Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




စာစောင်များနှင့်စာစောင်

(နောက်ဆုံးတရားစီရင်ခြင်းတရားဒေသနာ)
THE BOOKS AND THE BOOK
(A Sermon on the Last Judgment)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
ဇန်နာဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 25, 2015

"သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည် ကိုငါ မြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါး သောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကိုခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာနှင့်မရဏာနိူင်ငံသည်လည်း မိမိတို့၌ရှိ သောလူသေတို့ကိုအပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရား စီရင်ခြင်းကိုခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာနိူင်ငံကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။" (ဗျာ ၂၀း ၁၂-၁၄)


ကျွန်တော်နှင့်မိန်းမသည် လက်ထပ်ပြီး ပထမဆုံးခရီးထွက်သည်မှာ ဣသရေလ တိုင်းပြည် သို့ဖြစ်သည်။ ထိုနေရာမှအပြန်တွင် ရေမမြို့တွင် ရက်အနည်းငယ်ခန့်ရပ် နားခဲ့ကြ သည်။ အခြားနေရာ များအားလုံးထဲတွင် သန့်ရှင်းသူပေတရု၏ ဘာစီလီကာ ဗီတီကင်သို့ သွားခဲ့ကြသည်။ ၎င်းမှာ ပုတ်ရ ဟန်းမင်းက သဘာပတိလုပ်ဆောင်ရာနေရာ၊ ရာစုနှစ်ပေါင်း များစွာမှ အနုပညာလက်ရာများစွာကို ထိန်း သိမ်းထားလာခဲ့ရာနေရာလည်းဖြစ်ပါသည်။ စဆစ် တင်းဟောခန်းကိုလည်း အမြဲတွေ့မြင်လိုပါသည်။ ထိုနေရာတွင် Michelangelo (၁၄၇၅-၁၅၆၄) တွင် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသောအစိတ်အပိုင်း တစ်ခုအဖြစ်လုပ် ဆောင်ခဲ့ပါ သည်။ ၎င်းသည် သမ္မာကျမ်းစာခေတ်ကြီးဖြစ်သည့် လူကိုဖန်ဆင်းခြင်း၊ လူ ၏ကျဆုံးခြင်း၊ ကျွန်ုပ်တို့၏ရှေးဦးဆုံးဖခင်ကို ဧဒင်ဥယျာဉ်မှနှင်ထုတ်ခြင်း၊ စသဖြင့် ကျမ်းစာတစ်ခုလုံးကို ပုံရေးဆွဲပြထားသည်။ ထိုအရာမှာ ကြီးမားသည့် နံရံမျက်နှာကျက်ဖြစ်ပြီး နံရံတစ်ခုလုံးကို ဖုံးအုပ်ထားပါ သည်။ အခြားပုတ်ရဟန်းမင်းက Michelangelo ကို နောက်ဆုံးတရား စီရင်ခြင်း ၏မျက်နှာကျက်ဖြင့် အရှေ့နံရံကို ဖုံးအုပ်စေခဲ့သည်။ ငရဲအောက်ဆုံးတွင်ရောက်နေသောသူ တို့ကိုပြစ်မှားခြင်းသည် သခင် ဘုရား၏အံ့ဩဖွယ်ရာရှုထောင့်ဖြစ်နေပါသည်။ မီးလျှံထဲတွင်ရှိ နေသော လူတစ်ယောက်က သင့်အား အံဩစေသော၎င်း၏မျက်နှာဖြင့် ကြောက်မက် ဖွယ်ရာ အကြည့်ဖြင့် သင့်ကိုစိုက်ကြည့်နေသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသောတရားစီရင်ခြင်းကို ပုံဆောင်လိုထားသော ဆေးရောင်ခြည်ထားသည့် ဖရင်စခိုကိုတွေ့ရှိရပါသည်။ နောက်ဆုံး နှစ်တစ်ရာတွင် ပုတ်ရဟန်း သို့မဟုတ် အရေးကြီးသောသူများသည် ထိုရုပ်ပုံရှေ့တွင် မတ်တပ် ရပ်နေ ကြပြီး နောက်ဆုံးသောတရားစီရင်ခြင်းအကြောင်ကိုဟောပြောကြသည်ကို ကျွန်ုပ်အံ့ဩ တွေဝေမိပါသည်။ တစ်စုံ တစ်ယောက်က ထိုသို့လုပ်ဆောင်ထားမည်ဟု ကျွန်ုပ်မထင်မိပါ။

ထို့ပြင် ကျွန်ုပ်တို့၏နှစ်ခြင်းနှင့် ပရိုတဲ့တင်းအသင်းတော်များသည်လည်း ပို၍ကောင်း မွန်သည်ဟူ၍မရှိ။ ကျွန်ုပ်တို့သည် ဆိုးကောင်းဆိုးနိူင်ကြသည်။ သူတို့တွင် လူတို့ကို သတိပေး ရန်ထိုရုပ်ပုံကားချပ်ရှိပါသည်။ နှစ်ခြင်းအသင်းတော်သည် ဆန်းဒေးစကူးဂုဏ်အုပ် သို့မဟုတ် ခရစ်ယာန်ကျောင်းအုပ်ကဲ့သို့ အရေးကြီးသောအမျိုးသမီးတစ်ဦးကို အလွန်ပင်ကြမ်းတမ်းသည်၊ အလွန်ပင် ကလေးသူငယ်များကြည်ရှုဖို့ရန် ကြောက်လန့်ဖွယ်ကောင်းသည်ဟုထင်မြင်ပေလိမ့် မည်။ ညနေတစ်ခုတွင် သင်းအုပ်တစ်ယောက်သည် လမ်းလျှောက်ထွက်ရင်း ဤအမျိုးသမီး တွင်အထဲသို့ဝင်လာသည့်သူတစ်ဦးရှိပြီး ၎င်းအပေါ်အဖတ်မတန်ဆက်ဆံလိုက်သည်။ မက်ခေး လင်ကီတို၏နောက်ဆုံးတစ်ရာစီရင်ခြင်းသည် ဆစ်စတင်းဟောခန်းနံရံတွင် နှစ်ပေါင်း ၄၅ဝခန့် ကြာမြင့်ခဲ့ပါသည်။ နှစ်ခြင်းအသင်းတော်တစ်ခ သို့မဟုတ် ဧဝံဂေလိအသင်းတော်တွင် ဆန်းဒေးစကူးလ်အမျိုးသမီးများက လေးနှစ်လောက်နေခိုင်းမည်ဟု ကျွန်ုပ်မထင်မိပါ။

ကျွန်ုပ်တို့နှစ်ခြင်း၊ ဧဝံဂေလိအသင်းတော်များသည် ကြမ်းတမ်းလွန်းကြသည်ဟု ထင်မိ ပါသလား။ ကျွန်ုပ်သည် ထိုမျှလောက်မဆိုးရွားသေးပါ။

နှစ်ခြင်းသင်းအုပ်ဆရာက ငရဲအကြောင်းဟောကြားသည့် နောက်ဆုံးသင်ကြားခဲ့သော အချိန်ကားအဘယ်နည်း။ ငရဲနှင့်ပါတ်သက်ပြီး ဧဝံဂေလိဆရာနှင့်ခါရေ့မက်သစ်သင်းအုပ်များ တရားဟောသည်ကို နောက်ဆုံးကြားခဲ့သည့် အချိန်ကားအဘယ်နည်း။ကျွန်ုပ်တို့သည် ကမ္ဘာ တစ်ဝှမ်းနိူးထမှုမကြားရသည်မှာ အံ့ဩစရာမဟုတ်ပါ။

Dr. Martyn Lloyd-Jones သည် နိူးထမှုတွင် ကျောင်းသားကြီးနှင့်အခွင့်အဏာရှိသူ ပင်ဖြစ်ပါသည်။ သူက "….ခရစ်ယာန်အသင်းတော်များတွင်ရှိကြကုန်သော ယောက်ျားနှင့်မိန်းမ အပေါင်းတို့သည် နှိမ့်ချခြင်းရှိလျက်၊ ကမ္ဘာကြီးသည် ဤသန့်ရှင်းသော၊ ဖြောင့်မတ်သော၊ အမျက်ထွက်သောဘုရားသခင်မျက်မှောက်တွင် ရိုကျိုးမှု မရှိလျှင်၊ နိူးထမှုကို မြင်တွေ့ခွင့်ရရန် အခွင့်မရှိပေ။" (Martyn Lloyd-Jones, M.D., Revival, Crossway Books, ၁၉၈၇၊ စာ- ၄၂) ထို့ကြောင့်သာလျှင် တရားဟောဆရာကြီးတစ်ယောက်ကပြောသည်မှာ "ကျွန်ုပ်သည် သင့်ကိုနိူးထစေဖို့အတွက် ငရဲထိန့်လန့်မှုအမြင်ဖြင့် လုပ်ဆောင်ပေမည်။ ထာဝရနောင်တ၊ ထာဝရစိတ်ပျက်ခြင်း၊ မပြောင်းလဲနိူင်သောနာကျင်မှုများကဲ့သို့သည် ဧဝံဂေလိတရားကို သဘောတူပြီးလက်ခံရုံဖြင့် မိမိတို့ကိုယ်ကိုရောင့်ရဲသောသူများဖြစ်ကြပါသည်။ သို့သော် သူတို့ သည် အဘယ်အရာကိုမျှစွန့်ပစ်မထားဘဲ စိတ်နှလုံးဖြင့် ပွေ့ဖက်သူများဖြစ်ကြသည်။၏" ဟုဆို ထားပါသည်။ (Lloyd-Jones, Evangelistic Sermons, The Banner of Truth Trust, ၁၉၉၀၊ စာ-၁၆၁)

ခရစ်ယာန်သမိုင်းအကြောင်းကို အနည်းငယ်မျှသာသိသောသူဖြစ်လည်း ဂျွန်ဝယ်စလီ အကြောင်းကို သိရှိကြပါသည်။ ဂျွန်ဝယ်စလီ (၁၇၀၃- ၁၇၉၁)သည် "အပိစိကော်ပယ်ယဇ်ပ ရောဟိတ်တစ်ပါး" ဟု ကျွန်ုပ်တို့ခေါ်ရပေမည်။ သို့သော် ဘုရားသခင်သည် သမိုင်းတွင် မက်သဒစ်နိူးထမှုကြီးတွင် သမိုင်း၌ကြီးမားသည့်နိူးထမှုကြီး၏ခေါင်းဆောင်တစ်ပါးဟု ကျွန်ုပ်တို့ ခေါ်ရပေမည်။ ငရဲနှင့်ပါတ်သက်ပြီး ဂျွန်ဝယ်စလီ၏ပြောစကားကို နားထောင်ကြပါစို့။

"ဆိုးသွင်းသောသူများ၊ ဘုရားသခင်ကိုမေ့လျော့သူများသည် ငရဲသို့သွားကြရမည်။ သူတို့သည် ဘုရားသခင်၏မျက်မှောက်တော်မှလည်းကောင်း၊ ၄င်၏တန်ခိုးနှင့်ပြည့်၀သော ဘုန်းတော်ရှေ့မှောက်မှလည်းကောင်း ထာဝရဖျက်ဆီးခြင်းနှင့်အတူ ပြစ်ဒဏ်ကိုခံကြရမည်။ အံသွားခဲကြိတ်ခြင်းရှိရာ မူလတွင် မာရ်နတ်နှင့် သူ၏အပေါင်းအဖော်များအတွက်ပြင်ဆင်ထား သည့် ပိုးမသေမီးမငြိမ်းသည့် ထာဝရမီးငရဲသို့ပစ်ချခြင်းခံရကြမည်။ သူတို့သည် ဘုရားသခင်ကို ကျိန်ဆဲပြီး အထက်သို့မျှော်ကြည့်ကြပေမည်။ ထိုအရပ်တွင် ငရဲခွေးများရှိကြပြီး မာန်မာနရှိသူ၊ ရန်ငြိုးဖွဲ့သူ၊ ဆိုသွင်းသူများကို မြှိုချလိမ့်မည်။ သူတို့သည် နေ့နှင့်ည နားရချိန်မရှိ။ မီးခိုးငွေ့များ သည်ထာဝရ ကာလတိုင် ထွက်လျက်ရှိသည်။ အကြောင်းမှာ ပိုလည်းမသေ၊ မီးလည်းမငြိမ်း ဖြစ်ပေမည်။" (John Wesley, M.A., "The Great Assize," ၊ ဂျွန်ဝယ်စလီ၏လုပ်ဆောင်မှု များ၊ အတွဲ ၅၊ Baker Book House၊ ၁၉၇၉ ထုတ်ဝေခြင်း၊ စာ-၁၇၉)

သူသေသည့်အချိန်တွင် မက်သဒစ်အဖွဲ့အစည်းရှိသူ့လက်အောက်တွင် လူပေါင်းရှစ် ထောင်လောက်ရှိခဲ့သည်။ (၎င်း၊ စာ- ၄၅) ၁၈၃၄ခုနှစ်တွင် ၎င်း၏အသင်းဝင်များမှာ ၆၁၉၇၇၁ယောက်ရှိခဲ့သည်။ ဤဧဝံဂေလိဆရာကြီးသည် ငရဲအကြောင်းကိုဟောပြောရန်မှာ လုံး၀ကြောက်ရွံ့ခြင်းမရှိပေ။ ကောင်းကင်နိူင်ငံသို့ဝင်စားခွင့်ရရှိရန် စစ်မှန်သောပြောင်းလဲခြင်းရ ရှိရန်လိုအပ်သည့်အကြောင်းကိုလည်းဟောကြားခဲ့သည်။ ယနေ့ပေါင်းစည်းသောမက်သဒစ်အ သင်းတော်သည် မြေမှုန့်ထဲသို့ ပျက်စီးယိုယွင်းသွားသည်။ အကြောင်းမှာ သူတို့သည် လွန်ခဲ့ သည့်နှစ်ပေါင်းများစွာက ဂျွန်ဝယ်စလီတရားဟောသည့်နည်းလမ်းကို စွန့်ပစ်ကြသည်။ သူတို့ အသင်းတော်ကိုကယ်တင်ရန် ဝယ်စလီဟောကြားသည့်အကြောင်းအရာဘက်ဆီသို့လှည့်သွား ကြသည်။ သို့ရာတွင် သင်၏အသက်ရှုမှုကို ဆုတ်ကိုင်မထားပါနှင့်။ သမိုင်းက ဖောက်ပြန်ရေး သမားသည် ဖောက်ပြန်ရေးသမားအဖြစ်အမြဲကျန်ရစ်နေသည်ကိုပြသပါသည်။

ယခုတွင် စပါဂျွန်ကိုကြည့်ကြပါစို့။ Dr. John Brown က စပါဂျွန်အကြောင်းကို ၁၈၉၉ခုနှစ်တွင် Yale University တွင်ပြောခဲ့ဖူးသည်။ သူက စပါဂျွန်အား ဝှိုက်ဖီးလ်နှင့်ဂျွန် ဝယ်စလီတို့ခေတ်မှစ၍ သူ၏သာသနာကို အင်္ဂလန်ပြည်တွင် တုနှိုင်းမရှိ အောင်မြင်သော အမှုတော်လုပ်ငန်းအဖြစ်ချီးမွမ်းထားပါသည်။ Texas ပြည်နယ်ရှိ၊ ပထမဆုံးဒါလ်လနှစ်ခြင်း အသင်းတော်၏သင်းအုပ်ဖြစ်ခဲ့သူ၊ တောင်ပိုင်းနှစ်ခြင်းအသင်းတော်၏ဒုတိယအကြိမ်မြောက် ဥက္ကဌဖြစ်ခဲ့သူ Dr. W. A. Criswell က "စပါဂျွန်သည် အချိန်တိုင်း တရားဟောကောင်းသော သူဖြစ်ပြီး ၎င်း၏သတင်းစကားများသည် မျိုးဆက်အားလုံးနှင့်အပ်စပ်ကိုက်ညီမှုရှိသည်" ဟုဆို ထားပါသည်။ ငရဲနှင့်ပါတ်သက်ပြီး စပါဂျွန်၏ဟောကြားချက်များကို နားထောင်ကြပါစို့။

"ဤစီရင်ချက်က ခန္ဓာနှင့်ဝိညာဉ်နှစ်ပါးစလုံးကို မီးအိုင်ထဲသို့ချပစ်လိမ့်မည်။ ငရဲဟူ သည်မှာ ဘုရားသခင်မရှိသောအရပ်၊ အပြစ်ပွါးများရာအရပ်၊ လူတိုင်းအံသွားခဲကြိတ်ရာနေရာ၊ နေ့ညပြစ်မှားသောသူများကိုနေ့ညဘုရာသခင်ဒဏ်စီရင်ရာနေရာ၊ အိပ်စက်ခြင်း သို့မဟုတ် အနားယူခြင်း၊ သို့မဟုတ် မျှော်လင့်ခြင်းလုံးဝမရှိသည့်နေရာ၊ ရေဆာလောင်မွတ်သိပ်နေရ သော်လည်း ရေးတစ်စက်မျှ လက်မခံသည့်နေရာ၊ ပျော်ရွှင်မှုလုံးဝမရှိသည့်နေရာ၊ အလင်းမဲ့ သောနေရာ၊ နှိမ့်သိမ့်ခြင်းလုံးဝမကြားရသည့်နေရာ၊ ဧဝံဂေလိတရားမရှိရာအရပ်၊ သနားခြင်း တွေကင်းမဲ့ရာနေရာ၊ ၊ လောင်ကျွမ်းခြင်းတွေပြည့်၀သောနေရာ၊ စိတ်းကူးသမျှအကောင်အ ထည်ဖော်မရသောနေရာဖြစ်သည်။ ထိုအရပ်ကိုလုံး၀တွေ့ဆုံခြင်းမရှိရန် ဘုရားသခင်ကပေး တော်မူပါသည်။ သေသောအပြစ်သားများသည် ငရဲမှလွတ်မြောက်ကြရန်မှာ မဖြစ်နိူင်သောအ ရာပင်ဖြစ်ပါသည်။ ထာဝရပျောက်ဆုံးသောသူဖြစ်ပါသည်။ စဉ်းစားပါ။ ဤသတိပေးချက်သည် သင်ကြားသမျှသောအရာတွင် နောက်ဆုံးသတိပေးချက်ဖြစ်ပေမည်။" (C. H. Spurgeon, "ပထမထမြောက်ခြင်း", The Metropolitan Tabernacle Pulpit, အတွဲ ၇၊ ခရီးသွားပုံနှိပ်လုပ် ငန်း၊ ၁၉၈၆၊ စာ-၃၅၂)

ကျွန်တော်သည် ငရဲနှင့်ပါတ်သက်ပြီးဟောကြားချက်များကို လူသာ၊ ဘိုင်ယန်၊ အက်ဝပ်၊ ဝှိုက်ဖီးလ်၊ မွတ်တီ၊ ဒေါက်တာ ဂျွန်အာရိုက် နှင့် ခေတ်အဆက်ဆက်ရှိတရားဟော ဆရာကြီးတို့၏တရားဟောချက်မှ ဆက်လက်ကောက်ယူနိူင်ပါသည်။ သို့သော် ဤအရာသည် လုံလောက်ပေသည်။ ငရဲအကြောင်းဟောကြားခြင်းလုံး၀မရှိသည့်တရားဟောဆရာသည် သစ္စာမရှိသောတရားဟောဆရာဖြစ်သည်။သမ္မာတရားကိုမဟောသူ၊ အဘယ်သူမျှနားထောင် ရန်မသင့်သောသူဖြစ်ပါသည်။ အဘယ့်ကြောင့်နည်း။ သူသည် "ဘုရားသခင်၏စကားတော် အားလုံး"ကိုဟောကြားခြင်းမရှိပါ။ (တမန် ၂၀း ၂၇) သူသည် တရားစီရင်ခြင်းနှင့် ပါတ်သက် ပြီးတရားဟောကြားသည့် ရှင်ပေါလု၊ သိုမဟုတ် ရှင်ပေတရု၊ သို့မဟုတ် ယေရှုကိုယ်တော်တိုင် ကဲ့သို့ မဟောကြပေ။ ထိုသို့သောသူတို့ကို နားမထောင်ပါနှင့်။ တရားစီရင်ခြင်းနှင့်ငရဲနှင့်ပါတ် သက်ပြီး သူ့ကိုယုံကြည်ကိုးစားခြင်းမရှိလျှင် အခြားအရာတွေမှာ သူ့ကို မည်သို့အားကိုးနိူင်ပါ မည်နည်း။

ကျွန်ုပ်တို့အသုံးပြုသောကျမ်းပိုဒ်ဆီသို့သွားရအောင်။ ကျေးဇူးပြုပြုမတ်တပ်ရပ်လျက် ဖတ်ပါ။

"သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည် ကိုငါ မြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါး သောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကိုခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာနှင့်မရဏာနိူင်ငံသည်လည်း မိမိတို့၌ရှိ သောလူသေတို့ကိုအပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရား စီရင်ခြင်းကိုခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာနိူင်ငံကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။" (ဗျာ ၂၀း ၁၂-၁၄)

ထိုင်နိူင်ပါသည်။ ဤနေရာတွင် သင်တို့ကျမ်းစာအုပ်ကို ဆက်၍ဖွင့်ထားပါ။

ဤသည်ကို "နောက်ဆုံးတရားစီရင်ခြင်း" ဟုခေါ်ပါသည်။ အကြောင်းမှာ ထိုထက်သာ ၍များသောတရားစီရင်ခြင်းမရှိပါ။ နောက်ဆုံးတရားစီရင်ခြင်းဖြစ်ပါသည်။ ခရစ်တော်သည် ပလ္လင်ဖြူပေါ်တွင် ထိုင်တော်မူမည်။ တမန်တော် ၁၇း ၃၁ နှင့်အခြားကျမ်းပိုဒ်များက ခရစ်တော် သည်တရားသူကြီးဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့သာပြသသွန်သင်သည်။ ခရစ်တော်သည် ကယ်တင်ရှင်မဖြစ်တော့ပါ။ ကယ်တင်တော်မူရာနေ့ရက်သည် ကုန်လွန်သွားပေမည်။ ခရစ် တော်ကလည်းအပြစ်သားများအား ကယ်တင်သည့်အလုပ်ကိုလုပ်တော့မည်မဟုတ်။ ပျောက် ဆုံးသောအပြစ်သားတို့ကိုစီရင်တော်မူမည်။ ဤတရားစီရင်ခြင်းက အဘယ်သူသည် ကယ်တင် ခြင်းကိုရရှိသည်၊ အဘယ်သူသည် ပျောက်ဆုံးသည်ကိုဆုံးဖြတ်သည့် တရားစီရင်ခြင်းမဟုတ် ပေ။ ဤဘဝတွင် ဆုံးဖြတ်ပြီးသားဖြစ်လိမ့်မည်။ သင်သည် ပျောက်ဆုံးသောသူအဖြစ်နှင့်အ သက်ဆုံးရှုံးလျှင် ဤအချိန်တွင် စီရင်တော်မူခြင်းကို ခံရမည်။ အပိုဒ်ငယ် ၁၂ သည် ကယ်တင် ခြင်းမရရှိသည့် ပျောက်ဆုံးသူများအကြောင်းကိုသာပြောဆိုပါသည်။ ထိုကျမ်းပိုဒ်က ဤသို့ဆို သည်။

"သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည် ကိုငါ မြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါး သောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့် အတိုင်း၊ စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကိုခံရကြ၏။" (ဗျာဒိတ် ၂၀း ၁၂)

"စာစောင်များ"နှင့် "အသက်စာစောင်"ရှိကြောင်းကို ကျွန်ုပ်တို့အားသိစေပါသည်။ "စာစောင်များ" မှာ သင်အသက်ရှင်စဉ်အခါ လုပ်ဆောင်သမျှတို့ကို မှတ်တမ်းတင်ထားခြင်းဖြစ် ပါသည်။ "သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်။" (၂၀း ၁၂) ချမ်းသာကြွယ်ဝသူများနှင့် နာမည်ကျော်ကြားသူများသည်လည်းရှိကြပေမည်။ "ကလေး" များလည်းရှိကြပေမည်။ ကယ်တင်ခြင်းရရှိသူသည် တရားစီရင်ခြင်းကို လွတ်မြောက်ကြမည်။ ကယ်တင်ခြင်းမရရှိဘဲသေသောသူများသည် တရားစီရင်ခြင်းတွင် ခရစ်တော်၏ပလ္လင်ရှေ့တွင် ရပ်ကြရမည်။ ပင်လယ်တွင်နစ်မြှုပ်သူ၊ ထမြောက်သောခန္ဓာဖြင့်ရှိနေလိမ့်မည်။ သူတို့ခန္ဓာကိုယ် သည်ရေတွင် အရေပျော်သွားသော်လည်း ဘုရားသခင်သည် သူတို့၏အက်တမ်များကိုပြန် လည်ပေါင်းဖက်စေပြီး ဤတရားစီရင်ခြင်းအတွက် ၎င်းတို့၏ခန္ဓာများကိုထမြောက်စေခဲ့ပါ သည်။ လောကတွင်ရှိသောသင်္ချိုင်းများသည် ၎င်းတို့၏န္ဓာများကိုပြန်လည်ပေးပြီး ဝိညာဉ်များ သွားမည့် မရဏာနှင့်မရဏာနိူင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို ပြန်လည်ပေးအပ် မည်။ သူတို့ဝိညာဉ်များနှင့်ခန္ဓာများပြည်လည်ချိတ်ဆက်ပြီး ပလ္လင်ဖြူတရားစီရင်ခြင်းတွင် ရပ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသို့လုပ်ဆောင်ရန်ပြဿနာမတွေ့ပါ။ သူသည် တန်ခိုး ကြီးသောဘုရားဖြစ်သည်။ အပိုဒ် ၁၂ ကို တဖန်လေ့လာကြပါစို့။

"သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည် ကိုငါ မြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါး သောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့် အတိုင်း၊ စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကိုခံရကြ၏။" (ဗျာဒိတ် ၂၀း ၁၂)

သင်သည် ယခုအသက်တာတွင် ကယ်တင်တော်မူခြင်းကိုရရှိထားပြီးသူမဟုတ်ခဲ့လျှင် ဤစာစောင်တွင်ရေးသားသမျှသောအရာထဲမှ၊ သင်၏အကျင့်အတိုင်း၊ ဤအသက်တာတွင် လုပ်ဆောင်သည့်အတိုင်း စီရင်ခြင်းကိုခံတော်မူမည်။

Dr. J. Vernon McGee က "သေတမန်ပြောင်းဝတွင်ရှိနေသောသူက ကျွန်ုပ်ကိုပြော သည်မှာ တရားဟောဆရာ၊ သင်သည် အနာဂတ်နှင့်ပါတ်သက်ပြီး ကျွန်ုပ်ကိုပြောစရာမလို အပ်ပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်ကရယူမည်။ ဘုရားသခင်သည် တရားမျှတပြီးဖြောင့်မတ် သောသူဖြစ်သည်ကို ငါယုံတယ်၊ ကိုယ်ကျင့်တဲ့အတိုင်းမျက်မှောက်တော်သို့ရောက်ပါရစေ" ဟုဆိုသည်။ Dr. McGee က "သင်ဟုတ်ပါရဲ့လား။ သူသည်တရားမျှတပြီး ဖြောင့်မတ်သော သူဖြစ်သည်မှာ မှန်ကန်ပါသည်။ သင်၏အကျင့်ကိုလည်း ဖော်ပြစေမှာပါ။ ထိုအရာမှာ သူလုပ် ဆောင်မည့်အကြောင်းပြောဆိုသောအရာဖြစ်ပါသည်။ သို့သော် ငါနင့်အတွက် သတင်းကောင်း ကြားရသည်။ တရားစီရင်ခြင်းတွင် အဘယ်သူမျှ ကယ်တင်တော်မူခြင်းသို့ရောက်မည်မဟုတ်။ အကြောင်းမှာ သင်၏အကျင့်အားဖြင့် သင်သည် ကယ်တင်တော်မူခြင်းသို့ရောက်မည်မဟုတ်။ သင်၏အနည်းငယ်သောအကျင့်သည် အဘယ်အကျိုးမျှမရှိပါ။" ဟုဆိုပါသည်။ (Thru the Bible, အတွဲ ၅၊ သောမနယ်လ်ဆင် ပုံနှိပ်တိုက်၊ ၁၉၈၃၊ စာ-၁၀၆၀၊ ဗျာ ၂၀း ၁၁မှတ်စု)

သင်သည် "မျှတသော" ဒုက္ခကိုကြုံတွေ့ရမည်။ "စာစောင်များ" တွင် ဤဘဝတွင် လုပ်ဆောင်သမျှတိုင်းပါဝင်လာပေမည်။ Dr. McGee က "စာစောင်များ"ကို သင့်ဘဝအသက် တာဗွီဒီယိုတိတ်ဖြင့်နှိုင်းယှဉ်ထားပါသည်။ သူက " သင့်အသက်တာသည် တိတ်ပေါ်တွင်ရှိ သည်။ ခရစ်တော်က ထိုတိတ်ကိုဖြစ်ပေါ်စေသည်။ ထိုအရာကို ပြန်ပြသည့်အချိန်တွင် သင်က နားထောင်နိူင်သည်၊ ကြည့်နိူင်သည်။ မည်သို့ပင်ဖြစ်စေ သင့်အတွက်ကောင်သည်ဟုတော့ မဆိုနိူင်ပါ။ သင်သည် ဘုရားသခင်မျက်မှောက်တော်တွင် ရပ်ပြီး သင့်ဘဝအသက်တာတိတ်ကို ပြခိုင်းမည်လား။ သူ၌ သင်ကြည့်နိူင်အောင် တီဗွီပြားလည်းရှိမည်ဟု ကျွန်ုပ်ထင်မိသည်။ သင်ဘဝက စစ်ဆေးမှုကို ခံနိူင်ရည်ရှိမည်ဟု ထင်ပါသလား။ သင့်အကြောင်းကို ကျွန်ုပ်မသိပါ။ "အချစ်ဆုံးသူငယ်ချင်းကိုလည်းမပြောပြရဲသည့်အရာတိုင်းကို မိမိကိုယ်ကိုသိကြသည်"ဟုဆို သော အဘိဓာန်ပြုစုသူ ရှမွေလဂျွန်ဆင် ပြုသကဲ့သို့ကျွန်ုပ်မပြုလိုပါ။ မိမိကိုယ်ကို သိတယ်မလား။ သင်သည် အဘယ်သူရှေ့တွင်မျှဖွင့်ဟထားခြင်းမရှိသောအရာများ၊ ဖုန်းကွယ် ထားသည့်အရာများကိုလည်း မိမိကိုယ်ကိုသိတယ်မလား။ ဘုရားသခင်သည် တရားစီရင်သည့် အချိန်တွင် ထိုအရာအားလုံးကို ဆွဲထုတ်တော်မူမည်။ သင်သည် အနည်းငယ်သောကောင်းမှု များကိုပြောသည့်အချိန်တွင် သင့်အကြောင်းကိုသူပြောပြလိမ့်မည်" ဟုဆိုသည်။ (McGee, ၎င်း) ထို့နောက် Dr. McGee က "ပလ္လင်ဖြူတရားစီရင်ခြင်းသည် ပျောက်ဆုံးသောသူများအ တွက်စီရင်ခြင်းပင်ဖြစ်ပါသည်။လူများစွာတို့သည် ၎င်းတို့ပြုသောကုသိုလ်ကောင်းမှုတို့ဖြင့်တ ရားစီရင်လိုကြသည်။ ၎င်းမှာ [သူတို့]၏အခွင့်ထူးပင်ဖြစ်ပါသည်။ တရားစီရင်ခြင်းသည် မျှတ သည်။ သို့သော် [ကောင်း]မှုဖြင့်အဘယ်သူမျှကယ်တင်ခြင်းသို့မရောက်" ဟုဆိုသည်။ (၎င်း)

ဘုရားသခင်သည် "စာစောင်များ" ကိုမိန့်တော်မူခဲ့သည်။ ထို့နောက် "အသက်စာ စောင်" ကိုလည်းမိန့်မူသည်။ "အသက်စာစောင်" တွင် ယေရှုအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်သောသူတိုင်း၊ ဤဘဝအသက်တာတွင် [ခရစ်တော်၏]အသွေးတော်အားဖြင့် ဘုရားသ ခင်ထံကယ်တင်ခံရသူတိုင်းပါဝင်ပေသည်။ (ဗျာ ၅း ၉) သူတို့သည် ခရစ်တော်ကိုယုံကြည်ကိုး စားကြသည့်အချိန်တွင် ခရစ်တော်၏အသွေးတော်က သူတို့အား ဆေးကြောသန့်စင်စေပါ သည်။ ထိုသူတို့သည်သာ "အသက်စာစောင်" နာမည်ရေးသားခြင်းခံရကြသည်။ သူတို့သည် သာ ကျွန်ုပ်တို့ကိုချစ်ပြီး အသွေးတော်အားဖြင့် အပြစ်မှဆေးကြောသောသူကို ချီးမွမ်းသီဆိုကြ သည်။ (ဗျာ ၁း ၅) ဤဘဝအသက်တာတွင် ခရစ်တော်အားဖြင့်ကယ်တင်တော်မူခြင်းသို့ ရောက်၍ အသွးတော်အားဖြင့်ဆေးကြောခြင်းခံရသူများသည်သာ " အသက်စာစောင်" အမည် ရှိကြသည်။

ကယ်တင်ခြင်းသို့မရောက်သည့်သူများ၏အပြစ်ကိုမှတ်တမ်းထားသည့် "စာစောင်များ" စွာရှိသော်လည်း "အသက်စာစောင်" တစ်ခုတည်းသာရှိသည်ကို သတိပြုပါ။ တရားဟောဆ ရာတစ်ဦးပြောသည်ကို ကျွန်ုပ်မှတ်မိနေသေးသည်။ " များစွာသောသူတို့သည် ပျောက်ဆုံးကြ သောကြောင့် "စာစောင်များ" စွာရှိသည်၊ ကယ်တင်တော်မူခြင်းသို့ရောက်သောသူတို့သည် နည်းပါးကြသောကြောင့် "အသက်စာစောင်" တစ်ခုတည်းရှိရသည်" ဟုဆိုထားသည်။ အပိုဒ် ၁၅ ကိုကြည့်ကြပါစို့။

"အသက်စာစောင်၌စာရင်းမဝင်သောသူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။" (ဗျာ ၂၀း ၁၅)

"မီးအိုင်" မှာ ထာဝရငရဲ၊ ထာဝရဒုက္ခခံရအရပ်၊ ထာဝရနာကျင်ရာအရပ်ဖြစ်သည်။ သခင်ယေရှု ခရစ်က လမ်းနှစ်သွယ်ရှိကြောင်း၊ လူတိုင်းသည် တစ်သွယ်၊ သို့မဟုတ် တစ်သွယ်တွင် သွားနေ ကြကြောင်း ဆိုပါသည်။ သခင်ယေရှုက ဤသို့ဆိုထားသည်။

"ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့်တံ ခါးသည် ကျယ်ဝန်းသည်ဖြစ်၍၊ ဝင်သောသူတို့သည် များကြ၏။ အသက် ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။ " (မဿဲ ၇း ၁၃-၁၄)

ခရစ်တော်က "အသက်လမ်းသို့ပို့ဆောင်သော [မှန်သောလမ်း ]ကိုတွေ့သောသူတို့ သည်နည်းကြသည်"၊ "အနည်းငယ်သောသူတို့ကသာလျှင် တွေ့ရှိကြသည်" ဟုဆိုပါသည်။ သင်သည်လည်း "အသက်စာစောင်" တွင်ပါဝင်သည့် အနည်းငယ္သောသူတို့တွင် တစ်ဦးဖြစ် ပါသလား။ တရားစီရင်ခြင်းနှင့် ငရဲမှ လွတ်မြောက်နိူင်သည့် တစ်ခုတည်းသောလမ်း၊ တစ်ခုတည်းသောလမ်း မှာ ဤဘဝတွင် ယေရှုကို ကိုးစားခြင်းပင်ဖြစ်ပါသည်။ အပြစ်မှပြန် လာ၍ ခရစ်တော်ထံသို့ပြန်ခဲ့ပါ။ သမ္မာကျမ်းစာက "သင်တို့လိုက်သော လမ်းဆိုးမှလွှဲကြလော့၊ လွှဲကြလော့။ အဘယ့်ကြောင့် အသေခံလိုကြသနည်း။" (ယေဇကျေ ၃၃း ၁၁) တမန်တော် ဝတ္ထုတွင်လည်း "လူအပေါင်းတို့သည် ယုံကြည်၍၊ သခင်ဘုရားထံသို့ပြောင်းလဲကြသည်။" (တမန် ၁၁း ၂၁) သင်၏တကိုယ်ကောင်းဆန်ခြင်း၊ အပြစ်နှင့်ပြည့်သောလမ်းမှ ပြန်လာ၍၊ သခင်ယေရှုထံသို့ပြောင်းလဲပါ။

"ထိုသားတော်၏အသွေးတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။" (ဧဖက် ၁း ၇)

ဘုရားသခင်က သင့်အပြစ်ကို မြင်တော်မမူရန် ယေရှု၏အသွေးတော်သည် သင့်အပြစ် အလုံး စုံကို ဖုံးအုပ်တော်၏။ ရောမဩဝါဒစာစောင်က ဤသို့ဆိုသည်။

"အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ဖုံးအုပ်ခြင်း …….မင်္ဂလာရှိ၏။" (ရောမ ၄း ၇)

ဘုရားသခင်က သင့်အပြစ်ကို မြင်တော်မမူရန် ယေရှု၏အသွေးတော်သည် သင့်အပြစ် အလုံး စုံကို" ဖုံးအုပ်"တော်၏။ ဘုရားသခင်က ကြည်ရှုတော်မမူရန် ယေရှု၏အသွေးတော်အားဖြင့် ဆေးကြောတော်မူသည်။ ရောမဩဝါဒစာစောင်က တဖန်မိန့်တော်မူသည်။

"ယခုတွင် အသွေးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်ပြီးမှ၊ ထိုသခင်အား ဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ရောက်မည်။" (ရောမ ၅း ၉)

ထို့ပြင် ဗျာဒိတ် ၁း ၅ က ယေရှုသည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ "၎င်း၏အသွေးတော်အားဖြင့် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူသည်" ဖြစ်၍၊ ကယ်တင်တော်မူခြင်းသို့ရောက်သူတို့ သည် လွတ်မြောက်ကြသည်။ အာမင်..။ ယေရှုနာမကို ချီးမွမ်းပါ၏။ ဝေလတရားဟောဆရာ ကြီး Dr. Martyn Lloyd-Jones က ဤသို့ပြောသည်။

လောကကြီး၏အဖြေများအားလုံးသည် အပြစ်ကိုဖြေရှင်းဖို့ရန်မလုံလောက်ပါ။ သို့သော် အပြစ်မဲ့သော၊ အစွန်းအထင်းမရှိသည့် ဘုရားသခင့်သားတော်၏အ သွေးတော်ရှိပေသည်။ ထိုအရာသည် အစွမ်းတန်ခိုးရှိသည်ဟု ထင်မိပါသည်။

   တန်ခိုးတော်၊ တန်ခိုးတော်၊ အံ့ဘွယ်တန်ခိုးတော်
   သိုးသူငယ်၏မြင့်မြတ်သောအသွေးတော်

   ထိုအသွေးတော်သည် အပြစ်ကိုသန့်ရှင်းစဉ်ကြယ်စေ
   သူ့အသွေးတော် ကျွန်ုပ်အတွက် အသုံးတော်ခံခဲ့
      (ချာလ်ဝယ်စလီ)

ဤသည်မှာ ကျွန်ုပ်တို့၏နှိမ့်သိမ့်ခြင်းပင်ဖြစ်ပါသည်။ (Martyn Lloyd-Jones, M.D., ဘုရားသခင်နှင့်မိဿဟာရဖွဲ့ခြင်း၊ ကားတိုင်လမ်း စာအုပ် များ၊ ၁၉၉၄၊ စာ-၁၄၄)

ကိုယ်တော်၊ ကျွန်ုပ်အပြစ်များလှ၊ ပင်လယ်သဲသောင်သဖွယ်
ကျွန်ုပ်ကယ်တင်ရှင် ကိုယ်တော့်အသွေး ကျွန်ုပ်အတွက်လုံလောက်
ကတိတော်များရေးလို့ထား၊ တောက်ပသောစလုံးတော်၌
"သင့်အပြစ်များနီသော်လည်း၊ မိုးပွင့်ကဲ့သို့ဖြူစေမည်"
ကျွန်ုပ်နာမည်ရေးမှတ်ထား၊ စာရွက်ဖြူပေါ်တွင်ထင်ရှား
ကိုယ်တော့်နိူင်ငံတော်ထဲ၊ ကျွန်ုပ်နာမည်ရေးလို့ထား
   ("ကျွန်ုပ်နာမည်ရေးလို့ထား"၊ Mary A. Kidder -၁၈၂၀-၁၉၀၅ ရေးစပ်သည်။)

ထိုသို့ပြောနိူင်ပါသလား။ ထိုအရာကို ဤနံနက်ပြောနိူင်ပါသလား။ လက်ဝါးကပ်တိုင်တွင် သွန်း သောအသွေးတော်အားဖြင့် သင့်အပြစ်ဆေးကြောခံရပြီလား။ ယုံကြည်ခြင်းနှင့်ပြန်လာပါ။ ဘုရားသခင်၏မျက်မှောက်တော်တွင် သန့်ရှင်းစင်ကြယ်စေမည်။ Dr. Chan, ကျေးဇူးပြု၍ဆု တောင်းပေးပါ။ အာမင်….။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ဗျာဒိတ် ၂၀း ၁၁-၁၅
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “ကျွန်ုပ်နာမည်ရေးသားပါသလား”၊
"Mary A. Kidder, ၁၈၂၀-၁၉၀၅ ရေးစပ်သည်။)