Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကျဆုံးသောကောင်းကင်တမန်များ-ကျဆုံးသူများအားသတိပေးထားချက်

၂ပေတရု နှင့်ပတ်သက်သည့်တရားဒေသနာ ၄
FALLEN ANGELS - A WARNING TO FALLEN MEN
(SERMON #4 ON II PETER)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
မေလ ( ၁၇ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, May 17, 2015

"အကြောင်းမူကား၊ ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုး နှင့်ချည်နှောင်တော်မူ၏။" ( ၂ပေ ၂း ၄ )


သမ္မာကျမ်းစာက စာတန်သည်ဘုရားသခင်ကိုတော်လှန်ပုန်ကန်သည့် ကောင်းကင် တမန်မင်းဖြစ်ပြီး ကောင်းကင်မှမြေကြီးပေါ်သို့ပစ်ချခြင်းခံရသူဖြစ်ကြောင်း သွန်သင်ထားပါ သည်။ ကောင်းကင်တမန်၏ကျဆုံးခြင်းအကြောင်းကို ယေဇကျေလ ၂၈း ၁၁-၁၉ နှင့်ဟေရှာယ ၁၄း ၁၃-၁၄ တွင် ပေးထားဖော်ပြပါသည်။ စာတန်၏တော်လှန်ပုန်ကန်မှုတွင် များစွာသော ကောင်းကင်တမန်များ ပူးပေါင်းကြလေသည်။ အချို့တို့ကို သမ္မာကျမ်းစာက "နတ်ဆိုးများ" ဟု ခေါ်ဆိုထားသည့် လွတ်လပ်စွာချ၍ထားခဲ့ပြီး အချို့မှာမူ ငရဲသို့ပစ်ချခြင်းကို ခံရပါသည်။ ဤ သည်များမှာ ကျွနု်ပ်တို့၏ကျမ်းပိုဒ်ကပြောဆိုထားသည့် နတ်ဆိုးများပင်ဖြစ်ကြပါသည်။ Dr. Charles C. Ryrie က "ကမ္ဘာဦးကျမ်း ၆း ၁- ၄ တွင် ဖော်ပြထားသကဲ့သို့ မိန်းမများနှင့်ပေါင်း သင်းနေထိုင်ခြင်းဖြင့် ပြစ်မှားသူများမှာ ကောင်းကင်တမန်များပင်ဖြစ်ကြပါသည်"ဟု ဆိုထား သည်။ (The Ryrie Study Bible, Moody Press, ၁၉၇၈၊ ၂ပေ ၂း ၄ မှတ်စု )

ဧဖက် ၆း ၁၁- ၁၇ က စာတန်၏လက်အောက်တွင် နတ်ဆိုးပေါင်း ထောင်ကျော်ရှိ ကြောင်းပြသထားပါသည်။ သူတို့သည် ယနေ့ကမ္ဘာတွင်လည်း အမြဲတက်ကြွနေပါသည်။ Dr. Martyn Lloyd-Jones က "ထောင်ပေါင်းများစွာ၊ ဒါမ, မဟုတ် သန်းပေါင်းများစွာသော မာနတ် များရှိသည်" ဟုဆိုပါသည်။ (Christian Unity, The Banner of Truth Trust, ၁၉၈၀၊ စာ- ၅၈ )

ကျွနု်ပ်သည် ၁၉၇၀ အစောပိုင်းကာလများတွင် လူငယ်ဟစ်ပီများအတွက် အသင်း တော်တစ်ခုကို တည်ထောင်သူဖြစ်ပါသည်။ ထိုအသင်းတော်သည် ယနေ့တိုင် ရှိလျက်နေသေး သော်လည်း ယနေ့တွင် တောင်ပိုင်းနှစ်ခြင်းအသင်းတော်ဖြစ်လျက်နေသည်။ ထိုအတွေ့အကြုံ က စာတန်၏တန်ခိုးကို သတိပြုမိစေပါသည်။ သဘာဝတရားကလာသောအရင်းအမြစ်မဟုတ် သည်များကို မြင်ခဲ့ကြားခဲ့ရပါသည်။

Dallas Theological Seminary တွင်အမှတော်ထမ်းဆောင်နေသည့် ဒေါက်တာ Merrill F. Unger က ၄င်း၏စာအုပ်ဖြစ်သည့် ယနေကမ္ဘာတွင်ရှိသောနတ်ဆိုးများ စာအုပ်တွင် ယနေ့ခေတ်တွင် နတ်ဆိုးများ၏တွန်းအားက မည်သို့အလုပ်လုပ်နေသည်ကို ပြသခဲ့ပါသည်။ အခန်းခေါင်းစဉ်များမှာ "နတ်ဆိုးများနှင့်နတ်ဝါဒီ" ၊ "နတ်ဆိုးများနှင့်ပယောက"၊ "နတ်ဆိုးများ နှင့်နတ်ဆိုးစွဲမှုများ"၊ "နတ်ဆိုးများနှင့်မှားယွင်းသောဘာသာတရားများ"၊ အခြားအခြားသော ခေါင်းစဉ်များတို့ဖြစ်ပါသည်။ (Merrill F. Unger, Ph.D., Th.D., ယနေ့ကမ္ဘာရှိနတ်ဆိုးများ Tyndale House Publishers, ၁၉၇၁ )

သို့ရာတွင် ကျွနု်ပ်တို့အသုံးပြုထားသောကျမ်းပိုဒ်ကပြောဆိုသည့်နတ်ဆိုးများသည် ယ နေ့ကျွနု်ပ်တို့တွေ့ကြုံနေရသောနတ်ဆိုးများထက်သာ၍ လုပ်ဆောင်ကြပါသည်။ Dr. John MacArthur က မှန်မှန်ကန်ကန်ဆိုထားသည်မှာ "သူတို့သည် မိန်းမနှင့်ပေါင်းသင်းနေထိုင်သူ များအထဲသို့ဝင်ရောက်ကြသည်" ဟုဆိုထားပါသည်။ (The MacArthur Study Bible, ၂ပေ ၂း ၄ မှတ်စု) ဤသည်က ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းကိုစေလွှတ်ရသည့်တိုင် နတ်ဆိုး စီးသည့်လူသားမျိုးနွယ်ကို မွေးဖွါးလာပါသည်။ ထိုရာဇဝတ်မှုများကြောင့် ဤနတ်ဆိုးအဖွဲ့ကို ငရဲ(တာထာ့) သို့ချပစ်လိုက်သည်။ အချို့ကို မှောင်မိုက်ထဲ၌ ချုပ်နှောင်ထားပါသည်။ Dr. Kenneth Wuest က "ရှင်ပေတရုသည် ထာဝရမီးအိုင်ထဲသို့ပစ်ချခြင်းခံရမည့် ပလ္လင်ဖြူတရား စီရင်ခြင်းမတိုင်မှီအထိ [ ဤ ] ကျဆုံးသောကောင်းကင်တမန်များချုပ်နှောင်ထားရာ မျက်မြင် မရသောကမ္ဘာအကြောင်းကို ပြောဆိုခြင်းဖြစ်သည်" ဟုဆိုပါသည်။ (Kenneth S. Wuest, Wuest's Word Studies From the Greek New Testament, အတွဲ ၂၊ Eerdmans Publishing Company, ၁၉၅၄၊ ၂ပေ ၂း ၄ မှတ်စု )

Dr. Henry M. Morris က " နတ်ဆိုးတမန်များ၏အခန်းကဏ္ဍသည် ဘုရားသခင်အား ဆန့်ကျင်မှုပြုရာတွင် စာတန်နောက်ကိုလိုက်ရုံသာမက 'လူ့သမီးများနှင့်အတူ' ပေါင်းဖက်ခြင်း အားဖြင့် လူသားမျိုးနွယ်အားလုံးကို ဖျက်ဆီးရန်လည်းဖြစ်ပါသည်။ (ကမ္ဘာဦး ၆း ၁-၄၊ ၂ပေ ၂း၄) သူတို့အား နောက်ဆုံးသောတရားစီရင်ခြင်းကိုစောင့်စားရင် ငရဲ၏ အနိမ့်ဆုံးနှင့်အမှောင် မိုက်ဆုံးသောအခန်းတွင် ချုပ်နှောင်ကန့်သတ်ထားပါသည်" ဟုဆိုသည်။ (Henry M. Morris, Ph.D., The Defender's Study Bible, World Publishing, ၁၉၉၅၊ ယုဒ ၆မှတ်စု )

"အကြောင်းမူကား၊ ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင် သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအ လို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုး နှင့်ချည်နှောင်တော်မူ၏။" (၂ပေ ၂း ၄)

ဤနေရာတွင်တွေ့ရသည့် ဇာတ်လမ်းအကြောင်းအရာမှာ ဘုရားသခင်သည် ဤကျ ဆုံးသောကောင်းကင်တမန်များကို ဒဏ်ပေးထားသည်ဖြစ်၍ ယေရှုခရစ်အားဖြင့် ရွေးနှုတ်ခြင်း မခံရသော ကျဆုံးသည့် ယောကျ်ားနှင့်မိန်းမများကိုလည်း တရားစီရင်မည်ဖြစ်သည် ဟူ၍ပင် တည်း။

၁။ ပထမအချက်၊ ကျွနု်ပ်တို့၏ကျမ်းပိုဒ်ကို သတိပေးထားချက်တစ်ခုအဖြစ် ဆင်ခြင်ပါ။

"အကြောင်းမူကား၊ ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရား သခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ…"

အပြစ်စီရင်ခြင်းအကြောင်းကို ဤအရာထဲတွင် တွေ့ရှိနိူင်ပါသည်။ အနာဂတ်တရားစီ ရင်ခြင်းကို ဤအရာတွင် တွေ့ရှိနိူင်ပါသည်။ အကြောင်းမှာ သူတို့သည် တရားစီရင်ခြင်းတွင် သီးသန့်ထားပေးပါသည်။ ပြစ်မှားသောဤကောင်းကင်တမန်များသည် တချိန်က ကောင်းကင် တွင်ရှိသည့် ကောင်းကင်တမန်များဖြစ်ကြောင်းကို သတိပြုပါ။ သူတို့သည် တချိန်က ကောင်း ကင်တွင် နေထိုင်ခဲ့ကြသည်။ မကောင်းသောအမှုအရာနှင့်ပူးပေါင်းခြင်းမရှိကြပါ။ သူတို့၏မိတ် ဆွေများသည် သူတို့ကဲ့သို့ပင် စုံလင်သောဝိညာဉ်များဖြစ်ကြသည်။ သို့ရာတွင် သူတို့သည် အပြစ်ကိုရွေးချယ်နိူင်သည်။ ပြစ်မှားရန် ရွေးချယ်ကြသည်။ မကောင်းသောအမှုအရာသည် ဤ ကောင်းကင်တမန်တို့၏နှလုံးသားထဲသို့ဝင်ရောက်လာခဲ့သည်။ ရန်ငြိုးဖွဲ့ခြင်း၊ မာန်မာန နှင့် တော်လှန်ပုန်ကန်မှုများသည် သူတို့အထဲသို့ဝင်ရောက်လာသဖြင့် သူတို့သည် ဘယ်တော့အခါ မျှ လွတ်မြောက်နိူင်ခြင်းမရှိနိူင်တော့မည့် ငရဲသို့ ပစ်ချခြင်းကို ခံရကြသည်။

သင်သည် ဘုရားတရားကိုင်းရှိုင်းသောမိဘများ၏ကလေးတစ်ယောက်ဖြစ်ချင်ဖြစ်နိူင် ပါသည်။ သင်သည် အသင်းတော်တွင် ရှင်သန်ကြီးထွားလာသူတစ်ဦးလည်းဖြစ်နိူင်ပါသည်။ သို့ သော် ပျောက်သောသူကဲ့သို့အဆုံးသတ်ပြီး ''အပြစ်စီရင်ခြင်းနှင့်ထိုက်တန်သည့် မှောင်မိုက်ထဲ သို့ချုပ်နှောင်ခံရလျက်ရှိနိူင်ပါသည်။"

Hitler ကို အသင်းတော်တွင်အသိအမှတ်ပြုပြီး နှစ်ခြင်းခံပြီးသူဖြစ်သည်။ ထို့အပြင် သူသည် သံစုံသီချင်းတွင် ပါဝင်သီဆိုနိူင်ရန်အတွက် သီဆိုနည်းဟန်ကို သင်ယူလေ့လာရန် ဂီတကျောင်းသို့သွားခဲ့သည်။ Mao Tse Tung သည် ကျမ်းစာကျောင်းသို့သွားခဲ့သည်။ Stalin သည် အမှုတော်အကြောင်းသင်ယူလေ့လာရန် သင်တန်းကျောင်းသို့သွားခဲ့သည်။ Darwin က ကျမ်းစာကိုလေ့လာသင်ယူခဲ့သည်။ သူသည် ဓမ္မပညာအခြေခံဘွဲ့ကို ရရှိခဲ့သည်။ တကယ် တော့ သူရရှိသည်မှာ ဘွဲ့တစ်ခုတည်းသာဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်တွင် ထူးချွန်ထက် မြစ်သော ထောင်ပေါင်းများစွာသောသူတို့သည် ဓမ္မပညာတွင် အခြေခံဘွဲသာရရှိသောလူတစ် ဦး၏ကြမ်းတမ်းပြီး ထူးဆန်းသောသီအိုရီများကိုသာ ယုံကြည်ကြသည်။ ဤသူတို့က လူသားတို့ အားပြုတော်မူသည့် ဖွင့်ဟပြောထားခြင်းမရှိသည့် နာကျင်စေမှုအကြောင်းကို စဉ်းစားဆင်ခြင် ပါ။ ရေတွက်မရနိူင်သည့်လူသားဘဝများကို ဖျက်ဆီးသည့်ဘက်ဆီသို့ဦးဆောင်ထားသည့် မိုက်မဲမှုနှင့်ရူးသွက်ခြင်းအကြောင်းကို ဆင်ခြင်ကြည့်ပါ။

Vincent Van Gogh သည် အမှုတော်ဆောင်တစ်ဦး၏သားဖြစ်သည်။ Van Gogh ကိုယ်တိုင်က စပါဂျွန်၏ထုတ်ဝေသောတရားဒေသနာများကိုယူဆောင်ပြီး လန်ဒန်မြို့ရှိများစွာ သောဘုရားကျောင်းတွင်ဟောကြားခဲ့သည်။ သို့သော် Van Gogh သည် အက်ဆစ်သီကိုစွဲသ ဖြင့် မူးယစ်ဆေးဝါးဖြင့်မရူးမနှံဖြစ်ကာ မိမိကိုယ်ကို သတ်သေခဲ့သည်။ ကဗျာဆရာဖြစ်သူ Emily Dickinson သည် နိူးထမှုကိုအမှန်တကယ်တွေ့မြင်ရသည့်ကျောင်းတွင် တက်ရောက်ခဲ့ သည်။ သူမ၏သူငယ်ချင်းမိတ်ဆွေများအားလုံးသည် ပြောင်းလဲကြသည်။ သို့သော် Emily Dickinson သည် ခရစ်တော်ကိုယုံကြည်ကိုးစားရန် ငြင်းဆန်ခဲ့သည်။ သူမသည် ၄င်း၏ဘဝကို စိတ်ပျက်ခြင်းနှင့်ရူးသွက်ခြင်းများတွင်မြှုပ်နှံထားပြီး ရသေ့တပါးကဲ့သို့ ဘဝကို အဆုံးသတ်ခဲ့ သည်။ "ထိုသို့ ကျွနု်ပ်အသက်တာတွင်ဖြစ်မည်မဟုတ်" ဟု သင်ပြောဆိုပေမည်။ သင်အမှန်တ ကယ်ပြောရလို့လား။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။

"အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည်မလဲခြင်းငှါ သတိပြုစေ။" ( ၂ကော ၁ဝး ၁၂ )

သင်မည်မျှထွားကြိုင်းနေပါစေ၊ သင်မည်မျှသန့်ပြန့်နေပါစေ၊ သတိပြုရပါမည်။ ကောင်း ကင်တမန်များပင်လျှင် ကျဆုံးနိူင်လျှင် သင်လည်း ကျဆုံးနိူင်ပါသည်။ နံနက်သားမိုးသောက် ကြယ်၊ ကောင်းကင်တမန်မင်းလူစီဖာ စာတန်အဖြစ်ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်တမန် များသည် အပြစ်ထဲသို့လဲကျပြီး များစွာသောသူတို့သည် ရေလွှမ်းမိုးခြင်းမတိုင်မှီတွင် လူသား မျိုးနွယ်တို့အားအဆိပ်အတောက်ဖြစ်စေသည့် ကာမပြင်းပစေသည့်နတ်ဆိုးများဖြစ်လာကြပါ သည်။ နိမိတ်လက္ခဏာများကိုပြသပြီး နတ်ဆိုးများကိုနင်ထုတ်သော တမန်တော်ရှင်ယုဒရှာ ကာယုတ်သည် ခရစ်တော်ဘုရားကိုသစ္စာဖောက်သည့် "သစ္စာဖောက်" ဖြစ်လာခဲ့ပါသည်။

"အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည်မလဲခြင်းငှါ သတိပြုစေ။"

ဤပုံဝတ္ထုမှာ စပါဂျွန်က ထိုကျမ်းပို်ဒ်ကဟောကြားသည့် တရားဒေသနာမှ လိုက်ဖက် အောင်ပြင်ဆင်ထားခြင်းဖြစ်ပါသည်။ အိန္ဒယအကြီးအကဲတစ်ဦးက ကျားသစ်တစ်ကောင်ကို ယဉ်ကျေးသိမ်မွေ့စေသည်။ သူသည် ကြောင်ငယ်လေးအရွယ်ရှိစဉ်ကတည်းက မွေးမြူခဲ့ပါ သည်။ ၄င်းသည် ကြောင်ကလေးတစ်ကောင်ကဲ့သို့ အိမ်ထဲလှည့်လည်ပြီး လူတိုင်းသည် ထို ကျားသစ်နှင့်ဆော့ကစားကြသည်။ တနေ့တွင် လူကြီးတစ်ဦးသည် ၄င်း၏ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အိပ်နေသည်။ ကျားသစ်ကလေးသည် ၄င်း၏လက်ကို လျှာဖြင့်ရက်သည်။ ထို့ကြောင့် အရေပြားသည် ပွန်းပဲ့လာပြီး ကျားသစ်ငယ်လေးသည် သွေးကို မြည်းစမ်းလာသည်။ ထိုအချိန် မှ၍ ကျားသစ်လေးသည် အိမ်ထဲတွင် ဆက်လက်နေထိုင်လိုစိတ်မရှိတော့ပေ။ သူသည် သတ် ဖြတ်ပြီး တောထဲသို့ထွက်ပြေးရန်သာစိတ်အား ထက်သန်လာပါသည်။ ထိုကျားသစ်သည် ယဉ် ပါးပါသည်။ သို့သော် ၄င်းသည် ကျားသစ်သာလျှင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုလူကြီးတစ်ဦး သည် ခရစ်ယာန်တစ်ယောက်ဖြစ်ဟန်တူနိူင်သည်။ သို့သော် ၄င်း၏စိတ်နှလုံးသားထဲတွင် ပြောင်းလဲခြင်းလုံးဝမရှိပါ။ သူသည် ကျဆုံးသောလူသာဖြစ်လျက်နေသေးသည်။ အပြစ်ကို မြည်းစမ်းခြင်းက သူအထဲတွင်တည်ရှိလျက်နေသော ကြမ်းတမ်းသည့်တိရိစ္ဆာကို ဖော်ပြပါလိမ့် မည်။ ကောင်းမွန်သည့်အကျင့်စာရိတ္တခပ်ပါးပါးလေးသည် သွေးဆောင်ဖြားယောင်းမှုအောက် တွင် ကွယ်ပျောက်သွားလိမ့်မည်။ သင်သည် ကောင်းသည့်သဘောရှိဟန်တူသော်လည်း ပြောင်းလဲခြင်းမရှိလျှင် ဆိုးမိုက်လျက်သာ နေနေမည်ဖြစ်သည်။ အမှုတော်ထဲသို့သွားရောက် ကာ အံ့ဘွယ်တရားဒေသနာကိုဟောကြားပြီး ဆိုးသွင်းသည့်အပြစ်ထဲသို့ကျဆင်းသောသူ တစ် ယောက်ကို ကျွနု်ပ်သိထားသည်။ တရားဟောဆရာကောင်းကိုလည်း ကျွနု်ပ်သိထားသည်။ နှစ် အနည်းငယ်ကြာလာသောအခါ မူယစ်ဆေးဝါးစွဲလမ်းသူဖြစ်လာသည်။ သူ့အမျိုးသမီးက သူ့ အားစွန့်ပစ်သဖြင့် လမ်းပေါ်တွင်သာ အသက်ရှင်နေထိုင်ရပါသည်။ တညတွင် ဥယျာဉ်ထဲ၌ အသတ်ခံခဲ့ရပါသည်။ အတုံးကြီးများအတွက် အော်ဟစ်သံကို သူတို့ကြားသိနိူင်ပါသည်။ သမ္မာ ကျမ်းစာက ဤသို့ဆိုထားပါသည်။

"ခွေးသည် မိမိအန်ဖတ်ကိုပြန်၍ စားတတ်၏။ ဝတ်သည်လည်း ဆေးပြီးမှ ရွှံ့တွင်လူးပြန်၏ဟု မှန်သောစကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။"( ၂ပေတရု ၂း ၂၂ )

"နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ဆိုး၏။" (၂ပေတရု ၂း ၂၀ )

"ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ။" သင်ကဲ့သို့ မပြောင်းလဲသည့် အာဒံ၏သားများကို အဘယ့်ကြောင့်နှမြောသင့်သနည်း။ ခရစ်တော်၌ စစ် မှန်သောပြောင်းလဲခြင်းမရှိလျှင် သင့်အပြစ်က သင့်ကို ထင်ရှားစေမည်။ ဘုရားသခင်သည် သင့်အား မာနတ်နှင့်၄င်းတို့၏တမန်များအတွက်ပြင်ဆင်ထားသည့် အံသွားခဲကြိတ်ရာနေရာသို့ ပစ်ချပေလိမ့်မည်။ အပြစ်နှင့်သေသောသူများကို ဘုရားသခင်စီရင်တော်မူမည်။ ဘုရားသခင် သည်ပြစ်မှားသောကောင်းကင်တမန်များကို နှမျှောတော်မမူ။ သင်သည်လည်း မပြောင်းလဲ သေးသည့်အခြေအနေတွင်ဆက်လက်ရပ်တည်နေလျှင် သင့်ကိုလည်း နှမျှောတော်မူမည်မ ဟုတ်။ ၄င်းမှာ ကျွနု်ပ်တို့အသုံးပြုထားသောကျမ်းပိုဒ်ကပေးထားသည့် သတိပေးချက်ဖြစ်သည်။

၂။ ဒုတိယအချက်၊ ကျမ်းပိုဒ်ထဲတွင်ရှိသည့် သွယ်ဝိုက်ပြောဆိုသည့်မျှော်လင့်ချက် ကို ဆင်ခြင်ပါ။

ပြစ်မှားသောကောင်းကင်တမန်များကို ဘုရားသခင်က အရှုံးပေးထားသည်။ သို့သော် သင်ကဲ့သို့ ဆုံးရှုံးသောအပြစ်သားတစ်ယောက်ကို ရွေးနှုတ်ကယ်တင်နိူင်ပါသည်။ ကောင်းကင် တမန်များသည်ကျဆုံးနေသော်လည်း ရွေးနှုတ်ခြင်းခံရသောယောကျ်ားနှင့်မိန်းမတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကြံကြံခံနိူင်သည်။ ထိုအပြစ်ရှိသောကောင်းကင်တမန်များ ၄င်းတို့နေရာတွင် အစားထိုးအသေခံမည့်ကယ်တင်ရှင်တစ်ယောက် ပိုင်ဆိုင်ထားခြင်းမရှိခဲ့ကြ ပါ။ ခရစ်တော်ထံပါးသို့တိုးဝင်ချဉ်းကပ်နိူင်ရန် အလင်းပေးသိနားလည်စေမည့်သန့်ရှင်းသော ၀ိညာဉ်တော်လည်း မပိုင်ဆိုင်ထားကြပါ။ ခရစ်တော်၏အသွေးတော်သည်လည်း သူတို့အပြစ် များကို ဆေးကြောတော်မမူပါ။ ဧဝံဂေလိတရားကိုလည်း ကြားနာခြင်းမရှိခဲ့ကြပါ။ ဘုရား သခင်က ဆိုးသွင်းသောယောကျ်ားနှင့်မိန်းမ များအတွက် အပြစ်လွှတ်ခြင်းနှင့်ကယ်တင်ခြင်း ကိုပေးထားသည်က ကျွနု်ပ်ကို ၏အံ့သြမင်သက်စေခဲ့သည်။ ကျဆုံးသောကောင်းကင်တမန် များအား ကယ်တင်ခြင်းကို ပေးတော်မမူပါ။ နောက်ဆုံးသောတရားစီရင်ခြင်းနှင့်ထာဝရမီးငရဲ အိုင်သို့မရောက်မှီတိုင်အောင် မှောင်မိုက်တွင် ချုပ်နှောင်ထားခြင်းကို ခံရကြသည်။ ဘုရားသခင် သည် ကောင်းကင်တမန်များအား ဒုတိယအခွင့်ထူးကို ပေးတော်မမူပါ။ သူတို့အပြစ်ကိုစီရင် တော်မမူမှီ နှစ်ပေါင်းများစွာ စောင့်ဆိုင်းထားခြင်းမရှိပါ။ သူတို့သည်အပြစ်ကိုပြုသည်နှင့်တပြိုင် နက် ထာဝရအသက်ရှင်ခြင်းကို ဖြတ်တောက်ထားလိုက်သည်။

အပြစ်ထဲတွင် အချိန်မည်မျှကြာမြင့်အောင် အသက်ရှင်ခဲ့ပါသနည်း။ အချို့တို့သည် ပြောင်းလဲခြင်းမရှိဘဲ နှစ်ပေါင်းများစွာအသက်ရှင်နေထိုင်ခဲ့ကြပါသည်။ တနင်္ဂနွေနေ့တိုင်းဟော ကြားသည် ဧဝံဂေလိတရားကို ကြားခဲ့ရသော်လည်း ခရစ်တော်ကို အချိန်ကြာမြင့်စွာ ငြင်းပယ် ခဲ့ပါသည်။ သင့်အပေါ်ထားရှိသော ဘုရားသခင်၏သည်းခံခြင်းသည် အံ့ဘွယ်ကောင်းလှပေ သည်။ ပြစ်မှားသောကောင်းကင်တမန်များကို ဘုရားသခင်နှမြောတော်မမူသော်လည်း သင့်ကို နှမြောတော်မူသည်။ အဘယ့်ကြောင့်နည်း။

ထိုကောင်းကင်တမန်များကို ဧဝံဂေလိတရား လုံးဝပင်မပေးခဲ့ပါ။ သူတို့သည် ကျဆုံး လျှင် ကယ်တင်ခြင်းအတွက် အနာဂတ်အခွင့်ထူးများမရှိတော့ပါ။ သူတို့သည် တဖန်ပြန်ထရန် မလွယ်ကူလှပါ။ ကောင်းကင်တမန်များတွင် ယဇ်ပူဇော်ခြင်းမရှိပါ။ သူတို့အတွက် အသေခံပေး မည့် ဘုရားသခင်၏သားတော်လည်းမရှိ။ သူတို့အတွက် အပြစ်ကိုဆေးကြောပေးမည့် အသွေး တော်လည်းမရှိပါ။ သူတို့အား တရားဒေသနာဟောကြားမည့်သူလည်း မရှိပါ။ သို့ရာတွင် သင်တို့သည် နောင်တရပြီး ခရစ်တော်ထံသို့လာရန် ကြိမ်ဖန်များစွာ ကျွနု်ပ်ခေါ်ဖိတ်ပါသည်။ ယေရှုခရစ်ကိုယုံကြည်ကိုးစားပြီး ထာဝရအသက်ကိုရယူရန်လည်း ခေါ်ဖိတ်ထားပါသည်။

နတ်ဆိုးများအတွက် အပြစ်လွှတ်ခြင်းနှင့်မျှော်လင့်ခြင်းမရှိပါ။ သို့သော် သင့်အတွက် အပြစ်လွှတ်ခြင်းနှင့်မျှော်လင့်ခြင်းရှိပါသည်။ တဖန် ခရစ်တော်မိန့်တော်မူသည်မှာ ဤသို့ဖြစ် သည်။

"ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါ သည် ချမ်းသာပေးမည်။" (မဿဲ ၁၁း ၂၈ )

ယေရှုက သင့်အား "ငါ့ထံသို့လာပါ" ဟုဆိုထားသည်။ ထိုသို့သောခေါ်ဖိတ်သံကို ကျဆုံးသော ကောင်းကင်တမန်များအားပေးထားခြင်းမရှိပါ။ သို့ရာတွင် သင်တို့အား "ငါ့ထံသို့လာကြလော့.. ငါသည်ချမ်းသာပေးမည်" ဟုဆိုထားသည်။ ငါ့ထံသို့လာ၍ ယုံကြည်ကိုးစားပါ၊ အသွေးတော် အားဖြင့် အပြစ်မှ ဆေးကြောပေးသနားတော်မူမည်။

သူသည် ကျဆုံးသောကောင်းကင်တမန်များအားမပေးသောအရာကို သင်တို့အားပေး တော်မူသည်။ ထိုအရာမှာ ချားလ်ဝယ်စလီသီဆိုသည့် အံ့ဘွယ်မေတ္တာတော်ပင်ဖြစ်သည်။

"အံ့ဘွယ်မေတ္တာ၊ ကြီးမားလှပေ
ကျွနု်ပ်ဘုရား သေခံတော်မူပေ။"
( "ဖြစ်နိူင်သလော" ချားလ်ဝယ်စလီ ၊ ၁၇၀၇-၁၇၈၈ ရေးစပ်သည်။ )

ယေရှုသည် အားကိုးသောသင်တို့အား ယခုကယ်တင်ရန် အဆင်သင့်ဖြစ်တော်မူပြီ။ မည်သို့ သောအပြစ်မျိုးကို ပြစ်မှားကျူးလွန်နေသည်ဖြစ်စေ၊ ခရစ်တော်ကိုယုံကြည်လက်ခံသည်နှင့် အသွေးတော်အားဖြင့် သန့်ရှင်းစေတော်မူမည်။!

သူ့ကိုအားကိုးယုံကြည်ရန် အလွန်ပင်ခက်ခဲပါသလား။ လွယ်ကူပါသည်။ ကျွနု်ပ်သည် သင်းအုပ် Wurmbrand ၏ စာအုပ်ဖြစ်သည့် Tortured for Christ ကို တစ်ပတ်လျှင် အကြိမ် များစွာဖတ်ရှုပါသည်။ သင်းအုပ်က ဤသို့ဆိုထားသည်။

ကျွနု်ပ်သည် တချိန်က ရိုမေးနီးယားရှိ အောထောဒေါက်ဘီရှော့ခ် တစ်ဦးကို သိခဲ့ရပါသည်။ သူသည် မိမိသိုးကို လူသိရှင်ကြားစွက်စွဲ ပြောဆိုသည့် ကွန်မြူနစ်သမားတစ်ယောက်ဖြစ်သည်။ ကျွနု်ပ် သည် သူ၏လက်ကိုကိုင်လျက် ပျောက်သောသားအကြောင်းကို ပြောခဲ့သည်။ ၄င်းမှာ သူ၏ဥယျာဉ်တော်တွင် ညနေစောင်းအချိန် ပင်ဖြစ်သည်။ "ပြန်လာသောသားအား ဘုရားသခင်က မေတ္တာဖြင့် လက်ခံတော်မူသည်ကို ကြည့်ရှုပါ၊ နောင်တရသော ဘီရှော့ခ်ကို ပင်လျှင် ဝမ်းမြောက်လျက် လက်ခံတော်မူသည်" ဟု သူ့အား ပြောပြသည်။ သူ့အား ခရစ်ယာန်တေးသီချင်းတစ်ပိုဒ်ကို သီဆိုပြ သည်။ ဤလူသည် ပြောင်းလဲသွားပါသည်။ (Richard Wurmbrand, Tortured for Christ, Living Sacrifice Books, ၁၉၉၈၊ စာ- ၉၀ )

မည်သို့သောအပြစ်ကို သင်ကျူးလွန်နေပါစေ၊ သို့မဟုတ် တွေးတောကြံဆနေပါစေ၊ ယေရှုက သင်၏အပြစ်ကို ခွင့်လွှတ်တော်မူမည်။ သူသည် သင့်အပြစ်ကိုခွင့်လွှတ်ပြီး အသွေးတော်အား ဖြင့်ဆေးကြောတော်မူမည်။ ထိုအောထောဒေါက်ဘီရှောခ်အတွက်လုပ်ဆောင်ပေးထားသောအ ရာအား သင့်အပေါ်တွင်လည်း လုပ်ဆောင်ပေးမူမည်။ သူ့ကိုသာယုံကြည်ကိုးစားပါ။ သင့်ကို ကယ်တင်တော်မူလိမ့်မည်။ ယေရှုက ဤသို့ဆိုပါသည်။

"ငါ့ထံသို့လာသောသူကို ငါသည် အလျှင်းမပယ်။" (ယောဟန် ၆း ၃၇ )

သခင်ယေရှုက အထံတော်သို့လာရန် ခေါ်ဖိတ်သည်။ ယေရှုက အပြစ်သားများ သူ့ထံ သို့တိုးဝင်ပြီး ယုံကြည်ကိုးစားလာမည်အကြောင်းကို စဉ်းစားမိသောအခါ ကျွနု်ပ်သည် အံ့သြမင် သက်မိပါသည်။ ကျွနု်ပ်အနေဖြင့်ဆိုရလျှင် အပြစ်သားများသည် ၄င်းတို့အားကယ်တင်ရန် ခရစ် တော်ကို အသနားခံရမည်ဖြစ်သည်။ သို့သော် သူ့ထံပါးသို့လာရန် အသနားခံတောင်းဆိုသူမှာ ယေရှုပင်ဖြစ်ပါသည်။ သူ့ထံသို့လာရန် အပြစ်သားများအား အသနားခံတောင်းခံသူမှာ သန့် ရှင်းသောဝိညာဉ်တော်ပင်ဖြစ်သည်။ သူ့ထံပါးသို့သူတို့နှင့်အတူ တောင်းလျှောက်သူမှာ အသင်းတော်ပင်ဖြစ်ပါသည်။ သူတို့သည် ခရစ်တော်ထံပါးသို့ရောက်ရှိလာရန် ဆုတောင်းပေး သူများမှာ ခရစ်ယာန်များပင်ဖြစ်ပါသည်။

"၀ိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟု ဆိုပါစေ။ ရေငတ်သောသူ သည်လာပါစေ။" ( ဗျာဒိတ် ၂၂း ၁၇ )

ကျွနု်ပ်တို့သည် အဘယ်အရာအတွက် ဆုတောင်းကြပါသနည်း။ သင်သည် ယေရှုထံပါးသို့လာ ရန် ဆုတောင်းကြပါသည်။ သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်သည်ဟူသည်မှာ အဘယ် နည်း။ သင့်အား ယေရှုထံပါးသို့လာရန် ခေါ်ဖိတ်ခြင်းဖြစ်သည်။ ယေရှုမိန့်တော်မူသောအရာ ကား အဘယ်နည်း။ ယေရှုက "ငါ့ထံသို့လာကြလော့" ဟုဆိုသည်။ ကျွနု်ပ်တို့အားလုပ် လုပ် ဆောင်ရန် ယေရှုမိန့်မူသောအရာကား အဘယ်နည်း။ သူက "ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိူင်အ ထက်ခေါ်သွင်းလော့" ဆိုပါသည်။ ( လုကာ ၁၄း ၂၃ ) သင်သည် ယေရှုထံပါးသို့လာပြီး ကယ် တင်တော်မူခြင်းကို လက်ခံရရှိရန် ကျွနု်ပ်တို့အားလုံး အလိုရှိကြပါသည်။ ထိုအရာကို ကျဆုံး သောကောင်းကင်တမန်များအား မိန့်တော်မူသည်မဟုတ်ဘဲ၊ သင်တို့အားသာ ကျွန်ပ်တို့ပြော ဆိုပါသည်။ ယေရှုထံသို့ လာပါ၊ လာပါ၊ လာပါ၊ ကယ်တင်တော်မူခြင်းသို့ရောက်လော့။ သင်၏ သံသယများကို အထံတော်ပါးသို့ဆက်ကပ်ပါ။ ကြောက်ရွံ့မှုများကို အထံတော်ပါးသို့အပ်နှံပါ။ အပြစ်အားလုံးကိုဆောင်လျက် အထံတော်သို့ချဉ်းကပ်ပါ။

ကျွနု်ပ်အတွက် ကယ်တင်သောအရှင် ရပ်လျက်နေ၊
   သူ၏ဒဏ်ချက်များနှင့်လက်တော်ကို ကိုင်မြှောက်ထား။
ဘုရားသခင်၏မေတ္တာ ကျွနု်ပ်သိရှိခံစား၊
   ယေရှုသည် ငိုကြွေးလျက် ကျွနု်ပ်အားချစ်လျက်နေသေး။
("နက်နဲသောမေတ္တာ" ၊ ချားလ်ဝယ်စလီ- ၁၇၀၇-၁၇၈၈ )

ခမည်းတော်ဘုရား၊ အပြစ်သားအချို့သည် သားတော်ရှေ့ရှုထံပါးသို့လာပြီး ကယ်တင် တော်မူခြင်းသို့ရောက်မည်အကြောင်း နာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်…။

ဤတရားဒေသနာကိုခွန်အားရလျှင် Dr. Hymers ထံသို့ အီးမေးလ်တစ် စောင်ပို့ပြီး ပြောပြပါ။ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ် ပါ) မည်သည့်ဘာသာစကားနှင့်မဆို Dr. Hymers ကို စာရေးသားပေး ပို့နိူင်ပါသည်။ သို့သော် ရေးတတ်လျှင် အင်္ဂလိပ်ဖြင့်ရေးလျှင် အကောင်း ဆုံးဖြစ်ပေမည်။

(တရားဒေသနာနိဂုံး)
သင်သည် Dr. Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.realconversion.com သို့မဟုတ် www.rlhsermons.com. ဖြင့် အပတ်စဉ်တိုင်း ကြည့်ရှုနိူင်ပါသည်။ “တရားဒေသနာစာမူ” ကိုနှိပ်ပါ။

သင်သည် Dr. Hymers အား အီးမေးလ် rlhymersjr@sbcglobal.net ဖြင့်လည်း ဆက်သွယ်နိူင်ပါသည်။ သို့မဟုတ် စာအားဖြင့်လည်း ဆက်သွယ်နိူင်ပါသည်။
P.O. Box 15308, Los Angeles, CA 90015. ဖုန်း (၈၁၈)၃၅၂-၀၄၅၂

ဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။

တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ၂ပေ ၂း ၄-၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “နက်နဲသောမေတ္တာ”၊ ချားလ်ဝယ်စလီ ၁၇၀၇-၁၈၇၇ ရေးစပ်သည်။ "ရှိသည့်အတိုင်း" သီချင်း သံစဉ်ဖြင့်ပြန်လည်သီဆိုထားသည့်)


အခှပှေုကမြွး

ကျဆုံးသောကောင်းကင်တမန်များ-ကျဆုံးသူများအားသတိပေးထားချက်အကျဉ်းချုပ်

၂ပေတရု နှင့်ပတ်သက်သည့်တရားဒေသနာ ၄
FALLEN ANGELS – A WARNING TO FALLEN MEN
(SERMON #4 ON II PETER)

Dr. R. L. Hymers, Jr.

"အကြောင်းမူကား၊ ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုး နှင့်ချည်နှောင်တော်မူ၏။" ( ၂ပေ ၂း ၄ )

(ယေဇကျေ ၂၈း ၁၁-၁၉၊ ဟေရှာယ ၁၄း ၁၃-၁၄၊ ကမ္ဘာ ၆း ၁-၄၊
ဧဖက် ၆း ၁၁-၁၇)

၁။ ပထမအချက်၊ ကျွနု်ပ်တို့၏ကျမ်းပိုဒ်ကို သတိပေးထားချက်တစ်ခု အဖြစ် ဆင်ခြင်ပါ။ ၂ပေတရု ၂း ၄က၊ ၁ကော ၁ဝး ၁၂၊ ၂ပေ ၂း ၂၂၊ ၂၀။

၂။ ဒုတိယအချက်၊ ကျမ်းပိုဒ်ထဲတွင်ရှိသည့် သွယ်ဝိုက်ပြောဆိုသည့်မျှော်လင့် ချက်ကို ဆင်ခြင်ပါ။ မဿဲ ၁၁း ၂၈၊ ယောဟန် ၆း ၃၇၊ ဗျာဒိတ် ၂၂း ၁၇၊ လုကာ ၁၄း ၂၃။