Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သင်၏လုံးဝပျက်စီးယိုယွင်းခြင်း

YOUR TOTAL DEPRAVITY
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
အောက်တိုဘာလ ( ၁၇ ) ရက် စနေနေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. C. L. Cagan ၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, October 17, 2015

"လူအပေါင်းတို့သည် အပြစ်ရှိကြသည်။"(ရောမ ၃း ၉ )


လူသားမျိုးနွယ်အားလုံးသည် "အပြစ်တရားအောက်တွင်" အသက်ရှင်နေကြပါသည်။ သမ္မာကျမ်းစာက ဤအချက်ကို အကြိမ်ပေါင်းများစွာ မိန့်ဆိုထားသည်။ "အပြစ်တရား၌ သေလျက်ရှိကြသည်" ဟုလည်းဆိုကြသည်။(ဧဖက် ၂း ၅ ) ကျွန်ုပ်တို့အားလုံးသည် "ဒုစရိုက် အပြစ်၌ သေလျက်ရှိကြသည်။" (ဧဖက် ၂း ၁ ) တမန်တော်ရှင်ပေါလုက "အပြစ်တရားသည်… ငါ့အထဲ၌နေ၏" ဟုဆိုထားသည်။ ( ရောမ ၇း ၂၀ ) ကျွန်ုပ်တို့အားလုံးသည် ကြောက်မက်ဖွယ် အခြေအနေတွင် ရှိနေကြသည်။ သင်သည် ကြောက်မက်ဖွယ်အခြေအနတွင်ရှိနေသည်။

ဤခြေအနေဟူသည်မှာ လုံးဝပျက်စီးခြင်း ကိုခေါ်သည်။ လူတိုင်းသည် ဆိုးသွင်းပျက် စီးကြသည်။ သင်သည် လုံးဝပျက်စီးကြသည်။ ယနေ့ညတွင် အဘယ်အရာသည် လုံးဝဆိုး သွင်းပျက်စီးခြင်းမဟုတ်သည်၊ အဘယ်အရာသည် လုံးဝဆိုးသွင်းပျက်စီးခြင်းဖြစ်သည် စသည် တို့ကို ကြည့်ရှုနေ့လာကြမည်ဖြစ်သည်။

၁။ ပထမအချက်၊ လုံးဝပျက်စီးယိုးယွင်းခြင်းမဟုတ်သည္ အရာ။

လုံးဝပျက်စီးယိုယွင်းခြင်းဟူသည်မှာ တစ်ဦးချင်းစီပြစ်မှားသောအပြစ်နှင့်တူညီမှုမရှိပါ။ အလွဲမယူမိစေဖို့အရေးကြီးသည်။ သင်သည် ဒုစရိုက်အပြစ်များစွာကို ကျူးလွန်မိသည်။ ထိုအ ရာမှာ ကြောက်မက်ဖွယ်ကောင်းလှပါသည်။ သမ္မာကျမ်းစာက "အပြစ်တရားဟူသည်မှာ ပညတ်တရားကို ချိုးဖောက်ခြင်းဖြစ်သည်" (၁ယော ၃း ၄ ) ဟုဆိုထားသည်။ သင်သည် ဘုရား သခင်၏ပညတ်တရားကို ကျူးလွန်သောအခါ ဒုစရိုက်ကိုပြုခြင်းဖြစ်သည်။

ဘုရားသခင်က မလုပ်ဆောင်ရန် တားမြစ်ထားသောအရာများကို သင်က ပြုသည္႔အ ခါ အပြစ်ကိုကျူးလွန်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာက "မမှန်သောသက်သေကို မခံနှင့်"(ထွက် ၂၀း ၁၆ )ဟု ဆိုထားသည်။ မလိမ်ဖို့ဘုရားသခင်ပြောသည်ကို သင်သိသည်။ သို့သော် တနည်း နည်းဖြင့် ကျူးလွန်သည်။ ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်။ သမ္မာကျမ်းစာက "မခိုးရ" (ထွက် ၂၀း ၁၅ ) ဟုဆိုသည်။ သင်သည် သူတပါးပစ္စည်းကိုခိုးသည့်အခါ ဘုရားသခင်ကိုပြစ် မှားခြင်းဖြစ်သည်။

ဘုရားသခင်က တစ်စုံတစ်ခုကိုလုပ်ဆောင်ရန် တောင်းဆိုသောအခါ သင်သည် လုပ် ဆောင်ခြင်းမရှိသဖြင့် အပြစ်ကိုကျူးလွန်သည်။ ယေရှုက " သင်၏ဘုရားသခင်ထာဝရဘုရား ကို စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသမျှနှင့်ချစ်လော့" ဟု မိန့်တော်မူသည်။ (မဿဲ ၂၂း ၃၇ ) သို့ သော် ဘုရားသခင်သည် အရေးပါသောသူမဖြစ်သကဲ့သို့ သင်သည် နှစ်ပေါင်းများစွာအသက် ရှင်နေကြပါသည်။ တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်ခြင်းကို အချိန်တိုင်းပျက်ကွက်သဖြင့် ပညတ် တရားကိုချိုးဖောက်သည်။ သင်သည် အပြစ်ကိုကျူးလွန်ခြင်းဖြစ်သည်။

သမ္မာကျမ်းစာက "သူများသားမယားကိုမပြစ်မှားရ"( ထွက် ၂၀း ၁၄ ) ဟုဆိုသည်။ ထို့ အပြင် "ငါ့ပြစ်ညတ်သည်ကား၊ ကိလေသာစိတ်နှင့်သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှ လုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ" (မဿဲ ၅း ၂၈ ) ဟု မိန့်တော်မူသည်။ သင်သည် ကွန်ပြူတာထဲ တွင် ကာမရာဂစိတ်ဖြစ်ပေါ်လာစေရန် ရေးသားမှုများကို ကြည့်ရှုသည့်အချိန်တိုင်း ကြောက် မက်ဖွယ်အပြစ်ကိုကျူးလွန်ခြင်းပင်ဖြစ်သည်။

သမ္မာကျမ်းစာက "မိဘကိုရိုသေစွာပြုလော့" (ထွက် ၂၀း ၁၂ ) ဟု ဆိုသည်။ သူတို့ သည် ခရစ်ယာန်ဖြစ်လျှင် ရိုသေရမည်၊ သို့မဟုတ် သူတို့သည် အရာအားလုံးတွင် မှန်ကန်စွာ လုပ်ဆောင်ကြလျှင် ရိုသေရမည်ဟု မဆိုလိုပါ။ ရိုသေစွာပြုလော့ ဟုသာဆိုပါသည်။ ထိုပညတ် ချက်ကိုချိုးဖောက်သည့်အချိန်တိုင်း သင်သည် အပြစ်ကိုကျူးလွန်သည်။ ယနေ့ည ဤနေရာ တွင်လည်း မိဘကိုမုန်းတီးသောသူအချို့ရှိကြပေမည်။ ထိုအချက်သည် အလွန်ပင် ကြောက် မက်ဖွယ်ကောင်းလှပါသည်။

သင်၌ ရှည်ကြာပြီးကြောက်မက်ဖွယ်ကောင်းသောအပြစ်ဒုစရိုက်များရှိနိူင်ပါသည်။ ထို မှတ်တမ်းမှတ်ရာများသည် သင့်အား နောက်ဆုံးသောအချိန်တွင် တရားစီရင်တော်မူလိမ့်မည်။ သမ္မာကျမ်းစာက သင်လုပ်ဆောင်သမျှသည် ပြောဆိုသောအရာဖြစ်စေ၊ တွေးတောဆင်ခြင် သောအရာဖြစ်စေ ဘုရားသခင်၏မှတ်တမ်းထဲတွင် -ဘုရားသခင်၏"စာအုပ်များ" တွင် ထည့် သွင်းထားသည်ဟု ဆိုသည်။ နောက်ဆုံးသောတရားစီရင်ခြင်းတွင် "သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးသားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏" (ဗျာ ၂၀း ၁၂ ) ဟုဆိုသည်။ သင်သည် ဘုရားသခင်၏မျက်မှောက်တော်တွင် ရပ်ရမည်။ သင့်ဘဝအသက်တာနှင့်ဆိုင်သောမှတ်တမ်းတင်ထားချ.က်များကို လူတိုင်းရှေ့တွင် မှတ်ရှုကြ မည်။ သမ္မာကျမ်းစာက "ကြောက်တတ်သောသူ [လူတို့ပြောမည့်အရာကိုကြောက်ရွံ့သည်]နှင့် မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသောမေ ထုန်၌မှီဝဲသောသူ [ဂရိစကားလုံး ပေါ်နွဲ့စ်ဖြစ်ပြီး ကာမရာဂစိတ်နှိုးဆွဲသောစာကိုဖတ်ရှုသော သူ၊ သို့မဟုတ် လက်မထပ်ဘဲ ကာမဆက်ဆံသောသူ]၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုး ကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းတို့မူကား[မုသာကိုသုံးသောသူ-သင့်အားလိမ် လည်သူ]၊ ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့် လောင်သောမီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့အားမိန့်တော်မူ၏။" (ဗျာဒိတ် ၂၁း ၈ ) သင်သည် မိမိကိုယ်ကို အရှက် ရလိမ့်မည်။ မီးအိုင်ထဲသို့ချပစ်ခြင်းကိုလည်း ခံရမည်။

သင်သည် လူများစွာလိုဘဲ ပြောဆိုခြင်းက အကူအညီပေးမည်မဟုတ်ပါ။ သင်သည် "ကောင်းမွန်သောသူ"ဟု ပြောဆိုခြင်းကလည်း အကူအညီပေးမည်မဟုတ်ပါ။ သင်သည် အပြစ်သားဖြစ်ကြောင်းကို သိသည်။ ဘုရားသခင်ကလည်း သိတော်မူသည်။ တစ်စုံတစ် ယောက်သည် သင့်ထက်ဆိုးသွင်းသည်ဟု ပြောဆိုခြင်းကလည်း သင့်ကို အကူအညီပေးမည်မ ဟုတ်ပါ။ သင်တို့နှစ်ဦးစလုံးသည် မီးအိုင်ထဲသို့ ချပစ်ခြင်းကို ခံရပါလိမ့်မည်။

သင်သည် အပြစ်အချို့ကိုဝန်ခံပြီး သို့မဟုတ် လူကောင်းတစ်ယောက်အဖြစ်ရှိနေရန် ကြိုးစားအားထုတ်သော်လည်း ၎င်းက အကူအညီမပေးနိူင်ပါ။ အတိတ်က သင်ပြုမိသောအမှား သည် ဘုရားသခင်၏စာအုပ်ထဲတွင် ရှိပါသည်။ နောက်ထပ်မှားယွင်းမှုမပြုသည့်တိုင်အောင် သင်ပြုခဲ့ပြီးသောအမှားအတွက် ငရဲသို့သွားရမည်ဖြစ်သည်။ သင်က မဆိုးသေးပါဘူးဟု ပြော ဆိုခြင်းက သင့်ကို အကူအညီပေးနိူင်မည်မဟုတ်ပါ။ သင်သည် အမှန်ပင် ဆိုးသွင်းခဲ့သောသူ ဖြစ်ပါသည်။ သင်သည် ကြောက်မက်ဖွယ်ဒုက္ခကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ လွတ်မြောက်စရာ လမ်းမမြင်နိူင်တော့ပါ။

သင့်ကျူးလွန်သောအပြစ်မှတ်တမ်းသည် ကြောက်မက်ဖွယ်ပင်ကောင်းလာပါသည်။ သို့သော် ၎င်းသည် "လုံးဝပျက်စီးယိုယွင်ခြင်း"မဟုတ်ပါ။ သင်၏အပြစ်မှတ်တမ်းသည် မကောင်းသောအမှု နှင့် သင်ကျူးလွန်သောအပြစ်သဘာ၀၏ကြောက်မက်ဖွယ်ကောင်းခြင်း နှင့်နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်ပါ။ သင်၏ဆိုးသွင်းသောအပြစ်သဘာဝထဲက သင်ပြုသော ဆိုး သွင်းသည့်အရာထွက်ပေါ်လာသည်။ ယေရှုက "လူအတွင်းနှလုံးထဲက မကောင်းသောကြံစည် ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာ ကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အ သရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊- ဤဆိုးညစ်သောအရာများတို့ သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည္ဟု မိန့်တော်မူ၏။" (မာကု ၇း ၂၁- ၂၃) "အတွင်း" ဟူသည်မှာ "အထဲကဖြစ်ပျက်သောအရာ" ကိုဆိုလိုပေသည်။ ဤကျမ်းပိုဒ်များသည် သင်၏အတွင်းနှလုံးသားဖြစ်ပျက်သောအရာအကြောင်းကို ပြောဆိုနေခြင်းပင်ဖြစ်သည်။ သင် သည် အပြစ်ကို ပြုရုံသက်သက်ပြုသည်မဟုတ်၊ သင်ကိုယ်တိုင်ပင် ဆိုးသွင်းေနပေသည်။ သင် သည် ဆုိးသွင်းသောကြောင့် မကောင်းသောအမှုကို ပြုသည်။ သင်သည် အပြစ်ကို ကျဴးလွန် ရုံသက်သက်မဟုတ်၊ အပြစ်နှင့်ပြည့်နှက်သောသူဖြစ်သည်။ သင်သည် အပြစ်နှင့်ပြည့်နှက်သော ကြောင့် အပြစ်ကိုကျူးလွန်သည်။ သင်၏အဖြစ်ကနေ မကောင်းသောအရာလုပ်ဆောင်မှုသည် ပေါ်လာခြင်းဖြစ်သည်။ ထိုအရာက ကျွန်ုပ်တို့အား နောက်တစ်ဆင့်သို့ တက်လှမ်းစေသည်။

၂။ ဒုတိယအချက်၊ လုံးဝပျက်စီးယိုယွင်းခြင်းျဖစ်သည္ အရာ။

လုံးဝပျက်စီးယိုယွင်းခြင်းက သင္ဖြစ်နေသည့်နည်းလမ်းကို ညျွန်ပြနေပါသည်။ သင် သည် အပြစ်နှင့်ပြည့်နှက်နေပြီး အတွင်းပိုင်း၌ ဆိုးသွင်းညစ်ညူးနေသည်ဟု ဆိုပါသည်။ ထို့ ကြောင့် သင်ပြုခဲ့သောအရာကို သင်ကျူးလွန်သည်။ သင်၏သဘောသဘာဝထဲက လာခြင်း ဖြစ်ပါသည်။ သမ္မာကျမ်းစာက သင်သည် "ပကတိအတိုင်းအမျက်တော်ကိုခံရသောသူဖြစ်ကြ ၏" ဟုဆိုသည်။ (ဧဖက် ၂း ၃ ) ၎င်းမှာ သင်ဖြစ်နေသောအခြေအနေဖြစ်သည်။ သင်သည် ဤ သဘောသဘာဝကို ပထမဆုံးအဘ အာဒံထံက အမွေဆက်ခံထားခြင်းပင်ဖြစ်သည်။

သူသည် အပြစ်ကိုကျူးလွန်သည်ဖြစ်၍ ၎င်းကို လူသားမျိုးနွယ်အားလုံးထံသို့ စီးဆင်း လာသည်။ သင့်မိဘများထံက သင့်ထံသို့ စီးဆင်းလာသည်။ ထို့ကြောင့် ဆာလံဆရာက ဤသို့ ဆိုသည်။ "အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏" (ဆာလံ ၅၁း ၅ ) ဟုဆိုပါသည်။ ယခုတွင် သင်သည် အပြစ်သားတစ်ယောက် ဖြစ်ပါသည်။ ၎င်းမှာ သင်၏အဖြစ်ပုံမှန်ဖြစ်ပါသည်။ သင်ဖြစ်လေ့ဖြစ်ထရှိနေမည့်အခြေအနေပင် ဖြစ်သည်။ သင်အမြဲဖြစ်နိူင်သည့် အခြေအနေပင်ဖြစ်ပါသည်။

လုံးဝပျက်စီးယိုယွင်းခြင်းဆိုသည်မှာ အပြစ်တရား၌ အစဉ်းအမြဲရှိနေသဖြင့် ထိုအထဲက ရုန်းထွက်မရနိူင် ဆိုလိုသတည်း။ သမ္မာကျမ်းစာက သင်သည် ''အပြစ်တရား၌ သေလျက်ရှိ သည်" (ဧဖက် ၂း ၅ ) ဟုဆိုပါသည်။ "သင်သည် အပြစ်ဒုစရိုက်ထဲ၌ သေလျက်ရှိသည်'' သေလျက်ရှိသည်။ ကျွန်ုပ်တို့၏အခြေပြုကျမ်းက သင်သည် "အပြစ်ရှိကြသည်" ဟုဆိုပါသည်။ (ရောမ ၃း ၉ ) သင်သည် အပြစ်တရား၌ ချုပ်နှောင်ခြင်းကိုခံနေရသည်။ ယေရှုက "ဒုစရိုက်ကိုပြုသောသူတို့သည် ဒုစရိုက်၏ကျွန်[ဂရိစကားလုံး တိုလော့စ်၊ ကျွန်] ဖြစ်ကြ ၏"(ယောဟန် ၈း ၃၄ ) ဟုဆိုသည်။ တမန်တော်ရှင်ပေါလုကလည်း သင်တို့သည် "အပြစ်၏ကျေးကျွန်မျာဖြစ်ကြသည်" ဟုဆိုပါသည်။ (ရောမ ၆း ၂၀ ) သင်တို့သည် ဘုရားသ ခင်၏သားများမဟုတ်။ မာရ်နတ်၏သားများဖြစ်ကြသည်။ "မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိ သောထိုသူတို့သည် သတိရ၍၊ ထိုဖမ်းမိရာမှလွတ်ခြင်းသို့ ရောက်ကောင်းရောက်ကြလိမ့် မည်။" ( ၂တိ ၂း ၂၆ )

သင်တို့၏စိတ်နှလုံးထဲတွင် သင်တို့သည် ဘုရားသခင်၏ရန်သူများဖြစ်ကြသည်။ သမ္မာ ကျမ်းစာက ထိုသို့ဆိုပါသည်။ "ဇာတိပကတိစိတ်သဘော[မပြောင်းလဲသောသူများ]သည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏"(ရောမ ၈း ၇ ) ဟုဆိုသည်။ ထို့ကြောင့် သင်သည် တကိုယ်ကောင်းဆန်လွန်းသည်။ သင်သည် ဘုရားသခင်လုပ်ဆောင်စေလိုသောအရာကို ဆီး တားသည်။ သင်လုပ်ချင်သောအရာကိုသာလုပ်ဆောင်သည်။ သင်သည် ပြောမထွက်သော် လည်း အတွင်းစိတ်နှလုံးသားထဲတွင် ဆန့်ကျင်သည်။ အကြောင်းမှာ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်၏ရန်သူပင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက် သည်။

သင်သည် ကြိုးစားအားထုတ်သောလည်း ဝိညာဉ်ပိုင်းနှင့်ဆိုင်သောအရာများကို နား လည်သဘောပေါက်မည်မဟုတ်ပါ။ သမ္မာကျမ်းစာက "ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ် ၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာပိုင်းခြား၍ နားလည်နိူင်သောကြောင့်၊ ဇာတိပကတိလူ သည် နားမလည်နိူင်" ဟုဆိုသည်။ ( ၁ကော ၂း ၁၄ ) ၎င်းမှာ "ယေရှုကို အဘယ်သို့ အားကိုး ယုံကြည်ရမည်နည်း" ဟုမေးရာတွင် အခြေအမြစ်မရှိသည့်အကြောင်းရင်းဖြစ်သည်။ ၎င်းသည် သင်သင်ယူထားသောအရာမဟုတ်ပါ။

သင်၏အတွေးအခေါ်နှင့်စိတ်ကူးရှိသမျှတို့သည် မှားယွင်းသောအရာများဖြစ်ကြသည်။ သမ္မာကျမ်းစာက "လူ့စိတ်နှလုံး၏စိတ်ကူးစိတ်သန်းသည် ငယ်ဘဝကစ၍ ဆိုးသွင်းသည်။" (ကမ္ဘာ ၈း ၂၁ ) သင်၏အတွေးအခေါ်သည်လည်း ဆိုးသွင်းသည်။ ၎င်းမှာ သင်၏အတွင်း စိတ် နှလုံးအခြေအနေပင်ဖြစ်သည်။ ထိုအရာကိုပြောင်းလဲစေရန် အဘယ်အမှုကိုမျှ သင်လုပ်ဆောင် နိူင်မည်မဟုတ်။

သင်သည် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရင်း မိမိကိုယ်ကို မပြောင်းလဲစေနိူင်ပါ။ သမ္မာကျမ်းစာက သင်မလုပ်ဆောင်နိူင်ပါဟုဆိုသည်။ ပျောက်ဆုံးသောသူများအား "ဇာတိပက တိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏တရားတော်အလို သို့မလိုက်တတ္" ဟု ဆိုသည်။ ( ရောမ ၈း ၇ ) သင်သည် မကောင်းနိူင်ပါ။ သင်သည် ကြိုးစား သော်လည်း ကျဆုံးလျက်သာဖြစ်သည်။ သင်သည် အဖန်ဖန်အခါခါ ကျဆုံးသည်။ သင်သည် အမြဲတမ်းလည်း ကျဆုံးမည်ဖြစ်သည်။

သင်သည် မိမိ၏သဘောသဘာ၀- သင်၏အတွင်းစိတ်နှလုံးကို မပြောင်းလဲစေနိူင်ပါ။ သမ္မာကျမ်းစာက "အဲသယောပိလူသည် မိမိအရေ၏အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအ ကွက်အကြားတို့ကို၎င်း၊ ပြောင်းလဲစေနိူင်သလော။ ပြောင်းလဲစေနိူင်လျှင်၊ ဒုစရိုက်ကိုပြုလေ့ရှိ သောသူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင်ကြလိမ့်မည်" ဟုဆိုသည်။ (ယေရမိ ၁၃း ၂၃ ) သင်၏အသားအရေကို မပြောင်းလဲစေနိူင်ပါ။ ကျားသစ်သည် သူ၏အကျားအကွက်ကို မပြောင်းလဲစေနိူင်ပါ။ မကောင်းသည့် သဘောသဘာဝကို မပြောင်းလဲစေနိူင်ပါ။ ယောဘက "မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူထုတ်ယူနိူင်သနည်း။ အ ဘယ်သူမျှ မထုတ်မဘော်နိူင်ပါ" (ယောဘ ၁၄း ၄ ) မသန့်ရှင်းသောအရာကနေ သန့်ရှင်းသော အရာအဖြစ်သို့ မိမိကိုယ်ကို မပြောင်းလဲစေနိူင်ပါ။ ကြိုးစားကြည့်ပါ။ သင်သည် လုံးဝညစ်ပေ လျက်သာရှိကြောင်းကို သိမြင်လိမ့်မည်။

မေးခွန်းတစ်ခုမေးပါရစေ။ လူသားျဖစ်ခြင်းကို ရပ်တန့်နိူင်၏လော့။ သင်သည် နောက် ထပ်လူသားမဖြစ်နိူင်ပြောင်းလဲစေနိူင်သလော။ သို့သော် မလုပ်ဆောင်နိူင်ပါ။ လူသားတိုင်း သည် အပြစ်သားများဖြစ်ကြသည်။ သမ္မာကျမ်းစာက "အားလုံးသည် ဒုစရိုက်ကိုပြုကြပြီ" ဟုဆို ကြ။(ရောမ ၃း ၁၃ ) သမ္မာကျမ်းစာက "ဖြောက်မတ်သောသူမရှိ၊ တယောက်မျှမရှိ" ဟုဆို သည်။ (ရောမ ၃း ၁၀) သင်သည် လူသားဖြစ်ခြင်းကို မရပ်တန့်နိူင်ကြသောကြောင့် အပြစ်သား ဘဝကိုလည်း မရပ်တန့်နိူင်ပါ။ သင်၏အပြစ်နှင့်ပြည့်နေသော၊ ဆိုးသွင်းသောသဘောကို မ ပြောင်းလဲစေနိူင်ပါ။ သင်သည် မိမိကိုယ်ကို မျှော်လင့်ချက် ဆုံးရှုံးသွားပါသည်။

သင်သည် ဘုရားသခင်ကိုကျေနပ်စေနိူင်သည့်အရာမလုပ်ဆောင်နိူင်ပါ။ သမ္မာကျမ်းစာ က ထိုအကြောင်းကို သိသာရှင်းလင်းစွာ တင်ပြထားပါသည်။ "ဇာတိပကတိ၌ကျင်လည်သော သူတို့သည် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိူင်ကြ။" (ရောမ ၈း ၈ ) "ဇာတိပကတိ၌"ဟူ သည်မှာ ပျောက်ဆုံးသောလူသားတို့ကို ရည်ညွှန်းထားခြင်းဖြစ်သည်။ သင်သည် ပျောက်ဆုံး သောသူဖြစ်နေလျှင် သင်နှင့်အတူပျော်မွေ့ခြင်းကိုရရှိစေရန် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ သောအရာအဘယ်အရာကိုမျှ မလုပ်နိူင်ပါ။ သင်၏ကောင်းမှုကုသိုလ် သို့မဟုတ် ဘာသာ တရားကိုင်းရှိုင်းမှုဟူသမျှသည်လည်း ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိူင်ပါ။ သမ္မာကျမ်းစာ က "ပြုဖူးသမျှသောကောင်းမှုကုသိုလ်တို့သည် ညစ်သောအဝတ်နှင့်တူကြပါသည်" (ဟေရှာ ၆၄း ၆ ) ဟုဆိုထားသည်။ သင်သည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့အောင်လုပ်ဆောင်နိူင် မည်ဟု ထင်ပေလိမ့်မည်။ သို့မဟုတ် လုပ်ဆောင်နိူင်သည်ဟု ဆိုသည်။ သို့သော် ဘုရားသခင် က သင်လုပ်ဆောင်နိူင်မည်မဟုတ်ဟုဆိုသည်။ ဘုရားသခင်သည် မှန်သလော၊ သို့မဟုတ် မှား သလော။ သင်သည် သင်ယူလေ့လာခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်မှုရှိဖို့ကြိုးစားအား ထုတ်သောအခါ သို့မဟုတ် ကောင်းအောင်ကြိုးစားနေသောအခါ ဘုရားသခင်မှားယွင်းသည်ဟု ဆိုပါသည်။ ထို့အပြင် သင်သည် ထပ်ခါတလဲလဲ ကျဆုံးသည်။ သင်သည် ဘုရားသခင်၏စိတ် တော်နှင့်တွေ့သောအရာ တစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်နိူင်ပါ။

သင်သည် မိမိကိုယ်ကို ကယ်တင်နိူင်သည့် အရာကို မသင်ယူနိူင်ပါ။ တဖန်၊ ၎င်းမှာ "ယေရှုကို အဘယ်သို့ အားကိုး ယုံကြည်ရမည်နည်း" ဟုမေးရာတွင် အခြေအမြစ်မရှိသည့် အကြောင်းရင်းဖြစ်သည်။ တစ်စုံတစ်ခုကို သင်ယူလေ့လာခြင်းကလည်း အကူအညီပေးနိူင်မည် မဟုတ်ပါ။ တစ်စုံတစ်ခုကိုသင်ယူလေ့လာခြင်းက သင်၏သဘောသဘာဝကိုပြောင်းလဲစေမည် မဟုတ်ပါ။ ယေရှုက သင်ကဲ့သို့ ပျောက်ဆုံးသောလူများအား "အဘယ့်ကြောင့် ငါ့စကားကို နား မလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိူင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ" ဟုဆိုသည်။ တဖန်၊ ခရစ်တော်က "ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သော ကြောင့် နားမထောင်ကြ" ဟုမိန့်တော်မူ၏။ ( ယောဟန် ၈း ၄၇ )

သင်သည် မိမိ၏ကြိုးစားအားထုတ်မှုဖြင့် ခရစ်တော်ထံသို့ မလာနိူင် သို့မဟုတ် အားမ ကိုးလာနိူင်ပါ။ ယေရှုကိုယ်တိုင်က "ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင် တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့မလာနိူင်" (ယောဟန် ၆း ၄၄ ) မိန့်တော်မူသည်။ သင်က ထိုအရာကို ယေရှုက မိန့်တော်မူသည်ဟု မဆို။ သင်သည် မိမိကိုယ်ကို ကယ်တင်ရန် ကြိုးစား အားထုတ်သော်လည်း အကြိမ်ကြိမ်ကျဆုံးခဲ့သည်။ ကောင်းသောစကားလုံးများကိုသင်ယူရန် ကြိုးစားအားထုတ်သည်။ သင်သည် ဤခံစားချက်ကို ရှာဖွေနိူင်သည်။ သို့မဟုတ် ခံစားချက်လုံး ဝမရှိတော့ပါ။ မည်သည့်နေရာတွင်လည်း မတွေ့ရှိနိူင်ပါ။ သင်သည် ပြောင်းလဲခြင်းရမည်မ ဟုတ်။ အကြောင်းမှာ သင်သည် မိမိကိုယ်ကို မပြောင်းလဲစေနိူင်ပါ။ သင်သည် သေလျက်ရှိ သောသူဖြစ်သည်။ သင်သည် အတွင်းစိတ်နှလုံးတွင် ဆိုးသွင်းသောသူဖြစ်သည်။ သင်သည် မိမိကိုယ်ကို မည်သို့ပြောင်းလဲစေနိူင်မည်နည်း။ သင်မလုပ်ဆောင်နိူင်ပါ။

ပျောက်ဆုံးသောသူအနေဖြင့် သင်သည် "ဘုရားသခင်၏အမြင်တွင် သေသောသူ"ဖြစ် ပါသည်။ သင်သည် အပြစ်နှင့်ပြည့်နှက်သောသူနှင့်မျှော်လင့်ချက်မဲ့သောသူဖြစ်ပါသည်။ သင် သည် ကယ်တင်ခြင်းအတွက် မစွမ်းဆောင်နိူင်ပါ။ သင်၏ပြောင်းလဲမှုဖြစ်လာဖို့ မလုပ်ဆောင်နိူင် ပါ။ သင်ငည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် သေသောသူဖြစ်ပါသည်။ သင်သည် "အပြစ် တရား၌ သေလျက်ရှိသည်။" သင်၏အပြစ်ဒုစရိုက်အကြောင်းအရာကို မစဉ်းစားဖို့လည်း စဉ်းစား နိူင်ပါသည်။ သို့သော် အပြစ်တရားသည် သင့်နှလုံးသားထဲတွင် ရှိလျက်နေသေးသည်။ သင်မလိုချင်သည်ဖြစ်စေ၊ လိုချင်သည်ဖြစ်စေ ဘုရားသခင်က တွေ့မြင်လျက်ရှိသေးသည်။ ဘု ရားသခင်သည် သင်၏အပြစ်အားဖြင့် အမျက်ထွက်လျက်ရှိသည်။ ဘုရားသခင်သည် သင်ကျူး လွန်သောအပြစ်ဒုစရိုက်အားဖြင့် ဘုရားသခင်သည် စက်ဆုပ်ရွံ့ရှာမှုကို ခံစားနေရသည်။ မိန်းကလေးတစ်ယောက်က "မိမိကိုယ်ကိုရွံ့ရှာသည်" ဟုရေးသားခဲ့သည်။ သင်သည်လည်း ထိုနည်းအတိုင်းဖြစ်သင့်ပါသည်။ သင်သည် ထိုသို့မဟုတ်လျှင် သင်သည် အပြစ်တရားမှ သမ္မာ တရားဆီသို့ နိူးထမှုမရှိသေးသည့် သဘောကိုတွေ့ရမည်။

အဖြေကားအဘယ်နည်း။ သင်၏အထဲတွင် အဖြေမရှိသကဲ့သို့ ရှိမည်လည်း မဟုတ်ပါ။ "ကယ်တင်ခြင်းသည် ဘုရားသခင်၏အမှုဖြစ်သည်။" (ယောန ၂း ၉ ) ခရစ်တော်ကို အမှန်တ ကယ်ပိုင်ဆိုင်ထားရမည်။ ခရစ်တော်၏အသွေးတော်ကသာလျှင် သင့်အား အပြစ်အလုံးစုံမှ "(ဆေးကြောသန့်စင်စေ)" နိူင်သည်။ (၁ယော ၁း ၇ ) သင်၏အီးရားအီးရားလုပ်ဆောင်ခြင်းက သင့်အား ငရဲသို့ပို့ဆောင်ခြင်းမှတပါး အဘယ်သို့ပို့ဆောင်နိူင်မည်နည်း။ သင်၏အံ့ဩတွေဝေ ခြင်းနှင့်ကြိုးစားအားထုတ်မှုက သင့်အား ငရဲမှတပါး အခြားနေရာကိုမပို့နိူင်။ သင်၌ မျှော်လင့် ချက်မရှိပါ။

သင်သည် ခရစ်တော်ကို အမှန်တကယ်ပိုင်ဆိုင်ထားရမည်။ သူသွန်းလောင်းသောအ သွေးတော်ကို လည်းရရှိရမည်။ သင့်အား ခရစ်တော်ထံသို့ပို့ဆောင်ပေးမည့် ဘုရားသခင်၏ သနားခြင်းကရုဏာတော်လည်း ရရှိပိုင်ဆိုင်ထားရမည်။ သင်သည် မိမိကိုယ်ကို မကယ်တင်နိူင် ပါ။ ခရစ်တော်ကိုပိုင်ဆိုင်ထားရမည်။ ယေရှုက "ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ် ၏။ အသက်လည်းဖြစ်၏၊ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ" (ယောဟန် ၁၄း ၆ ) ဟု မိန့်တော်မူခဲ့သည်။ ထိုအချက်သည် မှန်ကန်မှုရှိပါသလား။ သို့မဟုတ် မှားယွင်းနေပါသလား။ သင်သည် ထိုအချက်ကို ယုံကြည်သလော၊ သို့မဟုတ် ငြင်းပယ်သ လော။ ယေရှုက သူတည်းဟူသော ခရစ်တော်မှတပါး ဘုရားသခင်ထံသို့ သင်မသွားနိူင် ကြောင်း ဆိုထားသည်။ အခြားသောလမ်းမရှိ၊ အခြားသောတရားမရှိ၊ အခြားသောအသက်မရှိ။ သင်သည် အခြားသောအရာကို ကြိုးစားလုပ်ဆောင်သော်လည်း ကျဆုံးသွားသည်။ အခြားသောအရာမရှိ။ ခရစ်တော်ကိုရရှိရန် ကြိုးစားသည်။ ယေရှုကိုတိုင်ကိုပင်ဖြစ်သည်။ ခရစ် တော်ပင်ဖြစ်သည်။ ခရစ်တော်၏အသွေးတော်အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းကို သင်ရရှိထား သည်။ အသွေးတော်၊ အသွေးတော်၊ အသွေးတော် ဖြစ်သည်။ သင်သည် ခရစ်တော်ကို အမှန် တကယ်ပိုင်ဆိုင်ထားရမည်။ ခရစ်တော်၊ ခရစ်တော်၊ ခရစ်တော်ဖြစ်သည်။ အာမင်။


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ
rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။


အခှပှေုကမြွး

သင်၏လုံးဝပျက်စီးယိုယွင်းခြင်းအကျဉ်းချုပ်

YOUR TOTAL DEPRAVITY

Dr. C. L. Cagan

"လူအပေါင်းတို့သည် အပြစ်ရှိကြသည်။" (ရောမ ၃း ၉ )

(ဧဖက် ၂း ၅၊ ရောမ ၇း ၂၀ )

၁။ ပထမအချက်၊ လုံးဝပျက်စီးယိုယွင်းခြင်းမဟုတသည္အရာ။ ၁ယော ၃း ၄၊ ထွက်မြောက် ၂၀း ၁၆၊ ၁၅၊ မဿဲ ၂၂း ၃၇၊ ထွက် ၂၀း ၁၄၊ မဿဲ ၅း ၂၈၊ ထွက် ၂၀း ၁၂၊ ဗျာဒိတ် ၂၀း ၁၂၊ ၂၁း ၈၊ မာကု ၇း ၂၁- ၂၃။

၂။ ဒုတိယအချက်၊ လုံးဝပျက်စီးယိုယွင်းခြင်းျဖစ်သည္အရာ။ ဧဖက် ၂း ၃၊ ဆာလံ ၅၁း ၅၊ ဧဖက် ၂း ၅၊ ရောမ ၃း ၉၊ ယောဟန် ၈း ၃၄၊ ရောမ ၆း ၂၀ ၂တိ ၂း ၂၆၊ ရောမ ၈း ၇၊ ၁ကော ၂း ၁၄၊ ကမ္ဘာဦး ၈း ၂၁၊ ရောမ ၈း ၂၊ ယေရမိ ၁၃း ၂၃၊ ယောဘ ၁၄း ၄၊ ရောမ ၃း ၂၃၊ ၁၀၊ ၈း ၈၊ ဟေရှာယ ၆၄း ၆၊ ယောဟန် ၈း ၄၃၊ ၄၇၊ ၆း ၄၄၊ ယောန ၂း ၉၊ ၁ယောဟန် ၅း ၇၊ ယောဟန် ၁၄း ၆။