Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လမ်းခရီး၊ သမ္မတရား၊ နှင့်အသက်

THE WAY, THE TRUTH, AND THE LIFE
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
နိူဝင်ဘာလ ( ၁၅ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 15, 2015

"ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခ မည်းတော်ထံသို့မရောက်ရ။" ( ယောဟန် ၁၄း ၆ ) )


ကျွနု်ပ်တို့သည် ယောဟန် အခန်းကြီး ၁၃ နှင့် ၁၄ ကိုဖတ်ရှုလေ့လာသောအခါ တပည့် တော်များသည် အဘယ်မျှလောက်မျက်စိကန်းကြသည်ကို တွေ့မြင်ရပါသည်။ သူတို့သည် ခရစ်တော်နှင့်အတူ အချိန်ကာလအားဖြင့် သုံးနှစ်လောက်နေခဲ့ကြသည်။ သို့သော် မျက်စိကန်း နေကြသေးသည်။ သူတို့သည် နာမကျန်းသူကို ကျန်းမာစေကြသည်။ နတ်ဆိုးများကိုနှင်ထုတ် နိူင်ကြသော်လည်း မျက်စိကန်းလျက်သာရှိကြသေးသည်။ လူတို့က ခရစ်ဝင်ကျမ်းလေးခုကို ဖတ်ရှုကြသော်လည်း ဤအချက်ကိုမမြင်နိူင်ကြသည်ကို ကျွနု်ပ်အံ့သြမိသည်။ ယေရှုက သူသည် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူမည်အကြောင်း၊ အသေခံတော်မူမည်အ ကြောင်း၊ သေခြင်းမှပြန်၍ရှင်ပြန်ထမြောက်တော်မူမည်အကြောင်း သူတို့အား ထပ်ခါထပ်ခါ မိန့်တော်မူခဲ့သည်။

"ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ယခုသွားကြ၏။ ပရောဖက် များရေးမှတ်သမျှသည် လူသား၌ပြည့်စုံလိမ့်မည်။ တပါးအမျိုးသား တို့လက်သို့အပ်နှံခြင်း၊ ပြက်ယယ်ပြုခြင်း၊ ညှင်းဆဲခြင်း၊ တံတွေး နှင့်တွေးခြင်းကိုခံရလိမ့်မည်။ သူတို့သည် လူသားကိုရိုက်ပုတ်၍ သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ထမြောက်တော်မူ လိမ့်မည် ဟု မိန့်တော်မူ၏။ ထိုစကားတခွန်းကိုမျှ တပည့်တော်တို့ သည် နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထားလျက်ရှိ သည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။" (လုကာ ၁၈း ၃၁- ၃၄၊ မဿဲ ၁၂း ၃၈- ၄၂၊ ၁၆း ၂၁-၂၃၊ ၁ရး ၂၂-၂၃၊ ၂ဝး ၁၇- ၁၉၊ မာကု ၁ဝး ၃၂- ၃၄ ကိုလည်း ဖတ်ရှုလေ့လာပါ။ )

တပည့်တော်များသည် သမ္မာတရား၏အခြေခံသဘောတရားကို နားမလည်ခဲ့ကြပါ။ "မိန့်တော် မူသောအရာကိုလည်း နားမလည်ကြပေ။" ဧဝံဂေလိတရားကိုလည်း နားမလည်ခဲ့ကြပေ။ ယခု တွင် ယေရှုသည် တပည့်တော်များနှင့်အတူ နောက်ဆုံးညစာ စားကြသည်ကို တွေ့ရသည်။ သူ သည် နောက်နေ့တွင် လက်ဝါးကပ်တိုင်၌ အသေခံခြင်းကို ခံရတော့မည်ဖြစ်သည်။ သို့သော် သူ၏တပည့်တော်များသည် ဧဝံဂေလိတရား၏ရိုးစင်းသောတရားနှင့်ပတ်သက်၍ပင် မျက်စိ ကန်းလျက်ရှိကြသေးသည်။

ညစာ စားပြီးနောက်တွင် ယေရှုသည် သူတို့၏ခြေကို ဆေးတော်မူခဲ့သည်။ ပေတရုက ယေရှုအား "သင်သည် အကျွနု်ပ်၏ခြေကိုမဆေးရ" ဟုဆိုခဲ့သည်။ ယေရှုက "သင်၏ခြေကို မ ဆေးလျှင် သင်သည် ငါနှင့်မသက်ဆိုင်" ဟု မိန့်တော်မူသောအခါ ပေတရုက "သခင်၊ ခြေသာ မကဘဲ လက်နှင့်ခေါင်းကိုပါဆေးကြောပါ" ဟုဆိုသည်။ (ယောဟန် ၁၃း ၈၊ ၉ ) သူတို့က နှိမ့်ချ ခြင်း၏လိုအပ်မှုကို မသိနားမလည်ကြပေ။ (၁၃း ၁၄- ၁၇ ) ထို့နောက်တွင် ယုဒသည် အခြားတ ပည့်တော်များအထဲက ထွက်၍ ယေရှုကိုသစ္စာဖောက်ရန် ထွက်သွားခဲ့သည်။ (၁၃း ၃၀ ) ထို့ နောက်တွင် ပေတရုက "သခင်၊ အဘယ်အရပ်သို့သွားမည်နည်း" ဟုဆိုသည်။ ( ယောဟန် ၁၃း ၃၆ ) ယေရှုက ပေတရုအား ယခုတွင် နောက်တော်သို့လိုက်၍မလိုက်နိူင်၊ နောက်တွင် လိုက်လိမ့်မည်အကြောင်း မိန့်ဆိုသည်။ ( ယောဟန် ၁၃း ၃၆ ) ယေရှုက ကောင်းကင်သို့ပြန်၍ တက်ကြွတော်မူမည်အကြောင်း မိန့်တော်မူသည်ကို ပေတရုနားလည်သဘောပေါက်ခြင်းမရှိပါ။ ပေတရုက "ကိုယ်တော့်အတွက် အသက်ကိုစွန့်ပါမည်အကြောင်း" မြွတ်ဆိုခဲ့သည်။ ( ယော ၁၃း ၃၇ ) ယေရှုက "သင်သည် ကြက်မသွန်မှီ ငါ့ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်လိမ့်မည်" ဟု မိန့်တော်မူသည်။ ( ယောဟန် ၁၃း ၃၈ ) ယေရှုက "ငါသည် သင်တို့အဘို့အခန်းကိုပြင်ဆင် ရန်သွားမည်" ဟုဆိုသည်။ (ယောဟန် ၁၄း ၂ ) သူသည် ကောင်းကင်ဘုံသို့ပြန်၍တက်ကြွ တော်မူမည်အကြောင်း မိန့်တော်မူသည်ကို နားမလည်ကြပေ။ သောမ(စ်) က "သခင်၊ ကိုယ် တော်သည် အဘယ်အရပ်သို့သွားတော်မူသည်ကို အကျွနု်ပ်တို့သည် မသိသည်ဖြစ်၍၊ လမ်းခရီး ကို အဘယ်သို့သိနိူင်ပါမည်နည်း" ဟု လျှောက်တော်မူသည်။ (ယောဟန် ၁၄း ၅ ) ကျွနု်ပ်ပြောဆိုခဲ့သကဲ့သို့ ယေရှု၏တပည့်တော်များသည် ဤရိုးစင်းသောသမ္မာတရားအတွက် ပင်လည်း မျက်ကန်းသဖွယ်ရှိနေကြပါသည်။ ယောဟန် ၃း ၃ နှင့်ပါတ်သက်ပြီး Scofield က ၄င်းတို့၏မျက်စိကန်းခြင်းကို ရှင်းလင်းထားပါသည်။

အသစ်တဖန်မွေးဖွါးခြင်း၏လိုအပ်မှုသည် ဘုရားသခင်၏နိူင်ငံ တော်ကို "တွေ့မြင်" ရန် သို့မဟုတ် "ဝင်ရောက်"ရန် ဇာတိပကတိ လူမတတ်နိူင်သောအရာထဲက ကြီးထွားလာပေသည်။ သို့ရာတွင် ဇာတိပကတိလူသည် ၀ိညာဉ်ရေးပိုင်းတွင် နားမလည်နိူင်ကြသ ဖြင့် ဘုရားသခင်၏နိူင်ငံတော်ထဲသို့ ဝင်ရောက်ရန် အရေးကြီးပါ သည်။ အကြောင်းမှာ သူသည် ဘုရားသခင်ကို နာမခံနိူင်၊ နားမ လည်နိူင်၊ မကျေနပ်စေနိူင်ပါ။

ကျွနု်ပ်သည် အထက်ပါဖော်ပြချက်ကို သဘောတူလက်ခံသည်။ မပြောင်းလဲသေးသောသူ သည် "အပြစ်တရား၌ သေလျက်ရှိပါသည်။" ( ဧဖက် ၂း ၁ ) Scofield က အဓိပ္ပါယ်ဖွင့်ဆိုထား သကဲ့သို့ "ဇာတိပကတိလူသည် ၀ိညာဉ်သဘောကိုလုံးဝနားမလည်အောင် မှောင်မိုက်လျက်ရှိ သည်။" ထို့အပြင် ဤသည်မှာ ယေရှုလက်ဝါးကပ်တိုင်တွင် အသေခံတော်မမူမှီညတွင် တပည့် တော်များ၏အခြေအနေသာဖြစ်နေသေးသည်။ သူတို့သည် ယေရှုနောက်တော်သို့ သုံးနှစ်တိုင် အောင်လိုက်လျှောက်ကြသော်လည်း ၀ိညာဉ်ရေးပိုင်းတွင် သေလျက်သာရှိကြသေးသည်။ အကြောင်းမှာ ..

"ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကို မခံ မယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ် ၏။ ထိုအရာတို့ကို ၀ိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိူင် သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိူင်။" ( ၁ကော ၂း ၁၄ ) )

တပည့်တော်များသည် ၀ိညာဉ်ရေးတွင်သေလျက်၊ မပြောင်းလဲသောအခြေအနေတစ် ခုတွင် ယေရှုရှင်ပြန်ထမြောက်ပြီး ရှင်ပြန်ထမြောက်သည့်ည၌ သူတို့ထံသို့လာသည့်အချိန်တိုင် အောင် ရှိနေကြသည်။ လူတစ်ယောက်က "ထိုအချက်ကို မည်သည့်နေရာတွင် ပြောဆိုပါသ နည်း" ဟု မေးနိူင်သည်။ ကျွနု်ပ်တို့သည် မှားယွင်းသည့် ဤအချိန်ကာလတွင် ပြောင်းလဲခြင်း သည် အဘယ်မျှမျက်စိကန်းသဖွယ်ဖြစ်ရပါသနည်း။ ထိုအကြောင်းကို ခရစ်ဝင်ကျမ်းလေးကျမ်း ၏အဆုံးပိုင်းတွင် တွေ့ရှိရပါသည်။ ( ယောဟန် ၂ဝး ၁၉- ၂၂၊ လုကာ ၂၄း ၃၆- ၄၅ စသဖြင့် ) နောက်ဆုံးသောကာလက တရားဟောဆရာများစွာတို့သည် ထိုသို့သောရိုးစင်းးသည့်အချက် များကိုပင်နားမလည်ကြသည့်အချက်က စိတ်ချောက်ချားစရာပင်ဖြစ်သည်။ သူတို့သည် ဧဝံဂေ လိတရားကို မဟောကြတော့သည်မှာ အံ့သြစရာပင်မဟုတ်တော့။ ဧဝံဂေလိတရားကိုဟော ကြားသည့် သင်းအုပ်များအကြောင်း ကြားရဖို့ခက်သည်။ ကျွနု်ပ်တို့သည် သူတို့ကို ကြားဖူးခဲ့ကြ သည်။ ယခုတွင် သူတို့အကြောင်း မကြားရတော့ပေ။ အနည်းဆုံး အမေရိကန်တွင်ပင် မကြားရ တော့ပါ။ တရားဟောဆရာများစွာတို့သည် "လက်တော်၌ ဒဏ်ရိုက်ရာချက်ကိုမမြင်၊ ဒဏ်ရိုက် ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့်မစမး်မသပ်ရလျှင် အကျွနု်ပ် မယုံ" ဟုဆိုသော သောမ ကဲ့သို့ မျက်စိကန်းကြသည်ဟု ကျွနု်ပ်ထင်မိသည်။ (ယောဟန် ၂ဝး ၂၅ ) သောမသည် ကျန်သောသူများနှင့်အတူတူပင်ဖြစ်သည်။ သူသည် မယုံကြည်သူ၊ ကယ် တင်ခြင်းမရသေးသောသူ၊ ပျောက်ဆုံးသောသူတစ်ယောက်ဖြစ်သည်။ "သခင်၊ ကိုယ်တော် သည် [အဘယ်အရပ်သို့သွားတော်မူသည်]ကို အကျွနု်ပ်တို့မသိသည်ဖြစ်၍၊ လမ်းခရီးကို အဘယ်သို့သိနိူင်မည်နည်း" ဟု ယေရှုအားမေးတော်မူသောသူမှာ ဤပျောက်ဆုံးသော သောမ ပင်ဖြစ်ပါသည်။ ( ယောဟန် ၁၄း ၅ )

ယေရှုသည် သောမ(စ်)နှင့်အခြားတပည့်တော်များအပေါ် အမျက်ထွက်ခြင်းမရှိခဲ့ပါ။ သောမ (စ် ) က ကောင်းကင်အကြောင်းနှင့်ထိုကောင်းကင်သို့သွားရာလမ်းအကြောင်းကို မေး သည်။ ယေရှုက ဤသို့ပြန်လည်ဖြေကြားခဲ့သည်။

"ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။" ( (ယော ဟန် ၁၄း ၆ ) )

ကျွနု်ပ်သည် Robert Murray McCheyne ( ၁၈၁၃-၁၈၄၃ ) စကားထဲက ဤအချက်၏ကျန်ရှိ နေသောအကြောင်းအရာကို လိုက်ဖက်အောင်ပြင်ဆင်ပေးသည်။ သူသည် အသက် ၂၉ နှစ် သားအရွယ် သူမသေခင်တွင် သူ၏အသင်းတော်၌ နိူးထမှု ဘုရားသခင်စေလွှတ်သည်ကို တွေ့ မြင်ခဲ့ရသည် နာမည်ကြီးစကော့တလန်တရားဟောဆရာကြီးဖြစ်သည်။ Robert McCheyne က "[ယောဟန် ၁၄း ၆] နှင့်ပါတ်သက်ပြီး ကယ်တင်ခြင်းတရား၏ပြည့်စုံသောဖော်ပြချက်တစ်ခု အဖြစ် ၄င်း၏ကွဲပြားခြားနားသည့်အပိုင်းဆီသို့သွားကြပါစို့" ဟုဆိုသည်။

၁။ ပထမအချက်၊ ခရစ်တော်သည် ဘုရားသခင်ထံသို့ပို့ဆောင်သောလမ်းြဖစ်သည်၊

ယေရှုခရစ်ကိုယ်တိုင်သည် ကောင်းကင်သို့ရောက်ရာ လမ်းခရီးဖြစ်သည်။ အသုံးပြု ထားသောစကားလုံးမှာ "ငါသည်လမ်းခရီးဖြစ်သည်" ဟူသော နာမဝိသေသနဖြစ်သည်။ ယေရှု သည် ကျွနု်ပ်တို့အား ဘုရားသခင်ထံသို့ပို့ဆောင်သောလမ်းကိုပြညွှန်သည်သာမက၊ သူသည် ပင်လျှင် ဘုရားသခင်ထံသို့ရောက်သော လမ်းဖြစ်သည်။ အခြားသောလမ်းမရှိပါ။ ယေရှုကသာ လျှင် သင့်အား ဘုရားသခင်ထံသို့ ပို့ဆောင်နိူင်သည်။

ကျွနု်ပ်သည် ဆယ့်နှစ်နှစ်သားအရွယ်တွင် မိခင်က အာရီဇိုနာပြည်နယ်၊ ဖိုနက်စ်မှ ကနေဒါပြည်နယ် တိုရိုတိုသို့ ကားမောင်းခေါ်သွားခဲ့သည်။ ကျွနု်ပ်တို့သည် ချီကာဂိုနယ်သို့ ရောက်ကြသောအခါ မည်သည့်လမ်းကိုမောင်းသွားရမည်အကြောင်း ရဲသားကိုမေးခဲ့သည်။ ပြန်လည့်ပြီး သွားပါ။ ထိုလမ်းဖြစ်သည် ဟုပြောပြခဲ့သည်။ ကျွနု်ပ်တို့သည် တစ်နာရီ လောက် မောင်းလာသောအခါ ကျွနု်ပ်တွေ့မြင်ခဲ့ရသည် လမ်းမပေါ်ကအရာတွေကို စပြီး သတိပြုမိလာ သည်။ "အမေ၊ ကျွနု်ပ်လာတဲ့လမ်းကိုပြန်သွားပြီထင်တယ်" ဟုပြောလိုက်သည်။ သူသည် လမ်း မကြီးမှမောင်းထွက်ပြီး အငှါးယာဉ်ချထားရာနေရာသို့သွားသည်။ အမေက "ကျွနု်ပ်တို့သည် ချီကာဂို အရှေ့ပိုင်းကနေ တိုရိုတိုကို သွားနေတာ၊ကျွနု်ပ်တို့လမ်းမှန် ရောက်နေသလား" ဟုမေးလိုက်သည်။ အငှားယာဉ်မောင်းက ပါးစပ်တစ်ဘက်တွင် စီးကရက်ဆေးလိပ်ငုံထား သည်။ သူက "သင်မှားနေပြီ။ ထိုလမး်ကိုသွားရမယ်" ဟုပြောလိုက်သည်။ ကျွနု်ပ်တို့လာခဲ့ပြီး သောလမ်းဘက်သို့ညွှန်ပြသည်။ ထို့ကြောင့် ကျွနု်ပ်တို့ပြန်လှည့်ပြီး ပထမလာတဲ့လမ်းအတိုင်း ပြန်သွားရသည်။ ရဲသားက လမ်းမှားကိုပြခဲ့တယ်။ ကျွနု်ပ်တို့သည် ယေရှုကျွနု်ပ်တို့ထံရောက် လာသည့်အချိန်တိုင်အောင် လမ်းမှားကို သွားနေကြပါသည်။ ရှေးကမ္ဘာက "လမ်းမအားလုံး သည် ရောမသို့ရောက်သည်" ဟုဆိုသည်။ ယနေ့ကမ္ဘာတွင် ကျွနု်ပ်တို့က "လမ်းအားလုံးသည် ငရဲသို့ရောက်သည်" ဟု ပြောနိူင်ပေသည်။ ယေရှုသည်သာ "လမ်းခရီး" ဖြစ်သည်။

Robert McCheyne က "ယေရှုသည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ပရသိဒုဘုံသို့ သွားရာလမ်းကိုရှာဖွေရာတွင် မတွေ့မမြင်နိူင်သော ချို့တဲ့နွမ်းပါးသောအာဒံ၏သားသမီးများကို သနားတော်မူသည်။ ထို့ကြောင့် ကောင်းကင်ဘုံကိုစွန့်ခွါပြီး ကောင်းကင်ဘုံတွင်စံမြန်းသော ခမည်းတော်ထံသို့သွားရာလမ်းကို ဖွင့်ပေးတော်မူသည်။ အဘယ်သို့လုပ်ဆောင်ခဲ့သနည်း။ သူ သည် ကျွနု်ပ်တို့၏နေရာတွင် လူတစ်ယောက်ဖြစ်လာခဲ့သည်။ ကျွနု်ပ်တို့၏အပြစ်ကို လက်ဝါး ကပ်တိုင်တွင် သယ်ဆောင်သွားခဲ့သည်။ အပြစ်အလွန်ကြီးသောသူသည် ကိုယ်ခန္ဓာသွေးစွန်း သည်အထိရောက်ရှိပြီး ဘုရားသခင်၏ပရဒိသုကိုတွေ့ရှိသဖြင့် ထာဝရအသက်ရှင်ရမည်။ သံသယမရှိဘဲ ခရစ်တော်ထံသို့ အမြန်ကြွလာပါ။ သူက 'ငါသည်လမ်းခရီးဖြစ်သည်ဟု မိန့်မူ သည်'" ဟုဆိုထားသည်။

သင်သည် ခမည်းတော်ထံသို့ ရောက်ရှိလာခြင်းမှာ "အပြစ်လွှတ်ခွင့်စာရွက်ဆိုခြင်း" အားဖြင့်မဟုတ်ပါ။ ကောင်းစွာအသက်ရှင်ခြင်းအားဖြင့်လည်း မဟုတ်ပါ။ အပြစ်အနည်းငယ်ကို သာပြုခြင်းအာဖြင့်လည်းမဟုတ်ပါ။ ယေရှု၏အကြောင်းနှင့်ပါတ်သက်သောအရာများကို ယုံ ကြည်ခြင်းအားဖြင့်လည်းမဟုတ်ပါ။

Robert McCheyne က "ယခုတွင်၊ ချစ်သောမိတ်ဆွေ၊ သင်၏ခမည်းတော်ထံသို့ပြန် လာရမည့်နှစ်မဟုတ်ဘူးလား၊ ခရစ်တော်က 'ငါသည်လမ်းခရီးဖြစ်သည်…ငါ့ကိုအမှီမပြုလျှင် အ ဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ' ဟုဆိုထားသည်။ သင်သည် မိမိလမ်းအားဖြင့်သာ အ ထံတော်သို့ချဉ်းကပ်လျှင် မိမိကိုယ်ကိုပြုပြင်ခြင်းသာဖြစ်ပေမည်၊ သို့မဟုတ် ဘုရားသခင်က စည်းစနစ်ကျစွာလုပ်ဆောင်မည်မဟုတ်ဟူသောမျှော်လင့်ချက်ဖြင့်သာဖြစ်ပေမည်။ သင့်အား သတိပေးထားခြင်းမရှိလျှင် ငရဲသို့ကျမည်အကြောင်း တရားစီရင်သောနေ့ရက်တွင် တွေ့ရပါ လိမ့်မည်" ဟုဆိုထားသည်။

သင်သည် ယေရှုခရစ်ထံတော်ပါးသို့လာခြင်းဖြင့် ခမည်းတော်ထံသို့လာရမည်။ ကယ် တင်တော်မူခြင်းသို့ရောက်ရန် အခြားသောနည်းလမ်းမရှိ။ အကြောင်းမှာ "ဘုရားသခင်နှင့်လူ ကြားမှာ ယေရှုခရစ်တည်းဟူသော ကြားခံတစ်ပါးသာ" ရှိသည်။ ( ၁ တိ ၂း ၅ )

၂။ ဒုတိယအချက်၊ ခရစ်တော်သည် သမ္မာတရားြဖစ်သည်။

"မပြောင်းလဲသောသူသည် သမ္မာတရားကိုသိသည်ဟု မပြောနိူင်ပါ။ မပြောင်းလဲသော သူသိထားသောအမှန်တရားများစွာရှိသည်မှာ သံသယဖြစ်စရာမရှိ။ သချင်္ာနည်း၏အမှန်တရား၊ ကိုသိနိူင်သည်။ အများသိသောအမှန်တရားလည်းသိနိူင်သည်။ သို့သော် သမ္မာတရားကိုတော့ သိသည်ဟု မပြောနိူင်ပါ။ အကြောင်းမှာ ခရစ်တော်သည်သာ သမ္မာတရားဖြစ်သည်" ဟု Robert Murray McCheyne က ဆိုထားသည်။

စာဖတ်ပြီး သုတေသနလုပ်ဆောင်နေကြသည့် ဦးလေးနှစ်ယောက်ရှိသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ရုပ်မြင်သံကြားမပေါ်ခင်တွင် များစွာသောလူတို့သည် စာအုပ်စာပေများစွာကို ဖတ်ရှုခဲ့ကြသည်။ စာအုပ်ဖတ်ခြင်းဆိုသာ အများလုပ်ဆောင်သောအလုပ်လည်းဖြစ်ခဲ့သည်။ သို့သော် ဦးလေးနှစ်ယောက်များ ယနေ့အချိန်ကာလထက် စာအုပ်ကိုအများကဖတ် ရှုကြသည့် အချိန်ဖြစ်လျှင်ပင် အခြားသူများထက် များစွာသောစာအုပ်ကိုဖတ်ကြသည်။

ဦးလေးများထဲက တစ်ဦးမှာ Porter - Robert Porter Elliott ဖြစ်သည်။ သို့ရာတွင် လူ တိုင်းက သူ၏အလယ်နာမည်ကိုယူပြီး Porter ဟုသာခေါ်ကြသည်။ ဦးလေး Porter သည် လက်ထဲတွင် စာအုပ်အမြဲဆောင်လျက်ရှိသည်။ သူသည် စစ်တပ်ထဲတွင်လညး် နေခဲ့ဖူးသည်။ သို့သော် ယခုတွင်မူ ဆန်တာ မော်နီကာတွင် စက်ဘီးဆိုင်ဖွင့်ထားသည်။ သူသည် စာကို အမြဲ ဖတ်သည်။ နေ့လည်စာ စားချိန်၊ အလုပ်ပြီးချိန်၊ ရုပ်မြင်သံကြားကြည့်ချိန်တို့တွင် စာအုပ်တစ် အုပ်ကိုဖတ်နေသည်။ သူသည် ရုပ်မြင်သံကြားကိုကြည့်လိုက် စာအုပ်ကိုဖတ်လိုက်နှင့်လုပ်နေ သည်။ သူသည် လူသတ်မှုလှို့ဝှက်ဆန်းကြယ်သည့်အကြောင်းများ၊ မဟူရာခရစ်တိုင်း၊ စသဖြင့် နူးညံ့သည့်စာများကိုဖတ်နေသည်။ သူအနှစ်သက်ဆုံးစာအုပ်များမှာ သိပ္ပံပညာနှင့်ပတ် သက်သည့် စာအုပ်စာပေများဖြစ်ပါသည်။ သူသည် သိပ္ပံအတတ်ပညာနှင့်ပါတ်သက်သည့် စာ အုပ်ရာပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။ စစ်မှန်သောသိပ္ပံပညာနှင့်ပတ်သက်သည့်အကြောင် အရာများစွာသိထားသည်။ သူသည် ဒါဝင်၏ဆင့်ကဲဖြစ်စဉ်ကိုလည်း ယုံကြည်ထားသူတစ် ယောက်ဖြစ်ပါသည်။ သူသည် ထိုအကြောင်းကို နာရီပေါင်းများစွာပြောနိူင်ပါသည်။

တစ်ခုသောတနင်္ဂနွေနေ့နံနက်တွင် ကျွနု်ပ်တို့၏ဘုရားကျောင်းသို့ သူလာသည်ကို တွေ့လိုက်ရသောအခါ အရမ်းအံ့သြမိသည်။ သူသည် အခန်း၏နောက်တွင် တိတ်တိတ်လေး ထိုင်ပြီး ကျွနု်ပ်၏တရားဒေသနာကို နားထောင်နေခဲ့သည်။ နောက်ဆုံးတွင် သူလာသည်ကို ကျေးဇူးတင်စကားပြောခဲ့သည်။ သူက ကျွနု်ပ်၏တရားဒေသနာသည် အလွန်ပင်စိတ်ဝင်စားစ ရာကောင်းသည်အကြောင်း ပြောခဲ့သည်။ ထိုနောက်တွင် အပတ်တိုင်းလာခဲ့သည်။ ရက်သတ္တ ပတ်များစွာကြာမြင့်လာသောအခါ ခရစ်ယာန်တစ်ယောက်ဖြစ်လာရန် သူ့ကိုပြောခဲ့သည်။ သူ သည် သေချာစဉ်းစားသည်။ သူအား ခရစ်တော်ထံသို့ ကျွနု်ပ်ပို့ဆောင်နိူင်သည်။ ကျွန်တော် သိပ်မယုံနိူင်ဘူး။ သူသည် ခပ်အေးအေးနေတတ်သူ၊ အသိဉာဏ်ကြွယ်ဝသူဖြစ်သောကြောင့် ငယ်စဉ်ဘဝတွင် သူ့ကိုစကားပြောဖို့ ကျွန်တော်ကြောက်နေရတဲ့သူဖြစ်သည်။ သူသည် စာဖတ်သည့်မျက်မှန်ထူကြီးကိုတပ်ပြီး Humphrey Bogart ကဲ့သို့ တစ်စုံတစ်ရာကိုကြည့်နေခဲ့ သည်။ သူသည် ပြောင်းလဲလာပြီးသောနောက်တွင် ကွဲပြားခြားနားလာသောသူတစ်ယောက်အ နေဖြင့် ပြုံးပြီး ကျွနု်ပ်တို့၏ကလေးများကို စကားပြောလာခဲ့သည်။ ထို့နောက် သူက ခရစ်ယာန် စာအုပ်များနှင့်ပါတ်သက်ပြီး မေးခွန်းများစတင်မေးလာသည်။ ကျွနု်ပ်သည် သူ့အား ဆင့်ကဲ့ဖြစ် စဉ်ကိုဆန့်ကျင်ရေးသားထားသည့် စာအုပ်ထူကြီးတစ်အုပ်ကို လက်ထဲထည့်ပေးလိုက်သည်။ သူအကုန်ဖတ်သည်။ နောက်တစ်ပတ် တနင်္ဂနွေနေ့တွင် နောက်ထပ်စာအုပ်များကိုတောင်း သည်။ စာအုပ်ပေါင်း လေးဆယ် သို့မဟုတ် ငါးဆယ်လောက်ကို ထုတ်နှုတ်ပေးသည်။ အားလုံး ကို သူဖတ်ရှုလေ့လာသည်။ အချို့ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ပင်ဖတ်ဖြစ်သည်။ သူသည် အခြား လှို့ဝှက်ဆန်းကြယ်သောအရာ သို့မဟုတ် သိပ္ပံအတတ်ပညာစာအုပ်များကို နောက်တ ကြိမ်လုံးဝမဖတ်တော့ပါ။ သူ့ကို ကျွန်တော်နှစ်ခြင်းပေးလိုက်သည်။ သူသည် ကျွနု်ပ်တို့အသင်း တော်၏သစ္စာရှိသောအသင်းသားတစ်ယောက်ဖြစ်လာခဲ့သည်။ မစ္စ Sally Cook က ဦးလေး Porter ကို အရမ်းသတိရတာ။ သူသည် နှလုံးခုန်ရပ်ပြီး ရုတ်တရက်ဆုံးသွားခဲ့သည်။

Robert Porter Elliott တွင် အဘယ်သို့ဖြစ်ခဲ့သနည်း။ သူသည် သိပ္ပံအတတ်နှင့်ဆင့် ကဲ့ဖြစ်စဉ်ဆီက အဘယ့်ကြောင့် လှည့်ပြန်သွားသနည်း။ ဒါက ရှင်းပါတယ်။ သူသည် သခင် ယေရှုခရစ်ကိုတွေ့ရှိခဲ့သည်။ သူသည် စိတ်ကူးယဉ်ထဲသို့ နောက်ထပ်သွားရန်မလိုတော့ပေ။ သူသည် "ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်သည်" ဟုမိန့်တော်မူသော ယေရှုတည်း ဟူသော သမ္မာတရားကို တွေ့ခဲ့သောကြောင့် ဖြစ်သည်။ ဦးလေး Porter သည် ကောင်းကင် သို့ရောက်သောအခါ ကျွန်တော်ပထမဆုံးရှာရမည့်ပုဂ္ဂိုလ်ဖြစ်ပေလိမ့်မည်။ သူသည် သမ္မာတ ရား၏သော့ချက်ဖြစ်တော်မူသောယေရှုခရစ်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်ခဲ့ သည်။

အခြားဦးလေးမှာ ကျွနု်ပ်အမေ၏အစ်ကိုဖြစ်ပါသည်။ သူက Lloyd V. Flowers, Jr. ဖြစ် ပါသည်။ သူသည် ဒုတိယကမ္ဘာစစ်တွင် အမေရိကန်ရေတပ်၌ အမှုထမ်းခဲ့သည်။ သူသည် ပစ္စည်းသယ်ယူသူတစ်ယောက်ကဲ့သို့ ဦးလေး Lloyd သည် သုတေသီတစ်ယောက်လည်းဖြစ် ပါသည်။ သူသည် ဒဿနိကဘာသာတွင်ပါဝင်သောသဘာဝဖြစ်တည်မှုနှင့်အရှေ့တိုင်းဘာသာ ရေးကိုလေ့လာဖတ်ရှုရာတွင် ၀ါဒနာကြီးသူဖြစ်သည်။ သူသည် ထိုသို့သောစာအုပ်များကို သွား လေရာတိုင်းတွင် ဆောင်ယူလေ့ရှိသည်။ သူသည် ရှုခင်းများကိုစို်က်ပျိုးသည့် ဥယျာဉ်မှုတစ် ယောက်ဖြစ်သည်။ သို့သော် ပိရမက်စ် သို့မဟုတ် ရှေးဟောင်းစာပေအရေးအသား၊ သို့မဟုတ် သာဘာတရားနှင့်ဆိုင်သောစာအုပ်များကို ကိုယ်နှင့်ထပ်ကြပ်မကွာ ဆောင်ထားလေ့ရှိသည်။ သူသည် ကျွနု်ပ်၏မိတ်ဆွေဖြစ်သဖြင့် ပိရမက်စ်နှင့်အရှေ့တိုင်းဘာသာရေးအကြောင်းကို နာရီ နှင့်ကြာအောင်ပြောဆိုသည်ကို နားထောင်ခဲ့ရသည်။ ကျွန်ုပ်သည် သူ့အား ကျမ်းစာကို ဖတ်စေ ချင်ခဲ့သော်လည်း စိတ်ဝင်စားသည့်အရိပ်အယောင်ပင် မပြခဲ့ပါ။ သူသည် နှလုံးရပ်ခြင်းဖြင့် ရုတ်တရက်ဆုံးပါးသွားခဲ့သည်။ သို့သော် ဦးလေး Lloyd သည် ပစ္စည်းသယ်သူနှင့်မတူဘဲ ခရစ် တော်ကိုယုံကြည်ခြင်းမရှိဘဲ သေဆုံးသွားခဲ့သည်။ သူသည် သမ္မာတရားကို အမြဲရှာဖွေနေ ကြောင်း ပြောခဲ့သည်။ သို့သော် မတွေ့ခဲ့ရပေ။ သမ္မာတရား၏ရုပ်လုံးဖြစ်တော်မူသောယေရှုကို တွေ့ရှိရခြင်းမရှိပေ။ ကျွနု်ပ်သည် ကောင်းကင်သို့ရောက်သည့်အချိန်တွင် ဦးလေး Lloyd ကို ရှာဖွေရမည်မဟုတ်သည့်အတွက် ဝမ်းနည်းစရာပင်ဖြစ်သည်။ အကြောင်းမှာ သူသည် ထိုအရပ် တွင် ရှိနေမည်မဟုတ်။ အကြောင်းမှာ ယေရှုက၊ "ငါသည်…သမ္မာတရား….ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်" ဟု မိန့်တော်မူသည်။ ( ယောဟန် ၁၄း ၆ ) ဦးလေး Lloyd သည် ငရဲတွင်သာ ရှိနေမည်ဖြစ်သည်။

ကျွနု်ပ်ဦးလေးထဲက အဘယ်တစ်ယောက်သည် သင်နှင့်တူပါသနည်း။ သင်သည် ယေရှု၌သမ္မာတရားကိုတွေ့ရှိရသော ပစ္စည်းသယ်ယူသူနှင့်တူပါသလား။ သို့မဟုတ် ကယ်တင် ရှင်ကိုလုံံးဝတွေ့ရှိခြင်းမရှိသော Lloyd နှင့်တူပါသလား။

၃။ တတိယအချက်၊ ခရစ်တော်သည် အသက်ြဖစ်သည်။

Robert McCheyne က "သမ္မာကျမ်းစာနှင့်အတွေ့အကြုံနှစ်ခုစလုံးက ကျွနု်ပ်တို့သည် သဘာဝအားဖြင့် အပြစ်တရားနှင့်ဒုစရိုက်တွင်သေလျက်ရှိနေသည့် သဘောကိုတွေ့ရသည်။ အပြစ်တရားတွင်သေလျက်ရှိသောသူများက သူတို့သည် သေလျက်ရှိကြောင်းကို မသိနားမ လည်ကြပေ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က သင်၏အပြစ်နှင့်ပြည့်နှက်နေသောအခြေ အနေ၊ အပြစ်သဘောတွင်သေလျက်ရှိကြောင်းကို ဖော်ပြတော်မူသောအခါ သိရှိလာပေလိမ့် မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားအလုံးစုံကို စောင့်ရှောက်ရန် ကြိုးစားအားထုတ် လျှင်၊ အပြစ်နှင့်ပြည့်နေသောအတွေ့အခေါ်များကိုမစဉ်းစားရန် အမြဲကြိုးစားအားထုတ်နေ လျှင်၊ အပြစ်နှင့်တပ်မက်ခြင်းမှလွတ်မြောက်အောင် သင်၏စိတ်နှလုံးကို စောင့်ထိမ်းရန် အမြဲ ကြိုးစားအားထုတ်လျှင်၊ ဤအရာများကို လုပ်ဆောင်ရန် အမြဲကြိုးစားအားထုတ်လျှင် မဖြစ်နိူင် ဘူးဆိုသည့်အချက်ကို တွေ့မြင်လာရမည်မဟုတ်လော။ ကျွနု်ပ်သည် သေခြင်းမှထမြောက်ရန် ကြိုးစားအားထုတ်နေသောသူနှင့်တူသည်။ သင်သည် အသစ်တဖန်မွေးဖွါးခြင်းမရှိဘဲ သေ လျက်ရှိသည်ကို အမှန်တကယ်ရှင်းလင်းလျက်နေပါသည်။ သင်သည် အသစ်တဖန်မွေးရမည်။ ခရစ်တော်နှင့်အတူတကွပူးပေါင်းဆက်နွယ်ရမည်။ အကြောင်းမှာ ခရစ်တော်သည် အသက်ဖြစ် သည်" ဟုဆိုသည်။

သင်၏စိတ်ဝိညာဉ်သည် ခြောက်သွေ့သောအကိုင်း၊ အသီးမရှိဘဲ သေလျက်ရှိသော အခက်ဖြစ်နေသလား။ ခရစ်တော်ထံသို့လာပါ။ သူ့ကို ယုံကြည်ကိုးစားပါ။ အသွေးတော်အား ဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းသို့ရောက်ပါ။ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ရှင်စေပါ။ ထို့နောက် ခရစ်တော်၌ရှိသောအသက်ကို တွေ့ရှိရပေမည်။ သင်သည် ရှင်ပေါလုနှင့်အတူ၊ "ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည် ဘုရားသခင်ကိုယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကိုကိုယ်စွန့်တော်မူ၏" ဟု ပြောဆိုနိူင်မည်။ (ဂလာ ၂း ၂၀ NKJV ) ယေရှုက ဤသို့ဆိုသည်။

"“"ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။" ( (ယော ဟန် ၁၄း ၆ ) )

ထိုအကြောင်းကို သင်မည်သို့ပြောဆိုနိူင်သနည်း။ အကြောင်းမှာ ထိုအရာသည် မှန်ကန်မှုရှိပါသည်။ ခရစ်တော်သည် တပါးတည်းသောသားတော်ဖြစ်ပါသည်။ သူသည် ကျွနု်ပ် တို့၏အပြစ်ဒဏ်အတွက်အပြစ်ဒဏ်ကိုပေးဆပ်နိူင်သည့် တစ်ဦးတည်းသောဖြစ်ပါသည်။ သူ သည် ကိုယ်ကာယအားဖြင့် သေခြင်းမှ တစ်ဦးတည်းထမြောက်သောသူဖြစ်ပါသည်။ ထို့ကြောင့် "[သူ] မှတပါး အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်နိူင်" သောကြောင့် ဖြစ်သည်။ ယနေ့ နံနက်တွင် ယေရှုခရစ်ကိုကိုးစားယုံကြည်ပြီး အသွေးတော်အားဖြင့် အပြစ်ကိုဆေးကြောခြင်းခံရ ပါမည်အကြောင်း ကျွနု်ပ်ဆုတောင်းပါ၏။

"ဝမ်းနည်းငိုကြွေးသောသူ" အဘယ်သူနည်း၊
လောကကိုကြွဆင်းလာသော ဘုရားသားတော်ပေ။
ပျက်စီးသောသူများပြန်လည်ယုံကြည်ရန်၊
ဟာလေလုယ၊ ကယ်တင်သောအရှ။

ရှက်ကြောက်ခြင်းနှင့်ပျက်ယယ်ပြုခြင်းများ၊
ကျွနု်ပ်ကိုယ်စား စီရင်ခြင်းကိုခံ။
အသွေးတော်ာဖြင့် အပြစ်ခွင့်လွှတ်ခြင်းကိုလုပ်ပေး၊
ဟာလေလုယ၊ ကယ်တင်သောအရှင်။
(“ဟာလေလုယာ၊ ကယ်တင်သောအရှင်” ၊ Philip P. Bliss, ၁၈၃၈-၁၈၇၆).

ဒေါက်ာ Chan ၊ ကျေးဇူးပြုပြီး ဆုတောင်းဦးဆောင်ပေးပါ။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ၂ပေတရု ၃း ၁-၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ကျွနု်ပ်အပြစ်အလုံးစုံအတွက်"၊ (Norman Clayton ၁၉၄၃) ရေးစပ်သည်။


အခှပှေုကမြွး

လမ်းခရီး၊ သမ္မတရား၊ နှင့်အသက်အကျဉ်းချုပ်

THE WAY, THE TRUTH, AND THE LIFE

Dr. R. L. Hymers, Jr.

"ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခ မည်းတော်ထံသို့မရောက်ရ။" ( ယောဟန် ၁၄း ၆ ) )

( (လုကာ ၁၈း ၃၁- ၃၄၊ ယောဟန် ၁၃း ၈၊ ၉၊ ၁၄- ၁၇၊ ၃၀၊ ၃၆၊ ၃၇၊ ၃၈၊ယောဟန် ၁၄း ၂၊ ၅၊ ဧဖက် ၂း ၁၊ ၁ကော ၂း ၁၄၊ ယောဟန် ၂ဝး ၁၉- ၂၂၊ လုကာ ၂၄း ၃၆- ၄၅၊ ယောဟန် ၂ဝး ၂၅၊ ၁၄း ၅ ) )

၁။ ပထမအချက်၊ ခရစ်တော်သည် ဘုရားသခင်ထံသို့ပို့ဆောင် သော လမ်းခရြီးဖစ်သည်။ ၁ တိ ၂း ၅။

၂။ ဒုတိယအချက်၊ ခရစ်တော်သည် သမ္မာတရားဖြစ်သည်။ ယောဟန် ၁၄း ၆ ခ။

၃။ တတိယအချက်၊ ခရစ်တော်သည် အသက်ြဖစ်သည်။ ယောဟန် ၁၄း ၆ ဂ၊ ဂလာတိ ၂း ၂၀။