Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ယနေ့ခေတ်သေခါနီးတော်များကြားသိရန်လိုအပ်သော တရားဒေသနာအမျိုးအစားဖြစ်သည့် အာဒံနှစ်ဦးအကြောင်း

(ကမ္ဘာဦးကျမ်းနှင့်ပါတ်သက်၍ တရားဒေသနာ # ၉၀)
THE TWO ADAMS –
THE KIND OF SERMON WE NEED TO HEAR
IN OUR DYING CHURCHES TODAY!
(SERMON #90 ON THE BOOK OF GENESIS)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဒီဇင်ဘာလ ( ၄ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, December 4, 2016

“ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာ အပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့ တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ ( ကမ္ဘာဦး ၂း ၁၆- ၁၇ ) )


ဘုရားသခင်သည် ပထမလူကို မြေမှုန့်ထဲက ဖန်ဆင်းတော်မူခဲ့သည်။ လူငယ် တစ်ဦး အနေဖြင့် ယုံကြည်နိုင်စရာ လုံးဝမရှိခဲ့ပါ။ ၁၉၆၁ ခုနှစ် စက်တင်ဘာလ စတုတ္ထပတ်အထိ ဆင့် ကဲဖြစ်စဉ်အယူအဆကို လက်ခံယုံကြည်ဆဲသာဖြစ်သည်။ ထိုနှစ် စက်တာဘာလ ၂၈ ရက်နေ့ တွင် ရုတ်တရက်ပြောင်းလဲသွားသည်။ အသက်တာပြောင်းလဲသွားသည့် ပြောင်းလဲခြင်းမျိုးဖြစ် ပါသည်။ ထိုရက်သတ္တပတ်တွင် အရာအားလုံး ပြောင်းလဲသွားပါသည်။ အရေးကြီးဆုံးအရာ တစ်ခုမှာ သမ္မာကျမ်းစာထဲတွင် ခိုင်မာသောယုံကြည်ခြင်းပင်ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ဆင့် ကဲ့ဖြစ်စဉ်သည် အမြောက်သက်သက်သာဖြစ်ကြောင်း၊ သိပံအတတ်သာဖြစ်ကြောင်း၊ မော် မွမ်း၊ ဂိုရမ်ကျမ်းကဲ့သို့ မှားယွင်းကြောင်း ယုံကြည်လက်ခံလာခဲ့သည်။ ကျွန်ုပ်ပြောင်းလဲလာ သောအခါ စိတ်နှလုံးသည် ဒါဝင်၏အယူအဆယုံကြည်ခြင်းမှ သမ္မာကျမ်းစာ၏မူရင်း ဟေဗြဲနှင့် ဂရိမှုတ်သွင်းခြင်းကို ယုံကြည်လက်ခံလာခဲ့သည်။ ကျွန်ုပ်စိတ်နှလုံး၌ ယခုသိလာသည်မှာ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်းဖြစ်၍၊ အကျိုးရှိသည်။” (၂ တိ ၃း ၁၆) ကျမ်းစာ စကားလုံးများသည် ဘုရားမှုတ်သွင်းထားခြင်းဖြစ်၍၊ ကျမ်းစာထဲတွင် အမှားပါ ဝင်စရာအကြောင်းမရှိပါ။ စကားလုံးတိုင်းသည် အမှားမရှိပါ။ ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအ ထိ အမှားမရှိပါ။ သန့်ရှင်းသောစာအုပ်ကို ရေးသားသောသူတို့အား ပေးထားသည့် အရာပင် ဖြစ်ပါသည်။ သမ္မာကျမ်းစာက “ဘုရားသခင်သည် မြေမှုန့်ကိုယူ၍ သူ၏နှခေါင်းထဲတွင် ဇီဝအ သက်ကို မှုန့်သွင်းလိုက်သောအခါ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာသည်” (ကမ္ဘာဦး ၂း ၇ ) ဟု ဆိုပါသည်။ ဘုရားသခင်သည် ပထမလူကိုဖန်ဆင်းပြီး လူသည် နိမ့်ကျသောဘ၀ ပုံစံမရောက်သည်ကို သိထားကြပါသည်။ ကမ္ဘာဦးကျမ်း၏ လူအားဖန်ဆင်းခြင်း အကြောင်း မှတ်တမ်းမှတ်ရာသည် စစ်မှန်သည်။ ဆင့်ကဲဖြစ်စဉ်မှာ စာတန်၏ လုပ်ရပ်ဖြစ်ကြောင်း သိထား ပါသည်။

ထို့နောက် ဘုရားသခင်သည် လူအား လှပသော ဥယျာဉ်၊ အဟာရရှိပြီး အရသာရှိ သော သီနှံပေါကြွယ်သည့် ဥယျာဉ်ထဲတွင် နေရာချထားခဲ့သည်။ ကျန်းမာရေးနှင့်ကိုက်ညီ သော အပင်နှင့်အသီးအနှံအများစုသည် ရေလွှမ်းမိုးခြင်းကြောင့် မရှိကြတော့ပေ။

ဥယျာဉ်အလယ်တွင် အရေးပါသောအပင်နှစ်ပင်ရှိသည်။ အသက်ပင်နှင့် ကောင်းမ ကောင်းသိကျွမ်းရာအပင်တို့ပင်ဖြစ်ပါသည်။ ဘုရားသခင်သည် အာဒံအား စောင့်ထိန်းရမည့် ပညတ်တစ်ခုပေးထားသည်။ “ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို မစားရ။ စား သောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူသည်။” (ကမ္ဘာဦး ၂း ၁၇ ) ကမ္ဘာဦး ၂း ၁၇ တွင် တွေ့ရသည့် “ကောင်းမကောင်းသိကျွမ်းရာ” ဟူသောစကားလုံးသည် “ရာဒါ” ဟူသောစကားလုံးထဲက ဆင်းသက်လာခြင်းဖြစ်ပါသည်။ အဓိပယ်မှာ “ရင်းနှီးကျွမ်း ဝင်သည်၊ ရင်းနှီးသောမိတ်ဆွေ” ဟု ဆိုလိုပေသည်။ သူတို့သည် တားမြစ်ထားသောအပင်ရဲ့ အသီးကို စားလျှင် အမှန်တကယ် သေရကြမည်။ လက်ထပ်ခြင်းမရှိဘဲ ကာမဆက်ဆံလျှင် စိတ်ထဲတွင် ထာဝရစွဲထင်နေမည်။ အကြောင်းမှာ ထိုသို့လုပ်ဆောင်သောသူသည် ထိုအရာ နှင့်ရင်းနှီးကျွမ်းဝင်နေပေသည်။ သေရည်သေရက်ကို တစ်ကြိမ်နှစ်ကြိမ်သောက်သုံးခြင်းသည် စွဲခြင်းဆီသို့ဦးဆောင်နေပေမည်။ ဩတ္တပစိတ်သည် ပျောက်ကွယ်သွားပေသည်။ ကောင်းမ ကောင်းသိကျွမ်းရာအပင်၏အသီးကိုစားခြင်းက လူသားတို့၏ဩတ္တပစိတ်ကို ထာဝရဖျက်ဆီး သွားခဲ့သည်။ ပထမတွင် ဝိညာဉ်သေခြင်းနှင့် နောက်ဆုံးတွင် ကိုယ်ကာယသေခြင်းပင်ဖြစ်ပါ သည်။

နတ်ဆိုးသည် ထိုအကြောင်းကို ကောင်းစွာ သိနားလည်ပါသည်။ သို့ဖြစ်၍ မစားရမည့် အပင်၏အသီးကိုစားရန် သူတို့ကို သွေးဆောင်ခဲ့ပါသည်။ လူသည် မိမိ၏ဩတ္တပစိတ်ကို ဆုံး ရှုံးပြီး အပြစ်သားဖြစ်လာမည်ကို သိနှင့်နေသည်။ သွေးဆောင်ခံရခြင်းသည် လူတို့၏ဩတ္တပ စိတ်ကို ပျက်စီးစေသည်။ သူသည် ထာဝရကာလအပြစ်သားဖြစ်နေရပါသည်။ သူ၏ဩတ္တပ စိတ်သည် တားမြစ်ထားသည့်အပင်၏အသီးကို စားသည်နှင့်တပြိုင်နက် သေဆုံးသွားခဲ့ရပါ သည်။ သူသည် ဘုရားသခင်ထံက ပုန်းရှောင်၍ နေလေသည်။ သူ၏စိတ်ဝိညာဉ်သည် “အပြစ် တရား၌ သေလျက်ရှိပါသည်။” (ဧဖက် ၂း ၁ ) သူသည် “ဒုစရိုက်တွင် သေလျက်ရှိသည်။” (ဧဖက် ၂း ၅ ) သူသည် လောကဆန်သောစိတ်ကို ပိုင်ဆိုင်ထားပါသည်။ ဘုရားသခင်ကို လည်း ရန်သူသဖွယ်မြင်လာတော့သည်။ (ရောမ ၈း ၇ ) သူသည် ဝိညာဉ်ရေးရာ၌သာသေ သည်မဟုတ်။ ကိုယ်ကာယသည်လည်း အသက်ကြီးလာပြီး နောက်ဆုံးတွင် သေရကြပါသည်။ သေသောသူသည် “ဘုရားဝိညာဉ်အရာကို လက်မခံနိုင်ပါ။” အကြောင်းမှာ ဘုရားသခင်၏ သမ္မာတရားသည် “သူ့အဖို့ မိုက်မဲစရာပင်ဖြစ်ပါသည်။” ( ၁ ကော ၂း ၁၄ )

ယခုတွင် ပို၍ပင်ဆိုးသွင်းသည်။ သူ၏ဆိုးသွင်းပျက်စီးသောသဘာ၀နှင့်ဝိညာဉ်ရေးရာ သေလျက်ရှိသောအရာတို့ကို မျိုးဆက်များအားလုံး၊ မြေကြီးပေါ်တွင်ရှိသောသူတိုင်းက အမွေ ခံရကြပါသည်။ အကြောင်းမှာ “အာဒံ၏နာမခံခြင်းအားဖြင့် လူပေါင်းများစွာတို့သည် အပြစ် သားဖြစ်လာရကြသည်။” (ရောမ ၅း ၁၉၊ KJV, ESV) “ထို့ကြောင့်၊ အာဒံ၏ပြစ်မှားခြင်းကြောင့် လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းကို ခံရကြပါသည်။” (ရောမ ၅း ၁၈ ) “အာဒံ၏ဗီဇအပြစ် ဟူသည်မှာ ပြစ်မှားခြင်းသည် လူတိုင်းအား မွေးဖွါးလာသောအခါ စိတ်နှလုံးသားထဲတွင် အ ပြစ်စွဲပါလာခြင်းပင်ဖြစ်သည်။ ထိုစိတ်နှလုံးသားထဲတွင် အပြစ်စွဲပါလာခြင်းသည် ပြုမူသော အ ပြစ်အားလုံး၏အရင်းအမြစ်ပင်ဖြစ်ပါသည်။ ၎င်းမှာ အာဒံထံမှ ကျွန်ုပ်တို့ထံ ထုတ်လွှတ်ခြင်း (အမွေခံခြင်း) ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်လုပ်သောကြောင့် အပြစ်သားများမဟုတ် ကြပါ။ အပြစ်သားများဖြစ်သောကြောင့်သာ အပြစ်ကို လုပ်ကြခြင်းဖြစ်သည်။ အပြစ်ခံစေသည့် သဘာ၀ဖြင့်မွေးဖွါးလာခဲ့ကြပါသည်။” (The Reformation Study Bible, စာ- ၇၈၂ မှတ်စု) “အပြစ်တွင် သေနေသောလူသည် မိမိ၏ခွန်အား အစွမ်းအစဖြင့် မိမိကိုယ်ကို ကယ်တင်ရန် မ ဖြစ်နိုင်ပါ။” (Westminster Confession, IX, ၃ )

အာဒံ၏ပြစ်မှားခြင်းသည် မျိုးဆက်အားလုံး (လူသားမျိုးနွယ်တစ်ခုလုံး) ကို သက် ရောက်စေပါသည်။ ထိုအချက်က သက်သေအထောက်အထားပင်ဖြစ်ပါသည်။ ပထမဆုံး အာဒံ၏သာ ကာဏ္ဍုနသည် လူသတ်သမားဖြစ်ပြီး အာဒံ၏ပထမဆုံးသားဖြစ်ခြင်းအချက်က သက်သေအထောက်အထားကို ပေးထားသည်။ (ကမ္ဘာဦး ၄း ၈ ) ထို့ကြောင့် သင်သည် အာဒံ ၏သားဖြစ်ရပါသည်။ သင်သည် သဘာဝအားဖြင့် အပြစ်သားပင်ဖြစ်ရပါသည်။ အဘယ်အရာ မျှမလုပ်ဆောင်ရပါ။ သို့မဟုတ် ကယ်တင်ခြင်းရရန် ပြောဆိုနိုင်စွမ်းလည်းမရှိပါ။ သင့်ကိုကယ် တင်ရန် အဘယ်အရာကိုမျှ မလုပ်နိုင်ပါ။ သင်သည် သဘာဝအားဖြင့် အပြစ်သားသာဖြစ်ပါ သည်။ အသင်းတော်သို့ရောက်လာခြင်းဖြင့် ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ သင်၏ဆု တောင်းခြင်းသည် သင့်ကို မကယ်တင်နိုင်ပါ။ လူကောင်းဖြစ်ခြင်းသည်လည်း သင့်အား မ ကယ်တင်နိုင်သေးပါ။ အဘယ်အရာကမျှ မလုပ်ဆောင်ပေးနိုင်ပါ။ တဖန်ပြောပါရစေ။ အ ဘယ်အရာကမျှ သင့်ကို မကယ်တင်နိုင်ပါ။ သင်သည် ပျောက်ဆုံးသောသူဖြစ်သည်။ သင် သည် ပျောက်ဆုံးသော အပြစ်သားပင်ဖြစ်ပါသည်။ အပြစ်ကိုအပြုလုပ်ဆုံး ကျွန်ုပ်သိသော အ ပြစ်သားများမှာ တရားဟောသူများ၊ သမ္မာကျမ်းစာကို နေ့တိုင်းဖတ်ရှုနေ့လာသူများပင်ဖြစ်ပါ သည်။ နာမခံရဆုံးသောသူအချို့တို့မှာ ခရစ်ယာန်မိသားစုမှ မွေးဖွါးလာသောသူများပင်ဖြစ်ပါ သည်။ သို့သော် သူတို့သည် ပုန်ကန်ရန်၊ ဘုရားသခင်ကို ဆန့်ကျင်ရန်၊ ခရစ်တော်ကိုဆန့်ကျင် ရန်၊ ၎င်းတို့၏မိဘများကို ဆန့်ကျင်ရန်၊ အသင်းတော်တွင် သင်ယူသမျှကို ဆန့်ကျင်ရန် မွေး ဖွါးလာကြခြင်းပင်ဖြစ်ပါသည်။ သူတို့သည် ကျမ်းစာကိုကောင်းစွာ သိကြပါလိမ့်မည်။ သို့သော် ဆန့်ကျင်နေကြပါသည်။ သူတို့သည် သမ္မာကျမ်းစာကိုဟောပြောသောသင်းအုပ်များကို ဆန့် ကျင်ကြပါသည်။ သူတို့သည် စိတ်နှလုံးသားထဲတွင် သမ္မာတရားကို မုန်းကြသောကြောင့် ဆန့် ကျင်ကြခြင်းဖြစ်ပါသည်။ နတ်ဆိုးအလားဆိုးသွင်းသော “အသင်းတော်ကလေးများ” ကို ကျွန်ုပ်တွေ့ဖူးသည်။ မိန်းကလေးများက အသင်းတော်တွင်ကြီးထွားလာသော ယောက်ျား လေးများကို ၎င်းတို့နှင့်ကာမဆက်ဆံရန်သွေးဆောင်ကြပါသည်။ နောက်နေ့တနင်္ဂနွေတွင် သူတို့သည် ကောင်းကင်တမန်များကဲ့သို့ သီချင်းသီဆိုခဲ့ကြသည်။ သူတို့သည် အပြစ်ပင်လယ် ထဲတွင် နစ်နေကြပါသည်။ ထိုမိန်းကလေးများနှင့် ကာမဆက်ဆံပေါင်းသင်းပြီး ၎င်းတို့အပြစ် ကို လူငယ်များရှေ့တွင် ကြွားလုံးထုတ်ထားသော “အသင်းတော်ရှိကလေးများ” လည်း သိရ သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ကလေးသူငယ်များစိတ်တွင် တပ်မက်မှုပေါ်လာပြီး ၎င်း က သူတို့ဘဝကို ဖျက်ဆီးနိုင်ပါသည်။

သင်က “ငါမလုပ်ဘူးပါ” ဟုဆိုနိုင်သည်။ သို့သော် ထိုသို့လုပ်ဆောင်ရန် ကြံစည်နေ ပါသည်။ သင့်စိတ်ထဲတွင် မကောင်းသောအရာကို အမြဲလုပ်ဆောင်နေသည်မဟုတ်လော။ ယေရှုက ၎င်းကို အပြစ်လုပ်သကဲ့သို့ အပြစ်များကြောင်း ဆိုပါသည်။

သင်က ဘုရားသခင်ကို ချစ်သည်ဟု ဆိုသည်။ သို့သော် စကားနားထောင်ပါသလား။ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချစ်ပါသလား။ ကျမ်းစာကို နေ့တိုင်း ဖတ်ရှုလိုပါသလား။ ဘုရားသခင်နှင့်ဆုတောင်းခြင်းဖြင့် နေ့တိုင်းစကားပြောလိုပါသလား။ သို့မဟုတ် သင်၏လွတ် လပ်သောအချိန်ကို တီဗွီဂိမ်းကြည်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းဖြင့် အချိန်ကုန်ဆုံးစေပါသလား။ ဆုတောင်းခြင်း၊ သို့မဟုတ် ကျမ်းစာဖတ်ခြင်းတွင် ထိုမျှလောက်အချိန်သုံးဖို့ ဘယ်တော့မှ မစဉ်းစားမိဘူးလား။ ထိုအကြောင်းအရာက သင်သည် ဘုရားသခင်ကို မချစ်သည်ကို ပြသည်။ လုံး၀ မချစ်သည်ကိုပြသည်။ ဘုရားချစ်သည်ဟုသာ ပြောနေသည်။ ဘုရားသခင်ကို ဆန့်ကျင် နေပါသည်။ သင်သည် မိမိကိုယ်ကိုသာ ချစ်သည်။ စဉ်းစားကြည့်ပါ။ မမှန်ဘူးလား။ သင်သည် ဘုရားသခင်အားဆန့်ကျင်ပုန်ကန်သောသူဖြစ်ပါသလား။ သင်းအုပ်ကို ကြောက်ရွံ့သောသူဖြစ် ပါသလား။ သင်သည် အကျွန်ုပ်အား အဘယ့်ကြောင့် ကြောက်နေရသနည်း။ ဘုရားသခင်နှင့် အပြစ်အကြောင်းကို ယှဉ်တွဲပြီးစဉ်းစားစေသောကြောင့် မဟုတ်ပေဘူးလား။ ထိုအရာသည် ငါ့ ကို ကြောက်ရသည့်အကြောင်းရင်း မဟုတ်ပေဘူးလား။

သင်သည် အဘယ်သို့နေ့စွဲသတ်မှတ်ရမည်ကို John Cagan ၏တရားဒေသနာကို အ ကြိုက်မတွေ့မိဘူးလား။ သင်သည် ထိုင်လျက် နားထောင်နေရသည်။ အပြစ်အကြောင်း၊ ကယ်တင်ခြင်းအကြောင်းနှင့်ခရစ်တော်အကြောင်းဟောကြားသောအချိန်တွင် ထိုသို့မလုပ် ဆောင်ကြပါ။ နေ့စွဲမှတ်သားထားခြင်းမှာ လူတစ်ဦးသည် ခရစ်တော်အကြောင်း၊ သင့်အား အပြစ်မှကယ်တင်ရန် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူကြောင်း ဟောသည်ကိုကြား သည်ထက် သင့်ကို ပိုစိတ်ဝင်စားဟန်တူပါသည်။ သို့ဆိုလျှင် ကျွန်ုပ်ပြောသမျှမှန်ကန်ကြောင်း တွေ့ရှိမည်။ သင်သည် စိတ်နှလုံးသားထဲတွင် ခရစ်တော်ကို အမှန်တကယ်မချစ်ဘဲ ပုန်ကန် သောအပြစ်သားဖြစ်ကြောင်း သက်သေထူနေပါသည်။ သင်သည် ပျောက်ဆုံးနေသောအပြစ် သားဖြစ်ကြောင်းကို ဝန်ခံရမည်။ ခံစားတတ်ရမည်။ အမှန်တကယ် ဝန်ခံထားပါ။ ထိုအရာကို -ဝန်ခံရမည်။ သို့မဟုတ်လျှင် မျှော်လင့်ချက်ရှိလာမည်မဟုတ်ပါ။ သင့်အတွက် မျှော်လင့်ချက် လုံးဝမရှိပါ။

“မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့် မည်။” ( သုတ္တံ ၂၈း ၁၃ ) )

သင်သည် ယခုတွင် အပြစ်နှင့်ပြည့်နေသောစိတ်နှလုံးသားထဲက အပြစ်များကို ဝန်ခံလိုက်ပါ။ သို့မဟုတ်လျှင် သင်သည် ထာဝရမီးငရဲထဲသို့ ရောက်ရှိသွားပေလိမ့်မည်။ ၎င်းသည် အမှန်တ ရားပင်ဖြစ်ပါသည်။ ငါသည် သင်တို့အား ကလေးသူငယ်များကဲ့သို႔ ပြောနေပါသည်။ ၎င်းသည် ဆန်းဒေးစကူးလ်အတွက် ချိုမြိန်သော သင်ခန်းစာမဟုတ်ပါ။ Joel Osteen က ပြောသည့် ချို မြိန်သည့် ပုံပြင်လည်းမဟုတ်ပါ။ John MacArthur ၏ ကျမ်းပိုဒ်တစ်ခုချင်းစီ အဓိပယ်ဖွင့်ဆို ပေးချက်လည်း မဟုတ်ပါ။ နိုးထလာစေရန် ခေတ်နောက်ကျသည့်တရားဒေသနာလည်းမ ဟုတ်ပါ။ ကျောင်းဟောင်းက ဧဝံဂေလိနှင့်ဆိုင်သော တရားဒေသနာပင်ဖြစ်ပါသည်။ သင် သည် အပြစ်နှင့်ပြည့်နှက်နေသည်ဟူသောအချက်တွင် နိုးထလာစေရန် ဘုရားသခင်အသုံးပြု သည့်တရားဒေသနာလည်းဖြစ်ပါသည်။ အပြစ်၌သေသည့်စိတ်နှလုံးအကြောင်းကိုဖော်ပြထား သည့် တရားဒေသနာလည်းဖြစ်ပါသည်။ တရားဟောဆရာတိုင်းပြောသင့်သည်အတိုင်း သင် တို့အား ပြောဆိုနေခြင်းဖြစ်ပါသည်။ သင်တို့၏ငွေကြေးကို အလိုမရှိပါ။ ငွေနှင့်အတူ ငရဲသွားရ လိမ့်မည်။ သင်တို့စိတ်ဝိညာဉ်ကိုသာ ငါအလိုရှိသည်။ သင်တို့သည် ယေရှုခရစ်အားဖြင့် ကယ် တင်ခြင်းရသည်ကို ငါမြင်လိုသည်။ ဘုရားသခင်က သင့်၏အပြစ်နှင့်ပြည့်သောစိတ်ကိုယူ၍ ပြောင်းလဲစေရန်၊ အသွေးတော်အားဖြင့်ဆေးကြောစေရန်သာ အလိုရှိပါသည်။ ၎င်းမှာ ကျွန်ုပ် အလိုရှိသောအရာပင်ဖြစ်ပါသည်။ မှားယွင်းသောအယူဝါဒရှိသောသူဖြစ်မည်အစား ပျော်ရွှင် သောခရစ်ယာန်တစ်ယောက်အဖြစ် ပြောင်းလဲလာစေလိုပါသည်။ မှားယွင်းသောအယူရှိသော သူသည် အပြင်တွင်သာခရစ်ယာန်ဖြစ်ပြီး အထဲ၌ “သေသောသူတို့၏အရိုး၊ မစင်ကြယ်သော အရာများ” ဖြင့် ပြည့်နေသည်။ သင်သည် အပြင်တွင် ဖြောင့်မတ်ဟန်ရှိသော်လည်း အတွင်း၌ မူကား မှားယွင်းမှုများ၊ အပြစ်များပြည့်နေသည်။” (မဿဲ ၂၃း ၂၇၊ ၂၈ ) သင်သည် ရှိနေသည့် လမ်းကို ကြိုက်နှစ်သက်သည်။ သင့်စိတ်နှလုံးသည် အပြစ်နှင့်ပြည့်နေသဖြင့် ခရစ်ယာန်ဖြစ် လာရန် အတတ်နိုင်ဆုံးကြိုးစားသည်။သို့သော် စိတ်နှလုံးကို ၾကည့်ပါ။ သင့်စိတ်နှလုံးသည် အ ပြစ်နှင့်ပြည့်နှက်နေသည်။ တပ်မက်ခြင်း၊ မယုံကြည်မှုများနှင့်ပြည့်နေသည်။ သင့်စိတ်နှလုံး သည် ကာဏ္ဍုန၏စိတ်နှလုံးကဲ့သို့ ပုန်ကန်နေသည်။

ကမ္ဘာဦး ၅း ၁၊ ၃ က အာဒံ၏အပြစ်သည် လူသားမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီး ကြောင်း သက်သေပြုသည်။ သို့သောကြောင့် သင့်စိတ်နှလုံးသည် အပြစ်ထဲတွင် သေလျက် နေရသည်။ ကမ္ဘာဦး ၅း ၁ တွင် “ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်း တော်မူသည်” ကိုတွေ့ရသည်။ (ကမ္ဘာဦး ၅း ၁ ) သို့သော် အာဒံသည် မိမိ၏ဩတ္တပကို ပြစ် မှားလိုက်သည်။ ထိုအကြောင်းကို အာဒံသည် “မိမိနှင့်တူသောသူကို မွေးဖွါးသည်” (ကမ္ဘာဦး ၅း ၃ ) ဟု ဖတ်ရှုရပါသည်။ အာဒံသည် ဩတ္တပကြည်လင်နေစဉ်တွင် ဘုရားသခင်၏ပုံသဏ္ဍန် နှင့်အညီ၊ ဘုရားသခင်ကဲ့သို့ အပြစ်ကင်းလျက် ဖန်ဆင်းသည်ဟု ဆိုနိုင်သည်။ သို့သော် အပြစ် ကျူးလွန်ပြီးနောက်တွင် “မိမိနှင့်တူသောသားကို ရရှိသည့်” ဖခင်ဟုသာခေါ်ကြသည်။ အပြစ် ကိုကျူးလွန်ခြင်း၊ ဇာတိအားဖြင့် အပြစ်ရှိသောသူဖြစ်သတည်း။ (ကမ္ဘာဦး ၅း ၃ )

ထိုနည်းလမ်းအတိုင်း သင်သည် မွေးဖွါးလာခဲ့ပါသည်။ သင်သည် သဘာဝအားဖြင့် ပြစ်မှားသည့်အချိန်တွင် အာဒံအပြစ်ရှိသကဲ့သို့ အပြစ်ရှိလာပါသည်။ သင်သည်သဘာဝအား ဖြင့် အပြစ်ရှိပါသည်။ သင်သည် သဘာဝအားဖြင့် အပြစ်များလှပါသည်။ သင့်မိဘတွေလည်း အပြစ်ရှိပါသည်။ ကျောင်းတွင် သင်သိသောသူ၊ အလုပ်တွင် သင်သိသောသူများသည်လည်း အပြစ်သားများသာဖြစ်ကြပါသည်။ သူတို့၏မကောင်းသောစိတ်နှလုံးကို ပြောင်းလဲစေရန် အ ဘယ်ရာကိုမျှ မတတ်နိုင်သော အပြစ်သားများပင်ဖြစ်ပါသည်။ “အဘယ်အရာဖြစ်သနည်း။” သင်က “အမေ့တွင် အပြစ်နှင့်ပြည့်နေသောနှလုံးသားရှိသည်” ဟု ဆိုနိုင်သည်။ ဟုတ်ပါသည်။ သူမ၏စိတ်နှလုံးသည် သင့်စိတ်နှလုံးသားကဲ့သို့ ပုန်ကန်ပြီး အပြစ်နှင့်ပြည့်နေသည်။ သို့မ ဟုတ် အာဒံ၏သားသမီးများကဲ့သို့ဖြစ်သည်။ လူသားမျိုးနွယ်တစ်ခုလုံးသည် ပျက်စီးနေကြ သည်။ သေခြင်းလည်း ဝင်ရောက်လာပါသည်။ ၎င်းတို့သည် အာဒံ၏အပြစ်ကြောင့်ပင် ဖြစ်ပါ သည်။ မာကုကသတိပေးထားသည်။ မာကု သူက နာမခံရန် အကြောင်းပြချက်မရှိပါ။ မာကု၊ သူသေမည်ကို လုံးဝသိသည်။ မွေးဖွါးလာသမျှသောသူကို ပျက်စီးစေကြောင်းကို သူက သိ ထားပါသည်။ မာကု၊ အာဒံ၊ အလွန်တရာမှဖြူစင်သောသူ၊ သည် အပြစ်ကြောင့် ကြောက်မက် ဖွယ်အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။ လူတိုင်းက ဟစ်တလာကို မုန်းတီးကြသည်။ အ ကြောင်းမှာ သူသည် ယုဒလူမျိုးခြောက်သန်းကို သတ်ဖြတ်သည်။ သို့သော် ဟစ်တလာသည် အာဒံနှင့်နှိုင်းယှဉ်လျှင် ကောင်းကင်တမန်ကဲ့သို့ ဩတ္တပကြည်လင်သည်။ ဟစ်တလာသည် လူခြောက်သန်းကို သတ်ဖြတ်သည်။ သို့သော် အာဒံက လူသားမျိုးနွယ်တစ်ခုလုံးကို သတ် ဖြတ်သည်။ သန်းပေါင်းများစွာသော လူတို့ကို သတ်ဖြတ်သည်။ အာဒံသည် သင်တို့၏စိတ်နှ လုံးသားကို ဖျက်ဆီးသည်။ အာဒံကသင့်အား ဘုရားကျောင်းပုံမှန်သွား၍ မှားယွင်းသူဖြစ်စေ သည်။ စိတ်နှလုံးမပြောင်းလဲနိုင်သည့် မှားယွင်းသူဖြစ်စေသည်။ ငရဲကို ပြောင်းပြန်လှန်ကျစေ သည်။ အမွေခံသောအပြစ်ကြောင့် ငရဲသို့ သွားရန် ထိုက်တန်သောသူဖြစ်စေသည်။ သူသည် သူ့အား ကယ်တင်နိုင်သော နောက်ဆုံးအာဒံတည်းဟူသော ယေရှုကို ငြင်းပယ်သောကြောင့် ဖြစ်ပါသည်။ ပထမအာဒံက ပုန်ကန်တတ်သော၊အပြစ်နှင့်ပြည့်နှက်သော စိတ်နှလုံးကို ပေး ထားပါသည်။ နောက်ဆုံးအာဒံဖြစ်သော ခရစ်တော်ကမူ အသစ်သောစိတ်နှလုံးကို ပေးနိုင် သောသူသာလျှင်ဖြစ်ပါသည်။ ခရစ်တော်သာလျှင် သင်၏မာကြောသောစိတ်နှလုံးကို လွင့်စင် စေပြီး “အသားသစ်ကိုပေးနိုင်သည်။” (ယေဇကျေလ ၃၆း ၂၆ ) ၎င်းမှာ အသစ်ပြုပြင်ခြင်းဖြစ် သည်။ အသစ်သောမွေးဖွါးခြင်းလည်း ဖြစ်ပါသည်။

ယခုတွင် ကျွန်ုပ်တို့သည် ခက်ခဲသည့် အခန်းကဏ္ဍသို့ရောက်လာကြပါသည်။ မိမိစိတ် နှလုံးကို မပြောင်းလဲစေနိုင်သောသူသည် အဘယ်သို့ ကယ်တင်ခြင်းရရှိနိုင်ပါသလား။ သင် သည် အသစ်တဖန်ပြောင်းလဲခြင်းခံရမည်။ အသစ်ပြုပြင်ခြင်းဟူသည်မှာ အလွန်တရာမှ အ ရေးပါသောအယူဝါဒတစ်ခုဖြစ်ပါသည်။ ထိုအကြောင်းအရာကို တရားဟောဆရာများ ဟော ပြောကြသည်ကို ကျွန်ုပ်မကြားစဖူးပါ။ ကျွန်ုပ်တို့၏အသင်းတော်များသည် သေလျက်ရှိနေကြ သည်မှာ အံ့ဩစရာပင်မရှိပါ။ “အသစ်ပြုပြင်ခြင်း” ဟူသောစကားလုံးသည် စိတ်နှလုံးကို ပြောင်းလဲစေသည့် ဘုရားသခင်၏လုပ်ဆောင်မှုကိုဖော်ညွှန်းပြီး သေခြင်းမှအသက်ရှင်ခြင်းသို့ ပြောင်းလဲပါသည်။ ခရစ်တော်က အသစ်ပြုပြင်ခြင်းကို “ဒုတိယမွေးခြင်း” ဟု သမုတ်ပြီး ဝိညာဉ်ရေးရာပြောင်းလဲခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုဖြင့် စိတ်နှလုံးသစ် ကို ဖန်ဆင်းခြင်း၊ အာဒံ၏သားမှ ဘုရားသားအဖြစ်သို့ ပြောင်းလဲစေသည့် လုပ်ဆောင်ချက်ပင် ဖြစ်ပါသည်။ အသစ်ပြုပြင်ခြင်းဟူသည်မှာ ဘုရားသခင်တစ်ပါးတည်းသာ လုပ်ဆောင်နိုင်ပါ သည်။ သေနေသောစိတ်နှလုံးသားအပေါ်တွင် လုပ်ဆောင်ထားခြင်းပင်ဖြစ်ပါသည်။ အာဒံထံ က အမွေခံရသောအရာကို ပြန်လည် အသက်ရှင်စေခြင်းပင်ဖြစ်ပါသည်။ အသစ်မွေးဖွါးခြင်းကို လိုအပ်သည်။ အကြောင်းမှာ သင့်စိတ်နှလုံးသည် အသစ်ပြုပြင်ခြင်းမတိုင်မှီ သေလျက်ရှိပါ သည်။

ငယ်ရွယ်စဉ်က ကျွန်ုပ်ဖတ်ဖူးသမျှသောစာအုပ်တွင် အကောင်းဆုံး သက်သေခံချက် မှာ John Cagan ၏ သက်သေခံချက်ဖြစ်ပါသည်။ ဖတ်ဖူးသောသူတစ်ဦးက ၎င်းသည် ဆယ့် ငါးနှစ်ကောင်လေးထံက အမှန်ကယ်ထွက်မလာနိုင်ပါဟု ကျွန်ုပ်အားပြောပြသည်မှာ အမှန်တ ကယ်ပင်ဖြစ်ပါသည်။ ဤသူက ကျွန်ုပ်အား ကိုယ်တိုင်ရေးပေးသကဲ့သို့စွက်စွဲသည်။ သို့မဟုတ် အမှန်စစ်ပေးခြင်း၊ ပေါင်းထည့်ပေးခြင်းကိုတော့ လုပ်ဆောင်မည်ဟု စွပ်စွဲသည်။ သို့သော် John ကိုယ်တိုင်က ကျွန်ုပ်နှင့်အတူ စင်္ကြပေါ်တွင် ထိုင်လျက် ရေးနေသည်။ သူသည် နည်း လမ်းတစ်ခုခုဖြင့် ကျွန်ုပ်က ရေးပေးသည်၊ အပြောင်းအလဲလုပ်ပေးခြင်းမဟုတ်သည်ကို သေ ချာစေနိုင်ပါသည်။ သူ့အဖေဖြစ်သည့် ဒေါက်တာ Cagan ကလည်း သေချာစေနိုင်ပါသည်။ ထို အကြောင်းအရာကို ဖတ်ရှုခြင်း သို့မဟုတ် ဖတ်ရှုသည်ကိုကြားခြင်းဖြင့် ပြောင်းလဲလာသော သူများ ကျွန်ုပ်တို့တွင် ရှိသည်။

ပထမအာဒံတွင် လူ့စိတ်နှလုံးသေခြင်းကို ပြန်လည်၍ ပြောင်းပြန်လှန်သည်။ နောက် ဆုံးအာဒံဖြစ်သော ခရစ်တော်က ပြန်လည်၍ အသက်ရှင်စေသည်။ ထိုအကြောင်းကို တမန် တော်ရှင်ပေါလုက ဤသို့ဆိုသည်။

“ထို့ကြောင့်၊ တယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့်၊ လူအ ပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့်တွေ့ကြုံရသည်နည်းတူ၊ တ ယောက်သောသူ၏ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ ၏။ အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင် သောအားဖြင့်၊လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တ ယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” ( ( ရောမ ၅း ၁၈၊ ၁၉ ) )

တမန်တော်က အာဒံနှင့် ခရစ်တော်ကို တဖန် နှိုင်းယှဉ်ဖော်ပြထားပါသည်။

“ရှေးဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သောအာဒံ (ခရစ်တော်) မူကား၊ အသက်ရှင်စေတတ်သောဝိညာဉ် (အသက်ပေးခြင်း) ဖြစ်၏။” ( ၁ကော ၁၅း ၄၅ ) )

ယေရှု(နောက်ဆုံးအာဒံ) သာလျှင် အပြစ်သား၏သေနေသောနှလုံးသားကို အသက် ရှင်စေသည်။ ခရစ်တော်သည် အပြစ်ကျေးကျွန်ဘဝမှ အသစ်သောနှလုံးသား ဘုရားသခင်ကို ချစ်သောနှလုံးသားကို ပေးထားသည်။ ဘုရားသခင်၏ဝိညာဉ်တော်က သင့်အပြစ်အလုံးစုံတို့ ကို ဖော်ပြလာသောအခါ ထိုအလုပ်စတင်သည်။ (ယောဟန် ၁၆း ၈ ) ထို့နောက် ဘုရားဝိ ညာဉ်သည် ခရစ်တော်ကို သင့်ထံ ထင်ရှားစေပါသည်။ (ယောဟန် ၁၆း ၁၄၊ ၁၅ ) နောက်ဆုံး တွင် ဘုရားသခင်သည် သင့်အား ခရစ်တော်ထံသို့ ခေါ်ဆောင်သွားပါတော့သည်။ (ယောဟန် ၆း ၄၄ ) အသစ်ဖန်ဆင်းခြင်းတွင် ထိုခြေလှမ်းသုံးခုကို John Cagan ၏ သက်သေခံချက်တွင် ဖော်ပြထားပါသည်။ ပထမစာပိုဒ်တွင် John က အာဒံထံကရရှိသော ဆိုးသွင်းသည့် နှလုံးသား အကြောင်းကို ပြောပြသည်။ ဒုတိယစာပိုဒ်တွင် John ဘုရားသခင်သည် ထိခိုက်နာကျင်စေ လျက် အဘယ်သို့ အပြစ်ကို သိနားလည်စေကြောင်း ဖော်ပြထားပါသည်။ သူက “မိမိကိုယ်ကို စတင်မုန်းတီးလာသည်။ ကျွန်ုပ်အပြစ်ကို မုန်းလာသည်။ ကျွန်ုပ်ကို အဘယ်သို့ခံစားလာစေ သည်ကို သိလာသည်” ဟုဆိုပါသည်။ တတိယစာပိုဒ်တွင် John က တရားဒေသနာဟော ပြောခြင်း၊ ယေရှုကိုငြင်းပယ်ခြင်းတို့ကို မုန်းတီးသည့် အပြစ်နှင့်ပြည့်နှက်သော နှလုံးသားက အဘယ်သို့ပြောသည်ကို ပြောပြသည်။ ၎င်းသည် အပြစ်နှင့်ပြည့်နေသောနှလုံးသားနှင့် ဘုရား သခင်ကြား ရုန်းကန်မှုပင်ဖြစ်သည်။ ၎င်း၏ ဘုရားသခင်ထံသို့လာရန် မစွမ်းဆောင်နိုင်မှုလည်း ဖြစ်ပါသည်။ စတုတ္ထစာပိုဒ်တွင် John က သူ့အား အပြစ်ထဲက ကယ်တင်ရန် လက်ဝါးကပ် တိုင်တွင် ယေရှုဒုက္ခခံထားရသည်အကြောင်းကို တွေးတောကြောင်း ပြောလာသည်။ ထိုသို့ သောအတွေးအခေါ်မျိုးက ၎င်း၏ခေါင်းမာခြင်းကို ဖျက်ဆီးပြီး နောက်ဆုံးတွင် ခရစ်တော်ကို ယုံကြည်အားကိုးလာပါသည်။ နောက်ဆုံးတွင် John ၏ နောက်ဆုံးစကားတွင် “ခရစ်တော် သည် မိမိအသက်ကို ငါ့အတွက်ပေးထားသည်။ အကြောင်းမှာ ကျွန်ုပ်တွင်ရှိသမျှကို ကိုယ် တော်အား ပေးတော်မူသည်။ သူသည် ကျွန်ုပ်အား ပြောင်းလဲစေသည်” ဟု ဆိုလာသည်။ သူသည် ရွံရှာဖွယ်ကောင်းသော လူငယ်ဘဝပင်ဖြစ်ပါသည်။ သို့သော် သူသည် ဘုရားလူဖြစ် လာပါသည်။

နောက်လ John Cagan သည် နှစ်ခြင်းအမှုတော်ဆောင်ဖြစ်လာစေရန် ပြင်ဆင်ဖို့ ဓမ္မ ပညာသင်ကျောင်းသို့ နောက်လဆို တက်ရတော့မည်ဖြစ်သည်။

အဘယ်သို့သောသူဖြစ်နေစေကာမူ၊ သင်သည် ပျောက်ဆုံးသောအပြစ်သားဖြစ်ပါ သည်။ နှလုံးသားသေကျေသောသူဖြစ်သည်။ အကြောင်းမှာ သင်သည် အာဒံအပြစ်၏ချည် နှောင်ခြင်းကို ခံရသောသူဖြစ်ပါသည်။ သင်သည် ထိုသို့ဆိုလျှင် ယေရှုခရစ်သည် သင့်မျှော် လင့်ချက်ဖြစ်သည်။ သူသာလျှင် “အပြစ်စွဲနေမှုတန်ခိုးကို ချိုးဖျက်ပြီး အကျဉ်းထဲက လွတ် မြောက်စေနိုင်မည်။” ထိုအကြောင်းကို ချားလ်ဝယ်စလီကလည်း သီချင်းအားဖြင့် ရေးသား ထားပါသည်။ သင့်နှလုံးသားကိုပြောင်းလဲစေရန် ခရစ်တော်၌ တန်ခိုးရှိပါသည်။ အသွေးတော် အားဖြင့် ဆေးကြောနိုင်ပါသည်။ သူ့ကိုယုံကြည်လျှင် ကယ်တင်တော်မူခြင်းသို့ ရောက်လိမ့် မည်။

သင်သည် အပြစ်ထဲက ယေရှုအားဖြင့် ကယ်တင်ခြင်းအကြောင်းကို ပိုမိုသိရှိလိုလျှင်၊ ရှေ့သို့လာပြီး ဒေါက်တာ Cagan, John Cagan နှင့် ကျွန်တော်နှင့်လာရောက်ဆွေးနွေးနိုင်ပါ သည်။ မစ္စတာ Griffith က “ယေရှု၌သာ” သီချင်းကို သုံးပိုဒ်စလုံး နှစ်ကြိမ်သီဆိုစဉ်အတွင်း၌ လာပြီး ကျွန်တော်တို့နှင့်စကားပြောပါရန် တောင်းဆိုပါသည်။

နည်းလမ်းပေါင်းထောင်ချီး အချည်းနှီး ကြိုးစားခဲ့ရ၊
   ကြောက်ရွံ့ခြင်းကင်းလျက်၊ မျှော်လင့်ခြင်းရရာ။
ကျွန်ုပ်လိုအပ်ချက်များ သမ္မာကျမ်းစာဖော်ပြထား၊
   ယေရှု၌သာ အမြဲဖြစ်နိုင်ရာ။

ကျွန်ုပ်စိတ်နှလုံးမျှော်လင့်မဲ မာကျော်နေစဉ်၊
    မမြင်နိုင်၊ မခံစားနိုင်ဖြစ်နေခဲ့။
အလင်း၊ ဘ၀ အတွက် လျှောက်ထားရမည်၊
   ယေရှု၌ ယုံကြည်ကိုးစားရုံသာ။

အချို့တို့ရယ်မောကြ၊ အချို့က အပြစ်တင်လျက်၊
အပြစ်နှင့်ရှက်ကြောက်ခြင်းဖြင့် အသက်ရှင်ရ။
နာမတော်ဖြင့် အထံတော်သို့ရောက်လာမည်၊
   နာမတော်တကာတို့ထက်၊ ယေရှုနာမတော်သာ။
(“ယေရှုနာမ၌” James Procter, ၁၉၁၃ ) )


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Noah Song က ဆောင်ရွက်ပါသည်။ ရောမ ၅း ၁၇- ၁၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
" ယေရှု၌သာ"၊ (James Procter, ၁၉၁၃) ရေးစပ်သည် ။