Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ယနေ့ခေတ်နတ်ဆိုးများ

DEMONS TODAY
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၀၁၆ခုနှစ်
အောက်တိုဘာလ ( ၂၃ ) ရက်နေ့ နံနက်ပိုင်းတွင်
ဟောကြားသော Dr. R. L. Hymers, Jr. ၏
တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 23, 2016

“ယေရှုသည် လှေထဲက ထွက်ကြွတော်မူသည့်ခဏချင်းတွင်၊ ညစ် ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ် တော် ကို ခရီးဦးကြိုပြုလေ၏။” ( မာကု ၅း ၁- ၂ ) )


ဂါသာရင်နီနတ်ဆိုးအကြောင်းဟောကြားသည့် တရားဟောချက်ကဲ့သို့သော တရား ဒေသနာမျိုးကို လုံးဝမကြားဖိုးပါ။ Billy Graham သည် ထိုအကြောင်းကို ဟောကြားသည်။ သို့ သော် အသင်းတော်၏သင်းအုပ်မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်သို့နည်။ နတ်ဆိုးအကြောင်း ဖြစ်သောကြောင့်ပေတည်း။ ခရစ်တော်နှင့်စာတန်ကြား တိုက်ခိုက်မှုပင်ဖြစ်ပါသည်။ ထိုအရာ က အသင်းတော်ရှိ အမျိုးသမီးအချို့တို့ကို သွေ့ခြောက်စေပါသည်။ David Murrow က ထိုအကြောင်းတစ်ခုလုံးကို ရေးသားခဲ့ပါသည်။ ၎င်းကို “ယောက်ျားတို့သည် ဘုရားကျောင်း သွားခြင်းကို မုန်းတီးရသောအကြောင်းရင်း” (Nelson Books, ၂၀၀၅) ဟု အမည်ပေးသည်။ ထိုစာအုပ်ကို သင်းအုပ်တိုင်း ဖတ်ရှုသင့်သည်ဟု ကျွန်ုပ်ထင်ပါသည်။ Murrow သည် လူကြီး နှင့်လူငယ်၊ အသက် ၁၈ မှ ၂၉ နှစ်တို့သည် အသင်းတော်သို့သွားရန် သိပ်စိတ်မဝင်စားသည့် သဘောကို တွေ့ရပါသည်။ (စာ- ၁၈ ) လူကြီးများနှင့်အရွယ်ရောက်လာသောသူတို့သည် “အ ပြောင်းအလဲလုပ်လိုသောသူများဖြစ်ကြသည်” ဟု ဆိုပါသည်။ ၎င်းတို့၏အဓိကတန်ဖိုးမှာ စွန့် စားမှု၊ ချစ်မြတ်နိူးမှု၊ တိုက်ခိုက်မှုပင်ဖြစ်ပါသည်။ “သူတို့ကို သတ္တိရှိသောသူ၊ အခက်အခဲကြား တွင်ပင် စွန့်စားရဲသောသူ” အဖြစ် လူအများအား သိစေလိုပါသည်။ တနည်းအားဖြင့် မိန်းမအ များစုနှင့်အရွယ်ရောက်သူတို့သည် “လုံခြုံမှုရရှိရန်ကို လိုလားကြသည်။” (စာ- ၁၉)

ခရစ်တော်သည် ကြောက်စရာကောင်းသောအရာကို မလုပ်ဆောင်ခဲ့ပါ။ သူသည် ချစ် မြတ်နိူးခြင်းကိုပြသပြီး ရှုပ်ထွေးသောနေရာသို့ဝင်ရောက်ရန်လည်း ကြောက်စိတ်မရှိခဲ့ပါ။ David Murrow ပြောသည့်စကားက လုံး၀ဥဿုံမှန်ကန်မှုရှိသည်ဟု ကျွန်ုပ်ထင်မိသည်။ အချို့ သောမိန်းမများနှင့်အသက်ကြီးသောယောက်ျားတို့သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်ကြပါ သည်။ သူတို့သည် ကျွန်ုပ်တို့အသင်းတော်တွင် သံစဉ်များချထားကြသည်မှာ အလွမ်းဇာတ် သဘောကိုတွေ့ရပါသည်။ နတ်ဆိုးနှင့်စာတန်တို့နှင့်ပါတ်သက်သောတရားဒေသနာများကို အကျိုးသက်ရောက်မှုအနေဖြင့် ပေးထားပါသည်။ သူတို့သည် ရှုပ်ထွေးမှုအချို့ကို မလိုလားကြ ပါ။

အချို့သောလူငယ်များမှာ မွတ်စလင်များဖြစ်လာကြသည်မှာလည်း အံ့ဩစရာမဟုတ် ပါ။ သူတို့၏ခေါင်းဆောင်များက အပြင်ကမ္ဘာကိုသွားပြီး ၎င်းတို့ဘာသာရေးကို အနိူင်ယူစေ သည်။ သူတို့သည် ပင်လယ်ကူးသဘောၤမှလိုက်ပါလာသောလူလေးဦးကို သတ်ဖြတ်သည့် အသက် ၂၄ နှစ်အရွယ် အမေရိကန်လူမျိုးတစ်ဦးနှင့်ပင် တူကြသည်။ ထိုအရာသည် ယနေ့ တွင်ပင်ဖြစ်ပျက်လျက်ရှိပါသည်။ ထိုလူငယ်များသည် ယုံကြည်ဖို့ တစ်ခုခုကို ရှာဖွေနေကြပါ သည်။ သူတို့သည် ၎င်းတို့အသက်တာတွင်ရှိသော အကျိုးကြောင်းတရားနှင့်ရည်ရွယ်ချက်ကို ရှာဖွေနေကြပါသည်။

ကနဦးမွတ်စလင်မှာ အဖြေမဟုတ်ပါ။ သူတို့သည် နူးညံ့မှုမရှိ။ အစာခေါင်းပါးသော ခရစ်ယာန်ဘာသာသည် ယနေ့အသင်းတော်များတွင် ပုံဆောင်ထားလျက်ရှိပါသည်။ သင်တို့ သည် ခရစ်တော်နောက်တော်သို့လိုက်ရန် တောင်းဆိုထားပါ၏။ သင်သည် ယေရှုခရစ်၏တ ပည့်စစ်တပည့်မှန်ဖြစ်လာစေရန် ကျွန်ုပ်တောင်းဆိုလိုပါ၏။ တိုက်ခိုက်မှုတစ်ခုရှိပါသည်။ ကျွန်ုပ်တို့သည် တိုက်ပွဲတစ်ခုထဲတွင် ရှိနေကြပါသည်။ သို့သော် ထိုတိုက်ပွဲသည် ကိုယ်ကာယ တိုက်ပွဲမဟုတ်ပါ။ ဝိညာဉ်တိုက်ပွဲသာဖြစ်ပါသည်။ ဗြိတိန်တရားဟောဆရာကြီး ဒေါက်တာ Martyn Lloyd-Jones (၁၈၉၉- ၁၉၈၁ ) က ဝိညာဉ်တိုက်ပွဲအကြောင်းကို ပြောဆိုခဲ့ပါသည်။ သူက “ကျွန်ုပ်တို့သည် ခရစ်ယာန်အသက်တာထဲသို့ဝင်ရောက်လာကြသည်ဖြစ်၍ ဘုရားစွမ်း အားနှင့်ငရဲစွမ်းအားကြားတွင်ရှိသည့် ကြီးမားသည့်ရှုပ်ထွေးမှု၏အစိတ်အပိုင်းထဲတွင် ရောက် နေကြပါသည်။ ဤလောကကြီးတွင်ရှိသော ကျွန်ုပ်တို့၏အသက်တာသည် စာတန်ကြောင့် ဝိညာဉ်တိုက်ပွဲပင်ဖြစ်ပါသည်” ဟုဆိုပါသည်။ (ဘုရားသခင်၌ရှိသောအသက်တာ၊ Crossway Books, စာ- ၁၀၅၊ ၁၇၉) သူပြောဆိုထားသည်ကို အပြည့်အဝလက်ခံလိုက်သည်။

ယေရှုအကြောင်းနှင့် နတ်ဆိုးစွဲသောသူတို့သည် အလွန်ပင်အရေးကြီးပါသည်။ ဘုရား သခင်က ဓမ္မသစ်ကျမ်းရှိ မဿဲ၊ မာကု၊ နှင့် လုကာတို့တွင် မတူညီသောနေရာသုံးခုတွင် ထိုအ ကြောင်းကို မှတ်တမ်းတင်ထားပါသည်။ စိတ်ပျက်ဖွယ်ရာများနှင့်ဝိညာဉ်တိုက်ပွဲများကြားတွင် အသက်ရှင်နေကြရသော လူငယ်များအတွက် ထိုအထဲတွင် သင်ခန်းစာကြီးမားစွာ ရရှိကြပေ မည်။

ပုံဝတ္ထုမှာ ရိုးစင်းလှပါသည်။ ယေရှုသည် ဂါလိလဲအိုင်ကို လေငယ်လေးဖြင့် ဖြတ်သွား ခဲ့သည်။ အခြားတစ်ဘက်ကမ်းသို့လာခြင်းဖြစ်သည်။ ကျွန်ုပ်မိန်းမနှင့်ကျွန်ုပ်သည် ထိုနေရာသို့ ကြိမ်ဖန်များစွာ သွားခဲ့ကြပါသည်။ ဤအရာဖြစ်ပျက်သောနေရာကို မျက်စိနှင့်တန်းမြင်ခဲ့ရပါ သည်။

“ယေရှုသည် လှေထဲက ထွက်ကြွတော်မူသည့်ခဏချင်းတွင်၊ ညစ် ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။” ( မာကု ၅း ၂ ) )

ယခုတွင် ယေရှုနှင့်ဆုံတွေ့ခဲ့သော ဤလူငယ်လေးအကြောင်းနှင့်သက်ဆိုင်သည့် အရာများစွာ ကို ပြောဆိုရပါဦးမည်။

၁။ ပထမအချက်၊ ဤလူငယ်လေးသည် နတ်ဆိုးစွဲသောသူဖြစ်သည်။

နတ်ဆိုးစွဲသည်ကို အမှန်တကယ် ယုံပါသလား။ ယုံပါတယ်။ အမှန်တကယ်ယုံကြည် ပါတာယ်။ နတ်ဆိုးများစွာရှိသည်အကြောင်း သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ ထိုအ ကြောင်းကို တမန်တော်ပေါလုက ဤသို့ရေးသားထားပါသည်။

“ကျွန်ုပ်တို့သည် အသွေးအသားရှိသောရန်သူနှင့်ဆိုင်ပြိုင်တိုက်လှန် ရကြသည်မဟုတ်၊ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့် ၎င်း၊ လောကီမှောင်မိုက်၌အစိုးတရပြုသောမင်းတို့နှင့်၎င်း၊ မိုဃ်း ကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်း ဆိုင်ပြိုင်တိုက်လှန်ရကြ ၏။” ( (ဧဖက် ၆း ၁၂ ) )

သူနတ်ဆိုးတို့၏ကွဲပြားခြားနားချက်နှင့် မကောင်းသောနတ်ဆိုးများ တည်ရှိခြင်းအကြောင်းကို ဖော်ပြ ထားပါသည်။ ဒေါက်တာ Lloyd-Jones က “နတ်ဆိုးများစွာရှိသည်။ ထောင်ပေါင်းများ စွာ၊ သန်းပေါင်းများစွာသော နတ်ဆိုးများရှိသည်” ဟုဆိုပါသည်။ (ခရစ်ယာန်ပေါင်းစည်းခြင်း၊ The Banner of Truth Trust, ၁၉၈၀၊ စာ- ၅၈ )

သင်သည် စာတန်နှင့်နတ်ဆိုးများကို အယုံအကြည်မရှိလျှင် ကြောက်မက်စရာနှင့် ရုပ်ဝါဒီအကြောင်း၊ အမေရိကန်ကျူးလွန်သောအပြစ်များ၊ သင်သည် အဘယ်သို့ရှင်းပြနိူင်မည် နည်း။

ထို့အပြင် ဤလူငယ်လေးသည် နတ်ဆိုးစွဲသောသူဖြစ်ပါသည်။ သူသည် နတ်ဆိုးများ ၏ ထိန်းချုပ်မႈကိုခံနေရသည်။ ကျွန်ုပ်သည် ထိုအခြေအနေတွင် ကြုံတွေ့နေရသောသူများနှင့် တွေ့ဆုံဖူးပါသည်။ လူငယ်လေးသည် မူးယစ်ဆေးဝါးစွဲသောအခါ သို့မဟုတ် မှော်အတတ် တွင် ပူးပေါင်းသောအခါ ထိုအရာဖြစ်တတ်ကြောင်းကို သိပါသည်။

ပြောင်းလဲခြင်းမရှိသေးသောသူများ၏ဆင်ခြင်မှုကိုထိန်းချုပ်ထားသောနတ်ဆိုးဝါဒ၏ အဆင့်အတန်းအနည်းအများလည်းရှိပါသည်။ တမန်တော်ရှင်ပေါလုက နတ်ဆိုးအကြောင်း ကို “ငြင်းဆန်သောသူတို့၏အထဲတွင် အလုပ်လုပ်သောဝိညာဉ်” ဟုဆိုထားပါသည်။ (ဧဖက် ၂း ၂ ) ကျွန်ုပ်တို့စိတ်နှလုံးကို နတ်ဆိုးက မှောင်မိုက်စေသည့်အချိန်လည်း ရှိခဲ့ဖူးပါသည်။ ၎င်း သည် မပြောင်းလေးသေးသောသူများအဖို့ ဖြစ်နိူင်ခြေရှိသော အရာပင်ဖြစ်ပါသည်။ ယေရှု သည် ကျွန်ုပ်တို့အား ကယ်တင်တော်မမူမှီတွင် ထိုအခြေအနေ၌ ကျွန်ုပ်တို့အားလုံးရှိနေကြပါ သည်။ ကျွန်ုပ်တို့ မပြောင်းလဲခင်ဖြစ်သည်။ စစ်မှန်သောပြောင်းလဲခြင်းသည် စာတန်၏တန်ခိုး မှ ရွေးနှုတ်ခြင်းပင်ဖြစ်ပါသည်။

ယေရှုသည် သင့်အပြစ်အတွက် ပြစ်ဒဏ်မှကယ်လွှတ်ရန် လက်ဝါးကပ်တိုင်တွင် အ သေခံခဲ့သည်။ သင့်စိတ်နှလုံးသားတွင်ရှိသောအပြစ်များကို ဆေးကြောရန် အသွေးတော်ကို သွန်းလောင်းပေးခဲ့သည်။ သူသည် သင့်အား အသက်ကိုပေးရန် ကိုယ်ခန္ဒာဖြင့် သေခြင်းမှထ မြောက်တော်မူခဲ့သည်။ စာတန်၏အမှောင်ချခြင်းမှ ရွေးနှုတ်ပေးခဲ့သည်။ တရားဟောဆရာနှင့် တေးရေးဆရာကြီး ချာလ်းဝယ်လီ (၁၇၀၇- ၁၇၈၈ ) ကလည်း ထိုအကြောင်းကို ရေးသားခဲ့ သည်။

ကာဆီးနေသောအပြစ်တန်ခိုးကို ချိုးဖျက်ခဲ့သည်၊
   သူသည် ချုပ်နှောင်ခံရသူများကို လွတ်မြောက်စေ၏။
သူ့အသွေးတော်သည် အပြစ်ကို ဆေးကြောသည်၊
   သူ့အသွေးတော်သည် ကျွန်ုပ်အဖို့ အဖိုးထိုက်လှ။
(“ထောင်သောင်းမကဘာသာစကားဖြင့်” ချားလ်ဝယ်စလီ, ၁၇၀၇-၁၇၈၈) )

ခရစ်တော်သည် အပြစ် “တန်ခိုးကို ချိုးဖျက်ခဲ့သည်။” ခရစ်တော်သည် “ချုပ်နှောင်ခံရသူများ ကို လွတ်မြောက်စေသည်။” အသက်နှစ်ဆယ်အရွယ် တစ်ခုသောနံနက်ခင်းတွင် သူသည် ကျွန်ုပ်အတွက် လုပ်ဆောင်ပေးခဲ့သည်။ သင့်အတွက်လည်း လုပ်ဆောင်ပေးနိူင်ပါသည်။ ခရစ် တော်သည်သင့်အား အပြစ်နှင့်နတ်ဆိုး၏ချုပ်နှောင်ခြင်းမှလွတ်မြောက်စေနိူင်ကြောင်း ပြောနိူင် သောသူ ယခုနံနက် ဤနေရာတွင် ရှိနေကြပါသည်။ သင်သည် ခရစ်တော်၏ကယ်တင်ခြင်း ကို ရရှိလျှင် ယခုမတ်တပ်ရပ်ပါ။ ထိုင်နိူင်ပါပြီ။ သူတို့အားလုံးအတွက် သူလုပ်ဆောင်ပေး သောအရာအတွက် ခရစ်တော်သည် သင့်အတွက်လည်း လုပ်ဆောင်ပေးနိူင်ပါသည်။

၂။ ဒုတိယအချက်၊ ဤလူငယ်သည် အထီးကျန်နေသည်။

သူသည် “အဘယ်အိမ်တွင်မျှမနေဘဲ၊ သင်္ချိုင်းတွင်း၌သာ” နေထိုင်ကြောင်း သမ္မာ ကျမ်းစာက ဖော်ပြထားပါသည်။ (လုကာ ၈း ၂၇ ) ကျွန်ုပ်နှင့်ဇနီးသည် ထိုအရပ်တွင် ရှိနေကြ ပါသည်။ တောင်၏အခြားတစ်ဘက်တွင် ထိုသင်္ချိုင်းကို တွေ့ခဲ့ကြပါသည်။ ကျောက်ဆောင် တွင် အပေါက်သုံးပေါက်ရှိသည်။ ထိုနေရာတွင် အသေကောင်တို့၏အလောင်းကို ထားကြ သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“နေ့ညဉ့်မပြတ်သင်္ချိုင်းတစပြင်၌၎င်း၊ တောင်းပေါ်၌၎င်း၊ ဟစ် ကြော်လျက်၊ ကျောက်စောင်းနှင့်ကိုယ်ကိုရှစေလျက်နေတတ်၏။” ( (မာကု ၅း ၅ ) )

လူငယ်များတို့သည် မိမိကိုယ်ကို ပလိတ်သားဖြင့်လှီးဖြတ်ကြသည်။ အဘယ့်ကြောင့် ဖြစ်သည်ကိုမူ မရှင်းပြတတ်ကြပါ။ ထိုကဲ့သို့ မိမိလက်ကို လှီးဖြတ်သည့် ရုပ်ရှင်ထဲတွင် အ သက် ဆယ်နှစ်အရွယ်တွေ့ရသည်။ အင်တဗျူးလုပ်ဆောင်သောသူက အဘယ်ကြောင့်လုပ်ရ သည်ကိုမေးသောအခါ သူမက “မသိပါ။ ငါ့ကို အတင်းလုပ်ဆောင်စေသည်ဟုခံစားသည်။ မရပ်နိူင်တော့ပါ” ဟုသာပြောသည်။ ထိုလူငယ်လေးလိုအပ်သောအရာမှာယေရှုခရစ်ပင်ဖြစ်ပါ သည်။ ခရစ်တော်သည် စာတန်၏လုပ်ဆောင်ချက်တိုင်းကို ချိုးဖောက်ပေးသည်။

ကျွန်ုပ်တို့အခြေပြုကျမ်းတွင်ရှိသော ဤလူသည် အထီးကျန်နေသည်။ နတ်ဆိုးတို့ သည် သူ့အား မိသားစုရှိသောနေရာ၊ ယေရှုတွေ့နိူင်သည့်နေရာမှ အဝေးသို့ မောင်းထုတ် လိုက်သည်။ ယနေ့တွင် အမေရိကန်နှင့် အခြားအနောက်တိုင်း၌ လူငယ်များအဖို့ အထီးကျန် ဆန်လွန်းခြင်းထက် သာ၍ ကြီးမားသောပြဿနာမရှိခဲ့ပါ။ လူငယ်များကြုံတွေ့ခဲ့ရသော ပြဿ နာသည် အထီးကျန်ဆန်မှုတွင် အခြေပြုထားသည်။ ဘက်တယ်တွင် “အထီးကျန်ဆန်သော လူများ၊ သူတို့အားလုံးသည် အဘယ်အရပ်ကလာပါသနည်း” ဟု တေးသီချင်းရှိပါသည်။ (Eleanor Rigby)

Philip Slater က အထီးကျန်ခြင်းကို ဆွဲဆောင်ခြင်း၊ ကျိုးပဲ့သောအချက်တွင် အမေရိ ကန်တို့၏ထုံးတမ်းဟူသော စာအုပ်ကိုရေးသားခဲ့သည်။ (Beacon Press, ၂၀၀၆၊) အထီးကျန် ခြင်းကို ဆွဲဆောင်ခြင်းတွင် စာရေးသူက “နည်းပညာဖြင့်နိူင်ငံအဝှမ်းဆက်နွယ်မှု” ဟု ရေးသား ခဲ့သည်။ မစ္စတာ Slater က “ဖုန်းများသည် အမေရိကန်လူမှုပတ်ဝန်းကျင်ကို အခြားအရာများ ထက် ပိုမို၍ ဖျက်ဆီးသည်။ သူတို့ကို ကွဲလွင့်စေသည်။ သို့ဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုမရှိလာတော့ပါ။” (စာ- ၁၂၆၊ ၁၂၇ )

လူငယ်များသည် ၎င်းတို့ကားထဲဝင်ပြီး ကောလိပ်သို့သွားရန် Santa Barbara သို့မ ဟုတ် Berkeley သို့ မောင်းနှင်သွားခဲ့ကြသည်။ ၎င်းသည် အလွယ်ပင်လွယ်ကူသော်လည်း မိတ်ဆွေများအားလုံးကုိ အမြဲဆုံးရှုံးကြသည်။ ထာဝရ ဆုံးရှုံးကြသည်။ ကောလိပ်ကျောင်းသား အရွယ်လူငယ်များသည် အလွန်အထီးကျန်ဆန်လွန်းကြသည်မှာလည်း အံ့ဩစရာပင်မရှိ။ သင်က “အဆက်အသွယ်အမြဲလုပ်မယ်” ဟုဆိုပေမည်။ တစ်ဦးကိုတစ်ဦး အလေးထားကြမည် ဟု ဆိုလိုသည်။ ထိုအရာက “အဆက်အသွယ်” ဖြစ်စေမည်လော။ မဖြစ်စေပါ။ ဖုန်းဖြင့် စစ်မှန် သော ဆက်သွယ်မှုမရှိနိူင်ပါ။

ကျွန်ုပ်မိန်းမ၏အဖွါးသည် လူမှုသိပံပညာရှင်တစ်ယောက်ကဲ့သို့ တည်ကြည်ခပ်ညား သည်ကို ရိပ်မိသည်။ သူမ၏သားများက တယ်လီဖုန်းကို သူမအိမ်တွင် ထားရန်ကြိုးစားကြ သည်။ သူမက “မရဘူး။ ငါ့မှာ ဖုန်းရှိလျှင် ငါ့ဆီသို့ နင်တို့လာကြမည်မဟုတ်” ဟုဆိုလေသည်။ ဟိုသွားသည်သွား သွားနေသောလူငယ်များကိုတွေ့သောအခါ သူတို့သည် ကိုယ်စီဖုန်းနှင့် အလုပ်ရှုပ်နေကြသည်။ ထိုအရာက ကျွန်ုပ်အား ဝမ်းနည်းစေပါသည်။ စက်ဟူသည်မှာ မိတ် ဆွေကောင်း၏နေရာကိုယူတတ်လေ့ရှိပါသည်။

“သူမ” ဟူသော ရုပ်ရှင်ဇာတ်ကား အကြောင်း ကြားဖူးပါသလား။ ငါတော့ အဲဒါ သဘောမတူဘူး။ “စမတ်ထာ”ဟုခေါ်ပြီး မိမိကွန်ဗျူတာကိုစွဲလန်းနှစ်ခြိုက်နေသည့် အထီကျန် လူငယ်လေးအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်ပင်ဖြစ်ပါသည်။ ငါတော့ မကြည့်ဖူးပါ။ ကာလဆိုင်ရာအခန်းတွေလည်းပါဝင်တယ် ထင်ပါရဲ့။ သို့ရာတွင် လူငယ်အများစုကတော့ ကြည့်ကြတာပါပဲ။ စက်ကိရိယာနှင့်ခုံမင်နေသော လူငယ်လေးအကြောင်းကို စွဲမက်စွာ ကြည့် နေကြပါသည်။ ဝက်ကီဗက်တီးယားဆောင်းပါအကြောင်းနှင့်ပါတ်သက်ပြီး ထိုရုပ်ရှင်ကိုကြည့်ရှု လိုလျှင် ဤနေရာတွင်နှိပ်ပြီး ဖတ်ရှုနိူင်ပါသည်။ ထိုရုပ်ရှင်မှာ ကြည့်သင့်သည်ဟု ကျွန်ုပ်တော့ ထောက်ခံမှုမပေးပါ။

အမေရိကန်နှင့်ဥရောပထုံးတမ်းစဉ်လာတို့၏အထီးကျန်ဆန်လွန်းခြင်းကို စာတန်က အသုံးချပြီး လူငယ်များကို ကျေးကျွန်ပြုပြီး ဖျက်ဆီးနေသည်ဟု ယုံကြည်မိသည်။ သင်္ဘော သားလေးဦးကိုသတ်သော ထိုလူငယ်သည် “ကျွန်ဗျူတာ”ဟုခေါ်သည် စက်ကိရိယာအားဖြင့် အိုင်အက်စ်များနှင့်အဆက်အသွယ်လုပ်နေသည်။ သူသည် အမှန်တကယ် အထီးကျန်ဆန် လွန်းလှသည်။ ယေရှုနှင့်ရင်ဆိုင်တွေ့သောလူသည် သင်္ချိုင်းတွင် တစ်ဦးတည်းနေ နေရသည်။ သူသည် နတ်ဆိုး၏ထိန်းချုပ်မှုကို ခံစားနေရသည်။ ဘုရားသခင် ကူမတော်မူပါ။

သင့်ဖုန်းနှင့်ကွန်ဗျူတာများကို စွန့်ပစ်ရန် ဆိုလိုထားခြင်းမဟုတ်ပါ။ သို့သော် ကျွန်ုပ်ဆို လိုသည်မှာ “စက်သည် သင့်အား ထိန်းမချုပ်ဖို့အရေးကြီးပါသည်။” စစ်မှန်သောမိတ်ဆွေဖြစ် ဖို့ ကွန်ဗျူတာကို အဖော်မပြုပါနှင့်။ အသင်းတော်တွင် ခိုင်မာသောမိတ်ဆွေအဖြစ် ကွန်ဗျူတာ အား ပြုသည်ကို စွန့်လွှတ်လိုက်ပါ။ သင်္ချိုင်းထဲက ထိုလူသီဆိုသောတေးသီချင်းကို နားထောင် ကြည့်ပါ။

အိမ်နှင့်မိတ်ဆွေများထံက နတ်ဆိုးသည် သူ့အား နှင်ထုတ်၊
   သူသည် ခါးသီးသောသင်္ချိုင်းကြားတွင် ရှိနေခဲ့။
နတ်ဆိုးတန်ခိုး သူ့အား ချုပ်နှောင်ထားသည်ဖြစ်၍၊
   ယေရှုသည် လာ၍ လွတ်မြောက်စေခဲ့။
ယေရှုလာသောအခါ သွေးဆောင်သူ၏တန်ခိုးသည် ကျိုးပဲ့သွား၏၊
   ယေရှုကျိန်းဝပ်ခါ သူတို့သည် မျက်ရည်များ ယိုစီးလာခဲ့ရပါသည်။
သူတို့၏အသက်တာသည် ဘုန်းအသရေနှင့်ပြည့်စုံနေလေ၏၊
   ယေရှုဝင်ရောက်ကျိန်းဝပ်သောအခါခါ အရာအားလုံးပြောင်းလဲသွား၏။
(ယေရှုလာပါ”၊ Oswald J. Smith, ၁၈၈၉-၁၉၈၆၊ သံစဉ်
      Homer Rodeheaver ၁၈၈၀-၁၉၅၅)

လူငယ်တို့၊ ကျွန်ု္ပ်တို့အသင်းတော်ထဲသို့လာရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ ယခု တနင်္ဂနွေနံနက်နှင့်ညနေတွင် ဤနေရာ၌ ရှိနေပါ။ စနေညတွင်လည်း ဤနေရာတွင် ရှိနေ ပါ။ ကျွန်ုပ်တို့သည် သင်တို့၏မိတ်ဆွေဖြစ်မည်အကြောင်း ကတိပေးပါသည်။ ကျွန်ုပ်တို့ထံသို့ လာလျှင် အထီးကျန်ခံစားနေရမည်မဟုတ်ပါ။ အာမင်။

၃။ တတိယအချက်၊ ဤလူငယ်သည် ယေရှုကို ကြောက်ရွံ့သည်။

သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညင်းဆဲတော်မ မူမည်အကြောင်း ဘုရားသခင်ကို အမှီပြု၍ အကျွန်ုပ်တောင်းပန်ပါ သည်ဟု ကြီးသောအသံနှင့်အော်ဟစ်၍ လျှောက်လေ၏” ( မာကု ၅း ၇ ) )

သူသည် ယေရှုကို ကြောက်နေခဲ့သည်။ ထိုအချင်းအရာသည် ယနေ့လူငယ်အသိုင်းအဝန်း တွင် ဖြစ်လေ့ဖြစ်ထရှိသောအရာပင်ဖြစ်ပါသည်။ ယေရှုနှင့်ဤအသင်းတော်သည် သင့်အား ကူညီပေးနိူင်သည်။ သို့သော် သင်သည် ကြောက်နေသည်လည်းဖြစ်န်ိူင်သည်။ သင်သည် ဆက်ကပ်အပ်နှံရန် ကြောက်စိတ်ပွါးနေနိူင်ပါသည်။ကျွန်ုပ်တို့သည် ရက်သတ္တပတ်အဆုံးပိုင်း တွင် နာရီအနည်းငယ်မျှ ကျွန်ုပ်တို့နှင့်အတူ အချိန်ကို အသုံးပြုရန်ကို ကြောက်ရွံ့နေသည် လည်းဖြစ်နိူင်ပါသည်။ ဤအချက်က ကျွန်ုပ်အား အလွန်ပင် ဝမ်းနည်းစေသည်ကိုသာပြောနိူင် ပါသည်။ သင်အသက်တာတွင်ရှိသော ကြောက်ရွံ့ခြင်းသည် စာတန်ထံကလာသည်ကို ကျွန်ုပ် သိသည်။ အဘယ့်ကြောင့် ထိုသို့လုပ်ဆောင်သနည်း။ သင်သည် ကျွန်ုပ်တို့ထံသို့လည်း ကောင်း၊ ယေရှုထံသို့လည်းကောင်းလာလျှင် သူသည် သင့်အား ဆုံးရှုံးမည်ကို သိသော ကြောင့်ဖြစ်ပါသည်။

ကျွန်ုပ်သည် အသက် ၁၉ နှစ်အရွယ်၌ လောစ်အိန်ဂျယ်လမ်းမပေါ်တွင် ညကြီးမင်း ကြီး၌ တစ်ယောက်တည်း လျှောက်သွားနေခဲ့သည်။ ကျွန်ုပ်၏အထက်တန်းကျောင်းနေဘက် သူငယ်ချင်းများလည်း အိမ်ပြန်ကုန်ကြသည်။ ကျွန်ုပ်သည် တစ်ဦးတည်းဖြစ်နေ၍ အလွန်ပင် အထီးကျန်လှသည်။ တစ်ခုသောစနေညတွင် အိုဗာရာလမ်းပေါ်တွင် လျှောက်နေခဲ့သည်။ ကျွန်ု္ပ်သည် ချင်နာထောင်းကို ကျောင်၍သွားခဲ့သည်။ ကျွန်ုပ်သည် ရာလေလမ်းဘက်သို့ ညာ ချိုးလိုက်သည်။ လမ်းအဆုံးတွင် အသင်းတော်တစ်ခုကို တွေ့ခဲ့သည်။ ၎င်းမှာ တရုတ်နှစ်ခြင်း အသင်းတော်ပင်ဖြစ်သည်။ ကျွန်ုပ်သည် တံခါးကို ခေါက်သဖြင့် Lorna Lum အမည်ရှိ အမျိုး သမီးငယ်တစ်ယောက် ကျွန်ုပ်အား တံခါးကိုဖွင့်၍ စကားပြောခဲ့သည်။ နောက်တနေ့သည် တနင်္ဂနွေနေ့ဖြစ်၍ သူတို့အသင်းတော်သို့လာရောက်ပါဝင်ရန် ခေါ်ဖိတ်ခဲ့သည်။ နောက်နေ့တွင် ထိုဘုရားကျောင်းသို့တက်ခဲ့သည်။ နောက်ပိုင်းတွင် ထိုဘုရားကျောင်းသို့ နှစ်ပေါင်းများစွာ သွားဖြစ်သည်။ ထိုနေရာတွင် ရှိနေစဉ် ယေရှုသည် ကျွန်ုပ်အား ကယ်တင်ခဲ့သည်။ ကျွန်ုပ်ကို လူစစ်လူမှန်ဖြစ်စေသည်။ ခိုင်မာတည်ကြည်သောမိတ်ဆွေများကိုပေးသည်။ Lorna နှင့် Murphy Lum ကဲ့သို့သော သူငယ်ချင်းများကို ပေးပါသည်။

ကျွန်ုပ်တို့ကို မကြောက်ပါနှင့်။ ယေရှုကိုလည်း မကြောက်ပါနှင့်။ ကျွန်ုပ်တို့ထံသို့ လာပါ။ သင့်အပေါ် ကောင်းသောအရာကို အကျွန်ုပ်ပြုပါမည်။ ကျွန်ုပ်တို့ထံပြန်လာပါ။ သင့်အ သက်တာ အမှန်တကယ်ပြောင်းလဲလာမည်ကို ကတိပေးပါ၏။ နောက်တပတ်တွင် ကျွန်ုပ်တို့ ထံလာလျှင် ယေရှုထံသို့လည်းလာပါ။ သင်သည် ယခုမှစ၍ နှစ်ပေါင်းတစ်ထောင်လုပ်ဆောင် သကဲ့သို့ ဝမ်းမြောက်ပေလိမ့်မည်။

ယေရှုသည် ထိုလူအထဲက နတ်ဆိုးများကို မောင်းထုတ်ခဲ့ပါသည်။ ယေရှုသည် ထိုသူ အား ကယ်တင်ခဲ့သည်။ သူသည် ယေရှုအားဖြင့် ကယ်တင်ခြင်းကို ရရှိခဲ့ပါသည်။

ယနေ့လူတို့သည် ကယ်တင်ရှင် တတ်နိူင်တော်မူကြောင်းသိကြ၏၊
   တောင့်တစိတ်၊ တပ်မက်စိတ်၊ နှင့်အပြစ်ကို မအောင်နိူင်ကြ။
ကျိုးပဲ့သောသူတို့နှလုံးသားက သူတို့ကို ဝမ်းနည်းအထီးကျန်စေသည်၊
   ယေရှုသည် သူတို့အထဲ၌ ကိုယ်တိုင်လာ၍ ကျိန်းဝပ်တော်မူသည်။
ယေရှုလာသောအခါ သွေးဆောင်သူ၏တန်ခိုးသည် ကျိုးပဲ့သွား၏၊
   ယေရှုကျိန်းဝပ်ခါ သူတို့သည် မျက်ရည်များ ယိုစီးလာခဲ့ရပါသည်။
သူတို့၏အသက်တာသည် ဘုန်းအသရေနှင့်ပြည့်စုံနေလေ၏၊
   ယေရှုဝင်ရောက်ကျိန်းဝပ်သောအခါခါ အရာအားလုံးပြောင်းလဲသွား၏။

ခရစ်တော်သာလျှင် သင့်အား စာတန်၏ချုပ်နှောင်ခြင်းမှ လွတ်မြောက်ရသောအခွင့် ကိုပေးမည်။ ခရစ်တော်သည် သင့်အား အသက်နှင့်တန်ခိုးကိုပေးထားသည်။ ခရစ်တော်သည် သင့်အား အသက်တာကို ပြောင်းလဲစေပါသည်။ ယေရှု၏လမ်းကိုပြသရန် ကျွန်ုပ်တို့အား အခွင့်အရေးတစ်ခုကို ပေးကြပါ။ ပြန်လာပါ။ သွားရမည့်လမ်းကို ပြညွှန်မည်။ လူအချို့က “နတ်ဆိုး သို့မဟုတ် စာတန်” ကို မယုံဘူးဟုဆိုကြသည်။ ဟုတ်ပါပြီ။ အဘယ်တစ်ခုကိုမျှ မယုံ သည့်အချိန်ကာလ ကျွန်ုပ်တွင်လည်း ရှိခဲ့ဖူးပါသည်။ သို့သော် ၎င်းသည် အလွန်အရေးပါသော အရာတော့မဟုတ်ပါ။ အရေးပါသောအရာမှာ ယေရှုသည် သင့်အားချစ်သည်ကိုသိပြီး ကျွန်ုပ် တို့သည်လည်း သင့်အား ချစ်သည်အကြောင်းကို ခံစားသက်ဝင်ရန်ပင်ဖြစ်သည်။ ၎င်းသည် ခိုင်မာသောမိတ်ဆွေများကို ရရှိသည့်နေရာပင်ဖြစ်ပါသည်။ သင့်အား ချစ်၍ လက်ခံသည့်နေ ရာလည်းဖြစ်ပါသည်။ ဘုရားသခင်၏တပါးတည်းသောသားတော် ယေရှုကိုယုံကြည်ပါ။ လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် သင့်အပြစ်ဒဏ်ရှိသမျှတို့မှ ထာဝရကာလတိုင် အောင် ကယ်နှုတ်တော်မူမည်။ အာမင်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ မဿဲ ၈း ၂၈- ၃၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"သခင်ယေရှုလာပါ"၊ (စာသား- Dr. Oswald J. Smith ၁၈၈၉-၁၉၈၆၊ သံစဉ်- Homer Rodeheaver ၁၈၈၀-၁၉၅၅) ရေးစပ်သည်။


ယနေ့ခေတ်နတ်ဆိုးများအကျဉ်း

DEMONS TODAY

Dr. R. L. Hymers, Jr.

“ယေရှုသည် လှေထဲက ထွက်ကြွတော်မူသည့်ခဏချင်းတွင်၊ ညစ် ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ် တော် ကို ခရီးဦးကြိုပြုလေ၏။” ( မာကု ၅း ၁- ၂ ) )

၁။ ပထမအချက်၊ ဤလူငယ်လေးသည် နတ်ဆိုးစွဲသောသူဖြစ်သည်။ ဧဖက် ၆း ၁၂၊ ၂း ၂။

၂။ ဒုတိယအချက်၊ ဤလူငယ်သည် အထီးကျန်နေသည်။လုကာ ၈း ၂၇၊ မာကု ၅း ၅။

၃။ တတိယအချက်၊ ဤလူငယ်သည် ယေရှုကို ကြောက်ရွံ့သည်။ မာကု ၅း ၇ ။