Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ညတွင်မြင်မက်သောရူပါရုံ-
ထမြောက်ရာနေ့တရားဒေသနာ

VISIONS IN THE NIGHT –
AN EASTER SERMON
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
မတ်လ ( ၂၇ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 27, 2016

“အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ ကို ဝိညာဉ်တော်အားဖြင့်မှာထားပြီးမှ၊ အထက်သို့ဆောင်ယူခြင်းကို ခံ တော်မူသောနေ့ မရောက်မှီကာလတွင် ပြုမူသွန်သင်တော်မူသမျှတို့ ကို ထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။ အသေခံ တော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ် ကိုပြု၍ ဘုရားသခင်၏နိူင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွတ် တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သောသက် သေအများအားဖြင့် ပြတော်မူ၏။” ( တမန် ၁း၁- ၃ ))


ယေရှုသည် သေခြင်းမှထမြောက်တော်မူပြီ။ ထိုအကြောင်းနှင့်ပါတ်သက်ပြီး သံသယ ဖြစ်စရာမလိုအပ်ပေ။ သူ၏သင်္ချိုင်းဂူကို ရောမအစိုးရက ချိတ်ပိတ်ထားခဲ့သည်။ ရောမစစ်သား များက ၎င်းတို့၏အသက်နှင့်ရင်းပြီး စောင့်ရှောက်ခဲ့ကြသည်။ သို့သော် ရှင်ပြန်ထမြောက်ရာနေ့ တွင် ဘုရားသခင်သည် ကျောက်တုံးကိုလှိမ့်ပြီး ရောမအစိုးရ၏ချိတ်ကို ချိုးဖျက်လိုက်သည်။ ယေရှုသည် ဂူထဲကထွက်လာပြီး နံနက်အာရုံအလင်းရောင်ထဲသို့ လျှောက်လာသည်။ ထို သင်္ချိုင်းဂူကပင်လျှင် သေခြင်းမှ ၎င်း၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို သက်သေခံတော်မူ သည်။

ယေရှုသည် သင်္ချိုင်းထဲက ပြန်လည်ထမြောက်တော်မူခဲ့ပြီ။ ထိုအကြောင်းနှင့်ပါတ် သက်ပြီး သံသယဖြစ်စရာမလိုပေ။ ရာပေါင်းများစွာသောလူတို့က ရှင်ပြန်ထမြောက်ပြီးနောက် ပိုင်း အသက်ရှင်တော်မူကြောင်းကို တွေ့ခဲ့ကြပါသည်။ တမန်တော်ရှင်ပေါလုက “ထို့နောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက်မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခုတိုင် အောင်အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။ ထို့နောက် ယာကုပ်မြင်ရ၏။ ထို့နောက် တမန်တော်အပေါင်းတို့သည် မြင်ရကြ၏။ နောက်ဆုံး၌ အချိန်မတော်မတန်ဘွား သောသူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏” ဟု ဆိုထားသည်။ “အသေခံတော်မူပြီးလျှင်၊ တမန် တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်စပ်ဆိုင် သောအရာတို့ကို မိန့်မြွတ်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံသောသက် သေအများအားဖြင့် ပြတော်မူ၏။” (တမန် ၁း ၃)

ဒေါက်တာ John R. Rice က ဤသို့ဆိုသည်။

ယေရှုသည် ရှင်ပြန်ထမြောက်တော်မူပြီးနောက်တွင် ရာပေါင်းများ စွာတို့သည် မျက်မြင်သက်သေအဖြစ်မြင်တွေ့ခဲ့ကြပြီး အချို့တို့က နေ့တိုင်း ထပ်ခါထပ်ခါ ရက်ပေါင်း လေးဆယ် တွေ့မြင်ခဲ့ကြသည် ကို ဆင်ခြင်အောက်မေ့ကြည့်ပါ။ ယေရှုသည် သေခြင်းမှ ရှင်ပြန် ထမြောက်တော်မူကြောင်းကို ရာပေါင်းများစွာသော မျက်မြင်သက် သေများက လက်ခံအတည်ပြုကြသည်။ သူတို့တွင် အဘယ်သူက မျှ (ထမြောက်ရာနေ့) နောက်ပိုင်းတွင် ရုပ်ကလပ်ကိုတွေ့မြင်ခဲ့ သည်ဟု မဆိုကြသလို၊ သက်သေအထောက်အထားများကိုလည်း ဆန့်ကျင်သူလည်းမရှိပေ။ မျက်မြင်သက်သေများက သူတို့သည် ကယ်တင်ရှင်ကို ကိုင်တွယ်ရသည်၊ ထိရသည်၊ ခြေလက်တို့၌ ရိုက်ထားသော သံမှိုအရာများကို ကိုင်တွယ်ရသည်၊ သူစားသည် ကို မြင်ခဲ့ကြသည်။ သူနှင့်အတူ ရက်ပေါင်းလေးဆယ်သွားလာ ဆက်ဆံကြသည်ဟု ဆိုကြသည်။ သက်သေမှာ အလွန်ပင်ခိုင်မာ လွန်းလှသဖြင့် မယုံကြည်ချင်သောသူများသာလျှင် ငြင်းပယ်ထား သောသက်သေကို ကြည့်ရှုစစ်ဆေးခြင်းမပြုကြပါ။ သမ္မာကျမ်းစာ က ယေရှုသည် ဒုက္ခဝေဒနာ(သေခြင်း) ကိုခံပြီးနောက် အသက် ရှင်ကြောင်း မမှားနိူင်သောသက်သေအထောက်အထားများဖြင့် မိ မိကိုယ်ကိုပြသခဲ့သည်” ဟုမိန့်ဆိုထားသည်မှာ အံ့ဩစရာမဟုတ် ပါ။ တမန် ၁း ၃ (John R. Rice, D.D., Litt.D., ယေရှုခရစ်၏ရှင် ပြန်ထမြောက်ခြင်း၊ Sword of the Lord ပုံနှိပ်တိုက်၊ ၁၉၅၃၊ စာ- ၄၉- ၅၀)

ဘာမျှမရှိသောသင်္ချိုင်း၊ နှင့် ရာပေါင်းများစွာသော မျက်မြင်သက်သေတို့သည် သေခြင်းမှခရစ် တော်၏ရှင်ပြန်ထမြောက်ကြောင်း ခိုင်မာသောသက်သေပင်ဖြစ်သည်။

သို့သော် အခိုင်မာဆုံးသောသက်သေပြချက်မှာ ခရစ်တော်တပည့်များ၏ ပြောင်းလဲ လာသောအသက်တာများဖြစ်ပါသည်။ ဤသူတို့သည် ရှင်ပြန်ထမြောက်သောခရစ်တော်ကို တွေ့မြင်ခြင်းအားဖြင့် လုံး၀ပြောင်းလဲသွားကြသည်။ ကြောက်ရွံ့လျက် အိမ်ထဲတွင် သော့ခတ် ပြီး ပုန်းရှောင်နေကြသော ပရိတ်သတ်ကြီးလည်း ဖြစ်ခဲ့ကြပါသည်။ သို့သော် သူတို့သည် ရှင်ပြန်ထမြောက်ပြီးသောခရစ်တော်ကို တွေ့မြင်ကြရပြီးနောက် ခရစ်တော်သည် အသက်ရှင် ကြောင်း သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ပြီ ဖြစ်ကြောင်း သတ္တိရှိရှိဟောပြောခဲ့ကြသည်။ ထိုသို့ ဟောပြောရန်အတွက် သူတို့၏အသက်ခန္ဓာကို ပေးလှူဆက်ကပ်ကြပါသည်။

ပေတရု- သည် သေလုမျှောပါးရိုက်ပုတ်ကြပြီး ကားစင်ပေါ်တွင် စောက်ထိုးပြောင်းပြန် တင်ကြသည်။
အိန္ဒြေ - သည် ကြက်ခြေခတ်ကားတိုင်ပေါ်တွင် အသေသတ်ခြင်းခံရသည်။
ယာကုပ်၊ ဇေဗေသဲ၏သား - သည် ခေါင်းဖြတ်ခြင်းခံရသည်။
ယောဟန် - သည် ဆူပွတ်နေသောဆီထည့်ထားသည့်ဒယ်အိုးထဲသို့ချကြပြီး အသက် တာတွင် အနာအဆာဖြင့် ပတ်မုတ်ကျွန်းသို့ ပြည်နင်ဒဏ်ပေးခြင်းခံရသည်။
ဖိလိပ္ပိ - သည် ရိုက်နှက်ပြီး သံမှိုဖြင့် ကားတိုင်ပေါ်ရိုက်ထားသည်။
ဗာသောလမဲ - သည် အသက်ရှင်လျက် အရေခွံခွါပြီး ကားတိုင်ပေါ်ရိုက်သတ်ခံသည်။
မဿဲ - သည် ခေါင်းဖြတ်ခြင်းခံရသည်။
ယာကုပ်၊ သခင်ယေရှု၏ဝမ်းကွဲညီ - သည် ဗိမာန်တော်ထိပ်မှ အောက်သို့ချခြင်းခံရ ပြီး သေသည်အထိ ရိုက်ပုတ်ခြင်းခံရသည်။
သာဒိ - သည် သေသည်တိုင်အောင် မြားဖြင့် ပစ်သတ်ခြင်းခံရသည်။
မာကု - သည် မြင်းသူရဲအဖွဲ့၏ သေသည်အထိ ဒရွတ်တိုက်ဆွဲယူခြင်းခံရသည်။
ပေါလု - သည် ခေါင်းဖြတ်ခံရသည်။
လုကာ - သည် သဘောၤသဖန်းပင်ပေါ်တွင် သေသည်အထိ ဆွဲထားခြင်းခံရသည်။
သောမတ်စ် - သည် လှံတံများကြားပြေးစေပြီး တောက်လောင်နေသော မီးဖိုထဲသို့ ပစ်ချကြသည်။

(The New Foxe’s Book of Martyrs, Bridge-Logos ပုံနှိပ်တိုက်, ၁၉၉၇၊ စာ ၅- ၁၀၊ Greg Laurie, Why the Resurrection?, Tyndale House ပုံနှိပ်တိုက်, ၂၀၀၄၊စာ- ၁၉- ၂၀)

ဤသူတို့သည် ဒုက္ခဆင်းရဲခြင်းကို ကျော်ဖြတ်ခဲ့ကြသည်။ ယောဟန်မှတပါး အားလုံး သည် ကြောက်မက်ဖွယ်ရာသေခြင်းဖြင့် သေကြသည်။ သူတို့၌ ထိုသို့သောအခြေအနေသည် အဘယ့်ကြောင့်ကျရောက်ရသနည်း။ သူတို့သည် သေခြင်းမှထမြောက်တော်မူပြီးနောက် ယေရှုကို အသက်ရှင်လျက်တွေ့ကြသည်ဟု ပြောခဲ့ကြသောကြောင့်ဖြစ်သည်။ လူတို့သည် ၎င်းတို့မတွေ့မမြင်ရသောအရာအတွက် ဒုက္ခခံ၊ အသေခံမည်မဟုတ်ပါ။ ဤသူတို့က “လုံး၀ ယိုင်လဲမသွားနိူင်သည့်သက်သေအထောက်အထား၊သေပြီးနောက်တွင် ရက်ပေါင်းလေးဆယ် မြင်တွေ့ခဲ့ကြသဖြင့် အသက်ရှင်ကြောင်း မြင်တွေ့ခဲ့ကြသည်။” (တမန် ၁း ၃) ခေတ်ဟောင်း နက်နဲသောကာလတွင် ဆူပွတ်နေသောဆီထဲကရရှိသော ကိုယ်ခန္ဓာအနှံအမာရွက်များဖြင့် တမန်တော်ယောဟန်က “ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီး သောအရာ” တည်းဟူသောသော ရှင်ပြန်ထမြောက်ခဲ့ပြီးသော ခရစ်တော်ပင်ဖြစ်သည် (၁ယော ၁း၁)ဟု ဆိုသည်။ ဤသူတို့ကို ကျွန်ုပ်တို့ယုံကြည်နိူင်သည်ဟု ကျွန်ုပ်ပြောဆိုသည်။ ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်ကြောင်း ဟောပြောခြင်းအတွက် ဒုက္ခခံပြီး နောက်ဆုံးအသေသတ်ခြင်းခံကြရသည်။ လူတို့သည် သူတို့မမြင်မတွေ့ရသေးသောအရာအ တွက် ဒုက္ခခံကြသည်။ အသေခံကြသည်။ သင်္ချိုင်းမှရှင်ပြန်ထမြောက်ပြီးနောက် သူတို့သည် ခရစ်တော်ကို မြင်ခဲ့ၾကသည်။ တို့ထိကြသည်။ ထိုအရာမှာ သူတို့အား “”

သောမတ်စ်က အခန်းထဲတွင် သူ့အားကြည့်ရှုရ၊
သူ၏သခင်နှင့်အရှင် ဟု ခေါ်တွင်ခဲ့။
သူ့အား လက်တော်နှင့်တို့တော်မူခဲ့၊
သံမှုနှင့်ရိုက်ထားရာနေရာမှာ။
သေသောသူသည် တဖန်အသက်ရှင်ပြီ၊
သေသောသာသည် တဖန်အသက်ရှင်ပြီ၊
သေခြင်း၏ခိုင်မာသောအရာများကျိုးပျက်ခဲ့ပြီ၊
သေသောသူသည် တဖန်အသက်ရှင်တော်မူပြီ။
(“တဖန်အသက်ရှင်ပြီ၊” Paul Rader, ၁၈၇၈- ၁၉၃၈)

ယခုတွင် တပည့်တော်များသည် ရှင်ပြန်ထမြောက်သောယေရှုကို နောက်ဆုံးအကြိမ် အဖြစ်တွေ့မြင်ခဲ့ကြသည်။ “သူတို့သည် ဝိညာဉ်တော်၏ဗတ္တိဇံကို မခံမချင်း” ယေရုရှလင်မြို့ တွင်စောင့်နေကြရန် မိန့်တော်မူခဲ့သည်။

“သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအ ခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒ ပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်။” (တမန် ၁း ၈))

ထိုအရာက လော့ဒ်အိန်ဂျယ်မြို့ရှိ မြို့တွင်းအချက်အချာတွင် ကျွန်ုပ်တို့အသင်းတော် ထံသို့ ကျွန်ုပ်တို့အား ခေါ်ဆောင်သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် အမေရိကန်ပြည် ထောင်စုရှိ ခရစ်ယာန်အသိုင်းအဝန်းတွင် အကောင်းဆုံးအသင်းတော်တစ်ခုကို ပိုင်ဆိုင်ကြ သည်ဟု ကျွန်ုပ်ဆိုလိုက်ပါရစေ။ ကမ္ဘာပေါ်တွင်ရှိသောခရစ်ယာန်လူငယ်များ၏အကောင်းဆုံး အစုအဖွဲ့ထဲက တစ်ခုဖြစ်သည်။ ထိုသို့လုပ်ဆောင်သောသူမှာ ကျွန်ုပ်မဟုတ်သောကြောင့် ရှက်ကြောက်ခြင်းမရှိကြောင်း ပြောဆိုနိူင်သည်။ ဤသည်ကို ကျွန်ုပ်တို့အသင်းတော်က လူငယ်အသင်းဝင် ၄၀၀ က ဘဏ်မှငွေထုတ်ယူပြီးနောက် အသင်းတော်သည် ဒုက္ခအကြီးအ ကျယ်ကြုံတွေ့ရပြီးနောက် အသင်းတော်သည် မိမိတို့၏အချိန် ငွေကြေး ကို အသင်းတော် ဒေဝါလီခံရခြင်းမှလွှတ်မြောက်ရန် အချိန်နှင့်ငွေကြေးစွန့်လွှတ်ပေးဆပ်သော “ကိုးဆယ့်ကိုး” ယောက်သောလူငယ်အစုအဖွဲ့က ပိုင်ဆိုင်ထားပါသည်။ ယေရှု၏နာမကို ချီးမွမ်းပါသည်။ သူ က အောင်မြင်ခြင်းဆီသို့လမ်းပြဦးဆောင်သည်။

ခရိဒ်တိတ်သည် ကျွန်ုပ်တို့အသင်းတော်ရှိလူငယ်များကလည်း ပိုင်ဆိုင်ထားသည်။ သူ တို့သည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သောဆုတောင်းခြင်းစစ်မှုထမ်းများဖြစ်ကြသည်။ သူတို့က တရား ဟောပြောခြင်း သို့မဟုတ် သမ္မာကျမ်းစာလေ့လာခြင်းတို့မလုပ်ဘဲ ဆုတောင်းခြင်းကိုပြုကြ သည်။ နေ့တိုင်း အပတ်တိုင်း နာရီးတစ်ချက်ကျော်စီ ဆုတောင်းကြသည်။ ဤအမျိုးသား အမျိုးသမီးတို့တွင် ဆုတောင်းအဖွဲ့စုငယ်နှစ်ခုရှိကြသည်။ အခြားတစ်ခုက ဘုရားသခင်သည် ကျွန်ုတို့ထံသို့ နိူးထမှုစေလွှတ်ရန် အပတ်တိုင်း ဆုတောင်းကြပါသည်။ သူတို့၏ဆုတောင်းသံ ကို မြေကြီးပေါ်ရှိများစွာသောပြောင်းလဲလာသူများအားဖြင့် ဘုရားသခင်အဖြေပေးတော်မူ သည်။ ဤဆောင်းရာသီးခုနှစ်ပတ်အတွင်း သူတို့၏ဆုတောင်းသံကို ဘုရားသခင်နားညောင်း တော်မူ၍ ဤအသင်းတော်တွင် လူဦးရေ ဆယ့်သုံးဦးပြောင်းလဲလာသည်။ တစ်ဦးမှာ အသက် ၈၉ နှစ်အရွယ် ဘုရားမဲ့ဝါဒီသမားဖြစ်သည်။ အခြားတစ်ဦးမှာ ၈၆ နှစ်အရွယ် ကစ်သိုလစ်ဘာ သာဝင်ဖြစ်သည်။ နောက်တစ်ဦးမှာ ခရစ်တော်ကို နှစ်ပေါင်း ၄၀ ကျော်တွန်းလှန်လာသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ တစ်ဦးမှာဘဝတစ်လျှောက်လုံး စာတန်၏ချုပ်နှောင်ခြင်းကို ခံရသည်။ အခြားကိုးဦးမှာ လောကတပ်မက်မှုထဲကရောက်ရှိလာကြသော လူငယ်များဖြစ်ကြ သည်။ ကျွန်ုပ်တို့ဧဝံဂေလိလုပ်ဆောင်သောကောလိပ်ကျောင်းမှ အသင်းတော်ကို ပါဝင်လာ သောသူများဖြစ်ကြပါသည်။ ယေရှု၏နာမကို ချီးမြှောက်ပါသည်။ ဝိညာဉ်ရိတ်သိမ်းခြင်းတွင် သူသည် ကျွန်ုပ်တို့၏စံနမူနာပင်ဖြစ်ပါသည်။

ဒေါက်တာ David Ralston က လွန်ခဲ့သောရက်သတ္တပါတ်အကုန်တွင် အသင်းတော် ၌တရားဟောသည်။ သူသည် သာသနာပြုတစ်ဦးဖြစ်သလို “လူသားတို့အတွက် ခရစ်တော်” အသင်းတော်ကိုတည်ထောင်သူလည်းဖြစ်သည်။ သူက ကျွန်ုပ်တို့အသင်းတော်ပုံကို သူ၏ ဖေးစ်ဘုတ်စ်ပေါ်တွင် ဤသို့သောစာသားလေးနှင့်အတူ တင်ထားသည်။ ဒေါက်တာ Ralston က ဤသို့ရေးသည်။

     ကျွန်ုပ်သည် ဒေါက်တာ R. L. Hymers, Jr. သင်းအုပ်လုပ် နေသော လော့ဒ်အိန်ဂျယ်မြို့ထဲရှိ Baptist Tabernacle တွင် မနေ့ည (စနေည) နှင့် ဒီနေ့ (တနင်္ဂနွေ) နံနက်တွင် တရားဟောခဲ့ သည်။ အံ့ဩစရာကောင်းတဲ့ဝတ်ပြုအစီအစဉ်ပါ။ ခုံတိုင်းပြည့် သည်။ လူတစ်ဝတ်လောက်မှာ အသက် ၃၀ အောက်များဟု ထင် ရသည်။
     ကျွန်ုပ်ပြောဆိုသမျှသောစကားကို အင်္ဂလိပ်ကနေ စပိန်၊ နှင့် တရုတ်ဘာသာနှစ်ခုလုံးသို့ ပရိသတ်များအတွက် ပြန်ဆိုပေးထား သည်။ ကြီးမားသောဝိညာဉ်တော်၏လှုပ်ရှားမှုနှင့်အတူ တရားဒေ သနာကို ဝေငှခဲ့ရသည်။ သင်းအုပ် Hymers ၏ တရားဒေသနာကို ဖျမ်းမျှအားဖြင့် ကွန်ပျူတာပေါင်း ၁၂၀၀၀၀ ဖြင့် တိုင်းနိူင်ငံပေါင်း ၂၁၀ လောက်တွင် လတိုင်း အွမ်လိုင်းပေါ်တွင် ဖတ်ရှုနေကြသည်။ YouTube တွင်လည်း ဖတ်ရှုနိူင်ပါသည်။
     ထိုများစွာသောလူများကို ရရှိနိူင်သည့် အခြားဧဝံဂေလိတ ရားကိုဟောပြောသောသူကို ဤလောကကြီးပေါ်တွင် အခြားမသိ ပါ။
     ဤအမှုတော်သည် ခေတ်သစ် Spurgeon ၏သာသနာလုပ် ငန်းနှင့်တူနေသည်ဟု ထင်ရသည်။

ယေရှုနာမတော်ကို ချီးမွမ်းပါသည်။ သူ၏နာမတော်အားဖြင့် ဘုရားသခင် နားညောင်းတော်မူ ပြီ။

ဤအသင်းတော်သည် ကျွန်ုပ်အဖို့တော့ မြေကြီးပေါ်တွင်ရှိသော ရွှေထက်သာ၍ အဖိုး ထိုက်လှပါသည်။ အင်တနက်ပေါ်က ကမ္ဘာနှင့်အဝှမ်းသာသနာလုပ်ငန်းသည် “ငွေ၊ စိန်၊ စီသောချောင်းရေ”ထက် သာ၍ တန်ဖိုးကြီးလှပါသည်။ သင်တို့အတွက်တော့ သေးငယ်သော အရာဖြစ်ကောင်းဖြစ်မည်။ သို့သော် ဤအသင်းတော်သည် ကျွန်ုပ်အဖို့တော့ လောကမှရှိရှိသ မျှသောအရာတို့ထက် သာ၍ အရေးကြီးလှပါသည်။

ကျွန်ုပ်အသက်၊ ချစ်မေတ္တာ ကိုယ်တော်အားပေးပါ၏၊
   ကျွန်ုပ်အတွက်အသေခံသော ဘုရားသခင်၏သိုးသူငယ်။
ကျွန်ုပ်အစဉ်သစ္စာရှိပါမည်၊
   ကျွန်ုပ်ကယ်တင်ရှင်နှင့်ဘုရားသခင်ထံပါ။
ကျွန်ုပ်အဖို့အသေခံသူအတွက် အသက်ရှင်မည်၊
   ကျွန်ုပ်အသက်တာ အဘယ်မျှလောက်ကျေနပ်ဖွယ်ကောင်းသနည်း။
ကျွန်ုပ်အဖို့အသေခံသူအတွက် အသက်ရှင်မည်၊
ကျွန်ုပ်၏ကယ်တင်ရှင်၊ ကျွန်ုပ်ဘုရား။
(“သူ့အဖို့အသက်ရှင်မည်၊” Ralph E. Hudson, ၁၈၄၃-၁၉၀၁၊
Dr. Hymers က ပြန်လည်ပြင်ဆင်သည်။)

ယခုတွင် ဤအသင်းတော်၏ဘဏ္ဍာစိုးသည် အဘယ်သူဖြစ်သည်ကို ကျွန်ုပ်မြင်ရ သည်သာမက ဤအသင်းတော်အဘယ်သို့ဖြစ်သင့်သည်၊ ကျေးဇူးတော်အားဖြင့် အဘယ်သို့ ဖြစ်လာမည်ကိုလည်း မြင်တွေ့ရပါသည်။ ကျွန်ုပ်၏ညအိပ်မက်ရူပါရုံတွင် ဆွေးနွေးတိုင်ပင် သည့်အခန်းထောင့်စေ့တိုင်းတွင် လူငယ်များဖြင့်ပြည့်နေကြသည်ကို ငါမြင်သည်။ ထိုရူပါရုံတွင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် နိူးထမှုလှိုင်းတစ်ခုပြီးတစ်ခုဆင်း သက်လာ သည်ကို ငါမြင်ရ၏။ မိမိ၏ကယ်တင်ရှင်နှင့်အရှင်သခင်အဖြစ် ယေရှုခရစ်ကိုတွေ့ရှိရသောလူ ငယ်တို့၏မျက်နှာမှာ ဝင်းထိန်လင်းလက်နေသည်ကို တွေ့ရသည်။ ညရူပါရုံတွင် ရှေးခေတ် မက်သဒစ်များ၊ နှစ်ခြင်းမှာ၊ ဖရင့်ဘက်တီးရီးယာန်းများကဲ့သို့သောပျော်ရွှင်မှုမျိုးဖြင့် လူငယ်များ ငိုကြွေးကြ၊ ဆုတောင်းကြ၊ အော်ဟစ်ကြသည်ကို ငါမြင်၏။ လူငယ်များသည် ဧဝံဂေလိတရား ဟောကြားဖို့ မိမိတို့အသက်တာကို ဘုရားသခင်ထံလက်မြှောက်ဆက်ကပ်ကြသည်ကိုလည်း တွေ့ရသည်။ အချို့တို့မှာ ယေရှုခရစ်၏သာသနာကိုကျဲ့ဖြန့်သောသူများအဖြစ် နိူင်ငံရပ်ခြား သို့သွားနေကြသည်ကိုလည်းမြင်ရ၏။ ဘုရားသခင်၏မေတ္တာတော်နှင့်အတူ မှောင်မိုက်လွှမ်းမိုး သောလူမျိုးများနှင့်ကမ္ဘာကြီး၏ထောင့်ပေါင်းစုံနေရာသို့ ဆီးဆင်းစေလျက် မှောင်မိုက်လွှမ်းမိုးမှု ကို ဖောက်ထုတ်သည့် ကြီးမားသည့်အသင်းတော်တစ်ခုကိုလည်း ငါမြင်သည်။ ကောင်းကင် သို့တက်ကြွတော်မူပြီး ဤအသင်းတော်၏အမှုတော်လုပ်ငန်းအားဖြင့်မြေကြီးပေါ်ရှိပျောက်ဆုံး သောဝိညာဉ်ရာပေါင်းများစွာအပေါ်သို့ သူ၏မေတ္တာသွန်းလောင်းထားသည်ကို ငါမြင်ရသည်။ ညရူပါရုံများတွင် သူတို့၏သီဆိုကျူးဧသံများကိုလည်း ငါကြားရသည်။

ကျွန်ုပ်အဖို့အသေခံသူအတွက် အသက်ရှင်မည်၊
   ကျွန်ုပ်အသက်တာ အဘယ်မျှလောက်ကျေနပ်ဖွယ်ကောင်းသနည်း။
ကျွန်ုပ်အဖို့အသေခံသူအတွက် အသက်ရှင်မည်၊
ကျွန်ုပ်၏ကယ်တင်ရှင်၊ ကျွန်ုပ်ဘုရား။

ကျွန်ုပ်နှင့်အတူ သီဆိုကြပါစို့။

ကျွန်ုပ်အဖို့အသေခံသူအတွက် အသက်ရှင်မည်၊
   ကျွန်ုပ်အသက်တာ အဘယ်မျှလောက်ကျေနပ်ဖွယ်ကောင်းသနည်း။
ကျွန်ုပ်အဖို့အသေခံသူအတွက် အသက်ရှင်မည်၊
ကျွန်ုပ်၏ကယ်တင်ရှင်၊ ကျွန်ုပ်ဘုရား။

ကျွန်ုပ်သည် မကြာမှီ ၇၅ နှစ်ပြည့်တော့မည်။ ဤအမှုအရာအားလုံးကို မသေခင် တွေ့ ရလိမ့်မည်မဟုတ်။ သို့သော် ထိုအရာအားလုံးကို ကျွန်ုပ်မြင်ခဲ့ပြီးပြီ။ ညအချိန်တွင်တွေ့ရသော ရှုပါရုံအားဖြင့် မြင်ရလိမ့်မည်။ မစ္စတာ Griffith , ကျေးဇူးပြု၍ မစ္စ Christiansen ကြိုက်နှစ် သက်သော “ကျွန်ုပ်၏ရူပါရုံကိုဖြည့်ဆည်းပါ” တေးသီချင်းကို ကူညီသီဆိုပေးပါဦး။ အားလုံး မတ်တပ်ရပ်ကြပါစို့။ သင်တို့၏သီချင်းစာရွက်တွင် စာမျက်နှာခြောက်တွင် တွေ့ရပါသည်။

ကျွန်ုပ်၏ရူပါရုံများကို ပြည့်စေပါ၊ ဆုတောင်ပါ၏ ကယ်တင်ရှင်
   ယေရှုကိုသာ ယနေ့မြင်တွေ့လိုပါ၏။
ချိုင့်ဝှမ်းထဲမှာ ကိုယ်တော်လမ်းပြဦးဆောင်တော်မူပြီ၊
   ညှိုးနွမ်းခြင်းမရှိသောဘုန်းအသရေသည် ငါ့ကိုလွှမ်းခြုံပြီ။
ကျွန်ုပ်၏ရူပါရုံကိုဖြည့်ဆည်းပေးပါ၊ ကယ်တင်သောဘုရား၊
   ဘုန်းတခိုးဖြင့် ငါ့ဝိညာဉ်ထွန်းလင်းတောက်ပသည်တိုင်။
လူသားအားလုံးရှုမြင်စိမ့်သောငှါ၊ ကျွန်ုပ်၏ရူပါရုံကိုဖြည့်ဆည်းပေးပါ၊
   သန့်ရှင်းသောရုပ်ပုံလွှာ ကျွန်ုပ်၌ တန်ပြန်သက်ရောက်မည်သာ။

ကျွန်ုပ်၏ရူပါရုံကိုဖြည့်ဆည်းပေးပါ၊ လိုအင်ဆန္ဒတိုင်းမှာ၊
   ကိုယ်တော်၏ဘုန်းတော်အတွက်၊ ကျွန်ုပ်စိတ်ဝိညာဉ်ကိုမှုတ်သွင်းပါ။
ကိုယ်တော်၏စုံလင်ခြင်းမေတ္တာထား၊ သန့်ရှင်းသောမေတ္တာဖြင့်၊
ကျွန်ုပ်သွားရာလမ်းကို အထက်အရပ်ကအလင်းဖြင့် လွှမ်းခြုံထားပါ။
ကျွန်ုပ်၏ရူပါရုံကိုဖြည့်ဆည်းပေးပါ၊ ကယ်တင်သောဘုရား၊
   ဘုန်းတခိုးဖြင့် ငါ့ဝိညာဉ်ထွန်းလင်းတောက်ပသည်တိုင်။
လူသားအားလုံးရှုမြင်စိမ့်သောငှါ၊ ကျွန်ုပ်၏ရူပါရုံကိုဖြည့်ဆည်းပေးပါ၊
   သန့်ရှင်းသောရုပ်ပုံလွှာ ကျွန်ုပ်၌ တန်ပြန်သက်ရောက်မည်သာ။

ကျွန်ုပ်၏ရူပါရုံကိုဖြည့်ပေးပါ၊ အပြစ်များကင်းစင်စေဖို့၊
   တောက်ပသောအလင်းတန်း ပုံရိပ်ထင်နိူင်ဖို့။
ကိုယ်တော်၏ဘုန်းရှိသောမျက်နှာတော်ဖူးတွေ့ပါရစေ၊
ကိုယ်တော်၏ကျေးဇူးတော်ဖြင့် ကျွန်ုပ်စိတ်ဝိညာဉ်ကျွေးမွေးပါ။
ကျွန်ုပ်၏ရူပါရုံကိုဖြည့်ဆည်းပေးပါ၊ ကယ်တင်သောဘုရား၊
   ဘုန်းတခိုးဖြင့် ငါ့ဝိညာဉ်ထွန်းလင်းတောက်ပသည်တိုင်။
လူသားအားလုံးရှုမြင်စိမ့်သောငှါ၊ ကျွန်ုပ်၏ရူပါရုံကိုဖြည့်ဆည်းပေးပါ၊
   သန့်ရှင်းသောရုပ်ပုံလွှာ ကျွန်ုပ်၌ တန်ပြန်သက်ရောက်မည်သာ။
(“ရူပါရုံကိုဖြည့်ဆည်းပေးပါ၊” Avis Burgeson Christiansen, ၁၈၉၅- ၁၉၈၅)

တရုတ်၊ အာဖရိကတို့တွင် သာသနာပြုလုပ်ငန်းကိုလုပ်ဆောင်နေသော ဆရာကြီး Charles T. Studd (၁၈၆၀- ၁၉၃၁) ၏ စကားဖြင့် တရားဒေသနာကို အဆုံးသတ်လို၏။

တစ်ခုတည်းသောဘဝအသက်တာ
   ခဏတာအချိန်တွင် ကွယ်ပျောက်မည်၊
ခရစ်တော်အတွက်လုပ်ဆောင်ထားသောအရာသည်သာ
   တည်မြဲလိမ့်မည်။

အသက်ရှင်နေသ၍ ထိုစကားကို မမေ့ပါနှင့်။ ငါနှင့်အတူ လိုက်၍ဆိုပါ။

တစ်ခုတည်းသောဘဝအသက်တာ
   ခဏတာအချိန်တွင် ကွယ်ပျောက်မည်၊
ခရစ်တော်အတွက်လုပ်ဆောင်ထားသောအရာသည်သာ
   တည်မြဲလိမ့်မည်။

ဒေါက်တာ Cagan ၊ ကျေးဇူးပြု၍ ဆုတောင်းဦးဆောင်ပေးပါ။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။
တမန်တော် ၁း ၁- ၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
         "ပဋိပက္ခကုန်ဆုံးသွားပြီ"၊ (Francis Pott ၁၈၃၂-၁၉၀၉) ဘာသာပြန်ဆိုသည်။