Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သားဖျက်ချခြင်းနှင့်ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း

ABORTION AND THE SECOND COMING OF CHRIST!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၆ခုနှစ်
ဇန်နာဝါရီလ ( ၁၇ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. C. L. Cagan ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 17, 2016

"တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင် ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏အိမ် တော်၌နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။" ( (ယောဟန် ၁၄း ၁- ၂ ) )


တရုတ်ပြည်၊ အာဖရိကပြည်၊ တတိယကမ္ဘာ၏အခြားသောအစိတ်အပိုင်းများ၌ သန်း ပေါင်းများစွာသောလူတို့သည် ခရစ်တော်ကို ကိုးစားကြသည်။ နိူးထမှုကို ကောင်းကင်မှ စေ လွှတ်ခဲ့သည်။ သို့သော် အမေရိကန်၊ အနောက်တိုင်းတို့ရှိ အသင်းတော်များ၌ အေးတိအေး စက်ရှိပြီး နိူးထမှုမရှိပါ။

ဥရောပနှင့်အမေရိကန်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်ထံက ထွက်သွားခဲ့ကြပါပြီ။ ၁၉၇၃ ခုနှစ် အမေရိကန်ပြည်ထောင်စု တရားရုံးတွင် သားဖျက်ချခြင်းအတွက် တရားဝင်ဥပဒေ ကို ချမှတ်ရေးဆွဲခဲ့သည်။ ကျွန်ုပ်တို့သည် နှစ်ပေါင်းလေးဆယ်အတွင်း သန်းပေါင်းများစွာသော သူတို့က ကလေးများကို သတ်ဖြတ်ခွင့်ပြုကြသည်။ သန်းပေါင်း ငါးဆယ့်ရှစ်ယောက်သော အမေရိကန်ကလေးသူငယ်များကို ၎င်းတို့အမေပိုက်ထဲရှိစဉ်အတွင်း သားဖျက်ချခြင်းဖြင့် အ သတ်ခံရကြသည်။ ကျွန်ုပ်တို့၏နိူင်ငံကို ကိုးကြိမ်ထက်မက ဟဟ်လာကဲ့သို့သော လူများစွာတို့ က သတ်ဖြတ်ခဲ့ကြသည်။ ဤနိူင်ငံသည် တရားစီရင်ခြင်း၏အောက်တွင် ရှိနေပါသည်။ ကွန် ဆာဗေးတစ်လို့အခေါ်ခံရသူများကလည်း သားဖျက်ချခြင်းကို မ ဆီးတားနိူင်ကြပါ။ ရီဗာပရီကန် လွှတ်တော်ကလည်း မိဘဘဝကိုအစီအစဉ်လုပ်ဆောင်ဖို့ ငွေကြေးများစွာကို ပေးထားသည်။ ၎င်းက လက်တွေ့စမ်းသပ်မှုအတွက် ကလေးသူငယ်များ၏ကိုယ်ခန္ဓာအစိတ်အပိုင်းကို ရောင်း ခဲ့ကြသည်။ ရီဗာပရီကန်အတွက် အရှက်ရစရာကောင်းပါသည်။ Franklin Graham သည် ရီဗာပရီကန်အဖွဲ့ထဲက လွှတ်မြောက်လာသောကြောင့် ကျေးဇူးတင်ပါသည်။ တော်ပါသေး သည်။ သူက ''ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စုအတွက် အကောင်းဆုံးသောအရာကို လုပ်ဆောင်ပေးဖို့ ရီဗာပရီကန်ပါတီ၊ ဒီမိုကရက်တစ်ပါတီ သို့မဟုတ် တီးပါတီတွင် မျှော်လင့် ချက်လုံးဝမရှိပါ" ဟု ပြောသဖြင့် တော်ပါသေးတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ (http://www.foxnews.com/politics/2015/12/22/evangelist-franklin-graham-slams-quits-gop.html?intcmp=hppop). ဒီမိုကရက်တစ်ပါတီသည် ရီဗာပရီကန်ပါတီထက် သာ၍ ပင်ဆိုးသေးသည်ကို သိစေချင်ပါသည်။ ရီဗာပရီကန်ပါတီ၊ ဒီမိုကရက်တစ်ပါတီ သို့မဟုတ် မည် သည့်နိူင်ငံရေးပါတီတွင်မျှ မျှော်လင့်ချက်မရှိပါ။ စစ်မှန်သောမျှော်လင့်ချက်တစ်ခုမှ ခရစ်တော်၌ သာဖြစ်ပါသည်။ ခရစ်တော်က "ငါတဖန်ပြန်လာမည်" ဟု မိန့်တော်မူခဲ့သည်။ ထို့အပြင် ကျွန်ုပ် တို့ပတ်ဝန်းကျင်တွင် သူတဖန်ပြန်လာမည့်နိမိတ်လက္ခဏာများစွာတွေ့ရပါသည်။

ကျွန်ုပ်တို့အသင်းတော်နှင့်နိူင်ငံတွင်တွေ့ရှိရသောအပြစ်ဒုစရိုက်သည် ခရစ်တော် ဒုတိ ယအကြိမ်ကြွလာရန် နီးကပ်လျက်ရှိကြောင်းထင်ရှားစေသည်ဟု ကျွန်ုပ်ထင်မိသည်။ သို့ သော် အခြားနိမိတ်လည်း ရှိပါသေးသည်။ ဂျူးလူမျိုးများသည် ၎င်းတို့၏နေရပ်သို့ ပြန်ကြပြီ။ ဘု ရားသခင်က ဂျူးလူမျိုးများအား "သင်တို့ကို အတိုင်းတိုင်းအပြည်ပြည်တို့က ငါခေါ်ခဲ့၍၊ စုဝေ စေမည်" (ယေဇကျေ ၃၆း ၂၄ ) ဟု မိန့်တော်မူသည်။ ဘုရားသခင်က "အချင်းငါ၏လူတို့ …… ဣသရေလပြည်သို့ ပို့ဆောင်မည်"( ယေဇကျေ ၃၇း ၁၂ )ဟု မိန့်တော်မူသည်။ ပရောဖက်ပြု ချက်သည် ဣသရေလပြည်ကို ပြန်လည်တည်ထောင်သည့် ၁၉၄၈ ခုနှစ်တွင် ပရောဖက်ပြု ချက်စတင်ပြည့်စုံသည်။ဣသရေလလူမျိုးတို့သည် ပြည်တော်သို့ပြန်ကြသည်ဖြစ်၍၊ နောက်ဆုံး သောအချိန်သည် နီးသထက်နီးလာပြီဟု သိရကြသည်။ ကျွန်ုပ်တို့သည် ဤအချက်ကို ကျွန်ုပ် တို့၏အချိန်ကာလတွင် တွေ့မြင်ကြရသည်။ ကျွန်ုပ်တို့သည် ကမ္ဘာကြီး၏အဆုံးပိုင်းနှင့် ခရစ် တော် ဒုတိယအကြိမ်ကြွလာမည့်အချိန်ကာလတွင် အသက်ရှင်နေကြပါသည်။

ယနေ့တွင် ကျွန်ုပ်သည် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့်ပါတ်သက်ပြီး အ သေးစိတ်သိရှိလိုသည်။ သမ္မာကျမ်းစာက ခရစ်တော်၏ပြန်လာခြင်းသည် အပိုင်းနှစ်ပိုင်းဖြစ် တော်မူမည်အကြောင်း မိန့်တော်မူသည်။ ပထမအချက်မှာ အာကာသကောင်းကင်အထိပြန် လာမည်။ နောက်တစ်ချက်မှာ ကမ္ဘာကြီးအထိ ဆင်းသက်လာမည်။

၁။ ပထမအချက်၊ ခရစ်တော်သည် အာကာသကောင်းကင်သို့ကြွလာသောအခါ အဘယ်အရာဖြစ်လာမည်နည်း။

ခရစ်တော်သည် အာကာသသို့ရောက်လာပြီး ခရစ်ယာန်များကို သူနှင့်အတူနေစေခြင်း ငှါ ကောင်းကင်ဘုံသို့ ဆောင်ယူသွားမည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

“"သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်း ကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန် သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက် ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင် ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ် ပေါ်သုိ႔ ချီးဆောင်ခြင်းကုိ ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။" ( ၁ သက် ၄း ၁၆- ၁၇ ) )

ဤသည်ကို "ချီဆောင်ခြင်း" ဟု ခေါ်ပါသည်။ အင်္ဂလိပ်စကားလုံး "ချီဆောင်ခြင်း" သည် လက်တင်စကားမှဆင်းသက်လာပြီး "ဆောင်ယူသည်" သို့မဟုတ် "သိမ်းဆည်းသည်" ဟု အဓိပ္ပါယ်ရပါသည်။ သမ္မာကျမ်းစာက "သေလွန်သောသူတို့သည် အဦးဆုံးထမြောက်ကြမည်" ဟုမိန့်တော်မူပြီး သေခြင်းမှထမြောက်ပြီး သခင်ဘုရားနှင့်တွေ့ဆုံရန်ဖြစ်သည်။ ထို့နောက် ကမ္ဘာကြီးတွင် အသက်ရှင်လျက်ရှိကြသောခရစ်ယာန်များသည် "သူတို့နှင့်အတူ သိမ်းဆည်း ခြင်းကိုခံရပြီး မိုးမြင့်ထက်တွင် သခင်ဘုရားနှင့်တွေ့ဆုံကြမည်။" ခရစ်ယာန်ယုံကြည်သူအား လုံးသည် မပျက်စီးနိူင်သည့် ရှင်ပြန်ထမြောက်သည့်ခန္ဓာကို ရရှိခံယူကြမည်ဖြစ်သည်။ သမ္မာ ကျမ်းစာက ဤသို့ဆိုပါသည်။

"နက်နဲသောအရာတခုကို ငါပြဦးမည်။ ငါတို့ရှိသမျှတို့သည် အိပ် ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသောတံပိုးမှုတ် သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သော အခါ၊ သေလွန်သောသူတို့သည်၊ မပုတ်နိူင်သောအဖြစ်၌ တည် လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရ ကြမည်။" (( ၁ကော ၁၅း ၅၁- ၅၂ ) )

ယုံကြည်သူများသည် "မျက်စိတမှိတ်တွင် " အဘယ်အခါမျှ သေဆုံးနိူင်ခြင်းမရှိသည့် ခန္ဓာကို ရရှိကြမည်ဖြစ်သည်။ သခင်ယေရှုကို အာကာသတွင်တွေ့ဆုံးပြီး သူနှင့်အတူ ကောင်းကင်သို့ ချီဆောင်သွားမည်ဖြစ်သည်။

ဤအရာသည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ အဘယ်သူမျှ နေ့ရက်ကို မသိကြပါ။ အကြောင်းမှာ ခရစ်တော်က "ထိုနေ့ရက် အချိန်နာရီကို အဘယ်သူမျှမသိ" ဟု ဆို သည်။ (မဿဲ ၂၄း ၃၆) ခရစ်တော်ပြန်လာမည့်အချိန်ကို နေ့ရက်သတ်မှတ်သောသူသည် မှား ယွင်းသောပရောဖက်သာဖြစ်ပါသည်။ သို့သော် အချိန်ကာလကို ယေဘုယျအားဖြင့်တော့ သိ နိူင်ပါသည်။ နိမိတ်လက္ခဏာပြည့်စုံလာပြီးနောက် နိမိတ်လက္ခဏာများဖြင့် ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလတွင် အသက်ရှင်နေကြကြောင်း သိရကြသည်။

အမေရိကန်လူမျိုးများစွာတို့က ဘဝတွင် ရရှိသောငွေကြေးနှင့်ရယ်ရွှင်ဖွယ်ရာများဖြင့် ရက်သတ္တပတ်၏နောက်ဆုံးသုံးရက်တွင် ပျော်မွေ့ကြရမည်ဟူသော အယူအဆများလည်းရှိနိူင် ပါသည်။ တစ်နေ့တွင် သူတို့သည် ကမ်းခြေ သို့မဟုတ် တောင်ပေါ်မှ ဒုက္ခခံစားခြင်းမရှိဘဲ ချီ ဆောင်ခံရမည်ဟု ယုံကြည်သည်။ ထိုအရာက ယေရှုခရစ်ကိုယုံကြည်ခြင်းအတွက် ထောင်၊ အစာငတ်ခြင်းနှင့်သေခြင်းကို ခံစားနေရသော မြောက်ကိုရီးယားနိူင်ငံရှိခရစ်ယာန်များအတွက် အထူးတဆန်းဖြစ်နေပေလိမ့်မည်။ ထိုအချက်က ဘုရားသခင်၏သားတော်ကို ယုံကြည်ကိုးစာ လျှင် မွတ်စလင်များက ခေါင်းဖြတ်သတ်ဖြတ်မှုလုပ်ဆောင်ရာ အီရန်၊ အီရတ်နှင့် ဆီရီးယားနိူင် ငံရှိ ခရစ်ယာန်များအတွက် ပဟေဠိဆန်လွန်းလှသည်။ ဆင်းရဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နှင့် သေခြင်းတို့သည် အာကာသကောင်းကင်အထိ ခရစ်တော်ပြန်မလာမှီ အမေရိကန်ပြည်တွင် ရောက်ရှိလာနိူင်မည်မဟုတ်ဟူသော အကြောင်းပြချက်မရှိပါ။ မမွေးဖွါးသေးသောကလေးများ ကို သတ်ဖြတ်နေသောနိူင်ငံတစ်ခုတွင် ဘုရားသခင်၏တရားစီရင်ခြင်းကျရောက်မည်မဟုတ် ဟူသောအယူအဆမှာ အံ့ဩစရာပင်ဖြစ်ပါသည်။

သင်တို့တွင် အများတို့သည် ကျန်ခဲ့နိူင်သည်။ ခရစ်တော်က သတို့သမီးတစ်ကျိပ်အ ကြောင်း သာဓကပေးထားသည်။ "သတို့သမီးတို့သည်" လောကကိုနှစ်သက်စွဲလန်းသည့် မယုံ ကြည်သူများမဟုတ်။ ဘာသာတရားကို ကိုင်းရှိုင်းသောသူများသာဖြစ်ပါသည်။ ငါးယောက် သည် ကယ်တင်ခြင်းသို့ရောက်ပြီး ငါးယောက်မှာ ဆုံးရှုံးခြင်းသို့ ရောက်ကြသည်။ ထို့နောက် သတို့သားတည်းဟူသော ခရစ်တော်ပြန်လာသည်။ "အသင့်ရှိသောသတို့သမီးတို့သည် လု လင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။" (မဿဲ ၂၅း ၁၀ )ကယ်တင်ခြင်းရ သော လူငါးယောက်သည် ခရစ်တော်ကိုတွေ့ဆုံရန် သွားကြသည်။ ကျန်ငါးယောက်မှာ ကျန် ရစ်ခဲ့ကြသည်။ "ထို့နောက် ကြွင်းသောသတို့သမီးတို့သည် လာ၍အရှင်၊ အရှင်၊ ကျွန်ုပ်မတို့ အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော်။" ( မဿဲ ၂၅း ၁၁ ) သို့သော် သခင်ဘုရား က "သင်တို့ကို ငါမသိ" (မဿဲ ၂၅း ၁၂ ) ဟု ပြန်လည်ဖြေကြားခဲ့သည်။

ခရစ်တော်က သင့်ကို အဘယ့်ကြောင့် မသိရမည်နည်း။ အကြောင်းမှာ သင်သည် သူ့အားသိရှိရန် ငြင်းပယ်ခဲ့သည်။ သူ့ကို အားမကိုးကြပါ။ သင်၏အပြစ်သည် ခရစ်တော်၏အ သွေးတော်အားဖြင့် ဆေးကြေားခြင်းကို မခံရပါ။ လက်ဝါးကပ်တိုင်တွင် ၎င်း၏အသေခံခြင်း အားဖြင့် သင်၏အပြစ်ကြွေးကို မပေးဆပ်ပါ။ သူ၏ရှင်ပြန်ထမြောက်ခြင်းဖြင့်အသက်ကို ရရှိ ခြင်းမရှိပါ။ Mr. Prudhomme ဖတ်ရှုသော ကျမ်းပိုဒ်တွင် ယေရှုက "ငါမှတပါး အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ" (ယောဟန် ၁၄း ၆) ဟု မိန့်တော်မူသည်။ သင်သည် ယေရှုကို မ ကိုးစားသောကြောင့် ဘုရားသခင်နှင့်အတူ နေထိုင်ခွင့်မရှိပါ။ ချီဆောင်ခြင်းရောက်လာသည့်အ ချိန်တွင် သင်သည် ကြွင်းကျန်ရစ်ခဲ့မည်။

၂။ ဒုတိယအချက်၊ ခရစ်တော်သည် အာကာသကောင်းကင်သို့ကြွလာပြီးနောက် အ ဘယ်အရာဖြစ်လာမည်နည်း။

ချီဆောင်ခြင်းတွင် ခရစ်တော်သည် အာကာသအထိလာပြီး ခရစ်ယာန်များသည် ထိုနေရာတွင် သူနှင့်တွေ့ဆုံရန် ထမြောက်ကြပါလိမ့်မည်။ ခရစ်တော်သည် မိမိလူများကို ကောင်းကင်သို့ ခေါ်ဆောင်သွားပါမည်။ သူတို့သည် အဘယ်အရာကို တွေ့ကြုံကြမည်နည်း။

သတို့သမီးတစ်ကျိပ်တွင် ခရစ်တော်က မိမိကိုယ်ကို သတို့သားအဖြစ် မိန့်ဆိုထား သည်။ သူက "မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသောသတို့သမီးတို့သည် လုလင် နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ကြ၏" (မဿဲ ၂၅း ၁၀ ) ဟု မိန့်တော်မူသည်။ စစ်မှန်သောခရစ်ယာန်များမှာ ခရစ်တော်၏သတို့သမီးဖြစ်ပြီး သူတို့သည် ချီဆောင်ခြင်းပြီး နောက် ကောင်းကင်တွင် သိုးသူငယ်မင်္ဂလာဆောင်ပွဲတွင် လက်ထပ်ကြမည်။သမ္မာကျမ်းစာက ဤသို့ပရောဖက်ပြုထားသည်။

"ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ ဂုဏ်တော်ကိုချီးမွမ်း ကြကုန်အံ့။ အကြောင်းမူကား၊ သိုးသူငယ်၏မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီဟု စည်းဝေး သောသူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုဃ်းကြိုးသံ ကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ် ချောကို ဝတ်ဆင်ရသောအခွင့်ကိုရ၏။ ထိုပိတ်ချောမူကား၊ သန့် ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သတည်း။ ကောင်းကင်တမန်က လည်း၊ သိုးသူငယ်၏မင်္ဂလာဆောင်ပွဲသို့ခေါ်ဖိတ်ခြင်းကို ခံရသော သူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကား သည် ဘုရားသခင်၏နှုတ်တော်ထွက်စင်စစ်ဖြစ်၏ဟူ၍၎င်း ငါ့အား ပြောဆို၏။" (( ဗျာ ၁၉း ၇- ၉ ) )

ခရစ်တော်သည် "လောက၏အပြစ်ကိုဆောင်ယူသည့် ဘုရားသခင်၏သိုးသူငယ်ဖြစ်ပါသည်။" (ယောဟန် ၁း ၂၉ ) သူ၏သတို့သမီးမှာ "ဖြောင့်မတ်ခြင်းဝတ်လုံဖြင့်ဆင်မြန်းထားသည့်" ခေတ်ကာလတိုင်းရှိ ခရစ်ယာန်များပင်ဖြစ်သတည်း။ ယေရှုသည် မိမိ၏လက်ထပ်ထိမ်းမြား ခြင်းအတွက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရသည်။ မည်သို့သောအချိန်ကာလဖြစ်လေမည် နည်း။ "သိုးသူငယ်မင်္ဂလာဆောင်သို့ဖိတ်ကြားခြင်းခံရသောသူသည် မင်္ဂလာရှိ၏။"

ခရစ်ယာန်များသည် ၎င်းတို့၏သခင်ဘုရားနှင့်အတူ လောကသို့ပြန်လည်ကြွဆင်းလာ ခြင်းမတိုင်မှီတွင် ကောင်းကင်တွင် တစ်စုံတစ်ခုဖြစ်လိမ့်မည်။ ၎င်းမှာ ယုံကြည်သူများအပေါ် စီရင်ခြင်းနှင့်ဆုလဒ်ပေးခြင်းပင်ဖြစ်သည်။ ထိုတရားစီရင်ခြင်းကို "ဘီမားတရားစီရင်ခြင်း" ဟု ခေါ်သည်။ ဂရိစကားလုံး "ဘီးမား" ဟူသည်မှာ "တရားပလ္လင်" ဟုဆိုလိုသတည်း။ တမန်တော် ရှင်ပေါလုက "ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အ တိုင်းအကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာရကြ မည်။" (၂ကော ၅း ၁၀ )

မယုံကြည်သူများအား ၎င်းတို့၏အပြစ်အလျောက်စီရင်ပြီး မီးအိုင်ထဲသို့ပို့ဆောင်သည့် အခါ ၎င်းသည် မယုံကြည်ဘဲသေသည့်သူများအတွက် နောက်ဆုံးတရားစီရင်ခြင်းမဟုတ်ပါ။ ဤသည်မှာ ခရစ်ယာန်များအနေဖြင့် လောကကြီးတွင် အသက်ရှင်နေစဉ်အတွင်း လုပ်ဆောင် သမျှသောအရာအတွက် တရားစီရင်ခြင်းပင်ဖြစ်ပါသည်။ ၎င်းမှာ ယုံကြည်သူခရစ်ယာန်များအ တွက်သာဖြစ်သည်။ အကြောင်းမှာ သမ္မာကျမ်းစာက "ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိ သောတိုက်မြစ်မှတပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှမချနိူင်" ( ၁ကော ၃း ၁၁) ဟု မိန့်တော်မူသည်။ ခရစ်တော်တည်းဟူသောတိုက်မြစ်မပါဘဲ သင်တို့သည် ပျောက်ဆုံးပြီး ငရဲသို့ သွားကြမည်ဖြစ်သည်။ သို့သော် သင်သည် ခရစ်တော်ကို ပိုင်ဆိုင်ထားလျှင် သူ့အတွက် သင် လုပ်ဆောင်ပေးသောအရာနှင့်စပ်လျဉ်း၍ တရားစီရင်ခြင်းခံရမည်။ သမ္မာကျမ်းစာက "ထိုတိုက် မြစ်အပေါ်မှာ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို တင်ဆင်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးအသီးလုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ် သို့နည်းဟူမူကား၊ ဘော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ် သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်" ( ၁ ကော ၃း ၁၂- ၁၃ ) ဟု မိန့်တော်မူသည်။ ခရစ်ယာန်တစ်ယောက်သည် "ရွှေ၊ ငွေ၊ အဖိုးတန် သောကျောက်ဖြင့်" ဘဝအသက်တာကိုတည်ဆောက်ထားလျှင် အကျိုးကိုခံရလိမ့်မည်။ ( ၁ ကော ၃း ၁၂၊ ၁၄ ) သို့သော် သင်၏အချိန်ကာလကို "သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးဖြင့်" သာ ကုန်ဆုံးနေလျှင် သင်၏ "လုပ်ဆောင်ချက်များသည် မီးကျွမ်းလိမ့်မည်။" သင်သည် ဘု ရားသခင်၏နိူင်ငံတော်တွင် အဘယ်အကျိုးကိုမျှ မရနိူင်။( ၁ကော ၃း ၁၅ )

ခရစ်တော်သည် အဘယ်သို့သောအကျိုးကို ပေးမည်နည်း။ အဘယ့်ကြောင့် ပေးမည် နည်း။ ယေရှုသည် သင်၏လုပ်ဆောင်ချက်ကို မေ့လျော့တော်မမူပါ။ သင်သည် သူ၏သစ္စာရှိ သောအစေခံကောင်းတစ်ယောက်ဖြစ်လျှင်၊ နိူင်ငံတော်၌ မြင့်သောအရပ်တွင် ချီးမြှောက်တော် မူမည်။ သင့်အား "သာဓု၊ သစ္စာရှိသောငယ်သားကောင်း၊သင်သည် အမှုငယ်၌သစ္စာစောင့်လေ ပြီ။ များစွာသောအမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စား လော့" (မဿဲ ၂၅း ၂၁၊ ၂၃ ) ဟု မိန့်တော်မူလိမ့်မည်။ တစ်ယောက်သောသူအား "သင်သည် မြို့ငါးမြို့ကို အုပ်စိုးလော့" (လုကာ ၁၉း ၁၉ ) ဟု မိန့်တော်မူလိမ့်မည်။ အခြားတစ်ယောက် အား "မြို့ဆယ်မြို့ကို အုပ်စိုးလော့" (လုကာ ၁၉း ၁၇ ) မိန့်တော်မူမည်။ သစ္စာရှိသောခရစ် ယာန်များသည် ခရစ်တော်နှင့်အတူ သူ၏နိူင်ငံတော်၌ နှစ်ပေါင်းတစ်ထောင်ကာလပတ်လုံး ဤ လောကကို အုပ်စိုးရကြလိမ့်မည်။

ခရစ်ယာန်များသည် ၎င်းတို့ခံရသော ဒုက္ခဆင်းရဲခြင်းအတွက် အကျိုးကို ပြန်လည်ရရှိ လိမ့်မည်။ သမ္မာကျမ်းစာက"သည်းခံလျှင် ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်" ( ၂ တိ ၂း ၁၂) ဟု မိန့်တော်မူသည်။ ယေရှုခရစ်အဖို့ မာတုရအနေဖြင့် အသေခံရသောသူတို့သည် အကျိုးကို ခံရ ကြလိမ့်မည်။ ခရစ်တော်က "သေသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သ ရဖူကို ငါပေးမည်" (ဗျာ ၂း ၁၀ ) ဟု မိန့်တော်မူသည်။

ပျောက်ဆုံးသောဝိညာဉ်ကို ရိတ်သိမ်းသောခရစ်ယာန်များသည် အကျိုးကို ခံရကြလိမ့် မည်။ သမ္မာကျမ်းစာက "ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင်မျက်နှာကျက်၏အရောင် အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း၊ အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်" (ဒံယေလ ၁၂း ၃ ) ဟု မိန့်တော်မူ သည်။ ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသောသူဟူသည်ကား အဘယ်နည်း။ ပျောက် ဆုံးဝိညာဉ်ကို ခရစ်တော်ထံသို့ အဘယ့်ကြောင့် သွင်းရမည်နည်း။

သင်သည် ခရစ်တော်နှင့်တွေ့ဆုံရန် ကောင်းကင်သို့သွားသောအခါ သင်ပိုင်ဆိုင်သော ကားအမျိုးအစား၊ သို့မဟုတ် သင်ရရှိသောငွေကြေး၊ သို့မဟုတ် သင်သွားခဲ့သောခရီးအရေအ တွက် စသည်တို့သည် အရေးပါသောအချက်များမဟုတ်ပါ။ သို့သော် သင်သည် ပျောက်ဆုံး ဝိညာဉ်များကို သိမ်းပိုက်နိူင်လျှင် ထိုအရာသည် အဓိကကျသောအရာဖြစ်လာပေမည်။ သင်နှင့် အတူကောင်းကင်ဘုံသို့ သင်ဆောင်ယူထားရမည့်အရာမှာ ခရစ်တော်အတွက် သိမ်းပိုက်ထား သောပျောက်ဆုံးဝိညာဉ်များပင်ဖြစ်သည်။ ဧဝံဂေလိလုပ်ငန်းမှ အမည်နာမများကို ယူဆောင် လာမည်ဖြစ်သည်။ လူများကို ဧဝံဂေလိတရားကြားသိရန် သင့်ကိုယ်တိုင်ထံသို့ ဆောင်ယူလာ ပါ။ ခရစ်တော်သည် သင့်အား ဝိညာဉ်ရိတ်သိမ်းခြင်းနှင့်ဆိုင်သည့် သရဖူကို ပေးပါစေသော်။

သင်သည် ပြောင်းလဲသေးသောသူမဟုတ်လျှင် ဤသရဖူတွင် ရှိလိမ့်မည်မဟုတ်။ သင် သည် သင့်အပြစ်အတွက် ကိုယ်စားအသေခံသောခရစ်တော်ကို ယုံကြည်လက်ခံခြင်းမရှိပါ။ သင်၏အပြစ်ကိုဆေးကြောရန် သွန်းလောင်းသောအသွေးတော်ကိုလည်း လက်မခံပါ။ ထို့ ကြောင့် ဘေးဒဏ်ကြီးကာလအတွင်း၌ လောင်ကျွမ်းခြင်း၊ နာကျင်ခြင်း၊ အသွေးနှင့်သေခြင်းကို ခံယူရန် ဤလောကတွင် ကျန်ရစ်ခဲ့ရလေမည်။ သင်သည် သေသောအခါ ငရဲသို့သွားရလိမ့် မည်။ သင်သည် နောက်ဆုံးသောတရားစီရင်ခြင်းတွင် ထာဝရမီးအိုင်ထဲသို့ ချပစ်ခြင်းခံရပါ မည်။ ထိုအကြောင်းအရာများသည် သင့်အသက်တာတွင် ဖြစ်ပျက်လာမည့်အရာများဖြစ်သ တည်း။

၃။ တတိယအချက်၊ ခရစ်တော်သည် ကမ္ဘာပေါ်သို့ဆင်းကြွလာသောအခါ အဘယ် အရာဖြစ်လာမည်နည်း။

ယေရှုသည် ပထမအကြိမ်တွင် ခရစ်ယာန်များအား သူနှင့်အတူ ကောင်းကင်တွင် အတူနေရန် အာကာသအထိလာ၍ ဆောင်ယူမည်။ ထို့နောက် ထို့နောက် သူသည် နိူင်ငံတော် တည်ထောင်ဖို့ ခရစ်ယာန်များနှင့်အတူ ကမ္ဘာမြေကြီးအထိ ဆင်းကြွလာမည်။ ခရစ်တော်သည် ယေရုရှလင်မြို့အရှေ့ဘက်တွင်ရှိသော သံလွင်တော်ပေါ်မှ ကောင်းကင်သို့ပြန်၍တက်ကြွ တော်မူခဲ့သည်။ တပည့်တော်များတွေ့မြင်ခဲ့ရသည်အတိုင်း ကောင်းကင်တမန်နှစ်ပါးက သူတို့ အား ဤသို့မိန့်တော်မူခဲ့သည်။

"သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွတော်မူ သည်နည်းတူ တဖန် ကြွလာတော်မူလတံ့ဟု ပြောဆို၏။"( (တမန် ၁း ၁၁ ) )

ယေရှုသည် သံလွင်တောင်ပေါ်ကနေ ကောင်းကင်သို့ပြန်လည်တက်ကြွတော်မူသည်နည်းတူ ထိုတောင်ပေါ်တွင်ပင် ကိုယ်ခန္ဓာဖြင့် ပြန်လည်ကြွဆင်းလာမည်ဖြစ်သည်။ ခရစ်ယာန်များသည် သူနှင့်အတူ ပြန်လည်ဆင်းသက်လာမည်။ သမ္မာကျမ်းစာက "ထိုနေ့ရက်၌ ခြေတော်သည် ယေရှုရှလင်မြို့အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊... ငါ၏ဘုရားသခင်ထာဝရဘုရားကြွ လာတော်မူ၍၊ မိမိသန့်ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။" (ဇာခရိ ( ၁၄း ၄ ) ချီဆောင် ခြင်းအချိန်တွင် ခရစ်တော်သည် ခရစ်ယာန်များအတွက် အာကာသကောင်းကင်အထိသာ ရောက်လာမည်ဖြစ်သည်။ နောက်တွင် သူသည် ခရစ်ယာန်များနှင့်အတူ ကမ္ဘာမြေအထိလာ မည်ဖြစ်သည်။ ဤအချက်များမှာ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း၏အစိတ်အပိုင်းနှစ်ခုပင် ဖြစ်သည်။ ကမ္ဘာကြီးအထိဆင်းသက်လာသောအခါ ခရစ်တော်သည် သူ၏နိူင်ငံတော်ကိုတည် ထောင်ပြီး နှစ်ပေါင်းတစ်ထောင်အုပ်စိုးမည်ဖြစ်သည်။ သမ္မာကျမ်းစာက ခရစ်ယာန်များသည် "အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏" ဟု မိန့်တော်မူ သည်။ ( ဗျာဒိတ် ၂၀း ၄ )

သို့ရာတွင် သင်သည် အမှန်တကယ်ပြောင်းလဲခြင်းမရှိသေးလျှင် ဤအရာထဲက တစ် ခုမှ သင့်အတွက် မဟုတ်တော့ပါ။ အာလုံးကို ဆုံးရှုံးရပါမည်။ သင့်အသက်တာတွင် အဘယ်အ ရာဖြစ်လာမည်နည်း။ တရားစီရင်ခြင်း၊ နာကျင်ခြင်း၊ ဒုက္ခဝေဒနာနှင့်မီးသာလျှင် သင့်အတွက် ဆင်သင့်ဖြစ်နေလောက်ပါပြီ။ သင်သည် ချီဆောင်ခြင်းတွင် ကျန်ရစ်ခဲ့ရပါမည်။ ဘုရားသခင်၏ အမျက်တော်သည် သင့်အပေါ်တွင် ကျရောက်လာပါလိမ့်မည်။ သင်သည် ဘေးဒဏ်ကြီးကာ လတွင် နာကျင်မှုအပေါ် နာကျင်မှုကို ခံစားရပါလိမ့်မည်။ သင်သည် သေသည့်အချိန်တွင် ငရဲ သို့ ရောက်ရှိပြီး "မီးထဲတွင် ဒုက္ခဝေဒနာခံစားရလိမ့်မည်။" ( လုကာ ၁၆း ၂၄ ) နောက်ဆုံး သောတရားစီရင်းတွင် သင်သည် ငရဲသို့ နှင်ထုတ်ခြင်းခံရမည်။ ဘုရားသခင်၏စာအုပ်ထဲက ဖတ်ရှုရသောသင်၏အပြစ်ကို ကြားသိရပါမည်။ ထို့နောက် သင်သည် ထာဝရကာလပတ်လုံး မီးလောင်ကျွမ်းမည့် "မီးအိုင်ထဲသို့ ချပစ်ခြင်းကို ခံရပါလိမ့်မည်။" ( ဗျာ ၁၀း ၁၅ )

သင်သည် ပြောင်းလဲခြင်းမရှိသေးလျှင် ချီဆောင်ခြင်း၊ ဆုလဒ်၊ ကောင်းကင်၊ နိူင်ငံ တော်သည် သင့်အဖို့ ရှိနေအုံးမည်မဟုတ်။ သင်သည် ခရစ်တော်ကို ယုံကြည်ကိုးစားရန် ငြင်း ဆန်သည်။ သူ၏သေခြင်းက သင့်အပြစ်ကြွေးကို ဆပ်မပေးသေးပါ။ သင်၏အပြစ်သည် ခရစ် တော်၏အသွေးတော်အားဖြင့် ဆေးကြောခြင်းမခံရသေးပါ။ ထို့ကြောင့် သင့်အပြစ္အတွက် သင်ကိုယ်တိုင္ ဒုက္ခခံရမည်။ "အပြစ်အတွက် ယဇ်ပူဇော်ခြင်းလည်း မရှိတော့ပါ။" (ဟေဗြဲ ၁၀း ၂၆ ) သို့သော် "တရားစီရင်ခြင်းကို ကြောက်ကြောက်ရွံ့ရွံ့စောင့်နေရမည်။" ( ဟေဗြဲ ၁၀း ၂၇) တရားစီရင်ခြင်းဖြစ်သည်။ ငရဲတွင် တွေ့ကြုံရမည့် စီရင်ခြင်းဖြစ်သည်။ သင့်အတွက်၊ သင့်အ တွက်၊ သင့်အတွက် ဖြစ်သည်။ ထိုသို့မဖြစ်ပါစေနှင့်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Dr. Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ယောဟန် ၁၄း ၁- ၆
တရားဒေသနာမတိုင်မှီ Miss Julie Sivilay က ဂုဏ်တော်ချီးမွမ်းသည်။ "ဤသို့သောအချိန်ကာလများ"၊ (Ruth Caye Jones ၁၉၀၂-၁၉၇၂) ရေးစပ်သည်။


အခှပှေုကမြွး

သားဖျက်ချခြင်းနှင့်ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း အကျဉ်းချုပ်

ABORTION AND THE SECOND COMING OF CHRIST!

Dr. C. L. Cagan

“"တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင် ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏အိမ် တော်၌နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။" ( (ယောဟန် ၁၄း ၁- ၂ ) )

(ယေဇကျေလ ၃၆း ၂၄၊ ၃၇း ၁၂)

၁။ ပထမအချက်၊ ခရစ်တော်သည် အာကာသကောင်းကင် သို့ကြွလာသောအခါ အဘယ်အရာဖြစ်လာမည်နည်း။ ၁သက် ၄း ၁၆- ၁၇၊ ၁ကော ၁၅း ၅၁- ၅၂၊ မဿဲ၂၄း ၃၆၊ မဿဲ ၂၅း ၁၀၊၁၁၊ ၁၂၊ ယောဟန် ၁၄း ၆ ။

၂။ ဒုတိယအချက်၊ ခရစ်တော်သည် အာကာသကောင်းကင်သို့ကြွလာပြီးနောက် အဘယ်အရာဖြစ်လာမည်နည်း။ မဿဲ ၂၅း ၁၀၊ ဗျာ ၁၉း ၇-၉၊ ယောဟန် ၁း ၂၉၊ ၂ကော ၅း ၁၀။

၃။ တတိယအချက်၊ ခရစ်တော်သည် ကမ္ဘာပေါ်သို့ဆင်းကြွလာသောအခါ အဘယ်အရာဖြစ်လာမည်နည်း။ တမန် ၁း ၁၁၊ ဇာခရိ ၁၄း ၄- ၅၊ ဗျာ ၂၀း ၄၊ လုကာ ၁၆း ၂၄၊ ဗျာ ၂၀း ၁၅၊ ဟေဗြဲ ၁၀း ၂၆၊ ၂၇။