Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




တရားဒေသနာမတိုင်မှီ တေးသီချင်းသီဆိုမှုကို ဒေါက်တာ Hymers က ဦးဆောင်ပါ သည်။
      “ကျွန်ုပ်အား ရူပါရုံနှင့်ပြည့်၀စေပါ” (Avis Burgeson Christiansen, ၁၈၉၅-၁၉၈၅) )
      “ကျွန်ုပ်အား စစ်ကြောမူပါဘုရား” (ဆာလံ ၁၃၉း ၂၃- ၂၄ ) )

စာတန်နှင့်နိူးထမှု

SATAN AND REVIVAL
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ် စက်တင်ဘာလ ( ၁၅ ) ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းတွင် ဟောကြားသော Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Thursday Evening, September 15, 2016


အားလုံးမတ်တပ်ရပ်ပြီး Scofield Study Bible စာမျက်နှာ ၁၂၅၅ ကို လှန်၍ ဖတ်ကြ ပါစို့။ ၎င်းမှာ ဧဖက် ၆း ၁၁ နှင့် ၁၂ တို့ပင်ဖြစ်ပါသည်။

“မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိူင်မည်အကြောင်း၊ ဘုရားသ ခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အ ကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မှိုက်၌ အစိုးတရပြုလုပ် သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် ၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆း ၁၁- ၁၂ ) )

အားလုံးထိုင်နိူင်ပါပြီ။

ဤကျမ်းပိုဒ်က စာတန်၏လုပ်ဆောင်ချက်များသည် စစ်မှန်သော ခရစ်ယာန်တို့၏ ရန် သူများဖြစ်ကြောင်းကို အသေအချာ ဖော်ပြထားပါသည်။ New American Standard ကျမ်းစာ ဘာသာပြန်ဆိုချက်က အပိုဒ်ငယ် ၁၂ ကို ဤသို့ဆိုထားသည်။

“အကြောင်းမူကား၊ ကျွန်ုပ်တို့၏ရုန်းကန်လှုပ်ရှားမှုသည် အသွေးအ သားဖြင့်မဟုတ်၊ အာဏာစက်၊ တန်ခိုး၊ လောကမှောင်မှိုက်၊ ကောင်းကင်ပလ္လင်ထက်တွင် ဆိုးသွင်းသော ဝိညာဉ်တွန်းအားများ ဖြစ်သည်။” ( (ဧဖက် ၆း ၁၂ NASB )

ဒေါက်တာ Merrill F. Unger က “ဝိညာဉ်ဆိုး၏စိတ်ဝင်စားဖွယ်ကောင်းသော ခရီးလမ်းဆုံးမှာ ….ဤမှောင်မိုက်ကမ္ဘာကို အုပ်ချုပ်သောသူ…..ဤအုပ်ချုပ်နေသောဝိညာဉ်ဆိုး” ဟုဆိုပါသည်။ (Biblical Demonology, Kregel Publications, ၁၉၉၄၊ စာ- ၁၉၆) ဒေါက်တာ Charles Ryrie က ဒံယေလ ၁၀း ၁၃ ကို “ပါရှန်ပြည်ကိုအုပ်စိုးသောမင်း၊..ဘုရားသခင်၏အကြံအစည် များကို ဆန့်ကျင့်တိုက်ခိုက်ဖို့ရန် ပါရှန်မင်းအားညွှန်အားဖို့ကြိုးစားနေသည့် သဘာဝလွန်သတ္တ ဝါ” ဟု မှတ်ချက်ပေးလိုက်သည်။ မကောင်းသောကောင်းကင်တမန် (လောကကြီးကိုတွန်း အားပေးသော နတ်ဆိုး) သည် တိုင်းနိူင်ငံတို့ကို အုပ်ချုပ်ရန်ကြိုးစားသည်။ တိုင်းနိူင်ငံတို့ကို အုပ်စိုးသော ဆိုးသောကောင်းကင်တမန်နှင့်ကောင်းသောကောင်းကင်တမန်တို့ကြားတွင်ရှိ သောတိုက်ပွဲဖြစ်သည်။” (Ryrie Study Bible, ဒံယေလ ၁၀း ၁၃ မှတ်စု )

အမေရိကန်နှင့်အနောက်တိုင်းကမ္ဘာတို့အား ထိန်းချုပ်အုပ်စိုးနေသော နတ်ဆိုးများစွာ ရှိသည်ဟု ကျွန်ုပ်ထင်မိသည်။ Scofield ၏ ဒံယေလ ၁၀း ၂၀ အကြောင်းနှင့်သက် ဆိုင်သောမှတ်စုမှာ “နတ်ဆိုးများသည် စာတန်၏လောကနည်းစနစ်များဖြစ်သည်” ဟု ဆိုပါ သည်။ ဤမှတ်ချက်စကားက “ပါရှန်ပြည်ကိုအုပ်စိုးသောမင်း” ကို ရည်ညွှန်းထားပါသည်။ ဤ “မင်း” သည် ပါရှန်နိူင်ငံတော်ကို ထိန်းချုပ်ထားသော အုပ်စိုးသည့် နတ်ဆိုးပင်ဖြစ်ပါသည်။ ယနေ့တွင် “အနောက်တိုင်းမင်း” သည် အမေရိကန်နှင့်၎င်း၏မဟာမိတ်အဖွဲ့များကို ထိန်းချုပ် ထားပါသည်။ အမေရိကန်ပြည်ထောင်စုနှင့်အနောက်တိုင်းနိူင်ငံများအား အဓိကထိန်းချုပ်ထား ခြင်းက နိူင်ငံသူသားတို့အား စည်းစိမ်ဥစ္စာများကို တပ်မက်သောစိတ်ကို ဖြစ်ပေါ်လာစေသည်။ ရုပ်ဝါဒီသမားများဖြစ်စေသည်။ ရုပ်ဝါဒီသမားတို့၏အုပ်စိုးနေသောနတ်ဆိုးတို့သည် နိူးထမှုကို ဟန့်တားသည်။ ဆုတောင်းခြင်းကို ဟန့်တားသည်။ လူတို့အား ကျွန်ပြုထားပါသည်။ ဤအုပ် စိုးသောနတ်ဆိုးတို့သည် လူတို့အား အဘယ်သို့လုပ်ဆောင်ခဲ့ကြသနည်း။ နတ်ဆိုးနှင့်ပါတ် သက်ပြီးပြောရလျှင် ဒေါက်တာ Lloyd-Jones က နတ်ဆိုး၏တန်ခိုးလုပ်ဆောင်သောအရာကို ကျွန်ုပ်အား ပြောပြသည်။ နတ်ဆိုးတန်ခိုးသည် ကျွန်ုပ်တို့လူများရဲ့မျက်စိကို ကန်းစေသည်ဟု ဆိုပါသည်။ သူက “ဝိညာဉ်ရေးရာနှင့်ဆိုင်သော အယူအဆတစ်ခုလုံးသည် လွင့်စင်သွားပြီ ဟုဆိုပါသည်။ ဘုရားသခင်၌ ယုံကြည်ကိုးစားခြင်းသည်လည်း လွင့်စင်သွားသည်။ ဘုရားသ ခင်၊ ဘာသာတရား၊ နှင့် ကယ်တင်ခြင်းတရားတို့အား ယုံကြည်ခြင်းသည်လည်း ပျောက်ဆုံး သွားပါသည်။” (နိူးထမှု၊ Crossway Books, ၁၉၉၂၊ စာ- ၁၃ ) “အနောက်တိုင်းမင်းနှင့် သူ့အောက်တွင်ရှိသည့် အနည်းငယ်သောနတ်ဆိုးများ၏လုပ်ဆောင်ချက်ကြောင့် ဤသို့ဖြစ် ပျက်လာရသည်။

ထိုအရာသည် အခြားတိုင်းနိူင်ငံများအတွက် မှန်ကန်သောအရာမဟုတ်ပါ။ ရုပ်ပိုင်း ဆိုင်ရာများကိုလိုလားသည့် နတ်ဆိုးက အမေရိကန်နှင့်အနောက်နိူင်ငံများတွင် လုပ်ဆောင် သကဲ့သို့ သောနည်းလမ်းဖြင့် တွန်းအားပေးခြင်းမရှိသည့်တိုင်းနိူင်ငံများလည်း ရှိပါသည်။ တရုပ်နိူင်ငံ၊ အာဖရိက၊ အင်ဒိုနီးရှား၊ စသဖြင့်သော မွတ်စလင်နိူင်ငံများတွင်ရှိကြသည့် သန်း ပေါင်းများစွာသော လူငယ်တို့သည် ပြောင်းလဲလာကြပါသည်။ သန်းပေါင်းများစွာသောသူတို့ သည် စစ်မှန်သော ခရစ်ယာန်များဖြစ်လာခဲ့ကြပါသည်။ သို့ရာတွင် အမေရိကန်နှင့်အနောက် တိုင်းတို့တွင် သန်းပေါင်းများစွာသော လူငယ်တို့သည် အသင်းတော်ကို စွန့်ခွါခဲ့ကြသည်။ အမေရိကန်နှင့်အနောက်ကမ္ဘာတွင် လူငယ်အနည်းစုသာလျှင် စစ်မှန်သော ခရစ်ယာန်များဖြစ် ကြသည်။ ကျွန်ုပ်တို့အသင်းတော်သည် တန်ခိုးမဲ့လာသည်။ ဆုတောင်းဝတ်ပြုအစီအစဉ်များ လည်း ဖျက်သိမ်းလိုက်ရသည်။ ကျွန်ုပ်တို့၏လူငယ်များသည် ဘုရားသခင်အတွက် ဝန်ထုတ် ဝန်ပိုးများ မရှိကြတော့ပါ။ အသက် ၂၅ နှစ်အရွယ်တွင် ၈၈% သောလူငယ်များသည် ကျွန်ုပ် တို့အသင်းတော်ကို စွန့်ခွါပြီး George Barna တွင် လူထုအားမေးမြန်းစရင်းကောက်ခံမှုအရ ၎င်းတို့သည် ဘုရားကျောင်းသို့ လုံး၀ပြန်မလာခဲ့ကြတော့ပါ။ သူတို့သည် ပိုနိူဂရာဖီတွင် ခေါ် ဆောင်ခြင်းကို ခံခဲ့ကြသည်။ ဆိုလိုသည်မှာ အင်တနက်တွင် နာရီပေါင်းများစွာ ကြည့်ရှုနေကြ သည်။ သူတို့သည် အရက်၏ကျေးကျွန်များဖြစ်ကြပါသည်။ သူတို့သည် ဆုတောင်းသည့်အခါ ရယ်မောကြသည်။ သို့ရာတွင် လူမှုကွန်ယက်တွင်နာရီပေါင်းများစွာ အိပ်မွေးဆေးချကြသည်။ သူတို့လက်ထဲတွင် အချိန်တိုင်း စမတ်ဖုန်းတကိုင်ကိုင်နှင့်ပဲဖြစ်ကြပါသည်။ သူတို့သည် တစုံတ ခု၏ထိန်းချုပ်မှုအောက်တွင် ရောက်နေသောသူပင်ဖြစ်ပါသည်။ သူတို့သည် အားသည့်အချိန် တိုင်း ဖုန်းကိုသာကြည့်နေကြသည်။ ဖုန်းကိုကြည့်နေခြင်းသည် ဣသရေလလူမျိုးများက ဟောရှေခေတ်တွင် ရုပ်တုကို ကြည့်နေကြသည်အတိုင်းပင်ဖြစ်ပါသည်။ လူမှုကွန်ယက်မီဒီယာ ဟူသည်မှာ လူငယ်များကိုထိန်းချုပ်ရန် စာတန်အသုံးပြုသော ရုပ်တုပင်ဖြစ်ပါသည်။ အမေရိ ကန်နှင့်အနောက်တိုင်းတွင်ရှိသော သင်းအုပ်အားလုံးလိုလိုက ၎င်းတို့အသင်းတော် အားနည်း လာရသည့်အကြောင်းကို လုံးဝနားမလည်ကြပါ။ ဒေါက်တာ Lloyd-Jones ပြောဆိုသကဲ့သို့ နတ်ဆိုး၏တွန်းအားဖြင့် ဆက်နွယ်နေကြသည်ဟူသောအချက်ကို နားမလည်ကြပါ။

၎င်းသည် ဟောရှေလက်ထက်တွင် အလွန်ပင်ခက်ခဲသောအချိန်ကာလဖြစ်သည်။ ဘုရားသခင်က “ဣသရေလလူမျိုးများသည် ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူကို တတ်တိုင်း ရှိစေလော့” (ဟောရှေ ၄း ၁၇ ) ဟု မိန့်တော်မူသည်။ လူမျိုးတို့သည် ဘုရားသခင်ပေး ထားခြင်းဖြစ်ပါသည်။ သူတို့ကို ဘုရားသခင်က စွန့်ပစ်ထားသည်။ သူတို့သည် နတ်ဆိုးတို့၏ လက်အောက်တွင် ရှိမြဲရှိနေကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏လူငယ်များသည်လည်း မာရ်နတ်၏ လက်အောက်တွင် ကျေးကျွန်ဖြစ်နေဆဲပင်ဖြစ်ကြသည်။ လူမှုမီဒီယာ၊ စမတ်ဖုန်းစသည်တို့ တွင် အချိန်ကုန်ဆုံးခဲ့ကြသည်။ နတ်ဆိုးတို့က လူငယ်များကို ဆုံးရှုံးဖို့ရန် ချုပ်နှောင်ခဲ့ကြသည်။ နတ်ဆိုးအမျိုးအစားမှာ လူငယ်များအား ရုပ်ဝါဒတွင် ကျေးကျွန်ဖြစ်စေသည်။ ဝိညာဉ်ရေးရာ ကြီးထွားလာစေရန် ဟန့်တားပေးသည်။ လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ အတူနေထိုင်ခြင်းအ ဆုံးမရှိခြင်းတွင် ချုပ်နှောင်ထားပါသည်။“ဣသရေလလူမျိုးများသည် ရုပ်တုတို့၌ စွဲကပ်လျက် ရှိ၏။ သူကို တတ်တိုင်း ရှိစေလော့” (ဟောရှေ ၄း ၁၇ ) ယနေ့ညတွင်လည်း သင်တို့တွင် အချို့တို့သည် နတ်ဆိုး၏တွန်းအားကြောင့် ကျေးကျွန်ဖြစ်နေကြပါသည်။

သင်တို့သည် ဘုရားကျောင်းသို့ ရောက်ရှိလာကြသည်။ သို့သော် ဤအရပ်တွင် ဘုရားသခင်မရှိပါ။ ဘုရားမရှိသလို ခံစားနေခဲ့ကြသည်။ ပရောဖက်ဟောရှေက “ထာဝရဘုရား ကို ရှာခြင်းငှါ သွားကြသော်လည်း မတွေ့ရကြ။ သူတို့နှင့်ကွာတော်မူပြီ” ဟု မိန့်တော်မူသည်။ (ဟောရှေ ၅း ၆ ) ဘုရားသခင်သည် ထွက်သွားပြီ။ အသင်းတာ်များကို ထားရစ်ခဲ့ပြီ။ ကျွန်ုပ်တို့ ၏အသင်းတော်များကို ထားခဲ့သည်။ သူမရှိတော့ပါ။ သူမရှိသောကြောင္႔ မရှိတော့တာမဟုတ်။ သူသည် ရှိလျက်နှင္႔ မရှိခြင်းဖြစ်သည်။ ဘုရားသခင် တည်ရှိပါသည်။ ထို့ကြောင့်သာလျှင္ ကျွန်ုပ်တို့နှင့်အတူ မရှိခြင်းဖြစ်သည်။ သူသည် သန့်ရှင်းသောဘုရားဖြစ်သည်။ သူသည် ကျွန်ုပ် တို့ပြုသော ဒုစရိုက်ကြောင့် အမျက်ထွက်လျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အား စွန့်ပစ်ထား ခဲ့ခြင်းဖြစ်သည်။ သင့်အိမ်တွင် ထားခဲ့ခြင်းဖြစ်သည်။ သင့်ဆုတောင်းသံကို ထားခဲ့ခြင်းဖြစ် သည်။ အသင်းတော်ကို ထားခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏မျက်မှောက်တော်ကို မခံစားရ တော့ဘဲ ထားခဲ့ခြင်းဖြစ်သည်။ ဆယ်ကျော်သက်အရွက်၌ ကော်ကေးရှင်းအသင်းတော်တွင် ရောက်လာသောအချိန်က ကြောက်မက်ဖွယ်ခံစားခဲ့ရသော ကျွန်ုပ်၏အတွေ့အကြုံထဲက သိရှိ ထားရသည်။ ဘုရားသခင်သည် ထိုအရပ်တွင် မရှိသကဲ့သို့ ခံစားခဲ့သည်။ ကျွန်ုပ်တစ်ယောက် တည်းကဲ့သို့ ခံစားရသည်။ တေးသီချင်းက ဤသို့ဆိုထားပါသည်။

တခါတရံ လူတစ်ယောက်ကို ငါ့ အား ရှာတွေ့စေလိုသည်
ငါတစ်ယေက်တည်းဖြစ်နေချိန်အထိပေါ့။
(အစိမ်းရောင်နေ့ရက်၊ “သစ်ပင်စိုက်ထားသောလမ်းအိပ်မက် ကျိုး ပျက်ချိန်” ၂၀၀၄ )

သင် မည်သို့ခံစားနေရသည်ကို ကျွန်ုပ်နားလည်သည်။ ကျွန်ုပ်သည် ဆယ်ကျော်သက် အရွယ်၊ သင်တို့အရွယ်တွင် လော့အိန်ဂျယ်လမ်းမပေါ်တွင် တစ်ယောက်တည်းလျှောက်နေခဲ့ရ ပါသည်။ ကျွန်ုပ်သည် ပထမနှစ်ခြင်းအသင်းတော်နှင့်ပေါင်းစည်းခြင်းမပြုမှီအချိန် ကောကာစီ ရမ်အသင်းတော်တွင်ရှိနေစဉ်တွင် ကျွန်ုပ်သည် တစ်ယောက်တည်းဖြစ်နေပါသည်။ ဟုတ်ပါ တယ်။ မည်သို့ဖြစ်မည်ကို ကျွန်ုပ်နားလည်သည်။ ထိုသို့ဖြစ်ရခြင်းကိုလည်း ငါမုန်းတယ်။ သင့် အိမ်တွင်ရှိသော ချစ်ခြင်းမေတ္တာကို ဖျက်ဆီးသည့် ရုပ်ဝါဒဆိုင်ရာနတ်ဆိုး၏လုပ်ဆောင်ချက် ကိုလည်း ငါမုန်းတယ်။ သင့်ပျော်ရွှင်မှုကိုဖျက်ဆီးသည့် ရုပ်ဝါဒကိုလည်း မုန်းတယ်။ သင့်စိတ် နှလုံးကိုဖျက်ဆီးပြီး အထီးကျန်စေသည့်ရုပ်ဝါဒကိုလည်း ငါမုန်းတယ်။ ကျွန်ုပ်တို့အသင်းတော် ကို အေးတိအေးစက်နှင့် မရင်းမနှီးဖြစ်စေသည့် နတ်ဆိုးကိုလည်း ငါမုန်းတယ်။ သင်ပိုင်ဆိုင် ထားဖို့ ဘုရားသခင်ကြံစည်စိတ်ကူးထားသည့် ကောင်းသောအရာများကို သင့်ထံက နှုတ်ယူ သော အမေရိကန်ပြည်ထောင်စု၏အပြစ်ကိုလည်း ငါမုန်းတယ်။ သင်တို့တွင် အချို့တို့သည် သမ္မတဖြစ်လာမည့်သူနောက်ကို တကောက်ကောက် လိုက်နေကြသည်။ အဘယ့်ကြောင့် ဆို သော် သူက အားလုံးကို သင်အားလုပ်ဆောင်ပေးမည်အကြောင်း ကတိပေးထားသည်။ သို့ သော် သူသည် အဝေးသို့ထွက်သွားပြီး ဘာတစ်ခုမျှ ချန်မထားခဲ့ပါ။ ယနေ့တရားဟောဆရာ အားများစုလည်း ထိုသို့လုပ်ဆောင်ကြသည်။ သူတို့က အရာအားလုံးကို ကတိပေးထားခဲ့ကြ သည်။ အမှန်တကယ် ပေးသည်တော့မရှိပါ။ သင်သည် နတ်ဆိုး၏အမှောင်ချလွှမ်းမိုးခြင်း ကြောင့်ဖြစ်ပါသည်။ ဤသို့သော စာတန်၏လွှမ်းမိုးမှုကြောင့် သင်သည် အထီးကျန်သည်ဟု ခံစားနေရသည်။ ဘုရားသခင်သည် အမေရိကန်နှင့်အနောက်တိုင်းများမှ ထွက်သွားခဲ့ပြီ။ ဘုရားသခင်က ကျွန်ုပ်တို့အား အပြစ်ကြောင့် စွန့်ပစ်တော်မူခဲ့သည်။ သင့်အပြစ်ကြောင့် ဘုရား သခင်က သင့်အား စွန့်ပစ်တော်မူခဲ့သည်။

ကျွန်ုပ်တို့သည် အသင်းတော်၌ ဘုရားသခင်ရှိစေလိုသည်။ သူ၏မျက်မှောက်တော်ကို ခံစားလိုကြသည်။ လူငယ်များကို အကူအညီမပေးနိူင်ကြပါ။ လူအားလုံးကို အကူအညီမပေး နိူင်ကြပါ။ ဘုရားသခင်သာ ကြွဆင်းမလာခဲ့ရင် အကူအညီမပေးနိူင်ပါ။ ကျွန်ုပ်တို့သည် အပြစ် ကို နောင်တရရမည်။ ဆုတောင်းသည့်အခါ မျက်ရည်ကျရမည်။ မျက်ရည်ကျခြင်းမရှိလျှင် ကျွန်ုပ်တို့ဆုတောင်းသောအရာသည် စကားမျှသာဖြစ်လိမ့်မည်။ တရုပ်ပြည်တွင် ငိုကြွေးကြသ ဖြင့် ဘုရားသခင် ဆင်းသက်လာခဲ့သည်။ ဘုရားသခင်မရှိလျှင် လူငယ်တွေကို ပေးစရာ ဘာမျှ မရှိပါ။ ပါတီပွဲတော့ လုပ်ပေးနိူင်သည်။ ဘုရားကိုတော့ မပေးနိူင်ပါ။ ဘားစကစ်ဘောပွဲတော့ စီစဉ်ပေးနိူင်သည်။ ဘုရားသခင်ကိုတော့ မပေးနိူင်ပါ။ ဘုရားသခင်အား မပေးနိူင်သည်မှာ ကျွန်ုပ်တို့တွင် ဘာမျှမရှိသောကြောင့်ဖြစ်သည်။ သင်၏အထီးကျန်မှုကို အဘယ်အရာနှင့်မျှ ကု သမပေးနိူင်ပါ။ သင့်စိတ်နှလုံးကို ငြိမ်းအေးစေမည့်အရာမရှိပါ။ သင့်ဝိညာဉ်ကို ကယ်တင်မည့် အရာလည်း မရှိပါ။ သင်သည် ကျွန်ုပ်တို့ထံသို့လာသည်။ သင်တို့ရှေ့တွင် ချထားစရာ အဘယ် အရာမျှမရှိပါ။ ပါတီပွဲကလွဲရင် ဘာမျှမရှိပါ။ မွေးနေ့ကိတ်ကလွဲရင် ဘာမျှမရှိပါ။ ကာတွန်းအ ဟောင်းကလွဲရင် ဘာမျှမရှိပါ။ သင့်ရှေ့တွင် ချထားစရာမရှိ။ သင့်ကို ကူညီစရာမရှိ။ ငရဲမီးမှ သင့်ကို ကယ်တင်မည့်နည်းလမ်းလည်းမရှိ။ ဘုရားသခင်သာမရှိလျှင် သင့်အတွက် အဘယ် အရာမျှ မလုပ်ပေးနိူင်ပါ။ တေးသီချင်းတစ်ပုဒ်၊ နှစ်ပုဒ်ကလွဲရင် အဘယ်အရာကိုမျှ မလုပ်ပေး နိူင်ပါ။ ဆုတောင်းပေးတာကလွဲရင် ဘာမျှမလုပ်ပေးနိူင်ပါ။ တပိုင်းသေတရားဒေသနာကလွဲရင် လုပ်ပေးနိူင်တာလည်း မရှိပါ။ ကျွန်ုပ်တို့သည် မြို့သောသူများဖြစ်ကြသည်။ မျှော်လင့်ချက်မဲ့ သောသူများဖြစ်ကြသည်။ သင်လိုအပ်သောအရာ ကျွန်ုပ်တို့တွင်လည်း မရှိပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်သာလျှင်မရှိရင် သင့်အားလုပ်ဆောင်ပေးနိူင်သောအရာ ဘာမျှမရှိပါ။

လွန်ခဲ့သော စနေနှစ်ညက၊ သင်တို့အား ကျက်မှတ်ထားသောကျမ်းပိုဒ်ရွက်ဆိုရန် တိုက်တွန်းပြောဆိုသည်။ သင်တို့တွင် အများတို့သည် ရွက်ဆိုကြသည်။

“ကိုယ်တော်သည် မိုဃ်းကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော် မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။ မီးသည် အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူစေသကဲ့သို့၎င်း၊ ဖြစ်ပါစေသော၊ သို့ဖြစ်လျှင် ကိုယ်တော်၏ရန်သူတို့သည် နာမ တော်ကိုသိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့် မည်။ အကျွန်ုပ်တို့ မျှော်လင့်သည်ထက်၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍တောင်တို့သည် ရှေ့ တော်၌ လှုပ်ကြပါ၏။” ( ဟေရှာယ ၆၄း ၁- ၃ )

သင်တို့တွင် အချို့တို့သည် ထိုစကားကို ရွက်ဆိုကြသောကြောင့် ဘုရားသခင်ဆင်းသက်လာ သည်ဟုပင် ခံစားရမိသည်။ ကျွန်ုပ်ကို တို့ထိသည်။ ကျွန်ုပ်စိတ်နှလုံးကို ဘုရားသခင်လှုပ်ရှား စေသည်။ ကျွန်ုပ်သည် ခေါ်ဖိတ်ချက်ကို လုပ်ဆောင်သည်။ တရားဒေသနာလည်း မဟောပါ။ ဆုတောင်းခြင်းလည်း မပေးပါ။ နှုတ်ကပါတ်တရားကို သာရွက်ဆိုစေပါသည်။

“ကိုယ်တော်သည် မိုဃ်းကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်းသက်တော် မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။ မီးသည် အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူစေသကဲ့သို့၎င်း၊ ဖြစ်ပါစေသော၊ သို့ဖြစ်လျှင် ကိုယ်တော်၏ရန်သူတို့သည် နာမ တော်ကိုသိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့် မည်။ အကျွန်ုပ်တို့ မျှော်လင့်သည်ထက်၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍တောင်တို့သည် ရှေ့ တော်၌ လှုပ်ကြပါ၏။” ( ဟေရှာယ ၆၄း ၁- ၃ )

ထို့အပြင် မစ္စ -------------- သည် မျက်ရည်ဖြင့် ဆုတောင်းသည်။ Jason ------------ သည်လည်း ကျယ်လောင်သောအသံကိုပြု၍ မြည်တမ်းခြင်းကို ပြုသည်။ ရေဗက္က------------သည် ပလ္လင်ရှေ့သို့လာပြီး ငိုကြွေးသည်။ တစ်စုံတစ်ယောက်က “အာဗြဟံ--------------- ကော ဘယ်လိုလဲ” ဟု အော်ဟစ်ပြောဆိုသည်။ သူသည် စတင်၍ လာသည်။ သို့သော် ပတ် လည်သို့လှည့်ပတ်သည်။ လူသုံးယောက်သည် သူ့နောက်သို့လိုက်ကြသည်။ နတ်ဆိုး ထွက် လာခဲ့သည်။ မျက်ရည်များ ကျလာသည်။ တောင်းလျှောက်ခြင်းများပြုလာသည်။ နောက်ဆုံး တွင် ငြိမ်သက်ခြင်းရောက်လာသည်။ နှစ်ရက်အကြာတွင် ကယ်တင်ခြင်းသို့ ရောက်လာသည်။ ထို့နောက် ခရစ်ယာန်------------------ရောက်လာခဲ့သည်။ John Cagan က အခြားသူများနှင့် စကားပြောဖို့ သူမအား မခေါ်ခင် စကားအနည်းငယ်ပြောလိုက်သည်။ သူမသည် ယေရှုထံသို့ မိမိအလိုအလျောက်လာခဲ့သည်။ ဒေါက်တာ Cagan က သူမ၏သက်သေခံချက်ကိုကြားပြီး “သူမသည် သေခြင်းမှအသက်ရှင်ခြင်းသို့ကူးမြောက်ပြီ” ဟု ဆိုလိုက်သည်။သူမသည် အသေ သတ်ခြင်းကိုခံရသော ကယ်တင်ရှင်၏အသွေးတော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက် သည်။ အာဗြဟံ --------------နှင့်အတူ ဆုတောင်းပြီးနောက်၊ Jack Ngann နှင့် ကျွန်ုပ်သည် ပဌနာသီချင်းကို သီဆိုခဲ့ကြသည်။ ကျွန်ုပ်တို့အသင်းတော်တွင် ဩဂုတ် ၁၈၊ ၂၇၊ ၂၈ သုံးရက် တွင်း အမှန်တကယ် ပြောင်းလဲလာသူ ၁၃ ဦး ရရှိခဲ့သည်။ တရားဟောဆရာတစ်ဦးအား “သင် သည် နိူးထမှုအချို့ကို တွေ့ကြုံနေရသည်” ဟု ပြောကြားလိုက်သည်။ အမှန်တကယ်ပင်ဖြစ် သည်။ သို့သော် ၎င်းသည် ပြောင်းလဲခြင်းဖြင့် သာအစပြုထားပါသည်။ ၎င်းသည် အပြစ်များနှင့်ဝန်ခံခြင်းဖြင့် အစပြုထားပါသည်။ ခရစ်ယာန် ၄ ဦးကသာလျှင် ၎င်းတို့၏အပြစ် ကို ဝန်ချတောင်းပန်ပြီး နိူးထမှုကို ရရှိကြသည်။ ခရစ်ယာန် လေးဦးသာဖြစ်သည်။ ကျန်သော သင်တို့သည် အေးတိအေးစက်ဖြင့် အမြဲတမ်း အသက်မဲ့လျက် ရှင်နေကြသည်။

Q…………………. ………………………….မှာ ခြောက်ပေလောက် အရှည်ဖြစ်သည်။ အာဖရိက၊ အမေရိက လူသန်ကြီးသည် အမျက်ထွက်နေမျက်နှာဖြင့်ရှိနေသည်။ သူသည် ဒူးထောက်ပြီး သူ့မျက်နှာတစ်ခုလုံးကို မျက်ရည်တွေလှမ်းမိုးသည်အထိ ငိုကြွေးနေသည်။ သူသည် နောက် ဆုံးတနင်္ဂနွေညတွင် နောက်ဆုံးပြောင်းလဲလာသောသူဖြစ်ပါသည်။

ထိုအစည်းအဝေးတွင် ကျွန်ုပ်အား ဒုက္ခပေးသည့်အရာနှစ်ခုကို သတိထားမိသည်။ ၎င်းတို့က ကျွန်ုပ်အား ဒုက္ခပေးနေဆဲဖြစ်ပါသည်။ ကျွန်ုပ်အား ဒုက္ခပေးသည့် ပထမအချက်မှာ ပြောင်းလဲပြီးသောသူများက လူ ၁၃ ဦးအပေါ် ဝမ်းမမြောက်နိူင်ကြခြင်းပင်ဖြစ်ပါသည်။ သူတို့ ကို ဒေါက်တာ Cagan က နှစ်ကြိမ်သုံးကြိမ်လောက် စစ်ဆေးခဲ့ပါသည်။ သူတို့သည် အမှန်တ ကယ် ပြောင်းလဲကြသည်ဟု ဆိုပါသည်။ သင်တို့ဝမ်းမမြောက်ကြဘူးလား။ ဒေါက်တာ Cagan က ကြားပြီး သူတို့သည် အမှန်တကယ်ပြောင်းလဲကြပါသည်ဟု သင့်အားပြောဆိုသည့်အချိန် တွင်ပင် ဝမ်းမမြောက်ကြပေ။ Jack နှင့် ကျွန်ုပ်ကသာလျှင် ပဌနာသီချင်းကို သီဆိုကြပါသည်။ ချီးမွမ်းအော်ဟစ်သံများမရှိပါ။ ဘုရားသခင်အား ချီးမွမ်းသံများလည်း မရှိပါ။ ကြက်သီးထရုံ လောက်သာဖြစ်ပါသည်။ နိူးထမှုအကြောင်း သင်ဖတ်ရှုရသောအရာနှင့်ပါတ်သက်ပြီး အော် ဟစ်သံတစ်သံမျှ မကြားရပါ။ ခရစ်ယာန်ဖြစ်သောသင်သည် တိုတောင်းသည့် ထိုအစည်းအ ဝေးတွင် ပြောင်းလဲလာသူ ၁၃ ဦးအတွက် ဝမ်းမမြောက်နိူင်ပါ။ ပြုံးတောင် မပြုံးပါ။ ဟာလေလု ယာဟုပင် မပြောပါ။ နိူးထမှုတွင် တွေ့ခဲ့ဖူးသည့် ဝမ်းမြောက်ခြင်းမျိုးလည်း မတွေ့ရပါ။ အတိတ်က နိူးထမှုစာရင်းတွင်ရေးမှတ်ထားသည့်အကြောင်း ကျေးဇူးချီးမွမ်းမှုမျိုးလည်း မရှိပါ။ ဝမ်းမြောက်ခြင်းလည်း လုံးဝမရှိပါ။ ကယ်တင်ခြင်းရရှိသောသူများ၏ အမည်စာရင်းကိုဖတ်ရှု သောအချိန်တွင် စိတ်နွေးထွေးရုံသက်သက်သာဖြစ်ကြပါသည်။ ထိုသို့ပြောင်းလဲခြင်းအတွက် သင်တို့သည် မတ်တပ်ရပ်ပြီး “ဘုရားသခင်အားချီးမွမ်းပါ၏” ဟု အော်ဟစ်ကြမည်ထင်ပါ သည်။ သို့ရာတွင် အဘယ်သူမျှ ထိုသို့မလုပ်ဆောင်ပါ။ ထိုကဲ့သို့သော အောင်မြင်မှုမျိုးတွင် အ ဘယ်သူမျှ ဝမ်းမမြောက်နိူင်ပါ။ ၎င်းမှာ ကျွန်ုပ်အား ဒုက္ခပေးသည့် ပထမအချက်ပင်ဖြစ်ပါ သည်။

ကျွန်ုပ်အားဒုက္ခပေးသည့် ဒုတိယအချက်မှာ ထိုအစည်းအဝေးတွင် အချိန်ကြာမြင့်ပြီး မှ အသင်းတော်ရှိလူလေးဦးတို့သည် နိူးထခြင်းကို ရရှိကြခြင်းဖြစ်ပါသည်။ လေးဦးသာဖြစ်ပါ သည်။ အခြားသူများမှာ အေးတိအေးစက်ဖြင့် ခံစားချက်မရှိသကဲ့သို့ဖြစ်နေကြဆဲပင်ဖြစ်ပါ သည်။ လူတစ်ဦးက “ငါသည် နိူးထမှုကိုရရှိပြီ” ဟုဆိုပါသည်။ သို့သော် မစ္စ…………….နှင့်တော့ မတူပါ။ ချစ်သောညီအစ်ကိုမောင်နှမတို့၊ သင်တို့သည် မစ္စ …………… ကဲ့သို့ဖြစ်မလာကြလျှင် သင်တို့သညလုံး၀နိူးထသမဖြစ်နိူင်ပါ။ သင်တို့သည် မစ္စ……………… ကဲ့သို့မဟုတ်လျှင် ဘုရားသခင်တို့ထိရုံသာဖြစ်ပေလိမ့်မည်။

ကျွန်ုပ်က John Cagan ကို ကယ်တင်ခြင်းရရှိသောသူများထဲတွင် အဘယ့်ကြောင့် အနည်းငယ်သာလျှင် နိူးထမှုရှိသည်ကို မေးလိုက်သည်။ သူက သင်တို့သည် မယုံကြည်ကြ ကြောင်း ဆိုပါသည်။ သူပြောတာ မှန်ကန်သည်ဟု ထင်မိသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမားသောလှုပ်ရှားမှုသည် ရောက်လာပြီး လူ ၁၃ ဦးပြောင်းလဲလာသော်လည်း သင်တို့ သည် အကောင်းထင်ကြခြင်းမရှိပါ။ သင်သည် ယုံကြည်ခြင်းအလျင်းမရှိ။ သင့်ကို ဘုရားသခင် က လှုပ်ရှားစေသော်လည်း အမှန်တကယ် ယုံကြည်လက်ခံကြသူများမဟုတ်။ အဘယ့် ကြောင့် အမှန်တကယ် ယုံကြည်လက်ခံခြင်းမရှိကြသနည်း။ အဘယ်အကြောင်းကြောင့်ဟူ သည်ကို ပြောပြမည်။ သင်တို့တွင် မှားယွင်းသောအရာရှိသောကြောင့်ပင်ဖြစ်ပါသည်။ သင်တို့ တွင် ေကြာက်မက်ဖွယ်ရာကောင်းလောက်အောင် အမှားအယွင်းရှိနိူင်သည်။ သင်တို့တွင် ဝမ်း မြောက်မျက်ရည်လည်းမရှိပါ။ ဝမ်းမြောက်စွာ တုန့်ပြန်မှုလည်း မရှိပါ။ သင်တို့စိတ်နှလုံးသည် မှားယွင်းသောကြောင့် ဝမ်းမြောက်ခြင်းမရှိနိူင်ပါ။ သင့်စိတ်နှလုံးသည် သေသေချာချာဂရုစိုက် မထားသောကြောင့် မှားယွင်းနေပါသည်။ သင့်အား စာတန်က ချုပ်နှောင်ထားပါသည်။ ဒါ တောင် သင်က နားမလည်သေးပါ။ သင့်အား “မာရ်နတ်နှောင်ကြိုး” တုတ်နှောင်ထားသည်ကို ပင် မသိရှိပါ။ စာတန်က သင့်အား လှည့်ဖြားသည်ကိုလည်း နားမလည်နိူင်ပါ။ သင်သည် “သခင်ဘုရား၌ ခိုင်မာသောသူ၊ တန်ခိုးရှိသောသူ” အဘယ်သို့ဖြစ်လာနိူင်မည်နည်း။ သင်သည် မာရ်နတ်၏လှည့်ဖြားမှုကို ခံနေရကြောင်း မသိလျှင် မာရ်နတ်ကို မည်သို့ “တွန်းလှန်ပါမည် နည်း။” (ဧဖက် ၆း ၁၀- ၁၁ ) Dallas Theological Seminary တွင် စာချသောသူ ဒေါက်တာ Merrill F. Unger က “ဝိညာဉ်သဘောဆောင်လျက် အောင်မြင်သောအသက်တာဖြင့် အ သက်ရှင်သော (ခရစ်ယာန်များ) သည် စာတန် နှင့်မာရ်နတ်တည်းဟူသော စစ်မှန်သော ခရစ် ယာန်ဘာသာတရားနှင့်ခရစ်ယာန်ပြည့်စုံခြင်းကို တိုက်ခိုက်သောသူများနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်နေကြရသည်” ဟု ဆိုပါသည်။ (Biblical Demonology, Kregel, ၁၉၉၄၊ စာ- ၁၀၁)

ညီအစ်ကိုမောင်နှမတို့ မိမိတို့စစ်နှလုံးကို စစ်ဆေးကြပါစို့။ ကျွန်ုပ်တို့အပြစ်များကို ဝန် ချတောင်းပန်ဖို့လိုအပ်ပါ။ “သို့မဟုတ်လျှင် စာတန်သည် ငါတို့ကို နိူင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို သူတို့သိကြ၏။” (၂ ကော ၂း ၁၁ ) ဒေါက်တာ Lloyd-Jones က “ယနေ့အသင်းတော်အခြေအနေ၏အဓိကအကြောင်းတရားမှာ နတ်ဆိုးကို မေ့လျော့နေကြ ခြင်းပင်ဖြစ်သည်။… အသင်းတော်သည် ပင်ပန်းနွမ်းနယ်နေသည်။ သူသည် တိုက်ခိုက်နိူင်စွမ်း မရှိတော့ပါ” ဟု ဆိုပါသည်။ (ခရစ်ယာန်တိုက်ပွဲ၊ Banner of Truth, ၁၉၇၆၊ စာ- ၂၉၂၊ ၁၀၆) တိုက်ပွဲကို သတိမမူနိူင်တော့ပါ။ သင့်အပြစ်သည် သင့်နှလုံးသားကို လွှမ်းမိုးနေသည်ဆိုခြင်းကို သတိမမူနိူင်တော့ပါ။ ဝန်မခံသောအပြစ်များက သင့်အား ဘုရားသခင်ထံနှင့်ခြားနားစေသည် ဆိုခြင်းကို သတိမမူနိူင်ကြတော့ပါ။

မာရ်နတ်ကို အဘယ်သို့ အောင်နိူင်မည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်နှလုံး တွင်ပြုသောအပြစ်များကို ပြသဖို့ရန် ဆုတောင်းရမည်။ ဘုရားသခင်ကို အားကိုးလျက် ဆု တောင်းရပါမည်။

“အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိ မှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူ ပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့် ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။” ( ဆာ ၁၃၉း ၂၃၊ ၂၄ ) )

အသင်းတော်အတွက်လုပ်ဆောင်သောအလုပ်တွင် အနားမယူပါနှင့်။ သင်တို့တွင် အချို့သည် အသင်းတော်အတွက် ပင်ပန်းစွာ အလုပ်လုပ်ကြပါသည်။ သင်တို့သည် ကြိုးစား လုပ်ဆောင်ကြသော်လည်း သင်တို့စိတ်နှလုံးတွင် အပြစ်က ဖုံးလွှမ်းထားပါသည်။ ဆုတောင်း ခြင်းသည်လည်း ရပ်ထားခြင်းမရှိပါ။ သင်သည် နေ့တိုင်းဆုတောင်းပါသည်။ စိတ်နှလုံးတွင်မူ ကား ဆိုးမိုက်နေဆဲပင်ဖြစ်ပါသည်။ အသင်းတော်ရှိ လူတစ်ဦးအား “အဆင်ပြေလား” ဟု မေး လိုက်သည်။ သူက “အဆင်ပြေပါတယ်” ဟု ပြန်ဖြေသည်။ သူက အမှန်တကယ် အဆင်ပြေ သည်ဟု ထင်ခဲ့မိသည်။ သို့သော် သူ့အားဖျက်ဆီးနေသောအပြစ်ကို ပြသလိုက်သည်။ သူက “ထိုအရာကို အပြစ်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိဘူး” ဟုပြောလိုက်သည်။ သင့်စိတ်နှလုံးသား ထဲတွင် ထိုသို့ဖြစ်နေပါသလား။ သင်က အပြစ်ဟု လုံးဝထင်မထားသည့်အပြစ်များသည် သင့် စိတ်နှလုံးသားထဲတွင် ကိန်းအောင်းနေပါသလား။

အခြားသူများက အသင်းတော်ကွဲပြဲလို့စွန့်ခွါသွားချိန်တွင် သင်သည် သစ္စာရှိစွာ ကျန် ရစ်ခဲ့လေသည်။ ထိုအရာပေါ်မှာပဲ ကျေနပ်မနေပါနှင့်။ သင်တို့သည် အသင်းတော်တွင် ခိုင်မြဲ စွာ ရှိနေရမည်။ သင်က “အပြစ်တရားဖြစ်သည်ဟု လုံးဝထင်မထားသော” အပြစ်သည် သင့် စိတ်နှလုံးသားထဲတွင် ရှိပါသည်။ သင်တို့တွင် အချို့တို့က သားသမီးများ ကယ်တင်ခြင်းရရှိရန် ဆုတောင်းခဲ့ကြသည်။ သို့ရာတွင် အဖြေမရရှိခဲ့ကြပါ။ သင့်စိတ်နှလုံးသားထဲတွင် လျှိုထား သော အပြစ်များ ရှိပါသလား။ သင်လုံးဝထင်မထားသော အပြစ်များရှိပါရဲ့လား။ ထိုအပြစ်ကို အပြစ်မှန်းခံစားတတ်လာရန် အခုဆုတောင်းပေးပါသည်။ သင့်ကလေးများအတွက် သင်၏ဆု တောင်းခြင်းသည် သင့်အပြစ်ကိုဝန်ချတောင်းပန်ခြင်းမရှိသ၍ အဖြေရမည်မဟုတ်ပါ။ ဘုရား နှုတ်ကပါတ်တော်က “ငါသည် စိတ်နှလုံးသားထဲမှာ ဒုစရိုက်ကိုငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ” (ဆာလံ ၆၆း ၁၈ ) ဟု မိန့်တော်မူသည်။ စိတ်နှလုံးစင်ကြယ်သောသူများ သာလျှင် ဆုတောင်းခြင်းအဖြေကို ရရှိကြပါသည်။ သင့်ညီအစ်ကိုမောင်နှမများပြောင်းလဲလာ စေရန် ဆုတောင်းပေးပါသည်။ သို့သော် သင့်ဆုတောင်းသံကို ဘုရားသခင် နားညောင်းတော် မမူ။ အဖြေရသည်အထိ “ဆုတောင်း” ဟု မိမိကိုယ်ကို နှိမ့်သိမ့်ခြင်းပေးပါသည်။ သို့သော် သင်ဖြစ်သည်အတိုင်း “ဆုတောင်းပေးခြင်း” မပြုနိူင်ပါ။ “ငါသည် စိတ်နှလုံးသားထဲမှာ ဒုစရိုက်ကိုငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။” (ဆာလံ ၆၆း ၁၈ )သို့ရာတွင် သင်က “အနည်းငယ်သောအပြစ်သာဖြစ်သည်” ဟု ဆိုသည်။ မာရ်နတ်က သင့်အား“အနည်း ငယ်” သာဖြစ်သည်ဟု ပြောသည်။ သို့သော် ၎င်းက သင့်ဆုတောင်းသံများကို ဖျက်ဆီးသည် ကို နားလည်သဘောပေါက်ရမည်။ ဘုရားသခင်မျက်မှောက်တော်သို့ရောက်သော သင့်အပြစ် တို့ကို ဝန်ခံရပါမည်။ သင်သည် အပြစ်ကို ဝန်ခံရမည်။ သို့မဟုတ် ဘုရားသခင်သည် သင့်အား နားညောင်းပေးမည်မဟုတ်ပါ။

ဧဝံဂေလိဆရာလေး Evan Roberts ကို ၁၉၀၄ ခုနှစ် ဝေးနိူင်ငံ၌ ဖြစ်သော နိူးထမှု တွင် ဘုရားသခင်က ကြီးမားစွာ အသုံးပြုထားသည်။ Evan Roberts က နိူးထမှုတွင် သန့်ရှင်း သောဝိညာဉ်တော် ဆင်းသက်တော်မမူမှီတွင် “ကျွန်ုပ်တို့သည် အသင်းတော်၏ မကောင်း သောဆိုးနံ့တွေတည်းဟူသော အာဃာသရန်ငြိုး (အငြိုးအတေး၊ ခါးတည်းမှု) မနာလိုခြင်း၊ ဘက်လိုက်ခြင်း(အခြားသူများအား စီရင်ခြင်း) နားလည်မှုလွဲမှားခြင်း (သဘောမတူညီမှု၊ မာန) တို့ကို ရှင်းရှင်းဖျက်ဆီးရမည်။ ပြုသမျှသောအပြစ်များ (အသင်းတော်၌ အခြားသူများနှင့်) ကို ဝန်ခံပြီး ခွင့်လွှတ်ထားခြင်းမဟုတ်လျှင် ဆုမတောင်းပါနှင့်။ သို့ရာတွင် အပြစ်ခွင့်လွှတ်န်ိူင်ခြင်းမ ရှိလျှင် (ဒူး) ထောက်ပြီး အပြစ်ခွင့်လွှတ်သော ဝိညာဉ်ကို တောင်းလျှောက်လိုက်ပါ။ ထို့နောက် မှာ အဖြေကို ရရှိလိမ့်မည်။ (Brian H. Edwards, Revival, Evangelical Press, ၂၀၀၄၊ စာ- ၁၁၃ ) “ပုံမှန်အချိန်ကာလများတွင် ခရစ်ယာန်များသည် ထိုအရာများကို စွဲကိုင်ကြသည်။ သို့ သော် စစ်မှန်သောနိူးထမှုတွင် လျှို့ဝှက်ထားသောအပြစ်ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ခရစ်ယာန်တို့၏စိတ်နှလုံးသားထဲတွင် ထိုအပြစ်များကို မဝန်ခံသ၍ ငြိမ်သက်ခြင်းလုံးဝမရှိနိူင် ပါ။” (Edwards, ၎င်း၊ စာ- ၁၁၄ )

၁၉၆၉ နှင့် ၁၉၇၀ တွင် တရုတ်နှစ်ခြင်းအသင်းတော်၌ ခရစ်ယာန်များကြားတွင် ကြောက်မက်ဖွယ် အပြစ်ဖော်ပြခြင်းရှိသည်။ ထိုအရာကို ကျွန်ုပ်မြင်တွေ့ခဲ့ရသည်။ တခါတရံ အပြစ်သိမြင်ခြင်းသည် ဖနေခြင်းဖြစ်သည်။ လူတို့သည် ထိန်းချုပ်မရဘဲ ငိုကြွေးကြသည်။ အပြစ်ကိုသိမြင်ခြင်း နှင့်ဝမ်းနည်းခြင်းမရှိဘဲ (ခရစ်ယာန်အသိုင်းအဝန်း) ကြားတွင် နိူးထမှုဟူ သည်မှာ လုံးဝမရှိပါ။ ပရိသတ်ဆွေးနွေးသည့်အခန်းတွင် လူတစ်ဦး ငိုကြွေးနေသည်။ ထို့နောက် လူတိုင်း ငိုကြွေးနေကြသည်။ အစည်းအဝေးသည် အပြစ်ဝန်ခံခြင်း၊ ငိုကြွေးခြင်း၊ ဆုတောင်းခြင်းနှင့် သိမ်မွေ့စွာသီချင်းဆိုခြင်းဖြင့် နာရီလေးချက်မျှ ကြာမျှခဲ့သည်။ အခြားသူ များမည်သို့ထင်ကြမည်ကို လူတိုင်းက မေ့နေကြသည်။ သူတို့သည် ဘုရားသခင်နှင့်မျက်နှာ ချင်းရင်ဆိုင်ခဲ့ကြသည်။

ခရစ်ယာန်တို့အနေဖြင့် နက်နဲမှုမရှိရင်၊ သက်သောင့်သက်သာမရှိရင်၊ အပြစ်ကို ရိုး သားစွာ ဝန်ခံတတ်ခြင်းမရှိလျှင် နိူးထမှုဆိုတာ ဖြစ်လာစရာအကြောင်းမရှိပါ။ တိတ်ဆိတ်နေ ခြင်းကို ဘုရားသခင်နှင့်ပေါင်းဖက်သောခရစ်ယာန်များက အနက်ဖွင့်ကြပါသည်။ ကျွန်ုပ်၏ တရုတ်သင်းအုပ်ဆရာ ဒေါက်တာ Timothy Lin က အဘယ်သို့လုပ်ဆောင်ရမည်ကို သိပါ သည်။ သူက ဤသို့ဖြစ်စေသည်။ အကြောင်းမှာ လူတို့ကို လှုပ်ရှားစေသောသူများ ဘုရားသ ခင်ဖြစ်ကြောင်းကို တရုတ်ပြည်၌ ၎င်း၏အတွေ့အကြုံအားဖြင့် သိရသောကြောင့်ဖြစ်ပါသည်။ ၎င်းမှာ တွေ့ခဲ့ဖူးသမျှတွင် တန်ခိုးအကြီးမားဆုံးသော အစီအစဉ်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့အသင်းတော်တွင်လည်း တွေ့ဆုံရမည်အကြောင်း ကျွန်ုပ်ဆိုတောင်းပါသည်။ ခရစ် ယာန်လေးဦးတို့သည် နှလုံးသားအပြစ်များကို သိမြင်ပြီး ဝန်ခံလာကြသောအခါ ”နိူးထမှုကို တွေ့ထိ” လာကြခြင်းပင်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်တော်မူပြီး ပျောက် ဆုံးသောသူ ၁၃ ဦးကို ပြောင်းလဲစေပါသည်။ ခရစ်ယာန် လေးဦးသည် နိူးထမှုဖြစ် လာသည့်အချိန်တွင် လူ ၁၃ ဦးသည် ပြောင်းလဲလာလျှင်၊ မစ္စ………….ကဲ့သို့ပင် သင်တို့တွင် ၁၅ သို့မဟုတ် ၂၀ သော သင်တို့သည် နှလုံးသားအပြစ်ကိုဝန်ချတောင်းပန်လျှင် အသင်းတော်၌ မည်သို့ဖြစ်သည်ကို စဉ်းစားဆင်ခြင်ပါ။ သင်၏အပြစ်ကို ယနေ့ညတွင် ဝန်ခံပါ မည်လား။ သို့မဟုတ် ဝမ်းမြောက်ခြင်းမရှိဘဲ အိမ်ပြန်မည်လော။ ဝန်ခံခြင်းမရှိဘဲ အိမ်ပြန်မည် လော။ မျက်ရည်မကျဘဲ အိမ်ပြန်မည်လော။ နိူးထမှုရှိသောနှလုံးသားမပါဘဲ ပြန်မည်လော။ အေးတိအေးစက်နှင့်တစ်ဝက်သေနေမည်လော။

မစ္စတာ Kyu Dong Lee က “ငါသည် “၃၉” ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ ငယ်ချင်းနှင့်အခြားသူများက အသင်းတော်ကို ကြီးမားသည့် ကွဲပြားမှုဖြင့် ထားရစ်ခဲ့ကြသည့် အချိန်တွင် အသင်းတော်၌ နေနေခဲ့သည်။ ကျွန်ုပ်သည် ကယ်တင်ခြင်းရရှိသည်။ ဒေါက်တာ Hymers က နောက်ပြန်လဲခြင်းအကြောင်းကို ပြောသောအခါ “နောက်ထပ်ဘာလုပ်ရမည်ကို” စဉ်းစားမိသည်။ ဒေါက်တာ Hymers က ကျွန်ု္ပ်နောက်ပြန်လဲကြောင်းဆိုသောအခါ “ကျွန်ုပ် ဘာကို ပိုမိုလုပ်ဆောင်သင့်သနည်း” ဟု စဉ်းစားမိသည်။ ငါသည် ပြောင်းလဲပြီးသားဖြစ်သည်။ ငါဘာကို ပိုမိုလုပ်ဆောင်သင့်သနည်း။ ကျွန်ုပ်က ယေရှုအား ဦးစွာချစ်ရမည်ကို မေ့လျက်နေပါ သည်။ ဒေါက်တာ Hymers က ဗျာဒိတ် ၂း ၄ နှင့် ၅ ကို ကိုးကားပြီး “သင်သည် ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။ ထို့ကြောင့် သင်သည် မရွေ့လျော့မှီ အ ရင်နေရာအရပ်ကို အောက်မေ့လော့။ ရှေးဦးစွာသောအကျင့်ကို ကျင့်လော့။ သို့မဟုတ် သင်ရှိ ရာသို့ ငါသည် အလျှင်အမြန်လာမည်။ နောင်တမရလျှင်။ သင်၏မီးခွက်ကို နေရာမှရွေ့မည်” (ဗျာ ၂း ၄၊ ၅ ) ဟု ကိုးကားပြောဆိုသည်။ ကျွန်ုပ်သည် ကယ်တင်ခြင်းရရှိသည့်အချိန်က ကျွန်ုပ်နှင့်မတူညီသောအကြောင်းကို သတိပြုမိလာသည်။ “ကျွန်ုပ်ဖြစ်သည်အတိုင်းဖြစ်သည်” ”အံ့ဘွယ်မေတ္တာ” ဟူသောသီချင်းကို သီဆိုကြသောအခါ မျက်ရည်များစီးကျလာသည်။ ယခု တွင် ကျွန်ုပ်သည် မေတ္တာ သို့မဟုတ် ပျော်ရွှင်မှုမရှိဘဲ သီချင်းကိုလည်း ဆိုရုံသက်သက်သာ သီဆိုထားပါသည်။ ယခုတွင် ကျွန်ုပ်ဆုတောင်းသံများကျယ်လာသည်။ သို့ရာတွင် စကားလုံး သက်သက်၊ ကောင်းသောစကားလုံးများသာဖြစ်ပါသည်။ ဘာမျှအရသာမရှိသော စကားလုံး များသာဖြစ်ပါသည်။ ကျွန်ုပ်သည် အစီအစဉ်တကျ လျှောက်လှဲချက်ဖြင့်သာ ဆုတောင်းသည်။ သို့သော် ဘုရားသခင်ထံကလာသော အဖြေကို မျှော်လင့်မထားဘဲနှင့်ဆုတောင်းသည်။ ကျွန်ုပ်၏ကျယ်လောင်စွာဆုတောင်းချက်မှာ စကားလုံးသက်သက်သာဖြစ်ပါသည်။ ဘာမျှမရှိ သော ဆုတောင်းချက်များသာဖြစ်ပါသည်။ ကျွန်ုပ်ပြုသမျှသောအပြစ်ကိုဝန်ခံရ၊ စိတ်နှလုံးသား ၏အပြစ်များကို ဝန်ခံရန် လိုအပ်သည်ကို ကျွန်ုပ်သိရှိခဲ့သည်။ ကျမ်းပိုဒ်ကို ကျွန်ုပ်မှတ်မိနေပါ သေးသည်။

“ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ ၏။” ( ၁ယောဟန် ၁း ၉ ) )

ဆာလံဆရာကြီးက “ကယ်တင်ခြင်းနှင့်ဆိုင်သောဝမ်းမြောက်ခြင်းကို ပြန်၍ပေးသနားတော်မူ ပါ”(ဆာလံ ၅၁း ၁၇ ) ဟု ဆုတောင်းသည်ကို မှတ်မိသေးသည်။ “ဘုရားသခင်နှစ်သက်တော် မူသောယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေ မွသောစိတ်နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ” (ဆာလံ ၅၁း ၁၇ ) ဟုမိန့်တော်မူချက်ကို လည်း အောက်မေ့လျက်ရှိကြပါ၏။

မစ္စတာ Lee သည် ကျွန်ုပ်တို့အသင်းတော် ဒေဝါလီခံရစဉ် ကယ်တင်သောသူ “၃၉” ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ သူသည် အလွန်ပင် သစ္စာရှိသော သင်းထောက်တစ် ဦးဖြစ်ပါသ်။ သူသည် ကျွန်ုပ်တရားဟောသည့်အခါ ပလက်ဖောင်းပေါ်တွင် ထိုင်လျက်ရှိပါ သည်။ သူသည် ကျွန်ုပ်တို့၏လူတွေအတွက် ပုံသက်သေကောင်းဖြစ်ပါသည်။ သူက “ကျွန်ုပ် ထပ် ဘာလုပ်ရအုံးမလဲ” လို့ပြောပါတယ်။ ထို့နောက် ဘုရားသခင်က သူ့စိတ်နှလုံး၏အပြစ် များကို ဝန်ခံရန်လိုအပ်ကြောင်း ပြသခဲ့သည်။ သူသည် ရှေ့သို့လာ၍ သူ၏အပြစ်ကို ဝန်ခံခဲ့ သည်။ သူသည် မျက်နှာနီရဲသည်အထိ ငိုကြွေးမြည်တမ်းသည်။ ဘုရားသခင်က သူ၏အပြစ် များကို ခွင့်လွှတ်ပြီး သူ့စိတ်နှလုံးသားထဲတွင် ငြိမ်သက်ခြင်းကို ပေးထားသည်။ ယခုတွင် သူ သည် မျက်ရည်စက်များဖြင့် ပျောက်ဆုံးသောပျော်ရွှင်မှုအတွက် ဆုတောင်းသည်။ သူက “ကျွန်ုပ်တို့မှာ ဆုတောင်းခြင်းလည်းမရှိဘူး။ ကျွန်ုပ်တို့မှာ မိဿဟာရတွင် လက်ဆွဲနှုတ်ဆက် ကြသောအခါ ဖယောင်းကဲ့သို့သောအပြုံး၊ မှားယွင်း သောအပြုံးသာရှိကြသည်။ စစ်မှန်သော မေတ္တာမရှိ။ မှားယွင်းသောအပြုံးများသာပေးသည်” ဟု ဆိုပါသည်။

မစ္စလီသည် အသင်းတော်တွင် ခေါင်းဆောင်တစ်ယောက်ဖြစ်ပါသည်။ သင်၏ပထမ မေတ္တာကို ဆုံးရှုံးလျှင် အသင်းတော်ကို မည်သို့ဦးဆောင်နိူင်မည်နည်း။ သင်၏လူငယ်များကို သင်ပိုင်ဆိုင်သော ဘာမျှမရှိသည့်ဘာသာရေးအတိုင်း ဦးဆောင်နိူင်ပါသည်။ ကျွန်ုပ်တို့အသင်း တော်တိုင်းတွင်ရှိသော ခေါင်းဆောင်တိုင်းသည် ၎င်းတို့၏အပြစ်များကို ဝန်ခံသင့်ပါသည်။ သို့ မဟုတ်လျှင် အသင်းတော်အတွက် မျှော်လင့်ချက်ဟူသည် မရှိပါ။ ကျွန်ုပ်က “ကျွန်ုပ်ထံအ လယ်လာသောသူများက ကျွန်ုပ်တို့အသင်းတော်သည် ကြီးမားသည်ဟု ထင်ကြသည်။ စစ်မှန် သောမေတ္တာမရှိဘဲ မှားယွင်းသောဘာသာရေးတစ်ခုသာဖြစ်သည်ကို သူတို့သည် သတိမပြုမိ ကြပေ။ ကျွန်ုပ်တို့ရဲ့ခေါင်းဆောင်များသည်နှင့်အသင်းသားများက ဘုရားသခင်၏လိုအပ်မှုကို လည်းကောင်း၊ မျက်ရည်မျက်ခွက်နှင့်အပြစ်ဝန်ချတောင်းပန်ခြင်းမရှိလျှင်လည်းကောင်း၊ စိတ် နှလုံးသားများကိုကျန်းမာစေပြီး အသွေးသွန်းလောင်းသောယေရှုအသွေးအားဖြင့် ကျန်းမာစေ ပြီး ပထမဆုံးကယ်တင်ခြင်းခံရသောအခါ အသုံးပြုသော မေတ္တာမျိုးကိုမပေးလျှင် ကျွန်ုပ်တို့ အသင်းတော်သည်လည်း သေနေသော ဧဝံဂေလိအသင်းတော်ဖြစ်လာပေမည်။ ယေရှုက “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့ သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” (ယောဟန် ၁၃း ၃၅ ) ဟု မိန့်ဆိုထားပါ သည်။ ညီအစ်ကို၊ အစ်မတို့ရေ ကျွန်ုပ်တို့သည် အသက်ကြီးသူ၊ လူငယ် စသဖြင့် အယောက် တိုင်းတို့သည် ငါတို့အပြစ်ကို ဝန်ချတောင်းပန်၍ နောင်တမရလျှင် အသင်းတော်၌ စစ်မှန် သောမေတ္တာရှိလာမည်မဟုတ်ပါ။

ယနေ့ညတွင် သင်သည် ငါ၏ဟောပြောချက်ကိုကြား၍ အပြစ်ကိုနောင်တရရန် ဆု တောင်းပါသည်။ အားလုံးမတ်တပ်ရပ်ပြီး “စစ်ကြောတော်မူပါ၊ ဘုရား” တေးသီချင်းကို သီဆို ကြပါစို့။

“အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍၊
အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။
စုံစမ်း၌ စိတ်အထင်များကိုလည်း၊
သိမှတ်တော်မူပါ။
ဆိုးသောလမ်းသို့ အကျွန်ုပ်သည် ၊
မလိုက်သည်ကိုကြည့်ရှု၍။
ထာဝရလမ်းထဲသွေးဆောင်တော်မူပါ။”
   ( ဆာလံ ၁၃၉း ၂၃၊ ၂၄ ) )

ယခုတွင် “ရူပါရုံနှင့်ပြည့်စေပါ၊ အပြစ်နှင့်ပြည့်နေကျွန်ုပ်ကို” သီဆိုကြပါစို့။

ရူပါရုံနှင့်ပြည့်စေပါ၊ အပြစ်နှင့်ပြည့်နေကျွန်ုပ်ကို
အလင်းတော်သည် ကျွန်ုပ်၌လင်းစေမူပါ။
မင်္ဂလာနှင့်ပြည့်စုံသော သင့်မျက်နှာကိုဖူးတွေ့လို၏
မဆုံးနိူင်သောကျေးဇူးဖြင့် ကျွန်ုပ်ဝိညာဉ်အား ကျွေးမွေးပါ၊
ကျွန်ုပ်ရူပါရုံကိုပြည့်စေပါ၊ ကယ်တင်ရှင်ဘုရား၊
ကိုယ်တော့်ဘုန်းတော် ကျွန်ုပ်ဝိညာဉ်ထဲ အလင်းဖြာသည့်တိုင်အောင်။
ကျွန်ုပ်ရူပါရုံကိုပြည့်စေပါ၊ အရာအားလုံးမြင်နိူင်ဖို့ရန်၊
သန့်ရှင်းဝိညာဉ် အထဲ၌ ဖြာလင်းလက်ပါ။
(“ရူပါရုံနှင့်ပြည့်စေပါ” ၊ Avis Burgeson Christiansen, ၁၈၉၅- ၁၉၈၅ )

စင်မြင့်ပေါ်သို့လာ၍ သင့်အပြစ်ကိုဝန်ချတောင်းပန်ရန် ဝန်မလေးပါနှင့်။ လာရောက်ဖို့ ကြောက်ရွံ့သောစိတ်မရှိပါနှင့်။ အမှန်တကယ်လုပ်ဆောင်ပါ။ ကျွန်ုပ်တို့အသင်းတော်သည် တ ဖန်အသက်ရှင်သန်လာမည်ဖြစ်သည်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိုင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိုင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိုင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိုင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိုင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ကိုယ်တော့်အမှုတော်ကိုစစ်ကြောမူပါ"၊ (Albert Midlane ၁၈၂၅-၁၉၀၉) ရေးစပ်သည်။ )