Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နတ်ဆိုးကို အောင်နိူင်သောနည်းလမ်း

HOW TO OVERCOME THE DEVIL
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ် နိူဝင်ဘာလ ( ၆ ) ရက်နေ့ နံနက်ပိုင်းတွင် ဟာကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 6, 2016

“သူတို့သည် သိုးသငယ်၏အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံ ချက်နှုတ်ကပါတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည် တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ” ( ( ဗျာဒိတ် ၁၂း ၁၁ ) )


စာတန်နှင့်၎င်း၏နတ်ဆိုးအဖွဲ့တမန်တို့သည် ကောင်းကင်မှပစ်ချခြင်းကို ခံခဲ့ရကြ သည်။ သူတို့သည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သောအရာများကို ဆုံးရှုံးခဲ့ကြသည်။ စာတန် ကို “အာကာသမိုဃ်းကောင်းကင်ကို အစိုးရသောမင်း” ဟု ခေါ်ဝေါ်သမုတ်ထားသည်။ (ဧဖက် ၂း ၂) နတ်ဆိုးများသည် “ကောင်းကင်အရပ်သို့သွားနိူင်ကြသည်။” (ဧဖက် ၆း ၁၂ ) သူတို့ သည် “ကောင်းကင်အရပ်သို့” အချိန်တိုင်း သွားနိူင်ကြပါသည်။ ၎င်းမှာ ယောဘ ၁း ၆ က “နတ်ဆိုးတို့သည် သခင်ဘုရားရှေ့သို့လာကြသောအခါ စာတန်သည်လည်း အတူလာသည်” ဟု ဆိုထားရပေသည်။ သို့ရာတွင် သူတို့သည် ဘေးဒဏ်ကြီးကာလ ပထမသုံးနှစ်ခွဲနောက်ပိုင်း တွင် ထိုကဲ့သို့ လုပ်ဆောင်နိူင်တော့မည်မဟုတ်ပါ။ ဘေးဒဏ်ကြီးကာလဟူသည်မှာ ဂျူးလူမျိုး များနှင့်ခရစ်ယာန်များသည် လာလတံ့သောအန္တီခရစ်အောက်တွင် ညင်းပန်းနှိပ်စက်ခြင်းခံနေရ သည့်အချိန်ကာလ ခုနှစ်နှစ်ပင်ဖြစ်ပါသည်။ ဘေးဒဏ်ကြီးကာလသည် အန္တီခရစ်က ဂျူးလူမျိုး များနှင့်ပဋိညာဉ်ဖွဲ့စာချုပ်ချုပ်ဆိုသည့်အချိန်တွင် အစပြုပေမည်။ (ဒံ ၉း ၂၇ )

ဘေးဒဏ်ကြီးခုနှစ်နှစ်အလယ်တွင် စာတန်နှင့်၎င်း၏အဖွဲ့နတ်ဆိုးများသည် ကောင်း ကင်အရပ်မှ နှင်ထုတ်ခြင်းကိုခံရကြပြီး မြေကြီးပေါ်သို့ ပစ်ချခြင်းခံရကြပေမည်။ ထိုအကြောင်း ကို အောက်ပါအတိုင်း ဖတ်ရှုနိူင်ပါသည်။

“ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့်သူ၏ ကောင်းကင်တမန်တို့ သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ် တိုက်၍ မနိူင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ၊ ဤလောကတနိူင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိ သော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချပစ်ကြ၏။” ( ဗျာဒိတ် ၁၂း ၇-၉ )

စာတန်သည် ထိုအကြောင်းကြောင့် အလွန်ပင် အမျက်ထွက်နေသည်။ အကြောင်းမှာ “နတ်ဆိုးသည် သင်တို့ဆီသို့ အမျက်ထွက်လျက်လာမည်၊ အကြောင်းမှာ သူ၏အချိန်ကာလ သည် အလွန်နည်းနေသည်ကို သိသောကြောင့်ပင်ဖြစ်သည်” ဟု ကျွန်ုပ်တို့အား ဆိုထားပါ သည်။ (ဗျာဒိတ် ၁၂း ၁၂ )

မာရ်နတ်သည် ပြင်းစွာ အမျက်ထွက်လျက်ရှိသည်။ သူသည် ဂျူးတို့ပြန်လည် အသက်ဝင်လာခြင်းသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိသည်။ သူက နောက်ဆုံး သောကာလအကြောင်းနှင့်ပါတ်သက်ပြီး တရားဟောဆရာများနှင့်ဓမ္မပညာရှင်များထက်ပင် ပို မို၍ သိနားလည်သည်။ သို့ဖြစ်သောကြောင့် ခရစ်ယာန်များသည် “နတ်ဆိုးတို့၏နည်းပရိ ယာယ်များ” ကို သိနားလည်ရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် နောက်ဆုံးသော ကာလ သာ၍ နီးကပ်လာသည်ဖြစ်၍ သူနှင့်နတ်ဆိုးများနှင့် ”ရုန်းရင်းဆန်ခတ်” ပြုနေကြပါ သည်။ “နောက်ဆုံးသောကာလသည် ရောက်လုနီးပြီ” ဟု ကျွန်ုပ်တို့အား သတိပေးထားလျက် ရှိပါသည်။ (၂ တိမော ၃း ၁ ) နတ်ဆိုးများက “အချိန်သည် အလွန်ပင် တိုတောင်းလျက်ရှိ သည်” ကို သိမှတ်နေခဲ့ကြပါသည်။ (ဗျာဒိတ် ၁၂း ၁၂ )

လူအချို့တို့က ကျွန်ုပ်တို့သည် နိူးထမှုမရရှိနိူင်ကြပါဟု သွန်သင်ခဲ့ကြပါသည်။ သူတို့ က စာတန်၏တန်ခိုးသည် ကျွန်ုပ်တို့အသင်းတော်များဆီးသို့ ဘုရားသခင်က နိူးထမှုမစေလွှတ် နိူင်အောင်ပင် ကြီးမားနေသည်ဟု ဆိုကြသည်။

Attorney Jay Sekulow က “အီရတ်နှင့်ဆီးရီးယားတို့တွင် ခရစ်ယာန်များအတွက် ပြဇာတ်ဆန်ဆန်ဖြစ်သည်” ဟုဆိုကြပါသည်။ သူတို့သည် အသက်ရှင်လျက် မီးရှို့ခဲ့ကြသည်။ ကားစင်ပေါ်တင်သတ်ကြသည်။ ခေါင်းဖြတ်ခြင်းခံရကြသည်။ ယခုတွင် အိုင်အက်အိုင်အက် အဖွဲ့များသည် အနုမြုလက်နက်များကို အသုံးပြုလာကြပါသည်။ လူသတ်ပွဲကြီးများသည် သည်းမခံနိူင်ဖွယ်ရာဖြစ်နေသည်။ သို့သော် တချိန်းတည်းမှာပင် အချိန်ကာလတိုင်းအတွက် နိူး ထမှုကြီးသည် အီရန်၊ အီရတ်နှင့်ဆီးရီးယားတို့တွင် ဖြစ်ပျက်လျက်ရှိနေ့ပါသည်။ မစ္စတာ Sekulow က မွတ်စလင်အကြမ်းဖက်များကို ရပ်တန့်စေရန် သူ့အား ငွေပေးပို့ဖို့ တောင်းဆိုခဲ့ သည်။ အဓိပါယ်မရှိလိုက်တာဟု ပြောလိုက်သည်။ သူတို့သည် ငွေကို လိုအပ်ကြခြင်းမဟုတ်။ သူတို့သည် နိူးထမှုဖြင့် သူတို့အလယ်တွင် ဘုရားသခင်ဆင်းသက်ဖို့အတွက် ဆုတောင်းရန် ကျွန်ုပ်တို့အား လိုအပ်ကြပါသည်။ ထို့ကြောင့် ခရစ်ယာန်များသည် ဆုတောင်းရန် လိုအပ်ပါ သည်။

“ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့၎င်း၊ သူ၏ကယ်တင်ခြင်းသည် ထွန်းတောက် သော ဆီမီးခွက်ကဲ့သို့၎င်း မထင်ရှားမှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ်ငြိမ်သက်စွာ မနေရ။ တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏နှုတ် တော်ထွက် နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည်။” ( ဟေရှာယ ၆၄း ၁-၂ ) )

ဒေါက်တာ Martyn Lloyd-Jones က “နိူးထမှုဟူသည်မှာ ဆုတောင်းခြင်းနှင့်ဆက်စပ် မှုရှိပါသည်၊ အထူးဆုတောင်းပဌနာပြုခြင်းက ဘုရားသခင်၏သန့်ရှင်းဝိညာဉ်တော် နိူးထမှုတွင် ရောက်ရှိလာစေခြင်းဖြစ်ပါသည်။ Cowper ၏ သံပုံတေးသီးခြင်းတွင် ဖော်ပြထားသောစာသား ထက် ဆုတောင်းခြင်းတွင် ပို၍ ဖော်ပြထားသော စကားလုံးအသုံးအနှုန်းမရှိပါ။ ထိုစာသားမှာ “ကောင်းကင်ဘုံဆင်းကြွပါ၊ ဆင်းသက်တော်မူပါ၊ မိမိအတွက် ထောင်ပေါင်းများစွာသော နှလုံး သားကို ပြင်ဆင်ပေးပါ။ ဂျူးလူမျိုးများ၊ တိုင်းနိူင်ငံများကို တွေ့ဆုံမည်။ ရန်သူများသည် သူတို့ ပတ်လည်တွင် ဝန်းလျက်နေကြမည်။ သို့ရာတွင် အဘယ်အကြောင်းရှိပါသနည်း။ တောင်များ ကို တုန်လှုပ်စေသော၊ ကျွန်ုပ်တို့၏ဆုတောင်းသံများရှိပါသည်။” (Lloyd-Jones, Revival, Crossway Books, ၁၉၉၄၊ စာ- ၃၀၅၊ ၃၀၇ )

မွတ်စလင်များက ခရစ်ယာန်များအပေါ် ပြုသမျှသော ဆိုးသွင်းကြောက်မက်ဖွယ်ရာ များအကြောင်း ဖတ်ရှုရသောအခါ အမေရိကန်သို့ ငွေပေးပို့ခြင်းမပြုပါနှင့်။ မြေကြီးပေါ်တွင်ရှိ သောသူ တစ်စုံတစ်ယောက်သည် အဘယ်သို့ ကူညီမစနိူင်မည်နည်း။ သူတို့သည် နိူးထမှုအ ကြောင်းကို တွေ့မြင်ခဲ့ကြပြီးပြီ။ ထောင်ပေါင်းများစွာသော မွတ်စလင်တို့သည် ခရစ်တော်ထံ သို့ ပြန်လည်လှည့်လာကြသည်။ သူတို့ကို ငွေပေးပို့ခြင်းမပြုကြပါနှင့်။ ထိုအရာက သူတို့ကို အ ကူအညီပေးမည်မဟုတ်ပါ။ ဘုရားသခင်ထံ ကြီးမားသည့် ဆုတောင်းသံကိုသာ ပေးပို့လိုက်ပါ။ သူသည်သာလျှင် သူတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤခရစ်ယာန်များကို အသက်ရှင် လျက် မီးရှို့ဖျက်ဆီးကြသည်၊ ကားစင်ပေါ်သတ်သေကြသည်။ ခေါင်းဖြတ်ခဲ့ကြသည်။ ဘုရား သခင်သည် သူ့လက်မောင်းတော်ကိုဖွင့်လျက် သူတို့အား ထာဝရစံရာကောင်းကင်ဘုံသို့ ခေါ် ဆောင်စံမြန်းစေလိမ့်မည်။ ဤမာတုရများသည် ၎င်းတို့ကြုံတွေ့ရသောဒုက္ခဝေဒနာအပေါင်း အားဖြင့် သူတို့အသက်ဝိညာဉ်ကိုကယ်တင်ရန် လက်ဝါးကပ်တိုင်းတွင် အသေခံသော ခရစ် တော်ထံသို့ မွတ်စလင်များ ပြန်လည်တိုးဝင်ရန် နိူးဆော်တော်မူမည်။ Tertullian က ရှေးခရစ် ယာန်တို့၏ဒုတိယရာစုတွင် ပြောဆိုသကဲ့သို့ သူတို့သည် မိစ္ဆာရောမမြို့သားများက နှိပ်စက် ညှင်းပန်းကြသောအခါ “မာတုရတို့၏အသက်သွေးသည် အသင်းတော်၏မျိုးစေ့ပင်ဖြစ်လာပါ သည်” ဟု ဆိုထားပါသည်။ သူတို့၏များစွာသောလူတို့သည် သခင်ယေရှုခရစ်ထံသို့ပြန်လည့် လာကြသည့်အကြောင်းကြောင့် မွတ်စလင်ခေါင်းဆောင်များက အလွန်အမင်း ကြောက်ရွံ့နေ ကြသည်အကြောင်း သတင်းတိုထွာများ ကျွန်ုပ်တို့ဖတ်ရှုကြရသည်။ ပြုပြင်သူကြီး လူသာက သူ့ခေတ်သူ့အခါက နှိပ်စက်ခြင်းခံ ခရစ်ယာန်များအတွက် တေးသီချင်းတစ်ပိုဒ် စပ်ဆိုရေး သားပါသည်။ ၎င်းမှာ သင်တို့သီချင်းစာရွက်ထဲတွင် နံပါတ် ၇ ၌ တွေ့ရပါသည်။

ဘုရားရှင်သည် ခိုင်မာသောရဲတိုက်၊ ဘယ်တော့မှ မကျဆုံးပါ၊
   စိတ်နှလုံးရှုံးနိမ့်မှုများလွှမ်းမိုးလာခံ ကူညီဖေးမပေးသူ။
ကျွန်ုပ်တို့၏ရှေးရန်သူများ ကျွန်ုပ်တို့အထဲတွင် အဘယ်အရာမျှမလုပ်ဆောင်နိူင်၊
   သူ့တန်ခိုးသည် ကြီးမြတ်လှ၊ လက်တော်များ ရက်စက်၊
မြေကြီးသည် သူနှင့်ပြိုင်မရနိူင်ပါ။

ကျွန်ုပ်တို့ခွန်အားဗလစိတ်ချမရနိူင်ပါ၊ ကျွန်ုပ်တို့အစွမ်းများ ပျက်စီးသွားနိူင်သည်၊
   ကျွန်ုပ်တို့ဘက်၌ တရားသောသူ၊ ဘုရားသခင်ရွေးချယ်ထားသောသူရှိဘူးလား။
အဘယ်သူဖြစ်ကြောင်းမေးလိုက်ပါ၊ သူသည် ခရစ်တော်ပင်ဖြစ်သည်၊
   ကယ်တင်နိူင်သောနာမပိုင်ရှင်၊ ရှေးကမ္ဘာအဆက်ဆက်မှ နောက်ကမ္ဘာတိုင်၊
သူသည် အောင်နိူင်သောသူဖြစ်သည်။
      (“ခိုင်မာသောရဲတိုက် ဘုရားသခင်”၊ မာတင်လူသာ၊ Th.D., ၁၄၈၃- ၁၅၄၆)

၎င်းသည် တရုတ်ပြည်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သောအရာဖြစ်ပါသည်။ နိူင်ငံခြား သား သာသနာပြုများကို ကွန်မြူနစ်အာဏာရှင် Mao Tse Tung က မောင်းထုတ်လိုက်သည်။ ယဉ်ကျေးမှုအပြောင်းအလဲလုပ်ဆောင်ခဲ့ချိန်အတွင်း အသင်းတော်များကို မီးရှို့ဖျက်ဆီးခဲ့ သည်။ သင်းအုပ်ဆရာများကို အကျဉ်းချထားလိုက်သည်။ ထောင်ပေါင်းများစွာသောတရုတ် ခရစ်ယာန်များကို ညှင်းပန်းနှက်စက်သည်။ သတ်ဖြတ်သည်။ အကျဉ်းချထားသည်။ သို့ရာတွင် ဘုရားသခင်သည် သူတို့နှင့်အတူ အမြဲရှိနေသည်။ ခရစ်ယာန်ဘာသာ နိူးထမှုကြီး စတင်လာ ခဲ့သည်။ ကွန်မြူနစ်အဖွဲ့အစည်းများက ခရစ်ယာန်ဘာသာသည် လုံးဝပျံ့နှံ့ခြင်းမရှိတော့ဘဲ ရပ်တန့်လာစေရန် တတ်နိူင်သမျှအရာတိုင်းကို လုပ်ဆောင်ခဲ့ကြသည်။ သို့သော် အရှုံးသာပေး ခဲ့ကြ၇သည်။ ယနေ့ကာလတွင် တရုတ်ပြည်၌ ခရစ်ယာန်ပေါင်း သန်း ၁၅၀ ထက်မနည်း ရှိနေ ပြီဖြစ်သည်။ အမေရိကန်၊ ကနေဒါနှင့်ဥရောပတွင်ရှိသော အသင်းတော်များထက် တရုတ်ပြည် တွင်ရှိသော အသင်းတော်များက သာ၍ များပြားသည်။ ဘုရားသခင်သည် ထိုအမှုအရာကို ကွန်မြူနစ်နိူင်ငံဖြစ်သော တရုတ်နိူင်ငံတွင် ပြုခဲ့သည်။ အရှေ့အလယ်ပိုင်းတွင်လည်း ထိုကဲ့သို့ သောအမှုမျိုးကို ဘုရားသခင် တတ်နိူင်တော်မူသည်။ တကယ်တော့ ထိုအရာများကို သူအမှန် တကယ်လုပ်ဆောင်ပါသည်။ မွတ်စလင်နိူင်ငံများတွင်လည်း ခရစ်ယာန်ဦးရေ သန်းပေါင်းများ စွာ ဘုရားသခင်က ပေါ်ထွန်းလာစေရန် ဆုတောင်းကြပါစို့။ မာတင်လူသာက ဤသို့ဆိုပါ သည်။

စည်းစိမ်နှင့်ဆွေးမျိုးများ သွားပါစေ၊ ဤကိုယ်ကာယအသက်တာတွင်၊
   ကိုယ်ခန္ဒာသတ်ခွင့်ရှိသည်၊ ဘုရားသခင်၏စကားများ တည်နေဆဲပါ။
နိူင်ငံတော်သည် ထာဝရတည်မြဲ၏။

ထိုအကြောင်းအရာများသည် လာလတံ့သောဘေးဒဏ်ကြီးကာလအတွင်းတွင် စစ် မှန်သောခရစ်ယာန်များ၌ ဖြစ်ပျက်လာမည့်အရာ အသေအချာပင်ဖြစ်ပါသည်။ စာတန်သည် သူတို့ကို အပြင်းအထန် တိုက်ခိုက်လိမ့်မည်။

ခရစ်တော်၏ရန်သူများသည် လာ၍ ထောင်ပေါင်းများစွာသောခရစ်ယာန်များကို အ ကျဉ်းချထားမည်။ ခေါင်းဖြတ်သတ်မည်။ သို့ရာတွင် သူတို့သည် စာတန်ကို အောင်နိူင်ကြလိမ့် မည်။ အဘယ့်သို့နည်း။

“သူတို့သည် သိုးသငယ်၏အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံ ချက်နှုတ်ကပါတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည် တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ” ( ဗျာဒိတ် ၁၂း ၁၁ ) )

“ သိုးသူငယ်၏အသွေးတော်အားဖြင့်ဖြစ်သည်။” ယေရှုခရစ်၏အသွေးတော် သည် သူတို့အား ထာဝရလုံခြုံမှုကို ပေးမူမည်။ ယနေ့တွင်ပင် စာတန်သည် သင့်အား တိုက်ခိုက်သောအချိန်၊ သင့်အား ဝမ်းနည်းစေပြီး မျှော်လင့်ချက်မဲ့ နေစေသောအချိန်တွင် ခရစ်တော်၏အသွေးတော်ကို သတိရပါ။သင်သည် ကယ်တင်ရှင်၏အသွေးတော်ကို မျှော်ကြည့်သောအခါ မိမိကိုယ်ကိုသနား ခြင်း၊နှင့်ကြောက်ရွံ့ခြင်းမှ ခရစ်ယာန်များသည် ဘေးဒဏ်ကြီးကာလမှ ကယ် တင်သကဲ့သို့ ကယ်တင်တော်မူမည်။ သင်သည် စာတန်အား သင်၏အပြစ် နှင့်ဝမ်းနည်းခြင်းအပေါင်းတို့ကို ယူဆောင်သွားသည့် ဘုရားသခင်၏သိုးသူ ငယ်အသွေးတော်အားဖြင့် အနိူင်ယူလိမ့်မည်။”

ထို့အပြင် သူတို့သည် စာတန်ကို အောင်မြင်ကြလိမ့်မည်။

“သူတို့၏သက်သေခံခြင်းအားဖြင့် အနိူင်ရလိမ့်မည်။ သူတို့သည် ကယ်တင်ရှင် အကြောင်းကို သက်သေခံကြလိမ့်မည်။ မာတုရဖြစ်ခြင်းသည် စာတန်အပေါ် ကြီးမားသည့် အောင်မြင်ခြင်းပင်ဖြစ်ပါသည်။ “မာတုရတို့၏အသွေးသည် (အ မှန်တကယ် ) အသင်းတော်၏မျိုးစေ့ဖြစ်ပါသည်။” သင်းအုပ် Samuel Lamb ကို တရုတ်နိူင်ငံ အကျဉ်းထောင်ထဲတွင် အကြိမ်ပေါင်းများစွာ ချုပ်နှောင်ထား ကြသည်။ နောက်ဆုံးတွင် သူက “ကွန်မြူနစ်တို့သည် ငါ့ကိုဖမ်းဆီးတာ ရပ် တန့်သွားကြတယ်။ ငါ့ကို မဖမ်းကြတော့ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ သူတို့ သည် ငါ့ကို အချုပ်ထဲထည့်တိုင်း ကျွန်ုပ်တို့အသင်းတော်သည် ကြီးထားလာ လေ့ရှိသည်။ ညှင်းပန်းနှိပ်စက်ခြင်းများလေလေ ကောင်းကြီးမင်္ဂလာတိုးလေ လေဖြစ်သည်” ဟု ဆိုထားသည်။

သင်တို့ကိုင်သော သီချင်းစာရွက်ထဲက နံပါတ် ၈ ကို မတ်တပ်ရပ်ပြီး သီဆိုကြပါစို့။

ကျွန်ုပ်တို့အဘ၏ယုံကြည်ခြင်း၊ အသက်ရှင်လျက်ရှိနေ၊
   ပင်လယ်သဲသောင်ခုံ၊ မီးနှင့်ထားများရှိထားသော်လည်း။
ကျွန်ုပ်တို့စိတ်နှလုံးသားခုန်နှုန်း ဝမ်းမြောက်ခြင်းနှင့်မြင်တက်၊
   ထိုဘုန်းရောင်ခြည်စကား ကြားသိသောအခါ။
ကျွန်ုပ်တို့အဘ၏ယုံကြည်ခြင်း၊ သန့်ရှင်းသော ယုံကြည်ခြင်း၊
   သေသည့်တိုင်အောင် မှန်ကန်လျက် အသက်ရှင်မည်။
(ဘိုးဘေးတို့ယုံကြည်ခြင်း”၊ Frederick W. Faber, ၁၈၁၄-၁၈၆၃ )

ဘေးဒဏ်ကြီးကာလယုံကြည်သူများသည် ခရစ်တော်အတွက် အသေခံလိုသောစိတ်အား ကြောင့် စာတန်ကို အနိူင်ယူကြလိမ့်မည်။ “သူတို့သည် သေသည်အထိ မိမိအသက်ကို ချစ် မြတ်နိူးကြသည်မဟုတ်။” သူတို့သည် ခရစ်တော်အတွက် အသေခံကြမည်ဖြစ်၍ မိမိတို့အ သက်ကို ချစ်ကြသည်လည်း မဟုတ်ပါ။ထိုအကြောင်းကြောင့် စာတန်ကို အောင်နိူင်ကြခြင်း ဖြစ်ပါသည်။ အားလုံးမတ်တပ်ရပ်ပြီး သီချင်းနံပတ် ၈ ကို သီဆိုကြပါစို့။

ကျွန်ုပ်တို့အဘ၏ယုံကြည်ခြင်း၊ အသက်ရှင်လျက်ရှိနေ၊
   ပင်လယ်သဲသောင်ခုံ၊ မီးနှင့်ထားများရှိထားသော်လည်း။
ကျွန်ုပ်တို့စိတ်နှလုံးသားခုန်နှုန်း ဝမ်းမြောက်ခြင်းနှင့်မြင်တက်၊
   ထိုဘုန်းရောင်ခြည်စကား ကြားသိသောအခါ။
ကျွန်ုပ်တို့အဘ၏ယုံကြည်ခြင်း၊ သန့်ရှင်းသော ယုံကြည်ခြင်း၊
   သေသည့်တိုင်အောင် မှန်ကန်လျက် အသက်ရှင်မည်။

တို့ဘိုးဘေးများ၊ မှောင်မိုက်ထဲ ချုပ်နှောင်ခံရ၊
   စိတ်နှလုံးနှင့်ဩတ္တပစိတ်တွင်လွတ်မြောက်ခံရသေး။
သူတို့သားသမီးတို့ကံကြမ္မာ ဘယ်မျှချိုမြိန်လှပ၊
   သူတို့သည် ထိုနည်းအတိုင်း သေကြမူလျှင်။
ကျွန်ုပ်တို့အဘ၏ယုံကြည်ခြင်း၊ သန့်ရှင်းသော ယုံကြည်ခြင်း၊
   သေသည့်တိုင်အောင် မှန်ကန်လျက် အသက်ရှင်မည်။

“သူတို့သည် သိုးသငယ်၏အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံ ချက်နှုတ်ကပါတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည် တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ” (( ဗျာဒိတ် ၁၂း ၁၁ ) )

စာတန်အား အနိူင်ယူသောလူတို့သည် ယခုတွင် သူတို့အသက်တာ၌ ထိုစကားများ ဖြင့် အသက်ရှင်သောသူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်က ကျွန်ုပ်တို့အသင်း တော်တွင် နိူးထမှုစေလွှတ်ရန် ၄၂ နှစ်ကြာ ဆုတောင်းခဲ့ကြပါသည်။ သို့သော နိူးထမှု မဖြစ်စ ဖူးပါ။ အကြောင်းတရားသည် ကျွန်ုပ်အသက်တာတွင် ရှင်းလင်းလှပါသည်။ လူတို့သည် ခဏ လာပြီး အပြစ်ထဲသို့ ပြန်၍ ခုန်ဆင်းသွားကြပါသည်။ ထိုသို့ မပြောင်းလဲသောသူများက နိူးထမှု ကို အဘယ်သို့ မြည်းစမ်းနိူင်ကြမည်နည်း။ မဖြစ်နိူင်သောအရာပင်ဖြစ်ပါသည်။ သူတို့သည် တစ်နှစ်ပြီးတစ်နှစ် အပြစ်နွံထဲတွင်သာ နစ်နေကြပါသည်။ တကိုယ်ကောင်းဆန်သော အသက် တာတွင်သာလျှင် အသက်ရှင်နေကြပါသည်။ နောက်ဆုံးတွင် သူတို့သည် ထွက်ခွါသွားကြ သည်။ နောက်ဆုံးတွင် အချို့သောကလေးများမှာ အမှန်တကယ် ပြောင်းလဲလာခဲ့ကြပါသည်။ ထို့နောက် လူအနည်းစုသည်လာ၍ အမှန်တကယ် ပြောင်းလဲလာခဲ့ကြပါသည်။ နောက်ဆုံး တွင် မပြောင်းလဲဘဲ အသင်းတော် လေးငါးခုလောက် ရှိလျက်နေသေးသည်။ ထို့နောက် ဘုရားသခင်သည် နောက်ဆုံးတွင် ကျွန်ုပ်တို့၏ဆုတောင်းသံများကို နားညောင်းပေးသနား တော်မူသည်။ ဆိုးသွင်းသောသူများ ပြီးဆုံးသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ထံသို့ နိူးထ မှု အစစ်အမှန်ကို စေလွှတ်ခဲ့ပါသည်။

မိန်းကလေးတစ်ယောက်သည် အမှန်တကယ် ဆုတောင်းနေပါသည်။ နိူးထမှုအတွက် အတွက် အမှန်တကယ် စိတ်နှလုံးတွင် ယိုးစီးလျက်ရှိပါသည်။ ထို့နောက် မိန်းမကြီးတစ် ယောက်သည် ကျိုးပဲ့ကြေမွလျက် နိူးထမှုအတွက် မျက်ရည်မျက်ခွက်ဖြင့် ဆုတောင်းလျက်နေ သည်။ ထိုအချိန်တွင် လူသုံးရောက်သည် ကျွန်ုပ်တို့ထံလာပြီး နိူးထမှုအတွက် ဆုတောင်းရာ အိမ်တွင် ဆုတောင်းပဌနာပြုကြပါသည်။ နောက်ဆုံးတွင် လောကီဆန်လျက် ပျောက်ဆုံး သောလူတို့သည် အားလုံးကုန်ဆုံးသောအခါ ကျွန်ုပ်တို့၏ဆုတောင်းသံများကို နားညောင်း လျက်ရှိပါသည်။ ရက်သတ္တပတ်အနည်းငယ်တွင် လူ ၂၄ ဦးသည် မျှော်လင့်ချက်အပြည့်ဖြင့် ပြောင်းလဲလာခဲ့ကြပါသည်။ သူတို့သည် အပြစ်ကို လေးလေးနက်နက်တွေ့မြင်လာခဲ့ကြပါ သည်။ သူတို့သည် ယေရှုထံသို့လာကြသည်ဖြစ်၍ ငိုကြွေးမြည်တမ်းခဲ့ကြသည်။ နှစ်ဦးမှာ အသက် ၈၀ ကျော်အရွယ်ဖြစ်ကြသည်။ ၎င်းမှာ ကျွန်ုပ်တို့အချိန်ကာလတွင် ပုံမှန်မဟုတ်သော အချိန်ပင်ဖြစ်ပါသည်။ ဆယ့်သုံးဦးမှာ ကောလိပ်ကျောင်းသားအရွယ်များဖြစ်ကြသည်။ တစ်ဦး မှာ တောင်းပိုင်းနှစ်ခြင်းအသင်းသားပင်ဖြစ်ပါသည်။ သူသည် အမှန်တကယ် ပြောင်းလဲသော သူဖြစ်ကြောင်း ကျွန်ုပ်နှင့်အငြင်းအခုံ ပြုလေ့ရှိသောသူပင်ဖြစ်ပါသည်။ သူသည် ယခုနှစ် နိူးထ မှုတွင် အမှန်တကယ် ပြောင်းလဲလာခဲ့ပါသည်။ တိုတောင်းသည့်အချိန်ကာလတွင် ထိုကဲ့သို့ လူ ၂၄ ဦးပြောင်းလဲသည်မှာ တွေ့ရခဲမြင်ရခဲလှသည်။ ကျွန်ုပ်တို့အားလုံးသည် ဤအစည်းအ ဝေးတွင် ဘုရားသခင်၏မျက်မှောက်တော်ကို ခံစားခဲ့ကြရပါသည်။ ရက်သတ္တပတ်အနည်းငယ် အတွင်း သူတို့ထဲက ထက်ဝက်ခန့်ကို နှစ်ခြင်းပေးရမည်။

ဤအချိန်ကာလမှာ ပျော်စရာကောင်းသောအချိန်၊ သန့်ရှင်းသောဝိညာဉ်တော်ကို စေ လွှတ်ခြင်းကြောင့် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းစရာအချိန်၊ ကားတိုင်တွင် သွန်း လောင်းသောအသွေးတော်အားဖြင့် အပြစ်ကိုစေကြောလျက် လူတို့အား ခရစ်တော်ကို ခေါ် သွင်းထားခြင်းကြောင့် ကျေးဇူးတော်ချီးမွမ်းရသည့် အချိန်ကာလပင်ဖြစ်ပါသည်။ ဘုရားသခင် က သင့်အသက်တာတွင် လုပ်ဆောင်ခဲ့သော အရာအတွက် နောက်လာမည့်စနေ့ညတွင် သက်သေခံရ အဆင်သင့်ဖြစ်ကြပါစို့။

ဤနှစ်မကုန်မှီ မျှော်လင့်ချက်နှင့်ပြည့်စုံသော အနည်းငယ်ရှိလိမ့်မည်။ ကျွန်ုပ်တို့သည် အခြားညတစ်ညကို ပိုင်ဆိုင်ထားသည်။ ကျွန်ုပ်တို့သည် ဤ ၂၀၁၆ ခုနှစ်ကို ဘုရားသခင်က နိူးထမှုစေလွှတ်သောနှစ်အဖြစ် စိတ်ထဲတွင် အမြဲရှိနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

အသင်းတော်သည် အမြဲတမ်းနိူးထမှုကိုရရှိသည့်အခြေအနေတွင်ရှိနေမည်ဟု မတွေ့ ရပါ။ ဘုရားသခင်ရှေ့တော်၌ လပေါင်းများစွာ၊ သို့မဟုတ် နှစ်ပေါင်းများစွာ နောက်တဖန် မတွေ့မြင်ရသည်လည်း ဖြစ်နိူင်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အား သန့်ရှင်းသောဝိ ညာဉ်တော်စေလွှတ်ပေးခြင်းအတွက် အမြဲကျေးဇူးချီးမွမ်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် နိူးထမှုဆက်လက်ဖြစ်ပွါးသည့်အခြေအနေတွင် ကြိုးစားအသက်ရှင်ရဖို့ မဟုတ်ပါ။ သို့မဟုတ် လျှင် စိတ်ပျက်ဝမ်းနည်းလာလိမ့်မည်။ အသင်းတော်တစ်ခုသည် အမြဲတမ်းနိူးထမှုဖြစ်ပေါ် သည့် အခြေအနေတွင် ရပ်တည်နိူင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် စတီလီယွတ်တွင် နိူးထမှုရှိ နေမည်။ ကျွန်ုပ်တို့အား လောင်ကျွမ်းစေမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခေတ္တရပ်ဆိုင်းပြီး ပြောင်းလဲလာသူ ၂၄ ဦးအတွက် ကျေးဇူးတော်ချီးမွမ်းကြပါစို့။ အချိန်တိုင်း ပြောင်းလဲလာသူ များစွာ ရှိလာပေမည်။ အနာဂတ်အချိန်ကာလတွင် သာ၍ကြီးမြတ်သော အခြားနိူးထမှုတစ်ခုရှိ လာဦးမည်ဟု မျှော်လင့်ယုံကြည်ရသည်။ သို့သော် ကျန်ရှိနေသည့် အချိန်ကာလများတွင် ဘု ရားသခင်၏တန်ခိုးတော်နှင့်ခရစ်တော်၏အသွေးတော်၌ ဝမ်းမြောက်ကြပါစို့။ ဤပြောင်းလဲလာ သူအသစ်များအတွက် ဆုတောင်းကြပါစို့။ သူတို့သည် ဘေးဒဏ်ကြီးကာလအတွင်းက ယုံ ကြည်သူများကဲ့သို့ပင် သိုးသငယ်၏အသွေးတော်နှင့် ၎င်းတို့၏သက်သေခံချက်နှင့် သေသည် အထိ သူတို့အသက်ကို မနှမျှောခြင်းဖြင့် (စာတန်) ကို အောင်နိူင်ကြလိမ့်မည်။ (ဗျာဒိတ် ၁၂း ၁၁ ) ဘုရားသခင်စေလွှတ်သော ဤနိူးထမှု၏သော့ချက်ဓမ္မတေးသီချင်းကို အားလုံးမတ်တပ် ရပ်ပြီး သီဆိုကြပါစို့။ ၎င်းသည် သီချင်းစာရွက်တွင် နံပါတ် ၉ ဖြစ်ပါသည်။

ရူပါရုံနှင့်ပြည့်စေပါ၊ ကယ်တင်ရှင်၊ ဆုတောင်းပါ၏၊
   ယေရှုကိုသာ ယနေ့ မြင်တွေ့ပါရစေ။
ချိုင့်ဝှမ်းထဲသို့ လျှောက်သွားရသော်လည်း၊
   ကိုယ်တော်သည် ကျွန်ုပ်အား စောင့်ထိန်းတော်မူ။
ရူပါရုံဖြင့် ပြည့်စေပါ၊ ကယ်တင်ရှင် ဘုရား၊
   ကိုယ်တော်ဘုန်းရောင်ခြည်ထွန်းတောက်သည်အထိ။
ကျွန်ုပ်မြင်တွေ့နိူင်စေရန်၊ ရူပါရုံများ မြင်တွေ့စေပါ၊
   သန့်ရှင်းပုံရိပ် ကျွန်ုပ်အား သက်ရောက်စေပါ။

လိုအပ်မှုတိုင်းတွင် ကျွန်ုပ်ရူပါရုံကို ဖြည့်ပေး၊
   ဘုန်းတော်ထွန်းတောက်၊ ကျွန်ုပ်ဝိညာဉ်နိူးထ။
ကိုယ်တော့်စုံလင်ခြင်းဖြင့်၊ မေတ္တာအလင်းဖြင့်၊
   ကျွန်ုပ်လမ်းအား အလင်းဖြင့် စီးဆင်းစေမူပါ။
ရူပါရုံဖြင့် ပြည့်စေပါ၊ ကယ်တင်ရှင် ဘုရား၊
   ကိုယ်တော်ဘုန်းရောင်ခြည်ထွန်းတောက်သည်အထိ။
ကျွန်ုပ်မြင်တွေ့နိူင်စေရန်၊ ရူပါရုံများ မြင်တွေ့စေပါ၊
   သန့်ရှင်းပုံရိပ် ကျွန်ုပ်အား သက်ရောက်စေပါ။

အပြစ်ထင်ရှားစေရန်၊ ကျွန်ုပ်ရူပါရုံများကို ဖြည့်ပေး၊
   အလင်းပုံရိပ် အသက်တာထဲထွန်းလင်းစေပါ။
ကိုယ်တော့်မျက်နှာတော် အစဉ်ဖူးတွေ့ပါရစေ၊
   အဆုံးမဲ့ကျေးဇူးတော်တရားထဲ အောင်ပွဲခံပါရစေ။
ရူပါရုံဖြင့် ပြည့်စေပါ၊ ကယ်တင်ရှင် ဘုရား၊
   ကိုယ်တော်ဘုန်းရောင်ခြည်ထွန်းတောက်သည်အထိ။
ကျွန်ုပ်မြင်တွေ့နိူင်စေရန်၊ ရူပါရုံများ မြင်တွေ့စေပါ၊
   သန့်ရှင်းပုံရိပ် ကျွန်ုပ်အား သက်ရောက်စေပါ။
(“ကျွန်ုပ်ရူပါရုံကို ပြည့်စေပါ” Avis Burgeson Christiansen, ၁၈၉၅-၁၉၈၅)

သင်သည် ကယ်တင်ခြင်းရရှိထားခြင်းမရှိသေးလျှင် အပြစ်အတွက် နောင်တရရန် တောင်းဆိုလိုပါ၏။ ထို့နောက် ခရစ်တော်ထံသို့ပြန်လှည့်လာပြီး ယုံကြည်ကိုးစားပါ။ လက်ဝါး ကပ်တိုင်တွင်သွန်းသောအသွေးတော်အားဖြင့် အပြစ်ဆေးကြောခြင်းကို ခံရမည်ဖြစ်သည်။ သင်သည် အပြစ်သားဖြစ်ကြောင်း သိနားလည်ရမည်။ လက်ဝါးကပ်တိုင်တွင်သွန်းလောင်း သော အသွေးတော်အားဖြင့် သင့်အပြစ်အလုံးဆုံတို့ကို ဆေးကြောသန့်စင်စေမည်အကြောင်း ယေရှုခရစ်ကို အကြွင်းမဲ့ယုံကြည်ပါ။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိုင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိုင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိုင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိုင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိုင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ဗျာဒိတ် ၁၂း ၇- ၁၂
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ခိုလှုံရာရဲတိုက်"၊ (Martin Luther ၁၄၈၃-၁၅၄၆) ရေးစပ်သည်။ )