Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အပြစ်ငရဲမှ အဘယ်သို့လွတ်နိူင်ကြမည်နည်း။

HOW CAN YOU ESCAPE
THE DAMNATION OF HELL?
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
မေလ ( ၈ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 8, 2016

“အပြစ်ငရဲမှအဘယ်သို့လွတ်နိူင်ကြမည်နည်း။” (မဿဲ ၂၃း ၃၃) )


ကျွန်ုပ်သည် ခရစ်ယာန်မိသားစုတွင် ကြီးပြင်းလာသည်မဟုတ်။ ကလေးဘဝတွင် ကစ်သိုလစ်ဘုရားကျောင်းသို့ ကိုယ့်အသိစိတ်နှင့်ကိုယ်သွားခဲ့သည်။ သို့သော် အသက်ဆယ့် သုံးနှစ်အရွယ်တွင် အိမ်နီးချင်းတစ်ယောက်က နှစ်ခြင်းဘုရားကျောင်းသို့ ခေါ်သွားခဲ့သည်။ ၎င်းသည် လွန်ခဲ့သော ၁၉၅၄ ခုနှစ်ကပါ။ နာမည်ကြီးသောတရားဟောဆရာက ငရဲအ ကြောင်းကို ပြောခဲ့သည်။ဒေါက်တာ W. A. Criswell ၊ ဒေါက်တာ R. G. Lee နှင့် Billy Graham ကဲ့သို့သော ငယ်စဉ်အခါက တောင်းပိုင်းနှစ်ခြင်းတရားဟောဆရာကြီးများစွာတို့ သည် ထာဝရငရဲ၌ ဒုက္ခဝေဒနာခံရမည့်အကြောင်း တရားဒေသနာများကို ဟောပြောခဲ့ကြပါ သည်။

လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်ကဖြစ်ပါသည်။ ယနေ့တွင် ခိုင်မာသောတရား ဒေ သနာ၊ ငရဲအကြောင်းသတိပေးထားသည့် တရားဒေသနာရှိမရှိကို ကျွန်ုပ်မသိတော့ပါ။ တ ကယ်တော့ ထိုအကြောင်းကို ဟောပြောဖို့ အလွန်ပင် ခဲယဉ်းလွန်းလှပါသည်။ ထိုအရာကို တရားဒေသနာဟု ခေါ်ပါသည်။ သို့သော် သူတို့သည် အမှားမှား၊ အယွင်းယွင်း လုပ်ဆောင် နေကြပါသည်။ သူတို့လုပ်ဆောင်သောအရာမှာ “ရှင်းပြတရားဟောချက်” ဟုခေါ်သော အ နည်းငယ် သင်ကြားပေးခြင်းသာဖြစ်ပါသည်။ ရှင်းပြတရားဟောချက်ဖြစ်သော်လည်း တရား ဒေသနာတော့မဟုတ်ပါ။ သူတို့၏အသံတွင် စိတ်ခံစားချက် သို့မဟုတ် သနားခြင်းမရှိပါ။ ကျမ်း ပိုဒ်တစ်ပိုဒ်ပြီးတစ်ပိုဒ် ရှင်းပြလျက် စကားပြောသည့်အသံဖြင့်သာ တရားဟောသည်။ ကောင်း ကင္အကြောင်း အလေးအနက်ထားဟောပြောသည့် တရားဒေသနာလည်း မကြားဖူးပါ။ ရန် ငြိမ်းခြင်း၊ ကားတိုင်၊ အသွေးတော်၊ သို့မဟုတ် ခံယူချက်အကြောင်းတရားဟောချက်လည်း မ ကြားဖူးပါ။ယနေ့ခေတ်တွင် ခေါင်းပါးသောတရားဟောချက်များဖြစ်ပါသည်။ သင်တို့၏မျိုးဆက် များကလည်း အားပြင်းသော၊ စိတ်ဆန္ဒပြင်းပြသောတရားဟောချက်များကို သင့်ဝိညာဉ်အ တွက် ထာဝရကံကြမ္မာအတွက် စိတ်အားထက်သန်သော လူတို့ထံမှ အမှန်တကယ်ကြားသိရ မည်မဟုတ်ပါ။

Robert Murray McCheyne သည် အူရောင်ရောဂါကြောင့် သေဆုံးသွားသည့်အခါ အသက် နှစ်ဆယ့်ကိုးနှစ်သာရှိသေးသည်။ သို့ရာတွင် သူသည် ထူးခြားပြောင်မြောက်သည့် တရားဟောဆရာတစ်ယောက်ဖြစ်ခဲ့ပါသည်။ သူသည် ၁၈၄၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ သော်လည်း သူ၏တရားဟောခြင်းအကြောင်းကို ယနေ့တိုင်အောင် လူတို့၏ပစပ်ဖျား၌ ရေပန်း စားလျက်နေသေးသည်။ သူသည် အသက် ၂၃ နှစ်အရွယ်တွင် စတင်တရားဟောပြောပြီး အသက် ၂၉ နှစ်တွင် ကွယ်လွန်သွားခဲ့သည်။ သူ့ကို အဘယ့်ကြောင့် သတိရလျက်နေကြ သေးသနည်း။ သူသည် ခြောက်နှစ်တာကာလသာ တရားဟောခဲ့ရသော်လည်း Robert McCheyne ကဲ့သို့ အဘယ်တရားဟောဆရာမျှ မိမိတို့မျိုးဆက်အပေါ် လွှမ်းမိုးနိူင်မှုမရှိပေ။ အင်္ဂလိပ်ဘာသာစကားပြောသည့် တရားဟောဆရာတိုင်းက သူ၏နာမည်ကို သိကြသည်။ အ ဘယ့်ကြောင့်ဆိုသော် သူသည် မိမိအသင်းတော်၌ နိူးထမှုကြီးဖြစ်အောင် ဘုရားသခင်က ဝိညာဉ်တော်လှိုင်းလုံးကို စေလွှတ်တော်မူခဲ့ပါသည်။ သူ၏လှို့ဝှက်ချက်ကား အဘယ်နည်း။ ဤသူငယ်သည် အလွန်ပင် ဆုတောင်းအားသန်သည့်သူ ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အပေါ် အမှီတဟဲပြုသောသူလည်း ဖြစ်ပါသည်။ သူက “အပြစ်သားသန့်ရှင်း ဖြူစင်နိူင်သည်အတိုင်း သန့်ရှင်းစေတော်မူပါ” ဟု ဆုတောင်းတော်မူခဲ့သည်။ သူစကားပြော သည်ကို ကြားရသော ဧဝံဂေလိဆရာတစ်ယောက်က “သူသည် ၎င်း၏နှဖူးတွင် တဆိပ်ခတ် ထားသည့် အနန္တကာလအကြောင်းကို သူဟောပြောသည်။ ကျွန်ုပ်သည် အရမ်းတုန်လှုပ် သည်၊ ဘုရားသခင်သည် ထိုသို့အလွန်နီးသည်ဟု လုံးဝမခံစားခဲ့ရဖူးပါ” ဟု ဆိုသည်။

ကျွန်ုပ်၏ဆုတောင်းချက်မှာ ယနေ့ခေတ်တွင် Robert Murray McCheyne ကဲ့သို့ပင် “နှဖူးပေါ်တွင်ရိုက်ထားသောအနန္တကာလအကြောင်းကို” ဟောပြောမည့်လူငယ်များ ဘုရားသ ခင် ပေါ်ထွန်းစေဖို့ ဆုတောင်းထားပါသည်။ ယနေ့နံနက်တွင် “ထာဝရပြစ်ဒဏ်” ဟူသော McCheyne ၏ တရားဒေသနာထဲက ကောက်နှုတ်ပြီး ဟောကြားမည်ဖြစ်ပါသည်။ ထိုအရာ သည် သင်တို့အား ယေရှုခရစ်ကို ယုံကြည်ကိုးစားလျက် ကျရောက်လာမည့်အမျက်တော်မှ လွတ်မြောက်စေတော်မူပါစေသော်။

ကျွန်ုပ်သည် ဤတရားဒေသနာတွင် McCheyne အသုံးပြုသောကျမ်းပိုဒ်နှင့်လုံးဝမတူ သည့် ကျမ်းပိုဒ်ကို အသုံးပြုထားပါသည်။ သို့သော် တူညီသော သတင်းစကားရှိကြပါသည်။

“အပြစ်ငရဲမှ အဘယ်သို့လွတ်နိူင်ကြမည်နည်း။” ( ( မဿဲ ၂၃း ၃၃ )

ဤကျမ်းပိုဒ်ကို ခရစ်တော်က ဖာရိရှဲများအား ဆန့်ကျင်ဟောပြောသည့် တရားဒေသနာထဲက ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။ သူတို့သည် သခင်ဘုရား၏လက်ထက်တွင် သမ္မာကျမ်းစာ သင်ပေးသူများဖြစ်ကြပါသည်။ ခရစ်တော်က သူတို့အား လှို့ဝှက်သောသူများ ဟုခေါ်သည်။ (၂၃း ၁၄ ) “မိုက်မဲသူ၊ နှင့်မျက်စိကန်းသူများ” ဟု လည်းခေါ်သည်။ ( ၂၃း ၁၇ )ခရစ်တော်က “မြေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိူင်ကြမည်နည်း” ဟု မိန့်တော်မူ ခဲ့သည်။

၁။ ပထမအချက်၊ ငရဲအကြောင်းပြောသည့် သမ္မာကျမ်းစာထဲက လူတို့ကို နား ထောင်ပါ။

ဒါဝိဒ်သည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်သည်။ သူသည် လူနှင့်ဘု ရားကို ချစ်ခင်စုံမက်သောသူဖြစ်သည်။ ခရစ်တော်ကို ကိုးစားရန် ငြင်းဆန်သောသူတို့အား ငရဲ အကြောင်း သူပြောဆိုသည်အချက်ကို နားထောင်ပါ။ ဒါဝိဒ်က ဤသို့ဆိုသည်။

“မတရားသောသူတို့နှင့်ဘုရားသခင်ကိုမေ့လျော့သောအမျိုးသားအပေါင်းတို့သည် မရဏာနိူင်ငံသို့နှင်ခြင်းကို ခံရကြမည်။” ( ဆာလံ ၉း ၁၇ ) )

ဒါဝိဒ်က ဤသို့ဆက်ဆိုသည်။

“မတရားသောသူတို့အပေါ်မှာ တောက်သောမီးခဲ၊ ကန့်နှင့်ရော သောမီးလျှံ၊ ပူလောင်သောမုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့ သောက်စရာဘို့ စီရင်တော်မူ၏။” ( ဆာလံ ၁၁း ၆ ) )

တမန်တော်ရှင်ပေါလုသည် ခရစ်တော်၏မေတ္တာနှင့်ပြည့်လျက်လျှံလျက်ရှိသည်။ သူ သည် အပြစ်သားများကို အလွန်ချစ်သောသူဖြစ်သည်။ ပေါလုက “ငရဲ”ဟူသောစကားလုံးကို သုံးနှုန်းထားခြင်းမရှိပါ။ သူအတွက် ထိုစကားလုံးကိုဖော်ပြရန် အလွန်ပင်ကြောက်မက်ဖွယ် ကောင်းနေဟန်တူပါသည်။ သို့သော် သူ၏စကားကို နားထောင်ကြပါစို့။

“သခင်ယေရှုသည် ဘုန်းတန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အ တူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိ သောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင် သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ ကိုဆင်းရဲစေဘူးသောသူတို့၌ ဆင်းရဲခြင်းကို၎င်း၊ ဆင်းရဲခံရဘူး သောသင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကို၎င်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။” ( ၂ သက် ၁း ၇- ၉) )

ခရစ်တော်ချစ်သောတပည့်တော် ယောဟန်သည် မေတ္တာနှင့်ပြည့်သောသူဖြစ်သည်။ သို့သော် ငရဲအကြောင်းကို ပြောပြသည်။ သူသည် ငရဲကို “အနက်ဆုံးသောတွင်း” ဟု ခုနှစ် ကြိမ်သမုတ်ခဲ့သည်။ ပျောက်ဆုံးသောအပြစ်သားများထာဝရစိုးစံရာနေရာဖြစ်ကြောင်း ပြောပြ သည်။ ယောဟန်သည် ငရဲကို “မီးအိုင်” ဟုလည်းခေါ်သည်။ (ဗျာဒိတ် ၂၀း ၁၄ ) “ငရဲ” ဟူ၍ သမ္မာကျမ်းစာထဲတွင် မကြာခဏခေါ်လေ့ရှိပါသည်။ သို့သော် “မီးအိုင်”ဟု ခေါ်ရန် ယောဟန် အတွက် ချန်ထားပေးပါသည်။

သခင်ယေရှုကိုယ်တော်တိုင်ဖြစ်သည်။ သူသည် ဘုရားသခင်ထံကလာသည်။ “ဘုရား သခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်။” သူ၏သာသနာလုပ်ငန်းက အပြစ်သားများအ ပေါ် သူ၏မေတ္တာကို ပြသသည်။ သို့သော် သူသည် ငရဲအကြောင်းကို ပြောသည်။ သခင်ခရစ် တော်ပြောသောစကားကို နားထောင်ကြပါစို့။

“မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှအဘယ်သို့ လွတ်နိူင် ကြမည်နည်း။” ( မဿဲ ၂၃း ၃၃ ) )

တဖန် ခရစ်တော်က ဤသို့ဆိုသည်။

“ထာဝရမီးထဲသို့ ငါ့ထံမှ ခွါသွားကြလော့။” ( မဿဲ ၂၅း ၄၁ ) )

တဖန်၊ ခရစ်တော်က ဤသို့ဆိုသည်။

“မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။” ( မာကု ၁၆း ၁၆ ) )

ယေရှု၏နှုတ်မှထွက်လာသောစကားထက် ပို၍ရှင်းလင်းသောစကားရှိပါသေးသလား။

၂။ ဒုတိယအချက်၊ ဒါဝဒ်၊ ပေါလု၊ ယောဟန်နှင့်ယေရှုတို့က ငရဲအကြောင်း ကို အဘယ့်ကြောင့် ရှင်းလင်းစွာ ပြောဆိုခဲ့ကြသနည်း။

ဤသည်မှာ မှန်ကန်သောကြောင့်ဖြစ်သည်။ ယေရှုက “ထိုသို့မဟုတ်လျှင်၊ မဟုတ် ကြောင်းကို ငါပြောမည်” ဟု မိန့်တော်မူသည်။ယေရှုသည် မြေကြီးပေါ်သို့လာသောအခါ မေတ္တာကို ယူဆောင်လျက်လာသည်။ ယေရှုသည် ပျောက်ဆုံးသောအပြစ်သားများအား သတိပေးထားသည်မှာ ထိုမေတ္တာထဲကပင်ဖြစ်ပါသည်။ သူတို့သည် အပြစ်ငရဲထဲကလွတ်ဖို့ ၎င်းတို့၏အပြစ်ထဲက ကယ်တင်ရန်ကြွလာတော်မူရန်လာကြောင်းပျောက်ဆုံးသောအပြစ်သား များအား မိန့်ဆိုသည်မှာလည်း ထိုမေတ္တာထဲကပင်ဖြစ်ပါသည်။ တရားဟောသူများသည် ထို နည်းအတိုင်းပင် လုပ်ကြရမည်။ မှန်သောနည်းလမ်းဖြစ်သည်။ အလွန်ပင် မှန်ကန်မှုရှိပါသည်။ မှန်ကန်ပေသည်။

လူတစ်ယောက်က “ငါမယုံနိူင်ဘူး” ဟု ပြောနိူင်ပါသည်။ ထိုအရာက အဘယ်သို့ အ ပြောင်းအလဲလုပ်နိူင်မည်နည်း။ Harry Truman ဆိုသူ အသက်ကြီးသူတစ်ဦးက Helens တောင်သည် မီးတောင်အဖြစ်ပေါက်ကွဲနိူင်မည်ကို အယုံအကြည်မရှိခဲ့။ လူတိုင်းက ယုံကြည် သဖြင့် ထိုနေရာကို စွန့်ခွါသွားကြသည်။ သို့သော် Truman က “ငါမယုံဘူး” ဟုဆိုသည်။ တောင်ကြီးရဲ့နံဘေးရှိ သူ့အိမ်တွင် နေမြဲနေလေသည်။ သူ၏မယုံကြည်မှုက သူ့ကို ကယ် တင်ပါသလား။ မကယ်တင်ပါ။ မီးတောင်ပေါက်ကွဲလာသောအခါ သူ့ကိုမှုထုတ်ပြီး သူ၏နေ အိမ်လေးသည်လည်း ပျက်စီးသွားသည်။ သူ၏မယုံကြည်ခြင်းက သူ့ကိုမကယ်တင်နိူင်သကဲ့ သို့ သင်၏မယုံကြည်ခြင်းကလည်း ငရဲမီးအိုင်ထဲက သင့်ကို ကယ်တင်လိမ့်မည်မဟုတ်။ မှန် သောစကားပင်ဖြစ်သည်။ မှန်သောစကားပင်ဖြစ်သည်။ မှန်သောစကားပင်ဖြစ်သည်။

ဒါဝိဒ်၊ ပေါလု၊ ယောဟန်နှင့်ယေရှုတို့က ငရဲအကြောင်းပြောကြရသည့် အခြားအ ကြောင်းရင်းတစ်ခုမှာ သူတို့သည် အပြစ်သားများအပေါ် ကြီးမားသည့်မေတ္တာကို ပိုင်ဆိုင်ထား ကြပါသည်။ ကျွန်ုပ်တို့၏မိတ်ဆွေကောင်းများ၊ အသင်းတော်ရှိအရင်းနှီးဆုံးမိတ်ဆွေများက သမ္မာတရားအကြောင်းကိုပြောကြသည်။ ယေရှုသည် သင်၌ရှိဖူးသောမိတ်ဆွေများထဲတွင် အကောင်းဆုံးဖြစ်ပေမည်။ ဓမ္မသီချင်းက ထိုအရာကို ကောင်းစွာပြောပါသည်။ “ငါတို့ပြစ်နှင့် ဝမ်းနည်းခြင်းများ၊ ခံရန်မိတ်ဆွေယေရှုရှိ” ဟု ဆိုပါသည်။ ယေရှုသည် မိတ်ဆွေအားလုံးတွင် အကောင်းဆုံးဖြစ်ပါသည်။ “အပြစ်ငရဲမှအဘယ်သို့လွတ်နိူင်မည်နည်း” ဟူသည်မှာ သင့်၏ မိတ်ဆွေယေရှု၏စကားပင်ဖြစ်ပါသည်။ (မဿဲ ၂၃း ၃၃ )

Robert McCheyne က “မနေ့က ကွင်းပြင်တွင် လမ်းလျှောက်သွားနေသကဲ့သို့ ကြီး မားသည့်တန်ခိုးဖြင့် အတွေးပေါ်လာပါသည်။ ငါတရားဟောသောလူတိုင်းသည် ကောင်းကင် သို့မဟုတ် ငရဲသို့စေလွှတ်ခြင်းခံရပေမည်” ဟု ဆိုပါသည်။ ထို့ကြောင့် ငါသည် သင်တို့ကို သတိပေးထားရမည်။ ငါသည် သင်တို့အား ငရဲအကြောင်းကို ပြောပြရမည်။ မှန်ကန်ပြီးသစ္စာ ရှိသောတရားဟောသူတိုင်းကဲ့သို့ လုပ်ဆောင်ရပါမည်။ ငရဲအကြောင်း လုံးဝမဟောပြောဖူး သောသင်းအုပ်သည် ကောင်းသောသူမဟုတ်။ ငရဲအကြောင်းမဟောပြောဖူးသောတရားဟော ဆရာကို မကိုးစားပါနှင့်။ သူသည် ထိုသို့မဟောပြောလျှင် သင့်၏စိတ်ဝိညာဉ်ကို အလေးမ ထားသောကြောင့်ပင်ဖြစ်သည်။ ယေရှုက “အပြစ်ငရဲမှ အဘယ်သို့လွတ်နိူင်ကြမည်နည်း” (မ ဿဲ ၂၃း ၃၃ ) ဟု ရှင်းရှင်းလင်းလင်း မိန့်တော်မူသည်။

၃။ တတိယအချက်။ သမ္မာကျမ်းစာထဲရှိငရဲသည် ထာဝရကာလဖြစ်သည်။

ယေဟောဝါတို့၏သက်သေများက ငရဲသည် ထာဝရကာလမဟုတ်ဟု ဆိုကြသည်။ သူတို့ကို သင်ယုံကြည်ပါသလား။ အဆိုတော် “Prince” သည် လွန်ခဲ့သောအနည်းငယ်က ဆုံး သွားသည်။ သူသည် ယေဟောဝါသက်သေခံအသင်းတော်ကဖြစ်သည်။ သူသည် အေအိုင်ဒီ အက်စ်ကိုရရှိသောအခါ ဆေးမစားရန် သူ့ကိုပြောကြသည်။ ထို့ကြောင့် သူသည် သေပြီးငရဲ သို့သွားခဲ့သည်။ သူသည် ဆိုးသွင်းမှားယွင်းသောသူတို့၏သွန်သင်ချက်ကို ယုံကြည်ထားသ ဖြင့် သေသွားသည်။

Rob Bell သည် လီဗရယ်၊ သမ္မာကျမ်းစာကို ငြင်းဆိုသော Fuller ဓမ္မတက္ကသိုလ် ကျောင်းဆင်းတစ်ယောက်ဖြစ်သည်။ Bell က ငရဲသည် ထာဝရကာလမဟုတ်ဟုဆိုသည်။ သင်ယုံကြည်နိူင်သလား။ ကျမ်းစာထဲတွင် အမှားအယွင်းရှိသည်ဟုဆိုသေးသည်။ ခရစ်တော် သည် ငရဲအကြောင်းကိုဟောပြောသည့်အခါ မှားယွင်းမှုရှိသည်ဟု ဆိုသောသူသည် လူလိမ် လူညာ သို့မဟုတ် မှားယွင်းသောဆရာသာဖြစ်ပေမည်။ သန်းပေါင်းများစွာသောသူတို့သည် ဤမှားယွင်းသောဆရာများ၊ မှားယွင်းသောခေါင်းဆောင်များထံမှ နှိမ့်သိမ့်မှုကို ရယူကြသည်။ သို့သော် မှားယွင်းသောနှိမ့်သိမ့်စကားသာဖြစ်သည်။ ဘုရားသခင်၏သားတော် ယေရှုက “မီး မငြိမ်းသောအရပ်” ဟုခေါ်သည်။ (မာကု ၉း ၄၄ ) ယေရှုခရစ်က မာကု အခန်းကြီးကိုးတွင် “ပိုးမသေမီးမငြိမ်း”၊ “ပိုးမသေမီးမငြိမ်း”၊ “ပိုးမသေမီးမငြိမ်း”ဟု သုံးကြိမ်တိုင်တိုင်ဆိုထားသည်။ ၎င်းမှာ ယေရှုခရစ်က မာကု အခန်းကြီးကိုးတွင် မိန့်မူသောစကားဖြစ်သည်။ တမန်တော်ရှင် ယောဟန်က “ညင်းဆဲခြင်း၏မီးလျှံသည် ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏” (ဗျာ ၁၄း ၁၁ ) ဟု ဆိုထားသည်။ ယေရှုကိုယ်တိုင်ကလည်း “သူတို့သည် ထာဝရပြစ်ဒဏ်ခံရာသို့ သွားရကြ လတံ့” ဟု မိန့်တော်မူသည်။ ( မဿဲ ၂၅း ၄၆ )

၄။ စတုတ္ထအချက်၊ အပြစ်ငရဲမှ အဘယ်သို့လွတ်နိူင်ကြမည်နည်း။

ယေရှုက ကျွန်ုပ်တို့အသုံးပြုထားသောကျမ်းပိုဒ်ထဲတွင် “သင်တို့သည် အပြစ်ငရဲမှ အ ဘယ်သို့လွတ်နိူင်ကြမည်နည်း” ဟု မိန့်တော်မူပါသည်။ ( မဿဲ ၂၃း ၃၃ )

သင်သည် အသင်းတော်တို့ပြန်လာရန် ငြင်းဆန်ခြင်းအာဖြင့် အပြစ်ငရဲမှလွတ်မြောက် နိူင်မည်မဟုတ်ပါ။ လူတစ်ယောက်က “ကျွန်ုပ်သည် ဒေါက်တာ Hymers တရားဟောသည်ကို နားထောင်ရန်ပြန်သွားမည်မဟုတ်။ ငါ့ကို အလန့်တကြားဖြစ်စေသည်။ ထိုအသင်းတော်ကို ဘယ်တော့မှသွားမည်မဟုတ်” ဟု ပြောကောင်းပြောပေမည်။ ထိုသို့ပြောသော လူငယ်ရှိ ကောင်းရှိမည်ဟု ကျွန်ုပ်ထင်မိသည်။ သင့်ကိုလိမ်လည်တာထက် ဘေးအန္တရယ်ထဲကျရောက် မည်ကို စိုးရိမ်မိသည်။ ငရဲအကြောင်းနှင့်ပါတ်သက်ပြီး သမ္မာကျမ်းစာထဲကအချက်အလက်များ စွာကို သင်တို့အား ပေးထားပါသည်။ လူငယ်တရားဟောဆရာ Robert McCheyne ၏ တွေး တောဆင်ခြင်သောအချက်များကိုလည်း သင်တို့အား ပေးထားပါသည်။ သူ့ကို လူများက “လူ ငယ်တရားဟောဆရာ” ဟု ခေါ်ကြသည်။ သူသည် ခြောက်နှစ်တာ အချိန်ကာလလေးသာ ဟောပြောခဲ့ရသော်လည်း အသက်ရှင်ခဲ့ဖူးသော ဖရင့်ဘက်တီးရီးယာန်းတရားဟောဆရာကြီး များထဲက တစ်ဦးအပါအဝင်ဖြစ်သည်ဟု သတ်မှတ်ကြသည်။ “သူက မိမိနှဖူးတွင်ကပ်ထား သော အနန္တကာလဖြင့် တရားဟောခဲ့သည်။” သင်သည် ကျွန်ုပ်ကို မနှစ်သက်သော်လည်း ကြီးမားပြီး ဘုရားချစ်သောထိုလူငယ်တရားဟောဆရာပြောသည့်အရာများကို ယုံကြည်ကြ မည်အကြောင်း ဆုတောင်းပါသည်။

ထို့နောက် တဖန်၊ နောင်တရပြီး ယေရှုကို ယုံကြည်ကိုးစားရန်ငြင်းဆန်လျက် တနင်္ဂ နွေတစ်ခုပြီးတစ်ခု ဤနေရာတွင် ထိုင်နေသော်လည်း သင်သည် အပြစ်ငရဲမှ လွတ်မြောက်နိူင် မည်မဟုတ်ပါ။ ဤနေရာတွင်ရောက်ရှိနေခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်ဟု ထင်မိ ပါသလား။ အသင်းတော်အား အလှူငွေပေးခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ရှိ မည်ဟု ထင်မိပါသလား။ သံစုံသီချင်းသီဆိုခြင်း၊ စာပွဲကို သန့်ရှင်းရေးလုပ်ခြင်း သို့မဟုတ် ကားကိုစောင့်ကြည့်ခြင်း၊ သို့မဟုတ် အသင်းတော်ရှိအခြားအရာများကို လုပ်ဆောင်ခြင်းအား ဖြင့် ကယ်တင်ခြင်းသို့ရောက်မည်ဟု ထင်ပါသလား။ ထိုသိုထင်မိလျှင် သင်သည် မာရ်နတ်၏ ဆွဲဆောင်ဖြားယောင်းမှုကိုခံနေရပြီဖြစ်သည်။ သင်သည် ဖြားယောင်းမှုကိုခံနေရကြောင်း သမ္မာကျမ်းစာက ဆိုထားသည်။ သမ္မာကျမ်းစာက “ကျေးဇူးတော်အားဖြင့် ကယ်တင်တော်မူ ခြင်းသို့ရောက်ရ၏။ ကိုယ့်ကုသိုလ်ကြောင့်ရောက်သည်မဟုတ်၊ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအကြောင်းမရှိ” (ဧဖက် ၂း ၈- ၉ ) ဟု လာသတည်း။ သမ္မာကျမ်းစာက “ငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲ မိမိသနားခြင်းကရုဏာတော်နှင့်အညီ…… ငါတို့ကိုကယ်တင်သောအရှင်ယေရှုခရစ်အားဖြင့် ငါ တို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာသွန်းလောင်းတော်မူ၏” ဟု ဆိုထားသည်။( တိတု ၃း ၅၊ ၆ )

သင်သည် မိမိအပြစ်ကိုသိမြင်ခြင်းမရှိဘဲ စုံစမ်းသည့်အခန်းထဲသို့ ထပ်ခါထပ်ခါလာ ခြင်းဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်မည်ဟု ထင်ပါသလား။ ယနေ့တွင် သင်တို့အများ သည် ငရဲကို ကြောက်ရွံ့တတ်သောကြောင့် ဤနေရာသို့ ရောက်လာကြသည်ကို ငါသိသည်။ လူတို့သည် ငရဲကိုကြောက်ကြသောကြောင့် ကယ်တင်တော်မူခြင်းသို့ မရောက်ကြသည်ကို သင်တို့တွေ့ရှိပြီးဖြစ်သည်။ ငါလည်း တစ်ဦးကိုမျှ မတွေ့ဖူးပါ။ လုံးဝမတွေ့ဖူးပါ။ အမှုတော်ထဲ ပါဝင်သည့် ၅၈ နှစ်တွင် တစ်ဦးကိုမျှ မတွေ့ဖူးပါ။ သင်သည် ငရဲကိုကြောက်သောကြောင့် စုံစမ်းရာအခန်းထဲသို့ ရောက်လာနိူင်ပါသည်။ သို့သော် ကယ်တင်ခြင်းသို့ ရောက်မည်မဟုတ် ပါ။

သင်သည် မိမိပြုသောအပြစ်ကို ဆင်ခြင်ရမည်။ ပြုမိသောအပြစ်သာမက သင့်စိတ်နှ လုံးတွင် ပြစ်မှားသောအပြစ်ကိုလည်း ဆင်ခြင်ရမည်။ သင်သည် အပြစ်နှင့်ပြည့်နေသောနှလုံး သား၊ ပုန်ကန်တတ်သော၊ ဆိုးသွင်းသောတွေးတောမှု၊ အတွင်းပိုင်းအပြစ်များကို မနှစ်မမြုတ် ဖြစ်ရပါမည်။ယေရှုသည် ငရဲကြောက်ရွံ့သောသူတို့ကို ကယ်တင်ဖို့ရန် ဤလောကသို့ကြွလာ တော်မူသည်မဟုတ်။ “အပြစ်ရှိသောသူတို့ကို ကယ်တင်ရန် ကြွလာတော်မူခြင်းဖြစ်ပါသည်။” အခြားနည်းလမ်းရှိပါသေးလား။ ( ၁ တိ ၁း ၁၅ )

သင့်အပြစ်ကြွေးကိုပေးဆပ်ရန် ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ တော်မူခဲ့သည်။ သင့်အပြစ်ကိုဆေးကြောရန် လက်ဝါးကပ်တိုင်၌ အသွေးတော်ကို သွန်း လောင်းတော်မူခဲ့သည်။ အပြစ်ကို အောင်နိူင်သောတန်ခိုးကိုပေးရန် ခရစ်တော်သည် သေခြင်း မှထမြောက်တော်မူပြီး ကောင်းကင်သို့တက်ကြွတော်မူခဲ့သည်။ ထိုအရာမှာ စုံစမ်းလေ့လာ သည့်အခန်းထဲသို့လာရန် အဓိကကျသောအကြောင်းတရားသာဖြစ်သည်။ သင့်ပြစ်မှားသော အပြစ်၊ သင်ပြစ်မှားသောအပြစ်၊ သင်ပြစ်မှားသောအပြစ်ဖြစ်ပါသည်။ နောင်တရပြီး ယေရှုကို ကိုးစားပါ။ အပြစ်တရားထဲက သင့်ကို ကယ်နှုတ်တော်မူမည်။ အားလုံးမတ်တပ်ရပ်ပြီး ဆာလံ ၁၃၉း ၂၃၊ ၂၄ ကို သီဆိုကြပါစို့။ သီချင်းစာရွက်တွင် နံပါတ် ၇ ဖြစ်ပါသည်။

“ငါ့ကိုစစ်ကြောမူပါ၊ ကိုယ်တော်ဘုရား၊ ငါ့စိတ်နှလုံးကို သိမှတ်ပါ၊
ကျွန်ုပ်ကြိုးစားသမျှနှင့်စဉ်းစားသမျှကို သိမှတ်တော်မူပါ။
ကျွန်ုပ်စိတ်နှလုံးကို သိမှတ်တော်မူပါ၊
ကျွန်ုပ်ကြိုးစားသမျှနှင့်စဉ်းစားသမျှကို သိမှတ်တော်မူပါ။
ကျွန်ုပ်အထဲ၌ရှိသမျှသော မကောင်းသောအမှုတို့ကို သိမြင်ပါ၊
ထာဝရနှင့်ဆိုင်သောလမ်းသို့ ပို့ဆောင်တော်မူပါ။”

အာမင်။ မျက်စိများမှိတ်လိုက်ပါ။ သင့်အပြစ်အကြောင်း၊ ယေရှု၏အသွေးတော်အားဖြင့် ထိုအ ပြစ်ဆေးကြောခြင်းခံရတော်မူကြောင်းကို ဆွေးနွေးသိလိုလျှင် ဒေါက်တာ Cagan ၊ John Cagan နှင့် Noah Song တို့နောက်သို့လိုက်၍ နောက်ဘက် ပရိသတ်ထိုင်ရာနေရာသို့ လိုက် သွားပါ။ သင့်အပြစ်အကြောင်း၊ ယေရှု၏အသွေးတော်ဖြင့် ထိုအသွေးတော်ဆေးကြောခြင်းခံရ တော်မူခြင်းအကြောင်း စသည်တို့ကို သေချာစွာ ဆွေးနွေးလျက် ဆုတောင်းနိူင်သည့်အခြား အခန်းဆီသို့ ခေါ်ဆောင်သွားကြပါလိမ့်မည်။ အာမင်။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ဗျာဒိတ် ၁၄း ၉- ၁၁
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ထာဝရကာလအဘယ်မှာသုံးမည်နည်း။"၊ (Elisha A. Hoffman, ၁၈၃၉-၁၉၂၉) ရေးစပ်သည်။
“ငါ့ကိုစစ်ကြောမူပါ။” (ဆာလံ ၁၃၉း ၂၃- ၂၄ ) )


အခှပှေုကမြွး

အပြစ်ငရဲမှအဘယ်သို့လွတ်နိူင်မည်နည်းအကျဉ်းချုပ်

HOW CAN YOU ESCAPE THE DAMNATION OF HELL?

Dr. R. L. Hymers, Jr.

“အပြစ်ငရဲမှ အဘယ်သို့လွတ်နိူင်မည်နည်း။”
( မဿဲ ၂၃း ၃၃ ) )

( မဿဲ ၂၃း ၁၄၊ ၁၇ ) )

၁။ ပထမအချက်၊ ငရဲအကြောင်းပြောသည့် သမ္မာကျမ်းစာထဲက လူတို့ကို နား ထောင်ပါ။ ဆာလံ ၉း ၁၇၊ ဆာလံ ၁၁း ၆၊ ၂ သက် ၁း ၇- ၉၊ ဗျာဒိတ် ၂၀း ၁၄၊ မဿဲ ၂၃း ၃၃၊ ၄၁၊ မာကု ၁၆း ၁၆။

၂။ ဒုတိယအချက်၊ ဒါဝဒ်၊ ပေါလု၊ ယောဟန်နှင့်ယေရှုတို့က ငရဲအကြောင်း ကို အဘယ့်ကြောင့် ရှင်းလင်းစွာ ပြောဆိုခဲ့ကြသနည်း။ မဿဲ ၂၃း ၃၃။

၃။ တတိယအချက်။ သမ္မာကျမ်းစာထဲရှိငရဲသည် ထာဝရကာလဖြစ်သည်။ မာကု ၉း ၄၄၊ ဗျာဒိတ် ၁၄း ၁၁၊ မာကု ၂၅း ၄၆။

၄။ စတုတ္ထအချက်၊ အပြစ်ငရဲမှ အဘယ်သို့လွတ်နိူင်ကြမည်နည်း။ ဧဖက် ၂း ၈၊ ၉၊ တိတု ၃း ၅၊ ၆၊ ၁ တိ ၁း ၁၅။