Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဆုတောင်းခြင်းတွင်ရှိသောအစီအစဉ်နှင့်လျှောက်လှဲချက်- အပိုင်း ၁

ORDER AND ARGUMENT IN PRAYER – PART I
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
စက်တင်ဘာလ ( ၂ ) ရက်နေ့ သောကြာနေ့ညနေပိုင်းတွင် ဟောကြားသော
Mr. John Samuel Cagan
၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Friday Evening, September 2, 2016

“ဘုရားသခင်ကိုတွေ့နိူင်သည့်အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ ရှေ့တော်သို့ ရောက်မှငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအ ကျိုးအကြောင်းကို လျှောက်ထားရမည်။” ( (ယောဘ ၂၃း ၃- ၄ ) )


အောက်ဖော်ပြပါအချက်များသည် C. H. Spurgeon ဟောကြားသည့် “ဆုတောင်း ခြင်းတွင်ရှိသော အစီအစဉ်နှင့် လျှောက်လှဲချက်” ဟူသော တရားဒေသနာတွင် အခြေခံထားပါ သည်။ စပါဂျွန်၏အတွေးအခေါ်သည် ရိုးစင်းသောအင်္ဂလိပ်စကားက အဆုံးသတ်ထားပါသည်။ ဆက်လက်၍ ဒေါက်တာ Hymers နှင့် ဒေါက်တာ Cagan တို့၏အကူအညီဖြင့် အချို့သောအ တွေးအခေါ်နှင့်ကျမ်းပိုဒ်များကို ဆက်လက်ပေါင်းလိုက်သည်။

ဖတ်ရှုရုံသက်သက်သာဖြစ်သောကျမ်းပိုဒ်တွင် ယောဘသည် ဘုရားသခင်အားရှာဖွေ ပြီး သူ့ထံသို့ ဆုတောင်းလိုသည်။ သာမန်ပုံစံမျိုးဖြင့် ဘုရားသခင်အား စကားမပြောလိုပါ။ ယောဘ၏အာရုံတွင် အလေးအနက်ထားသောအရာများရှိသည်။ ဤသို့ဆုတောင်းလိုပေမည်။ “ရှေ့တော်သို့ရောက်မှငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းကို လျှောက်ထားရမည်။” (ယောဘ ၂၃း ၄ ) စစ်မှန်သောဆုတောင်းခြင်းအကြောင်း၊ အလေးအ နက်ထားသောဆုတောင်းခြင်းအကြောင်းနှင့်ပါတ်သက်ပြီး ဤကျမ်းပိုဒ်ထဲမှ သင်ယူရရှိသော သင်ခန်းစာနှစ်ခုရှိပါသည်။

၁။ ပထမအချက်၊ အလေးထားသောဆုတောင်းချက်ကို အစီအစဉ်ချမှတ်သည်။ စုစည်းသည်။

ယောဘကလည်း “ရှေ့တော်သို့ရောက်မှငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာ သောအကျိုးအကြောင်းကို လျှောက်ထားရမည်” ဟုဆိုသည်။ (ယောဘ ၂၃း ၄ )

သင်ဆုတောင်းရမယ့်အရာအကြောင်းကို စဉ်းစားထားပါ။ သင်အမှန်တကယ်လိုအပ် သောအရာအကြောင်းကို စဉ်းစားပါ။ ထိုအရာအပေါ်မှာဘဲ အာရုံစိုက်ထားပါ။ သင့်အတွက် အ ရေးကြီးသောအရာပင်ဖြစ်ပါသည်။ လူတစ်ဦးက John R. Rice ၏ ဆုတောင်းချက်ပေးလိုက် လျှင် ထိုအရာအတွက်ဆုတောင်းရန် လုံးဝသဘောတူခြင်းမရှိပါ။ သူသည် ဆုတောင်းရန် ဝန် သာရှိသောသူများကိုပေးရန် ဘုရားသခင်အား ဆုတောင်းမည်ဖြစ်သည်။ သို့မဟုတ်လျှင် သူ သည် ထိုဆုတောင်းချက်ကို အမှန်တကယ်လိုအပ်မည်မဟုတ်ဘဲ သူ၏ဆုတောင်းချက်သည် လည်း အစစ်အမှန် ဖြစ်ချင်မှဖြစ်နိူင်ပါသည်။ သင်သည် အဘယ်အရာကို အမှန်တကယ်လို အပ်ပါသနည်း။ အဘယ့်ကြောင့် လိုအပ်သည်ကို ခြုံငုံထားပါ။ အဘယ့်ကြောင့် ဖြစ်မလာသည် ကိုလည်း နားလည်ဖို့ကြိုးစားအားထုတ်ပါ။ သင့်ဆုတောင်းချက်၏အပြင်ဘက်သို့ အဘယ့် ကြောင့်ရောက်နေသည်ကို ဆင်ခြင်ပါ။ ထိုအရာအတွက် ဝန်သာစိတ်မရှိခဲ့လျှင် သနားသော စိတ်ရှိဖို့ရန် ဘုရားသခင်အား တောင်းလျှောက်ပါ။ သိမ်မွေ့သောဆုတောင်းချက်သည် စုစည်း ထားရန် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ သိမ်မွေ့သောဆုတောင်းချက်သည် စိတ်နှလုံးထက်ဝတ် သာပါလျက် တောင်းသော ဆုတောင်းချက်ပင်ဖြစ်ပါသည်။ သင်သည် စိတ်နှလုံးထက်ဝတ်ခန့် ဖြင့်သာ ချဉ်းကပ်နေမည်ဆိုလျှင် သင်သည် ကောင်းစွာ ပြင်ဆင်မှုကိုပြုသည်ဟု မဆိုလိုပါ။ ဆုမတောင်းမှီ ပြင်ဆင်ထားပါ။ အထူးသဖြင့် အိမ်၌ဖြစ်စေ၊ သို့မဟုတ် အသင်းတော်၌ဖြစ်စေ ဆုတောင်းဦးဆောင်တော့မည်ဆိုလျှင် ရုတ်ချည်းကြံစည် လုပ်ဆောင်သည့်အရာပေါ်တွင် အ မှီမပြုပါနှင့်။ သင့်စိတ်နှလုံးသည် လက်ထဲတွင်ရှိသောအလုပ်အပေါ်တွင် ရှိနေရပါမည်။ သင်၏ ဦးတည်ချက်သည် သင့်အခြေအနေပေါ်တွင် မူတည်နေရမည်။ သင်သည် တစုံတခုကို လိုလားပေမည်။ အမှန်တကယ် လိုအပ်ပေမည်။ သို့ရာတွင် လက်ဝယ်ပိုင်ဆိုင်နိူင်ခြင်းမရှိပါ။ ၎င်းသည် တန်ခိုး၏အပြင်ဘက်သို့ရောက်နေသည်။ သင်ထိန်းချုပ်မရနိူင်အောင် ဖြစ်နေပါ သည်။ သင်သည် ယေရှုနာမအားဖြင့် စကြာဝဠာကိုဖန်ဆင်းသော ဘုရားသခင်ကို ချဉ်းကပ်ရန် ဖြစ်လာပေမည်။ ဘုရားသခင်ကို နားလည်ရန်လည်း ကြိုးစားအားထုတ်လာပေမည်။ သင့်လို အပ်ချက်နှင့်အညီ ဘုရားသခင်ထောက်ပံ့ပေးသည်ကို ဘုရားသခင်အား သိစေရန်ဖြစ်သည်။ ထိုအရာမှာ အလွန်ပင်အရေးပါသော အခွင့်အရေးပင်ဖြစ်ပါသည်။ အလေးထား ဂရုတစိုက်မ ဟုတ်လျှင် ချဉ်းကပ်ရန် မဟုတ်သောအရာပင်ဖြစ်ပါသည်။ သင်၏ဆုတောင်းချက်များကို ပြောပါ။

သင်၏ဆုတောင်းချက်ကို ဖွဲ့စည်းပါ။ လူအချို့တို့က ဆုတောင်းခြင်းဆိုသည်မှာ တောင်းလျှောက်သောအရာကို ထပ်ခါထပ်ခါ တောင်းလျှောက်ခြင်းဖြစ်သည်ဟုဆိုကြပါသည်။ အချို့တို့က ဆုတောင်းခြင်းဟူသည်မှာ ဆုတောင်းသည့်အခါတိုင်း တူညီသောအရာကို ပြော ဆိုနေခြင်းဖြစ်သည်ဟု ထင်ကြပါသည်။ လူတစ်ယောက်သည် တူညီသောအရာအတွက် အမြဲ တမ်းဆုတောင်းနေလျှင် သူဆုတောင်းသောအရာအပေါ်တွင် ဆင်ခြင်မှုမရှိသောကြောင့်ဖြစ်ပါ သည်။ ဘုရားသခင်အားတောင်းလျှောက်ခြင်းတွင် အချိန်အနည်းငယ်ကြာမျှ မိမိကိုယ်ကို မရင်းနှီးနိူင်ခြင်းပင်ဖြစ်ပါသည်။ အချို့တို့က ဆုတောင်းခြင်းကို ဘာသာရေးစကားဖြင့် ပြောဆို နေသည်ဟု ဆိုကြပါသည်။ သို့သော် စကားလုံးရွေးချယ်မှုက ရိုးသားသောလျှောက်လှဲချက် တစ်ခုနေရာကို ရယူခြင်းမဟုတ်ပါ။ သင့်ထံတွင် ငွေအချို့ချေးယူလျှင် ကျွန်ုပ်၏လျှောက်လှဲ ချက်များကိုတင်ပြရန် စကားလုံးတစ်ခုတည်းတွင် မှီခိုထားခြင်းပြုမည်မဟုတ်ပါ။ ကျွန်ုပ်စကား လုံးများကို အပြောင်းအလဲလုပ်လျှင် သင်နားလည်မည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်ပြောဆိုနေ သောအရာ၏အကြောင်းအရာသည် အဓိပါယ်ရှိမည်မဟုတ်ပါ။ ဘာသာတရားနှင့်ဆိုင်သော စကားလုံးသည် ပေါင်းစည်းသောအတွေးအခေါ်များကို နေရာယူအစားထိုးမည်မဟုတ်ပါ။

အချို့သောသူများက ဆုတောင်းခြင်းကို ဘုရားသခင်အား အော်ဟစ်ခြင်းဟု သတ် မှတ်ခဲ့ကြပါသည်။ သို့ရာတွင် သူ၏အသံသည် လျှောက်လွှဲချက်တစ်ခုအတွက် အစားထိုးခြင်း တော့မဟုတ်ပါ။ တစ်ခုမှတစ်ခုသို့ သွေးရူးသွေးတန်းဖြစ်လျက် သွားမည်မဟုတ်ပါ။ တောင်း ဆိုမှုတစ်ခုသည် အရေးကြီးသော်လည်း ပထမတောင်းဆိုချက်သည် ပြီးမြောက်ခြင်းမရှိ သေး ဘဲ အခြားတစ်ခုသို့ ပြောင်းသွားမည်ဟု မဆိုလိုပါ။ အချို့သောသူများက ယေဘုယျစကား လုံးများ ဖြစ်ကြသော “အဖဘုရား၊ အသင်းတော်ကို ကောင်းကြီးပေးပါ။ ပျောက်ဆုံးသူများကို ကယ်တင်တော်မူပါ။ ကျွန်ုပ်နှင့်မိသားစုကို ကောင်းကြီးပေးပါ” ဟုဆုတောင်းကြသည်။ သို့ သော် ထိုအရာက အတွေးများစွာကို တွေးစေသည်။ ၎င်းမှာ ရိုးသားမှုလိုအပ်သည်ကို သက် သေပြပါ သည်။ ၎င်းသည် အတည်တကျရှိပြီး အစီအစဉ်ကျသောဆုတောင်းချက်မဟုတ်ပါ။

သင်သည် တရားစီရင်ပိုင်ခွင့်ရထားလျှင် အဘယ်အရာကိုပြောမည်ဟု ထင်ပါသနည်း။ အဘယ်အရာတောင်းမည်ကို ဂရုတစိုက်စဉ်းစားဆင်ခြင်ရပါမည်။ သင်လိုချင်သောအရာကို ပေးဖို့ရန် တရားသူကြီးအား သင်သိနားလည်စေမည့်အကြောင်းအရာကို သင်စဉ်းစားနေပေ မည်။ ထိုပြောင်းလဲခြင်းအတွက် သင်၏ပါဝင်မှုနှင့်ပြင်ဆင်မှုသည် တောင်းဆိုမှု၏လေးနက်ခြင်း ဆီသို့တစစီတိုးတက်လေသည်ကို ကျွန်ုပ်ငြင်းခုံလာရပေမည်။ သင်သည် အလုပ်ထဲတွင် သူငှေးအား တစ်စုံတစ်ခုကိုမေးမြန်းလျှင် အဘယ်အရာပြောဆိုမည်ကို စဉ်းစားဆင်ခြင်းမိပေ လိမ့်မည်။ အဘယ်သို့ပြောရမည်ကိုလည်း စဉ်းစားမိလိမ့်မည်။ ဆုတောင်းလျက် ထိုသို့လုပ် ဆောင်ပါ။ တိမ်ပါးသောအတွေးအခေါ်မျိုးဖြင့် ဘုရားသခင်ကို မချဉ်းကပ်ပါနှင့်။ မပြည့်စုံသော အတွေးအခေါ်မျိုးဖြင့် ဘုရားသခင်ကို မချဉ်းကပ်ပါနှင့်။ မိမိကိုယ်ကို အသုံးချပါ။

အခြေအနေက တမူထူးခြားပြောင်းလဲလာသည်ကို သတိပြုပါ။ အခြေအနေက သင့်ကိုသာအကျိုးသက်ရောက်စေသည်မဟုတ်ဘဲ သင့်ပတ်ဝန်းကျင်ရှိလူများကိုလည်း သက် ရောက်စေပါသည်။ အခြေအနေသည် ဘုရားသခင်၏ဘုန်းတော်ကို အဘယ်သို့သက်ရောက် စေပါသနည်း။ အခြေအနေသည် ဘုရားသခင်၏အမှုတော်ကို အဘယ်သို့အကျိုးသက်ရောက် စေပါသနည်း။ နိူင်ငံတော်ကျယ်ပြန်ဖို့ အဘယ်မျှလောက် အကျိုးသက်ရောက်စေပါသနည်း။ တောင်းဆိုချက်ကို မရရှိခြင်း၏ အကျိုးသက်ရောက်မှုကား အဘယ်သို့ဖြစ်လာစေမည်နည်း။ သင်၏တောင်းဆိုချက်ကို ဘုရားသခင်က လက်ခံပေးလိုက်လျှင် အဘယ်သို့ဖြစ်လာပါမည် နည်း။ အခြေအနေတိုင်းတွင် မတူညီသောဘက်ပေါင်းစုံရှိသည်။ တောင်းဆိုမှု သို့မဟုတ် အဖြစ်အပျက်တစ်ခုချင်းစီတိုင်းသည် သင်၏အတွေ့အကြုံဖြင့် အစပြုသည် သို့မဟုတ် အဆုံး သတ်ပါသည်။ ဤတောင်းဆိုချက်သည် အလွန်ပင် အရေးကြီးလှပါသည်။ သင့်မိသားစု သို့မ ဟုတ် အသင်းတော်၊ သင့်မိတ်ဆွေများအတွက် သို့မဟုတ် ဘုရားသခင်အတွက် အလွန်ပင် အရေးပါလှပါသည်။ ဘုရားသခင်က အမြဲနားထောင်နေသည်ကို သတိရအောက်မေ့ပါ။ ဘုရား သခင်သည် သာ၍မြင့်ပြီး လူသူငှေး သို့မဟုတ် တရားသူကြီးထက် ကြီးမားသည်ကို အောက် မေ့သတိရပါ။

ဆုတောင်းခြင်းတွင် မည်သို့သော စိတ်နေသဘောထားများရှိသင့်ပါသနည်း။ ကျွန်ုပ် တို့သည် “မြေမှုန့်နှင့်ပြာ”(ကမ္ဘာဦး ၁၈း ၂၇) မှတပါး အဘယ်သို့မျှ အသုံးဝင်ခြင်းမရှိသည်ကို သတိပြုပါ။ ဘုရားသခင်ထံမှ တစုံတခုကို တောင်းခံရန်အတွက် ကျွန်ုပ်တို့တွင် အခွင့်အရေးမ ရှိပါ။ သို့သော် ယေရှုခရစ်အားဖြင့် “ကျေးဇူးတော်ပလ္လင်ဆီသို့ရဲရင့်စွာဖြင့်” လာနိူင်ပါသည်။ (ဟေဗြဲ ၄း ၁၆ ) ယေရှုခရစ်အထဲ၌ နှင့်ယေရှုခရစ်အားဖြင့် ခမည်းတော်ထံသို့ တိုက်ရိုက် ရောက်ရှိလာနိူင်ပါသည်။ ယေရှုခရစ်၏နာမတော်၌ ဆုတောင်းပဌနာပြုလျှင် ဘုရားသခင် သည် မိမိသားကိုနားညောင်းတော်မူသကဲ့သို့ သင့်အား နားညောင်းတော်မူမည်။ ခရစ်တော်ကို ယုံကြည်ကိုးစားလျှင် သင်သည် ထိုသူအားဖြင့် ဘုရားသခင်၏သား သို့မဟုတ် သမီးဖြစ်ရ သောအခွင့်ကို ရရှိမည်။ ၎င်းသည် သေးငယ်သောအတွေးအခေါ်မဟုတ်ပါ။ သင်သည် ယေရှု ခရစ်ကြောင့် ချစ်ရသောသူဖြစ်သည်။ လက်ခံခြင်းကို ခံရပါသည်။ ဘုရားသခင်သည် သင့်အား နားညောင်းတော်မူမည်။

သင်တောင်းလျှောက်မည့်အရာအတွက် ဆင်ခြင်းသတိရပါ။ သင်သည် အဘယ်အရာ ကို အလိုရှိသည်ကို သတိပြုပါ။ ယေရှုက “နေ့စဉ်လိုသောအစာကို ယနေ့ပေးသနားတော်မူပါ” (မဿဲ ၆း ၁၁ ) ဟု ဆုတောင်းရန် မှာထားပါသည်။ ဆုတောင်းခြင်းနှင့်ပါတ်သက်ပြီး တပည့် တော်များအား သင်ကြားပေးသောအခါ ယေရှုက “မိတ်ဆွေ၊ ပေါင်မုန့်သုံးချပ်ချေးပေးပါ” (လု ကာ ၁၁း ၅ ) ကို သာဓကပေးထားပါသည်။

သင်သည် တစ်စုံတစ်ခုအတွက် ဆုတောင်းပဌနာပြုလိုလျှင် ထိုအရာအတွက် ဆု တောင်းပါ။ အာဗြဟံသည် “သင့်ရှေ့တွင် ဏ္ဍရှမေလသည်အသက်ရှင်ပါမည်အကြောင်း” ဆုတောင်းခဲ့ပါသည်။ (ကမ္ဘာဦး ၁၇း ၁၈) စပါဂျွန်က “ဏ္ဍရှမေလ” ဆိုရာတွင် ”ဏ္ဍရှမေလ” ကို ဆိုလိုသည်ဟု ဆိုပါသည်။

သင်သည် လူတစ်ယောက်ပြောင်းလဲလာရန် ဆုတောင်းပဌနာပြုသောအခါ ထိုလူကို နာမည်ဖြင့် ဆုတောင်းပေးပါ။ ဆုတောင်းဦးဆောင်သောအခါတွင်လည်း သင့်စိတ်နှလုံးသား ထဲတွင် ဘုရားသခင်မျက်မှောက်တော်သက်ရောက်လျှင် လုံလောက်ပါပေသည်။ မပြောဘဲချန် ထားခဲ့လျှင် အဘယ်သူအတွက်ဆုတောင်းသည်ကို ဘုရားသခင်အား တိတိကျကျအကြောင်း ကြားနိူင်ပါသည်။ ဘုရားသခင်က သင့်စိတ်နှလုံး၏ငိုကြွေးမြည်တမ်းခြင်းကို ကြားသိနိူင်ပါ သည်။ သင်သည် တောင်းလျှောက်မှုတစ်ခုကိုပြုလျှင် တိတိကျကျတောင်းလျှောက်ပါ။ “ဤအ လုပ်ရဖို့ မစပါ။” “ကျွန်ုပ်၏နာမကျန်းဖြစ်ခြင်းကို ကျန်းမစေပါ။ (သို့မဟုတ် အခြားသူ၏နာမ ကျန်းဖြစ်ခြင်း”) “နာမည်နှင့်ဖုန်းနံပါတ်ရရှိစေရန် အကူအညီပေးပါ။ ယနေ့ညတွင် ဤသူတို့နှင့် တွေ့ဆုံမည်ဖြစ်သောကြောင့် သူတို့စိတ်နှလုံးသားများကို ဖွင့်ပေးတော်မူပါ။ သူတို့သည် ၎င်း တို့၏နာမည်နှင့်ဖုန်းနံပါတ်ကိုပေးကြပါ၏။”

ထိုအကြောင်းအရာများကိုတွေးတောဆင်ခြင်ခြင်းမရှိဘဲ ဆုတောင်းချက်များဖြင့်သွား လျှင် သင်သည် “အချည်းနှီးသောစကား” ဖြင့် ဆုတောင်းခြင်းဖြစ်ပါသည်။ ယေရှုက “ဆု တောင်းသောအခါ မိစ္ဆာအယူရှိသောသူများပြုသကဲ့သို့ အချည်းနှီးသောစကားကို မဆိုပါနှင့်။ အကြောင်းမူကား၊ သူတို့၏များစွာသောစကားကို ကြားသည်ဟု ထင်မှတ်ခဲ့ကြသည်” ဟုဆိုပါ သည်။ (မဿဲ ၆း ၇ ) သင်သည် ဆုတောင်းချက်များကို တွေးတောခြင်းမရှိဘဲ အချိန်မှန်မှန် ဆုတောင်းလျှင် အိမ်တွင်ဖြစ်စေ၊ သို့မဟုတ် ဘုရားကျောင်းတွင်ဖြစ်စေ ဆုတောင်းသည့် အချိန်တိုင်းတွင် သင်သည် အချည်းနှီးဆုတောင်းနေပါသည်။ သင်သည် ကစ်သိုလစ်များ သို့မ ဟုတ် ဗုဒ္ဒဘာသာဝင်များဆုတောင်းသကဲ့သို့ မပီပြင်မှုန်ဝါးဆုတောင်းထားသည်။

သင်သည် အသင်းတော်ဆုတောင်းသည့်အချိန်တိုင်းတွင် ထိုသို့သောဆုတောင်းချက် ကိုသာလုပ်ဆောင်နေပါလျှင် အဖြေရရန် မျှော်လင့်မထားပါနှင့်။ သင်သည် အဘယ်အရာကို ဆုတောင်းသင့်ကြောင်း ဆင်ခြင်စဉ်းစားထားပါ။ သင်သည် ဘုရားသခင်အား တိကျသေချာ သောအရာကို တောင်းလျှောက်နေခြင်းဖြစ်ပါသည်။ ထို့နောက် ဘုရားသခင်အား စကားပြော ပြီး သင်လိုအပ်သောအရာကို တောင်းလျှောက်ပါ။

၂။ ဒုတိယအချက်၊ အလေးထားသောဆုတောင်းခြင်းသည် လျှောက်လှဲခြင်းကို အသုံးပြုသည်၊ အကျိုးကြောင်းကို အသုံးပြုထားသည်။

ယောဘက “ငါသည် ကိုယ်အမှုကိုပြင်ဆင်၍….. များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏” (ယောဘ ၂၃း ၄ ) ဟု မိန့်မူသည်။ “ဘုရားသခင်အား တောင်းလျှောက်ရ မည့်အရာနှင့်ပါတ်သက်ပြီး အဘယ့်ကြောင့် ဘုရားသခင်ပေးထားသည့်အကျိုးအကြောင်း သည် ကျွန်ုပ်နှုတ်ဖြင့် ပြည့်လျှံလျက်ရှိပါသည်။” အဘယ်သို့သောလျှောက်လွှဲထားချက်၊ အ ကြောင်းတရားများကို လက်တွေ့အသုံးပြုနိူင်ပါသည်။

ပထမဆုံးအနေဖြင့် ဘုရားသခင်၏ဂုဏ်အင်္ဂါကိုပြောသည်။ ဘုရားသခင်သည် အဘယ်သို့တူညီသည်ဟုသောအကြောင်းတရားကြောင့်ဖြစ်ကြောင်း ဆိုထားပါသည်။ အာဗြ ဟံသည် ဘုရားသခင်ထံသို့ သောဒုံမြို့ကို မဖျက်ဆီးမည်အကြောင်း ဆုတောင်းပေးသည်။ သူ က ဤသို့ဆိုထားသည်။

“ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သော သူတို့ကို၊ မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော့။ ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူ မည်လော။ ဖြောင့်မတ်သောသူငါးဆယ်ပါသောမြို့ကို သူတို့အ တွက် မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။ ထိုသို့ပြု၍ ဖြောင့် မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွကွက်မျက်ခြင်းအ မှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ ကို မတရားသောသူတို့ကဲ့သို့ ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ မြေကြီးလုံးကို စီရင်တော်မူသောသခင်သည် တရားသဖြင့် ပြုတော်မူမည်မဟုတ်လောဟု လျှော်က်ဆို၏။” ( ကမ္ဘာဦး ၁၈း ၂၃- ၂၅ ) )

အာဗြဟံသည် ဘုရားသခင်၏တရားမျှတခြင်းကို တောင်းလျှောက်သည်။ သူက “ဖြောင့်မတ် သောသူ ၅၀ ရှိလျှင်၊ သူတို့၏ဆိုးသွင်းခြင်းမှ မဖျက်ဆီးဘဲ ထားမည်လော” ဟုမေးသည်။ ၎င်း သည် မျှတသောအရာဖြစ်သည်။ “မြေကြီးကို တရားစီရင်သောသူသည် မှန်ကန်သောအရာကို လုပ်ဆောင်ပါသလား။ တကယ်တော့ ဖြောင့်မတ်သောသူ ၁၀ ယောက်ရှိလျှင် ဘုရားသခင် သည် ထိုမြို့ကို မဖျက်ဆီးဘဲ ထားမည်အကြောင်း သဘောတူညီမှုရရှိသည်အထိ ဆက်လက် ဆုတောင်းတော်မူခဲ့ပါသည်။ အာဗြဟံသည် ဇွဲမလျှော့ဘဲ ဆက်လက်ဆုတောင်းသည်ကိုသတိ ရပါ။ အာဗြဟံက အမျက်ထွက်မည့်အစား အကြောင်းတရားအကြောင်းကို မေးမြန်းရန် သတ္တိ အပြည့်မွေးထားပါသည်။အာဗြဟံက အပြစ်ပုံအောချမည့်အစား သနားခြင်းကိုတောင်း လျှောက်ရန်သတ္တိအပြည့်ရှိသည်။ အာဗြဟံသည် ထိုကဲ့သို့သော လျှောက်လှဲချက်ကို တင်ပြ ရန်အတွက်ဘုရားသခင်၏ဂုဏ်အင်္ဂါတွင်စိတ်ချမှုအပြည့်ထားပါသည်။ အာဗြဟံသည် အရိုအ သေမတန်သောသူမဟုတ်ပါ။ အာဗြဟံက ဘုရားသခင်၏ဝိသေသလက္ခဏာကိုတောင်း လျှောက်နိူင်သည်အထိဘုရားသခင်အား အရိုအသေရှိသည်။ အာဗြဟံက ဘုရားသခင်သည် တရားမျှတသောသူဖြစ်သည်ကို မယုံကြည်လျှင် ထိုသို တိတ်တဆိတ်နေထိုင်ရန် မဖြစ်နိူင်ပါ။ အာဗြဟံက ဘုရားသခင်သည် တရားမျှတသောသူဖြစ်သည်ကို သိသည်။ ထို့ကြောင့် အာဗြဟံသည် ဘုရားသခင်နှင့်အငြင်းအခုံလုပ်ဆောင်သည်။

ဘုရားသခင်သည် ယနေ့လည်း ထိုအတိုင်းပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာက “ငါသည် ထာဝရဘုရားဖြစ်သည်။ ပြောင်းလဲခြင်းမရှိ” ဟုဆိုထားပါသည်။ (မာလခိ ၃း ၆ ) သမ္မာကျမ်း စာက “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသောဘုရားဖြစ်သည်” (ဟေ ဗြဲ ၁၃း ၈ ) ဟု မိန့်တော်မူသည်။ ဘုရားသခင်သည် အရင်အတိုင်းပင် ယနေ့လည်း မပြောင်းမ လဲရှိနေပါသည်။ သင်သည် ဘုရားသခင်ထံသို့ ဆုတောင်းနိူင်ပါသည်။ ဘုရားသခင်သည် ဆုတောင်းသောသူတို့အား နားညောင်းတော်မူခဲ့သကဲ့သို့ သင့်အား နားညောင်း တော်မူမည်။ တရားရုံးထုံးစံအရ၊ ရှေ့နေသည် ရှေ့ကသ လျှောက်လှဲပေးရသည်။ အရင်လျှောက်လှဲချက် ဟူသည်မှာ ထိုအခြေအနေတွင် စဉ်းစားရန် လက်ခံခြင်းဟူသော သာဓကပင်ဖြစ်ပါသည်။ သင် သည် သမ္မာကျမ်းစာကို ဖတ်ရှုလျှင် သို့မဟုတ် ဟောပြောခြင်းခံရသည်ကို ကြားရလျှင် သင် ဖတ်ရှုနေသောအရာ၊ သင်ဖတ်သောအရာပြောနေသောအသံကို သတိရပါ။ ဘုရားသခင်သည် အတိတွင် အဘယ်အရာလုပ်ဆောင်သည်ကို ဆင်ခြင်ပြီး ယနေ့လုပ်ဆောင်နိူင်သောအရာတွင် အသုံးချပါ။ သင့်အသက်တာတွင် ဘုရားသခင်လုပ်ဆောင်နိူင်သောအရာကို အာရုံစိုက်ထားပါ။ ဘုရားသခင်က အနာဂတ်တွင် အဘယ်အရာလုပ်ဆောင်နိူင်သည်ကို ကိုးကားထားသောအရာ ပင်ဖြစ်ပါသည်။ သင့်ပတ်ဝန်းကျင်တွင်ရှိကြသော လူတို့၏အသက်တာ၌ ဘုရားသခင်ပြုသမျှ သောအရာကို ဆင်ခြင်သတိရပါ။ ယေရှုက တပည့်တော်များအား သတိလျက်နေ၍ ဆု တောင်းကြရန် မိန့်တော်မူခဲ့သည်။ အဖြေပေးထားသောဆုတောင်းချက်များတွင် ဘုရားသခင် မဟာတန်ခိုးတော်တံတားအားဖြင့် မဆက်နွယ်သောအဖြစ်အပျက်များကို တူညီစေပါ။ ဘုရား သခင်၏ဂုဏ်အင်္ဂါနှင့်အဘယ်သို့ဖြစ်သည်ကို ဆင်ခြင်ပါ။ ဘုရားသခင်က အတိတ်တွင် လုပ် ဆောင်ခဲ့သောအရာကို ဆင်ခြင်ပါ။ ဘုရားသခင်သည် အဘယ်သို့သောသူဖြစ်သည်ကို လျှောက်ထားပါ။ သမ္မာကျမ်းစာထဲကသူများဆုတောင်းသကဲ့သို့ ဘုရားသခင်အား ဆုတောင်း ပါ။

ဘုရားသခင်၏တည်နေခြင်းကို လျှောက်ထားနိူင်ပါသည်။ ဧလိယသည် ဗာလပရော ဖက်များနှင့်ရင်ဆိုင်တွေ့ရသည်။ ဘုရားသခင်က ဤမှားယွင်းသော ဗာလဘုရားများကို နားမ ညောင်းပါ။ သို့သော် ဧလိယသည် သူ၏ယဇ်ပူဇော်ခြင်းကို လက်ခံရန် ဘုရားသခင်အား ဆုတောင်းတော်မူခဲ့သည်။

“အာဗြဟံ၊ ဣဇာတ်၊ ဣသရေလတို့၏ဘုရားသခင် ကိုယ်တော်သည် ဣသရေလအ မျိုးတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အ ကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအ အလုံးစုံတို့ကို ပြုကြောင်းကို၎င်း၊ ယနေ့သိကြပါစေသော။ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ထာဝရအရှင် ဘုရားသခင်ဖြစ်တော်မူ ကြောင်းကို၎င်း၊ ဤလူတို့စိတ်သဘောကို ပြောင်းလဲစေတော်မူ ကြောင်းကို၎င်း၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။” ( ၄ရာ ၁၈း ၃၆- ၃၇ ) )

ဧလိယက “ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အား ထင်ရှားတော် မူပါ” ဟု ဆုတောင်းခဲ့သည်။ ထို့အပြင် ဘုရားသခင်က ဧလိယကို အဖြေပေးထားခဲ့သည်။ဘု ရားသခင်သည် ကောင်းကင်မှမီးကိုစေလွှတ်ပြီးလျှင် ဧလိယ၏ယဇ်ပလ္လင်ကို လောင်ကျွမ်းစေ တော်မူသည်။ “ဘုရားသခင်၊ ကိုယ်တော်သည် အဘယ်မှာ ရှိသနည်း။ ဘုရားသခင်ကလည်း မိမိကိုယ်ကို ထင်ရှားတော်မူပြီး ဧလိရှဲအတွက် ယောဒန်မြစ်ကို နှစ်ပိုင်းကွဲစေခဲ့သည်။ ဘုရား သခင်က သူသည် စစ်မှန်သော ဘုရားဖြစ်ကြောင်းကို ထင်ရှားစေတော်မူပါသည်။

နှစ်ပေါင်းများစွာ ကြာလသည့်နောက်၊ ဧလိယသည် ကောင်းကင်သို့ချီဆောင်ခံရပြီး နောက်တွင် တပည့်ဧလိရှဲသည် “ဧလိယ၏ဘုရားသည် အဘယ်မှာရှိသနည်း” (၄ရာ ၂း ၁၄ ) ဟု ဆုတောင်းခဲ့သည်။

တတိယအချက်အနေဖြင့် ဘုရားသခင်၏ကတိတော်၊ သူ၏နှုတ်တော်ထွက်စကားများ အပေါ် သစ္စာရှိလိမ့်မည်။ ၂ဓမ္မရာဇဝင် အခန်းကြီး ၇ တွင် ဘုရားသခင်က ဒါဝိဒ်အား ပရောဖက်နာသန်ကို အသုံးပြုလျက် ဘုရားသခင်၏ဗိမာန်တော်ကိုတည်ဆောက်မည့်သူ၊ ယေရုရှလင်မြို့ရှိရာဇပလ္လင်တွင် ထိုင်မည့်သားပေါ်ထွန်းမည်အကြောင်း၊ ဣသရေလ လူမျိုးတို့ထာဝရတည်နေမည်အကြောင်း ကတိတော်ပေးထားခဲ့ပါသည်။ ဒါဝိဒ်က ဘုရားသခင်အား ဤသို့ဆိုပါသည်။

“အကြောင်းမူကား၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ် တော်အဘို့ ခိုင်ခံ့မြဲမြံစေ၍၊ ကိုယ်တော်ဘုရားသည် သူတို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ယခုမှာ အိုထာဝရအရှင်ဘုရား သခင်၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအ နွယ်၎င်း၊ မိန့်တော်မူသောစကားတော်ကို အစဉ်အမြဲတည် စေတော်မူပါ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစိုးရသော ဘုရားသခင်ဖြစ်တော်မူ သည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိပါ စေသော။ ကိုယ်တော်ကျွန် ဒါဝိဒ်၏အမျိုးအနွယ်သည် ရှေ့ တော်၌ တည်ပါစေသော။ အကြောင်းမူကား၊ ဣသရေလအ မျိုး၏ဘုရားသခင်၊ ကောင်းကင်ဘုံခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်၏အမျိုးအနွယ်ကို ငါတည်စေသည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ဤပဌနာကိုရှေ့တော်၌ ပြုချင်သော စိတ်ရှိပါ၏။ ယခုလျှင် အိုအရှင်ထာဝရဘုရား ကိုယ်တော် သည် ဘုရားသခင်မှန်တော်မူ၏။ စကားတော်သည်လည်း မှန်ပါ၏။ ဤကျေးဇူးကို ကိုယ်တော်ကျွန်၌ ကတိထားတော် မူပြီ။ သို့ဖြစ်၌ ကိုယ်တော်၏ကျွန်အမျိုးအနွယ်သည် ရှေ့ တော်၌အစဉ်အမြဲတည်ပါမည်အကြောင်း၊ ကောင်းကြီးပေး ခြင်းငှါ နူးညံ့သောစိတ်ရှိတော်မူပါ။ အိုအရှင်ထာဝရဘုရား၊ အမိန့်တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသော အင်္ဂလာကို၊ ကိုယ်တော်၏ကျွန်အမျိုးအနွယ်သည် အစဉ်အ မြဲခံစားရစေသောဟု ဆုတောင်းသတည်း။” ( ၂ ရာ ၇း ၂၃- ၂၉ )

ဒါဝိဒ်သည် ကတိတော်ကိုတည်စေပြီး ဤအရာများကို အမှန်တကယ်ဖြစ်လာစေ မည်အ ကြောင်း ဘုရားသခင်ထံ ဆုတောင်းပဌနာပြုခဲ့ပါသည်။ သမ္မာကျမ်းစာက “လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း” (ရောမ ၃း ၄ ) ဟု ဆိုထားပါသည်။ ခေတ်သစ်အင်္ဂလိပ်ဘာသာပြန်ဆိုထားချက်တွင် “လူတို့သည် သစ္စာပျက်ကြ သည်ဖြစ်သော်လည်း ဘုရားသခင်သည် သစ္စာရှိပါသည်” ဟု ဆိုထားပါသည်။ သမ္မာကျမ်းစာ က “သင်၏ဘုရားသခင်ထာဝရဘုရားသည် သစ္စာစောင့်သောဘုရား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်ရှောက်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင် အောင် ပဋိညာဉ်စကားတည်၍၊ ကရုဏာကိုပြသောဘုရား” (တရား ၇း ၉ ) ဟု ဆိုထားပါ သည်။ ဘုရားသခင်သည် ကတိတည်သောဘုရားဖြစ်သည်။ သင်သည် ဆုတောင်းခြင်းအား ဖြင့် သူ၏ကတိတော်များကို ဆောင်ယူလာနိူင်ပါသည်။ ထိုအကြောင်းအရာနှင့်ပါတ်သက် သောခေါင်းစဉ်ကို နောက်တစ်ပတ်တွင် ဆက်လက်ဟောကြားမည်။

အစီအစဉ်နှင့်လျှောက်လှဲချက်က ဂရုတစိုက်တွေးတောဆင်ခြင်မှုနှင့်ပြင်ဆင်ခြင်းတို့ ကို တောင်းဆိုထားပါသည်။ ဘုရားသခင်ထံက သင်အမှန်တကယ်ရရှိလိုသောအရာကို သီး ခြားရှိနေစေခြင်းအားဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားပါ။ သင်သည် ဤတောင်းဆိုချက်များအ တွက် ဘုရားသခင်အပေါ် လုံး၀ဥဿုံမှီခိုအားထားရမည်အကြောင်းကို သေချာစေရန် အလေး အနက်ထားစဉ်းစားရပါမည်။ ဤလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် ဘုရားသခင်လိုအပ် ကြောင်းကို သိရှိလာသည့်အပေါ်တွင် ထိုအရာသည် အဘယ့်ကြောင့်ဖြစ်လာသည်နှင့်ပတ် သက်၍ သင့်အတွေးအခေါ်ကို လမ်းညွှန်ထားပါ။ တောင်းဆိုမှုအဘယ့်ကြောင့် အရေးပါသ နည်း။ သင့်တောင်းဆိုချက်များ ရုတ်တရက်ပေးနိူင်ဖို့ရန် အဘယ့်ကြောင့် အရေးပါသနည်း။ အတွေးအခေါ်နှင့်သင့်အထဲတွင်ရှိသော ဝန်ထုတ်ဝန်ပိုးများကို အရေးတကြီးတည်ဆောက်ရန် ခွင့်ပြုထားပါ။ သင့်တောင်းဆိုချက်ရရှိရန် ဆန္ဒသည် ရင်းနှီးမြှုပ်နှံပြီး စည်းလုံးသောလျှောက်လှဲ ချက်တစ်ခုတည်ဆောက်ခြင်းကို ဝေဖန်သုံးသပ်ကြသည်။ ခိုင်မာသော လျှောက်လှဲချက်တစ်ခု သည် ရင်နှီးထားခြင်းမရှိသော စိတ်နှလုံးသားထဲမှ အကျိုးတစ်ခုဖြစ်ပါသည်။ များစွာသောရှု တောင့်များမှ တောင်းဆိုချက်များကို ချဉ်းကပ်ပါ။ အတွဲ သို့မဟုတ် မလိုလားအပ်သော ပြန် လည်ရွက်ဆိုထားခြင်းတို့အပေါ် မှီတည်နေမှုသော ဆုတောင်းချက်များကို ရှောင်ကျဉ်ပါ။ စဉ်း စဉ်းစားစားမလုပ်ဆောင်ဘဲ သင့်ဆုတောင်းချက်များကို ထပ်ခါထပ်ခါ မတောင်းပါနှင့်။ ယေဘု ယျမဟုတ်သောဆုတောင်းချက်များကို ရှောင်ကျဉ်ပါ။ ဆုတောင်းခြင်း၌ တိကျသေချာစေပါ။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်လုပ်ဆောင်ခဲ့သောအရာကို ရည်ညွှန်းလျက် ဆုတောင်းခြင်း ကို တည်ဆောက်ပေးပါ။ သင့်ဘဝအသက်တာတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သောအရာများ ကို ရည်ညွှန်းလျက် သင့်ဆုတောင်းချက်ကို တည်ဆောက်ပေးပါ။ စကားလုံးများကို ထပ်ခါ ထပ်ခါ ပြောဆိုခြင်းသည် ဘုရားသခင်တုန့်ပြန်မည့်ကလေးကဲ့သို့သောဘဝကို မတိုးပွါးစေပါ။ သို့ရာတွင် အစီအစဉ်ချမှတ်ထားသော၊ လျှောက်လှဲသောဆုတောင်းချက်များတွင် ဘုရားသ ခင်နှင့် စဉ်းစားဆင်ခြင်စေပါ။ ဘုရားသခင်အား မေးမြန်းပါ။ ဘုရားသခင်၏ဂုဏ်အင်္ဂါကို လျှောက်ထားပါ။ ဘုရားသခင်၏တည်နေခြင်းကို လျှောက်ထားပါ။ ဘုရားသခင်၏ကတိတော် ကို လျှောက်ထားပါ။ ဘုရားသခင်သည် ၎င်း၏ကတိတော်ကို အလေးအနက်ထားပါသည်။ သင်၏ရိုးသားပြီး အစီအစဉ်တကျဖြစ်သောဆုတောင်းလျှောက်လှဲချက်များကို ဘုရားသခင် နားညောင်းတော်မူမည်။

“ဘုရားသခင်ကိုတွေ့နိူင်သည့်အရပ်ကို ငါသိပါစေသော။ ပလ္လင်တော် ရှေ့သို့ ရောက်ပါစေသော။ ရှေ့တော်သို့ ရောက်မှငါသည် ကိုယ်အမှု ကိုပြင်ဆင်၍၊ များစွာသောအ ကျိုးအကြောင်းကို လျှောက်ထားရ မည်။” ( (ယောဘ ၂၃း ၃- ၄ ) )


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

အခှပှေုကမြွး

ဆုတောင်းခြင်းတွင်ရှိသောအစီအစဉ်နှင့်
လျှောက်လှဲချက်အကျဉ်း- အပိုင်း ၁

ORDER AND ARGUMENT IN PRAYER – PART I

Mr. John Samuel Cagan

“ဘုရားသခင်ကိုတွေ့နိူင်သည့်အရပ်ကို ငါသိပါစေသော။ ပလ္လင် တော်ရှေ့သို့ ရောက်ပါစေသော။ ရှေ့တော်သို့ ရောက်မှငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအ ကျိုးအကြောင်းကို လျှောက်ထားရမည်။” ( (ယောဘ ၂၃း ၃- ၄ ) )

၁။ ပထမအချက်။ အလေးထားသောဆုတောင်းချက်ကို အစီအစဉ်ချမှတ် သည်။ စုစည်းထားသည်။ ကမ္ဘာ ၁၈း ၂၇၊ ဟေဗြဲ ၄း ၁၆၊ မဿဲ ၆း ၁၁၊ လုကာ ၁၁း ၅၊ ကမ္ဘာဦး ၁၇း ၁၈၊ မဿဲ ၆း ၇။

၂။ ဒုတိယအချက်၊ အလေးထားသောဆုတောင်းချက်သည် လျှောက်လှဲမှု ကိုပြုသည်။ အကျိုးကြောင်းကို အသုံးပြုသည်။ ကမ္ဘာ ၁၈း ၂၃- ၂၅၊ မာလခိ ၃း ၆၊ ဟေဗြဲ ၁၃း ၈၊ ၃ ရာဇဝင် ၁၈း ၃၆- ၃၇၊ ၄ ရာဇဝင် ၂း ၁၄၊ ၂ရာဇဝင် ၇း ၂၄- ၂၉၊ ရောမ ၃း ၄၊ တရားဟော ၇း ၉။