Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နောက်ဆုံးသောကာလရှိလှောင်ပြောင်သရော်သူများ

(၂ပေတရုနှင့်အပါတ်သက်၍ တရားေးဒသနာ - ၆ )
SCOFFERS IN THE LAST DAYS
(SERMON #6 ON II PETER)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဇွန်လ ( ၁၄ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles Lord’s Day Morning, June 14, 2015

"နောက်ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သောသူတို့ သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍၊ သခင်ဘုရား ကြွာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာ တို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆို လျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။" ၂ပေ ၃း ၃ )


ခရစ်တော်သည် မိုးတိမ်းကိုစီး၍ကြွလာမူမည်အကြောင်း သမ္မာကျမ်းစာက သွန်သင် ထားပါသည်။ ထိုအရာမှာ ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းပင်ဖြစ်သည်။ သို့ရာတွင် ကဲ့ရဲ့သရော်သောသူများသည် ထိုအရာကို ယုံကြည်လက်ခံလိုစိတ်မရှိကြပေ။

၂ပေအခန်းကြီးသုံးသည် ကျွနု်ပ်အတွင် အလွန်ပင် အရေးကြီးလှပါသည်။ ကျွနု်ပ်သည် ဤအခန်းဟောကြားသည်ကိုကြားသိရသည့်အချိန်တွင် ပြောင်းလဲလာသည်။ ၄င်းမှာ ၁၉၆၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်ဖြစ်သည်။ ကျွနု်ပ်သည် ဘိုင်အိုလာကောလိပ် (ယခုတွင် တက္ကသိုလ်) ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ အစဉ်လိုက်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ် ကို ထိုရက်သတ္တပတ်တွင် ပြုလုပ်ခဲ့ကြသည်။ ကျောင်းသူကျောင်းသားအားလုံး ထိုနေရာတွင် ရှိနေကြပါသည်။ ထိုနေ့တွင် ကျွနု်ပ်သည် ဒေါက်တာ Murphy Lum ၏ ဘေးနားတွင် ထိုင်ခဲ့ သည်။ သူသည် ကောလိပ်နှင့်နီးစပ်သည့် တာဘွတ်ယူနီဗာစတီတွင် တက်ရောက်နေသည်။ တရားဒေသနာဟောသူမှာ Dr. Charles Woodbridge ဖြစ်သည်။ သူသည် Fuller Seminary ကို စွန့်ခွါသည်မှာ သိပ်မကြာသေးပေ။ သူက Fuller Seminary သည် သမ္မာကျမ်းစာ၏အခွင့် အာဏာကိုငြင်းဆန်သည့် လီဗရယ်ခံယူချက်ဆီသို့ ဦးတည်နေသည်ကို တွေ့ရသည်။ ထိုကျမ်း စာကျောင်းက သူအား တယူသန်သမားဟု သမုတ်ထားသော်လည်း ၄င်းမှာ မှားယွင်းသော ခေါ်ဆိုခြင်းဖြစ်သည်။ နောက်နှစ်အနည်းငယ်အဖြစ်အပျက်များက သူသည် တကယ်မှန်ကန် သောသူဖြစ်ကြောင်းကို ထင်းရှားစေသည်။ အခြားသောရုံးဝန်ထမ်းများသည်လည်း သူ့နောက် လိုက်ပြီး Fuller ကျမ်းစာကျောင်းကို ထားရစ်ခဲ့ကြပါသည်။ ဤသူတို့တွင် Dr. Gleason Archer, Dr. Wilbur M. Smith နှင့် Dr. Harold Lindsell တို့ ပါဝင်ပါသည်။ သူတို့အားလုံး သည် ပထမဆုံးသော ပညာရှင်များဖြစ်ကြသည်။ သူတို့သည်က Dr. Woodbridge သည်မှန် ကန်ကြောင်းရှင်းရှင်းလင်းလင်းသိမြင်လာကြသောအခါ သူ့နောက်သို့လိုက်ကြသည်။ ထိုကျမ်း စာကျောင်းသည် သမ္မာကျမ်းစာမှန်ကန်ကြောင်းယုံကြည်ထားခြင်းမှ လီဗရယ်ဝါဒနှင့်မယုံကြည် မှုများဆီသို့ဦးတည်ရွေ့ရှားနေသည်။

ကျွနု်ပ်သည် ဤအခန်းနှင့်ပါတ်သက်ပြီး Dr. Woodbridge တရားဟောသည်ကို ကြား ရသည့်အခါတွင် ၄င်းသည် အသက်ရှင်သောအကြောင်းအရာဖြစ်ပါသည်။ လူတိုင်းလူတိုင်းက Fuller ကျမ်းစာကျောင်းသည် မှားယွင်းသောသြဝါဒဆီသို့ဦးတည်နေသည်ဟု ပြောဆိုနေကြ သည်။ ထိုအကြောင်းအရာနှင့်ပါတ်သက်ပြီး တမန်တော်က ရှင်းရှင်းလင်းလင်းဖော်ပြထားပါ သည်။

ပထမကျမ်းပိုဒ်တွင် တမန်တော်က သူသည် ဒုတိယစာစောင်တစ်ခုကိုရေးသားနေ ကြောင်း ပြောဆိုခဲ့သည်။ ၄င်းမှာ ရောမအင်ပါယာအတွင်( ၁ပေ ၁း ၁ ) မတူညီသောနေရာ ဒေသအရပ်ရပ်သို့"လွင့်ပါးကွဲပြား" လျက်ရှိကြသော ကနဦးခရစ်ယာန်များအားရေးသေားပေး ပို့သောစာဖြစ်ပါသည်။ သူက ဤဒုတိယစာစောင်ကို သူတို့သိနှင့်ပြီးသောအကြောင်းအရာကို ပြန်လည်သတိပေးထားခြင်းသဘောဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။ သူက ၄င်း၏စာစောင် တွင် နောက်ဆုံးသောကာလတွင် ပေါ်ထွက်လာမည့် ကဲ့ရဲ့လှောင်ပြောသောသူများအကြောင်း ကို ထည့်သွင်းရေးသားထားပါသည်။ သူက ခရစ်တော်၏ဒုတိယအကြိမ်ကြွလာမည့်အကြောင်း ကို ယုံကြည်လက်ခံခြင်းမရှိသည့် လူတို့အကြောင်းကို ရေးသားထားပါသည်။ သူက လောက ကြီး၏ဇာတ်သိမ်းခန်းနှင့်လာလတံ့သောကမ္ဘာအကြောင်းကို ပြောဆိုခဲ့ပါသည်။

ဤကျမ်းပိုဒ်သည် ကျွနု်ပ်ကိုဆွဲဆောင်ထားပါသည်။ Dr. Woodbridge က ထိုကျမ်ပိုဒ် ကို ထိထိမိမိ ဟောပြောခဲ့သည်။ သူသည် ပညာတတ်တစ်ယောက်ဖြစ်သကဲ့သို့ Princeton Theological Seminary ကျောင်းတွင် ဘွဲ့ရထားသူလည်း ဖြစ်ပါသည်။ သို့ရာတွင် သူသည် အာရုံကို ဖမ်းစားညို့ယူနိူင်သည့်ကျမ်းစာရှင်းပြနိူင်သူတစ်ဦးလည်း ဖြစ်ပါသည်။ နောက်ထပ် ကောင်းတဲ့တရားဟောချက်ကို ကျွနု်ပ်ကြားနိူင်တော့မည်ဟု မထင်မိပါ။ သူတရားဟောသည်ကို နှစ်ပေါင်း ၅၅နှစ်နီးပါးကြားခဲ့ရသော်လည်း ထိုရက်သတ္တပါတ်က သူဟောကြားသောတရား ဒေသနာက ကျွနု်ပ်ကို အရမ်းတို့ထိပေသည်။ အခြားတရားဟောဆရာမိတ်ဆွေများလည်း ရှိကြ ပါသည်။ ၄င်းမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ရီဝါဆိုက်တွင် သင်းအုပ်လုပ်နေသည့် ဒေါက်တာ Russell Gordon ဖြစ်သည်။ ထိုအကြောင်းအရာကိုပင် သိပ်မကြာသေးသည်အချိန်က သူနှင့် အတူ ဖုန်းဖြင့် ပြောဖြစ်ကြသေးသည်။ ဒေါက်တာ Gordon ကတောင် ဒေါက်တာ Woodbridge ၏စကားများကို ကောက်နှုတ်ပြောဆိုနိူင်သေးသည်။ ဤသည်မှာ သာမန်ထက်ထူးကဲသော တရားဒေသနာ၊ ဘဝကိုပြောင်းလဲစေနိူင်သောတရားဒေသနာပင်ဖြစ်သည်။ ကျွန်ုပ်ဘဝအသက် တာတစ်ခုလုံးသည် ထိုနေ့ရက်တွင် ပြောင်းလဲသွားသည်။ အကြောင်းမှာ ထိုနေ့ရက်မှာ ကျွနု်ပ် ပြောင်းလဲသောနေ့ရက်ပင် ဖြစ်ပါသည်။

ပေတရုက ကနဦးခရစ်ယာန်များအား သူတို့သိနှင့်ပြီးသော အကြောင်းအရာနှင့်ပါတ် သက်ပြီး သတိပေးထားခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည်လည်း ၄င်းနှင့်ပါတ် သက်ပြီး ထပ်ထပ်သတိပေးခြင်းကို ခံရသင့်ပါသည်။ တမန်တော်က ဤအရာများသည် အရင် ဓမ္မဟောင်းပရောဖက်များပင်လျှင် ဟောပြောခဲ့ကြကြောင်း ပြောဆိုထားပါသည်။ သူက ဤ သည်မှာ အခြားတမန်တော်များဟောကြားသောအရာများဖြစ်သည်ဟု ဆိုထားသည်။ ဤသည် မှာ သြဝါဒအသစ်မဟုတ်ပါ။ ထပ်ခါထပ်ခါ သတိပေးခံရရန်လိုအပ်သည့် သြဝါဒဟောင်းဖြစ်ကြ ပါသည်။

ပထမအနေဖြင့်၊ ပေတရုသည် သူတို့အား "နောက်ဆုံးသောကာလ၌ပြက်ယယ်ပြု တတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊" (၂ပေ ၃း ၃ ) ဟုဆိုထားပါ သည်။ ဤသူတို့မှာ "မှားယွင်းသောဆရာများ" နှင့် အခန်းကြီးနှစ်၌ "မိစ္ဆာဆရာတို့သည် သင်တို့ တွင်ရှိကြ၏" (၂ပေ ၂း ၁) ဟုဆိုသောအချိန်တွင် သူပြောဆိုသည့် မှားယွင်းသောခရစ်ယာန် များပင်ဖြစ်ကြပါသည်။ မှန်ကန်သောအရာတစ်ခုဖြစ်သောလည်း "မှားယွင်းသောဆရာများ" သည် ကောလပ်နှင့်သင်တန်းကျောင်းများတွင် ကတိကများသာဖြစ်ကြသည်ဟု ယူဆခြင်းမှာ မှားယွင်းသောအရာတစ်ခုဖြစ်ပါသည်။

သို့ရာတွင် လူတိုင်းသည် ဘာသာရေးတွင် အထူးတလည်ပြောစရာမလိုလောက် အောင်ထူးချွန်ပြောမြောက်ကြသည်ကို သတိပြုမိပါသလား။ လူတိုင်းက သူသည် အားလုံးကို သိကျွမ်းသည်ဟု ထင်နေကြသည်။ ဘာမျှ ပြောစရာမရှိပေ။ သူတို့ကို လမ်းပေါ်တွင် တွေ့သည်။ အသင်းတော်တွင် တွေ့ရသည်။ သူတို့သည် ပြောင်မြောက်သူများဖြစ်ကြသည်။ ဘာသာတရားဟူသည်မှာ သင်ယူလေ့လာထားခြင်းမရှိဘဲ ထူးချွန်ပြောင်မြောက်နိူင်သည့် ဘာ သာရပ်တစ်ခုဖြစ်ပါသည်။ ကျွန်ု်ပ်တို့၏အခြေပြုကျမ်းက ''နောက်ဆုံးသောကာလ" တွင် ထုသို့ သောသူများစွာပေါ်လာမည်အကြောင်း ဆိုခဲ့သည်။ သူတို့သည် ကဲ့ရဲ့ပြက်ရယ်ပြုသူများဖြစ်ကြ ပါသည်။

"နောက်ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သောသူတို့သည်၊ မိမိ တို့တပ်မက်ခြင်းအလိုအတိုင်း ကျင့်နေကြ၍၊" (၂ပေ ၃း ၃ )

"နောက်ဆုံးသောကာလ" ဟူသည်မှာ အဘယ်နည်း။ Dr. J. Vernon McGee က ဤသို့ဆို သည်။

"နောက်ဆုံးသောကာလ" မှာ ဓမ္မသစ်ကျမ်းတွင် အသုံးပြုပြောဆို ထားသည့် စက်မှုလက်မှုဆိုင်ရာအသုံးအနှုန်းဖြစ်သည်။ ၄င်းက အသင်းတော်၏နောက်ဆုံးသောကာလကို ပြောဆိုထားသည်။ (J. Vernon McGee, Th. D., Thru the Bible, အတွဲ ၅၊ Thomas Nelson Publishers, ၁၉၈၃၊ စာ- ၄၆၉၊ ၂ပေ ၃း ၁ မှတ်စု)

ခရစ်ယာန်ခေတ်ကာလအပိုင်းအခြားတစ်ခုလုံးကိုဆိုထားသည့်အချိန်မှာ အနည်းငယ်သာရည် ညွှန်းထားပါသည်။ အခြေပြုကျမ်းကို ဖတ်ရှုနိူင်ပါသည်။ ၂ပေတရု အခန်းကြီးသုံးတွင် အ ကြောင်းအရာမှာ ဒုတိယအကြိမ်ကြွလာခြင်းဖြစ်ပြီး ကမ္ဘာကြီး၏ဇာတ်သိမ်းခန်းလည်းဖြစ်ပါ သည်။ ထို့ကြောင့်၊ "နောက်ဆုံးသောကာလ" ဟူသောအရာက ခေတ်ကာလ၏နောက်ဆုံး သောအချိန်၊ ခရစ်တော်ဒုတိယအကြိမ်ပြန်လည်းကြွမလာမှီ အချိန်ကာလကို ဆိုလိုသတည်း။

ထို့နောက် ပေတရုက "နောက်ဆုံးသောကာလတွင် ပြက်ယယ်ပြုတတ်သောသူများ သည်ပေါ်လာ၍၊" ဟုဆိုထားပါသည်။ "ပြက်ယယ်ပြုတတ်သူများ" ဟူသည်မှာ "သရော်လှောင် ပြောင်သူများ" ဟုအဓိပ္ပါယ်ရပါသည်။ သူတို့သည် ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းကို လက်မခံကြသည်သာမက ပြက်ယယ်ပြုကြပါသည်။ "ဟား၊ ဟား၊ သင်တို့က ခရစ်တော်တဖန် ကြွလာမည်ဟုထင်ကြသည်။ ရယ်စရာကောင်းတာပဲ" ဟုဆိုကြသည်။ ၄င်းမှာ ယူဆချက်သာ ဖြစ်ပါသည်။ ထို့နောက် တမန်တော်က သူတို့သည် အဘယ့်ကြောင့် လှောင်ပြောင်သရော်ကြ သည်ကို ပြောဆိုသည်။ ဤပြက်ယယ်ပြုသူများသည် "မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေကြ" ပါသည်။ "အပြစ်နှင့်ပြည့်နေသောဆန္ဒအလိုသို့လိုက်ကြသည်" ဟု ဆိုလိုသတည်း။ သူတို့က ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းကို လှောင်ပြောင်သရော်ကြသည်။ အကြောင်းမှာ သူတို့ သည် တကိုယ်ကောင်းဆန်ပြီး အပြစ်နှင့်ပြည့်နေသောအသက်တာတွင် အသက်ရှင်ချင်နေကြ ပါသေးသည်။ ပေတရုက သူတို့၏လှောင်ပြောင်သရော်မှုကို "နောက်ဆုံးသောကာလရောက် လျက်ရှိကြောင်း သက်သေများ" အဖြစ်ဖော်ပြထားပါသည်။ (The Reformation Study Bible; ၂ပေ ၃း ၄ မှတ်စု )

ဤပြက်ယယ်ပြုသူများနှင့်မည်သို့ပါတ်သက်နေသနည်း။ ပထမအချက်မှာ သူတို့သည် လောကီစည်းစမ်ကိုတပ်မက်သောသူများဖြစ်ကြသည်။ သူတို့သည် လောကအရာများကိုသာ စွဲ လန်းတပ်မက်ကြသည်။ သူတို့ကို တရားစီရင်ဖို့ ခရစ်တော်ကြွလာမည်ဟူသောအမှုကို လက်မ ခံကြပေ။ ပေတရုက သူတို့အား နောဧခေတ်က လူတို့နှင့်ခိုင်းနှိုင်းပြောဆိုထားကြပါသည်။ (၂ပေ ၂း ၅ ) ဘုရားသခင်သည် "ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်း တရားကိုဟောသောနောဧနှင့် လူခုနှစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကိုမကိုးကွယ် သောလောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူသည်။" နောဧသည် လာလတံ့သော တရားစီရင်ခြင်းအကြောင်းကို ဟောပြောခဲ့သည်။ သို့သော် အဘယ်သူမျှ နားထောင်တော်မမူ။ ခရစ်တော်က သူတို့အား လောကအရာကို စွဲလန်းတပ်မက်သူများ၊ စားခြင်းသောက်ခြင်းတို့တွင် သာပျော်မွေ့သူများ၊ ပါတီပွဲသွားခြင်းကိုသာ နှစ်သက်ခုံမင်သူများဖြစ်ကြကြောင်း မိန့်တော်မူခဲ့ သည်။ "နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင် ဖယ်ရှင်းသည်နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက် လျက်နေကြ၏။"(လုကာ ၁ရး ၂၇ ) ပေတရုကလည်း သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်ကျ ရောက်သောတရားစီရင်ခြင်းအကြောင်းကို ပြောဆိုခဲ့သည်။ "သောဒုံနှင့်ဂေါမောရတို့ကို မီးရှို့၍ ဖျက်ဆီးရာ။" ( ၂ပေ ၂း ၆) တဖန် သူတို့၏အဓိကအပြစ်မှာ လောကီးအရာ၌ပျော်မွေ့ခြင်းပင် ဖြစ်ပါသည်။ ခရစ်တော်က "ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်နေသကဲ့သို့၄င်း၊ လောတသည် သောဒုံမြို့ မှထွက်သောနေ့၌ ကောင်းကင်မှကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင် ဖယ်ရှင်းသကဲ့သို့၄င်း" (လုကာ ၁ရး ၂၈-၂၉ ) ဟုဆိုသည်။ ထို့နောက် ခရစ်တော်က ဆက်လက်၍ ဤသို့ဆိုသည်။

"လူသားသည် ပေါ်ထွန်းသောနေ့တွင် ဖြစ်လိမ့်မည် ဟုဆိုသည်။" (လုကာ ၁ရး ၃၀ )

သူတို့ပြစ်မှားသောအပြစ်များကို သတိပြုပါ။ ထိုနောဧခေတ်ကာလနှင့် လောတခေတ် ကာလကိစ္စနှစ်ခုစလုံးတွင် ခရစ်တော်က လိင်ပိုင်းဆိုင်ရာအပြစ်များအကြောင်းကို အဓိကထား ခြင်းမဟုတ်ခဲ့ပါ။ လိင်ပိုင်းဆိုင်ရာအပြစ်ကိုလည်း ဖော်ပြထားခြင်းမရှိပါ။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ သူတို့ပြစ်မှားသောအပြစ်၏ဇာတ်မြစ်သည် ဤလောကအတွက်သာအသက်ရှင် သည့် လောကီးစည်းစိမ်နှင့်ပါတ်သက်နေပါသည်။ ရယ်ရွှင်ဖွယ်ရာအတွက် အသက်ရှင်သည်။ စားဖို့အတွက်သာအသက်ရှင်သည်။ လောကပျော်ရွှင်မှုအတွက်သာ အသက်ရှင်ကြသည်။ တရုတ်လူမျိုးများစွာသည် ထိုသို့ဖြစ်နေကြပါသည်။ ဒေါက်တာ Charles C. Ryrie က ဖော်ပြ ထားသောလုပ်ဆောင်ချက်များသည် သူတို့အသက်တာထဲတွင် အပြစ်မဟုတ်ပါ။ သို့ရာတွင် "လူတို့သည် ပြင်ဆင်ထားခြင်းမရှိပါ။ "ခရစ်တော်ပြန်လည်ကြွလာသည့်အချိန်တွင် များစွာ သောသူတို့သည် ပြင်ဆင်ထားခြင်းမရှိဘဲ (နောဧနှင့်လောတခေတ်ကကဲ့သို့) တွေ့ရလိမ့်မည်။" (Ryrie Study Bible; လုကာ ၁ရး ၂၆- ၃၀ မှတ်စု )

လူတစ်ဦးသည် Las Vegas ထံသို့ တနင်္ဂနွေနေ့တွင် ပြေးသွားသည်။ သူသည် ဘုရား ကျောင်းသွားပြီး အလင်းကိုမြင်ခွင့်မရခဲ့ပေ။ သူသည် တနင်္ဂနွေနေ့တွင် ဆန်ဖရင်ဆစ္စကိုသွားခဲ့ သည်။ အခြားသောသူတစ်ဦးသည် ဗွီဒီယိုဂိမ်းကစားခြင်းအားဖြင့် နာရီပေါင်းများစွာကို အသုံးချ ခဲ့သည်။ သို့ရာတွင် သူသည် ကျမ်းစာဖတ်ရန် အချိန်မရှိခဲ့ပါ။ အခြားသူများက ၄င်းတို့၏ဘဝကို ငွေကြေးဖြင့် မြှုတ်နှံကြသည်။ သို့ရာတွင် ကောင်းကင်ဘဏ္ဍာကို မသိုလှောင်ကြပါ။ လောက စည်းစိမ်များက သူတို့၏ခရစ်ယာန်ဘဝအသက်တာကို ဖျက်ဆီးလိုက်သည်။ သူတို့သည် ဘုရားသခင်ကိုမသိကြပေ။ သူတို့သည် ခရစ်တော်ကို မပိုင်ဆိုင်ရပါ။ သင်ပိုင်ဆိုင်ထားသည့်အ ရာအားလုံးသည် လောက၏လက်ဝတ်တန်ဆာအပေါစားသာဖြစ်ပါသည်။ တမန်တော် ရှင်ယောဟန်က ဤသို့ဆိုသည်။

"လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက် ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောက နှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာ ဝရတည်၏။" (၁ယော ၂း ၁၆- ၁၇ )

ကျွန်ုပ်သည် ဆယ်ကျော်သက်အရွယ်တွင် ကျွန်ု်ပ်အန်တီနှင့်အန်ကယ်တို့နှင့်အတူ ဧလိဇဗက်လမ်းထဲတွင် ရှိနေကြပါသည်။ ထိုလမ်းထဲတွင် လူငယ်များစွာရှိကြသည်။ အချို့ သောသူများသည် ဘီယာကိုယူပြီး သောက်ကြသည်။ အချို့တို့က အသေးစားကရိယာနှင့်ပျော် ပါးဆော့နေကြပါသည်။ အချို့တို့က ပြည့်တန်ဆာအိမ်သို့သွား၍ ပျော်ပါးကြပါသည်။ သူတို့အား လုံးက ကျွနု်ပ်ထက် စမတ်ကြလွန်းကြသည်ဟု ထင်ကြပါသည်။ သူတို့ ကျွနု်ပ်ကို ဟာသလုပ် ကြပြီး လှောင်ပြောင်သရော်ကြပါသည်။ သူတို့က "ရော်ဘတ်က ဘာသာတရားကိုင်းရှိုင်းသော သူဖြစ်သည်" ဘုရားသခင်အကြောင်းကို အလွန်တကယ်အရေးကြီးဖြစ်ရန် အမှန်တကယ်ဆန်း ကြယ်စေသကဲ့သို့ဖြစ်သည်ဟု ပြောဆိုကြသည်။ နောက်ပိုင်းတွင် ကျွန်ု်ပ်သည် သင်းအုပ်ဆရာ ဖြစ်လာခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့သေကြသည်။ သူတို့မိသားစုဆွေမျိုးများ က သူတို့၏အသုဘအစီအစဉ်ကို လုပ်ဆောင်ပေးရန် ဖုန်းဖြင့် ပြောခဲ့ကြသည်။ သို့ရာတွင် ထိုသို့ကြောက်မက်ဖွယ်ရာ အသုဘအစီအစဉ်များတွင် မျှော်လင့်ချက်စကားတစ်ခွန်းမျှ ပြော ထွက်ရန်မရှိပေ။ တကယ် မျှော်လင့်ချက်ပေးနိူင်သည့် စကားတစ်ခွန်းမျှ ပြောစရာမရှိပေ။ ကျွန်ုပ်လုပ်ဆောင်သမျှအားလုံးမှာ အသက်ရှင်သောသူတို့အား ဧဝံဂေလိတရားကို ရှင်းလင်း ပြောကြားရန်ပင်ဖြစ်သည်။ မူးယစ်သောက်စားရန်၊ ကားပြိုင်ဆော့ရန်နှင့် ပြည့်တန်ဆာများထံ သွား၍ပျော်ပါးရန် အသက်ရှင်လျက်ရှိသော ယောကျ်ားလေးများအဖို့ မျှော်လင့်စရာမရှိကြောင်း ကို လူတိုင်းသိပါသည်။ သူတို့အတွက် မျှော်လင့်ချက် လုံးဝမရှိကြောင်း သိကြသည်။ ကျွန်ု်ပ် သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် သူတို့ထက် ပို၍ အသက်ရှင်နေရသည်။ ဘုရား သခင်၏ကျေးဇူးတော်ကြောင့် အချိန်ကြာမြင့်စွာသိကျွမ်းခဲ့ရသည့် ထိုဆင်းရဲသောသူများ၊ ပျောက်ဆုံးသောလူငယ်များထက် ပို၍ပျော်ရွှင်စရာကောင်းသောဘဝအသက်တာတွင်အသက် ရှင်ရသည်။

"လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။" ( ၁ယော ၂း ၁၇ )

ဤလောကအတွက်ပဲ အသက်ရှင်နေသလား။ ထာဝရနှင့်ဆိုင်သောအရာအတွက် စဉ်း စားဖူးပါသလား။ တရားစီရင်ခြင်းအတွက် အဆင်သင့်ဖြစ်ပါသလား။

ရှေးဦးစွာသိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသောကာလ ၌ ပြက်ယယ်ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင် ကျင့်နေ၍၊" ( ၂ပေတရု ၃း ၃ )

သူတို့နှင့်သက်ဆိုင်သောအရာကား အဘယ်နည်း။ ပထမအချက်မှာ လောကစည်းစိမ် ကိုတပ်မက်သောသူများဖြစ်ကြသည်။ သို့သော်၊ သူတို့သည် ၀ိညာဉ်ရေးရာတွင် မျက်စိကန်းသူ များဖြစ်ကြသည်။ တမန်တော်ပေတရုက ထိုအကြောင်းအရာကို အခန်းကြီးနှစ်တွင် မိန့်ဆိုခဲ့ သည်။ သူက ဤသို့ဆိုသည်။

"သူတို့မူကား၊ ဘမ်း၍ဖျက်ဆီးဖို့ရာ ဖန်ဆင်းသောတိရိစ္ဆာန်သက် သက်ကဲ့သို့၊ မိမိတို့နားမလည်သောအရာကို ကဲ့ရဲ့လျက်၊ မိမိတို့ ပုပ်ပျက်သောအားဖြင့် အကုန်အစင်ပျက်စီးခြင်းသို့ရောက်၍၊ မတ ရားသောအမှု၏အပြစ်ကို ခံရကြလိမ့်မည်။" ( ၂ပေတရု ၂း ၁၂ )

သူတို့သည် တိရိစ္ဆာန်များကဲ့သို့ ၀ိညာဉ်ရေးရာတွင် မျက်ကန်းများဖြစ်ကြသည်။ သူတို့ သည် "ရက်စက်သောသားရဲ" ကဲ့သို့ဖြစ်ကြသည်။ သူတို့သည် ခရစ်တော်။ ၄င်း၏နောက်ထပ် တဖန်ပြန်လည်ကြွလာခြင်း၊ လက်ဝါးကပ်တိုင်တွင်အသေခံခြင်းတို့ကို ဆန့်ကျင်ပြောဆိုကြပါ သည်။ သေခြင်းမှ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုလည်း ဟားတိုက်ဖြစ်နေကြပါသည်။

ထိုသို့သောလူငယ်များကို အချိန်တိုင်း တွေ့မြင်နိူင်ပါသည်။ သူတို့သည် ယေရှု၏နာမ ကို ကျိန်ဆိုးခြင်းတစ်ခုအဖြစ်သာ အသုံးပြုကြသည်။ သူတို့ကို ဘုရားကျောင်းလာရန် ချဉ်းကပ် ပြောဆိုထားသော်လည်း သိပ်ဂရုမစိုက်ဖြစ်နေကြသည်။ ထို့အပြင် သူတို့သည် ဘုရားကျောင်း သို့ရောက်ရှိလာကြသော်လည်း သူတို့သည် ရယ်မော၊ ပြက်ယယ်ပြုလှောင်ပြောင်ကြသည်။ မိခင်နှင့်ညီမအတွက် အိမ်ငှါးခပေးသောလူငယ်လေးတစ်ဦးကို ကျွနု်ပ်သိသည်။ သို့သော် သူ့ကို လည်း "ထိုအသင်းတော်သို့ အဘယ့်ကြောင့် ုိအသင်းတော်သို့ ဆက်သွားနေသနည်း" ဟု စူးစူးဝါးဝါးအော်ဟစ်ကြပါသည်။ အဓိကအချက်ကတော့ ခရစ်တော်သည် ပြန်လည်ကြွလာ တော်မူခြင်းမရှိလျှင် သူတို့တွင် နေစရာအိမ်ရှိမည်မထင်ပါ ဟူသောအချက်ဖြစ်သည်။ သူသည် တစ်နေရာရာတွင် ထွက်ပြေးသွားပေမည်။ သူတို့သည် လမ်းပေါ်တွင် အသက်ရှင်နေထိုင်ကြ ပေလိမ့်မည်။ သူတို့က "သူတို့နားမလည်သည့်အရာကို မကောင်းပြော" နေကြပါသည်။ သူတို့ သည် ၀ိညာဉ်ရေးရာတွင် မျက်ကန်းများဖြစ်ကြသည်။

သမ္မာကျမ်းစာက သူတို့သည် အပြစ်နှင့်မွေးဖွါးလာကြောင်း ဆိုထားသည်။ ကျွနု်ပ်တို့ ၏ကနဦးမိဘများသည် အပြစ်ကိုပြုကြသည်ဖြစ်၍ ထိုသဘာဝကို ကျွနု်ပ်တို့အမွေဆက်ခံကြပါ သည်။ ကျွနု်ပ်တို့သည် သဘာဝအားဖြင့် အပြစ်သားများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် မပြောင်း လဲမချင်း "ဇာတိ" ယောကျ်ား နှင့် "ဇာတိ" မိန်းမများဖြစ်ကြလိမ့်မည်။ သမ္မကျမ်းစာက ဤသို့ဆို ပါသညါ။

"ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကို မခံ မယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ် ၏။ ထိုအရာတို့ကို၀ိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိူင် သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိူင်။"

(၁ကော ၂း ၁၄ )

သင်သည် လုံးလဝိရိယရှိနိူင်သည်။ သို့သော် သင်သည် ပြောင်းလဲခြင်းမရှိလျှင် သင်သည် "ဇာတိ" ယောကျ်ား သို့မဟုတ် မိန်းမ သာဖြစ်လိမ့်မည်။ Scofield က ၁ကော ၂း ၁၃-၁၄ မှတ်စု ရေးသားရာတွင် ဤသို့ဆိုသည်။ "ဘုရားသခင်၏မျက်မြင်မရသောအရာများကို ဇာတိလူများက နားမလည်နိူင်။" သူတို့သည် ဘုရားသခင်ကိုရှာတွေ့နိူင်ခြင်းမရှိဘဲ အမှောင်ထဲမှာ စမ်းတဝါးဝါး သွားလာနေကြသည်။

Lord Bertrand Russell သည် နာမည်ကျော်ဗြိတိန်သချင်္ာပညာရှင်တစ်ယောက်ဖြစ်ပြီး နှစ်ဆယ်ရာစုက ဒဿနိကပညာရှင်ဖြစ်သည်။ ကျွန်ုပ်သည် အသက်ငယ်ရွယ်စဉ်ခါတွင် သူသည် ကြောက်စရာကောင်းသည့် အဓိက ဘုရားမဲ့ဝါဒီသမားဖြစ်သည်။ မေးခွန်းပြန်လည်ဖြေ ကြားခြင်းတွင်လည်း ထူးချွန်ပြောင်မြောက်သောသူဖြစ်သည်။ ထောမနာပြုခြင်းနှင့်ရိုသေလေး မြတ်ခြင်းအားလုံးကို သူရရှိထားသည်။ သူသည် အရမ်းပျော်ရွှင်နေသောသူဖြစ်မည်ဟု ထင်မိ လိမ့်မည်။ သူသည် ဘဝအသက်တာတွင် မျှော်လင့်ချက်မဲ့နေသည်။ သူမသေမှီ Bertrand Russell က ဤသို့ရေးသားထားသည်။

မီးမရှိ၊ သူရသတ္တိမရှိ၊ အတွေးအခေါ်နှင့်ခံစားချက်ပြင်းပြခြင်း လည်းမရှိ၊ လူတစ်ဦး၏အသက်ကို သင်္ချိုင်းနောက်ပိုင်းတွင် ထိန်း သိမ်းနိူင်မှုမရှိ။ [အား] လုံးတို့သည် ဆိုလာနည်းစနစ်ဖြင့် ကျယ် ပြောသောသေခြင်းတွင် မျိုးတုံးပျောက်ကွယ်သွားစေရန် စီမံထား သည်။ လူသား၏အောက်မြင်မှုအားလုံးသည် ပျက်စီးလျက်ရှိသော စကြာဝဠာတစ်ခု၏ အောက်ခြေအစအနတွင် မလွဲမရှောင်သာ မြှုပ်နှံရမည်ဖြစ်သည်။ (Lord Bertrand Russell, လွတ်လပ် သောလူတစ်ဦး၏ ဝတ်ပြုကိုးကွယ်ခြင်း )

သူသည် နှစ်ဆယ်ရာစုက ထူချွန်ထက်မြက်သောသူတစ်ဦးဖြစ်ပါသည်။ သို့ရာတွင် ရှေ့ဆက်သူမျှော်လင့်ရမည့်အရာမှာ "ပျက်စီးယိုယွင်းသည်စကြာဝဠာတစ်ခု" ပင်ဖြစ်သည်။ ထိုအချက်မှာ "ဇာတိလူ" က မိမိအသက်တာကို အဆုံးသတ်သည့် နည်းလမ်းဖြစ်သည်။ မျှော် လင့်ချက်မရှိ၊ ငြိမ်သက်ခြင်းမရှိ၊ အနာဂတ်မရှိ၊ ဘုရားမရှိ ဖြစ်ပါသည်။ "သူပြန်လာမည့်ကတိ တော် အဘယ်မှာရှိသနည်း" ဟုဆိုလျက် မိမိဇာတိအလိုသို့လိုက်သည့် လှောင်ပြောင်ပြက် ယယ်ပြုသူများရှိကြသည်။

နှစ်ဆယ်ရာစုတွင် နာမည်ကျော်ကြားသည့် အခြားလူတစ်ယောက်မှာ H. G. Wells ဖြစ်သည်။ သူက စက်မှုခေတ်၊ လောက၏စစ်ပွဲများနှင့် သမိုင်းအကျဉ်းချုပ် တို့ကို ရေးသားခဲ့ သည်။ မစ္စတာ ဝဲလ် သည် အတွေးအခေါ်ပညာရှင်၊ သမိုင်းပညာရှင်၊ သိပ္ပံစိတ်ကူးယဉ်ဝထ္ထု ရေးဆရာ တစ်ယောက်ဖြစ်သည်။ သူ၏အသက်တာသည် ခရစ်ယာန်ဘာသာကို တိုက်လှန် ခြင်းဖြင့်သာ ကုန်ဆုံးပါသည်။ သို့ရာတွင် သူသည် အသက်ကြီးရင့်လာသောအခါ "ကျွနု်ပ်ငြိမ် သက်ခြင်းကိုလိုက်ရှာသည်မှာ အသက်ခြောက်ဆယ်ပင်ပြည့်နေပြီ၊ ငြိမ်သက်ခြင်းသည် မျှော် လင့်ချက်မရှိသည့်အိပ်မက်သာဖြစ်သည်" ဟုဆိုခဲ့သည်။ သူ့ဘဝနောက်ဆုံးအချိန်တွင် မစ္စတာ ဝဲလ်က လူသားဟူသည်မှာ "ဆဲရဲမွဲတေမှု၊ ဒုက္ခဆင်းရဲခြင်းနှင့်သေခြင်း" တွင်သာ ပျက်စီးရ သည်ဟု ဆိုထားသည်။

သင်သည် ဤလောကတွင်ရှိကုန်ကြသော လှောင်ပြောင်သရော်သူများနှင့် ပြက်ယယ် ပြုသူများနောက်သို့လိုက်နေသ၍ ခရစ်တော်ကို ရှာတွေ့မည်မဟုတ်။ သင်သည် မည်သို့ကယ် တင်တော်မူခြင်းသို့ရောက်မည်ဟူသောအရာကို တွက်ချက်စဉ်းစားရန် ကြိုးစားနေသမျှကာလ ပတ်လုံး ခရစ်တော်ကို ရှာတွေ့မည်မဟုတ်ပါ။ မိမိကိုယ်ကို အားကိုးအားထားပြုရန် မဟုတ်။ အကြောင်းမှာ

"စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန် ယိုယွင်းသောသဘောရှိ၏။" ( ယေရမိ ၁ရး ၉ )

"စကြာဝဠာတစ်ခုလုံးပျက်စီးခြင်း" မှ ကယ်ချွတ်ခြင်းကို သင်အမှန်တကယ်ရရှိလိုလျှင် ကလေး တစ်ယောက်၏ယုံကြည်ခြင်းကဲ့သို့ ယေရှုကို ယုံကြည်ကိုးစားရမည်။ Mr. Griffith သီဆိုထား သည့် သီချင်းစာသားတွင် သင်၏စိတ်နှလုံးတွင် ပြောရပါမည်။

သခင်ဘုရား၊ ပလ္လင်တော်ထက်မှ ငုံ၍ ကြည့်ရှုတော်မူပါ၊
   စုံလင်သော ယဇ်ပူဇော်ခြင်းပြုလုပ်နိူင်ရန် ကူမတော်မူပါ။
ကျွန်ုပ်ဘဝဒူးထောက်လျက်မျက်မှောက်တော်၊ ကျွနု်ပ်သိသမျှပင်၊
   ကျွန်ုပ်ကိုဆေးကြောမူပါ၊ မိုးပွင့်ထက်ပင် ဖြူစင်ခြင်းငှါ
မိုးပွင့်ထက်ပင်ဖြူစင်ခြင်းငှါ၊ ဟုတ်ပါ၏ မိုးပွင့်ထက်ပင် ဖြူစင်ခြင်းငှါ
   ကျွန်ုပ်ကိုဆေးကြောမူပါ၊ မိုးပွင့်ထက်ပင် ဖြူစင်ခြင်းငှါ
("မိုးပွင့်ထက်ပင်ဖြူစင်စေ"၊ James Nicholson ၁၈၂၈-၁၈၇၆ ရေးစပ်သည်။)

ထို့နောက် သင်သည် "မိမိအသွေးတော်အားဖြင့် ကျွန်ုပ်တို့အား အပြစ်မှဆေးကြောတော်မူ သော" ယေရှုအကြောင်းကို ပြောဆိုနိူင်ကြပေမည်။ သင်တို့သည် ယေရှုကို အလျှင်အမြန် ယုံ ကြည်လက်ခံနိူင်ရန် ကျွနု်ပ်ဆုတောင်းပါ၏။ အာမင်။

ဤတရားဒေသနာကိုခွန်အားရလျှင် Dr. Hymers ထံသို့ အီးမေးလ်တစ် စောင်ပို့ပြီး ပြောပြပါ။ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ် ပါ) မည်သည့်ဘာသာစကားနှင့်မဆို Dr. Hymers ကို စာရေးသားပေး ပို့နိူင်ပါသည်။ သို့သော် ရေးတတ်လျှင် အင်္ဂလိပ်ဖြင့်ရေးလျှင် အကောင်း ဆုံးဖြစ်ပေမည်။

(တရားဒသေနာနိဂုံး)


ဤတရားဒသေနာစာမူမြားကိုဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို မစ္စတာ Abel Prudhomme က ဆောင်ရွက်ပါသည်။ ၂ပေတရု ၃း ၁-၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
"မိုးပွင့်ထက်ဖြူစင်သည်"၊ (James Nicholson ၁၈၂၈-၁၈၇၆) ရေးစပ်သည်။