Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သွေးလျှံသောချွေး

THE BLOODY SWEAT
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
မတ်လ (၆ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr., ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 13, 2016

“ပြင်းစွာသောဝေဒနာကိုခံလျက်၊ အထူးသဖြင့် ကြိုးစား ၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” ( (လု ကာ ၂၂း ၄၄ ) )


ဤသတင်းစကားသည် C. H. Spurgeon ၏ “ဥယျာ်ထဲက ဝေဒနာ” (အောက်တို့ဘာ ၁၈၊ ၁၈၇၄ ) နှင့် “ဂေသရှေမာန်” (ဖေဖော်ဝါရီ ၈၊ ၁၈၆၃)ဟူသော တရားဒေသနာနှစ်ခုအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ ကျွနု်ပ်သည် တရားဟောဆရာကြီး၏ရှင်းပြတရားဟောချက်နှစ် ခုထဲက အချက်အလက်များကိုယူ၍ ဟောပြောမည်ဖြစ်သည်။ မူရင်းဟူသည်မှာ ဤနေရာတွင် မရှိ။ ကျွနု်ပ်က ဤတရားဒေသနာများကို ခေတ်သစ်လူများ၏စာပေအရေးအသားနှင့်အနည်း ငယ်လိုက်လျောညီထွေမှုရှိအောင် ဖန်တီးထားတာဖြစ်ပါသည်။ ဤအတွေးအခေါ်များကို တရားဟောဆရာကြီးထံမှ မှီငြမ်းထားခြင်းဖြစ်ပါသည်။ Spurgeon က ဂေသရှေမာန်ဥယျာဉ်၌ ခရစ်တော်ပုံဆောင်ထားစေခြင်းက သင်၏စိတ်နှလုံးကိုချုပ်ကိုင်ပြီး ထာဝရကံကြမ္မာကို ပြောင်း လဲစေလိမ့်မည်ဟူသောမျှော်လင့်ချက်တွင် ထိုတရားဒေသနာများကို သင်တို့အား တင်ပြမည် ဖြစ်သည်။

ယေရှုသည်ပဿခါအစားအစာကိုစားသောက်ပြီး တပည့်တော်များနှင့်အတူ ပွဲတော် ကို သုံးဆောင်ခဲ့ကြသည်။ ထို့နောက် သူတို့နှင့်အတူ ဂေသရှေမာန်ဥယျာဉ်သို့သွားခဲ့ကြသည်။ ယေရှုသည် ၄င်း၏ဒုက္ခဝေဒနာသည် ဂေသရှေမာန်ဥယျာဉ်၌အစပြုရန် အဘယ့်ကြောင့် ရွေး ချယ်တော်မူခဲ့သနည်း။ အာဒံ၏အပြစ်ကြောင့် ကျွနု်ပ်တို့သည် ဥယျာဉ်၊ ဧဒင်ဥယျာဉ်တွင် ပျက် စီးခြင်းကို ခံနေကြရပါသလား။ ထို့ကြောင့် နောက်ဆုံးအာဒံသည် အခြားဥယျာဉ်ဖြစ်သော ဂေသရှေမာန်ဥယျာဉ်တွင် ကျွနု်ပ်တို့ကို ပြန်လည်တည်ဆောက်ရန် ဆေးကြောင်တော်မူခဲ့ သည်။

ခရစ်တော်သည် ဆုတောင်းရန် ဂေသရှေမာန်ဥယျာဉ်သို့ အမြဲလာလေ့ရှိသည်။ အရင် ကလည်း အမြဲတမ်းသွားနေကျနေရာပင်ဖြစ်ပါသည်။ ယေရှုကဆိုလိုသည်မှာ ကျွနု်ပ်တို့၏အ ပြစ်က သူဝေဒနာခံစားရသည်တိုင်အောင် အရာအားလုံးကို ပြောင်းလဲစေနိူင်ကြောင်းကို ဆိုလို ပါသည်။ သူအပျော်ရွှင်ဆုံးအရပ်မှာ သူဝေဒနာအခံစားရဆုံးနေရာပင်ဖြစ်သည်။

သို့မဟုတ် သူသည် ဂေသရှေမာန်ဥယျာဉ်ကို ရွေးချယ်တာလည်းဖြစ်နိူင်ပါသည်။ အ ဘယ့်ကြောင့်ဆိုသော် ၄င်းက အတိတ်က ဆုတောင်းခြင်းတွင် ပြန်လည်အမှတ်ရစေသည်။ ထိုနေရာသည် ဘုရားသခင်က သူ့အား အမြဲအဖြေပေးသောနေရာပင်ဖြစ်ပါသည်။ ယခုတွင် သူသည် ဒုက္ခ ဝေဒနာထဲသို့ဝင်ရောက်တော့မည်ဖြစ်၍ သူ့အား အကူအညီပေးရန် ဆုတောင်း ခြင်းကြောင့်ရသော ဘုရားသခင်၏အဖြေကို သတိရအောက်မေ့ရန်လိုအပ်ကြောင်း ခံစား ကောင်းခံစားလာပေမည်။

ဆုတောင်းရန် ဂေသရှေမာန်ဥယျာဉ်အတွင်းသို့ သွားရသည့်အဓိကအကြောင်းတရား မှာ ထိုနေရာသို့သွားသည်မှာ ၄င်းကိုယ်တိုင်၏အလေ့အကျင့်ဖြစ်သည်။ ထိုအကြောင်းကို လူ တိုင်းကလည်း သိကြသည်။ ယေရှုက “သူ့အား သစ္စာဖောက်သော ယုဒပင်လျှင်သိသည်။ အကြောင်းမှာ ယေရှုသည် ထိုနေရာသို့ တပည့်တော်များနှင့်အမြဲသွားနေ့ရှိပါသည်” ဟုဆို သည်။ (ယောဟန် ၁၈း ၂ ) ယေရှုသည် သူ့အား ဖမ်းဆီးခံရမည့်နေရာဖြစ်သည်ကို သိလျက် သွားခဲ့သည်။ သူ့အတွက် အချိန်ကာလရောက်လာသောအခါ သစ္စာဖောက်ခြင်းကိုခံရသည်။ သူသည် “အသေသတ်ခြင်းကိုခံရသည့် သိုးသူငယ်ကဲ့သို့” သွားခဲ့သည်။ (ဟေရှာယ ၅၃း ရ ) သူသည် ယဇ်ပရောဟိတ်စစ်သားများကြားတွင် မိမိကိုယ်ကို ပုန်းရှောင်၍မနေပါ။ သူသည် ဘဝကို သူခိုးကဲ့သို့မနေပါ။ သို့မဟုတ် သူလျှိုကဲ့သို့လည်း မဟုတ်ပါ။ ယေရှုသည် သစ္စာ ဖောက်များတွေ့မြင်နိူင်သည့်နေရာတွင် စိတ်ဆန္ဒရှိရှိနေသည်။ သူ၏ရန်သူများက သူ့ကို ဖမ်း ဆီးကြသည်။

ယခုတွင် ဂေသရှေမာန်ဥယျာဉ်အတွင်းသို့ ၀င်ရောက်လာကြပါပြီ။ ထိုညတွင် ထိုနေ ရာသည် အလွန်ပင်မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းပါသည်တကား။ ယာကုပ်နှင့်အတူ “ကြောက်မက်ဖွယ်ကောင်းသောနေရာပါတကား” ဟုဆိုနိူင်ပါမည်လား။ ( ကမ္ဘာဦး ၂၈း ၁၇ ) ဂေသရှေမာန်အကြောင်းကို ဆင်ခြင်အောက်မေ့သောအခါ ခရစ်တော်၏နာကျင်ခံစားရသော ဝေဒနာအကြောင်းကို ဆင်ခြင်ရမိလေသည်။ ဥယျာဉ်အတွင်း၌ သူခံစားရသောဝေဒနာအ ကြောင်းနှင့်ပါတ်သက်ပြီး မေးခွန်းသုံးခုကိုဖြေဆိုခြင်းကို ကျွနု်ပ်ကြိုးစားအားထုတ်လိုပါသည်။

၁။ ပထမအချက်၊ ဧဒင်ဥယျာဉ်အတွင်း ယေရှုကို နာကျင်ခြင်းကို ခံစားစေသော အရာကားအဘယ်နည်း။

သမ္မာကျမ်းစာက ယေရှုသည် “၀မ်းနည်းပူဆွေးသောသူ၊ ဒုက္ခဆင်းရဲနှင့်ရင်းနှီးကျွမ်း ၀င်သူတစ်ဦး” အနေဖြင့် မိန့်တော်မူသည်။ (ဟေရှာယ ၅၃း ၃ ) သို့သော် သူ၌ဖိနှိပ်ချုပ်ချယ်မှု တော့မရှိပါ။ သူကိုယ်တိုင်အထဲတွင် ငြိမ်သက်ခြင်းရှိနေသည်ဖြစ်၍ “ငါ၌ရှိသောငြိမ်သက်ခြင်း ကို သင်တို့အား ငါပေး၏”ဟုပြောဆိုနိူင်သည်။(ယောဟန် ၁၄း၂၇ )ယေရှုသည် ငြိမ်သက်ခြင်း အရှင်၊ ပျော်ရွှင်စွာနေတတ်သောသူဖြစ်သည်ဟု ဆိုလိုက်သောအခါ ကျွနု်ပ်မှားသည်ဟု မထင် မိပါ။

သို့သော် ဂေသရှေမာန်ဥယျာဉ်တွင် အရာအားလုံးသည် ပြောင်းလဲသွားခဲ့သည်။ သူ၌ ရှိသောငြိမ်သက်ခြင်းသည် ကြွေလွင့်ပြီ။ သူ၏ဝမ်းမြောက်ခြင်းသည် ၀မ်းနည်းခြင်းဖြစ်လာပြီ။ ယေရုရှလင်မြို့မှ ကားတိုင်၊ ဂေသရှေမာန်ဥယျာဉ် သို့ဦးဆောင်သွားစေပြီး ကယ်တင်ရှင်သည် နူးညံ့သိမ်မွေ့စွာ ဆုတောင်းပြီး စကားပြောခဲ့သည်။ ( ယောဟန် ၁၅- ၁၇)

“ထိုသို့မိန့်မြွတ်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်တဘက်သို့ကြွ၍၊ ထိုအရပ်၌ရှိသောဥယျာဉ်သို့ဝင် တော်မူ၏။” ( (ယောဟန် ၁၈း ၁ ) )

ယေရှုက သူ့ဘဝတစ်ခုလုံးတွင် ၀မ်းနည်းဖွယ်ကောင်းသော သို့မဟုတ် စိတ်ပျက်စ ရာကောင်းသောခံစားချက်များအကြောင်းကို စကားတစ်ခွန်းတလေမျှ ပြောရန် ခက်ခဲလွန်းပါ သည်။ သို့သော် ဥယျာဉ်အတွင်းသို့ဝင်ရောက်လာသောအခါ အရာအားလုံးသည် ပြောင်းလဲ ကုန်လေပြီ။ “ဖြစ်နိူင်လျှင် ဤခွက်ကို လွန်စေတော်မူပါ” ဟု အော်ဟစ်ဆုတောင်းခဲ့သည်။ (မ ဿဲ ၂၆း ၃၉ ) ယေရှုသည် ၄င်း၏ဘဝအသက်တာတစ်ခုလုံးတွင် ၀မ်းနည်းခြင်း၊ သို့မဟုတ် ဖိ နှိပ်ချုပ်ချယ်မှုကိုဖော်ပြထားတာကို ပြောရခဲပါတယ်။ သို့သော် သူ့အမြင်၊ သွေးချွေးစက်သည် များစီးကျလာပြီး “ကျွနု်ပ်၏စိတ်ဝိညာဉ်သည် အလွန်ပဲကျေကွဲဝမ်းနည်းပြီး သေသည်တိုင် အောင်ဝမ်းနည်းကျေကွဲနေပါသည်” ဟုဆိုပါသည်။ (မဿဲ ၂၆း ၃၈ ) သခင်ဘုရား၊ ဒုက္ခဝေဒနာကို ခံစားနေရလောက်အောင် အဘယ် အရာမှားယွင်းပါသနည်း။

ဤသို့သောဒုက္ခ ဝေဒနာခံစားနေရခြင်းများသည် ကိုယ်ခန္ဓာပေါ်တွင်ကြုံတွေ့နေရ သောထိခိုက်နာကျင်မှုများကြောင့်မဟုတ်ကြောင်းမှာ သိသာထင်ရှားလှပါသည်။ ယေရှုသည် အရင်က ကိုယ်ကာယတွင်ကြုံတွေ့ခဲ့ရသောဒုက္ခကို စောဒကတက်လေ့မရှိ။ သူ့မိတ်ဆွေ လာဇရုသေသည့်အချိန်တွင်လည်း ၀မ်းနည်းကြေကွဲသည်။ သူသည် ရန်သူများက သူသည် ယဇ်မူးသောသူဖြစ်သည်ဟုဆိုကြသော်အခါတွင်လည်းကောင်း၊ စာတန်၏တန်ခိုးကို အသုံးချ ပြီး နတ်ဆိုးနင်ထုတ်ကြသည်ဟု စွပ်စွဲကြသည့်အချိန်တွင်လည်း ၀မ်းနည်းကြေကွဲနေခဲ့သည် ဟူသောအချက်မှာ သံသယဝင်စရာပင်မလိုပေ။ သူသည် ထိုအမှုအရာအားလုံးအတွက် သတ္တိ ရှိသည်။ ခံနိူင်ရည်ရှိသည်။ သူကျောခိုင်နိူင်ပါသည်။ နာကျင်မှုထက်ချွန်ထက်သောအရာရှိ သည်။ ပြစ်တင်ရှုတ်ချမှုထက် ဖြတ်တောက်သောအရာရှိသည်။ သေဆုံးခြင်းထက် စိတ်ပျက် စရာကောင်းသောအရာများရှိပါသည်။ထိုအရာတွေက ယခုတွင် ကယ်တင်ရှင်ကို ဆုတ်ကိုင် ချုပ်နှောင်ထားသည်။ “လေးလန်သောဝန်ဖြင့် ၀မ်းနည်းကြေကွဲစေသည်။” (မဿဲ ၂၆း ၃၇ )

ဤသည်မှာ သေခြင်းကို ကြောက်ရွံ့သည့် သဘောရှိသည်ဟု ထင်ပါသလား။ လက် ၀ါးကပ်တိုင်ပေါ်တင်ရန် ကြောက်ရွံ့သည့်သဘောဟု ထင်မိပါသလား။ မာတုရများစွာတို့သည် ၄င်းတို့၏ယုံကြည်ချက်ကြောင့် သတ္တိရှိရှိအသေခံကြပါသည်။ ထိုသူတို့ထက် ခရစ်တော်သည် သတ္တိကြောင်သည်ဟုဆိုလိုက်သည်မှာ ခရစ်တော်ကို မခန့်ညားရာရောက်ပါသည်။ ကျွနု်ပ်တို့ ၏သခင်ကို အသေခံရန် သူ့နောက်လိုက်သောသူများထက် အဆင့်နိမ့်သည်ဟု သဘောမ ထားသင့်ပါ။ သမ္မာကျမ်းစာက “ထိုသခင်သည် မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်း ကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ…” (ဟေဗြဲ ၁၂း၂ ) ဟုမိန့်တော်မူသည်။ ယေရှု ထက်ကောင်းအောင် သေခြင်းကို ဖိဆန်နိူင်သောသူတစ်ဦးမျှမရှိ။ ဥယျာဉ်ထဲ၌ ဒုက္ခဝေဒနာ သူ ခံစားရသည့်အကြောင်းရင်းမှာ ထိုအချက်မဟုတ်ပါ။

ထို့အပြင် ဂေသရှေမာန်ဥယျာဉ်အတွင်း၌ကြုံတွေ့ရသောဒုက္ခဝေဒနာများသည် စာ တန်က ပုံမှန်တိုက်ခိုက်နေကျအတိုင်း တိုက်ခိုက်မှုမရှိသောကြောင့်ဖြစ်သည်ဟု မယုံကြည်ပါ။ သူ၏အမှုတော်လုပ်ငန်းအစတွင် ခရစ်တော်သည် သဲကန္တာရအတွင်းသို့ရောက်သောအခါ မာနတ်၏ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို တွေ့ကြုံခဲ့ရဖူးသည်။ သို့သော် ယေရှုသည် “တော ၌ ဒုက္ခဝေဒနာခံစားရသည်” ဟု ဖတ်ရှုရလေ့မရှိပါ။ ထိုသဲကန္တာရတွင် ကြုံတွေ့ရသော သွေး ဆောင်မှုသည် ဂေသရှေမာန်ဥယျာဉ်အတွင်းတွေ့ကြုံရသောသွေးလျှံသောချွေးနှင့်အဘယ်အ ရာမျှတူညီမှုမရှိနိူင်ပါ။ သခင်ဘုရား၏ကောင်းကင်တမန်သည် စာတန်နှင့်မျက်နှာချင်းဆိုင်ရပ် လာကြသောအခါ ကျယ်လောင်သောအသံနှင့်မျက်ရည်ဖြင့် မပြောနိူင်ပါ။ မြေပေါ်တွင်လဲကျပြီး ခမည်းတော်ဘုရားကို လျှောက်တင်ထားလေသည်။ ထိုအရာနှင့်နှိုင်းယှဉ်လျှင် စာတန်နှင့် တိုက်လှန်မှုမှု ခရစ်တော်အတွက် လွန်ကူလှပါသည်။ သို့သော် ဂေသရှေမာန်ဥယျာဉ်အတွင်း က ပူပင်သောကရောက်မှုအားလုံးသည် စိတ်နှလုံးအထိ ထိခိုက်နာကျင်လျက်ရှိပါသည်။

သူ၏နာကျင်စွာခံစားနေရမှုကို အဘယ်အရာက ဖြစ်စေပါသနည်း။ ၄င်းသည် ဘုရား သခင်က ကျွနု်ပ်တို့အတွက် ၀မ်းနည်းကျေကွဲမှုကို သူ့အပေါ်တင်ထားသောကြောင့်ဖြစ်ပါ သည်။ ယေရှုသည် ခွက်ကို ခမည်းတော်လက်ထဲက ယူချင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သူအမှန်တကယ်ကြောက်ရွံ့ပါသည်။ ထို့ကြောင့် ထိုအရာသည် ကိုယ်ကာလထိခိုက်နာကျင်မှု ထက်ပိုမိုကြောက်မက်ဖွယ်ရာဖြစ်သည်ကို သင်သေချာတွေ့မြင်နိူင်ပါသည်။ လူတို့သည် သူနှင့် စိတ်တိုသည်ထက် အလွန်ပင် ဆိုးလှပါသည်။ ထိုအချိန်မှစ၍ သူသည် ဘယ်ညာကို မလှည့် ပါ။ စာတန်၏သွေးဆောင်ခြင်းထက် ကြောက်စရာကောင်းပါသည်။ သို့သော် သူသည် အောင် မြင်ကျော်လွှားပါသည်။ ဘုရားသခင်ထံက သူ့အပေါ်ကျရောက်လာသော ကြောက်မက်ဖွယ်၊ စိတ်ပျက်ဖွယ်ရာများဖြစ်ပါသည်။

သူ့အား ထိခိုက်နာကျင် ဝေဒနာဖြစ်စေသောအရာနှင့်ပါတ်သက်ပြီး ဤအချက်က သံသယအားလုံးကို ဖယ်ရှားလိုက်ပါသည်။

“ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” ( (ဟေရှာယ ၅၃း ၆ ) )

ယခုတွင် သူသည် အပြစ်သားများအပေါ်ကျရောက်မည့် ကျိန်ခြင်းကို ခံတော်မူသည်။ သူသည် အပြစ်သားများကိုယ်စား ခံတော်မူခဲ့သည်။ ၄င်းသည် ပူပင်သောက၏လှို့ဝှက်ချက်ပင်ဖြစ်ပါ သည်။ ထိုအရာမှာ ရှင်းပြရအလွန်ခက်ခဲသောအရာဖြစ်ပါသည်။ ဤဒုက္ခဝေဒနာကို အဘယ် လူသားခံစားသောဒုက္ခဝေဒနာနှင့်မျှ နှိုင်းမရနိူင်ပါ။

ဘုရားသခင်၊ ဘုရားသခင်တပါးတည်းသာ၊
ထိုသို့သော သူ့ဝေဒနာကို လုံးဝသိရှိရပါသည်။
    (“မသိသောဒုက္ခဝေဒနာများ”၊ Joseph Hart, ၁၇၁၂- ၁၇၆၈)

ဘုရားသခင်၏သိုးသူငယ်သည် သူ၏ကိုယ်ခန္ဓာတွင် လူသားတို့၏အပြစ်ကို ဆောင်ယူသည်။ ငါတို့အပြစ်၏လေးလံမှုသည် သူ့စိတ်ဝိညာဉ်ကို ထိစေသည်။

“ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌အသေဖြစ်၍၊ ဖြောင့်မတ် ခြင်းအရာ၌အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တွေအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။” ( (၁ပေ ၂း ၂၄ ) )

ကျွနု်ပ်တို့၏အပြစ်အလုံးစုံတို့ကို ဂေသရှေမာန်ဥယျာဉ်အတွင်း၌ “သူ့ကိုယ်ခန္ဓာပေါ်တွင် တင် ထားသည်” ဟု ကျွနု်ပ်ယုံကြည်မိသည်။ ထို့အပြင် သူသည် ကျွနု်ပ်တို့၏အပြစ်များကို နောက် နေ့တွင် ကားတိုင်ဆီသို့ဆောင်ယူသွားလေသည်။

ဥယျာဉ်ထဲတွင် ခရစ်တော်က အပြစ်သယ်ဆောင်သူဖြစ်ခြင်းက အဘယ်သို့ဖြစ်သည် ကို လုံးဝသဘောပေါက်သည်။ သူသည် ဂျူးလူမျိုးတို့၏အပြစ်ကို အဝေးသို့ဆောင်သွားသည့် လွတ်မြောက်သောဆိတ်ဖြစ်လာခဲ့သည်။ ၀န်းခြံ၏အပြင်ဘက်သို့အပြစ်ကိုဆောင်ယူသွားသည့် အပြစ်ဖြေရာယဇ်ဖြစ်လာခဲ့သည်။ခရစ်တော်သည် ထိုအရာထဲက အဘယ့်ကြောင့်နောက်ပြန် တွန့်လိမ်နေသည်ကို မြင်မိရဲ့လား။ ကျွနု်ပ်တို့အပြစ်ရှိသောသူများအဖြစ် ဘုရားသခင်၏မျက် မှောက်တော်တွင် ရပ်တည်ရန် ခရစ်တော်အတွက် အလွန်တက်ကြွသောအရာတစ်ခုဖြစ်ပါသ တည်း။ လူသာက ဤသို့ပြောလိုက်သည်။ လောကတွင်ရှိသောလူအားလုံးသည် အပြစ်သား များအဖြစ်ဘုရားသခင်က ရှုမြင်ရန်ဖြစ်သည်။ ယခုတွင် သူသည် အပြစ်၏အချုပ်အဖြစ်လည်း ကောင်း၊ ဘုရားသခင်၏အပြစ်တော်တည်ရာနေရာအဖြစ်လည်းကောင်း၊ ဖြစ်သည်။ သူသည် ယခုအချိန်တွင် အပြစ်ရှိသောသူများအပေါ်သက်ရောက်မည့် တရားစီရင်ခြင်းသည် သူကိုယ် တိုင်၏အပေါ်တွင် ကျရောက်လျက်ရှိပါသည်။ ထိုအဆင့်တွင်ရှိနေဖို့ရန် ခရစ်တော်၌ အလွန်ခါး သီးသောအရာကို တွေ့ကြုံရမည်ဖြစ်သည်။

အပြစ်ဒဏ်သည် သူ့အပေါ်တွင် ဥယျာဉ်၌စတင်ကျရောက်လာသည်။ ပထမအချက် အနေဖြင့် အပြစ်ကိုယ်တိုင်သည် ၄င်းအပေါ်ကျရောက်တော်မူသည်။ ထို့နောက် အပြစ်ဒဏ် ကျရောက်တော်မူသည်။ လူသားတွေရဲ့အပြစ်အတွက်ကြောင့် ဘုရားသခင်၏တရားစီရင်ခြင်း ကို ပေးဆပ်ရန် နည်းနည်းနောနောဒုက္ခဝေဒနာမျိုးမဟုတ်ပါ။ သခင်ဘုရားခံစားခဲ့ရသောဝေဒ နာကို ကြည့်ရှုလေ့လာရန် ကျွနု်ပ်မကြောက်ပါ။ ငရဲကြွေးအားလုံးကို ထိုခွက်ထဲသွန်းလောင်ပြီး သူသောက်ခဲ့သည်။

ကယ်တင်ရှင်၏စိတ်ဝိညာဉ်ကိုကျိုးပျက်စေသောကျိန်ခြင်းတစ်ခုမှာ ဖော််ပြ၍မရနိူင် သောဒုက္ခပင်လယ်ဝေရခြင်းပင်ဖြစ်ပါသည်။ ၄င်းမှာ သူ၏အသက်ပေးဆက်ကပ်သည့်သေခြင်း တွင်ဖြစ်ပါသည်။ ထိုအကြောင်းအရာဖော်ပြခြင်းအတွက် လူတစ်ဦးတစ်ယောက်က ကျွနု်ပ်အား ပြစ်တင်ရှုတ်ချတာလည်းဖြစ်ကောင်းဖြစ်နိူင်ပါသည်။ သို့သော် ငါပြောလိုသည်မှာ လသားအ ပြစ်တို့၏ရှင်းမပြနိူင်လောက်သော ပူဆွေးသောကပင်ဖြစ်ပါသတည်း။ ၄င်းသည် ယေရှုအပေါ် ကျရောက်တော်မူခဲ့သည်။ သွေးလျှံသောချွေးဖြင့်နှစ်ခြင်းခံတော်မူခဲ့သည်။ အပြစ်သားအဖြစ် ဆက်ဆံနိူင်ရန်၊ အပြစ်သားအဖြစ်ပြစ်ဒဏ်ပေးနိူင်ရန်၊ သူသည် အပြစ်လုံးဝပြုသည်မဟုတ် သော်လည်း ၄င်းသည် ကျွနု်ပ်တို့အသုံးပြုသောကျမ်းပိုဒ်ကပြောဆိုသည့် သူ့အား ပူဆွေးစေ သော အရာပင်ဖြစ်ပါသည်။

“ပြင်းထန်သောဝေဒနာကိုခံလျက်၊ အထူးသဖြင့် ကြိုးစား၍ ဆု တောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျ သော သွေးစက်ကဲ့သို့ဖြစ်သတည်း။” ( လုကာ ၂၂း ၄၄ ) )

နောက်ထပ်မေးခွန်းကို ကျွနု်ပ်တို့ သွားကြပါစို့။

၂။ ဒုတိယအချက်၊ ခရစ်တော်၏သွေးလျှံသောချွေး၏အဓိပ္ပါယ်ကား အဘယ်နည်း၊

Ellicott က သွေးလျှံသောချွေးအစစ်အမှန်မှာ “ယေဘုယျအားဖြင့် လက်ခံသောရှု ထောင့်တစ်ခုဖြစ်သည်” ဟုဆိုပါသည်။ (Charles John Ellicott, သမ္မာကျမ်းစာတစ်ခုလုံးနှင့် ပါတ်သက်ပြီးအနက်ဖွင့်ဆိုချက်၊ အတွဲ ၆၊ စာ- ၃၅၁ ) သူက ဆက်လက်၍ ပြောသည်မှာ “သွေးလျှံသောချွေးဟူသည်မှာ အာရစ်တိုတယ်၏ပိုကဲသောပြောဆိုချက်အဖြစ်မှတ်သားရပါ သည်” ဟူ၍ဖြစ်သည်။ (၄င်း ) သြဂတ်စတင်းမှစ၍ ယနေ့ခေတ် ပညာရှင်များသည် “ဖြစ်ခဲ့သ ကဲ့သို့” ဟူသောအချက်ကို စွဲကိုင်ကြပြီး တကယ့်အသွေးဖြစ်ကြောင်းကို ထင်ရှားစေကြသည်။ ခရစ်တော်သည် အမှန်တကယ်သွေးချွေးထွက်ခဲ့သည်ကို ယုံကြည်ပါသည်။ ၄င်းသည် ဖြစ်ရိုး ဖြစ်စဉ်မဟုတ်သော်လည်း သမိုင်း၌ မတူညီသောအချိန်ကာလတွင် အခြားသူများက သက် သေအဖြစ်တွေ့မြင်ခဲ့ကြပါသည်။ ဂါလင်ဟူသော ရှေးဟောင်းဆေးပညာစာအုပ်များတွင် မကြာသေးသည့်နေ့ရက်က ရက်အတန်ကြာအားနည်းမှုကြောင့် သွေးချွေးစီးကျလာသည့်မှတ် တမ်းကို တွေ့ရသည်။

ခရစ်တော်၏သွေးချွေးကျခြင်းသည် အစစ်အမှန်ဖြစ်ပါသည်။ သူသည် သွေးချွေးကျ သည်သာမက ကြီးများသည့် သွေးချွေးစက်များပင်ဖြစ်ပါသည်။ မည်သည့်အချိန်တွင်မျှတွေ့ရ မြင်ရဖူးခြင်းမရရှိသည့်အရာဖြစ်ပါသည်။ အချို့နေမကောင်းတဲ့သူများ၏ချွေးတွင် သွေးပေါ်လာ တတ်ပါသည်။ သို့သော် သွေးချွေးစက်ကြီးတော့မဟုတ်ပါ။ ထိုသွေးချွေးစက်များကြောင့် ရပ်တန့်နိူင်ခြင်းမရှိတော့ဘဲ မြေပေါ်တွင် ချော်ကျသွားပါသည်။ ခရစ်တော်သည် ဆေးပညာ သမိုးတွင် ရပ်တည်လျက်ရှိကြောင်း တွေ့ရပါသည်။ သူသည် ကျန်းမာလျက်ရှိသည်။ သူသည် အသက်သုံးဆယ့်သုံးနှစ်သာရှိသေးသည်။ သို့သော် သူသယ်ပိုးရသောအပြစ်ဒုက္ခက စိတ်ပိုင်း ဆိုင်ရာကို ဒုက္ခပေးခဲ့သည်။ သူ့ခွန်အားများ လျော့နည်းလာသည်။ ထို့ကြောင့် သူ့ကိုယ်ခန္ဓာ ကို ဖိနှိပ်ချုပ်ချယ်လာသည်။ မြေပေါ်တွင် သွေးချွေးစက်များစီးကျသည်အထိဖြစ်လာသည်။ ထို အချက်က သူ့အပေါ်တင်ထားသောအပြစ်အလေးချိန်သည် လေးလံလွန်းသည်ကို တွေ့ရ သည်။ ထိုအရာက ကယ်တင်ရှင်အား အရေပြားမှသွေးများစီးကျလာသည်တိုင်အောင် နှိပ်စက် လွန်းသည်။

ဓါးမရှိလျှင် အသွေးသည် လွတ်လပ်စွာစီးဆင်းသည်ဖြစ်၍ ၄င်းက ခရစ်တော်ခံရသော ဒုက္ခ၏သဘောသဘာဝကို ချထားလျက်ရှိသည်။ ဆေးဆရာဝန်က လူများတို့သည် ကြောက်ရွံ တုန်လှုပ်မှုဖြစ်လျှင် အသွေးသည် နှလုံးထဲသို့ပျံ့နှံ့သွားသည်ဟုဆိုသည်။ ပါးတို့သည် ဖြူဖတ် ဖြူရော်ဖြစ်လာသည်။ အားနည်းမှုပုံရိပ်များထင်ဟပ်လာသည်။ သွေးသည် အတွင်းထဲသို့ဝင် ရောက်လာသည်။ သို့သော် ကျွနု်ပ်တို့၏ကယ်တင်ရှင်အား ၄င်းခံရသောဝေဒနာတွင်ကြည့်ပါ။ သွေးသည် အတွင်းဘက်စီးဆင်းပြီး ကျန်းမာစေမည့်အစား မြေကြီးပေါ်သို့လဲကျသည်အထိ အပြင်ဘက်သို့စီးကျလာသည်မှာ မိမိကိုယ်ကိုပင်မေ့ပျောက်သည်အထိပင်ဖြစ်သည်။ မြေကြီး ပေါ်တွင် ၄င်း၏အသွေးစီးဆင်းမှုက သင့်အား ကယ်တင်ခြင်းအခမဲ့ပေးသည်ဟူသောအဓိပ္ပါယ် ကို ဖော်ဆောင်ထားပါသည်။ သွေးသည် အသားထဲက ထွက်လာသောကြောင့် ယေရှုကိုယုံ ကြည်လျှင် သင့်အပြစ်ကို အခမဲ့ဆေးကြောတော်မူမည်။

“ပြင်းထန်သောဝေဒနာကိုခံလျက်၊ အထူးသဖြင့် ကြိုးစား၍ ဆု တောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျ သော သွေးစက်ကဲ့သို့ဖြစ်သတည်း။” ( လုကာ ၂၂း ၄၄ ) )

သွေးလျှံသောချွေးသည် သူ့စိတ်နှလုံးကထွက်သောဝမ်းနည်းခြင်း၏အကျိုးဆက်ပင် ဖြစ်ပါသည်။ နှလုံးသားထဲက နာကျင်မှုသည် အဆိုးဆုံးသောနာကျင်မှုပင်ဖြစ်ပါသည်။၀မ်း နည်းခြင်းနှင့်ဖိနှိပ်ခြင်းများက အမှောင်မိုက်ဆုံးသောနာကျင်မှုဖြစ်သည်။ နက်နက်သောနာ ကျင်မှုကိုသိရှိခံစားခဲ့ဖူးသောသူတို့သည် ထိုအချက်၏မှန်ကန်မှုကို သိရှိကြပါလိမ့်မည်။ မဿဲ တွင် ဖတ်ရှုရသကဲ့သို့ “၀မ်းနည်းခြင်းနှင့်အလွန်လေးလံသောအရာများ” ဖြစ်သည်။ (မဿဲ ၂၆း ၂၇ ) “အလွန်လေးလံသည်” ဟူသောအချက်မှာ ပြည့်ဝသောအဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ပါ သည်။ ၀မ်းနည်းခြင်းက လွှမ်းခြုံထားသောစိတ်နှလုံး၊ အခြားတွေးတောမှုများဝိုင်းရံထားသော စိတ်နှလုံး၊ တို့ဖြစ်သည်။ စိတ်နှလုံးဒုက္ခပင်လယ်ဝေခဲ့ရလေသည်။ “ထိုသူသည် ငါတို့၏အနာ ရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၄င်း၊ ဘုရားသခင် ဆုံးမ၍နှိပ်ချတော်မူခြင်းကို၄င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။” (ဟေရှာ ၅၃း ၄ ) “မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏အကျိုးကို မိမိအားမြင်ရလိမ့်မည်။” (ဟေရှာယ ၅၃း ၁၁ ) သူ့စိတ်နှလုံးက သူ့အား အားနည်းစေသည်။ သူသည် စိတ်ပျက်ကြောက်ရွံ့ခြင်း နှင့်ပြည့်နှက်နေသည်။ သူသည် “အလွန်လေးလံနေသည်။” ပညာရှိသော Thomas Goodwin က “စကားလုံးက ကျဆုံးခြင်း၊ ဆုံးရှုံးခြင်းကို မှတ်သားထားသည်။ ထိုအချက်မှာ နေမကောင်း သည့်အချိန်တွင် လူတစ်ဦးအသက်တာ၌ဖြစ်တတ်သောအရာကဲ့သို့ဖြစ်သည်။ သေလုမျှောပါး အထိဖြစ်တတ်သောနာမကျန်းမှုကိုလည်း ထိုစကားအားဖြင့်သာပြောဆိုကြပါသည်။ ထို့ ကြောင့် ခရစ်တော်၏စိတ်ဝိညာဉ်သည် ဖျားနာပြီး အားနည်းလျက်ရှိပါသည်။ သူ၏ချွေးသည် စိတ်မောပန်းမှုကဖြစ်စေပါသည်။အေးတိအေးစက်စောချွေးများသည် သေခါနီးလူထံမှလာ သည် ခန္ဓာကိုယ်အားနည်းခြင်းသဘောကိုဆောင်ပါသည်။ သို့သော် ယေရှုခရစ်၏စောချွေးများ သည် အတွင်းပိုင်း စိတ်နှလုံး၏မောပန်းနွမ်းနယ်မှုသေခြင်း၊ အပြစ်၏လေးလံမှုမှလာသောအ ရာပင်ဖြစ်ပါသည်။ သူသည် ဒုက္ခဝေဒနာများကို ခံစားနေရသောသူဖြစ်ပါသည်။ အတွင်းပိုင်း သေခြင်းဖြင့် ရစ်ပတ်နေသည်။ ခန္ဓာတစ်ခုလုံးမှ အသွေးများဖြင့်ငိုကြွေးမှုကိုဖြစ်စေပါသည်။ သူသည် အလွန်ပင်လေးသောဝန်ကိုထမ်းနေသည်။”

မာကုခရစ်ဝင်ကျမ်းက သူသည် “အလွန်အံ့သြတွေဝေရကြောင်း” ဆိုပါသည်။ (မာကု ၁၄း ၃၃ ) ဂရိစကားလုံးက သူ၏အံ့သြတွေဝေမှုသည် ကြောက်ရွံ့ခြင်းများကို ဖြစ်စေသည်။ လူတို့၏ဆံပင်သည် အဆုံးပိုင်းသို့ရောက်လာသောအခါ ၄င်းတို့၏အသားသည် တုန်လှုပ်သွာ း သည်။ ဥပဒေ၏ကယ်တင်မှုကို မောရှေကိုတုန်လှုပ်စေသည်။ ထို့ကြောင့် ကျွနု်ပ်တို့၏ကယ် တင်ရှင်သည် သူ့အပေါ်တင်ထားသောအပြစ်အရာတွင် တုန်လှုပ်ခြောက်ချားလာသည်။

ကယ်တင်ရှင်သည် ပထမတွင် ဒုက္ခဝေဒနာခံစားသည်။ စိတ်ပျက်သည်။ လေးလံ သည်။ သူသည် အံ့သြတုန်လှုပ်မှုနှင့်ပြည့်နှက်နေသည်။ ကျွနု်ပ်တို့အပြစ်သယ်ဆောင်ခြင်းဖြစ် လာသောအခါ သူသည် ဘုရားသခင်၏မျက်မှောက်တော်၌ လူသားများ၏အပြစ်အတွက် ကိုယ်စားပြုရန် ပြန်လည်ရပ်တည်လာသည်။ အပြစ်သားများကိုစား ဘုရားသခင်က သူ့အား ကြည့်ရှုသည်ကို ကြောက်ရွံ့လာသည်။ ဘုရားသခင်စွန့်ပစ်သည်ကို တွေးရင် အံ့သြတွေဝေ လာသည်။ သူ၌ရှိသော သန့်ရှင်းခြင်း၊ မေတ္တာသဘောသဘာဝသည် “လေးလံသောအရာ” ဖြစ်လာပါသည်။

ကျွနု်ပ်တို့အား ဆက်လက်၍ မိန့်တော်မူသည်မှာ “ငါ့စိတ်နှလုံးသည် ပူဆွေးလျက်ရှိ သည်၊ သေသည်အထိ ခံစားရသည်” ဟူ၍ဖြစ်သည်။ (မဿဲ ၂၆း ၃၈ ) ဂရိစကားလုံး “perilupos” မှာ ဒုက္ခဝေဒနာများ ၀ုိင်းဝိုင်းလည်နေသည်။ သာမာန်ခံစားရသောဒုက္ခဝေဒနာအ နေဖြင့် အချို့တို့လွတ်မြောက်သည်။ မျှော်လင့်ချက်အရောင်သန်းလာသည်။ ကျွနု်ပ်တို့သည် ထိုအရာများကို ဒုက္ခထဲတွင် သတိရစေသည်။၄င်းသည် ပိုမိုဆိုးရွားလာသည်။ သို့သော် ယေရှု ခံရသောဒုက္ခဆင်းရဲတွင် အဘယ်အရာမျှပိုမိုဆိုးရွားလာသည်ဟူ၍ မရှိပါ။ အကြောင်းမှာ သူသည် ဒါ၀ိဒ်နှင့်အတူ “မရဏာနိုင်ငံဘေးတို့သည် ငါ့ကိုဖမ်းမိသဖြင့်” (ဆာလံ ၁၁၆း ၃ ) ဟူဆိုနိူင်ပါသည်။ ဘုရားသခင်၏လှိုင်းလုံးနှင့်ခေါင်းအုံးသည် ကျွနု်ပ်အပေါ်ကျရောက်လျက်ရှိ သည်။ သူ့အပေါ်၊ ဘေးပတ်လည်နှင့်အပြင်နှင့်အတွင်း၊ ရှိသမျှတို့တွင် နာကျင်ခံစားစရာသာ ဖြစ်ပါသည်။ ခံစားရသော နာကျင်မှု၊ ဒုက္ခများထဲက လုံးဝလွတ်မြောက်နိူင်ခြင်းမရှိပါ။ ခရစ် တော်ခံရသောဒုက္ခဝေဒနာထက် ကျော်လွန်သွားသည်မရှိ။ သူက “ငါ့စိတ်နှလုံးသည် ညှိုးငယ် လျက်ရှိသည်”၊ ဒုက္ခဝေဒနာက ၀ုိင်းရံလျက်ရှိသည်။ “သေသည်အထိဖြစ်သည်” ဟူ၍ဆိုထား ပါသည်။

သူသည် ဂေသရှေမာန်ဥယျာဉ်တွင် အသေခံခဲ့သည်မဟုတ်။ သူသည် သေလုမတတ် ဒုက္ခခံစားရခြင်းသာဖြစ်သည်။ သူ၏နာကျင်ခံစားရမှုသည် သေခန်းဆုံးထိဖြစ်နေပါသည်။

သူ့ပေါ်တွင် ချွေးစက်များသည် သွေးစက်များအဖြစ်သို့ပြောင်းသွားသည်မှာ အတွင်း ပိုင်းဖိအားက သူ့အား ထိုသို့ဖြစ်စေသည်မှာ အံ့သြစရာမဟုတ်ပါ။ လူသားရှုထောင့်မှနေ၍ ရှင်းရှင်းလင်းလင်းတွေ့မြင်ရခြင်းဖြစ်သည်။

ဘုရားသခင်၊ ဘုရားသခင်တပါးတည်းသာ၊

ထိုသို့သော သူ့ဝေဒနာကို လုံးဝသိရှိရပါသည်။

“ပြင်းထန်သောဝေဒနာကိုခံလျက်၊ အထူးသဖြင့် ကြိုးစား၍ ဆု တောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျ သော သွေးစက်ကဲ့သို့ဖြစ်သတည်း။” ( လုကာ ၂၂း ၄၄ ) )

၃။ တတိယအချက်၊ ခရစ်တော်က ဤအရာများကို အဘယ့်ကြောင့် ကျော်ဖြတ်ခဲ့ သနည်း။

လူများစွာက ခရစ်တော်သည ထိုသို့သောပူပင်သောကရောက်ခြင်းနှင့်ချွေးစက်များ သွေးစက်ကဲ့သို့ကျရသည့်အကြောင်းကို အံ့သြကြသည်မှာ အသေအချာပါပဲ။ သူတို့က “ဤအ ရာဖြတ်ကျော်ရသည်ကို ကျွနု်ပ်သိသည်၊ သို့သော် အဘယ့်ကြောင့် ကျော်ဖြတ်ရသည်ကိုမူ ငါ နားမလည်နိူင်” ဟု ဆိုကြပေမည်။ ယေရှုက ဤအရာများကို ဂေသရှေမာန်ဥယျာဉ်အတွင်း အဘယ့်ကြောင့်တွေ့ကြုံရသည်နှင့်စပ်လျဉ်း၍ အကြောင်းတရားခြောက်ခုတင်ပြလိုပါသည်။

၁။ ပထမအချက်အနေဖြင့်၊ သူ၏လူသားအစစ်အမှန်ကို ကျွနု်ပ်တို့အား ပြသရန်ဖြစ်ပါသည်။ သူ့ကို ဘုရားတစ်ပါးတည်းအနေဖြင့်သာ စဉ်း စားမိပါရဲ့လား။ သင့်အနီးနားတွင်ရှိသောသူ၊ သင့်အရိုးထဲကအရိုး၊ အသားထဲကအသားဖြစ်သည်။ သင့်ကို မည်သို့သနားတတ်မည် နည်း။ သင့်ရဲ့အပြစ်ဝန်ထုတ်ကြောင့်လေးလံနေသောသူ၊ သင်၏ပူ ဆွေးသောကကြောင့်ညည်းတွားပူပန်နေသောသူဖြစ်သည်။ ယေရှု က နားမလည်လျှင် အဘယ်အရာမျှဖြစ်လာမည်မဟုတ်။ ယင်းမှာ သူသည် သင်၏သွေးဆောင်ခံရခြင်းအာဖြင့် သင့်အား ဆောင်ယူ နိူင်သည့်အကြောင်းရင်းပင်ဖြစ်ပါသည်။ သင့်ရဲ့မိတ်ဆွေအဖြစ် ယေရှုကိုဆုတ်ကိုင်ထားပါ။ သင့်ဘဝအသက်တာတွင်ကြုံတွေ့ရ မည့်အခက်အခဲများအားဖြင့် သင့်အားဆောင်ယူမည့်နှစ်သိမ့်ခြင်း ကိုပေးတော်မူမည်။

၂။ ဒုတိယအချက်၊ သာဓကတစ်ခုကိုပေးထားရန်ဖြစ်သည်။ တမန် တော်ရှင်ပေတရုက “ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူ သည်ဖြစ်၍၊ ခြေတော်ရာကိုလိုက်လျှောက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ။” (၁ပေ ၂း ၂၁ ) ခရစ်ယာန်တစ်ယောက်အနေဖြင့် အသက်ရှင်ရသည်မှာ လွယ်ကူလွန်းလှသည်ဟုဆိုသော တရား ဟောဆရာများကို ကျွနု်ပ်လုံးဝသဘောမတူပါ။ တမန်တော်ရှင်ပေါ လုက “ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရားဝတ်၌မွေ့လျော်၍ နေခြင်းငှါအလိုရှိသောသူအပေါင်းတို့သည် ညင်းဆဲခြင်းကို ခံရကြ လိမ့်မည်” ဟုဆိုသည်။ (၂ တိ ၃း ၁၂ ) သူက “ထိုသို့အလို့ငှါ သင် သည် ယေရှုခရစ်၌ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကို သည်းခံလော့” ဟုဆိုသည်။ ( ၂တိ ၂း ၃ ) ရှင်ပေါလုက အသက်ငယ်ရွယ်သောတရားဟောဆရာများအား ထိုစကားများဖြင့် တိုက်တွန်းထားပါသည်။ အမှုတော်လုပ်ငန်းဟူသည်မှာ ခက်ခဲသော အလုပ်ဖြစ်သည်။ လူအများစုက လုပ်ဆောင်နိူင်ခြင်းမရှိပါ။ George Barna ၏အဆိုအရ၊ ၃၅ မှ ၄၀ရာခိုင်နှုန်းသောသင်းအုပ်များသည် ယနေ့ခေတ်တွင် အမှုတော်လုပ်ငန်းကို စွန့်ခွါသွားကြသည်ဟုဆို သည်။ လောကကြီးတွင်ရှိသောလုပ်ငန်းထဲတွင် အခက်ခဲဆုံးခေါ် ခြင်းလည်းဖြစ်ပါသည်။ ခရစ်တော်၏စစ်သူရဲမဟုတ်လျှင် အဘယ် သူမျှ ခံနိူင်ရည်မရှိပေ။ သင်းအုပ်များသာမက ခရစ်ယာန်ကောင်း များသည်ပင်လျှင် ဘုရားသခင်ကို အစေခံရင်း ဒုက္ခဝေဒနာကို ခံ စားခဲ့ကြရသည်။ သမ္မာကျမ်းစာက “ငါတို့သည် များပြားသောဆင်း ရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိူင်ငံတော်သို့ဝင်ရကြမည်” ဟု မိန့် တော်မူသည်။ (တမန် ၁၄း ၂၂ ) ထိုအရာမှာ ဒေါက်တာ John Sung ၏ “ကားတိုင်မရှိ၊ သရဖူမရှိ” ဟူသောစကားနှင့်ထပ်တူဖြစ် သည်ဟု ထင်မိသည်။

၃။ တတိယအချက်မှာ၊ ဥယျာဉ်အတွင်း သူကြုံတွေ့ရသောအတွေ့အ ကြုံက အပြစ်၏မကောင်းဆိုးဝါးအကြောင်းကို ပြသခြင်းဖြစ်သည်။ သင်သည် ယေရှုလုံးဝမဖြစ်ဘူးသည့် အပြစ်သားဖြစ်လာပါသည်။ အိုအပြစ်သား၊ သင်၏အပြစ်သည် ခရစ်တော်၌နာကျင်စေသော ကြောင့် ကြောက်မက်ဖွယ်ရာပင်ဖြစ်ပါသည်။ ကျွနု်ပ်တို့အပြစ်များကို ကိုယ်စားခံရခြင်းကြောင့် သူသည် သွေးလျှံသောချွေးစက်ကျရ သည်။

၄။ စတုတ္ထအချက်၊ ဥယျာဉ်အတွင်းက သူခံရသောဒုက္ခက ကျွနု်ပ်တို့အ ပေါ်ထားသော သူ၏မေတ္တာကို ပြသသည်။ သူသည် ကျွနု်ပ်တို့ ကိုယ်စား အပြစ်ကို သယ်ဆောင်သွားသည်။ သူသည် ကျွနု်ပ်တို့ ကိုယ်စား အရာအားလုံးကို ဒုက္ခဝေဒနာခံစားစေခြင်းငှါ အကျွေးတင် တော်မူသည်။ ယင်းမှာ အပြစ်ဒဏ်ကို ပေးရန်ဖြစ်သည်။ ကျွနု်ပ်တို့ အားချစ်တော်မူသည်ဖြစ်၍ သူ့အား ပြန်လည်ချစ်ခင်ရမည်။

၅။ ပဥ္စမအချက်၊ ဥယျာဉ်အတွင်း၌ယေရှုကို ကြည့်ပါ။ သူ၏ရန်ငြိမ်းခြင်း လုပ်ဆောင်မှုကို ကြည့်ပါ။ အဘယ်သို့ ငါဖြစ်သနည်း။ သူ့အမြင် သည် ဘုရားသခင်၏မျက်မှောက်တော်၌ အဘယ်သို့ ညစ်ပတ်ရိုင်း စိုင်းသောသူဖြစ်ပါသနည်း။ ငါသည်သာလျှင် ငရဲနှင့်ထိုက်တန် သည်။ ဘုရားသခင်သည် ကျွနု်ပ်အား စွန့်မပစ်သည့်အကြောင်းကို အံ့သြမိသည်။ သို့သော် ဂေသရှေမာန်ဥယျာဉ်သို့သွားပြီး သဖန်းပင် အောက်သို့ကြည့်သောအခါ ကယ်တင်ရှင်ကို ငါတွေ့၏။ မြေပေါ် တွင်လူးလိမ့်ပြီး ရှိနေသည်ကို ငါတွေ့သည်။ သူ့ပတ်ဝန်းကျင်ကို ကြည့်သောအခါ သူ့အသွေးနှင့်နီရဲနေသည်ကိုတွေ့ရပါသည်။ သူ့ မျက်နှာသည် ချွေးစက်များဖြင့် ပြည့်နှက်နေသည်။ ကယ်တင်ရှင် အား “ကယ်တင်ရှင်၊ ငါအဘယ်အရာကို မှားနေပါသနည်း” ဟု မေး လိုက်သည်။ သူက “သင့်အပြစ်အတွက် ငါဒုက္ခခံစားနေရတယ်” ဟု ပြန်ပြောလိုက်သည်။ ကျွနု်ပ်အတွက် သူ၏ပေးဆပ်ခြင်းကြောင့် ဘုရားသခင်က ကျွနု်ပ်ကို ခွင့်လွှတ်နိူင်သည်။ ယေရှုထံသို့လာပြီး ယုံကြည်လက်ခံပါ။ သင်၏အပြစ်များကို အသွေးတော်အားဖြင့် ခွင့် လွှတ်တော်မူမည်။

၆။ ဆဌမအချက်၊ သူ၏ရန်ကိုငြိမ်းစေသောအသွေးကို ငြင်းပယ်သော သူတို့အားပေးရသည့်ပြစ်ဒဏ်ကို ဆင်ခြင်ကြည့်ပါ။ သူ့ကိုငြင်းပယ် လျှင် တနေ့တွင် ဘုရားသခင်၏မျက်မှောက်တော်တွင်ရပ်တည်ရ မည်ဖြစ်ပြီး သင့်အပြစ်အတွက် အပြစ်စီရင်ခြင်းကို ခံရမည်ဖြစ် သည်ကို ဆင်ခြင်ကြည့်ပါ။ ငါပြောပြမယ်။ ငါ့နှလုံးသားထဲက နာ ကျင်မှုနှင့်ငါပြောမည်။ ကယ်တင်ရှင်ခရစ်တော်ကိုငြင်းပယ်လျှင် သင့်အသက်တာတွင် အဘယ်သို့ဖြစ်လာမည်နည်း။ ဥယျာဉ်ထဲတွင် မဟုတ် အိပ်ယာထဲတွင်ဖြစ်သည်။ သင်သည် အံ့သြပြီး သေခြင်းနှင့် အနိူင်ပိုင်းလိမ့်မည်။ သင်သည် သေပြီး ၀ိညာဉ်သည်လည်း တရား စီရင်ခြင်းခံကာ ငရဲသို့သွားရလိမ့်မည်။ ဂေသရှေမာန်က သင့်ကို သ တိပေးလိမ့်မည်။ သူခံရသော နာကျင်မှု၊ မျက်ရည်များက သင့်အား နောင်တသို့ ပို့ဆောင်ပါစေသော်။ ယေရှုကို ယုံကြည်စေပါစေသော်။ သူ့ထံသို့လာပါ။ သူ့ကို ယုံကြည်ကိုးစားပါ။ သူသည် သေခြင်းမှ ထ မြောက်ပြီး ယနေ့အသက်ရှင်ပါသည်။ ကောင်းကင်ဘုံ၌ ဘုရား သခင်၏လက်ယာဘက်တွင် ထိုင်နေတော်မူသည်။ သူ့ထံသို့ ယခု လာပါ။ အပြစ်ခွင့်လွှတ်ခြင်းကို ရရှိမည်။ အချိန်မနှောင်းခင် ပြန်၍ လာပါ။ အာမင်။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒသေနာစာမူမြားကို ကူးယူ၍မရပါ။ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ လုကာ ၂၂း ၃၉- ၄၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"မသိနိူင်သောကိုယ်တော့်ဝေဒနာ"၊ (Joseph Hart ၊ ၁၇၁၂-၁၇၆၈) ရေးစပ်သည်။