Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဆုတောင်းခြင်းဖြင့် ရောက်လာသည့် ကောင်းသောအရာများ

GOOD THINGS COME THROUGH PRAYER
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဇွန်လ ( ၅ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, June 5, 2016

“သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသော အ ရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင် တို့အဘသည် ဆုတောင်းသောသူတို့အား၊ ကောင်းသောအ ရာကို သာ၍ ပေးတော်မူမည်မဟုတ်လော။” ( မဿဲ ၇း ၁၁))


အံ့ဩဖွယ်ကောင်းလှသော ဤကျမ်းပိုဒ်တွင် ယေရှုသည် ဆုတောင်းရန် ကျွန်ုပ်တို့ အား တိုက်တွန်းထားပါသည်။ အပိုဒ် ၇ နှင့် ၈ တို့မှာ ဂရိစကားတွင် ဖြစ်ဆဲကာလကို ရေးသား ထားပါသည်။ ဆိုလိုသည်မှာ ဆက်လက်တောင်းဖို့၊ ဆက်လက်ခေါက်ဖို့ပင်ဖြစ်ပါသည်။ သန့် ရှင်းသောဝိညာဉ်က လိုအပ်သည်ကို ထပ်ခါထပ်ခါ သင့်စိတ်နှလုံးသားထဲသို့ ပို့ဆောင်လျှင် ၎င်းမှာ ဘုရားသခင်ထံကလာသော ဝန်ထုတ်ပင်ဖြစ်လာသည်။ အဖြေသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင်ထံက မလာသ၍၊ ထပ်ခါထပ်ခါ ဆုတောင်းသည်ကို သတိရပါ။

ခဏတာအလည်အပတ်သွားရသည့် မက္ကဆီကိုမှ မိသားစုနှင့်အတူပြန်လာသောအခါ ကျွန်ုပ်တို့အသင်းတော်တွင် အလွန်ကြီးမားသည့်ပြဿနာကြီးရှစ်ခုနှင့်လုံးပန်းနေရသည်။ ဤပြ ဿနာများကိုဖြေရှင်းဖို့ နည်းလမ်းကလည်း သိပ်မရှိသည့်သဘောကိုတွေ့ရသည်။ အဘယ် သို့လုပ်ဆောင်ရမည်ကိုမသိပါဘဲ တစ်ခုချင်းစီကို ဆုတောင်းခြင်းဖြင့် ဘုရားရှေ့တော်မှောက် တွင်ချထားသည်။ ကြီးမားသည့် ပြဿနာများပင် ဖြစ်ကြပါသည်။ သို့ရာတွင် မာရ်နတ်သည် ကျွန်ုပ်စိတ်နှလုံးသားထဲတွင် သံသယများနှင့်ကြောက်ရွံ့ခြင်းများက လွှမ်းမိုးထားပါသည်။ ဘု ရားသခင်သည် ဤသို့သောအရာများကို မလုပ်ဆောင်နိူင်ဟု ကျွန်ုပ်၏ဇာတိဟောင်းက ယုံ ကြည်ထားသည်။ သို့သော် ယေရှုအား စကားပြောသောသူက “သခင် အကျွန်ုပ်ယုံကြည်ပါ၏။ မယုံကြည်နိူင်သည်ကို ကူမတော်မူပါ” (မာကု ၉း ၂၄) ဟု ဆိုသကဲ့သို့ ကျွန်ုပ်ဆက်လက်ဆု တောင်းသည်။ သင်၏ယုံကြည်ခြင်းသည် အားနည်းသောအခါ “သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏၊ မယုံကြည်နိူင်သည်ကို ကူမတော်မူပါ” ဟူသောဆုတောင်းချက်မှာ မယုံကြည်မှုကိုအနိူင်ယူရန်၊ ကျွန်ုပ်၏ယုံကြည်ခြင်းကို အားကြီးစေရန်၊ကောင်းမွန်သော ဆုတောင်းခြင်းပင်ဖြစ်ပါသည်။ထို့ နောက် ကျွန်ုပ်သည် ဤပြဿနာကြီး ရှစ်ခုအတွက် ဆုတောင်းပါသည်။

ဘုရားသခင်က ကျွန်ုပ်၏ဆုတောင်းချက်များကို တစ်ခုပြီးတစ်ခုနားညောင်းတော်မူခဲ့ သည်။ မဖြစ်နိူင်ဟုထင်ရသော ထိုပြဿနာကြီးများသည် တစ်ခုပြီးတစ်ခု ဆုတောင်းခြင်းအ ဖြေကိုရသဖြင့် အောင်မြင်မှုများရရှိသွားပါသည်။ ဆယ့်ငါးနှစ်တိုင် ကျွန်ုပ်ဆုတောင်းရသော ပြဿနာတစ်ခုသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က အဖြေရခဲ့သည်။ အလွန်အံ့ဩနိမိတ်လက္ခဏာ ပါတကား။ ကောင်းကြီးမင်္ဂလာအပေါင်းဖြာထွက်လာရာ ဘုရားသခင်ကို ချီးမွမ်းပါသည်။ ကျွန်ုပ်ပြောနေသောပြဿနာရှစ်ခုသည် တစ်ခုပြီးတစ်ခု အဆင်ပြေသွားသည်။ နောက်ဆုံးတစ် ခုမှာ ဤတရားဒေသနာကို ထိုင်မရေးခင်လေးမှာ ရရှိခြင်းဖြစ်သည်။ အလွန်ကြီးမားသည့် ပြ ဿနာကြီးများပင်ဖြစ်ပါသည်။ ကျွန်ုပ်စိတ်နှလုံးကို လပေါင်းများစွာ ဒုက္ခပေးနေသည်။ သို့သော် ဘုရားသခင်က အဖြေပေးလိုက်သည်။ အလွန်လွယ်ကူသယောင်ရှိလာသည်။ ပြဿ နာက လွှတ်ပစ်သလိုခံစားလာသည်။ မဖြစ်နိူင်ဘူးဟု ထင်မှတ်နေသည့်အရာများအပေါ်တွင် ဘုရားသခင်က အဖြေပေးတော်မူပါသည်။

ငါ့ဝိညာဉ်၊ သင့်အတွက်ပြင်ဆင်ရာအရပ်သို့လာပါ၊
   ယေရှုသည် ဆုတောင်းခြင်းအဖြေပေးလိုသည်။
သင့်ဆုတောင်းသံများကို သူကိုယ်တိုင်နားညောင်း၊
   မဖြစ်နိူင်၊ မဖြစ်နိူင်ဟု ဘယ်တော့မှ ပြောမည်မဟုတ်။
မဖြစ်နိူင်၊ မဖြစ်နိူင်ဟု ဘယ်တော့မှ ပြောမည်မဟုတ်။

သင်သည် ဘုရင်ထံသို့လာသတည်း၊
   တောင်းလျှောက်မှုများဖြင့် ဆောင်ယူလာသည်၊
ထိုသို့သော ကျေးဇူးတော်နှင့်တန်ခိုးတော်များ။
   အဘယ်သူမျှ များစွာမတောင်းလျှောက်၊
အဘယ်သူမျှ များစွာမတောင်းလျှောက်။
      (ထိုက်တန်သောနေရာပြင်ဆင်၊ လာပါ ငါ့ဝိညာဉ်” John Newton, ၁၇၂၅-၁၈၀၇)

ဘုရားသခင်က ကျွန်ုပ်ဆုတောင်းသံကိုအဖြေပေးသည်ကို သတိရသောအခါ ကျွန်ုပ်စိတ်နှလုံး က သီချင်းကျူးဧသည်။ ဆုတောင်းခြင်းအတွက် ဘုရားသခင်အားကျေးဇူးတော်ကိုချီးမွမ်း သောအခါ ကျွန်ုပ်စိတ်နှလုံးက သီချင်းဆိုပါသည်။ ဘုရားသခင်က ဆုတောင်းခြင်းအဖြေကို ပေးလိုက်သောအခါ ဘုရားသခင်က အလျှင်အမြန် ကျေးဇူးတော်ချီးမွမ်းသင့်ပါသည်။

“သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသော အရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား၊ ကောင်းသောအ ရာကိုသာ၍ ပေးတော်မူမည်မဟုတ်လော။” ( မဿဲ ၇း ၁၁))

ထိုသို့သော ကျေးဇူးတော်နှင့်တန်ခိုးတော်များ။
အဘယ်သူမျှ များစွာမတောင်းလျှောက်၊
အဘယ်သူမျှ များစွာမတောင်းလျှောက်။

ဟာလေလုယာ၊ ဟာလေလုယာ၊ ဟာလေလုယာ၊ ဘုရားသခင်ဘုန်းကြီးပါစေ၊ ဘုရားသခင် ဘုန်းကြီးပါစေ။ ကျွန်ုပ်တို့ဆုတောင်းခြင်းကို နာညောင်းပါ၏။ (ဩဘာပေးခြင်း)

ယခုနှစ်တွင် ဆုတောင်းခြင်းအကြောင်းနှင့်ပါတ်သက်ပြီး မှတ်သားဖွယ်ရာအဖြေပေး ချက်ကို တွေ့ရပါသည်။ သက်ရှစ်ဆယ်အရွယ်တွင်ပြောင်းလဲလာသော အမျိုးသမီးကြီးနှစ်ဦး ကို တွေ့ကြရသည်။ လွန်ခဲ့သောရက်အနည်းငယ်က လူငယ်ဆယ့်နှစ်ဦးပြောင်းလဲလာသည် ကိုလည်း တွေ့ကြရပါသည်။ ထို့နောက် ဒေါက်တာ Robert Wang သည် ထမြောက်ရာနေ့ နံနက်ပိုင်းတွင် ဒေါက်တာ Rasmussen က တရားဟောကြားသည့်အချိန်တွင် ပြောင်းလဲလာ သည်။ ကျေးဇူးတော်နှင့်ယှဉ်သောအံ့ဩဘွယ်နိမိတ်အစစ်အမှန်အဖြစ် Woody သည် မာရ် နတ်၏ချုပ်နှောင်ခြင်းမှ လွတ်မြောက်လာသည်။ Jesse Zacamitzin တို့လည်း လွတ်မြောက် လာသည်။ ကျွန်ုပ်က Trump ကြိုက်နှစ်သက်သည်ကို သိသောအခါ ကျွန်ုပ်ကို ဒေါသထွက် သည့်မျက်နှာဖြင့် ကြည့်ခဲ့သည်။ သို့ရာတွင် မကြာပါ။ ဒေါက်တာ Cagan သည် သူ့အား ကယ် တင်ရှင်ကို ယုံကြည်ကိုးစားရန် ဦးဆောင်ပေးသည့်အတိုင်း စုံစမ်းသည့်အခန်းတွင် ပါးပြင် ထက်၌ မျက်ရည်များစီးကျလို့လာပါသည်။ မှတ်သားဖွယ်ရာအဖြစ်အပျက်ပါတကား။ ထိုအမှု အရာသည် ကျွန်ုပ်အသက်တာတွင် ထိုသို့သောအရာသည် ဘုရားသခင်သာလျှင် တတ်စွမ်း နိူင်ပါသည်။ Valentine Herrera က ကောင်းစွာကြည့်ရှုသကဲ့သို့ မကြည့်ပါ။ သို့သော် ဘုရား သခင်က သူသည် ကယ်တင်တော်မူခြင်းသို့ရောက်မည်ဟု ကျွန်ုပ်အား ပြောဟန်တူပါသည်။ သူသည် အတန်ကြာသောအခါ ပြောင်းလဲလာပါသည်။ မှတ်သားဖွယ်ရာအချက်များပင်ဖြစ်ပါ သည်။ ဘုရားသခင်ကသာလျှင် ထိုသို့လုပ်ဆောင်နိူင်ပါသည်။ ထို့နောက် ခရစ်ယာန်တရား ဒေသနာတွင် ရှည်လျားသောတရားဒေသနာကို ဟောခဲ့သည်။ ဧဝံဂေလိတရားကို အကျဉ်းမျှ ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ Tom Xia သည် နောက်ပိုင်းတွင်ပြောင်းလဲလာသည်ဟု သူတို့က ပြောသောအခါ အံ့ဩမိသည်။ John Cagan က ယေရှုကို ကိုးစားရန် သူ့အားပြော ဆိုပြီး နှစ်ပေါင်း ၃၅ နှစ်ကျော်မျှ သံသယနှင့်ရှုပ်ထွေးမှုတွေ့ဖြစ်ပြီးနောက် လက်ခံလာပြီး နောက် မစ္စ Zabalaga ၏ပြောင်းလဲခြင်းကို ဖော်ပြရန် မေ့နေပါသည်။ မှတ်သားဖွယ်ရာဖြစ်ပါ သည်။ ဘုရားသခင်သာလျှင် ထိုသို့လုပ်ဆောင်နိူင်သည်။ ယခုနှစ်တွင် လူ ၁၇ဦးသည် ပြောင်း လဲလာကြသည်။ ထက်ဝက်တော့ကုန်သွားပြီ။ (ဩဘာသံဖြင့်)

ချစ်သောမိတ်ဆွေ၊ ဘုရားသခင်သည် အံ့ဘွယ်ကောင်းသောဘုရားဖြစ်ပါသည်။ ဆု တောင်းသံကို နားညောင်းသောဘုရားဖြစ်ပါသည်။ တောင်းသောသူတို့အား ကောင်းသောအ ရာကို ပေးတော်မူသောသူဖြစ်သည်။ ချစ်သောညီအစ်ကိုမောင်နှမတို့၊ ကျွန်ုပ်တို့အစီအစဉ်တွင် ဘုရားသခင်၏မျက်မှောက်တော်ကိုရရှိဖို့ ဆုတောင်းခြင်းကို အလေးပေးလုပ်ဆောင်ကြပါစို့။ ဆုတောင်းသည့်အချိန်တိုင်း ဘုရားသခင်၏မျက်မှောက်တော်ကိုရရှိဖို့ သင့်အား ဆုတောင်းစေ လိုပါသည်။ တရုတ်အသင်းတော်၌ ကျွန်ုပ်၏သင်းအုပ်ဆရာမှာ ဒေါက်တာ Timothy Lin (၁၉၁၁- ၂၀၀၉) ဖြစ်သည်။ အသင်းတော်တွင် ဘုရားသခင်၏မျက်မှောက်တော်အတွက် ဆု တောင်းကြရန်လိုအပ်ကြောင်း မကြာခဏပြောခဲ့သည်။ ဒေါက်တာ Lin က ဤသို့ဆိုသည်။

     ဆုတောင်းခြင်း၏ယေဘုယျပန်းတိုင်မှာ ကျေးဇူးတော်အား ဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား စဉ်ဆက် ကောင်းကြီးပေးခြင်း ပင်ဖြစ်ပါသည်။ နာမကျန်းသူများကို ကျန်းမာစေခြင်းပင်ဖြစ်ပါ သည်။ ကြေကွဲသူများကို နှစ်သိမ့်ရန်ပင်ဖြစ်ပါသည်။ လိုအပ်သူ များကို ပေးသနားရန်ဖြစ်သည်။ ဒုက္ခရောက်သူများကို ကယ်မရန် ဖြစ်ပါသည်။ မယုံကြည်သူများက ယုံကြည်လာပြီး ကြီးထွားလာ စေရန် စသည်တို့ကို အကူအညီပေးပါသည်။ တကယ်တော့ ဤ တောင်းဆိုမှုများသည် ပြဿနာ၏ရင်းမြစ်ဆိုသည်ထက် ရောဂါကို ညွှန်ကြားချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သခင်က ပြဿနာ၏အ ရင်းအမြစ်ကို ကုသရန်ဆေးဝါးပေးခဲ့သည်။ ထိုအရာမှာ သူ၏မျက် မှောက်တော်ကြောင့်သာလျှင်ဖြစ်ပါသည်။
     မျက်မှောက်တော်တည်နေခြင်းအားဖြင့် ပြဿနာအားလုံး သည် ပြေလည်သွားပေမည်။ မှောင်မိုက်သည် အလင်းအဖြစ်သို့ လည်းကောင်း၊ ဆင်းရဲခြင်းသည် ကြွယ်၀ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲသွားပေမည်။ သခင်ဘုရားအား ချီးမွမ်းပါ၏။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့နှင့်အတူရှိနေတော်မူမည်အ ကြောင်း ကျွန်ုပ်တို့အား ကတိပေးထားခဲ့ပါသည်။ ဆုတောင်းခြင်း ၏ပန်းတိုင်မှာ ဘုရားသခင်၏မျက်မှောက်တော်တည်ရှိခြင်းပင်ဖြစ် ပါသည်။ (Timothy Lin, Ph.D., အသင်းတော်ကြီးထွားခြင်းလှို့ ဝှက်ချက်၊ FCBC, ၁၉၉၂ ၊ စာ- ၁၀၈၊ ၁၀၉)

ထို့ကြောင့် သင်တို့အသင်းတော်တွင် ဘုရားသခင်၏မျက်မှောက်တော်တည်ရှိဖို့အ တွက် ဆုတောင်းသည့်အချိန်တိုင်းတွင် ဆုတောင်းပါ။ နံနက်ပိုင်းတွင်ဆုတောင်းသောအခါ ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင်၏မျက်မှောက်တော်သည် တည်နေဖို့ဆုတောင်းပါ။ စားစရာအ စားအသောက်အတွက် ကျေးဇူးတော်ကိုချီးမွမ်းသောအခါ အသင်းတော်တွင် ဘုရားသခင်၏ မျက်မှောက်တော်သက်ရောက်ဖို့ အနည်းငယ်သောစကားလုံးကိုသုံး၍ ဆုတောင်းပါ။ ကျွန်ုပ်အ တွက်ဆုတောင်းသောအခါ ကျွန်ုပ်၏တရားဟောပြောခြင်းတွင် ဘုရားသခင်တည်ရှိရန်အ တွက် ဆုတောင်းပေးပါ။ အိမ်တွင် တရားဒေသနာကို ရေးသားသည်ဖြစ်၍ ဘုရားသခင်၏မျက် မှောက်တော်တည်ရှိရန် ဆုတောင်းပါ။ ဝင်းမှည့်နေသောလယ်ပြင်အတွက်ဆုတောင်းသောအ ခါ ကျွန်ုပ်တို့အလယ်တွင် ဘုရားမျက်မှောက်တော်တည်ရှိရန် ဆုတောင်းပါ။ မျက်မှောက်တော် မရှိလျှင် ဧဝံဂေလိလုပ်ငန်းက အသီးအပွင့်ထွက်လာမည်မဟုတ်။ မြေကြီးတခွင် ကျွန်ုပ်တို့၏ အင်တနက်သာသနာအတွက်ဆုတောင်းလျှင် တရားဒေသနာကိုဖတ်သောသူများ၊ သို့မဟုတ် ပြန်လည်ဟောပြောသူများ၊ သို့မဟုတ် တီဗွီတွင်ကြည့်နေသူများအလယ်တွင် ဘုရားသခင်၏ မျက်မှောက်တော်သက်ရောက်ဖို့ ဆုတောင်းပါ။ ဧဝံဂေလိလုပ်ငန်းအတွက်ဆုတောင်းလျှင် ကျွန်ုပ်တို့က သတင်းကောင်းဝေငှသည်ဖြစ်၍ ကျွန်ုပ်တို့နှင့်အတူသွား၍ မျက်မှောက်တော်ရှိနေ ရန်ဆုတောင်းပါ။ မစ္စတာ Griffith ၏ သီချင်းသီဆိုမှုနှင့် အားလုံးပြိုင်တူသီဆိုမှုအတွက် ဆု တောင်းနေလျှင် တေးသီချင်းနှင့်အတူ ဘုရားသခင်၏မျက်မှောက်တော်တည်နေဖို့ ဆုတောင်း ပါ။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းအစီအစဉ်တွင် ဘုရားသခင်၏မျက်မှောက်တော်အတွက် ဆု တောင်းပေးပါ။ “အသင်းတော်လူငယ်များ” တွင် ပျောက်ဆုံးသူများ၏စိတ်နှလုံးသားကို ချိုးဖဲ့ ပြီး မျက်မှောက်တော်တည်နေရန် ဆုတောင်းပေးပါ။ သို့သော် မရပ်တန့်ပါနှင့်။ အသင်းတော် တွင် လူများဆက်လက်ရောက်ရှိလာကြသည်ဖြစ်၍ လူသစ်များပြောင်းလဲလာရန် ဘုရားသခင် ၏မျက်မှောက်တော်အတွက် ဆုတောင်းပါ။ လူသစ်များ၏နာမည်ကို သင်ယူပါ။ ထို့အပြင် ခရစ် တော်အတွက် သူတို့၏လိုအပ်ချက်များကို ပြသရန် ဘုရားသခင်၏မျက်မှောက်တော်အတွက် ဆုတောင်းပါ။ ထို့အပြင် သူတို့အား ကယ်တင်ရှင်ထံသို့ ပို့ဆောင်ပေးပါ။ စာတန်နှင့်၎င်း၏အ ပေါင်းအပါများကို ချည်နှောင်ရန် ဘုရားသခင်၏မျက်မှောက်တော်အတွက် ဆုတောင်းပါ။ အစီ အစဉ်ပြီးနောက် စုံစမ်းသည့်အခန်းတွင် ဘုရားသခင်၏မျက်မှောက်တော်ထင်ရှားရန် ဆု တောင်းပါ။ မစ္စ Roop နှင့် ကျွန်ုပ်ကိုယ်တိုင်ကဲ့သို့ နာမကျန်းသူများကျန်းမာစေဖို့ ဘုရားသခင် ၏ မျက်မှောက်တော်ကို တောင်းခံပါ။ ကျွန်ုပ်တို့အသင်းတော်လုပ်ဆောင်လေသမျှတွင် ဘုရား သခင်၏မျက်မှောက်တော်တည်နေဖို့ ဆုတောင်းပါ။ Noah Song နှင့် John Cagan တို့က ဆောင်းရာသီတွင် တရားဟောကြသောအခါ ဘုရားသခင်၏မျက်မှောက်တော်သက်ရောက်ဖို့ ဆုတောင်းပေးပါ။ ကျွန်ုပ်စကားပြောသည့်အချိန်တွင် ဘုရားသခင်၏မျက်မှောက်တော်တည်ရှိ ဖို့ ဆုတောင်းပါ။ ဒေါက်တာ Chan စကားပြောတိုင်း ဘုရားသခင်၏မျက်မှောက်တော်တည်နေ ဖို့ ဆုတောင်းပေးပါ။ အပူတပြင်းတောင်းဆိုသောမိတ်ဆွေဥပမာတွင် ယေရှုက ဤသို့မိန့်တော် မူခဲ့သည်။

“သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသော အရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော့။” ( လုကာ ၁၁း ၁၃) )

သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့နှင့်အတူရှိနေစေရန် အမြဲဆုတောင်း ရပါသည်။ ကျွန်ုပ်တို့ကြားတွင် နိူးထမှုတွေ့ဖြစ်လာလေအောင် ဘုရားသခင်ဘုန်းတော်ကို ထင်ရှားစေဖို့အတွက် ဆုတောင်းခြင်းသို့ ဦးဆောင်သွားပါလိမ့်မည်။ ဆုတောင်းသည့်အချိန် တိုင်းတွင် ဘုရားသခင်သည် နိူးထမှုကိုစေလွှတ်ဖို့အတွက် အမြဲဆုတောင်းရပါမည်။ အချိန် တိုင်း ဆုတောင်းရပါမည်။ နိူးထမှုဟူသည်မှာ ကျွန်ုပ်တို့အလယ်တွင် မျက်မှောက်တော်ထဲက သာ၍ကြီးစွာသော သွန်းလောင်းခြင်းဖြစ်ပါသည်။ ဟဗက္ကုတ်ဆုတောင်းခြင်းကိုလည်း အသုံးပြု သင့်ပါသည်။

“အိုထာဝရဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကိုပြုပြင် တော်မူပါ။ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူပါ။ အမျက် တော်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့ တော်မူပါ။”
( ဟဗက္ကုတ်၃း ၂))

“အိုထာဝရဘုရား၊ အမှုတော်မြတ်ကို ပြုပြင်တော်မူပါ။” ကျွန်ုပ်အမြဲကြိုက်နှစ်သက်သောခေတ် ဟောင်းဓမ္မသီချင်းတစ်ပုဒ်က ကောင်းကောင်းတင်ပြုထားပါသည်။

ကောင်းကြီးကောင်းကြီးမိုးရွာစေ၊
   ကောင်းကြီးမိုးရွာခြင်းလိုပေ။
ကရုဏာမိုးပေါက်ကျနေသည်၊
   သို့သော် တောင်းခံဖို့လိုပေ။
(“မင်္ဂလာမိုးသွန်းလောင်ရွာမည်”၊ Daniel W. Whittle, ၁၈၄၀- ၁၉၀၁)

“ကရုဏာမိုးပေါက်” ဟူသည်မှာ ယခုနှစ်တွင် ပြောင်းလဲလာသော ၁၇ သို့မဟုတ် ၁၈ ဦးသော ဝိညာဉ်များဖြစ်ပါသည်။ သို့သော် “မင်္ဂလာမိုး” ဟူသည်မှာ ကောင်းကြီးမင်္ဂလာတရား၏ပြည့်၀ စုံလင်သောတွန်းအားတွင် ဘုရားသခင်က နိူးထမှုတန်ခိုးကို စေလွှတ်သောအချိန်၌ ဆင်း သက်လာတတ်သည်။

နိူးထမှုသက်ရောက်လာသောအခါ ၎င်းကိုစေလွှတ်သူမှာ ဘုရားသခင်သာလျှင် ဖြစ် ပါသည်။ အသင်းတော်သည် ဆက်လက်သွားပြီး ကောင်းလာနိူင်သည်။ ဝိညာဉ်များပြောင်းလဲ လာသည်ကို တွေ့နိူင်သည်။ ဘုရားမျက်မှောက်တော်ကို တွေ့နိူင်သည်။ သို့သော် နိူးထမှုတွင် အရာအားလုံးသည် ထိုထက်သာလွန်နိူင်သည်။ ဆုတောင်းခြင်းများသည်လည်း အလွန်တန်ခိုး နှင့်ပြည့်လာနိူင်သည်။ တရားဒေသနာသည်လည်း တန်ခိုးအစွမ်းတွေရှိလာနိူင်သည်။ အပြစ်သိ မြင်လာခြင်းသည်လည်း ကြီးထွားလာနိူင်သည်။ အစီအစဉ်တိုင်းသည် စုံစမ်းရာအခန်းတွင် တန်ခိုးများပြည့်လာနိူင်သည်။ လူတို့သည် အပြစ်များကို ဝန်ခံကြသဖြင့် မျက်ရည်များ စီးကျ လာတတ်သည်။ ကယ်တင်ခြင်းရနှင့်ပြီးသောသူတို့က ၎င်းတို့အပြစ်များကိုဝန်ခံလာမည်။ လူ တိုင်းရှေ့တွင် ပွင့်လင်းလာကြမည်။ ပျေက်ဆုံးသူများက နှစ်ပေါင်းများစွာကြားလာသော ဧဝံ ဂေလိတရားသည် အသစ်သောသတင်းကဲ့သို့ သူတို့စိတ်နှလုံးတွင် ဖြစ်လာမည်။ သူတို့လုံး၀ မကြားဖူးသော သတင်းစကားဖြစ်လာပေမည်။

အသင်းတော်ရှိလူတို့က သည်ထက်သာ၍ လိုအပ်သည်ဟု ခံစားလာကြသောအချိန် တွင် နိူးထမှုများဖြစ်လာတတ်ပါသည်။ အသင်းတော်၏စည်းမျဉ်းဥပဒေများကို သူတို့က မကျေ နပ်နေကြတော့ပါ။ ဘုရားသခင်က သူတို့အလယ်တွင် အံ့ဩဘွယ်ရာ အလုပ်လုပ်ဖို့ ဆုတောင် လာကြပါသည်။ ခရစ်ယာန်များက သူတို့ထင်မှတ်ထားသည်ထက် အေးစက်လာကြသည်ကို သတိပြုမိလာကြပေမည်။ သူတို့၏လောကဆန်မှုများကို ဝန်ခံလာကြပါသည်။ သူတို့စိတ်နှလုံး သားထဲက အပြစ်များကို ဝန်ခံကြပါသည်။ သူတို့အပြစ်များကို လူတိုင်းရှေ့တွင် ဝန်ခံကြသည်။ သူတို့အပြစ်ကိုခွင့်လွှတ်ပြီး ပြန်လည်တည်ဆောက်ပေးရန် ဘုရားသခင်အား တောင်းလျှောက် ကြပါသည်။ ဘုရားသခင်ကိုယ်တိုင်က အသင်းတော်ကို တည်ဆောက်သည်။ တမန်တော်ထဲ တွင်တွေ့ရသော အသင်းတော်ကဲ့သို့ဖြစ်လာပါသည်။

နိူးထမှုတန်ခိုးတွင်ပါဝင်သောဆုတောင်းခြင်းကို ပရောဖက် ဟေရှာယက ပေးထား သည်။ သူက ဤသို့ဆုတောင်းသည်။

“ကိုယ်တော်သည် မိုဃ်းကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်သက်တော် မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။” ( ဟေရှာယ ၆၄း ၁) )

ထိုဆုတောင်းချက်ကို သင်တို့တွင် အချို့က အလွတ်ရမည်ဟု မျှော်လင့်ပါသည်။ နိူးထမှုအ တွက်ဆုတောင်းသောအခါ ထိုစကားလုံးများကို အသုံးပြုတော်မူပါ။

ဒေါက်တာ Martyn Lloyd-Jones က ဟေရှာယ ၆၄း ၁ ကို “နိူးထမှုအတွက် အကြီး မားဆုံးဆုတောင်းချက်” ဟု သမုတ်လိုက်သည်။ သူက ဤသို့ဆိုသည်။

“ကောင်းကင်ကိုခွဲပြီး ဆင်းကြွလာပါ။ ထိုအရာသည် နိူးထမှုနှင့် ဆက်စပ်လျက်ရှိသောဆုတောင်းခြင်းဖြစ်သည်ဟု ဆိုကာ ကျွန်ုပ် သည် အလျှင်စလိုမလုပ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့အား ကောင်းကြီးပေးရန် အမြဲဆုတောင်းသည်မှာ ကောင်းပါသည်။ ကျွန်ုပတို့အား ကျေးဇူးပြုရန် ဆုတောင်းသည်မှာ ကောင်းပါသည်။ ထိုအရာသည် ကျွန်ုပ်တို့အမြဲတောင်းသောဆု ဖြစ်သင့်ပါသည်။ သို့သော် ထိုထက်လွန်သည်။ အသင်းတော်က ဆုအမြဲတောင်း သင့်သောအရာနှင့်နိူးထမှုတွင် ဘုရားသခင်ဆင်းကြွလာခြင်းအ တွက် အရေးပေါ်၊ အထူးဆုတောင်းခြင်းတို့ကြားတွင် ခြားနားမှုရှိ ပါသည်။ အိုး၊ သူက သင်သည် ကောင်းကင်ကို ဆုတ်ဖြဲလိမ့်မည်။ မျက်ရည်များစီးကျလာပေမည်။ ကျွန်ုပ်တို့အလယ်တွင် ဘုရားသ ခင်ပေါက်ထွက်လာပေမည်။” (Martyn Lloyd-Jones, M.D., နိူးထမှု၊ Crossway Books, ၁၉၉၂၊ စာ- ၃၀၅- ၃၀၇)

သီချင်းစာပိုက်လေးကို သီဆိုသောအခါ ဟေရှာယ၏ဆုတောင်းခြင်းကို သိရသည်။

အသက်ရှင်သောဝိညာဉ်တော်ဘုရား၊
   ဆင်းကြွလာပါ၊ ကျွန်ုပ်ဆုတောင်းနေ။
အသက်ရှင်သောဝိညာဉ်တော်ဘုရား၊
   ဆင်းကြွလာပါ၊ ကျွန်ုပ်ဆုတောင်းနေ။
ကျွန်ုပ်အားပြုပြင်၊ ချိုးဖဲ့ပုံသွင်းပြုပြင်တော်မူပါ၊
   အသက်ရှင်သောသန့်ရှင်းသောဝိညာဉ်တော်ဘုရား။
ဆင်းကြွလာပါ၊ကျွန်ုပ်ဆုတောင်းနေ။
      (“အသက်ရှင်သောဝိညာဉ်တော်ဘုရား”၊ Daniel Iverson, ၁၈၉၉- ၁၉၇၇၊ ဒေါက်တာ Hymers က ပြင်ဆင်သည်။)

နိူးထမှုအတွက်ဆုတောင်းသောအခါ ဤသီချင်းကိုသီဆိုပါ။ ထို့နောက် ဟေရှာယ ၆၄း ၁ ကို ဆုတောင်းပါ။

“ကိုယ်တော်သည် မိုဃ်းကောင်းကင်ကိုဖွင့်လှစ်၍၊ ဆင်သက်တော် မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။” ( ဟေရှာယ ၆၄း ၁) )

မာနရှိသောတောင်များ၊ အပြစ်နှင့်ပြည့်နေသောတောင်များ၊ ပုန်ကန်ခြင်းရှိသောတောင်များ၊ မယုံကြည်ခြင်းတောင်များ တို့သည် ဘုရားသခင်က ကောင်းကင်ကို ဆုတ်ဇြဲပြီး ကျွန်ုပ်တို့အ လယ်တွင် ဆင်းသက်လာသောအခါ စီးဆင်းလာပေလိမ့်မည်။

ထို့ကြောင့် အသင်းတော်၌ လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင်၏မျက်မှောက် တော်အတွက် ဆုတောင်းရမည်။ သို့သော် ကျွန်ုပ်တို့ကြားတွင် နိူးထမှုရှိဖို့ရန် ဘုရားသခင်၏ ဝိညာဉ်တော်သွန်းလောင်းဖို့ ကြီးမားသောအရာအတွက်လည်း ဆုတောင်းရပါသည်။ နိူးထမှု ရောက်လာသောအခါ ရုတ်တရက်ကျရောက်လာလေ့ရှိပါသည်။ ကျွန်ုပ်အသက်တာတွင် နိူးထ မှုသုံးကြိမ်တိုင်တွေ့မြင်ခဲ့ရဖူးသည်။ ပထမနှင့်တတိယအကြိမ် ကျွန်ုပ်တွေ့သောနိူးထမှုတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ရုတ်တရက်ကျလာပြီး ကျွန်ုပ်တို့သည် အံ့ဩတွေဝေကြ သည်။ ဘုရားတန်ခိုးတော်၏လွှမ်းမိုးခြင်းကို ခံကြရပါသည်။ ဘုရားသခင်က ဤနေရာတွင် နိူး ထမှုကိုစေလွှတ်လျှင် သင်သည် ၎င်းကို အသက်ရှင်နေသ၍ မေ့ပစ်မည်မဟုတ်ပါ။ နှစ်ပေါင်း နှစ်ဆယ်တွင်လုပ်ဆောင်သောအရာ ယခုတွေ့မြင်သောအရာထက် အဆပေါင်းများစွာသည် တစ်လအတွက် လုပ်ဆောင်ခြင်းလည်းဖြစ်နိူင်ပါသည်။ ထိုအချက်ကို ငါသိသည်။ ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရဖူးသောအရာထက် သာ၍ကြီးမားသောတန်ခိုးတွင် ဘုရားသခင်သည် ကောင်း ကင်ဘုံမှ ဆင်းသက်လာသည်သောအခါ လုပ်ဆောင်သောအရာများကို ကိုယ့်မျက်စိဖြင့် တ ကယ်ငါမြင်ခဲ့ရပါသည်။ ဤတရားဒေသနာကို အိမ်သို့ယူသွားပြီး ဆုတောင်းသောအခါ ဖတ်ပါ။ ပထမဆုံးအနေဖြင့် လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင်၏မျက်မှောက်တော်ကိုရှာဖွေပါ။ နိူးထမှုတွင် ဘုရားသခင်၏ဝိညာဉ်တော် သာ၍သွန်းလောင်းဖို့ရန်အတွက် ဆုတောင်းပါ။

သင်လုပ်ဆောင်လေသမျှတိုင်းတွင် ဘုရားသခင်ပါဝင်ဖို့အတွက် အမြဲတမ်းဆုတောင်း ပါ။ ကျွန်ုပ်တို့အလယ်တွင် သာ၍ကြီးသောနိူးထမှုကြီးကိုလည်းသွန်းလောင်းပေးရန် ဆုတောင် ပါ။ ယေရှုက ဤသို့ဆိုပါသည်။

“သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသော အရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား၊ ကောင်းသောအ ရာကိုသာ၍ ပေးတော်မူမည်မဟုတ်လော။” ( မဿဲ ၇း ၁၁))

“နိူးထမှုကိုစေလွှတ်ပါသခင်” သီဆိုကြပါစို့

နိူးထမှုစေလွှတ်ပါသခင်၊
   နိူးထမှုစေလွှတ်ပါသခင်၊
နိူးထမှုစေလွှတ်ပါသခင်၊
   ကိုယ်တော့်ထံပါးမှ ဆင်းသက်လာပါစေသော်။
(“နိူးထမှုစေလွှတ်ပါသခင်” Dr. B. B. McKinney, ၁၈၈၆- ၁၉၅၂ ၊ ဒေါက်တာ Hymers က ပြန်လည် ဖန်တီးသည်။)

ယနေ့ညတွင် ပြောင်းလဲခြင်းအတွက္ အားလုံးဆုတောင်းကြပါစို့။ (အားလုံးဆတောင်းခြင်း)

ငါ့ဝိညာဉ်၊ သင့်အတွက်ပြင်ဆင်ရာအရပ်သို့လာပါ၊
   ယေရှုသည် ဆုတောင်းခြင်းအဖြေပေးလိုသည်။
သင့်ဆုတောင်းသံများကို သူကိုယ်တိုင်နားညောင်း၊
   မဖြစ်နိူင်၊ မဖြစ်နိူင်ဟု ဘယ်တော့မှ ပြောမည်မဟုတ်။
မဖြစ်နိူင်၊ မဖြစ်နိူင်ဟု ဘယ်တော့မှ ပြောမည်မဟုတ်။

သင်သည် ဘုရင်ထံသို့လာသတည်း၊
   တောင်းလျှောက်မှုများဖြင့် ဆောင်ယူလာသည်၊
ထိုသို့သော ကျေးဇူးတော်နှင့်တန်ခိုးတော်များ။
   အဘယ်သူမျှ များစွာမတောင်းလျှောက်၊
အဘယ်သူမျှ များစွာမတောင်းလျှောက်။

ယနေ့ညနေတွင် အပြစ်မှကယ်ချွတ်ခြင်းကို ခံတော်မူနိူင်သည်။ သင့်ရှင်းသောဝိညာဉ် တော်သည် သင့်အပြစ်မှ နိူးထစေနိူင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား အ သွေးတော်အားဖြင့်ဆေးကြောတော်မူရန် ခရစ်တော်ထံသို့ ပို့ဆောင်နိူင်သည်။ ကယ်တင်ခြင်း နှင့်ပါတ်သက်ပြီး ကျွန်ုပ်တို့နှင့်ဆွေးနွေးလိုလျှင် ဆွေးနွေးခန်းဆီသို့ ဒေါက်တာ Cagan နှင့် John Cagan နောက်သို့လိုက်သွားပါ။ အတူတကွဆွေးနွေးပြီးဆုတောင်းနိူင်သည့်နေရာ တိတ် ဆိတ်သောအခန်းသို့ သင့်အား ခေါ်ဆောင်သွားပေလိမ့်မည်။ အာမင်။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ မဿဲ ၇း ၇- ၁၁။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ထိုက်တန်သောနေရာပြင်ဆင်၊ ငါ့ဝိညာဉ်လာပါ။"၊ (John Newton, ၁၇၂၅- ၁၈၀၇) ရေးစပ်သည်။