Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဘုရားသခင်၏အလိုတော် သိရှိနိူင်သောနည်းလမ်း

HOW TO KNOW THE WILL OF GOD
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
မေလ ( ၁၅ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 15, 2016

“ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပါတ်တရားကို နာရုံမျှသာပြု သောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” ( ယာကုပ် ၁း ၂၂ ) )


A. W. Pink (၁၈၈၆-၁၉၅၂) က ‘နှုတ်ကပါတ်တော်ကြားသောသူအမျိုးမျိုးရှိကြ သည်၊’ ပုံမှန်ကြားနာသောသူများ၊ ရိုသေသမှုပြုသောအနေဖြင့် ကြားနာသူများ၊ စိတ်ဝင်စား၍ ကြားနာသူများ စသဖြင့် ရှိကြပါသည်။ သူတို့ကြားသိရသောအရာသည် သူတို့အသက် (အ ကျိုးသက်ရောက်စေခြင်းမရှိပါ။) သူတို့၏အသက်ရှင်မှုပုံစံကိုလည်း စနစ်တကျမဖြစ်စေပါ။ဘု ရားသခင်က နှုတ်ကပါတ်တော်ကို ကျင့်သောသူမဟုတ်သူများသည် မိမိကိုယ်ကိုလှည့်ဖြား သောသူများဖြစ်ကြောင်း ဆိုပါသည်။ ဘုရာသခင်၏နှုတ်ကပါတ်တော်အပေါ် စိတ်နှလုံးနှင့်အ သက်တာ (ဆက်ကပ်ခြင်း) တိုးပွါးခြင်းမရှိသောနေရာသည် အသိပညာဗဟုသုတတိုးပွါးခြင်း သည် ပျက်စီးခြင်းကိုသာဆောင်ယူလာမည်ဖြစ်သည်။ဘုရားသခင်သည် ကျွန်ုပ်တို့အား လမ်း ပြဦးဆောင်ဖို့အလို့ငှါ သူ၏နှုတ်ကပါတ်တော်ကိုပေးထားခြင်းဖြစ်သည်။ သူသိစေလိုသောအ ရာကို သိစေရန်အတွက် ပေးထားခြင်းဖြစ်သည်” ဟု ဆိုသည်။ (Arthur W. Pink, နှုတ်က ပါတ်တော်အကျိုးခံစားခြင်းတွင် “သမ္မကျမ်း စာနှင့်နာခံခြင်း” ၊ Free Grace Broadcaster, Summer ၂၀၁၅၊ စာ-၁၊ ၂ )

“ဘုရားသခင်သည် ကျွန်ုပ်တို့အား လမ်းပြစောင့်ထိန်းဖို့ နှုတ်ကပါတ်တော်ကိုပေး ထားပါသည်။” ကျွန်ုပ်သည် မစ္စတာ Pink ပြောဆိုသည့်စကားကို အပြည့်အဝထောက်ခံပါ သည်။ ကျွန်ု္ပ်မပြောင်းလဲမှီ ကျွန်ုပ်အားသွန်သင်ထားသောအရာပင်ဖြစ်ပါသည်။ ဆယ်ကျော် သက်တစ်ယောက်အနေဖြင့် တက်ရောက်ခဲ့သော Huntington Park ရှိ နှစ်ခြင်းအသင်းတော် သည် များစွာသောအချက်တွင် မှားယွင်းသော်လည်း ဤအချက်တွင်မူ မှန်ကန်သည်။ ဘုရား သခင်သည် သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့အား စကားပြောသည်၊ သူ၏အလိုတော်ကို ကျွန်ုပ်တို့အားပြသသည်ဟု သွန်သင်ခံရပါသည်။ ခံစားချက်များ သို့မဟုတ် ဖိအားများဖြင့် ဘုရားသခင်၏အလိုတော်ကို မရှာရန် သင်ယူခဲ့ရသည်။ ထိုအကြောင်းကို အထူးသဖြင့် နောက်ပိုင်း ကျွန်ုပ်၏သင်းအုပ်ဖြစ်သော ဒေါက်တာ Timothy Lin နှင့် ဒေါက်တာ J. Vernon McGee တို့ထံမှ သင်ယူရရှိခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဆာလံဆရာနှင့်အ တူ “နှုတ်ကပါတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေ ပါ၏”(ဆာလံ ၁၁၉း ၁၀၅ ) ပြောဆိုနိူင်သည့်အခွင့်ကို ရရှိပါသည်။ သုတ္တံ ၆း ၂၂ က ဘုရားသ ခင်၏နှုတ်ကပါတ်တော်ကို “သင်သည် အခြားသို့သွားသောအခါ၊ ထိုပညတ်တရားသည် လမ်း ပြလိမ့်မည်၊ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိူးသောအခါ သင်နှင့်နှုတ်ဆက်လိမ့်မည်” ဟုဆိုသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏အခြေပြုကျမ်းက “ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပါတ် တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့” (ယာကုပ် ၁း ၂၂) ဟု မိန့်တော်မူ သည်။ ဤကျမ်းပိုဒ်က ဘုရားသခင်၏အလိုတော်ကို အဘယ်သို့သိနိူင် ကြောင်း သွန်သင်တော်မူသည်။

၁။ ပထမအချက်၊ ဘုရားသခင်အလိုတော်အကြောင်းနှင့်ပါတ်သတ်ပြီး ကိုယ်ကို လှည့်ဖြားသောသူများအကြောင်းကို အခြေပြုကျမ်းက မိန့်ဆိုသည်။

ကျွန်ုပ်သည် အခြေပြုကျမ်း၏ ဒုတိယအပိုင်းဖြစ်သည့် “မိမိကိုယ်ကို လှည့်ဖြားကြ သည်” ဟူသောအချက်ကို မှတ်ချက်ပေးလိုသည်။ “တရားကိုနာသောအမှု” ကို ငြင်းပယ်သော သူများသည် မိမိကိုယ်ကို လှည့်ဖြားကြသည်။ သူတို့အသက်တာတွင် ဘုရားသခင်၏အလို တော်ကို မသိနိူင်ကြပါ။ ဤသည်မှာ ယနေ့အသင်းတော်များရှိ လူများတွင် ဖြစ်လေ့ဖြစ်ထရှိ သောအချက်ပင်ဖြစ်သည်။ သူတို့သည် အသက်တာ၌ ဘုရားသခင်၏အလိုတော်ကို မသိနိူင် ကြစေဘဲ လှည့်ဖြားခြင်းကို ခံနေကြသည်။

မာရ်နတ်သည် လှည့်ဖြားသောသူဖြစ်သည်ကို သူတို့သည် မေ့လျော့နေကြသည်။ သမ္မာကျမ်းစာက “ကမ္ဘာအရပ်ရပ်ရှိတိုင်းနိူင်ငံများကို လှည့်ဖြား”ကြောင်း (ဗျာဒိတ် ၂၀း၃ ) ဆို သည်။ သမ္မာကျမ်းစာက “တလောကလုံးကို လှည့်ဖြားသော မာရ်နတ်နှင့်စာတန်” (ဗျာဒိတ် ၁၂း ၉ ) ဟုခေါ်သည်။ “စာတန်” ၏အဓိပ္ပါယ်မှာ “လှည့်ဖြားသူ” သို့မဟုတ် “ရန်သူ”ဟူ၍ဖြစ် သည်။ သူသည် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုသူဖြစ်သည်။ သူအသုံးပြုနေသောနည်းဗျူ ဟာမှာ လူများကို လှည့်ဖြားရန်ဖြစ်သည်။ သူသည် “တလောကလုံးကို လှည့်ဖြားသည်။” “လှည့်ဖြားသည်” ဟူသောစကားလုံး၏ ဂရိအသုံးအနှုန်းမှာ “planaō” ဖြစ်သည်။ ဆိုလိုသည် မှာ “လမ်းမှားဦးဆောင်ခြင်း”၊ “လှည့်ဖြားခြင်း”၊ “တလွဲတချော်ဦးဆောင်ခြင်း”၊ “ဆွဲဆောင်ပြီး လမ်းမှားသို့ခေါ်ဆောင်သွားခြင်း” ဟူ၍ဆိုလိုသတည်း။ ဤသည်မှာ အစအဦး၌ စာတန်လုပ် ဆောင်ခဲ့သောနည်းလမ်းပင်ဖြစ်ပါသည်။ သူသည် ကျွန်ုပ်တို့၏အဦးဆုံးမိဘများကိုလှည့်ဖြားပြီး လမ်းမှားသို့ပို့ဆောင်သည်၊ ဥယျာဉ်အတွင်း၌ တားမြစ်ထားသောအသီးကို စားရန် သွေး ဆောင်ဖြားယောင်းခဲ့သည်။ ယနေ့ခေတ်တွင် ခရစ်ယာန်ဖြစ်တော်မူကြောင်း ဝန်ခံခြင်းကိုပြု သောသူတို့က သူတို့အသက်တာအတွက် ဘုရားသခင်ထားတော်မူသောအလိုတော်ကိုသိရှိ ကြသည်ဟု ထင်မှတ်ကြသည်။ သို့သော် သူတို့ကို စာတန်က လမ်းမှားသို့ဦးဆောင်သွားခဲ့ သည်။ သန့်ရှင်းသောဝိညာဉ်တော်က ဦးဆောင်နေသည်ဟု ထင်ကြသော်လည်း မာရ်နတ်သာ ဦးဆောင်နေပါသည်။ ထိုအမှုအရာကို သင်မမေ့သင့်ပါ။ တမန်တော်ရှင်ပေတရုက အောက်ပါ အတိုင်းဆိုသောအခါ ခရစ်ယာန်များကို သတိပေးထားခြင်းဖြစ်သည်။ “သင်တို့သည် သတိနှင့် နေကြလော့။ မာရ်နတ်သည် ဟောက်သောခြင်္သေခဲ့သို့ အဘယ်သူကိုမျိုရအံ့နည်းဟု လှည့် လည်ရှာဖွေလျက်ရှိသည်။” ( ၁ပေ ၅း ၈ ) ဒေါက်တာ McGee က “သင်သည် မိမိခွန်အားဖြင့် စာတန်ကို တွန်းလှန်နိူင်မည်ဟု ငါမထင်မှတ်ပါ။ သင်နှင့်အတူရပ်တည်ဖို့ အခြားသောခရစ် ယာန်များကို သင်အလိုရှိပါသည်” ဟုဆိုသည်။ (Thru the Bible, ၁ပေ ၅း ၉ မှတ်စု) အရမ်း မှန်သည်ဟု ယူဆမိသည်။ သင်သည် တစ်ယောက်တည်းရပ်နေလျှင် မာရ်နတ်သည် သင့်အား သွေးဆောင်ပြီး လမ်းမှားသို့ပို့ဆောင်သည်။ သို့မဟုတ် သင်သည် မပြောင်းလဲသေးသောသူ နှင့်မိဿဟာရဖွဲ့လျှင် သို့မဟုတ် ဇာတိအားဖြင့် ညီအစ်ကို သို့မဟုတ် ညီအစ်များများနှင့်မိဿ ဟာရဖွဲ့လျှင် မာရ်နတ်က သွေးဆောင်ပြီး လမ်းမှားသို့ဦးဆောင်နိူင်ပါသည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာရှိတတ်၏။ လူမိုက် တို့နှင့်ပေါင်းဘော်သောသူတို့သည် ပျက်စီးတတ်ကြ၏။” (သုတ္တံ ၁၃း ၂၉ ) )

“မိုက်သော” ဟူသောစကားလုံးအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် The Scofield ၏မှတ်စုသည် အလွန် ကောင်းမွန်ပေသည်။ ၎င်းက(စာ- ၆၇၈ ) “သမ္မာကျမ်းစာထဲ၌ မိုက်မဲသောသူဟူသည်မှာ စိတ်ပိုင်းဆိုင်ရာလိုအပ်သောသူမဟုတ်ဘဲ စိတ်နှလုံးခိုင်မာသောသူ၊ မိမိကိုယ်ကိုလုံလောက် ပြည့်စုံသည်ဟုထင်မှတ်သောသူ၊ ဘုရားသခင်မရှိသကဲ့သို့ မိမိအသက်တာကို အမိန့်ပေးသော သူ” ကို ဆိုလိုသတည်း။ စိတ်နှလုံးခိုင်မာသောသူသည် မိုက်မဲသောသူဖြစ်သည်။ အသင်း တော်မှာတောင် မိုက်မဲသောသူဖြစ်သည်။ သင်သည် မိုက်မဲသောသူနှင့်မဟုတ်ဘဲ ပညာရှိ သောသူနှင့်မိဿဟာရဖွဲ့နိူင်ရန် သတိပြုပါ။ မိုက်မဲသောသူကို သင့်အား ဘုရားသခင်၏အလို တော်လမ်းမှလွဲသွားစေဖို့ဦးဆောင်ရန် မာရ်နတ်က အသုံးပြုလိမ့်မည်။

ထို့နောက် သင်သည် မှားယွင်းသောခရစ်ယာန်များ၏လှည့်ဖြားခြင်းကို ခံရနိူင်သည်။ ဤသည်မှာ အထူးသဖြင့် ယနေ့အချိန်ကာလတွင် ပို၍မှန်ကန်မှုရှိပါသည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွါးကြလိမ့် မည်။” ( ( ၂ တိ ၃း ၁၃ ) )

မှားယွင်းသောခရစ်ယာန်များသည် သင့်အား တိတိကျကျလှည့်ဖြားပြီး လမ်းမှားသို့ဦးဆောင် သည်။ သို့သော် ၂ တိ ၃း ၁၃ ၏အဖြေသည် အပိုဒ်ငယ် ၁၄ နှငိ့ ၁၅ တွင် ရှိသည်။ ဘုရားသ ခင်၏နှုတ်ကပါတ်တရားတော်သည် ဆိုးသွင်းသည့်ယနေ့ခေတ်ကာလတွင် အမှန်တကယ်လို အပ်သောလမ်းပြဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားကို နားထောင်သောသူတို့ အား ထိုးစိုက်ကြပါသည်။ “လှည့်ဖြားသောသူများနှင့်လှည့်ဖြားခံသောသူများကို” နားမယောင် ပါနှင့်။

သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ “ဦးဆောင်ခြင်းများ” ဟု လူသူခေါ်သောအ ရာများအားဖြင့်လည်း လှည့်ဖြားခြင်းခံရနိူင်ပါသည်။ ၎င်းသည် ယနေ့ခေတ်နယူးဧဝံဂေလိအ ယူရှိသူများအတွက် အဓိကအသုံးပြုထားသော ထောင်ခြောက်ဖြစ်သည်။ သူတို့စိတ်နှလုံးထဲ တွင် ဖြစ်ပေါ်လာသမျှသည် သန့်ရှင်းသောဝိညာဉ်တော်၏ “ဦးဆောင်မှုများ” ဖြစ်သည်ဟု သွန် သင်ခြင်းခံရကြသည်။ လူများစွာတို့က ထိုအကြောင်းကို ဆွေးနွေးပြောဆိုကြပါသည်။ သူတို့က “ဘုရားသခင်သည် ဤသို့လုပ်ဆောင်ရန် ဦးဆောင်သည်” သို့မဟုတ် “ဘုရားသခင်က ထိုသို့ ဦးဆောင်သွားသည်” စသဖြင့် ပြောဆိုကြပါသည်။ သင်သည် ထိုအကြောင်းကို အမြဲတမ်း ကြားနေရကြသည်။ ၎င်းသည် ဝိညာဉ်ပိုင်းဆိုင်ရာဟုထင်ကြသည်။ ထိုသို့သောသူသည် ခိုင်မာ သောခရစ်ယာန်ဖြစ်သည်ဟု သင်က ထင်ကောင်းထင်ပေမည်။ သို့သော် သမ္မာကျမ်းစာက သူ တို့ကို “မိုက်သောသူများ” ဟု သမုတ်ထားသည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။” ( သုတ္တံ ၂၈း ၂၆ ) )

သူတို့က “သခင်ဘုရားက ဤအရာကိုလုပ်ဆောင်စေသည်၊” “သခင်ဘုရားက ဤနေရာသို့ ဦး ဆောင်လမ်းပြသည်”၊“သခင်ဘုရားက သွားစေသည်” ဟု လမ်းပြင်ဘက်၌ပြောဆိုနေကြသည် ကို လည်း ကြားရပေလိမ့်မည်။ သင်သည် ထိုစကားများကို ကြားရသည့်အချိန်တိုင်းတွင် သင် သည် “မိုက်မဲသောသူ” တို့ထံက ကြားရခြင်းဖြစ်သည်။

“မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။” ( သုတ္တံ ၂၈း ၂၆ ) )

သမ္မာကျမ်းစာက “ကိုယ့်ဥာဏ်ကိုအမှီမပြုနှင့်” (သုတ္တံ ၃း ၅ ) ဟုအတိအလင်းဖော်ပြထားပါ သည်။ လူတို့သည် ထိုသို့လုပ်ဆောင်ရန် ငြင်းဆိုကြသောအခါ ကျွန်ုပ်တို့အခြေပြုကျမ်းပြောဆို သကဲ့သို့ မိမိကိုယ်ကို လှည့်ဖြားခြင်းဆီသို့ ရောက်ရှိစေပါသည်။

“ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပါတ်တရားကို နာရုံမျှသာပြု သောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” ( ယာကုပ် ၁း ၂၂ ) )

၂။ ဒုတိယအချက်။ အခြေပြုကျမ်းက ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် ရှာတွေ့သောသူများအကြောင်းကို ပြောဆိုသည်။

“နှုတ်ကပါတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကို ကျင့်သောသူဖြစ်ကြလော့….” ( ယာကုပ် ၁း ၂၂ ) )

ဘုရားသခင်၏နှုတ်ကပါတ်တရားတော်ကိုကြား၍ ၎င်း၏လမ်းပြမှုကိုခံယူရရှိလျှင် သင် သည် ကြားခဲ့သမျှသောအရာကို နာခံလိုက်လျှောက်လိုစိတ်ရှိပေမည်။ ကြားနာခြင်းအတွက် လိုအပ်သောအခြေအနေကို အထက်က ကျမ်းပိုဒ် ယာကုပ် ၁း ၂၁ တွင် ပေးထားပြီးဖြစ်သည်။

“ထို့ကြောင့် ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ်လွန်ကျူး ခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိူင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပါတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့်ခံယူကြလော့။” ( ယာကုပ် ၁း ၂၁ ) )

ရှင်းလင်းစွာသဘောပေါက်နိူင်ဖို့ ခေတ်သစ်ဘာသာပြန်ဆိုချက်မှ တင်ပြပေးပါမည်။

“ထို့ကြောင့် အလွန်ညစ်ညူးသော ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် အညစ်အကြေး၊ မကောင်းမှုရှိသမျှကို ပယ်ရှား၍၊ သင်တို့အား ကယ်တင်နိူင်သည့် သင်တို့အထဲတွင်စိုက်ပျိုးထားသောနှုတ်က ပါတ်တော်ကို နူးညံ့သိမ်မွေ့စွာ ခံယူကြလော့။” (NIV)

လူတစ်ဦးတစ်ယောက်သည် အလွန်ခိုင်မာသော ကိုယ်ကျင့်တရားနှင့် မာရ်နတ်တို့ ရဲ့အညစ် အကြေးများကို ချွတ်ပယ်ရမည်။ ထိုအချက်တွင် ခါးသီးမှုများလည်း ပါဝင်ပါသည်။ လူအချို့က မသန့်ရှင်းသောဆင်ခြင်းမှုများကြားတွင် ဘုရားသခင်၏အလိုတော်ကိုသိရန် မျှော်လင့်နေကြ သည်။ အချို့တို့က မိဘများအပေါ်ခါးတီးမှုကိုပြုစဉ်၊ သင်းအုပ်ဆရာ သို့မဟုတ် အသင်းတော် ခေါ်ဆောင်များအပေါ် ခါးသီးသောအမှုများပြုစဉ် ဘုရားသခင်၏အလိုတော်ကိုသိရန် မျှော် လင့်ကြသည်။ သူတို့တွင် ခါးသီးသောစိတ်နှလုံးရှိကြသည်။ အချို့တို့မှာ ဘုရားသခင်ကို ဆန့် ကျင်သောသူများ၊ လောကသားများနှင့်မိတ်ဖွဲ့ကြသည်။ “လောကကို၎င်း၊ လောက၌ရှိသော အရာကို၎င်း ချစ်သောသူသည် ဘုရားသခင်၏ရန်သူဖြစ်သည်”( ယာကုပ် ၄း၄ ) ဟူသော အချက်ကို မေ့လျော့ ကြပြီး ထိုသူကို နှစ်သက်သဘောကျနေသည်။ အခြားသူများမှာ ရန်လိုမှု များနှင့်မာန်မာနထောင်လွှားကြသည်။ သင်သည် ဤအရာများကို ဘုရားသခင်ထံ ဝန်ခံပြီး ထို အရာများကို သင့်စိတ်နှလုံးသားထဲက ဘုရားသခင်က ဖယ်ရှားပေးရန် တောင်းလျှောက်ရပါ မည်။ သို့မှသာ သင်သည် ဘုရားသခင်၏နှုတ်ကပါတ်တော်ကို သင့်ဘဝအသက်တာလမ်းညွှန် တစ်ခုအဖြစ်လက်ခံနိူင်ရန် နှိမ့်ချသောအသက်တာကို ရရှိစေမည်ဖြစ်သည်။ သို့မှသာလျှင် သင်သည် “တရားကို နာသောသူမဟုတ်၊ ကျင့်သောသူဖြစ်လာမည်ဖြစ်သည်။” ဤကျမ်းပိုဒ် ကို မှတ်ချက်ပေးသောအခါ တရားဟောဆရာကြီး Spurgeon က “တချိန်က မိမိသည် ခရစ် ယာန်ဖြစ်တော်မူသည်ဟု ဝန်ခံလျက်ကြီးပြင်းလာပြီး ထိုအချက်တွင် မတရားသောနည်းဖြင့် စ တင်သောအခါ ထိုနေရာတွင် မိမိတို့၏ဩတပ္ပစိတ်အားဖြင့် ဖုံးကွယ်ရန်ကြိုးစားအားထုတ်ထား ကြသည့် ၎င်းတို့၏အသက်တာတွင် မတရားသည့်လှို့ဝှက်ချက်တစ်ခုရှိသည်ဟူသော ကိစ္စ သည် မပြောင်းမလဲဘဲ ကျန်ရစ်လုနီးပါးပင်ဖြစ်ပါသည်။မာရ်နတ်သည် သူတို့အား အမှုတော် တွင် လှောင်ပြောင်ကျီစယ်ရန်ကြိုးစားသည်။ အကြောင်းမှာ ဧဝံဂေလိတရားသည် သူတို့ပြစ် မှားသောဩတ္တပ္ပစိတ်ကိုဖိနှိပ်ထာပြီး ၎င်းတို့အပြစ်တွင် မလွယ်မကူဖြစ်စေသည်။သင်သည် ပျော်ရွှင်သောစိတ်ထားဖြင့် ဘုရားသခင်၏နှုတ်ကပါတ်တော်ကိုနားထောင်မည်ဆိုလျှင် မိမိအ တွက် အကျိုးဖြစ်မည်။ သင်သည် ဘာမျှမဟုတ်သောအရာများကိုလည်း ဘေးချိပ်ထားရပါ မည်။ အကြောင်းမှာ ဤအရာများသည် ဘုရားသခင်၏နှုတ်ကပါတ်တော်ကို အကျိုးယုတ်စေ သည်” ဟု ဆိုပါသည်။ (C. H. Spurgeon, “တရားဒေသနာမတိုင်မှီ၊ တရားဒေသနာတွင်၊ တ ရားဒေသနာနောက်ပိုင်း” MTP, အမှတ်- ၁၈၄၇ ) သင်သည် ဘုရားသခင်ထံက အကျိုးကျေး ဇူးများကို အမှန်တကယ်ရရှိလိုလျှင် မကောင်းသောအမှုအရာများကို ဘေးချိပ်ထားရပါမည်။ သို့မှသာလျှင် သင်သည် “တရားကိုကျင့်သောသူဖြစ်ပေမည်။” ဘုရားသခင်၏နှုတ်ကပါတ် တော်ကို နာခံမှသာလျှင် သင့်အသက်တာအတွက် သူ၏အလိုတော်ကို သိနိူင်မည်ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကိုသိနိူင်သည့် သမ္မာကျမ်းစာထဲက နည်းလမ်းခြောက်ခုကို ယခုပေး ထားပါမည်။

၁။ တဖန် မိမိစိတ်နှလုံးကို အားမကိုးဘဲ ဘုရားသခင်၏အလိုတော်ကိုသိရန် မှာ အလွန်ပင် အရေးကြီးသောအချက်ဖြစ်ပါသည်။ အထက်တွင် ပြော ဆိုခဲ့ပြီးသကဲ့သို့ သမ္မာကျမ်းစာက ရှင်းလင်းစွာ တင်ပြထားပါသည်။

“မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။” ( ုတ္တံ ၂၈း ၂၆ ) )

ထိုမျှလောက် အဘယ့်ကြောင့် အရေးကြီးပါသနည်း။ အကြောင်းမှာ

“စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ် သူသိနိူင်သနည်း။” ( ယေရမိ ၁၇း ၉ ) )

မိမိစိတ်နှလုံးကို ကိုးစားသောသူအား “မိုက်သောသူ” ဟု အခေါ်ခံရ သည်မှာ အံ့ဩစရာမဟုတ်ပါ။

၂။ ဘုရားသခင်၏အလိုတော်ကိုသိရန် သင်သည် မိမိအလိုမဟုတ်ဘဲ ဘု ရားသခင်၏အလိုကို ဆောင်ရမည်။

“ထိုသူ၏အလိုတော်ကိုလိုက်ချင်သောသူမည်သည်ကား၊ ဤဒေသ နာသည် ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော။ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသလောဟု ပိုင်းခြား၍ သိလိမ့် မည်။” ( ယောဟန် ၇း ၁၇ ) )

ဒေါက်တာ John R. Rice က “လူတစ်ဦးသည် ဘုရားသခင်၏အလိုကို လိုက်ရန် ရွေးချယ်ထားလျှင် ဘုရားသခင်သည် ၎င်းထံတွင် ထင်ရှား တော်မူမည် ဟု ဆိုလိုသတည်း။” ( ဘုရားသခင်၏သားတော်၊ ယောဟန် ခရစ်ဝင်ကျမ်းနှင့်ပါတ်သက်သည့်အနက်ဖွင့်ကျမ်း၊ သခင်ဘုရား၏ဓါးပုံနှိပ် တိုက်၊ ၁၉၇၆၊ စာ- ၁၆၂ ) Henry M. Morris က “ဤသည်ကို ဖတ် ရှုနိူင်ရမည်။ လူတစ်ဦးသည် ဘုရားသခင်၏အလိုတော်ကို စိတ်နှလုံးဖြူ ဖြူစင်စင်လုပ်ဆောင်လိုလျှင် သူသိရှိလာပါလိမ့်မည်။ ထို့ကြောင့် အချို့ သောအကြောင်းအရာများတွင် ဘုရားသခင်၏ဦးဆောင်မှုကို သေချာစွာ စုံစမ်းသိရှိရန်ပထမဆုံးလိုအပ်ချက်မှာ အဖြေသည် လူတစ်ဦး၏နှစ်သက် မှုနှင့်ဆန့်ကျင်ဘက်ဖြစ်နေရင်တောင် ဘုရားသခင်၏အလိုတော်ကိုလိုက် လျှောက်ရန် စစ်မှန်သောဆန္ဒပင်ဖြစ်ပါသည်။” ( ကာကွယ်သူတို့၏သမ္မာ ကျမ်းစာလိုက်လျှောက်ချက်။ ယောဟန် ၇း ၁၇ မှတ်စု )

၃။ ဘုရားသခင်၏အလိုတော်ကိုသိရှိရန် သင့်အပြစ်ကိုဝန်ခံပြီး စွန့်ပစ်ထား ရမည်။

“မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့် မည်။ အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ် နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေးဥပါဒ်နှင့်တွေ့လိမ့်မည်။” ( သုတ္တံ ၂၈း ၁၃၊ ၁၄ ) )

၄။ ဘုရားသခင်၏အလိုတော်ကိုသိရန် ခရစ်ယာန်ဘိုးဘေးတို့၏သွန်သင် လမ်းညွှန်ချက်ကို လစ်လျူမရှုရပါဘူး။

“မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ သမ္မာသတိနှင့် ပြည့်စုံတတ်၏။” ( သုတ္တံ ၁၅း ၅ ) )

“ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ် ၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင် တတ်။” (သုတ္တံ ၁၃း ၁ ) )

၅။ ဘုရားသခင်၏အလိုတော်ကိုသိရန် အသင်းတော်ရှိဝိညာဉ်ခေါင်းဆောင် ၏ နည်းပေးလမ်းညွှန်မှုကို နာခံရမည်။

“သင်တို့ကို အုပ်သောသူတို့၏စကားကို နားထောင်၍နှိမ့်ချလျက်နေ ကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကို ခံရသောသူကဲ့ သို့ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှါ စောင့်နေကြ၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြု လျက်နေကြလော့။” ( (ဟေဗြဲ ၁၃း ၁၇ ) )

ဟေဗြဲ ၁၃း ၁၇ နှင့်စပ်လျဉ်း၍ Reformation Study Bible က “သစ္စာရှိ သောအသင်းတော်ခေါင်းဆောင်များသည် သိုးထိန်းများ သို့မဟုတ် မြို့ ၏ အန္တရယ်အချက်ပေး ခေါင်းလောင်းတီးသည့် ကင်းစောင့်နှင့်တူကြ သည်။ ခေါင်းဆောင်၏စောင့်ရှောက်မှုသည် နက်နဲပြီး စစ်မှန်သည်။ အ ကြောင်းမှာ သူတို့ကို ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး သူတို့လုပ် ဆောင်သမျှကို ဘုရားသခင်က စာရင်းထားပေးမည်။ အမှုတော်လုပ်ငန်း သည် ခုခံတိုက်ခိုက်မှုများရှိလျှင် လူတိုင်းခံစားရပေမည်” ဟု ဆိုသည်။

၆။ ဘုရားသခင်၏အလိုတော်ကိုသိရှိရန် လောက၏ပုံသဏ္ဍာန်ကိုမဆောင် ဘဲ ဘုရားသခင်ထံ၌ အသက်တာကို ပေးအပ်ရမည်။

“ညီအစ်ကိုတို့ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သောလက္ခဏာနှင့်ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည် အကြောင်း၊ ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍ သင် တို့ကို ငါတိုက်တွန်းနိူးဆော်ပေ၏။ သင်တို့သည် လောကီပုံသ ဏ္ဍာန်ကိုမဆောင်ကြနှင့်။ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ် သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလို တော်ရှိသောအရာတို့သည် အဘယ်အရာဖြစ်သည်ကို သင်နိူင် မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍၊ ပုံသဏ္ဍာန်ပြောင်း လဲခြင်းသို့ရောက်ကြလော့။” ( ရောမ ၁၂း ၁၊ ၂ ) )

“ပြန်လည်သစ်လွင်စေသောစိတ်နှလုံးသည် ဘုရားသခင်၏ နှုတ်ကပါတ် တော်ကပြည့်၀စေပြီး ထိန်းချုပ်ထားသော စိတ်နှလုံးပင်ဖြစ်ပါသည်။” (MacArthur Study Bible ၊ ရောမ ၁၂း ၂ မှတ်စုငယ် )


အားလုံးမတ်တပ်ထပြီး သင်တို့ကိုင်သောသီချင်းစာရွက်ထဲက နံပါတ် ၄ ကို သီဆိုကြ ပါစို့။

နှုတ်ကပါတ်အလင်းတွင်၊ ယေရှုနှင့်လျှောက်သွားစဉ်
   ငါတို့လမ်း ထွန်းလင်းစေတော်မူသည်။
အလိုတော်ကို လိုက်လျှင်၊ အတူသွားမည်အစဉ်၊
   ကိုးစား၍ နားထောင်လျက်နေရမည်။
ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့၊
   ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။

သို့သော်လည်း ငါတို့၌၊ ရှိသမျှသောအရာ၊
   ကိုယ်တော်လက်သို့အပ်ထားကြရမည်။
ကိုယ်ကိုမအပ်နှံလျှင်၊ ဆုကျေးဇူးတော်အများ၊
   ငါတို့အလျင်း မခံစားနိူင်ကြ။
ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့၊
   ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။

ငါတို့သည် ယေရှုနှင့်မိဿဟာရဖွဲ့လျှင်၊
   ကိုယ်တော်နှင့်အတူ သွားလာကြမည်။
မိန့်တော်မူသည့်အတိုင်း၊ သွားလာဆောင်ရွက်ပါမည်၊
   မကြောက်ဘဲ ကိုးစားလျက် နားထောင်မည်။
ကိုးစားနားထောင်၊ ခြားသောလမ်းရှာမတွေ့၊
   ယေရှု၌ ချမ်းသာရအောင်၊ ကိုးစားနားထောင်ရလေ။
(“ကိုးစားနားထောင်ကျူး”၊ John H. Sammis, ၁၈၄၆-၁၉၁၉).

အားလုံးမတ်တပ်ရပ်နေကြပါ။

ရောမ ၁၀း ၁၆ တွင် တမန်တော်ရှင်ပေါလုက “သူတို့သည် ဧဝံဂေလိတရားကို နာခံ မှုမရှိကြပါ” ဟု ဆိုထားပါသည်။ ဒေါက်တာ Martyn Lloyd-Jones က “ရှင်ပေါလုက အဘယ် သို့ချထားသည်ကို သတိပြုပါ။ သူတို့သည် ဧဝံဂေလိတရားကို မယုံကြည်ကြဟု မဆို။ နာခံမှု မရှိကြ ဟုသာဆိုသည်။ ဧဝံဂေလိတရားသည် တုန့်ပြန်မှုကို အစဉ်လိုလားသည်။လုပ်ဆောင်မှု ကို တောင်းဆိုသည်။ နာခံမှုကို တောင်းဆိုသည်။ ဧဝံဂေလိတရားဟူသည်မှာ လူတစ်ဦး၏ဘ၀ တစ်ခုလုံးကို ထိရောက်စေသည်ဟု ဆိုလိုပေသည်။ တစ်ဦးတစ်ယောက်၏ထင်မြင်သုံးသပ် ချက်တစ်ခုလုံးကို အုပ်စိုးသည် ဘ၀၏အချက်အချာကျသောအရာကို ထိန်းချုပ်ထားသည်ဟု ဆိုလိုပေသည်။၎င်းမှာ နာခံခြင်းဟူသောစကားလုံးတွင် ဆိုလိုသည့်အချက်ပင်ဖြစ်ပါသည်။ နာခံခြင်းဟူသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ အကြောင်းမှာ အပြစ်တရား၏ ပကတိ အကြောင်းတရားမှာ ဘုရားသခင်အား နာမခံခြင်းပင်ဖြစ်သည်” ဟုဆိုသည်။ ( “ဘုရားသခင် ၏ဧဝံဂေလိတရားနှင့်နာခံခြင်း” )

ခရစ်တော်က သင့်အပြစ်များကို နောင်တရပြီး သူ့ထံပြန်လာရန် သင့်အား ခေါ်နေ သည်။ သင့်အပြစ်အလုံးစုံကို ပေးဆပ်ရန် သူသည် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူ သည်။ သင်သည် ဧဝံဂေလိတရားကို နာခံရန် ခေါ်လျက်နေသည်။ နာခံမှုအားဖြင့် သူ့စကား ကို နားထောင်ပြီး ပြန်လာရန် ခေါ်လျက်နေသည်။ သူ့ထံသို့လာရန် ငြင်းဆိုလျှင် သင်သည် သူ၏အမိန့်တော်ကို နာမခံခြင်းပင်ဖြစ်ပါသည်။ သင်သည် မိမိကိုယ်ကို ခရစ်တော်အပေါ်သို့ တင်ဆောင်ရန် လိုအပ်ပါသည်။ “၎င်းသည် ဧဝံဂေလိတရားကို နာခံခြင်းပင်ဖြစ်သည်။ ၎င်း သည် သင့်အား ခရစ်ယာန်တစ်ယောက်ဖြစ်စေသောအရာလည်းဖြစ်ပါသည်။” (Lloyd-Jones, ၎င်း ) စစ်မှန်သောကယ်တင်ခြင်းတရားတွင် ဧဝံဂေလိတရားနာခံခြင်းအကြောင်းကို ကျွန်ုပ်တို့ နှင့်ဆွေးနွေးလိုလျှင် ဒေါက်တာ Cagan နှင့် Noah Song နှင့် John Cagan နောက်သို့လိုက် ၍ စုံစမ်းရာအခန်းသို့သွားပါ။ မျက်စိအစုံမှိတ်လျက် နောက်သို့ယခုလိုက်သွားပါ။ သူတို့က အတူတကွဆွေးနွေးပြီး ဆုတောင်းနိူင်သည် စုံစမ်းရာအခန်းတွင် သင့်အား ခေါ်ဆောင်သွားပေ လိမ့်မည်။ အာမင်။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။
ယာကုပ် ၁း ၂၁- ၂၅။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ကိုးစားနားထောင်"၊ (John H. Sammis, ၁၈၄၆-၁၉၁၉) ရေးစပ်သည်။


အခှပှေုကမြွး

ဘုရားသခင်၏အလိုတော်ကိုသိနိူင်သောနည်းလမ်းအကျဉ်း

HOW TO KNOW THE WILL OF GOD

Dr. R. L. Hymers, Jr.

“ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပါတ်တရားကို နာရုံမျှသာပြု သောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” ( ယာကုပ် ၁း ၂၂ ) )

( ဆာလံ ၁၁၉း ၁၀၅၊ သုတ္တံ ၆း ၂၂ ) )

၁။ ပထမအချက်၊ ဘုရားသခင်အလိုတော်အကြောင်းနှင့်ပါတ်သတ်ပြီး ကိုယ်ကို လှည့်ဖြားသောသူများအကြောင်းကို အခြေပြုကျမ်းက မိန့်ဆိုသည်။
ဗျာဒိတ် ၂၀း ၃၊ ၁၂း ၉၊ ၁ပေ ၅း ၈၊ သုတ္တံ ၁၃း ၂၀၊ ၂ တိ ၃း ၁၃၊ သုတ္တံ ၂၈း ၂၆၊ ၃း ၅။

၂။ ဒုတိယအချက်။ အခြေပြုကျမ်းက ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် ရှာတွေ့သောသူများအကြောင်းကို ပြောဆိုသည်။
ယာကုပ် ၁း ၂၁၊ ၄း ၄၊ သုတ္တံ ၂၈း ၂၆၊ ယေရမိ ၁၇း ၉၊ ယောဟန် ၁၇း ၁၇၊ သုတ္တံ၂၈း၁၃၊ ၁၄၊ ၁၅း ၅၊ ၁၃း ၁၊ ဟေဗြဲ ၁၃း ၁၇၊ ရောမ ၁၂း ၁၊ ၂၊ ရောမ ၁၀း ၁၆။