Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကြေးမြွေးများနှင့် ကယ်တင်ရှင်

THE SERPENTS AND THE SAVIOUR
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
မတ်လ (ဂ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, March 8, 2015

"ထာဝရဘုရားကလည်း မီးမြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်းကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မော ရှေအားမိန့်တော်မူသည့်အတိုင်း၊ မောရှေသည်ကြေးဝါဖြင့်မွေကိုလုပ်၍ တိုင် ပေါ်မှာ မြောက်ထားပြီးလျှင်၊ မြေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေ ကိုကြည်ရှုသောအခါ အသက်ချမ်းသာရကြ၏။" (တောလည် ၂၁း ၈-၉)


ဂျူးလူမျိုးများသည် သဲကန္တာရတွင် ခရီးနှင်ကြသည်ဖြစ်၍ စိတ်ဓါတ်ကျအားငယ်ကြပါ သည်။ ဘုရားသခင်ကိုလည်းပြစ်မှားကြသည်။ သူတို့၏ခေါ်ဆောင်မောရှေကိုလည်း မထီလေး စားလုပ်ကြသည်။ သူတို့က " သဲကန္တာရတွင် သေကြေပျက်စီးဖို့ အီဂျစ်ပြည်မှ အဘယ့်ကြောင့် ဆောင်ယူလာသနည်း" ဟုဆိုကြသည်။ ထိုအရပ်တွင် မုန့်မရှိပါ။ ရေလည်းမရှိပါ။ ဤပေါ့ပါး သောမုန်းကို မုန်းလှပြီ" ဟုဆိုကြသည်။ ဘုရားသခင်သည် သူတို့ကို ကြွေးမွေးရန် မန္နမုန့်ကို ကြွေးမွေးသော်လည်း မစားလိုကြပါ။ ထိုအရာကို သူတို့က "ပေါ့ပါးသောမုန့်" ဟုဆိုကြသည်။ ဆာလံဆရာက ထိုမန္နမုန့်ကို "ကောင်းကင်တမန်စားသောမုန့်" ဟု တင်စားခေါ်ဝေါ်သည်။ (ဆာလံ ၇၈း ၂၅) သို့သော် ဂျူးလူမျိုးများက ဘုရားသခင်နှင့်မောရှေကို ဆန့်ကျင်ပြီးပြောဆိုကြ ပါသည်။ သူတို့က "ကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် ဤမန္နမုန့်ကို ညဉ်းတွားကြသည်" ဟုဆိုကြ သည်။

ဤသည်မှာ လူ့သဘောသဘာဝအရ အနက်ဖွင့်ဆိုချက်တစ်ခုပင်ဖြစ်ပါသည်။ ၎င်းက လုံးဝဆိုးသွင်းခြင်းနှင့် လူ့နှလုံးသား၏အပြစ်နှင့်ပြည့်နှက်နေခြင်းကို ပြသသည်။

"ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။" (ရောမ ၈း ၇)

သမ္မာကျမ်းစာက ဆက်လက်၍ဆိုထားသည်။

"ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။" ((ရောမ ၃း ၁၀)

လူ့စိတ်နှလုံးသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်ကို ညဉ်းငြူသည့် အကြောင်းတရားပင်ဖြစ်ပါသည်။ အပြစ်ထဲတွင်ရှိသောလူသားသည် သဲကန္တာရ တွင်ရှိသော ဂျူးလူမျိုးများထက် ပိုမကောင်း နိူင်ပါ။ ကွဲပြားခြားနားမှုလည်းမရှိပါ။

"ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့တွင် မီးမွေများကိုစေ လွှတ်တော်မူ၍၊ လူအမျိုးတို့သည် အကိုက်ခံရသဖြင့် သေကြ၏။" (တောလည် ၆း ၂၁)

သမ္မာကျမ်းစာက "အပြစ်တရား၏အခကားသေခြင်းဖြစ်သည်" ဟုဆိုထားပါသည်။ (ရောမ ၆း ၂၃) သမ္မာကျမ်းစာက "ပြစ်မှားသောဝိညာဉ်သည် အမှန်သေရမည်" ဟုဆိုသည်။ (ယေဇ ကျေလ ၁၈း ၄၊ ၂၀)

သို့သော် ကျန်သောသူများသည် မောရှေထံပါးသို့လာ၍၊ "ငါတို့ပြစ်မှားပါပြီ၊ မီးမြွေကို ပြန်လည်ရုတ်သိမ်းပေးရန် ဘုရားသခင်ထံဆုတောင်းပေးပါဟုဆိုကြသဖြင့် မောရှေသည် သူတို့အတွက် ဆုတောင်းပေးခဲ့သည်။" (တောလည် ၂၁ါ် ၇)

ဘုရားသခင်က ကျွန်ုပ်တို့အားပြသသော ကြီးမားလှသည့် သနားခြင်းကရုဏာတော် ကို သတိရရန်လိုအပ်ပါသည်။ ဘုရားသခင်သည် သူတို့အား ကျွန်ခံရာ အီဂျစ်ပြည်မှ နှုတ် ဆောင်ခဲ့သည်။ ဘုရားသခင်သည် ပင်လယ်နီကိုဖြတ်သန်းသည့်အချိန်တွင်လည်း ခြောက်သွေ သောမြေတွင် လျှောက်လှမ်းနိူင်ရန် ဦးဆောင်လမ်းပြတော်မူခဲ့သည်။ ကျန်ရှိနေသော ဓမ္မ ဟောင်းကျမ်းတွင် ဤကြီးမားသည့် ရွေးနှုတ်ခြင်းအကြောင်းကို သီချင်းဆိုကြပါသည်။ ဘုရား သခင်က သူတို့အား မန္နမုန့်ဖြင့် နေ့တိုင်းကျှေြးမွေးထားသည်။ ကျောက်မှထွက်စေသောရေ သည်လည်း သူတို့နှင့် ၎င်းတို့၏ကျွဲနွားများအတွက် လုံးလောက်လှပါသည်။ ဘုရားသခင်သည် သူတို့အား ကြီးမားသည့် တန်ခိုးတော်ဖြင့် ရန်သူများလက်မှလည်း ရွေးနှုတ်ထားပါသည်။ ဘုရားသခင်သည် သူတို့အား နေ့အချိန်တွင် မိုဃ်းတမ်တိုင်၊ ညအချိန်တွင် မီးတိုင်တို့ဖြစ် ဦး ဆောင်လမ်းပြတော်မူခဲ့သည်။ ဘုရားသခင်၏ဘုန်းတော်သည် သူတို့နှင့်အတူရှိတော်မူသည်။

သို့ရာတွင် သူတို့သည် ဘုရားသခင်သည် သူတို့ကို ချီးမွမ်းတော်မမူ။ ချီးမွမ်းမည့်အစား ယုံတောင်မယုံခဲ့ကြပေ။ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကြသည်။ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ပြောဆိုကြသည်။ မောရှေကိုလည်း ပြစ်မှားကြသည်။ Dr. John R. Rice ကဤသို့ဆိုသည်။

ရုတ်တရက်ပင် လူတို့အလယ်မြက်ပင်မျာကြားတွင် အဆိပ်ရှိသောမြွေ သည်ပေါ်ထွက်လာပြီး ကိုက်သဖြင့် "ဂျူးလူမျိုးများစွာသေဆုံးခဲ့ကြသည်။" ဤနေရာတွင် ဘုရားသခင်၏ပြစ်ဒဏ်နှင့်သနားခြင်းကို အဖြစ်အပျက်တစ် ခုတွင် တွေ့ကြရသည်။ ဤနေရာတွင် ကျေးဇူးတော်နှင့်အမျက်တော် နှစ်ခုစလုံးတွေ့ရှိရပါသည်။ သဲကန္တာရတွင် အပြစ်နှင့် ကယ်တင်ရှင်ကို တ ပြိုင်နက်ထဲဖော်ပြထားပါသည်။ (John R. Rice, D.D., "ဝန်းအတွင်းရှိ မြွေများ"၊ တောင်စောင်းရှိ အသွေးနှင့်မျက်ရည်စက်များ၊ ဝိညာဉ်ဓါးပုံနှိပ် တိုက်၊ ၁၉၇၀၊ စာ-၃၄၊ ၃၅)

ယေရှုက ဓမ္မသစ်ကျမ်းရှိ ရှင်ယောဟန်အခန်းကြီး ၃ တွင် ပြန်လည်တင်ပြထားခြင်း မရှိလျှင် ဤအဖြစ်အပျက်ကို ကျွန်ု္ပ်တို့စဉ်းစားမိမည်မဟုတ်ပါ။

နိကောဒင်ဟု အမည်ရသောသူသည် ညအချိန်တွင် ခရစ်တော်ထံသို့ရောက်လာခဲ့ သည်။ သူသည် ဂျူးများ၏အဓိက ဆရာတစ်ပါးဖြစ်သည်။ သူသည် ဖာရိရှိတစ်ဦးဖြစ်သကဲ့သို့ ဂျူးတို့၏တရားရုံးတွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ သူက "ယေရှုသည် ဘုရားသခင်ထံမှ လာသောဆရာတစ်ပါးဖြစ်ကြောင်း၊ သူလုပ်ဆောင်သမျှသောနိမိတ်လက္ခာကို အဘယ်သူမျှ လုပ်ဆောင်နိူင်မည်မဟုတ်ကြောင်း၊ ဘုရားသခင်သည် သူနှင့်အတူရှိတော်မူကြောင်း ယုံကြည် ထားသူဖြစ်သည်။ (ယောဟန် ၃း ၂)

သို့သော် နိကောဒင်သည် မည်သို့အသစ်တဖန်မွေးဖွားသည်ဆိုသည်ကို နားမလည် ပေ။ ယေရှုက "အသစ်တဖန်မွေးဖွားရမည်" (ယော ၃း ၇) ဟုဆိုသည်။ နိကောဒင်က "အ ဘယ်သို့ဖြစ်နိူင်မည်နည်း" (ယော ၃း၉) ဟုဆိုထားသည်။ ကယ်တင်ခြင်းရရှိခြင်း၊ အသစ်တ ဖန်မွေးဖွားခြင်းနှင့်ပါတ်သက်ပြီး နိကောဒင်က လုံးဝနားလည်သဘောပေါက်ခြင်းမရှိပါ။ ယေရှုက အသစ်တဖန်မွေးဖွားခြင်းနှင့်ပါတ်သက်၍ ပြသရန် သဲကန္တာရရှိမြွေကို ပုံဥပမာထား ၍ သတိပေးပြောခဲ့သည်။

အသစ်တဖန်မွေးဖွါးခြင်းကို ဓမ္မပညာရှင်များက အသစ်ပြုပြင်ခြင်းဟု ခေါ်ကြပါသည်။ The Reformation Study Bible က ဤသို့ဆိုသည်။

ယေရှု နိကောဒင်၏ပဟေဠိဆန်သောမေးခွန်းကို အံ့ဘွယ်ပြန်လည်ဖြေကြား ခဲ့သည်။ နိကောဒင်သည် ဓမ္မဟောင်းကျမ်းထဲမှ သူသည် အပြစ်သားဖြစ် ကြောင်းနှင့် အသစ်တဖန်မွေးဖွားခြင်းတည်းဟူသော အသစ်ပြုပြင်ခြင်းကို သိရှိနားလည်ရန်လိုအပ်ကြောင်းကို သိရှိထားရပါမည်။ ၎င်းမှာ ကျွန်ုပ်တို့၏ အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ ချက်ချင်းလုပ်ဆောင်ချက်ပင်ဖြစ်ပါ သည်။ ၎င်း၏အကျိုးသက်ရောက်မှာ ဝိညာဉ်ရေးရာသေခြင်းမှ အသက်ရှင် ခြင်းသို့ လျှင်မြန်စွာ ရောက်ရှိစေပါသည်။ (The Reformation Study Bible, Ligonier Ministries, ၂၀၀၅၊ စာ-၁၅၁၄၊ ယော ၃ မှတ်စုဖြစ်သည်။)

ယခုတွင် ကျွန်ုတို့သည် ယောဟန် ၃း ၁၄၊ ၁၅ ဆီသွားသွားကြပါစို့။ ၎င်းသည် The Scofield Study Bible တွင် စာမျက် နှာ ၁၁၁၇၌ရှိသည်။ ယေရှုက နိကောဒင်အား အသစ်တ ဖန်မွေးခြင်းအကြောင်းမည်သို့ရှင်းပြထားသည်ကို တွေ့ရသည်။ နိကောဒင်သည် ပထမကျမ်း ငါးစောင်တည်းဟူသော ပညတ္တိကျမ်းများကို စိတ်နှလုံးအားဖြင့်သိသည်။ တောလည်ရာကျမ်း မှာ စတုတ္ထမြောက်ကျမ်းဖြစ်သည်။ နိကောဒင်သည် ထိုအကြောင်းအရာကို ကောင်းစွာသိနား လည်ပြီး အလွတ်ပင်ရနိူင်သည်။ အားလုံးပင်ရရှိနိူင်သည်။ ထို့ကြောင့် ယေရှုက အဆိတ်ရှိ သောမြွေအကြောင်းကို မည်သို့ကယ်တင်ခြင်းရရှိသည်၊ မည်သို့အသစ်တဖန်မွေးဖွါးသည် တို့ကိုရှင်းပြရန် အသုံးပြုထားသည်။ ကျေးဇူးပြုပြီး မတ်တပ်ရပ်လျက် The Scofield Study Bible ကျမ်း စာမျက်နှံ ၁၁၁ရ ရှိ ယောဟန် ၃း ၁၄၊ ၁၅ ကို ဖတ်ကြပါစို့။ ယေရှုက နိကောဒင် အား ဤသို့ဆိုသည်။

"မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက် ထားခြင်းကို ခံရမည်။ ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ် တော်ကိုယုံကြည်သောသူတို့အား ပျက်စီးခြင်းသို့မဟုတ် ထာဝရအသက်ရ မည်အကြောင်းတည်း။" (ယော ၃း ၁၄၊ ၁၅)

အားလုံးထိုင်နိူင်ပါပြီး။ ကြည့်ပြီး အသက်ရှင်သည်ဟူသည်မှာ ယေရှုခရစ်ကိုယုံကြည်ပြီး ကယ်တင်တော်မူခြင်းသို့ရောက်ခြင်းပေတည်း။ ထိုအရာမှာ ဧဝံဂေလိတရား၏ အနှစ်သာရပင် ဖြစ်ပါသည်။ ဤကျမ်းပိုဒ်ရှိအချက်သုံးချက်ကို သတိပြုပါ။

၁။ ပထမအချက် - အဆိပ်ဆူးနှင့်သေပြစ်

လူတစ်ဦးသည် တဲအတွင်းသို့ ဝင်သွားလျှင် ထိုအရပ်တွင် မြွေများရှိကြသည်။ စားဖို့ ထိုင်သည့်အချိန်တွင်လည်း ထိုအရပ်တွင် မြွေများရှိသည်။ အိပ်ယာကို ဖွင့်သည့်အချိန်တွင် လည်း မြွေများရှိသည်။ မြွေများသည် ကိုက်ရန် အဆင်သင့်ဖြစ်ကြသည်။ ထိုမြွေများက ၎င်းကို ကိုက်သည့်အချိန်တွင် အဆိပ်တက်ပြီး မီးကဲ့သို့ တောက်လောင်လာသည်။ ကိုယ်အတွင်းပိုင်း တွင် အပူတက်နေသည်။ ထိုနောက်တွင် တက်ပြီး သေသွားသည်။ အကိုက်ခံရသောသူတိုင်း သည် ကြောက်မက်ဖွယ်သေခြင်းဖြင့် သေကြသည်။

ယခုတွင် Texas ရှိ The First Baptist Church of Dallas သင်းအုပ်ဆရာ Dr. W. A. Criswell ၏စကားကို နားထောင်ကြပါစို့။ Dr. W. A. Criswell က မြွေအကြောင်းကို ဤသို့ ဆိုပါသည်။

ဤသည်မှာ လူ့နှလုံးသား၏ဆိုးသွင်းပျက်စီးမှု၊ လူ့အသက်တာတွင် အပြစ် တည်ရှိမှုအကြောင်း ခရစ်တော်က အသုံးပြုထားသည့်သာဓကဖြစ်ပါသည်။ ဤဆိုးသွင်းပျက်စီးမှုများသည် ကျွန်ုပ်တို့၏စိတ်နှလုံးသားထဲတွင် တည်ရှိ သည်။ ကျွန်ုပ်တို့၏အိမ်၊ ထခြင်း၊ ထိုင်ခြင်းတွင်လည်း ဆိုးသွင်းမှုရှိသည်။ မလွတ်မြောက်နိူင်သည့်အရာမှာ အပြစ်နှင့်သေခြင်းပင်ဖြစ်သည်။ လူသား ဟူသည်မှာ ပျက်စီးပြီး ကျဆုံးသော မျိုးနွယ်စုပင်ဖြစ်သည်။ သို့ရာတွင် လူသားဘဝတွင်ရှိသော ခက်ခဲသည့် အချက်များကို တွေးတောဆင်ခြင် သည်။ ထိုအချက်မှာပင် လူ့သမိုင်းဖြစ်သည်။ လူတို့သည် အပြစ်တရားထဲ တွင်ပျောက်ဆုံးလျက်ရှိပါသည်။ အပြစ်ကြောင့် သေလျက်ရှိကြသည်။ ဤ မြွေအားလုံးသည် ဖျက်ဆီးတတ်သော အပြစ်ရဲ့တန်ခိုးပင်ဖြစ်ပါသည်။ ဖျက် ဆီးတတ်သော တန်ခိုးအစွမ်းပင်ဖြစ်ပါသည်။
     ဤအဆိပ်ရှိသောမြွေများသည် နေရာတိုင်းတွင် ရှိကြပါသည်။ လူတို့ သည် ခန္ဒာသေခြင်း၊ ဝိညာဉ်သေခြင်း၊ ကိုယ်ကျင့်တရားတွင်သေခြင်း၊ ဒုတိ ယသေခြင်း၊ထာဝရသေခြင်းတွင် သေရတော့မည့်သူများပင်ဖြစ်ကြပါသည်။
     လူသားသည် အပြင်းပိုင်းသဏ္ဍာန်တွင် အကောင်းသဘောရှိဟန်တူ သော်လည်း စိတ်နှလုံးသားထဲတွင် အတူတူပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တူညီသောအကျင့်၊ အာဒံ နှင့်ဧ၀နှင့်အတူဝိညာဉ်ရေးရာနယ်ပယ်တွင်အတူ တူပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဒုက္ခခံရခြင်း၊ ဖျက်ဆီးခြင်း၊ အပြစ်စီရင် ခြင်းစသည်တို့မှ လွတ်မြောက်မည့်နည်းလမ်းလုံးဝမရှိကြပါ။ (W. A. Criswell, Ph.D., "ကြေးမြွေရုပ်", What a Savior!, Broadman Press, ၁၉၇၈၊ စာ- ၄၉-၅၁)

တမန်တော်ရှင်ပေါလုက သတိပေးထားချက်အနေဖြင့် ဂျူးလူမျိုးတို့၏အပြစ်နှင့် ကျွန်ုပ်တို့အ ပြစ်ကို ခိုင်းနှိုင်းထားပါသည်။

"ထိုသူအချို့တို့သည် စုံစမ်းနှုတ်နှောက်ခြင်းကိုပြု၍၊ မြွေဖြင့်ဖျက်ဆီးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော်ကို မစုံစမ်းမနှောက်ယှက်ဘဲ နေကြကုန်အံ့။ ထိုသူ အချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏လက်ဖြင့်ပျက်စီးသ ကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကို မပြုကြနှင့်။ ထိုအကြောင်းအရာရှိသမျှတို့ သည် ပုံသက်သေဖြစ်အံ့သောငှါ ထိုသူတို့၌ရောက်ကြ၏။ ကပ်ကာလအဆုံး တွင်ဖြစ်သော ငါတို့ကိုဆုံးမစရာဘို့ကျမ်းစာ၌ ရေးသားထားလျက်ရှိပါသည်။" (ကော ၁၀း ၉-၁၁)

အပြစ်တရားသည် ၎င်းတို့အပေါ်တွင် တရားစီရင်ခြင်းတရားကို ဆောင်ယူလာပေသည်။ အပြစ် တရားသည် ယနေ့ပင် စီရင်ခြင်းကို ဆောင်ယူလာပေမည်။ "ထိုအရာအားလုံးသည် သာဓက များအဖြစ်ဖြစ်ပျက်ခဲ့ပြီး ကျွန်ုပ်တို့အား သတိပေးဆုံးမချက်များအနေဖြင့် ရေးသားထားခြင်း လည်းဖြစ်ပါသည်။ ၁ကော ၁၀း ၁၁ က ဒုတိယအချက်ဆီသို့ ခေါ်ဆောင်သွားပေလိမ့်မည်။

၂။ ဒုတိယအချက် - အပြစ်နှင့်သေခြင်းအတွက် ကုထုံး

မောရှေသည် လူတို့၏အော်ဟစ်ငိုကြွေးသံများကို ကြားခဲ့ရသည်။ သူတို့သည် မြွေကိုက်ခြင်းကို ခံရပါသည်။ သူသည် တို့ဝေဒနာခံလျက် သေလုမြောပါးဖြစ်ကြရသည်။ မြွေများသည် နေရာတိုင်းတွင် ရှိနေကြပါသည်။

"ထာဝရဘုရားကလည်း မီးမြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်းကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မော ရှေအားမိန့်တော်မူသည့်အတိုင်း၊ မောရှေသည်ကြေးဝါဖြင့်မွေကိုလုပ်၍ တိုင် ပေါ်မှာ မြောက်ထားပြီးလျှင်၊ မြေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေ ကိုကြည်ရှုသောအခါ အသက်ချမ်းသာရကြ၏။" (တောလည် ၂၁း ၈-၉)

သင်တို့သည် ဆေးရုံသို့သွားလျှင် အမှတ်လက္ခဏာကို တွေ့ရပေမည်။ ၎င်းမှာ မြွေနှစ် ကောင်ရစ်ခွေပတ်ထားသည့် တိုင်ပင်ဖြစ်သည်။ ထိုအမှတ်လက္ခဏာကို ဆရာဝန်၏ရုံးခန်း သို့ မဟုတ် ၎င်း၏ဆေးအရောင်းဆိုင်တို့တွင် တွေ့ရှိနိူင်ပါသည်။ ၎င်းသည် အနာငြိမ်းစေခြင်းကို ဖော်ပြထားသည့် တစ်စုံတစ်ဦး၏အမှတ်လက္ခဏာပင်ဖြစ်ပါသည်။ ကျန်းမာခြင်း၊ အနာငြိမ်း ခြင်း၊ ကယ်တင်ခြင်းအတွက်ဖြစ်သင့်သောအရာမှာ သစ်တိုင်ပေါ်တွင်မြွေတစ်ကောင် မြှောက် ထားခြင်းသည် ထူးဆန်းသောအရာပင်ဖြစ်သည်။ ယင်းမှာ မြွေအစစ်အမှန်တော့မဟုတ်ပေ။ ကြေးနှင့်လုပ်ထားပြီး မြှောက်ထားခံရသော မြွေပင်ဖြစ်ပါသည်။

အောက်ပါအကြောင်းအရာကို ပြောသည့်အချိန်တွင် Scofield သည် မှန်္္ကန်သောအ ရာကို ဆိုပေသည်။ "ကြေးမြွေသည် ခရစ်တော်ကို ပုံဆောင်ထားပါသည်။ ကျွန်ုပ်တို့အတွက် အပြစ်ကိုခံယူလျက် တရားစီရင်ခြင်းကို ဆောင်ယူသည်။" (တောလည် ၂၁း ၉ မှတ်စု) ကျွန်ုပ်တို့အားလုံး၏အပြစ်သည် လက်ဝါးကပ်တိုင်ပေါ်၌ ခရစ်တော်အပေါ်တင်ထားခံရသည်။

"ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင် မှာ ခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက် လျက်ရှိကြ၏။" (၁ပေတရု ၂း ၂၄)

ယေရှုကိုယ်တိုင်က နိကောဒင်အားမိန့်တော်မူသည်မှာ……..

"မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက် ထားခြင်းကို ခံရမည်။" (ယောဟန် ၃း ၁၄)

"လူသား" ဟူသည်မှာ ယေရှုကြိုက်နှစ်သက်သောနာမည်ဖြစ်ပါသည်။ သူက "မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ ကျွန်ုပ်သည်လည်း မြှောက်ထားခြင်းကို ခံရပါမည်" ဟုဆို သည်။ မည်သို့သော ပုံဆောင်ချက်ဖြစ်ပါသနည်း။

အရှက်ကွဲခြင်းနှင့် ရိုင်းစိုင်းမှုများကို သယ်ဆောင်
   ကျွန်ုပ်ကိုယ်စား နှိပ်စက်ခြင်းကိုခံရ
အသွေးတော်အားဖြင့် ခွင့်လွှတ်ခြင်းကိုပြုခဲ့
   ဟာလေလုယာ၊ ကယ်တင်သောအရှင်

အသေခံရန် မြှောက်ထားခံရ
   "အမှုပြီးပြီ" သူကြွေးကြော်ခဲ့
ကောင်းကင်ဘုံတွင် ယခုချီးမြှောက်ခံရ
   ဟာလေလုယ၊ ကယ်တင်သောအရှင်
("ဟာလေလုယာ၊ ကယ်တင်သောအရှင်၊" Philip P. Bliss ၁၈၃၈-၁၈၇၆ ရေးသားသည်။

"မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက် ထားခြင်းကို ခံရမည်။" (ယောဟန် ၃း ၁၄)

ထိုအရာသည် တတိယအချက်ဆီသို့ပို့ဆောင်ပေသည်။

၃။ တတိယအချက် - အပြစ်နှင့်သေခြင်းအတွက် ကုထုံးကို လက်ခံနိူင်သည်နည်းလမ်း

"မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက် ထားခြင်းကို ခံရမည်။ ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ် တော်ကိုယုံကြည်သောသူတို့အား ပျက်စီးခြင်းသို့မဟုတ် ထာဝရအသက်ရ မည်အကြောင်းတည်း။" (ယော ၃း ၁၄၊ ၁၅)

ယေရှုကို ယုံကြည်ခြင်းသည် သူ့ကို မျှော်ကြည်ခြင်းဖြစ်သည်။ မျှော်ကြည့်ခြင်းသည် အသက်ရှင်ခြင်း၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းခံရခြင်း၊ ဆေးကြောခြင်း၊ စင်ကြယ်စေခြင်း တို့ဖြစ်သည်။ ထိုအကြောင်းအရာနှင့်ပါတ်သက်ပြီး ခက်ခဲမှုမရှိပါ။ ယုံကြည်ခြင်းဖြင့် ယေရှု ကိုမျှော်ကြည့်ပါ။ ကျွန်ုပ်တို့အသင်းတော်ရှိအသင်းသားတိုင်းက ထိုသို့လုပ်ဆောင်ကြပါ သည်။ ထိုအရာသည် လွယ်ကူပေသည်။ သို့မဟုတ် ကျွန်ုပ်မိန်းမသည်လည်း ကျွန်ုပ်ဟော ကြားသည့် ဧဝံဂေလိတရားကို ပထမဆုံးကြားခဲ့သည့် အချိန်တွင် လုပ်ဆောင်နိူင်မည်မ ဟုတ်ခဲ့ပါ။

"မောရှေသည်ကြေးဝါဖြင့်မွေကိုလုပ်၍ တိုင် ပေါ်မှာ မြောက်ထားပြီးလျှင်၊ မြေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေ ကိုကြည်ရှုသောအခါ အသက်ချမ်းသာရကြ၏။" (တောလည် ၂၁း ၉)

လူတစ်ဦးတစ်ယောက်သည် ထိုကြေးဝါမြွေရုပ်ကို မျှော်ကြည့်သောအခါ အသက်ချမ်းသာရပေ မည်။ မြွေကိုက်ခြင်းခံရသူသည် ကြည်ရှုနိူင်ပါသည်။ သေခါနီးလူပင်လျှင် ကြည့်ရှုနိူင်ပါသည်။ ကြေးမြွေရုပ်ကိုကြည့်ရှုခြင်းအားဖြင့် အသက်ချမ်းသာရပေလိမ့်မည်။ ကျွန်ုပ်တို့သည်လည်း ယေရှုကို မျှော်ကြည်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြပါ၏။

"ယုံကြည်ခြင်းကို အစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသောဝမ်း မြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ပလ္လင်တော်လက်ျာဘက်၌ ထိုင် နေတော်မူ၏။" (ဟေဗြဲ ၁၂း ၂)

ခက်ခဲသောအရာမဟုတ်ပေ။ လူသန်းပေါင်းများစွာတို့သည် ယေရှူခရစ်ကို မျှော်ကြည့်ကြပါ သည်။ ယေရှုကို မျှော်ကြည့်ကြသည်။ ယေရှုကို မျှော်ကြည့်ကြသည်။ ယေရှုကို မျှော်ကြည့်ကြ သည်။ ထိုအရာမှာ ဒုတိယအကြိမ်မွေးဖွားသည့် နည်းလမ်းပင်ဖြစ်သည်။ ယေရှုကို မျှော်ကြည့် ကြသည်။ ထိုအချက်မှာ အသစ်ပြုပြင်ခြင်းနည်းလမ်းပင်ဖြစ်သည်။ ယေရှုကို မျှော်ကြည့်ကြပါ။ အပြစ်ကိုခွင့်လွှတ်ပြီး အပြစ်အားလုံးကို ဆေးကြောသန့်ရှင်နိူင်သည့် နည်းလမ်းပင်ဖြစ်ပါသည်။ ယေရှုကိုမျှော်ကြည့်ပါ။ ထာဝရကာလပတ်လုံး ကယ်တင်ခြင်းရရှိနိူင်သည့် နည်းလမ်းပင်ဖြစ်ပါ သည်။

ဘုန်းရောင်ခြည်ထွန်းတောက်သည့်တိုင် ယေရှုကိုမျှော်ကြည့်ပါ။
   မကြာမကြာ ကျွန်ုပ်သည် ကိုယ်တော့်အတွက်ပင်ဖြစ်သည်။
("မကြာမကြာ၊ " Daniel W. Whittle ၁၈၄၀-၁၉၀၁ ရေးသားသည်။)

အပြစ်တရားမှလွတ်မြောက်ရန် တောင့်တနေလား။
   ဘုရားသခင်၏သိုးသူငယ်ကို မျှော်ကြည့်ပါ။
သင့်ကိုကယ်ရန် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့
   ဘုရားသခင်၏သိုးသူငယ်ကို မျှော်ကြည့်လော့။
ဘုရားသခင်၏သိုးသူငယ်ကို မျှော်ကြည့်လော့။ ဘုရားသခင်၏သိုးသူငယ်ကို မျှော်ကြည့်လော့။
   သူသာ သင့်ကို ကယ်ချွတ်နိူင်
ဘုရားသခင်၏သိုးသူငယ်ကို မျှော်ကြည့်လော့။
("ဘုရားသိုးသူငယ်ကိုမျှော်ကြည့်လော့။" Henry G. Jackson ၁၈၃၈-၁၉၁၄ ရေးစပ်သည်။)

မျှော်ကြည့်အသက်ရှင်ပါ ကျွန်ုပ်မိတ်ဆွေ
   ယေရှုကိုယခုမျှော်ကြည့် အသက်ချမ်းသာရ၏။
နှုတ်ကပါတ်တော်မြတ်ဆိုထား၊ ဟာလေလုယာ
   မျှော်ကြည့်အသက်ချမ်းသာရမည်သာအမှန်
("မျှော်ကြည့်အသက်ရှင်ပါ။" William A. Ogden ၁၈၄၁-၁၈၇၉ ရေးစပ်သည်။)

"မြောက်ထားပြီးလျှင်၊ မြေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေ ကိုကြည်ရှုသောအခါ အသက်ချမ်းသာရကြ၏။" (တောလည် ၂၁း ၉)

မျှော်ကြည့်အသက်ရှင်ပါ ကျွန်ုပ်မိတ်ဆွေ
   ယေရှုကိုယခုမျှော်ကြည့် အသက်ချမ်းသာရ၏။
နှုတ်ကပါတ်တော်မြတ်ဆိုထား၊ ဟာလေလုယာ
   မျှော်ကြည့်အသက်ချမ်းသာရမည်သာအမှန်

Spurgeon သည် အသက်၁၅နှစ်အရွယ်တွင် နှင်းတောထဲမှထွက်လာပြီး မက်ဒသစ်အသင်း တော်လေးသို့လာခဲ့သည်။ ထိုအရပ်တွင် အမှုတော်ဆောင်မရှိပါ။ သူသည် "နှင့်လွှမ်းပိတ်မိနေ သည်။" ထိုနေရာတွင် လူတစ်ဆယ့်ငါးရောက်သာရှိသည်။ သင်ထောက်လူလေးက ထ၍တရား ဟောသည်။ သူသည် အောက်ပါကျမ်းပိုဒ်ကို အခြေပြု၍ စကာတထစ်ထစ် ဖြင့် တရားဟော ကြားခဲ့သည်။

"မြေကြီးစွန်းသားအပေါင်းတို့ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေး ဇူးကိုခံကြလော့။" (ဟေရှာယ ၄၅း ၂၂)

သူသည် Spurgeon လေးကို တိုက်ရိုက်ညွှန်းဆိုထားပြီး "လူငယ်လေး၊ သင်သည် စိတ်ပျက်စ ရာကောင်းလှသည်၊" ဟုဆိုသည်။ ကျွန်ုပ်တို့အသုံးပြုထားသည့် ကျမ်းပိုဒ်ကို နာခံခြင်းမရှိလျှင် သင်သည် အမြဲတမ်းပင် စိတ်ပျက်စရာကောင်းပေသည်။ ယေရှုကို မျှော်၊ မျှော်၊ မျှော်ကြည့်ပါ။" ဟုပြောခဲ့သည်။ Spurgeon က "ငါမျှော်ကြည့်ပါတယ်၊ ယုံကြည်ခြင်းဖြင့် ကျွန်ုပ်မျှော်ကြည် သောအခါ ကျွန်ုပ်ကို ကယ်တင်တော်မူသည်" ဟုပြန်ပြောခဲ့သည်။

မျှော်ကြည့်အသက်ရှင်ပါ ကျွန်ုပ်မိတ်ဆွေ
   ယေရှုကိုယခုမျှော်ကြည့် အသက်ချမ်းသာရ၏။
နှုတ်ကပါတ်တော်မြတ်ဆိုထား၊ ဟာလေလုယာ
   မျှော်ကြည့်အသက်ချမ်းသာရမည်သာအမှန်

Paul Washer ပြောသောစကားကို ကျွန်ုပ်အမှုမထားပါ။ "မျှော်ကြည့်လျှင် အသက်ချမ်းသာရမည်အမှန်" Dr. MacArthur ပြောကြားသည့် "မျှော်ကြည့်လျှင် အသက်ချမ်း သာရမည်အမှန်ပါ" ဟူသည့်အရာကို ကျွန်ုပ်အမှုမထားပါ။ ကောင်းသောလူများရှိကြသော် လည်း "မျှော်ကြည့်လျှင်သာ အသက်ချမ်းသာရမည်။"

လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုနံဘေးတွင် အသတ်ခံရသော သူခိုးသည် သူ၏အသက်တာတစ်ခုလုံးတွင် ခရစ်တော်အားသခင်အဖြစ်လက်ခံရန် အချိန်မရှိတော့ပေ။ သူသည်သေအံ့ဆဲဆဲဖြစ်သည်။ ခရစ်တော်ကို သူ့အသက်တာ၏တစ်တောင့်တစ်နေရာတွင် အရှင်သခင်ပြုရန် အချိန်မရှိတော့ပါ။ သူသည် သေအံ့ဆဲဆဲဖြစ်သည်။ အချိန်မရှိတော့။ အချိန် မရှိတော့။ အချိန်မရှိတော့ပေ။ သူလုပ်ရမည့်အရာ တစ်ခုသာကျန်တော့သည်။ ယုံကြည်ခြင်း အားဖြင့် ယေရှုကိုမျှော်ကြည့်သည်။ "မျှော်ကြည့်လျှင်သာ အသက်ချမ်းသာရမည်။" ထိုအရာမှာ Spurgeon လုပ်ဆောင်ခဲ့သောအရာဖြစ်သည်။ သင်ကိုယ်တိုင်လုပ်ဆောင်ရမည့်အရာပင်ဖြစ် သည်။

ဟာလေလုယာ! လက်ဝါးကပ်တိုင်တွင်ရှိသော ထိုသူခိုးသည် ကယ်တင်ခြင်းကိုရရှိခဲ့ သည်။ ယေရှုက "ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုတွင် အတူရှိသည်" ဟုဆိုခဲ့သည်။ (လုကာ ၂၃း ၄၃)

မျှော်ကြည့်အသက်ရှင်ပါ ကျွန်ုပ်မိတ်ဆွေ
   ယေရှုကိုယခုမျှော်ကြည့် အသက်ချမ်းသာရ၏။
နှုတ်ကပါတ်တော်မြတ်ဆိုထား၊ ဟာလေလုယာ
   မျှော်ကြည့်အသက်ချမ်းသာရမည်သာအမှန်

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ တောလည် ၂၁း ၅-၉
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “မျှော်ကြည့်လျက်အသက်ရှင်ပါ”၊
(William A. Ogden ၁၈၄၁-၁၈၉၇ ရေးစပ်သည်။)


အခွပွေုကမျြး

ကြေးမြွေးများနှင့် ကယ်တင်ရှင်အကျဉ်းချုပ်

THE SERPENTS AND THE SAVIOUR

Dr. R. L. Hymers, Jr.

"ထာဝရဘုရားကလည်း မီးမြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်းကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မော ရှေအားမိန့်တော်မူသည့်အတိုင်း၊ မောရှေသည်ကြေးဝါဖြင့်မွေကိုလုပ်၍ တိုင် ပေါ်မှာ မြောက်ထားပြီးလျှင်၊ မြေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေ ကိုကြည်ရှုသောအခါ အသက်ချမ်းသာရကြ၏။" (တောလည် ၂၁း ၈-၉)

(ဆာလံ ၇၈း ၂၅၊ ရောမ ၈း ၇၊ ၃း ၉-၁၀၊ တောလည် ၂၁း ၆၊
ရောမ ၆း ၂၃၊ ယေဇကျေ ၁၈း ၄၊ ၂၀၊ တောလည် ၂၁း ၇၊
ယောဟန် ၃း ၂၊ ၇၊ ၉၊ ၁၄-၁၅)

၁။ ပထမအချက် - အဆိပ်ဆူးနှင့်သေပြစ် ။ ၁ကော ၁၀း ၉-၁၁

၂။ ဒုတိယအချက် - အပြစ်နှင့်သေခြင်းအတွက် ကုထုံး ။ ၁ပေတရု ၂း ၂၄၊ ယောဟန် ၃း ၁၄

၃။ တတိယအချက် - အပြစ်နှင့်သေခြင်းအတွက် ကုထုံးကို လက်ခံနိူင်သည်နည်းလမ်း
ယောဟန် ၃း ၁၄၊ ၁၅၊ ဟေဗြဲ ၁၂း ၂၊ ဟေရှာယ ၄၅း ၂၂၊ လုကာ ၂၃း ၄၃