Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လူသာ၏ပြောင်းလဲခြင်း

LUTHER’S CONVERSION
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
အောက်တိုဘာလ ( ၂၅ ) ရက် တနင်္ဂနွေနံနက်ပိုင်းတွင်ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, October 25, 2015

“ "ကျမ်းစာလာသည်ကား ဖြောင့်တ်သောသူသည် ယုံကြည်ခြင်းအား ဖြင့် အသက်ရှင်လိမ့်မည်။” ( " (ရော ၁း ၁၇ ) )


မာတင်လူသာ(၁၄၈၃-၁၅၄၆)အကြောင်း အဘယ့်ကြောင့်ပြောနေရသည်ဟူသော အ ကြောင်းနှင့်ပါတ် သက်ပြီး လူအချို့တို့က မေးချင်မေးနိူင်သည်။ ကျွနု်ပ်သည် လူသရင်အသင်း တော်မဟုတ်ဘဲ၊ နှစ်ခြင်းအသင်းတော်ဖြစ်သည်ဟု အစပြုကြပါစို့။ အသင်းတော်၏သဘောသ ဘာဝအားဖြင့်ပြောရမည်ဆိုလျှင် လူသရင်အသင်းသားတစ်ယောက်မဟုတ်ဘဲ၊ နှစ်ခြင်းအသင်း သားတစ်ယောက်သာဖြစ်သည်။ ဗတ္တိဇံမင်္ဂလာနှင့်ပါတ်သက်လာလျှင်လည်း လူသရင်ခံယူချက် အတိုင်းမဟုတ်ဘဲ၊ နှစ်ခြင်းအသင်းတော်၏ခံယူချက်အတိုင်းသာခံယူထားပါသည်။ ပွဲတော်နှင့် ပါတ်သက်လာလျှင်လည်း ကျွနု်ပ်သည် လူသရင်မဟုတ်၊ နှစ်ခြင်းတစ်ယောက်သာဖြစ်သည်။ ဂျူးလူမျိုးများနှင့်ပါတ်သက်လျှင်လည်း လူသရင်မဟုတ်၊ နှစ်ခြင်းတစ်ယောက်သာဖြစ်သည်။ ဤသည်တို့မှာ အလွန်ပင်အရေးပါသောအချက်များဖြစ်ကြပါသည်။ ထိုအရာတစ်ခုစီတိုင်းတွင် ကျွနု်ပ်သည် လူသရင်တို့နှင့်မတူဘဲ နှစ်ခြင်းအသင်းတော်နှင့်သာ ယုံကြည်ချက်တည်နေသည်။ သို့သော် လူသရင်တို့၏ရှင်းလင်းမှု၊ ခရစ်တော်တစ်ပါးတည်းကိုယုံကြည်ခြင်းအားဖြင့် ဖြောင့် မတ်ရာသို့ရောက်သည်ဟူသော သမ္မာကျမ်းစာသွန်သင်ချက်ကိုတော့ချီးကျူးသည်။ ကျွန်ု်ပ် သည် ခေတ်သစ်လူသရင်များအကြောင်းကုပြောဆိုနေခြင်းမဟုတ်။ မာတင်လူသာကိုယ်တိုင် ကိုသာ ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။ သူသည် ခေတ်ကာလတိုင်းတွင် ကြီးမားသည့်ခရစ် ယာန်ခေါင်းဆောင်ကြီးတစ်ပါးဖြစ်ပါသည်။

လူသာသည် သမိုင်းတွင် အလွန်နှိမ့်ချသောသူ၊ သူ၏ခေတ်တစ်ခေတ်ကိုတည်ထောင် သူ၊ တခါတရံ ရိုင်းစိုင်းပြီး ခေါင်းမာသောသူအဖြစ် ရပ်တည်နေသည်။ သူသည် အရာအားလုံး ကို အမြဲတမ်း ရှင်းရှင်းလင်းလင်းတွေ့မြင်ခြင်းမရှိပါ။ သူသည် ရိုမင်ကစ်သိုလစ်တို့၏ အသင်း တော်သည် ဂျူးလူမျိုးတို့နေရာကိုအစားထိုးထားခြင်းခြင်းသည်ဟူသော"အစားထိုးခြင်းဓမ္မပညာ " ကိုဆက်လက်၍ လက်ခံယုံကြည်ထားသည်။ ကစ်သိုလစ်အယူဝါဒက သူ့ကိုဦးဆောင်နေ သည်။ သူ၏နောက်ဆုံးဘဝအသက်တာတွင် ဂျူးများကိုဆန့်ကျင်သည့် ပြင်းထန်သည့်ဖော်ပြ ချက်ကို ဖန်တီးခဲ့သည်။ ပြောင်းလဲလာပြီး လူသရင်သင်းအုပ်ဆရာတစ်ယောက်ဖြစ်လာသော Richard Wurmbrand က "သူ့ကိုငါခွင့်လွှတ်တယ်" ဟု ရိုးရိုးရှင်းရှင်းပါဘဲ ကျွနု်ပ်ကိုပြောပြ သည်။ သင်းအုပ် Wurmbrand က လူသာသည့် သူ့ခေတ်သူ့အခါက ယနေ့ကျွနု်ပ်တို့လိုပါဘဲ လူသားတစ်ယောက်ဖြစ်ခဲ့သည်ကို သိသည်။ နောက်ပိုင်းတွင် ယနေ့တွင် ကျွနု်ပ်တို့၏မပြည့် စုံခြင်းတွေ၊ အထူးသဖြင့် အလယ်ခေတ်ကကစ်သိုလစ်ဝါဒ၏လှည့်ဖြားခြင်းကဲ့သို့ မနှစ်မြှုပ်ဖွယ် ကောင်းသော အသက်ဝိညာဉ်များကိုမညှမတာလုပ်ဆောင်သည့်ဆုံးဖြတ်ချက်ဝါဒ အမှားများ နှင့်စပ်လျဉ်း၍ သမိုင်းတွေက ဖော်ပြပေလိမ့်မည်။

"မျက်မမြင်အားကစား" ရှိသော်လည်း လူသာသည် ဆုကျေးဇူးအပိုကိုရရှိသည်။ စပါဂျွန်သည် အချိန်တိုင်းအတွက် နှစ်ခြင်းတရားဟောဆရာကြီးဖြစ်ပါသည်။ သူသည် လူသာ အား အထူးတလည်ချီးကျူးပြီး သူ့အကြောင်းကို အမြဲကိုးကားလေ့ရှိသည်။ (လူသာအကြောင်း နှင့်ပါတ်သက်ပြီး စပါဂျွန်၏တရားဒေသနာနှစ်ခုကိုကြည့်ပါ။ မြို့တော်နယ်နမိတ်အတွင်းရှိတဲ တော်တရားပလ္လင်၊ အတွဲ ၂၉၊ စာ- ၆၁၃-၆၃၆ ) စပါဂျွန်က "ကျွနု်ပ်တို့၏ပြုပြင်ပြောင်းလဲခြင်း လုပ်ဆောင်သူကြီး၏ သက်သေခံချက်ကြီးမှာ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်အပြစ်သား များ၏ဖြောင့်မတ်ခြင်းဖြစ်သည်"ဟုဆိုပါသည်။ လူသာသည် အကြိမ်ပေါင်းများစွာပင် ဓမ္မပညာ မေးခွန်းများ၏နက်နက်မှုကိုတွေ့ရှိရပြီး ကြီးမားသည့်တွန်းအား အားဖြင့် သူ၏အတွေးအခေါ်ကို ဖော်ထုတ်လေ့ရှိသည်။

ဖြောင့်မတ်ခြင်းတရားသည် ကယ်တင်ခြင်းအယူဝါဒတစ်ခုလုံးတွင် အဓိကသော့ချက် ပင်ဖြစ်ပါသည်။ လူတစ်ယောက်သည် ဖြောင့်မတ်ခြင်းမရှိလျှင် ငရဲသို့သွားရမည်ဖြစ်သည်။ လူ သည် ဘုရားကျောင်းသွားခြင်း၊ ဗတ္တိဇံခံခြင်း၊ ပွဲတော်မင်္ဂလာစားသုံးခြင်း၊ ဂျူးလူမျိုးဖြစ်ခြင်း တို အားဖြင့် ကယ်တင်ခြင်းသို့ မရောက်ပါ။ မဖြောင့်မတ်လျှင် ငရဲသို့သာ သွားရမည်ဖြစ်သည်။ တနည်းအားဖြင့် လူသာကဲ့သို့ပင် ထိုအချက်များနှင့်အခြားအချက်များတွင် မှားယွင်းသော် လည်း ခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းကိုရရှိလျှင် ကယ်တင်တော်မူခြင်းသို့ရောက်မည်ဖြစ် သည်။ ထိုအတွက်ကြောင့် စပါဂျွန်က ဖြောင့်မတ်ခြင်း"ပြန်လည်ပြုပြင်ခြင်းသရဖူ" ဟုခေါ်သည်။ ဖြောင့်မတ်ခြင်းဟူသည်မှာ အရေးပါသောခံယူချက်ပင်ဖြစ်သည်။ လူသာက ဖြောင့်မတ်ခြင်း သည် ယုံကြည်ခြင်း "အသင်းတော် ရပ်တည် သို့မဟုတ် ကျဆုံးသည့်ခံယူချက်" အားဖြင့်သာ ဟုခေါ်သည်။ ဖြောင့်မတ်ခြင်းမရှိလျှင် အဘယ်သူမျှ ကယ်တင်တော်မူခြင်းသို့မရောက်။ ခံယူ ချက်အားလုံးတွင် အငြင်းပွါးမှုအများဆုံးဖြစ်သောဤခံယူချက်တွင် ကျွနု်ပ်သည် ပြန်လည်ပြုပြင် သူဆရာကြီးနှင့်အတူ ရပ်တည်သည်။ ကျွနု်ပ်သည် ယေရှုခရစ်တပါးတည်းကို ယုံကြည်ခြင်း အားဖြင့်သာ ဖြောင့်မတ်ခြင်းသို့ရောက်သည်ဟူသော အချက်နှင့်ဆက်စပ်ပြီး လူသာနှင့်အတူ ရပ်တည်သည်။ ထိုအချက်သည် လူသာ၏အဓိကသော့ချက်ပင်ဖြစ်သည်။ သူ၏ခံယူချက်ကို အပြည့်အဝထောက်ခံပါသည်။

"ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့် မည်။" (ရောမ ၁း ၁၇ )

လူသာသည် ဤကျမ်းပိုဒ်ကို မည်သို့နားလည်လာခဲ့သနည်း။ စပါဂျွန်က လူသာ၏ ပြောင်းလဲခြင်းအကြောင်းကို ဤသို့ဆိုသည်။

     ကျွနု်ပ်သည် ဤသင်ကြားပေးမှုကို ရှေးက လူသာ၏အသက် တာတွင် အမှန်တကယ်ဖြစ်ပေါ်နေသောအရာကိုဖော်ပြလျက် အ ကျဉ်းချုပ်ပြီး သရုပ်ဖော်ပြသပေမည်။ ပြုပြင်ပြောင်းလဲရေးဆရာ ကြီးအပေါ်တွင် ဧဝံဂေလိတရားသည် သက်ရောက်လာသည်။ ဤသည်မှာ ဘုန်းကြီးကျောင်းတွင်ဖြစ်သည်။ သူသည် တိုင်တွင် ချည်နှောင်ထားသည့် ဓမ္မဟောင်းကျမ်းကိုဖတ်ရှုရင်း "ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်" ဟူ သောကျမ်းပိုဒ်သို့ရောက်လာခဲ့သည်။ ကောင်းကင်မှဖြစ်သောဤ ပြစ်ဒဏ်သည် သူ့ကိုရိုက်နှက်ပြီး သူသည် နားမလည်နိူင်အောင် ဖြစ်သည်။ သို့ရာတွင် သူသည် ဘာသာတရားကိုကိုင်းရှိုင်းခြင်းနှင့် ယောဂီအလုပ်တွင် ငြိမ်သက်ခြင်းရှာမတွေ့နိူင်သည်ကိုသိသည်။ သူသည် ကောင်းမြတ်မှုမရှိသည်ကိုသိလျက်ပင် အာပတ်ဖြေခြင်း ကိုစောင့်ထိမ်းသည်မှာ နှစ်ပေါင်းများစွာပင်၊ ကြမ်းတမ်းခက်ထန် မှုများကို ချုပ်တီးခဲ့ရ၊ တခါတရံ မောပန်းနွမ်းနယ်မှုများနှင့်ရှုံးနိမ့်ခဲ့ရ သည်။ သူသည် သေခြင်းတံခါးဝသို့ မိမိကိုယ်ကို အာပတ်ဖြေခြင်း အားဖြင့် သယ်ဆောင်ခဲ့သည်။ သို့သော် အဘယ်ငြိမ်းချမ်းရေးကို မျှ ရှာမတွေ့ပါ။ သခင်ဘုရားသည် သူ့အား ကြီးမားသည့် ဒုက္ခထဲ က ပြည့်ဝသည့်ကယ်တင်ခြင်းကိုပေးတော်မူသည်။ သူသည် ဘုန်း တော်ကြီး၊ အာပတ်ဖြေခြင်း၊ စသဖြင့်သော တစ်စုံတစ်ရာအားဖြင့် အသက်ရှင်တော်မူသည်မဟုတ်ဘဲ [ခရစ်တော်ကို] ယုံကြည်ခြင်း ဖြင့်သာအသက်ရှိရသည်။ ယနေ့နံနက် ကျွနု်ပ်တို့၏အခြေပြုကျမ်း တွင် လွတ်မြောက်မှုကိုရရန်[ကစ်သလစ်]ဘုန်းတော်ကြီးအဖြစ်ရှိ နေပြီး မိမိစိတ်ဝိညာဉ်ကို ငရဲသို့ ဆောင်ယူခြင်းပင်ဖြစ်သည်။

     “ ["ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းဖြင့် အသက်ရှင် လိမ့်မည်။" ( (ရောမ ၁း ၁၇ )]

လူသာသည် ထိုကျမ်းပိုဒ်ကိုနားလည်သဘောပေါက်လာသောအခါ ခရစ်တော်တပါးတည်းကို ယုံကြည်လက်ခံလာသည်။ သူသည် မိခင်အား စာရေးသားရာတွင် "ကျွနု်ပ်သည်ပြန်လည်မွေး ဖွါးသည်ဟုခံစားရပြီး ပရဒိသုဘုံသွားရာတံခါးဆီသို့သွားသည်ဟု ခံစာရသည်"] ဟုဆိုသည်။ စပါဂျွန်က ဤသို့ဆိုသည်။

     သူသည် တက်ကြွစွာစတင်အသက်ရှင်သည်ထက် ဤသည် ကို ယုံကြည်ခဲ့သည်။ [ယဇ်ပုရောဟိတ်] တစ်ယောက်ဖြစ်သူ တက်ဇက်က ဂျာမနီတစ်ခုလုံးကိုလှည့်လည်ပြီး အပြစ်လွှတ်ခြင်း စာတမ်းကိုရောင်းချသည်။ သင်သည် မည်သို့သောအပြစ်ကိုကျူး လွန်နေသည်ဖြစ်စေ၊ သင်၏ငွေက အလှူခံပုံး၏အောက်ခြေကိုထိ သည်နှင့် သင်၏အပြစ်သည် ကျေလိမ်မည်။ လူသာက ထိုအ ကြောင်းကိုကြားသိသဖြင့် မခံမရပ်နိုင်အောင်ဖြစ်ပြီး "ငါသည် သူ၏ စည်တွင် အပေါက်လုပ်မည်" ဟု ကြွေးကြော်သည်။ သူ သည် အမှန်တကယ်လုပ်ဆောင်သည်။ အခြားစည်များစွာကို လည်း ထိုသို့လုပ်ဆောင်သည်။ ဘုရားကျောင်းတံခါး၌ စာတမ်း များရိုက်နှိပ်ကပ်ခြင်းက တေးဂီတသံများကို အမှန်တကယ်တိတ် ဆိတ်စေသောနည်းလမ်းဖြစ်သည်။ လူသာက အပြစ်ခွင့်လွှတ်ခြင်း သည် ငွေကြေးမလို၊ အဖိုးအခမလိုဘဲ ခရစ်တော်ကိုယုံကြည်ခြင်း အားဖြင့်ရရှိနိူင်သည်ဟု ကြွေးကြော်သည်ဖြစ်၍ ပုတ်ရဟန်းမင်း ကြီး၏ စိမ်ခံနေခြင်းသည် မကြာမှီ လှောင်ပြောမှုဖြစ်လာတော့ မည်။ လူသာသည် ၄င်း၏ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သည်။ ထို့ကြောင့် တိတ်ဆိတ်စွာနေတတ်သောသူသည် ခြင်္သေသည် ၄င်း၏သားကောင်အပေါ်ဟိန်းဟောက်သကဲ့သို့ မကောင်းသော အမှုအရာများအတွက် အော်ဟစ်လာသည်။ သူ့အထဲတွင်ရှိသော ယုံကြည်ခြင်းသည် ကြီးမားသည့်အသက်တာဖြင့်ပြည့်ဝနေပြီး ရန်သူများနှင့်အတူ စစ်မြေပြင်တွင် ထိုးစစ်ဆင်နေသည်။ အတန် ကြာသောအခါ သူတို့သည် သူ့အား သြဂတ်စတတ်စ်သို့ ဆင့်ခေါ် ကြသဖြင့် သူ့မိတ်ဆွေက မသွားရန်အကြံပြုထားသော်လည်း ထိုနေရာသို့သွားခဲ့သည်။ သူတို့က ဆိုးသွင်းသောသူကို ဆင့်ခေါ် သကဲ့သို့ ကောင်စီအစည်းအဝေးတွင် မိမိကိုယ်တိုင်ဖြေဆိုရန် ဆင့်ခေါ်ကြသည်။ လူတိုင်းက သူ့အား ရှောင်ပြေးရန်ပြောဆိုကြ သည်။ အဘယ့်ကြောင့်ဆိုသော်၊ သူသည် မီးရှို့ခြင်းခံရမည်ကို စိုး ရိမ်ကြသည်။ သို့သော် သူက သက်သေခံချက်ကိုတင်ပြဖို့ပိုအရေး ကြီးသည်ဟုခံစားသဖြင့် သူသည် ဝေဂန်တွင် တစ်ရွာပြီးတစ်ရွာ၊ တစ်မြို့ပြီးတစ်မြို့၊ တရားဒေသနာဟောကြားသဖြင့် ဆင်းရဲသော လူများသည် ခရစ်တော်အတွက်ရပ်တည်ရဲသောသူ၊ မိမိအသက် ကိုစွန့်ပြီး ဧဝံဂေလိလာရောက်ဟောကြားသူကို လာရောက်နှုတ် ဆက်ကြပါသည်။ သူသည် သြဂတ်ကောင်စီတွင် မည်သို့မတ်တပ် ရပ်သည်ကို သတိရကြပါရဲ့လား။ သူသည် လူသား၏အစွမ်းတန် ခိုးမှာ မိမိအသက်ကိုအရင်းအနှီးလုပ်ပြီး ခုခံကာကွယ်ရမည်ကို သိသော်လည်း သူသည် [တစို့ထိုး၍] ဂျွန်ဟစ်ကဲ့သို့ မီးရှို့နိူင်သော် လည်း မိမိဘုရားသခင်အတွက် လုပ်ဆောင်သောသူကဲ့သို့ ရှိနေ သည်။ ထိုနေ့သည် ဂျာမန်တရားရုံးတွင် လူသာလုပ်ဆောင်ခဲ့ သောအရာအတွက် အကြိမ်အရေအတွက်ထောင်ပေါင်းများစွာပင်၊ ထောင်ပေါင်းများစွာသောမိခင်များ၏ကလေးများက သူကိုးကွယ် သောဘုရားသခင်၏နာမတော်ကို ကောင်းကြီးပေးချီးမြှောက်ကြ သည်။ (C. H. Spurgeon, "တဲတော်၌ လူသာ၏တရားဒေသနာ"၊ The Metropolitan Tabernacle Pulpit, Pilgrim Publications, ၁၉၇၃၊ အတွက် ၂၉၊ စာ- ၆၂၂- ၆၂၃ )

"ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းဖြင့် အသက်ရှင်လိမ့်မည်။" (ရောမ ၁း ၁၇ )

လုသာနှင့်ပထမဆုံးတွေ့ဆုံမှုမှာ ၁၉၅၀ခုနှစ်အစောပိုင်းက နှစ်ခြင်းဘုရားကျောင်းတစ် ခုတွင်ဖြစ်သည်။ တနင်္ဂနွေညတစ်ခုတွင် သူတို့က သူနှင့်ပါတ်သက်သောအကြောင်းအရာကို ဖြူမည်းရုပ်ရှင်ဖြင့်ပြသကြသည်။ သူသည် ကျွနု်ပ်တို့စိတ်ဝင်စားခြင်းဘာမျှမရှိသည့် အတိတ်က ထူးဆန်းသောလူတစ်ဦးနှင့်တူသည်။ ရုပ်ရှင်က စိတ်ပျက်စရာကောင်းပြီး ရှည်လည်းရှည်သေး သည်။ ဤသို့သောရုပ်ရှင်က ကျွနု်ပ်၏သင်းအုပ်ဆရာ Dr. Walter A. Pegg က စိတ်အနှောက် အယှက်ပေးမည့်အရာကိုပြသလဲဆိုတာ အံ့သြမိသည်။ ယနေ့တွင် ကျွနု်ပ်သည် ဤရုပ်ရှင်ကြီး နှင့်ကွဲပြားခြားနားသည်အမြင်ရှိသည်ကို ထည့်ပေါင်းသင့်ပါသည်။ ထိုရုပ်ရှင်ကို ကျွနု်ပ်ပြန်ကြည့် ချင်မိသည်။ ထိုရုပ်ရှင်ကိုကြည့်ရန် ဤနေရာတွင် နှိပ်ပါ

လူသာနှင့်ဒုတိယအကြိမတွေ့ရသည့်အချိန်မှာ နောက်ပိုင်းနှစ်ပေါင်းများစွာကြညောင်း သည့် ပြောင်းလဲပြီး နောက်ပိုင်းတွင်ဖြစ်သည်။ ကျွနု်ပ်သည် ဂျွန်ဝယ်စလီက ဤသို့ဆိုထား သည်ကိုဖတ်ရှုလျက် ဂျွန်ဝယ်စလီ၏ပြောင်းလဲခြင်းအကြောင်းကိုလည်း ဖတ်ရှုရပါသည်။

ကျွနု်ပ်သည် ညနေပိုင်းတွင် Aldersgate လမ်းရှိ၊ လူတစ်ယောက် က မာတင်လူသာ၏ ရောမသြဝါဒစာစကားချီးကိုဖတ်ရှုရာနေရာ အသင်းအဖွဲ့တစ်ခုဆီသို့သွားခဲ့သည်။ ကိုးနာရီမထိုးခင်ဆယ့်ငါးမိ နစ်လောက်တွင် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် စိတ်နှလုံး သားထဲတွင် ဘုရားသခင်လုပ်ဆောင်သောအပြောင်းအလဲကိုဖော် ပြစဉ်တွင် ကျွနု်ပ်စိတ်နှလုံးတွင် ထူးထူးဆန်းဆန်းပင် နွေးဆွေးမှု ဖြစ်လာသည်။ ကျွနု်ပ်သည် ခရစ်တော်ကိုယုံကြည်ကိုးစားသည်ဟု ထင်မှတ်သည်။ ကယ်တင်ခြင်းအတွက် ခရစ်တော်တစ်ပါးတည်း သာဖြစ်သည်။ စိတ်ချမှုကိုလည်း သူသာပေးသည်။ သူသည် ကျွနု်ပ်၏အပြစ်အလုံးစုံကိုပယ်ရှားပြီး အပြစ်တရားနှင့်သေခြင်းထဲ က ကယ်တင်တော်မူခဲ့သည်။ ( ဂျွန်ဝယ်စလီ၊ ဂျွန်ဝယ်စလီ၏လုပ် ဆောင်မှုများ၊ တတိယအကြိမ်ပုံနှိပ်ခြင်း၊ Baker Book House, ၁၉၇၉၊ အတွဲ ၁၊ စာ- ၁၀၃ )

ဤသည်က ကျွနု်ပ်နှင့်ပါတ်သက်ပြီးဖိအားကိုလုပ်ဆောင်ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဂျွန်ဝယ်စလီသည် ပထမနိူးထမှုတွင် တန်းခိုးပါးပြီးဟောကြားသည့် တရားဟောဆရာကြီးတစ် ယောက်ဖြစ်လာခဲ့သည်။ ၀ယ်စလီသည် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်းဟူ သော လူသာ၏စကားကိုနားထောင်ရင်း ပြောင်းလဲလာခဲ့သည်။

နောက်ပိုင်းတွင် ကျွနု်ပ်တို့နှစ်ခြင်းအသင်းတော်၏ဘိုးဘေးဖြစ်သောဂျွန်ဘိုင်ယန်သည် "မာတင်လူသာ၏လက်ရေးဖြင့် သမ္မာကျမ်းစာကိုလေ့လာသောအခါ" မာတင်လူသာကို ဖတ်နေ ခြင်းဖြစ်သည်။ (ခရီးသွားမှတ်တမ်း၊ Thomas Nelson, ၁၉၉၃၊ ထုတ်ဝေသူ၏ရင်ဖွင့်စကား၊ စာ- xii) ဘိုင်ယန်သည် အချိန်ကာလတိုင်းအတွက် နှစ်ခြင်းစာရေးဆရာကြီးဖြစ်လာသည်။

မက်သဒစ်တည်ထောင်သူ ဂျွန်ဝယ်စလီသည် လူသာ၏စကားကိုကြားလျက် ပြောင်း လဲလာသည်။ နှစ်ခြင်းတစ်ယောက်ဖြစ်သည့် ဘိုင်ယန်ကို လူသာရေးသားသည့်စာအုပ်ကို ဖတ် ရှုခြင်းအားဖြင့် ပြောင်းလဲခြင်းအတွက် သူ၏ရုန်းကန်မှုကို အကူအညီပေးခဲ့သည်။ လူသာတွင် ကောင်းမြတ်သောအရာများစွာရှိမည်ဟု ထင်မိသည်။ ရောမသြဝါဒစာသည် လူသာ၏တရားဒေ သနာ၏အနှစ်ချုပ်ဖြစ်သည်ကို ကျွနု်ပ်တွေ့ရသည်။ လူသာက ဤသို့ဆိုသည်။

ဤပေးစာသည် ဓမ္မသစ်ကျမ်း၏အကြီးမားဆုံးအစိတ်အပိုင်းနှင့် အသန့်ရှင်းဆုံးဧဝံဂေလိတရားအမှန်တကယ်ဖြစ်တော်မူ၍ ခရစ် ယာန်တိုင်းက ကျမ်းစာလုံးတစ်လုံးချင်းစီကို သိသင့်သည် သာ မက စိတ်ဝိညာဉ်၏အစာအဖြစ် နေ့တိုင်း စိတ်နှလုံးတွင် သိုထား ရန်ထိုက်တန်သောကျမ်းပင်ဖြစ်ပါသည်။ ဤသည်ကို မဖတ်ရွက် ဘဲမနေသင့်ဘူး။ ဖတ်လေလေ အဖိုးထိုက်လာလေလေဖြစ်ပေ သည်။ အရသာပို၍ ချိုမြိန်လာလေလေဖြစ်သည်။ (မာတင်လူသာ၊ "ရောမသြဝါဒစာစောင် စကားချီး၊"မာတင်လူသာ၏လုပ်ဆောင်မှု၊ Baker Book House, ၁၉၈၂၊ အတွဲ ၆၊ စာ-၄၄၇ )

လူသာသည် မျက်မှောက်ကာလတွင် အလွန်ပင်အရေးကြီးသည်ဟု အဘယ့်ကြောင့် စဉ်းစားနေရသနည်း။ အဓိကမှာ ကျွနု်ပ်တို့အား ရောမသြဝဒဆီသို့ပြန်ခေါ်ပြီး ရောမသြဝါဒစာ စောင်သည် "ဓမ္မသစ်ကျမ်း၏အဓိကအစိတ်အပိုင်းနှင့် သန့်ရှင်းသောဧဝံဂေလိတရားအမှန်တ ကယ်ဖြစ်တော်မူကြောင်း" ကို ကျွနု်ပ်တို့အား ရှင်းလင်းစွာပြသသောကြောင့်ဖြစ်သည်။ ထိုအရာ မှာ ယနေ့ခေတ် "ဆုံးဖြတ်ချက်ဝါဒ"၏ဆိုးသွင်းသောနေရက်ကာလတွင် ကျွနု်ပ်တို့ တဖန်ကြားရ သောအရာဖြစ်သည်။ ကျန်သောအရာများထက် ကျွနု်ပ်တို့သည် ရောမသြဝါဒဆီသို့ ပြန်လှည့် ရန်လိုအပ်ပါသည်။ လူသာ၏အချိန်ကာလ၏ကစ်သိုလစ်များသည် ရောမသြဝါဒစာ၏အချက် ကျသောသတင်းစကားကို မေ့လျော့ခဲ့ပြီ။ ကျွနု်ပ်တို့ခေတ်ကာလ၏"ဆုံးဖြတ်ချက်ဝါဒီ" သည် ထိုသို့သောအရာကိုလုပ်ဆောင်သည်။ သူတို့သည် ရောမသြဝါဒစာစောင်ကို ဖတ်နိူင်ကြသော် လည်း အဘယ်အကျိုးကိုမျှ မရကြပါ။ ၄င်းမှာ "ဆုံးဖြတ်ချက်ဝါဒ"က ကစ်သိုလစ်ဝါဒကို နည်း လမ်းများစွာဖြင့် တူညီစေသည်။ ကစ်သိုလစ်ဝါဒက "ဤသည်ကိုလုပ်ပြီး အသက်ရှင်ပါ" ဟုဆို သည်။ "ဆုံးဖြတ်ချက်ဝါဒ" က "ဤသည်ကိုလုပ်ပြီး အသက်ရှင်ပါ" ဟုဆိုသည်။ သို့သော် ရောမသြဝါဒစာ ၁း ၁၇ က ဤသို့ဆိုသည်။

" ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။" ( (ရောမ ၁း ၁၇ ) )

ရောမ ၃း ၂၀ ကိုလည်း မှတ်သားထားပါ။

"ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်ဖြစ် သောကြောင့်၊ ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့ တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်ရ။" ( (ရောမ ၃း ၂၀) )

လူသာက ပညတ်တရားက အဘယ်အရာကိုလုပ်ဆောင်ရန် သို့မဟုတ် မလုပ်ဆောင် ရန် သင်ကြားပေးသည်ဟု မစဉ်းစားရဘူး ဟုဆိုသည်။ လူသားတို့၏ပညတ်သည် ထိုနည်းအ တိုင်းပင်ဖြစ်သည်။ လူသားတို့တီထွင်သောပညတ်သည် စိတ်နှလုံးက သဘောမတူသော်လည်း ကောင်းမှုကုသိုလ်ဖြင့် ပြည့်စုံလာသည်။ သို့သော် ဘုရားသခင်သည် သင့်စိတ်နှလုံးထဲ၌ဖြစ် ပျက်သောအရာကို တရားစီရင်သည်။ ထို့ကြောင့် ဘုရားသခင်၏ပညတ်တရားက လူသားတို့၏ အနက်ရှိုင်းဆုံးနှလုံးသားအား တောင်းဆိုမှုကိုပြုပြီး ကောင်းမှုကုသိုလ်ဖြင့် မတင်းတိမ်နိူင်ပေ။ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်လိမ်လည်ခြင်းကဲ့သို့သော စိတ်နှလုံးသားအားဖြင့် လုပ် ဆောင်ခြင်းမဟုတ်သောအရာများကို စီရင်တော်မူသည်။ သို့ဖြစ်၍ ဆာလံ ၁၁၆း ၁၁ တွင် လူ တိုင်းအား မုသားကိုပြောသူအဖြစ် သတ်မှတ်တော်မူသည်။ အကြောင်းမှာ စိတ်နှလုံးဖြင့် အ ဘယ်သူမျှ ဘုရားသခင်၏စကားကို လိုက်လျှောက်နိူင်ခြင်းမရှိ။ လူတိုင်းသည် ကောင်းသောအ ရာကို မနှစ်သက်ကြပြီး မကောင်းသောအရာနှင့်စိတ်မွေ့လျော်ကြပါသည်။ လူတို့သည် ကောင်းသောအရာ၌ မပျော်မွေ့ကြဘဲ အနက်ရှိုင်းဆုံးသောနှလုံးသားတွင် ကောင်းသောအမှု ကို မပြုလိုကြပေ။ ၄င်းက ဘုရားသခင်၏ပညတ်တော်ကိုဆန့်ကျင်ပြီး ပုန်ကန်ပေသည်။ အပြစ် အမှန်အကန်ပင်ရှိသည်။ အပြင်ပိုင်းတွင် ကောင်းမှုကုသိုလ်များလုပ်ဆောင်နေဟန် ရှိသော် လည်း ဘုရားသခင်၏အမျက်တော်နှင့်ပြစ်ဒဏ်နှင့်ထိုက်တန်မှုရှိကြသည်။ သင်သည် ဘုရားသ ခင်၏ပညတ်တော်၏စီရင်ခြင်းကို အမှန်တကယ်ခံသင့်သည်။ အကြောင်းမှာ သင်တို့၏အတွင်း စိတ်နှလုံးသည် ဘုရားသခင်၏ပညတ်တော်ကို အကြွင်းမဲ ဆန့်ကျင်နေပါသည်။

သို့သော် ဘုရားသခင်၏ပညတ်တော်များကို သင့်အားဖြောင့်မတ်စေရန် သို့မဟုတ် ကယ်တင်ရန် ပေးထားခြင်းမဟုတ်။ ရောမ ၃း ၂၀ ကို ကျယ်လောင်စွာဖတ်ရှုပါ။

"ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်ဖြစ် သောကြောင့်၊ ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့ တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်ရ။" ( (ရောမ ၃း ၂၀) )

သင်သည် ကောင်းနိူင်သလောက်ကောင်းအောင်ကြိုးစားနိူင်သည်။ သို့သော် ဘုရားသခင်သည် သင်၏အပြင်ပန်းသဏ္ဍာန်ကိုကြည့်မည်မဟုတ်။ အတွင်းစိတ်နှလုံးကိုသာကြည့်သည်။ အဆိတ် ရှိသောပင့်ကူနှင့် အပြစ်နှင့်ပုန်ကန်မှုများစွာကိုသာတွေ့မြင်ရသည်။

"”ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်ဖြစ် သောကြောင့်၊ …………………..ရှေ့ တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်ရ။" ( (ရောမ ၃း ၂၀) )

ကယ်တင်တော်မူခြင်းသို့ရောက်ရှိရန် ပညတ်တရားကိုစောင့်ထိန်းလေလေ၊ သင်သည် ဆိုးသွင်းလာလေလေဖြစ်သည်။ ၄င်းသည် လူသရင်၏ကယ်တင်ခြင်းအတွေ့အကြုံတွင် မှန် ကန်သောအရာပင်ဖြစ်ပါသည်။ ဂျွန်ဝယ်စလီနှင့်ဘိုင်ယန်တို့၏ပြောင်းလဲခြင်းတွင်လည်း ထို နည်းအတိုင်းပင်ဖြစ်သည်။ သူတို့သည် "ကောင်းအောင်နေထိုင်ခြင်း" ဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရန် ကြိုးစားအားထုတ်ကြပါသည်။ သို့သော် ပညတ်တရားသည် ထိုအချက်ထက် ဝေး စွာသွားသည်ကိုသိရသည်။ ၄င်းက သင်သည် စိတ်နှလုံးတွင် သန့်ရှင်းသောဘုရားသခင်ကို ပြစ်မှားသည်ဟူသောကြောက်မက်ဖွယ်မှန်ကန်မှုကိုမြင်တွေ့နိူင်ရန် သင့်စိတ်နှလုံးတွင် သက် သေပြနေပေသည်။ ရောမ ၃း ၂၀ ၏နောက်ဆုံးစကားလုံးကို မှတ်သားပါ။

"ပညတ်တရား ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်။" ( (ရောမ ၃း ၂၀) )

သင်သည် အပြစ်နှင့်ပြည့်နှက်နေသောသင့်နှလုံးသားကို "စက်ဆုတ်ရွံရှာရမည်။"

သို့ရာတွင် ကယ်တင်ခြင်းရရန်ကြိုးစားအားထုတ်နေသော ၀ိညာဉ်များကို ကုသပေးရန် ကုထုံးကို ဘုရားသခင်ပေးထားသည်။ သူတို့အပြစ်များထဲက လွတ်မြောက်ရန်ကြိုးစားရုန်းကန် ရလေလေ၊ အပြစ်နွံနစ်လေလေဖြစ်သည်။ ၄င်းသည် သင်၏အခြေအနေမဟုတ်ပေဘူးလား။ အပြစ်မပြုရန် ကြိုးစားအားထုတ်လေလေ၊ အပြစ်အတွက်ခရစ်တော်၏အံ့ဘွယ်ကုထုံးကို အဝေ သို့ပယ်ရှားပြီး "အပြစ်သားတို့၏ဆုတောင်းချက်၊" ကယ်တင်ခြင်းအကြောင်းသာ၍သင်ယူခြင်း နှင့် အခြားပညတ်တရားလုပ်ငန်းများကို ရွက်ဆိုခြင်းလျက် "သင်၏အသက်တာကိုပြန်လည် အပ်နှံခြင်း"နှင့် "ရှေ့သို့သွားခြင်း" အားဖြင့် မိမိ၏ကောင်းမြတ်ခြင်းကိုတည်ဆောက်ရန် ကြိုးစား ကြရင်း အတွင်းပိုင်းသည် ပို၍ဆိုးသွင်းလာသည်။ သင် သင်ယူလေ့လာသောအရာ၊ သို့မဟုတ် ပြောဆိုသောအရာ သို့မဟုတ် လုပ်ဆောင်သောအရာ၊ သို့မဟုတ် ခံစားသောအရာက အပြစ် နှင့်ပြည့်နှက်နေသော သင့်စိတ်နှလုံးကို နားလည်သဘောပေါက်သိမှတ်တော်မူသော ဘုရား သခင်၏ငြိမ်သက်ခြင်းကို ပေးနိူင်မည်မဟုတ်ပါ။

ပညတ်တရားက သင့်အတွက် မလုပ်ဆောင်ပေးနိူင်သောအရာကို ကျေးဇူးတော်က ခရစ်တော်၏အသွေးတော်၌ "ယုံကြည်ခြင်း" အားဖြင့် သင့်အား လုပ်ဆောင်ပေးနိူင်ပါသည်။ သင်သည် ခရစ်တော်၏အသွေးတော်ထဲ၌သာ အပြစ်ထဲကလွတ်မြောက်ခြင်းကိုရရှိပြီး ဘုရား သခင်၏အမျက်တော်မှလွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိသည်။ သူသည် သင့်ကိုစားအသေခံပြီး သင်၏အပြစ်အတွက်ပေးဆပ်သည်။ သူ၏အသွေးတော်သည် သင့်အား အပြစ်များစွာထဲက ဆေးကြောသန့်စင်ပေးနိူင်ပါသည်။ ခရစ်တော်က သင့်အပြစ်တစ်ခုစီ၏အကျိုးအဆကို လက်ဝါး ကပ်တိုင်တွင် ပေးဆပ်ခဲ့ပြီးဖြစ်သည်။

သင်လုပ်ဆောင်ရန် ကျန်ရှိသောအရာကားအဘယ်နည်း။ ရောမ ၃း ၂၆ တွင် အဖြေ ပေးထားသည်။

"ယေရှုခရစ်၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့်၊ထိုခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။" ( (ရောမ ၃း ၂၆ ) )

ယေရှုခရစ်ကိုယုံကြည်ခြင်းဖြစ်သည်။ ၄င်းက ပျောက်ဆုံးသောသူ၏ရုန်းကန်ကြိုးစားမှု၊ "ပညတ် တရာ" ကိုစောင့်ထိန်းခြင်းအားဖြင့် သာ၍ကောင်းမွန်သောဘဝအသက်တာကိုရရှိဖို့ကြိုးစားစေ မှု၊ "ဆုံးဖြတ်ခြင်းများစွာကိုချမှတ်ခြင်း" တို့အတွက် တစ်ခုတည်းသောအဖြေပင်ဖြစ်ပါသည်။ သင်၏ကောင်းမှုကုသိုလ်၊ "ဆုံးဖြတ်ချက်ဝါဒများ"၊ စိတ်ပညာဆိုင်ရာမိမိကိုယ်ကိုခွဲခြမး်ခြင်းများ ကို လွှင့်ပစ်လိုက်ပါ။ အခြားသူများထက်ကောင်းမြတ်သည်ဟုယူဆပြီး ၀ါကြွားခြင်းအမှုကို ပယ် လိုက်ပါ။ ထိုနည်းအားဖြင့် သင်သည် ကယ်တင်တော်မူခြင်းသို့ရောက်မည်မဟုတ်။

"ယေရှုခရစ်၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့်၊ထိုခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။" ( (ရောမ ၃း ၂၆ ) )

ခရစ်တော်၏အသွေးတော်၊ လက်ဝါးကပ်တိုင်တွင် သင့်အတွက် သွန်းလောင်းသောအ သွေးတော်ကိုယုံကြည်လက်ခံပါ။ အမြဲတမ်းလန်းဆန်းတက်ကြွပြီး အပြစ်များဆေးကြောသန့် စင်ရာ ကောင်းကင်သို့ ဆောင်ယူခံရပါမည်။ ထိုအသွေးတော်ထဲသို့ယုံကြည်ကိုးစားလိုက်ပါ။ သင်သည် ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။ ဒေါက်တာ Chan ၊ ကျေးဇူးပြုပြီး ဆုတောင်းဦးဆောင်ပါ။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒသေနာစာမူမြားကိုဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ရောမ ၃း ၂၀- ၂၆
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"အပြစ်အလုံးစုံအတွက်"၊ (Norman Clayton ၁၉၄၃) ရေးစပ်သည်။