Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




တိုက်ခိုင်မှုများဖြင့် ပြည့်လျှံနေသောဘဝတစ်ခု

A LIFE OF CONFLICT
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဧပြီလ ( ၃ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr. ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 3, 2016

“အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူ တို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့ နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုး တရပြုသောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုး တို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆း ၁၂ ) )


ယနေ့နံနက်တွင် အချိန်နာရီကောင်းကို ဘုရားသခင်ပြင်ဆင်ပေးခဲ့သည်။ ကျွန်ုပ်တို့၏ အသင်းတော်သည် အသက်ရှင်ခြင်းသို့ တဖန်ရောက်လာကြသည်။ သို့ရာတွင် ထိုအချက်တွင် အလေးထားရမည့်အရာရှိသည်။ အလေးထားရမည့်အရာနှင့်ပျော်ရွှင်ကြည်နူးရမည့်အရာများ ကို ကြည့်ရှုတော်မူခြင်းမရှိလျှင် အောင်မြင်မှုကို မြင်တွေ့ရကြမည်မဟုတ်။

ဒေါက်တာ Henry M. Morris က “မျက်မြင်မရသောအရာကိုခြားနားသည့်ကုလား ကာသည် ဘုရားသခင်၏လူတို့ကိုဆန့်ကျင်လျက်ခင်းကျင်းထားသော အံ့ဩဘွယ်ဝိညာဉ်ရေး ရာတွန်းအား၏အလင်းတန်းလေးတစ်ခုကိုပေးရန် ဖွင့်ပေ။ထားသည်။ ဘုရားသခင်သည် ရေ တွက်မရနိူင်သောကောင်းကင်တမန်များကိုဖန်ဆင်းတော်မူခဲ့သည်။ (ဟေဗြဲ ၁၂း ၂၂ )ထိုအ ထဲ တွင် သုံးပုံတစ်ပုံသည် ဘုရားသခင်ကိုသော်လည်းကောင်း၊ ဘုရားသခင်၏လူများကိုသော် လည်းကောင်း ဆန့်ကျင်တိုက်ခိုက်သည့် ရှည်ကြာသောစစ်ပွဲတွင် စာတန်၏နောက်တော်သို့ လိုက်ကြသည်။(ဗျာဒိတ် ၁၂း ၄၊ ၇ ) ဤသို့သော နတ်ဆိုးများ၏တွန်းအားကို တန်ခိုးတော်နှင့် အာဏာစက်၏ဝါဒကြီးထဲသို့လည်းကောင်း၊ ဤလောက၏မှောင်မိုက်ကိုအစိုးရသောမင်း၏ လက်ထဲတွင်လည်းကောင်း ဖွဲ့စည်းထားပါသည်။” (Henry M. Morris, Ph.D., The New Defender’s Study Bible, Word Publishers, ၂၀၀၆၊ ဧဖက် ၆း ၁၂ မှတ်စု )

“အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူတို့ နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့် ၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြု သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုး တို့နှင့်၎င်း၊ ဆိုင် ပြိုင်တိုက်လှန်ရကြ၏။” ( (ဧဖက် ၆း ၁၂ ) )

ထိုကျမ်းပိုဒ်က ခရစ်ယာန်အသက်တာသည် တိုက်ပွဲများနှင့်ပြည့်နှက်နေကြောင်းကို ကျွန်ုပ်တို့အား ပြသသည်။ သို့ရာတွင် ခရစ်ယာန်များစွာတို့သည် ထိုအကြောင်းကို မေ့လျော့ နေကြသည်။ ကျွန်ုပ်တို့အသင်းတော်တွင်ရှိသောသူအချို့လည်း ပါဝင်ကြသည်။ ဒေါက်တာ Martyn Lloyd-Jones က “ခရစ်ယာန်အသက်တာကို တိုက်ပွဲတစ်ခုအဖြစ်၊ စစ်မြေပြင်တစ်ခု အဖြစ် မည်၍မည်မျှသိမြင်ကြရမည်နည်း။ ခရစ်ယာန်အသင်းတော်သည် ဤကြီးမားသည့် ဓမ္မသစ်မှန်ကန်မှုရှုထောင့်အမြင်ကို ဆုံးရှုံးကြသည်ဟု အကြံပြုလိုသည်။ ကျွန်ုပ်တို့အများစုက တိုက်ပွဲများနှင့်ပြည့်နှက်နေသောအသက်တာတစ်ခုအဖြစ် ခရစ်ယာန်အသက်တာ၏အဓိပ္ပါယ် ဆုံးရှုံးကြမည်ကို စိုးရိမ်မိသည်။ ကျွန်ုပ်တို့သည် တိုက်ခိုက်မှုမရှိလျှင် ရှုံးနိမ့်သွားပေမည်။ ရန်သူ၏အစာဖြစ်သွားလိမ့်မည်။” (Martyn Lloyd-Jones, The Miracle of Grace and Other Messages, Baker Book House, ၁၉၈၆၊ စာ- ၁၀၅၊ ၁၀၆ ) )

ပြောင်းလဲခြင်းဟူသည်မှာ ကျွန်ုပ်တို့အသက်တာတွင် မရှိမဖြစ်လိုအပ်သောအရာဖြစ် သည်ကို ကျွန်ုပ်တို့အလေးထားစဉ်းစားရမည်။ ပြောင်းလဲခြင်းနောက်တွင် ခရစ်ယာန်အသက် တာကို ဒေါက်တာ Lloyd-Jones က ပြောဆိုသကဲ့သို့ “လျှော့ချခြင်းနှင့်ဆိုင်သည့် အနုနည်းအ ခြေအနေတစ်ခု” အဖြစ် သိမြင်ကြသည်။ ( ၎င်း၊ စာ- ၁၀၅ ) သမ္မာတရားထဲက ထွက်သောအ ရာမရှိ။ ကျွန်ုပ်တို့အသုံးပြုထားသောကျမ်းပိုဒ်က ကျွန်ုပ်တို့သည် စာတန်နှင့်၎င်း၏အပေါင်းအ ပါနတ်ဆိုးများနှင့်ဆက်လက်ရုန်းကန်နေသည့်အခြေအနေတွင် ရှိနေကြရမည်အကြောင်း ဆိုပါ သည်။

ကျွန်ုပ်သည် လောကထဲကပြောင်းလဲလာသည်ဖြစ်၍ တခါတရံ အလွန်ဝမ်းမြောက်မိ သည်။ အသင်းတော်တွင်ကြီပြင်းလာသောလူငယ်များသည် ထိုအရာကို အလွယ်တကူရရှိကြ သည်။ အရာခပ်သိမ်းကို သူတို့အား ငွေလင်ပန်းဖြင့်ပေးထားသည်။ သူတို့သည် ရုန်းကန်ပြီး အ သင်းတော်တွင်တိုက်ခိုက်ရန်မလိုတော့ပါ။ကျွန်ုပ်သည် အသင်းတော်တွင် ကြီးထွားလာမည်ဆို လျှင် ကျွန်ုပ်၏အစောင့်ကို့ခွင့်မပြုနိူင်ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်သည် ကြောက်မက်ဖွယ် ရာတိုက်ပွဲတွင်ရှိနေကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်သည် ကိုယ်တိုင်၏တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အလွန်အားနည်းသည်ကိုလည်းကောင်း အစကတည်းက သိမြင်လိမ့်မည်မဟုတ် ပါ။ ထို့ကြောင့် “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့် ခပ်သိမ်းသောအ မှုတို့ကို ငါတတ်စွမ်းနိူင်၏” (ဖိလိပ္ပိ ၄း ၁၃ ) ဟူသောကျမ်းပိုဒ်သည် ကျွန်ုပ်ဘဝအသက်တာအ တွက် လိုအပ်သောကျမ်းပိုဒ်ဖြစ်လာသည်။ ဤကျမ်းပိုဒ်က ကျွန်ုပ်အားပြောဆိုသည်မှာ ဤဒုက္ခ၊ ဤတိုက်ပွဲ၊ စာတန်နှင့်တိုက်ခိုက်ရသောဤတိုက်ပွဲကို ကျော်ဖြတ်ဖို့ ကျွန်ုပ်တွင် ခွန် အားမရှိပါဟု အဓိပ္ပါယ်ရှိလာသည်။ တိုက်ခိုက်မှုတစ်ခုပြီးတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်နိူင်ရန်မှာ ခရစ်တော်ပေးသောခွန်အား အားဖြင့်သာဖြစ်ကြောင်း သိရသည်။ ကျွန်ုပ်သည် တိုက်ခိုက်မှုကို ဖွေရှာလျက်ရှိသည်ဟု လူတစ်ယောက်က ကျွန်ုပ်ကိုပြောသည်။ ထိုအချက်တော့ မမှန်ပါ။ ကျွန်ုပ်သည် အခြားတရားဟောသူများကဲ့သို့ ထွက်ပြေးရသူတော့မဟုတ်ပါ ဟူသောအချက် ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ မာရ်နတ်သည် အမှန်တကယ်တည်ရှိသည်။ ကျွန်ုပ်သည် လဲပြိုခါနီးအခြေအနေအထိ အားနည်းပြီး အကူအညီမဲ့သည့်အချိန်မနည်းပေ။ ထို သို့သောအချိန်တွင် “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိူင်၏”ဟူသော ကျမ်းပိုဒ်ကို အားနည်းသောယုံကြည်ခြင်းဖြင့် တိုးတိုး လေးရွတ်ဆိုလိုက်သည်။ ကျွန်ုပ်ကဲ့သို့ အားနည်းသောသူသာလျှင် ထိုကတိတော်၏တန်ဖိုးကို သိနိူင်မည်ဖြစ်သည်။

ကျွန်ုပ်ဘဝအကြောင်းကိုရေးသားဖို့ Leslie က တောင်းဆိုခဲ့သည်။ စာမျက်နှာပေါင်း ၁၅၀လောက်ရေးလိုက်သည်။ ဒါနှင့်ဆက်မရေးတော့ဘဲ ထားလိုက်သည်။ ထိုသို့သောစာအုပ် မျိုးကို အဘယ်သူမျှ စိတ်ဝင်တစားရှိမည်ဟု မထင်ပါ။ အကြောင်းမှာ ထိုစာအုပ်သည် တိုက် ခိုက်တွန်းလှန်မှုများနှင့်ပြည့်နေသည့်အကြောင်း၊ စစ်မြေပြင်၊ ရှုံးနိမ့်ခါနီးအချိန်ကာလအ ကြောင်း၊ တောက်ပမှုအနည်းငယ်သာရှိပြီး ရုန်းကန်မှုများဖြင့်ပြည့်နေသော အကြောင်းအရာ ပင်ဖြစ်သည်။ ကျွန်ုပ်တို့၏အသင်းတော်တွင် နိူးထမှုမရှိလျှင် ကျွန်ုပ်အဆုံးသတ်ရေးသားနိူင် မည်မဟုတ်ဟု ဘုရားသခင်ကိုပြောလိုက်သည်။ သို့မှသာ အဆုံးသတ်ကောင်းပေမည်။ ဘုရား သခင်က “ကောင်းပါပြီ။ ရောဘတ်၊ ခဏထားပြီး နိူးထမှုကို စောင့်မျှော်ပါ။ တစ်ဦးတစ်ယောက် ကို ငါကိုယ်တိုင်စေလွှတ်ခြင်းမရှိလျှင် အားလုံးပြီးစီးအောင် မရေးသားရ” ဟု ပြောဆိုလိုသည့် သဘောသက်ရောက်သည်။

ကျွန်ုပ်သည် ဧဝံဂေလိတရားဟောပြောသည့်အသင်းတော်၏သက်သောင့်သက်တာ ရှိသောသောနေရာတွင် ကြီးပြင်းလာသည်မဟုတ်၍ တခါတရံ ဝမ်းသာမိသည်။ ပျောက်ဆုံးပြီး အထီးကျန်သောကမ္ဘာထဲကထွက်လာခြင်းက ကျွန်ုပ်အား ရှည်ကြာသောတိုက်ခိုက်မှုအတွက် ပြင်ဆင်ထားသည်။ အကြောင်းမှာ ကျွန်ုပ်အသက်တာသည် ခရစ်ယာန်တစ်ယောက်အနေဖြင့် ခက်ခဲကြမ်းတမ်းမည်ကိုလည်းကောင်း၊ တစ်လှမ်းချင်းစီတိုင်းသည် ခရစ်တော်ပေးသောခွန် အားဖြင့်သာရရှိနိူင်မည်ကိုလည်းကောင်း၊ သို့မဟုတ်လျှင် ထာဝရပျောက်ဆုံးရမည်ကိုလည်း ကောင်း အစကတည်းက သိခဲ့သောကြောင့်ဖြစ်သည်။ ယင်းမှာ ကျွန်ုပ်သည် သင်းအုပ်တစ် ယောက်ဖြစ်လာသောကြောင့်ဖြစ်သည်။ ကျွန်ုပ်သည် ပြောင်းလဲလာပြီးနောက်တွင် တိုက်ခိုက် မှု၏ဆုံမှတ်ဖြစ်လာမည်ကိုလည်းသိခဲ့သည်။ ကျွန်ုပ်သည် စစ်မြေပြင်ထဲတွင် ရှိနေခြင်းမရှိလျှင် ဘုရားသခင်နှင့်ဝေနေရပေလိမ့်မည်။ ထိုအကြောင်းကို အသက်နှစ်ဆယ်အရွယ် ပထမဆုံး ကယ်တင်ခြင်းရသည့်အချိန်ကတည်းက သိခဲ့ပြီးဖြစ်သည်။ အခြားသူများသည် သက်သောင့် သက်သာအသက်တာများဖြင့် အသက်ရှင်နေကြသော်လည်း ကျွန်ုပ်သည် ယေရှုကဲ့သို့၊ ရှင်ပေါလုကဲ့သို့၊ ဟေဗြဲအခန်းကြီးခြောက်တွင်ဖော်ပြထားသောယုံကြည်ခြင်းသူရဲကောင်းများ ကဲ့သို့ စစ်မြေပြင်တွင် စဉ်ဆက်မပြတ်ရှိနေရမည်။ လူငယ်လေးတိမောသေအား အောက်ပါအ တိုင်း ပြောဆိုသောအခါ ရှင်ပေါလု၏ဆိုလိုသည့်အဓိပ္ပါယ်ကို ကျွန်ုပ်နားလည်သည်။

“ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်း ကိုပြု လော့။ ထာဝရအသက်ကိုကိုင်ယူလော့။ ထိုအသက်ကိုရမည်အ ကြောင်း၊ သင်သည် ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ ရှေ့၌ကောင်းမွန်စွာဝန်ခံပြီ။” ( ၁တိ ၆း ၁၂ )

တဖန်၊ လူငယ်လေးအား ပေါလုက ဤသို့ဆိုသည်။

“ထိုသို့အလို့ငှါ သင်သည်၊ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့ သို့၊ ဆင်းရဲဒုက္ခကို သည်းခံလော့။” ( ( ၂ တိ ၂း ၃ ) )

ကျွန်တော်သည် အခက်အခဲကို သည်းခံရမည်။ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကောင်းသော တိုက်လှန်ခြင်းကို ယေရှုခရစ်၏စစ်သားတစ်ယောက်အဖြစ်နှင့်ပြုရမည်။ ခရစ်ယာန်တစ် ယောက်အနေဖြင့် ဆက်လက်လုပ်ဆောင်ရန် ကျွန်ု္ပ်အတွက် အခြားသောလမ်းမရှိပါ။ စကား မစပ်၊ သမ္မာကျမ်းစာထက် စိတ်ပညာသဘောဆောင်သည့် စကားလုံးကို အချိန်များစွာ စဉ်း စားဆင်ခြင်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအားဖြင့်သွားလာလျှင် ခရစ်ယာန်တို့က တိုက်လှန်ခြင်းအမှုပြုရသည့်အကြောင်းတရားကို သိရကြလိမ့်မည်။ ဤတရားပလ္လင်ပေါ်တွင် ဓမ္မပညာအကြောင်း သို့မဟုတ် ကျမ်းပိုဒ်အနည်းငယ်ရှင်းလင်းချက်ကိုပေးရုံသက်သက်အ တွက် ရပ်သည်မဟုတ်။ သမ္မာကျမ်းစာသည် ကျွန်ုပ်၏အသက်တာတွင် အဘယ်သို့အရေးပါ သည်ကို သင်သို့အား ပြသရန်ဖြစ်သည်။ ကျွန်ုပ်သည် ကျမ်းချက်ကို ဖတ်ရှုသည်။

တစ်ညတွင် ကျွန်ုပ်တို့လူငယ်များက မိမိအကြောင်းများစွာပြောသည်ကို မေးကြသည်။ ထို့နောက် သူက “ဤသည်မှာ လူငယ်အများစုရှိသောအသင်းတော်ဖြစ်သောကြောင့် သင် သည် ထိုသို့လုပ်ဆောင်သည်ဟု ငါထင်သည်” ဟု ပြောသည်။ ထိုအရာမှာ ကောင်းသည့်အ မြင်ဖြစ်သည်။ အသင်းတော်တွင်ရှိသောလူငယ်များကို အကူအညီပေးနိူင်မည့်အချက်များကို ရှာတွေ့ရန် ကျွန်ုပ်၏၏ဘဝအသက်တာဟောင်းကို မကြာခဏပြန်သွားရသည်။

“အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူတို့ နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့် ၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြု သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုး တို့နှင့်၎င်း၊ ဆိုင် ပြိုင်တိုက်လှန်ရကြ၏။” ( (ဧဖက် ၆း ၁၂ ) )

ထို့နောက်၊ အဘယ်အရာဆိုလိုသည်ကို ပြောပြသည်။ ကျွန်ုပ်ကိုယ်တိုင်၏အသက်တာတွင် အဘယ်သို့အမှန်တကယ်ဖြစ်လာသည်ကို ပြောပြသည်။ “အစမှအဆုံးတိုင်အောင် ခရစ်ယာန် အသက်တာဟူသည်မှာ တိုက်လှန်မှုများဖြင့်ပြည့်နေသည့်အသက်တာ၊ စာတန်နှင့်၎င်း၏အ ပေါင်းအပါ မာရ်နတ်တို့နှင့်တိုက်ခိုက်ရသည့် ဝိညာဉ်တိုက်ပွဲနှင့်ဆိုင်သည့်အသက်တာတစ်ခု ဖြစ်သည်” ဟု သင့်အား ငါဆို၏။ သင်၏ဒုက္ခများသည် ပြောင်းလဲလာပြီးနောက်ပိုင်းတွင်ဖြစ် ပေါ်လာမည်အကြောင်းကို သင်မတွေးမိဟု ငါထင်သည်။ ဆိုလိုသည်မှာ သင့်ဒုက္ခနှင့်စစ်ပွဲ၏ အစသာဖြစ်သည်။

ဒေါက်တာ H. L. Willmington ပ Liberty University အကြောင်း ဤသို့ဆိုသည်။

ယေရှုခရစ်၏ လောက၌အသက်ရှင်ပြီး သာသနာလုပ်ဆောင်ချိန် တွင် မာရ်နတ်၏လုပ်ဆောင်မှုများစွာရှိသည်။ ရှင်ပေါလု၏စကား အရ ( ၁ တိ ၄း ၁- ၃ ) ကျွန်ုပ်တို့၏သခင်ယေရှုကြွလာတော်မမူမှီ တွင် ထိုသို့သောအရာများကို မျှော်လင့်ကြရမည်။ စာတန်မာရ် နတ်၏လွှမ်းမိုးမှုသည် အလွန်ကျော်ကြားလှသောလုပ်ဆောင်မှု၏ နောက်ကွယ်တွင်ရှိသည်။ (H. L. Willmington, D.D., အချိန်ကာ လနှင့်ဆိုင်သောနိမိတ်၊ Tyndale House Publishers, ၁၉၈၃၊ စာ- ၄၅ )

ကျွန်ုပ်အနေဖြင့်ပြောရလျှင် မာရ်နတ်၏လုပ်ဆောင်ချက်သည် တစ်နှစ်ထက်တစ်နှစ် တိုးပွါး များပြားလာသည်ဟု ထင်ရသည်။ ကောလိပ်ကျောင်းတွင်နေသည့်အချိန်တွင် ပို၍ပင် ဆိုးရွား သေးသည်။ ယခုအချိန်တွင် လူငယ်တစ်ယောက်သည် ဒေါက်တာ Willmington က “မာရ်နတ်၏လွှမ်းမိုးမှု” ဟုခေါ်တွင်သည့် တနည်းမဟုတ် အခြားတနည်းနည်းဖြင့် သွေးဆောင် ခြင်းမခံရဘဲ လောကနှင့်ဆိုင်သောကောလိပ်၊ သို့မဟုတ် တက္ကသိုလ်သို့တက်ရောက်မည်ဟု အကြောင်းမမြင်ပါ။ စာတန်၏ရည်ရွယ်ချက်မှာ သင့်အား လောကအရာနှင့်အပြစ်ဒုစရိုက်ထဲ တွင် စုပ်ယူရန် ရည်ရွယ်ထားသည်။ “ထို့ကြောင့်၊ အကြင်သူသည် မိမိတည်ကြည်လျက်နေ သည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါသတိပြုစေ။” (၁ကော ၁၀း ၁၂ ) ကျွန်ုပ်တို့ သည် မာရ်နတ်ကို တိုက်ခိုက်ထားခြင်းမရှိလျှင် ဘုရားသခင်နှင့်အဆက်အသွယ်ပြုခြင်းကို မ ကြာမှီ ဆုံးရှုံးစေလိမ့်မည်။ ပထမဆုံးရှင်းလင်းလာသောနေရာမှာ သင်၏ဆုတောင်းခြင်းအ သက်တာပင်ဖြစ်ပါသည်။ သင်သည် ရှေးက လုပ်ဆောင်သကဲ့သို့ဆုတောင်းလာနိူင်ခြင်းမရှိ လျှင် သင်သည် ဘုရားသခင်ကို တွန်းလှန်နေသည့်နိမိတ်ပုံရိပ်ပင်ဖြစ်သည်။ သို့မဟုတ် သွေး ဆောင်ခြင်းကို ခွင့်ပြုထားသည့် အရိပ်အယောင်ပင်ဖြစ်သည်။ ဒေါက်တာ A. W. Tozer ၏ စကားကို နားထောင်ကြပါစို့။

ကနဦးအချိန်ကာလများတွင် ကျွန်ုပ်တို့ဘိုးဘေးများက အပြစ်နှင့် နတ်ဆိုးများတွင် တွန်းအားတစ်ခုကိုတည်ဆောင်ခြင်းအဖြစ် ယုံ ကြည်လက်ခံကြသည်။ ထို့အပြင် သူတို့က အခြားသူများကဲ့သို့ ဘုရားသခင်နှင့်ဖြောင့်မတ်ခြင်း၊ ကောင်းကင်ဘုံအကြောင်းကိုလဲ ယုံကြည်ကြသည်။ ဤတွန်းအားများကို တစ်ခုနှင့်တစ်ခု နက်နဲမှု၊ သင်္ချိုင်း၊ မပျက်စီးနိူင်သောရန်လိုမှု တို့တွင် ထာဝရဆန့်ကျင်လျက် ရှိကြသည်။ လူသည် ရွေးချယ်ခွင့်ရှိသည်။ ကြားနေမရပါ။ သူ့အ တွက် ၎င်းသည် အသက် သို့မဟုတ် သေခြင်းဖြစ်ပေမည်။ ကောင်းကင် သို့မဟုတ် ငရဲဖြစ်မည်။ ဘုရားဘက်တွင်ရပ်တည်ရန် ရွေးချယ်လျှင် ဘုရားသခင်၏ရန်သူနှင့်တိုက်ခိုက်မှုစစ်ပွဲကိုဖွင့်ရန် မျှော်လင့်နိူင်သည်။ တိုက်ခိုက်မှုသည် စစ်မှန်ပြီး ပြင်းထန်သည်။ လောကတွင် အသက်ရှင်နေသမျှကာလပတ်လုံးရှည်ကြာမည်။ သူ သည် အဘယ်သို့သော လောကထဲတွင် အသက်ရှင်နေသည်ကို သူသည် မေ့ပျောက်မည်မဟုတ်။ ၎င်းသည် စစ်မြေပြင်ဖြစ်သည်။ များစွာတို့သည် ဒဏ်ရာရပြီး အသေသတ်ခြင်းကို ခံရပါမည်။ မာရ် နတ်၏တန်ခိုးသည် သူ့အားဖျက်ဆီးခြင်းတွင် ကွေးသွားပြီး ခရစ် တော်သည် သူ့အား ဧဝံဂေလိတရား၏တန်ခိုးတော်အားဖြင့် သူ့ ကို ကယ်တင်တော်မူမည်။ လွတ်မြောက်ခြင်းကိုရရှိဖို့ရန် ယုံကြည် ခြင်း၊ နာခံခြင်းဖြင့် ဘုရားသခင်ဘက်၌ ရပ်တည်ရမည်။ ၎င်းမှာ ကျွန်ုပ်တို့ဘိုးဘေးတို့၏အကြံအစည်ဖြစ်သဖြင့် ကျွန်ုပ်တို့ယုံကြည် သောအရာသည်လည်း သမ္မာကျမ်းစာ၏ သွန်သင်ချက်ပင်ဖြစ် သည်။
     ယနေ့တွင် အဘယ်မျှလောက် ခက်ခဲနေပါသနည်း။ လူတို့ သည် လောကကြီးကို စစ်မြေပြင်အဖြစ် မစဉ်းစားကြပါ။ ကစား ကွင်းအဖြစ်သာ ယူဆကြသည်။ ကျွန်ုပ်တို့သည် ဤနေရာတွင် တိုက်ခိုက်ရန်မဟုတ်။ ကောင်းသောအချိန်ရရှိပြီး သက်သောက် သက်သာအသက်ရှင်ရန် ကျီစယ်နောက်ပြောင်ရန်သာဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်သော ဤသည်မှာ ခေတ်လူများ၏အတွေးအ ခေါ်ဖြစ်ပါသည်။ ဤအယူအဆမှာ လောကကြီးသည် စစ်မြေပြင် အစား အားကစားကွင်ဖြစ်သည်ဟူသောအယူအဆကို ဖန်တမင် တယ်ကို အလွန်အကျွံခံယူသောခရစ်ယာန်များက အဓိက လက်ခံ ထားကြသည်။ (A. W. Tozer, D.D., “ဤလောက၊ ကစားကွင်း လား၊ သို့မဟုတ် စစ်မြေပြင်လား။” )

ယခုတွင် ကျွန်ုပ်တို့တွင် ရယ်ရွှင်ဖွယ်ရာမလုပ်နိူင်ဟု ဆိုလိုခြင်းဖြစ်သည်ဟု မထင်မိပါ နှင့်။ ကျွန်ုပ်တို့လုပ်ဆောင်နိူင်ပါသည်။ ကျွန်ုပ်တို့တွင် မိဿဟာရဖွဲ့နိူင်ပါသည်။ အတူတကွ စားသုံးခွင့်ရှိပါသည်။ ပန်းခြံထဲတွင် အတူတကွ ဂိမ်းဆော့နိူင်ပါသည်။ သို့သော် ထိုအချက် သည် အဆုံးမဟုတ်သေးပါ။ ရယ်ရွှင်ဖွယ်အချိန်ကာလနှင့်မိဿဟာရဖွဲ့ခြင်းအချိန်၏နောက် ကွယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပေါ်နေသည်ကို သတိရရမည်။ ခရစ်ယာန်အသက်တာသည် တိုက်ခိုက်တွန်းလှန်မှုများနှင့်စစ်မြေပြင်ဖြစ်ကြောင်းကိုလည်း သိရမည်။ ရယ်ရွှင်ဖွယ်ရာကို ပြောသည့်အချိန်လည်းရှိရမည်။ ပြီးသောအခါ တိုက်ပွဲထဲသို့ပြန်ဝင်ရမည်။

၎င်းမှာ အသင်းတော်တွင်ရှိသောလူငယ်တို့သည် အပတ်တိုင်းတွင် ဆုတောင်းခြင်း၌ အချိန်သုံးရန် လိုအပ်သည့်အကြောင်းတရားဖြစ်ပါသည်။ ဆုတောင်းခြင်းသည် မရှိမဖြစ်လိုအပ် သောအရာဖြစ်သည်။ သို့မဟုတ် စာတန်သည် ကျွန်ုပ်တို့ကို အနိူင်ယူပေလိမ့်မည်။

၎င်းမှာ ကျွန်ုပ်တို့သည် အပြင်သို့သွား၍ ပျောက်သောသူများ ဧဝံဂေလိတရားကြားနာ ဖို့ အသင်းတော်သို့ခေါ်ဆောင်လာရသည့်အကြောင်းတရားဖြစ်ပါသည်။ ဧဝံဂေလိလုပ်ငန်းမှာ မရှိမဖြစ်လိုအပ်ပါသည်။ သို့မဟုတ်လျှင် စာတန်သည် ကျွန်ုပ်တို့ကို အနိူင်ယူပါမည်။

၎င်းမှာ တရားပလ္လင်ထက်ကနေ၍ တရားဒေသနာ အပြင်းအထန်ဟောပြောရသည့် အကြောင်းတရားဖြစ်ပါသည်။ တရားဒေသနာကောင်းစွာဟောပြောခြင်းသည် မရှိမဖြစ်လိုအပ် သောအရာဖြစ်သည်။ သို့မဟုတ် စာတန်သည် ကျွန်ုပ်တို့ကို အနိူင်ယူပေလိမ့်မည်။

နောက်ထပ်တစ်ခုကျန်သေးသည်။ မကြာသေးခင်က ကျွန်ုပ်၏တရားဟောချက်တွင်ရှိ သည့် အားနည်းချက်ကို သတိပြုမိသည်။ ထိုအချက်ကို အလျှင်အမြန်မတွေ့မိသည်ကို တောင်းပန်ပါသည်။ ကျွန်ုပ်ပြောခဲ့သကဲ့သို့ ခရစ်ယာန်အသက်တာ တိုက်လှန်မှုသည် သင်၏ ပြောင်းလဲခြင်းခြင်းတွင် အဆုံးသတ်ခြင်းမရှိပါ။ တကယ်မဟုတ်ပါ။ ပြောင်းလဲခြင်းသည် စစ်ပွဲ ၏အစသာဖြစ်သည်။ ယေရှုက “စုံစမ်းနှောက်ယှက်ခြင်းနှင့်ကင်းလွတ်မည့်အကြောင်း ဆု တောင်းလျက်စောင့်နေကြလော့” (မာကု ၁၄း ၃၈ ) ဟု မိန့်တော်မူသည်။ သင်သည် ဘုရား ကျောင်းသို့လာနိူင်သည်။ ပြောင်းလဲလာနိူင်သည်။ သို့သော် ဆုတောင်းလျက်စောင့်နေခြင်းမရှိ လျှင် သွေးဆောင်ခြင်းသို့ကျရောက်ပြီး ကျော့မိလိမ့်မည်။ သင်သည် လောကသဘောကို ဆောင်လျက် ကယ်တင်ခြင်းနှင့်ဆိုင်သောဝမ်းမြောက်ခြင်းကို ဆုံးရှုံးသွားနိူင်သည်။

သင်တို့တွင် အချို့တို့သည် ကြာသပတေးည ဝတ်ပြုအစီအစဉ်တွင်ပင် လာရောက် ခြင်းမရှိကြတော့ပေ။ သတိပြုပါ။ သင်တို့သည် လောကအရာထဲသို့ စတင်ခြေလှမ်းနေခြင်းဖြစ် ပါသည်။ ခရစ်ယာန်အသက်တာသည် လောက၊ ဇာတိ၊ မာရ်နတ်တို့နှင့် နှင့်တိုက်ခိုက်နေ ရသောဘ၀ဖြစ်ပါသည်။ သင်သည် စာတန်၏ကျောကွင်းထဲသို့အလျှင်အမြန်ကျော့မည်လိမ့် မည်ကို မေ့ထားလိုက်လျှင် မျက်မှောက်ကာလမကောင်းသည့်အရာမှောင်မိုက်ထဲသို့ ရောက်ရှိ သွားပါလိမ့်မည်။ လူအချို့က “ထိုသို့မပြောပါနှင့်၊ မပြောပါနှင့်၊ လူတစ်ယောက်ယောက်ကို အ လန့်တကြားဖြစ်စေမည်” ဟု ဆိုပေမည်။ ကောင်းပါပြီ။ သူတို့သည် အလန့်တကြားဖြစ်ပါမည်။ “ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်သောသူနည်း၏။” (မဿဲ ၂၂း ၁၄ ) ကျွန်ုပ်သည် သူတို့ကို မကြောက်လန့်စေလျှင် တစ်စုံတစ်ခုက ခြောက်လှန့်ပေလိမ့်မည်။ ဤသို့ သောတရားဒေသနာတွင် ကျွန်ုပ်မပြောသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ အဘယ်သူမျှမပြောင်း လဲသော်လည်း ရွေးကောက်ခံရသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။

များစွာသောသူတို့သည် လှည်းကျင်းခြင်းကိုခံရပြီး ကျွန်ုပ်တို့အသင်းတော်၏အသက် နှင့်ပင်ရင်းရပါသည်။ သူတို့သည် လှည့်ဖြားခြင်းကို ခံရသကဲ့သို့ သင်တို့သည် လှည့်ဖြားခြင်းကို မခံရပါစေနှင့်။ အဘယ်အရာမျှပြောင်းလဲမသွားပါ။ “ကြီးစွာသောအမျက်ဒေါသဖြင့် မာရ်နတ် သည် သင့်ထံသို့လာပြီး။ အကြောင်းမှာ သူသည်တိုတောင်းသောအချိန်ကာလတွင်ရှိနေသည် ကို သိသောကြောင့်ဖြစ်သည်။” (ဗျာဒိတ် ၁၂း ၁၂ ) သင့်ဘဝကို လောကကြီးအား တစ်ကြိမ် အခွင့်အရေးပေးလိုက်သည်နှင့်၊ မာရ်နတ်သည် သင်၏စိတ်နှလုံးကို ဖမ်းစားလိမ့်မည်။ ကျွန်ုပ် တို့ထံ တဖန်ပြန်လာမည်ဟု မပြောနိူင်ပါ။ ထိုသို့သောသူသည် ကျွန်ုပ်တို့ထံပြန်လာသည်ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသေးပါ။ တစ်ခါမျှမရှိဘူးပါ။ “အဘယ်သူမျှစုံစမ်းနှောက်ယှက်ခြင်း သို့မရောက်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့။” ( မာကု ၁၄း ၃၈ )

ဆက်လက်၍၊ သင်သည် ကျေးဇူးတော်၌ကြီးထွားခြင်း သို့မဟုတ် နောက်ပြန်လဲခြင်း ဖြစ်မည်။ ကြားနေဖြစ်မနေနိူင်ပါ။ ဒေါက်တာ Tozer ပြောဆိုသကဲ့သို့ လောကကြီးသည် “စစ် မြေပြင်ဖြစ်သဖြင့် များစွာသောသူတို့သည် ဒဏ်ရာပလပွနှင့်အသတ်ခံရသူများလည်းရှိသည်။” (၎င်း )

“အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူတို့ နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့် ၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြု သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုး တို့နှင့်၎င်း၊ ဆိုင် ပြိုင်တိုက်လှန်ရကြ၏။” ( (ဧဖက် ၆း ၁၂ ) )

မာရ်နတ်သည် အမှန်တကယ်ရှိပါသည်။ သင်သည် ကယ်တင်တော်မူခြင်းသို့မရောက် လျှင် သင်စိတ်နှလုံးသားထဲတွင် ထွေပြားသောအတွေးအခေါ်များကို ထည့်သွင်းပေးမည်။ သင့်အား “`ဤအရာ” သို့မဟုတ် “ထိုအရာ” တို့သည် သင့်အား ခရစ်တော်ကို ကိုးစားခြင်းမှ အဟန့်အတားပြုမည်ဟု ပြောဆိုမည်။ လူတို့အား ခရစ်တော်ကို မကိုးစားရဲသည်အထိ တခါ တရံလူတို့ကို ဖြစ်စေမည်။ အဓိပ္ပါယ်မရှိသောအရာဖြစ်သော်လည်း သူ့စကားကို ယုံကြည်ကြ သည်။ ယေရှုကိုငြင်းပယ်ကြသည်။ ယခု သင်သည် စာတန်၏သွေးဆောင်ဖြားယောင်းမှုကို တွန်းလှန်ပြီး ယေရှုထံသို့လာပါ။ ယေရှုတစ်ပါးတည်းကသာလျှင် သင်၏အပြစ်အလုံးစုံကို မြတ်သောအသွေးဖြင့် ဆေးကြောနိူင်သည်။ ယေရှုတစ်ပါးတည်းသာလျှင် သင့်အား ကယ်တင် နိူင်သည်။ ကျွန်ုပ်တို့တိုင်းနိူင်ငံနှင့်ကမ္ဘာကြီးတွင်ရှိသောမကောင်းမှုမှ ကယ်လွှတ်နိူင်သည်။ သီချင်းနံပါတ်ခုနှစ်ကို အားလုံးမတ်တပ်ရပ်လျက် သီဆိုကြပါစို့။

ခရစ်ယာန် သူတို့ကိုမြင်သလား၊ သန့်ရှင်းသောအရပ်တွင်၊
   မှောင်မိုက်၏တန်ခိုးသည် သူတို့အလယ် အဘယ်သို့ဝန်းရံ။
ခရစ်ယာန် ပြိုပျက်ခြင်းခံရချိန်၊ ရရှိခြင်းကိုရေတွက်၊ ဆုံးခြင်းမပါ၊
   သန့်ရှင်းသောကားတိုင်ဖြင့် ရရှိလာသောခွန်အားတွင်။
တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊
   ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။

ခရစ်ယာန်၊ သူတို့ကို ခံစားသလား၊ သူတို့အဘယ်သို့လုပ်ဆောင်၊
   ငတ်မွတ်ခြင်း၊ သွေးဆောင်ခြင်း၊ တပ်မက်ခြင်း၊ နှင်ခြင်းခံရချိန်။
   ခရစ်ယာန်သည် တုန်လှုပ်ခြင်းမရှိ၊ စွန့်ပစ်ခြင်းမရှိ၊
စစ်ပွဲအတွက် ခါးကိုစည်းလျက် သတိနှင့်ဆုတောင်းသည်။
တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊
   ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။

ခရစ်ယာန်၊ သူတို့ကိုကြားပါရဲ့လား၊ အဘယ်သို့မျှတစွာပြောခဲ့ကြ၊
    “အမြဲတမ်းလျှင်မြန်ပြီး နိူးကြား၊ အမြဲတမ်းဆုတောင်းလျက်နေ။
ခရစ်ယာန်သည် သတ္တိရှိရှိဖြေကြား၊ “ဆုတောင်းရှုရှိုက်စဉ်အခါ”
   ငြိမ်သက်ခြင်းလိုက်လာမည်၊ အမှောင်ညသည် အဆုံးသတ်။
တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊
   ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။

“သင်၏ဒုက္ခကို ငါသိသည်၊ ကျွန်ုပ်၏စစ်မှန်သောအစေခံ၊
   သင်သည် အားနည်းလျက်ရှိ၊ ငါသည်လည်း အားနည်း၏။
ထိုပင်ပန်းခြင်းက သင့်အား ကျွန်ုပ်ပိုင်ဆိုင်သောအရာဖြစ်စေ၊
   ဆင်းရဲခြင်းနိဂုံးသည် ပလ္လင်နှင့်သာ၍ နီးလာပြီ။”
တက်ကြခရစ်ယာန်စစ်သည်၊ တိုက်ဖို့ချီသည်နည်း၊
       ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။
(ခရစ်ယာန်၊ သူတို့ကို မြင်သလားကျူး၊ John M. Neale , ၁၈၁၈- ၁၈၆၆ ကဘာ သာပြန်ထားသည်။ “ခရစ်ယာန်စစ်သည် ရှေ့သို့ချီ” သံဇဉ်မှ ဘာသာပြန်ဆိုထားပါ သည်။ )


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။
၂ပေတရု ၃း ၁-၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ထလော့၊ ခရစ်တော်၏စစ်သား"၊ (Charles Wesley ၁၇၀၇-၁၇၈၈) ရေးစပ်သည်။
“သရဖူများစွာဖြင့် သရဖူဆောင်းစေသည်” သံဇဉ်ကိုယူသည်။