောအရာကို ကြည့်ရှုနေသည့် အရာဖြစ်သည်။ မိကကို မုန်းတီးသည့် အငြိုးအတေးများကို သိမြင်စေရန်ဖြစ်သည်။ မိမိ၏ကောင်းမှုအပေါ် ဝါကြွားလိုသည့် အပြစ်ကို မြင်စေသည်။ ယေရှု ကို ငြင်းပယ်သည့်အပြစ်ကို နားလည်စေရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ပညတ်တရားကို ၎င်းအား ဟောပြောထားရပါမည်။ ဆုတောင်းခြင်း နှင့်တရားဒေသနာဟောကြားခြင်းသည် နတ်ဆိုးကို အနိုင်ယူရန် အဓိကကျသောလက်နက် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပညတ်တရားများကို Julie အား တစ်ပတ်ပြီးတစ်ပတ် တနင်္ဂနွေနေ့ တိုင်း ဟောပြောခဲ့ပါသည်။ သူမက “၎င်းသည် ဒေါက်တာ Hymers က ကျွန်ုပ်အပြစ်များကို တိုက်ရိုက်ဆန့်ကျင်ဟောပြောနေဟန်ရှိသည်” ဟုဆိုပါသည်။ မိဘကိုဆန့်ကျင်သောသားသမီး များသည် အဘယ်မျှလောက်အပြစ်ကြီးကြသည်ကို ဟောပြောသည်။ ကျွန်ုပ်မျက်ရည်များဝဲ လာသည်။ ၎င်းမှာ ဘုရားသခင်အရင်ဆုံးကိုင်တွယ်သည့် ကျွန်ုပ်အပြစ်ဖြစ်သည်။ ကျွန်ုပ်သည် အရမ်းဆိုးတဲ့သားဆိုးသားမိုက်၊အထူးသဖြင့် မိဘကို ကလန်ကဆန်လုပ်သည့်သားအဖြစ် နား လည်လာသည်။ ဖခင်ကိုမုန်းသည့် အမုန်းအညှိုးကို ဖုံးကွယ်ရန် လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ် သည် အလွန်ဆိုးသွင်းသောသူဖြစ်ကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ကျွန်ုပ် အားပြသသည်။ ကျွန်ုပ်သည် တကယ်ပဲ မကောင်းသောသူဖြစ်ပါသည်။ လူများကလည်း မ ကောင်းသောသူအဖြစ်သာ တွေ့ကြပါသည်။ မိမိကိုယ်ကို ထင်ထားသည်ထက် ပို၍ ဆိုးပါ သည်။ ငါက အရမ်းဆိုးပါသည်။ တကိုယ်ကောင်းဆန်ပြီး ဝါကြွားသောသူဖြစ်ပါသည်။ မိမိကိုယ်ကိုလည်း ရှက်မိပါသည်။ ကျွန်ုပ်စိတ်နှလုံးက ခန့်မှန်းရခက်ပါသည်။ ကျွန်ုပ်သည် အ ပြစ်ခွင့်လွှတ်ခြင်းကိုလိုအပ်လျက်ရှိသည်။ သို့သော် ထိုက်တန်သည်ဟု မထင်မှတ်ပါ။ မိမိကိုယ် ကို အပြစ်ရှိပြီး မှားယွင်းသောသူအဖြစ် ခံစားမိပါသည်။ ကျွန်ုပ်ကဲ့သို့အပြစ်နှင့်ပြည့်နေသော သူကို အဘယ်သို့ခွင့်လွှတ်နိုင်ပါမည်နည်း။ ဆုတောင်းခြင်းလက်နက်နှင့်ပညတ်တရားဟော ပြောခြင်းသည် ကျွန်ုပ်အပေါ် မာရ်နတ်၏တန်ခိုးကို ချိုးနှိမ်ထားပါသည်။ “ငါတို့စစ်တိုက်၍ သုံး စွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြကိုဖျက်ဆီးသော လက်နက်ဖြစ်သည်” (၂ကော ၁၀း ၄ )ဟုဆိုသည်။ စာတန်၏ခိုင် မာသောရဲတိုက်မှာ အလွန်တန်ခိုးပါသည်။ ၎င်းတို့သည် သင့်အား စာတန်၏ချုပ်နှောင်မှုတွင် ထိန်းသိမ်းထားသည့် သင့်စိတ်နှလုံးသားတွင်ရှိသော ရဲတိုက်ပင်ဖြစ်ပါသည်။ ၎င်းစာတန်၏ ချုပ်နှောင်ရာတံတိုင်းကို ဆွဲချပြီး လွတ်မြောက်စေနိုင်သောအရာမှာ ဘုရားသခင်၏တန်ခိုးပင် ဖြစ်ပါသည်။

ကင်ဆာအပြစ်ရဲ့တန်ခိုးကို ချိုးဖျက်လိုက်ပြီ၊
   ချုပ်နှောင်ခံသူကို လွတ်မြောက်စေသည်။
အသွေးတော်သည် ကျွန်ုပ်အပြစ်ကိုဆေးကြောသည်။
   အသွေးတော်သည် ကျွန်ုပ်အတွက်ရှိနေ။
“ရာထောင်ချီစကား” Charles Wesley၊ ၁၇၀၇-၁၇၈၈)

သင့်ခိုလှုံရာကား အဘယ်နည်း။ မာရ်နတ်၏ချုပ်နှောင်ရာအရပ်တွင် အဘယ်အရာက ဆက် လက်ရှိနေစေပါသနည်း။ ၎င်းမှာ ပိုနိုဂရာဖီကြောင့်ဖြစ်သည်။ မူးယစ်ဆေးဝါးကြောင့်လည်းဖြစ် သည်။ သင်သည် အလွန်ကောင်းသည်ဟု တွေးတော်မိသည်ကြောင့်လည်းဖြစ်ပါသည်။ သင် သည် ပြောင်းလဲရန် မလိုဟူသောအတွေးအခေါ်ကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် ဘုရာကျောင်းသို့လာသည်။ ကျမ်းစာကိုဖတ်ပြီးဆုတောင်းသည်အတွက်ကြောင့်ဖြစ် သည်။ ၎င်းမှာ စာတန်က ၎င်း၏ခိုလှုံရာအိမ်ထဲတွင် သင့်အား ချုပ်နှောင်ထားသည့်နည်းလမ်း ဖြစ်ပါသလော။

ကျွန်ုပ်တို့လူများသည် Julie လွတ်မြောက်ဖို့အတွက် ဆုတောင်းပေးကြသောကြောင့် ကျေးဇူးတင်ပါသည်။ ပညတ်တရားကို ဟောပြောခွင့်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါ သည်။ သူသည် ပျောက်ဆုံးသောသူဖြစ်ကြောင်းကို တရားဒေသနာတိုင်းတွင် ပြောပါ။

“ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက် နက်မဟုတ်။ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင် သော လက်နက်ဖြစ်၏။” (၂ ကော ၁၀း ၄ ) )

Julie သည် တရားဒေတနာတစ်ခုပြီးသွားသည့်အခါ လာရောက်တွေ့ဆုံသည်။ သူမ က “ဒေါက်တာ Hymers က ယေရှုသည် သင့်ကိုယ်စား လက်ဝါးကပ်တိုင်တွင် အသေခံပေးခဲ့ သည်ဟူ၍လည်းကောင်း၊ သူ့အပေါ်တွင် ဘုရားသခင်၏တရားစီရင်ခြင်းသည် ကျရောက်ခဲ့ပြီး ဖြစ်သောကြောင့် ကျွန်မအပေါ်တွင် ထိုစီရင်ခြင်းမကျရောက်တော့ကြောင်း ပြောခဲ့သည်။ ယခု တွင် ယေရှုကို လိုအပ်ရသည်အကြောင်း အသွေးတော်ကိုလိုအပ်သည်အကြောင်းသိရှိခဲ့သည်။ ကျွန်ုပ်အပြစ်များသည် အသွေးတော်အားဖြင့်ဆေးကြောခြင်းကိုခံရမည်အကြောင်း ယေရှုကို အလိုရှိခဲ့သည်။ ဒေါက်တာ Hymers က ယေရှုသည် သင့်ကိုအလွန်ချစ်သည်ဟူ၍လည်း ကောင်း၊ အသက်တာတွင် အဘယ်အပြစ်ရှိသည်ဖြစ်စေ ယေရှုသည် ကျွန်ုပ်အား ကယ်တင် မည်အကြောင်းကို ပြောပြသည်။ သူက ယေရှုကို ကိုးစားရန်ပြောသည်။ နောက်ထပ်မရနိုင် တော့ပါ။ ကျွန်ုပ်မျက်နှာသည် မျက်ရည်များဖြင့်ပြည့်နေသည်။ ယေရှုကို ကိုးစားရန် အသင့်အ နေအထားတွင်ရှိနေသဖြင့် ဒူးထောက်လိုက်သည်။ ယေရှုကို အသက်တာတွင် လက်ခံယုံ ကြည်လိုက်ပါသည်။ ကျွန်ုပ်၏ကုသိုလ်ကောင်းမှုကြောင့်မဟုတ်။ ယေရှုကို ကိုးစားသော ကြောင့်သာလျှင်ဖြစ်ပါသည်။ ယေရှုနှင့်အသွေးတော်ကို ယုံကြည်ကိုးစားပါ၏။ ကျွန်ုပ်လုပ်နိုင် သော ကောင်းမှုကုသိုလ်ကို မကိုးစားတော့ပါ။ မိမိဝါကြွားမှုကို စွန့်လွှတ်လိုက်သည်။ ယေရှုကို ကိုးစားသဖြင့် ကယ်တင်ခြင်းသို့ရောက်သည်” ဟု ဆိုပါသည်။

အလွန်ပင်ထူးဆန်းလှသည့် သက်သေခံချက်ပါတကား။ ယခုတွင် Julie သည် ကယ် တင်တော်မူခြင်းသို့ရောက်ပြီ။ သူမသည် ကျွန်ုပ်၏မိတ်ဆွေဖြစ်သည်။ သူမသည် ယခုတွင် ခရစ်ယာန်တစ်ယောက်ဖြစ်နေသည်ကို အမှန်တကယ် ယုံကြည်လက်ခံပါသည်။ ဒေါက်တာ Cagan သည်လည်း ထိုနည်းအတိုင်းဖြစ်ပါသည်။ သူ့မအား မကြာမှီ အနာဂတ်တွင် နှစ်ခြင်း ပေးပါမည်။

သူမ၏စကားများသည် ယနေ့ညတွင် သင်တို့အား စကားပြောပါသလား။ သင်သည် အဘယ်မျှလောက်အပြစ်ကြီးသောသူဖြစ်ကြောင်းကို သတိပြုခံစားမိပါသလား။ ယေရှုခရစ်ကို ယုံကြည်ကိုးစားပြစ် ကားတိုင်တွင် သွန်းလောင်းသောအသွေးတော်အားဖြင့် အပြစ်ဆေးကြော ခြင်းကိုခံရရန် လိုအပ်ကြောင်း သင်တို့၏လိုအပ်ချက်ကို သိမြင်ခဲ့ပြီလား။ ယေရှုသည် သင့် အား အလွန်ချစ်တော်မူသည်။ ဤနေရာသို့လာ၍ ကျွန်ုပ်၊ John Cagan နှင့် ဒေါက်တာ Cagan တို့နှင့် ယေရှုကိုးစားယုံကြည်ခြင်းအကြောင်းကိုဆွေးနွေးကြမည်လော။ လူတိုင်းသည် အထက်ခန်းတွင် စားသောက်ဖို့သွားနေကြစဉ် ဤနေရာသို့လာပြီး ဆွေးနွေးတိုင်ပင်ပြီး အတူ တကွဆုတောင်းပဌနာပြုကြပါစို့။ သင်သည် အပေါ့အပါးသို့သွားလျှင် သွားပြီး ပြန်လာပါ။ သီချင်းဆိုနေစဉ် ပြန်လာခဲ့ပါ။ ဘုရားသခင်သည် အစားအသောက်ကို ကောင်းကြီးပေးပါစေ။ ယေရှုကို ယနေ့ညတွင် ကိုးစားယုံကြည်သောသူများကိုလည်း ဘုရားသခင်ကောင်းကြီးပေးပါ စေ။ အာမင်။

အားလုံးမတ်တပ်ရပ်ပြီး သီချင်းစာရွက်ထဲက သီချင်းနံပါတ် ခုနှစ်ကို သီဆိုကြပါစို့။ “ကျွန်ုပ်၏ရူပါရုံကိုပြည့်စေပါ” သီဆိုကြပါစို့။ သီချင်းစာရွက်ထဲတွင် နံပါတ် ဆယ့်တစ်ဖြစ်သည်။ ထိုသို့သီဆိုစဉ်တွင် သင်တို့နှင့်ဆွေးနွေးတိုင်ပင်ပြီး သင်တို့အဖို့ ဆုတောင်းနိုင်ဖို့ရန် ဤနေရာ သို့ လာကြပါ။

ရူပါရုံနှင့်ပြည့်စေပါ၊ ဆုတောင်းပါ၏၊ ကယ်တင်ရှင်ဘုရား
   ယေရှုကိုသာ ယနေ့မြင်တွေ့လိုပါ၏။
ချိုင့်ဝှမ်းထဲလျှောက်သွားရသောလည်း ကျွန်ုပ်ကိုလမ်းပြ၊
   ကိုယ်တော့်ဘုန်းရောင်ခြည် ကျွန်ုပ်အား လွှမ်းမိုးထားခဲ့။
ရူပါရုံပြည့်စေပါ၊ ကယ်တင်ရှင်ဘုရားသခင်၊
   ကိုယ်တော့်ဘုန်းရောင်ခြည် ထွန်းတောက်သည့်တိုင်။
ရူပါရုံကိုပြည့်စေပါ၊ အားလုံမြင်တွေ့နိုင်ဘို့ရာ၊
   ကိုယ်တော့်သန့်ရှင်းပုံရိပ် ကျွန်ုပ်တွင် ထင်ဟပ်။

ရူပါရုံကိုပြည့်စေပါ၊ အပြစ်မှလွတ်မြောက်စေရန်၊
   အလင်းသည် ကျွန်ုပ်အထဲတွင် လင်းစေမူပါ။
ကိုယ်တော်၏မင်္ဂလာရှိသောမျက်နှာတော် ဖူးတွေ့ပါရစေ၊
   အဆုံးမဲ့ကျေးဇူးတော်ဖြင့် ရစ်ပတ်စေတော်မူပါ။
ရူပါရုံပြည့်စေပါ၊ ကယ်တင်ရှင်ဘုရားသခင်၊
   ကိုယ်တော့်ဘုန်းရောင်ခြည် ထွန်းတောက်သည့်တိုင်။
ရူပါရုံကိုပြည့်စေပါ၊ အားလုံမြင်တွေ့နိုင်ဘို့ရာ၊
   ကိုယ်တော့်သန့်ရှင်းပုံရိပ် ကျွန်ုပ်တွင် ထင်ဟပ်။
(“ရူပါရုံနှင့်ပြည့်စေပါ”၊ Avis Burgeson Christiansen, ၁၈၉၅-၁၉၈၅ ) )

အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
(၂ ကော ၁၀း ၃-၅ ) “ခရစ်ယာန်စစ်သည်တို့ချီ၊ ” Sabine Baring-Gould, ၁၈၃၄- ၁၉၂၄၊ အပိုဒ် ၁၊ ၂၊ နှင့် ၃ ) )


အခှပှေုကမွှး

ဝိညာဉ်တိုက်ပွဲရဲ့စစ်လက်နက်များအကျဉ်းချုပ်

THE WEAPONS OF OUR WARFARE

Dr. R. L. Hymers, Jr.

“ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မ ဟုတ်။ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင် သော လက်နက်ဖြစ်၏။” (၂ ကော ၁၀း ၄ ) )

(၂ ကော ၁၀း ၃ ) )

၁။ ပထမအချက်၊ ကျွန်ုပ်တို့သည် စစ်မြေပြင်တွင်ရှိနေကြောင်း သတိပြုရ မည်။ ဧဖက် ၆း ၁၁၊ ၁၂ ၊ ဧဖက် ၂း ၂

၂။ ဒုတိယအချက်၊ ကျွန်ုပ်တို့ဝိညာဉ်တိုက်ပွဲရဲ့ စစ်လက်နက်များ၊ ဟေရှာယ ၆၄း ၁ ။