Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နိူးထမှုအတွက်ဆုတောင်းနည်း

(နိူးထမှုနှင့်သက်ဆိုင်သည့် တရားဒေသနာ ၂၂ )
HOW TO PRAY FOR REVIVAL
(SERMON NUMBER 22 ON REVIVAL)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
စက်တင်ဘာလ ( ၂၇ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 27, 2015


တမန်တော် ၁း ၈ ကို ကြည့်ကြပါစို့။ ၎င်းသည် Scofield Study ကျမ်းစာတွင် စာမျက် နှာ ၁၁၄၈ ဖြစ်သည်။ မတ်တပ်ရပ်ပြီး ဖတ်ရှုကြပါစို့။ ဤသည်မှာ ခရစ်တော်က ပထမခရစ် ယာန်များအားပေးတော်မူသောစကားဖြစ်ပါသည်။

"ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ် တော်ဆင်းသက်သောအခါ၊ သင်တို့သည်၊ တန်ခိုးကိုခံရ၍ ယေရုရှ လင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ ၏သက်သေဖြစ်ကြလိမ့်မည်။" (တမန် ၁း ၈ )

ထိုင်နိူင်ပါပြီ။

တရားဟောဆရာအချို့တို့က ဤသည်မှာ ပတေကုတ္တိနေ့တွင် သန့်ရှင်းသောဝိညာဉ် တော်ကိုသွန်းလောင်းခြင်းကိုရည်ညွှန်းထားသည်ဟု ဆိုကြသည်။ သူတို့က အရင်ကလုပ် ဆောင်သကဲ့သို့ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းရန် မမျှော်လင့်နိူင် ပါဟုဆိုကြသည်။ သူတို့က ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းအကြောင်း ကိုပြောဆိုလျှင် အသင်းသူအသင်းသားများသည် ပင်္တ္တေကုတ္တိနေ့ကကဲ့သို့ဖြစ်လာမည်ကို ကြောက်ရွံ့နေကြပါသည်။ ထို့ကြောင့် သူတို့သည် အပြစ်ကိုသိမြင်ခြင်းနှင့်ပြောင်းလဲခြင်းအ ကြောင်းကို လစ်လျူရှုထားကြပါသည်။ အကြောင်းမှာ သူတို့သည် ပတေကုတ္တဝါဒကို ကြောက် နေကြပါသည်။ သို့သော် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အချိန်ကာလ တွင် မမျှော်လင့်နိူင်ဟုဆိုကြသည်မှာ မှားယွင်းကြပါသည်။ ကျွန်ုပ်တို့အသုံးပြုထားသည့်ကျမ်း ပိုဒ်၏နောက်ဆုံးရှစ်လုံးက သူတို့သည် မှားယွင်းကြောင်းဆိုပါသည်။ "မြေကြီးစွန်းတိုင်အောင်" ဟုဆိုထားပါသည်။ ခေတသစ်ဘာသာပြန်ဆိုချက်က "ကမ္ဘာကြီး၏ဝေးလံသောနေရာဒေသ" ဟုပြန်ဆိုထားပါသည်။ ထိုလောကသားဆန်သောခရစ်ယာန်များသည် "ဝေးလံသောနေရာ" သို့မဟုတ် "အစွန်အဖျား" သို့မသွားကြသောကြောင့် ယေရှုက အချိန်တိုင်းတွင်ရှိသောခရစ် ယာန်များအား ပြောဆိုထားခြင်းဖြစ်ပါသည်။ သူက သူတို့နှင့်ကျွန်ုပ်တို့အား "သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ တန်ခိုးကိုခံရ၍၊" ဟုမိန့်တော်မူခဲ့သည်။ ဤ သည်ကို ရှင်ပေတရုက တမန်တော် ၂း ၃၉ တွင် ပြောဆိုသောအချက်က အတည်ပြုထား သည်။ ကြည့်ကြပါစို့။

"အကြောင်းမူကား၊ ဂတိတော်သည်သင်တို့နှင့်၎င်း၊ သင်တို့၏ သား သမီးတို့နှင့်၎င်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရ ဘုရားခေါ်တော်မူသမျှသောသူတို့နှင့်၎င်း၊ ဆိုင်သည်ဟု ဟော၏။" (တမန် ၂း ၃၈ )

ထို့ကြောင့် တပည့်တော်များသည် ယေရုရှလင်မြို့သို့ပြန်လာကြပြီး ဆုတောင်းရန် အ ထက်ခန်းသို့ဝင်ကြသည်။ သူတို့သည် အဘယ်အရပ်အတွက်ဆုတောင်းကြပါသနည်း။ သူတို့ သည် ယေရှုက ဂတိထားတော်မူသောအရာဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအ တွက် ဆုတောင်းပဌနာပြုကြပါသည်။ ယေရှုသည် "ယေရှုက၊ သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍၊" ဟု ကတိပေးထားပါသည်။ (တမန် ၁း ၈ ) Iain H. Murray ပြောဆိုထားချက်ကို သဘောတူလက်ခံပါသည်။ သူက ဤသို့ ဆိုပါသည်။

ပင်္တေကုတ္တိကခေတ်သစ်ကိုတည်ဆောက်သည့်အချိန်တွင် သန့် ရှင်းသောဝိညာဉ်တော်ပေးထားခြင်း၌ ခရစ်တော်၏လုပ်ဆောင် ချက်သည် အဆုံးမရှိပေ။ [ခရစ်ယာန်]ခေတ်ကာလတစ်ခုလုံးကို လုပ်ဆောင်သည့်သန့်ရှင်းသောဝိညာဉ်တော်၏ပြည့်ဝစုံလင်သော ဆက်နွယ်မှုသည် ပင်္တေကုတ္တိတွင်အစပြုပြီး ထပ်ကာထပ်ကာမ ဟုတ်သည့်အပြင် မပြောင်းလဲသောအရာလည်းမဟုတ်ပါ။ ထိုသို့ ဆိုလျှင် တပည့်တော်များအား ပြုတော်မူရန် အတိအလင်း ညွှန်ပြ ထားသည့် ဘုရားသခင်၏ဝိညာဉ်တော် ပို၍ရရှိရန်ဆုတောင်းရ မည်ဟူသောအချက်က အဘယ်အမှုကို ရည်ရွယ်ထားပါသနည်း။ ယင်းသည် "ဆုတောင်းနည်းသင်ပေးရန်" တောင်းဆိုချက်ကို တုန့် ပြန်သောအရာဖြစ်ပြီး ယေရှုက "သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အားကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဆုတောင်း သောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူ မည်မဟုတ်လောဟု မိန့်တော်မူသည်။" (လုကာ ၁၁း ၁၃ ) ဤက တိတော်သည် များစွာသောလက်ခံမှုမရှိလျှင် ခရစ်ယာန်များအ တွက် ဆက်လက်ဆက်စပ်ပတ်သက်မှုမရှိပေ။ (Iain H. Murray, ယနေ့ ပင်္တေကုတ္တိ၊ နိူးထမှုနှင့်ဆိုင်သောသမ္မာကျမ်းစာနားလည်မှု၊ The Banner of Truth Trust, ၁၉၉၈၊ စာ- ၂၁ )

Alexander Moody Stuart က "သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်တွင် တည်နေ လာသောအခါ ကြီးမားသည့်တန်ခိုးအစွမ်းကိုဆီသို့ သာ၍နီးစေပြီး နေရာချထားသည့်အချိန် တွေရှိလာပါသည်" ဟုဆိုပါသည်။ (Murray, ၎င်း၊ စာ- ၂၂ )

သို့ရာတွင် ကျွန်ုပ်တို့သည် ၁၈၅၉ ခုနှစ်တွင်ဖြစ်ပျက်သောနိူးထမှုမှတပါး နိူးထမှုကိုမ တွေ့ရသလောက်ပင်ဖြစ်သည်။ အဓိကအချက်မှာ ဧဝံဂေလိအသင်းတော်များက ပြောင်းလဲခြင် သည် အံ့ဘွယ်ဖြစ်ကြောင်းကို လက်မခံကြတော့သောကြောင့်ဖြစ်သည်ကို ကျွန်ုပ်သိသည်။ ယနေ့ခေတ် ဧဝံဂေလိယုံကြည်သူများက ပြောင်းလဲခြင်းသည် လူတို့၏ဆုံးဖြတ်ချက်ထက် ထူး ဆန်းသောအရာမရှိပါဟုဆိုကြသည်။ သင်တို့လုပ်ဆောင်ရမည့်အရာမှာ "အပြစ်သားဆု တောင်းခြင်း" ပြောဆိုရန် ပျောက်ဆုံးသူများကိုဆွဲဆောင်ဖို့ပင်ဖြစ်ပါသည်။ ထိုစကားကိုပြောရုံ သက်သက်ဖြင့် သင်သည် ကယ်တင်တော်မူခြင်းသို့ရောက်လတံ့။ Joel Osteen က ထိုအ ချက်ကို ၎င်း၏တရားဒေသနာအဆုံးပိုင်းတွင် ထည့်သွင်းသည်။ လူတို့ကို ရွတ်ဆိုခိုင်းရန် အပြစ် သားတို့ဆုတောင်းနည်းကို သူရရှိသည်။ သူက "ထိုစကားလုံးများကို သင်ပြောဆိုလျှင် ဒုတိယမွေးခြင်းခံရမည်ဟု ကျွန်ုပ်ယုံကြည်ပါသည" ဟုပြောသေးသည်။ သင်က အံ့ဩဘွယ် သောအမှုကိုတွေ့မြင်နိူင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်မလိုတော့ဟု သင် ထင်ကောင်းထင်ပေမည်။ သင်သည် ထိုစကားများကိုပြောရုံသက်သက်ဖြင့် "ဒုတိယမွေးခြင်း ကို" ခံရမည်ဖြစ်သည်။

ဤသည်မှာ ရှေးဟောင်းနတ်ကိုးကွယ်မှုဆီသို့ပြန်လှည့်ခြင်းပင်ဖြစ်သည်။ လူသည် မိမိ ၏ကယ်တင်ခြင်းကိုစွမ်းဆောင်နိူင်သည်ဟူသောသွန်သင်ချက်မျိုးဖြစ်သည်။ ဤမှုအရာတွင် ခရစ်ယာန်ဝတ်ပြုခြင်းအစီအစဉ်တွင် "ရှေ့သို့"လာခြင်းအားဖြင့်သော်လည်းကောင်း၊ သင်၏ လက်ကိုမြှောက်စေခြင်းအားဖြင့်သော်လည်းကောင်း၊ ရယူနိူင်သည်ဟု သွန်သင်သည်။ "ကယ် တင်ခြင်းရလိုသောသင်တို့အပေါင်းသည် လက်ကိုမြှောက်ကြပါ။" ဤသည်မှာ နတ်ကိုးကွယ် သောအယူဝါဒပင်ဖြစ်ပါသည်။ ထိုမှားယွင်းသောရှေးအယူဝါဒဖြစ်သည့် ပျောက်ဆုံးသောသူ သည် အပြစ်သားဆုတောင်းခြင်းကိုရွတ်ဆိုခြင်းဖြင့် မိမိကိုယ်ကိုကယ်တင်နိူင်သည်ဟူသော အယူသို့ပြန်သွားခြင်းဖြစ်သည်။ ကျွန်ုပ်က ၎င်းကို "မျှော်အတတ်ဆုတောင်းနည်း" ဟုခေါ် သည်။ တကယ်တော့ ခရစ်ယာန်ဟူသောအရာထက် "မှော်အတတ်" ဟူသည်က ပိုသင့်လျော် သည်။ မှော်ပညာတွင် သင်က စကားလုံးကိုပြောဆိုလျှင် သို့မဟုတ် အမူအရာတစ်ခုလုပ် ဆောင်လျှင် ထိုစကားလုံးများ သို့မဟုတ် အမူအရာသည် သဘာဝလွန်အကျိုးသက်ရောက်မှု ကိုဖြစ်စေမည်။ သင့်လျော်သည့်နတ်ကတော်သည် ၎င်း၏မှော်အတတ်ဖြင့် ရွေ့လျားမှုကိုပြုနိူင် ပြီး "ဘီဘီဒီ-ဘိုဘီဒီ-ဘို" ဟုပြောဆိုသည်။ ထိုအခါ ရွှေဖရုံသီးသည် စင်တလဲလားအတွက် မြင်းရထားဖြစ်လာခဲ့သည်။ သို့ရာတွင် ပြောင်းလဲခြင်းသည် သင်တွေ့မြင်ခဲ့ရဖူးသော "မှော်အ တတ်"နှင့်လုံးဝကွဲပြားခြားနားလျက်ရှိပါသည်။ ဝေါ်တာဒေနီသည် မှော်ပညာတွင် စိတ်ဝင်စား စရာကောင်းပါသည်။ ၎င်းသည် "စိတ်ကူးယဉ်" တွင် "မှော်ဆရာ၏အလုပ်သင်" ကဲ့သို့ဖြစ် သည်။ အားလုံးက ကခုန်နေကြသည်။ ဤသည်အားလုံးမှာ ဒင်စီကာတွန်းပုံရိပ်များအားဖြင့် ဖြစ်ပါသည်။ ဤသည်မှာ ယနေ့ခေတ်သစ်ဧဝံဂေလိအသင်းတော်များ၏ ပြောင်းလဲခြင်းနှင့်ဆိုင် သောအယူအဆများလည်းဖြစ်ပါသည်။ ဤပြဿနာ၏စစ်ဆေးချက်ကို နှံနှံ့စပ်စပ်လေ့လာခြင်း က ဒေါက်တာ David Malcolm Bennett ၏ အပြစ်သား၏ဆုတောင်းချက်၊ ၎င်း၏ဇစ်မြစ်နှင့် ဆိုးကျိုး၊ ကိုဖတ်ရှုသည်။ ထုတ်ဝေခြင်းမပြုမှီကပင် Amazon.com တွင် ရရှိနိူင်သည်။

စစ်မှန်သောပြောင်းလဲမှုတိုင်သသည် အံ့ဘွယ်တစ်ခုဖြစ်ပါသည်။ မာကု ၁၀း ၂၆ ကို ကျွန်ုပ်နှင့်အတူ ကြည့်ကြပါစို့။ ၎င်းသည် Scofield Study ကျမ်းစာတွင် စာမျက်နှာ ၁၀၅၉ တွင် ရှိပါသည်။

"ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အ ဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ရောက်နိူင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။ ယေရှုသည်လည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကိုလူတို့မတတ်နိူင်သော်လည်း ဘုရားသခင်မတတ်နိူင် သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ် နိူင်တော်မူသည်ဟု မိန့်တော်မူ၏။" (မာကု ၁၀း ၂၆၊ ၂၇ )

သူတို့က "အဘယ်သူသည် ကယ်တင်ခြင်းသို့ရောက်နိူင်သနည်း" ဟုမေးမြန်းကြသည်။ ယေရှု က "လူမတတ်နိူင်" ဟု ဖြေကြားတော်မူသည်။ အပြစ်ရှိသောလူသည် ကယ်တင်တော်မူခြင်းသို့ ရောက်ရန် အဘယ်အမှုကိုမျှမလုပ်နိူင် သို့မဟုတ် ကယ်တင်ခြင်းသို့ရောက်ရန် မိမိကိုယ်ကိုကို လည်း အကူအညီမပေးနိူင်ဟုဆိုသည်။ သို့သော် ယေရှုက "ဘုရားသခင်မတတ်နိူင်သည်မ ဟုတ်၊ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိူင်သည်" ဟုပြန်လည်တုန့်ပြန်ပါ သည်။ လူတစ်ဦး၏ကယ်တင်ခြင်းသည် ဘုရားသခင်ထံက အံ့ဩဘွယ်ရာလုပ်ဆောင်ချက်ဖြစ် သည်။ ကျွန်ုပ်တို့သည် ဤနှစ်တွင်ပင် လွန်ခဲ့သောတနင်္ဂနွေက နှစ်ဦး၊ ယနေ့နံနက်က တစ်ဦး စသည်ဖြင့် မျှော်လင့်ချက်များစွာရှိသည့် ပြောင်းလဲခြင်းကိုမြင်တွေ့ခဲ့ကြပါသည်။ စစ်မှန်သော ပြောင်းလဲခြင်းသည် အံ့ဩဘွယ်ရာဖြစ်သည်။ Paul Cook က "နိူးထမှု၏စစ်မှန်သောဝိသေ သလက္ခဏာသည် ပြင်းပြခြင်းနှင့်ကျယ်ပြန့်စေခြင်းစကားလုံးတွင် သန့်ရှင်းသောဝိညာဉ်တော် ၏ပုံမှန်အခြအနေနှင့်ကွဲပြားခြားနားခြင်းမရှိပေ။" (ၤFire From Heaven, EP စာအုပ်များ၊ ၂၀၀၉၊ စာ- ၁၁၇ )

လူတစ်ဦးသည် ပြောင်းလဲလာသောအခါ ဘုရားသခင်ထံတော်က အံ့ဘွယ်ဖြစ်လာ သည်ကို သိရမည်။ တိုတောင်းသည့်အချိန်ကာလတစ်ခုအတွင်း၌ လူများစွာပြောင်းလဲလာလျှင် ဘုရားသခင်ထံက အံ့ဘွယ်ပင်ဖြစ်ပါသည်။ မတူညီသောအရာတစ်ခုမှာ "ပြင်းပြမှုနှင့်ကျယ်ပြန့် သည့်စကားလုံး" သာလျှင်ဖြစ်သည်။ နိူးထမှုဖြစ်လာဖို့ ဆုတောင်းပဌနာပြုလာသောအခါ လူများစွာတို့၏စိတ်နှလုံးသားထဲတွင် တန်းတူရည်တူ သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ် ရန် ဆုတောင်းခြင်းပင်ဖြစ်သည်။

ပြောင်းလဲခြင်းတရား၌ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ကားအဘယ် နည်း။ ပထမအချက်အနေဖြင့်၊ "သူဆင်းသက်လာသောအချိန်တွင် သူသည် အပြစ်ကိုမြင်စေ မည်။" (ယောဟန် ၁၆း ၈ ) Paul Cook က "လူတို့သည် သဘာဝအားဖြင့် သူတို့ပြုမိသောအ ပြစ်ကိုသိမြင်ခြင်းမရှိကြ၊ သူတို့သည် သဘာဝအားဖြင့် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုသာ မြင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏တိကျသေချာသောလုပ်ဆောင်မှုတစ်ခုကိုလိုအပ် သည်။ သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သည့်အချိန်တွင် အပြစ်သည် ရွံရှာဖွယ်ကောင်း လာပြီး၊ လူတစ်ဦးအား ၎င်းကိုမုန်းတီးပြီးစွန့်ပစ်ဖို့ဆီသို့ဦးဆောင်လာသည်။" ဟုဆိုသည်။ ကလေးမတစ်ဦးက "မိမိကိုယ်ကိုရွံရှာမုန်းတီးလာသည်" ဟု ဆိုသကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်တွေ ဖူးမြင်ဖူးသည်ဖြစ်၍ ထိုအရာသည် မှန်ကန်သောအဓိပ္ပါယ်ဖွင့်ဆိုချက်လည်ဖြစ်နိူင်ပါသည်။ "မိမိကိုယ်ကို ရွံရှာမုန်းတီးလာသည်။" သင်သည် အသက်တာ၌ ထိုသို့သောအပြစ်ဒုစရိုက်မျိုးမ ရှိလျှင် သင်သည် စစ်မှန်သောပြောင်းလဲခြင်းရသည်မဟုတ်။ ထို့ကြောင့် မယုံကြည်သူများ၏ အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်က အပြစ်ကိုသိမြင်စေဖို့ရန် အတူတကွဆု တောင်းကြပါစို့။

ဒုတိယအချက်အနေဖြင့် ပြာင်းလဲခြင်း၌သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှာ အပြစ်ကိုသိမြင်လာသောသူအား ခရစ်တော်ကိုသိလာစေသည်။ ယေရှုက၊ "ငါနှင့်စပ်ဆိုင်သော အရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်" ဟု မိန့်တော်မူ၏။ (ယောဟန် ၁၆း ၁၄ ) ခေတ် သစ်ဘာသာပြန်ဆိုခြင်းက ဤသို့ဆိုသည်။ "သူသည် ကျွန်ုပ်၏အကြောင်းကိုယူ၍ သင်တို့အား သိစေမည်။" သန့်ရှင်း သောဝိညာဉ်တော်က ဘော်ပြတော်မမူလျှင် ပျောက်ဆုံးသောသူသည် ခရစ်တော်ကိုလုံးဝသိ ထားခြင်းမရှိနိူင်ပါ။ သို့သော် သင်သည် အပြစ်ကိုသိမြင်ခြင်းမရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား ကယ်တင်ခြင်းနှင့်ဆိုင်သောအရာတွင် ခရစ်တော် ကို ဘော်ပြတော်မူ မည်မဟုတ်။

ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ခိုးနှင့်အတူဆင်းသက်လာဖို့ဆု တောင်းသည့်အခါ ဘုရားသခင်အား အဓိကအားဖြင့် (၁) ပျောက်ဆုံးသောလူအား မိမိ၏ စို့ရွံ့ ဖွယ်အပြစ်သဘောသဘာဝကို သိစေရန်၊ (၂) ကျွန်ုပ်တို့သည် အပြစ်မှဆေးကြောသည့် ခရစ် တော်၏အသွေးတော်တန်ခိုးကိုသိစေမည်အကြောင်း ထိုသူအား ခရစ်တော်ကိုထင်ရှားစေရန် သန့်ရှင်းသောဝိညာဉ်တော်ကိုတောင်းလျှောက်ရန် စသည်တို့အတွက် ဆုတောင်းခြင်းဖြစ်ပါ သည်။ အပြစ်ကိုသိမြင်စေပြီးခရစ်တော်၏အသွေးတော်အားဖြင့် ဆေးကြောသန့်စင်စေခြင်း သည် ယောဟန် အခန်းကြီး ၁၆ တွင်ဖော်ပြထားသကဲ့သို့ စစ်မှန်သောပြောင်းလဲခြင်းတွင် ဘု ရားဝိညာဉ်တော်၏အဓိကလုပ်ဆောင်ချက်နှစ်ခုပင်ဖြစ်သည်။ Brian H. Edwards က "ယနေ့ ခေတ်တွင် နိူးထမှုအတွက်ဆုတောင်းရန် အကြံပြုတောင်းဆိုသောအခါ အဘယ်အရာတောင်း ရမည်ကို သိသောသူနည်းလှသည်" ဟုဆိုသည်။ ( Brian H. Edwards, နိူးထမှု၊ ဧဝံဂေလိပုံ နှိပ်တိုက်၊ ၂၀၀၄၊ စာ- ၈၀ )

အဘယ်အရာကိုဆုတောင်းရမည်အကြောင်း သူတို့မသိနားမလည်သည် အကြောင်း ရင်းတစ်ခုမှာ ယနေ့ခရစ်ယာန်များစွာတို့သည် ပျောက်ဆုံးသူများသည် အပြစ်ကိုသိမြင်လာဖို့ လိုအပ်သည်ဟု မထင်ကြပါ။ သူတို့က ကျွန်ုပ်တို့ဘိုးဘေးများဆိုသကဲ့သို့ "ပြောင်းလဲခြင်းအ ကျပ်အတည်း" ကိုလည်း မယုံကြည်ပေ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ အသင်းတော်ဘုရားကျောင်းသို့တက်ရောက်လာသည့် ပျောက်ဆုံးသူများအသက်တာတွင် အ ပြစ်သိမြင်ခြင်းအမှုအရာကိုပြုမည်အကြောင်း ကြွလာရန် ဆုတောင်းပဌနာပြုရပါမည်ဟု ပြော လိုသည်။ သူတို့သည် မိမိအပြစ်ကိုသိမြင်ခြင်းမရှိလျှင် ကယ်တင်တော်မူခြင်းသို့မရောက်နိူင်။ ခြွမ်းချက်အချို့ရှိသည်။ သို့သော် အနည်းစုသာဖြစ်သည်။ သမ္မာကျမ်းစာထဲ၌ ကျွန်ုပ်တွေ့နိူင် သည့် တစ်ခုတည်းသောသာဓကမှာ လုကာအခန်းကြီး ဆယ့်ကိုးရှိ ဇက္ကဲ၏ပြောင်းလဲခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့က ပြောင်းလဲခြင်းအများစုတွင်တွေ့ရသည့် မျက်ရည်ကျခြင်းစသည်တို့ ကိုမြင်တွေ့ရခြင်းမရှိပါ။ သို့သော် ဇက္ကဲက ခရစ်တော်အား သူပိုင်ဆိုင်သောအရာထက်ဝတ်ကို ဆင်းရဲသားတို့အားပြန်ပေးမည်အကြောင်းကိုလည်းကောင်း၊ သူက အတင်းအဓမ္မလုယက် သောအရာကို လေးဆပြန်ပေးမည်အကြောင်းကို ကတိပေးထားပါသည်။ ဤအကြောင်းအရာ က သူသည် မိမိအပြစ်ကိုတွေ့မြင်သည်ဟု ဆိုရမည်။ ဇက္ကဲ၏ပြောင်းလဲခြင်းက လူအချို့နှင့်အ နည်းစုသည်သာ နိူးထမှုတွင်ဖြစ်လေ့ဖြစ်ထရှိသည့် အပြစ်အတွက် နောင်တမျက်ရည်ကျခြင်းမ ရှိသည်ကို ပြသသည်ဟု ထင်မိပါသည်။

ဆက်လက်၍ ဧဝံဂေလိအသင်းတော်များက အဘယ်သို့ဆုတောင်းရမည်ဟူသောအ ချက်နှင့်ပါတ်သက်ပြီး နားမလည်ဆုံးအခြားအကြောင်းတရားတစ်ခုမှာ ဧဝံဂေလိအသင်းတော် များသည် ပြောင်းလဲခြင်း "အကျပ်အတည်း" ကို ကျွန်ုပ်တို့ဘိုးဘေးများကဲ့သို့ ယုံကြည်လက်ခံ ခြင်းမရှိသည်အချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ဘိုးဘေးများက အပြစ်ကိုသိမြင်လောသောသူ သည် "နိူးထမှု" ရှိလာသည်ဟုဆိုသော်လည်း ကယ်တင်ခြင်းမရသေးပါဟုဆိုကြသည်။ နိူးထ မှုရှိသောသူသည် မိ်န်းမတစ်ယောက်က သားမွေးမည့်အချိန်တွင် နာကျင်မှုအားဖြင့် အပြစ်မှဝေးရာသို့ထွက်သွားသကဲ့သို့ ဖြစ်သည်ဟု ဆိုကြသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့ဘိုး ဘေးများက လူတစ်ဦးသည် အမှန်တကယ်ပြောင်းလဲခြင်းကို ရရှိခံစားနိူင်ကြပါသလား ဟုဆို ကြသည်။ (ခရီးသွားမှတ်တမ်းတွင် "ခရစ်ယာန်များ" ၏ပြောင်းလဲခြင်း )

ကျွန်ုပ်သည် ဒေါက်တာ Martyn Lloyd-Jones က တမန်တော်ရှင်ပေါလုသည် ကျွန်ုပ် တို့အား ရောမ ၇ ၏အပိုဒ် နှစ်ပိုဒ်တွင် စစ်မှန်သောပြောင်းလဲခြင်း၏သာဓကတစ်ခုကို ပေးထား သည်အပေါ် သဘောတူညီမှုရှိပါသည်။ ဒေါက်တာ Lloyd-Jones က ဤကျမ်းပိုဒ်များသည် ရှင်ပေါလု၏စစ်မှန်သောပြောင်းလဲခြင်းအကြောင်းကို ဖော်ပြထားသည်ဟု ဆိုသည်။ ကျွန်ုပ်သ ဘောတူလက်ခံပါသည်။ ရှင်ပေါလုက ဤသို့ဆိုသည်။

"ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ ကို အဘယ်သူကယ်လွှတ်မည်နည်း။" ( ရောမ ၇း ၂၄ )

အပြစ်သားသည် မိမိကိုယ်မိမိအရှုံးပေးလာပြီး သူ့ကို ကျေးကျွန်ပြုသည့် ၎င်း၏အပြစ်နှင့်ပြည့် နေသောနှလုံးသားဖြင့် မိမိကိုယ်ကို စက်ဆုတ် ရွံရှာမှုတွေဖြစ်လာသောအခါ ၎င်းသည် အပြစ်ကိုသိမြင်ခြင်းဖြစ်သည်။

"ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသ ခင်၏ကျေးဇူးတော်ကြီးလှပေ၏။" (ရောမ ၇း ၂၅ )

သခင်ယေရှုခရစ်က အပြစ်သားများအား စိတ်ပျက်ဝမ်းနည်းခြင်းကိုပေးဝေသောအချိန်တွင် ၎င်းသည် ပြောင်းလဲခြင်းပင်ဖြစ်သည်။ ပထမအချက်အနေဖြင့် ထိုအမှုအရာဖြစ်ပေါ်လာလျှင် အပြစ်၌ကျေးကျွန်ဖြစ်လျက်မျှော်လင့်မဲ့နေသည်ကိုမြင်သောအပြစ်သားသည် ပထမအချက် အ နေဖြင့် ထိုသို့ဆိုလျှင် နောက်ဆုံးတွင် ယေရှုထံသို့လှည့်လာပြီး အသွေးတော်အားဖြင့် အပြစ်ကို ဆေးကြောတော်မူမည်။ ကျွန်ုပ်တို့အချိန်ကာလ၏အကြီးမားဆုံးသော ကံဆိုးမိုးမှောင်ကျမှုတစ် ခုသည် ဧဝံဂေလိသမားများသည် ဤအရေးကြီးသည့်အချက်အလက်များကို ဖြတ်ကျော်ဖို့ အ ဘယ်သူကိုမျှ ခွင့်မပြုကြပေ။ ပထမဆုံးဩတပ္ပစိတ် သို့မဟုတ် ထိုအချက်သာမဟုတ်၊ ဆုံးဖြတ် ချက်ဝါဒီသမားများသည် အပြစ်သားတို့၏ဆုတောင်းခြင်းကို အသုံးပြုနိူင်ကြပါသည်။ ထိုအ ချက်မှာ ၁၈၅၉ ခုနှစ်ကစပြီး အမေရိကန်ပြည်ထောင်စုတွင် မည်သည့်နိူးထမှုမှမရရှိနိူင်သည့် အဓိကအရေးကြီးသည့်အကြောင်းတရားတစ်ခုဖြစ်သည်ကိုယုံကြည်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏အသင်းတော်များသည် နိူးထမှုအစစ်အမှန်ကိုရရှိနိူင်ဖို့ရန် ဤ အရာများကို အများဆုံးဆုတောင်းရပါမည်။ ပထမအချက်အနေဖြင့်၊ ဘုရားသခင်သည် ပျောက်ဆုံးသူများအား မိမိတို့အပြစ်ကို သိမြင်လာစေရန် သန့်ရှင်းသောဝိညာဉ်ကိုစေလွှတ်ရန် ဆုတောင်းရမည်။ ဒုတိယအချက်အနေဖြင့်၊ လက်ဝါးကပ်တိုင်တော်၌အသေခံခြင်း၊ သွန်း လောင်းသောအသွေးတော်အားဖြင့် အပြစ်ကိုဆေးကြောစေရန် အဖို့အလို့ငှါ အပြစ်ခွင့်လွှတ် ခြင်းအတွက် ခရစ်တော်ကိုသိစေပြီး သူ့ထံသို့ တိုးဝင်နိူင်ကြစေရန် ဆုတောင်းရမည်။

သင်းအုပ် Brian H. Edwards က နိူးထမှုဆုတောင်းခြင်းသည် "ပြောင်းလဲသောသူ များ၊ စိတ်အားထက်သန်သူများ၊ (နိူးထစေသည်)၊ နှင့် မနိူးထသေးသူများ" ကို ဦးတည်ထား သည်ဟုဆိုသည်။ ( နိူးထမှု၊ ဧဝံဂေလိပုံနှိပ်တိုက်၊ ၂၀၀၄ခုနှစ်၊ စာ- ၁၂၇ ) နိူးထမှုဆုတောင်း ခြင်းသည် "ပြောင်းလဲသူများ"၊ "စိတ်အားထက်သန်သူများ"နှင့် "မနိူးထသူများ" ကို အဘယ့် ကြောင့် ဦးတည်ထားပါသနည်း။ အကြောင်းမှာ ပြောင်းလဲသောသူများသည် နောက်ပြန်လဲ တတ်သောကြောင့်ဖြစ်သည်။ ပထမတရုတ်နှစ်ခြင်းအသင်းတော်တွင် နိူးထမှုကို စိတ်နှလုံးထဲ တွင် အပြစ်ကိုပြုကြသော ကယ်တင်ခြင်းရရှိပြီးသူများတွင် အစပြုပါသည်။ သူတို့သည် ၎င်းတို့ ပြုမိသောအပြစ်ကို မျက်ရည်မျက်ခွက်ဖြင့် လူတိုင်းရှေ့တွင် ဝန်ခံကြပါသည်။ အချို့တို့သည် အသင်းတော်တွင် အခြားသူများအပေါ် ခါးသီးမှုတွေရှိကြသည်။ အချို့တို့မှာ အသက်တာတွင် လှို့ဝှက်အပြစ်တွေကို ဝင်ရောက်ခွင့်ပြုကြသည်။ သူတို့က ကိစ္စမရှိပါဘူးဟုဆိုကြကာ ၎င်းတို့ ပြုသောအပြစ်ကို ဆင်ခြေဆင်လက်တွေပေးတတ်ကြပါသည်။ သို့သော် သန့်ရှင်းသောဝိညာဉ် တော်ဆင်းသက်လာသောအခါ သူတို့သည် နှလုံးကြေကွဲဝမ်းနည်းလာကြသည်။ သူတို့သည် အေးစက်ပြီး ဆုတောင်းခြင်းမရှိဘဲသေလျက်နေကြသည်ကို သိမှတ်လာကြသည်။ အသင်း တော်တွင်ရှိသောအခြားသူများအပေါ် ခါးသီးခြင်းနှင့်အမျက်ဒေါသကို သိမြင်လာကြသည်။ အ ခြားသူများက ဘုရားသခင်သည် ထိုသို့လုပ်ဆောင်စေလိုသည်ကိုသိခဲ့ကြသဖြင့် တစ်စုံတစ် ခုကိုလုပ်ဆောင် ရန် ငြင်းဆိုကြသည်။

အခြားနိူးထမှုတစ်ခုဖြစ်သည့် "သန်မာသည့်ဧဝံဂေလိဆရာတစ်ဦးသည် လက်ချင်း ဖျက်ညှစ်ပြီး ကြမ်းပြင်ပေါ်တွင်မျက်ရည်များစီးကျသည်ကိုတွေ့ခဲ့ရသည်။ ဤသူသည် လူများ စွာကို ခရစ်တော်ထံပါးသို့ပို့ဆောင်သည်။ သို့သော် သူသည် ဝန်ခံရမည်အပြစ်ရှိသောကြောင့် ထိုအပြစ်ကို အသင်းတော်ရှေ့တွင်ရပ်ပြီး မဝန်ခံမချင်း ငြိမ်သက်ခြင်းမရရှိခဲ့ပေ။ သူ၏စကား သည် လျှပ်စစ်ကဲ့သို့ပင်ဖြစ်၍ လူတို့သည် နောင်တနှင့်အတူ ကြမ်းပြင်ပေါ်တွင် လူကျခဲ့ကြ သည်။" (Brian Edwards, နိူးထမှု၊ ဘုရားသခင်နှင့်ရစ်ပတ်နေသောလူ၊ ဧဝံဂေလိပုံနှိပ်တိုက်၊ ၁၉၉၁၊ စာ- ၂၆၁ )

တစ်စုံတစ်ရာတွင် ဘုရားသခင်၏စကားကိုနာခံဖို့ငြင်းဆိုသည့်ခရစ်ယာန်လည်း ကျွန်ုပ် တို့အသင်းတော်တွင်ရှိနိူင်သည်။ ထိုသူက နိူးထမှုကို ဟန့်တားသည်လည်းဖြစ်နိူင်ပါသည်။ ၁၉၇ဝခုနှစ်၊ Kentucky ပြည်နယ်၊ Wilmore ရှိ၊ Asbury ကောလိပ်တွင် နိူးထမှုရောက်လာ သောအခါ စစ်မှန်သောပြောင်းလဲခြင်းကိုရရှိသည့်ကျောင်းသားရာပေါင်းများစွာက မိမိပြုမိ သောအပြစ်များကို လူသိရှင်ကြားဖော်ထုတ်ရမည်ဟု ခံစားကြပါသည်။ သူတို့သည် အတန်း လိုက်တန်းစီကြသည်။ တစ်ခါတစ်လေ သူတို့သည် ၎င်းတို့၏နာမခံခြင်းနှင့် ဆုတောင်းရန် ပြော ဆိုခြင်းကိုငြင်းဆိုခြင်းနှင့်ပါတ်သက်ပြီး အပြစ်ဝန်ချတောင်းပန်ရန်အတွက် ဝတ်ပြုခန်းမရှိ မိုက် ကိုရရှိရန် လေးနာရီကြာမျှ စောင့်နေရသည်။

အက်ဗျူရီအစည်းအဝေးသို့ဦးဆောင်သောသူသည် တရားမဟောခဲ့ပါ။ သူ၏သက် သေခံချက်ကိုသာဝေငှသည်။ ထို့ပြင် ကျောင်းသား/သူများအား ၎င်းတို့၏ကိုယ်ပိုင်ခရစ်ယာန် အတွေ့အကြုံအကြောင်းကို ဝေမျှရန် ဖိတ်ခေါ်သည်။ ထိုနေရာတွင် သမရိုးကျမဟုတ်သည်အ ရာမပါပေ။ ကျောင်းသားတစ်ဦးက သူ၏ခေါ်ဖိတ်မှုကို တုန့်ပြန်သည်။ ထို့နောက် အခြားတစ် ယောက်လာသည်။ နောက် အခြားတစ်ယောက်လာသည်။ "သူတို့သည် စတင်ပြီးပလ္လင်ကို သွန်းလောင်းကြသည်။" သူက "ကျိုးပဲ့သည်" ဟုဆိုသည်။ မျှော်လင့်မထားပါဘဲ၊ ကျောင်းသူ/ သားများ၊ ရုံးဝန်ထမ်းများသည် မိမိကိုယ်ကို ဆုတောင်းနေသည်၊ ငိုကျွေးနေကြသည်၊ သီချင်း ဆိုနေကြသည်၊ ဟုထင်မှတ်နေကြပါသည်။ သူတို့ပြစ်မှားသောသူများကိုရှာဖွေပြီး အပြစ်ခွင့် လွှတ်ခြင်းကိုတောင်းဆိုကြသည်။ ဝတ်ပြုအစီအစဉ်မှာ ဂရက်လောက်ကြာမြင့်သည်။ [တစ် ရက်လျှင် ၂၄ နာရီ]

ဤသည်မှာ ပထမတရုတ်နှစ်ခြင်းအသင်းတော်တွင်ဖြစ်ပျက်ခဲ့သောအရာဖြစ်ပါသည်။ အက်ဗျူရီတွင်ဖြစ်ပျက်သောနိူးထမှုသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ တရုတ်လူငယ် များက အပြစ်ကိုဝန်ခံပြီးဆုတောင်းကြသဖြင့် နာရီလေးချက်မျှကြာမြင့်ခဲ့ပါသည်။ အတူတကွ အပြစ်ဝန်ချတောင်းပန်ခြင်းကို ၁၉၂ဝခုနှစ်က ကိုရီးယားနိူးထမှုတွင်လည်း ဖြစ်ပေါ်သည်။ ယနေ့တွင် မျက်ရည်မျက်ခွက်ဖြင့် ခရစ်ယာန်များက ဝန်ခံခြင်းပြုသည်မှာ တရုတ်နိူင်ငံတွင် ထို နေရာတွင်ဆက်လက်ဖြစ်ပေါ်နေသည့်နိူးထမှုကြီးကြောင့်ဖြစ်ပါသည်။ Evan Roberts က "သခင်ဘုရား၊ ကျွန်ပ်အားချိုးဖဲ့ပါ" ဟုအော်ဟစ်ခဲ့သည်။ ဘုရားသခင်အားဆုတောင်းဆက်ကပ် ထားသကဲ့သို့ ၁၉၀၅ခုနှစ်က ဝေးနိူင်ငံနိူးထမှုခေါင်းဆောင်တစ်ယောက်ဖြစ်လာသည်။ သင် ကော အဘယ်သို့နည်း။ သင့်အားချိုးဖဲ့ရန် ဘုရားသခင်ကို ဆုတောင်းမည်လော။ "ကိုယ်တော် ဘုရား စစ်ကြောမူပါ" ကို သီဆိုကျူးဧကြပါစို့။

"အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍၊
အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။
စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။
ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်
မလိုက်သည်ကို ကြည့်ရှု၍၊
ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။"
    (ဆာလံ ၁၃၉း ၂၃- ၂၄ )

ဝိညာဉ်တော်ဘုရား၊ ကြွလာတော်မူပါ၊ ဆုတောင်းပါ၏။
ဝိညာဉ်တော်ဘုရား၊ ကြွလာတော်မူပါ၊ ဆုတောင်းပါ၏။
ကျွန်ုပ်တို့အား အရည်ပျော်စေပါ၊ ပုံသွင်းမူပါ၊ ချိုးဖဲ့တော်မူပါ။
အသက်ရှင်ေးသာဝိညာဉ်ဘုရား ကြွလာတော်မူပါ၊ ဆုတောင်ပါ၏။

ဘုရားသခင်သည် နိူးထမှုအချိန်ခါသမယတွင် သန့်ရှင်းသောဝိညာဉ်တော်ကိုစေလွှတ်တော်မူ လျှင် ထိုသို့သောအရာများအမှန်တကယ်ဖြစ်လာတော်မူမည်။ "အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြောတော်မူပါ" တေးသီချင်းကို သီဆိုကျူးဧကြပါစို့။

"အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍၊
အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။
စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။
ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်
မလိုက်သည်ကို ကြည့်ရှု၍၊
ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။"
    (ဆာလံ ၁၃၉း ၂၃- ၂၄ )

အာမင်၊


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ တမန် ၁း ၄- ၉။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"ဆုတောင်းရန်သွန်သင်ပါ။"၊ (Albert S. Reitz ၁၈၇၉-၁၉၆၆) ရေးစပ်သည်။