Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကြီးမြတ်သောဘုရား-တန်ခိုးကြီးပြီး ကြောက်မက်ဖွယ်ကောင်းခြင်း

A GREAT GOD – MIGHTY AND TERRIBLE!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၅ခုနှစ်
ဇန်နာဝါရီလ ( ၁၁ ) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 11, 2015

“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရား သခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း……” ( ၂တိ ၃း ၁၆ )

ကျွန်တော်တို့သည် သမ္မာကျမ်းစာကိုဖွင့်ဖတ်သောအခါ ဘုရားသခင်က မိမိအကြောင်း ဖော်ပြချက်ကို တွေ့ရှိရပါသည်။ ကျွန်တော်သည် Dr. W. A. Criswell (၁၉၀၉-၂၀၀၂ )၏စ ကားကို ထပ်ပေါင်း ၍ပြောလိုပါသည်။ ကျွန်တော်တို့သည် ကျမ်းစာကို လေ့လာခြင်းနှင့်ဆင် ခြင်ခြင်းအားဖြင့်များစွာသောအရာကို သင်ယူရရှိနိူင်ပါသည်။ ကျွန်တော်တို့သည် မြေဆီနှင့်မြေ ဩဇာအကြောင်းလည်း သင်ယူရရှိနိူင်ပါသည်။ အပင်နှင့်အသီး၊ ရေနှင့် တွင်းထွက်ပစ္စည်းများ၊ ငါးနှင့်ကျွဲနွားတိရိစ္ဆာန်များ၊ ကမ္ဘာဆွဲအားနှင့် ကြယ်တို့၏ရွေ့လျားမှု တို့ကိုသိနိူင်သည်။ ကျွန် တော်တို့သည် သမ္မာကျမ်းစာကို လေ့လာသင်ယူခြင်းအားဖြင့် ကမ္ဘာသဘာဝရှိအရာများစွာကို သင်ယူရရှိနိူင်ပါသည်။ သို့သော် ထိုအရာ၏နောက်ကွယ်ကအဖြစ်အပျက်များကား အဘယ် နည်း။ ကမ္ဘာလောကကြီး၏ပြင်ပတွေ့မြင်ရသောအရာထဲ၌ ကျွန်တော်တို့လေ့လာနိူင်သောအ ရာထက်ကျော်လင်သောအရာ၏စစ်မှန်ခြင်းတရားဟူသည်မှာ အဘယ်နည်း။ လူ့ဘ၀၏အဓိ ပ္ပါယ်နှင့်ရည်ရွယ်ချက်ကားအဘယ်နည်း။ ကျွန်တော်တို့မသင်ယူနိူင်ကြသည့်အရာများပင်ဖြစ် ကြသည်။ ကမ္ဘာလောက၊ ကြယ်များနှင့် စကြာဝဠာကိုဖန်ဆင်းသောသူကားအဘယ်သူနည်း။ ကျိုးကြောင်းဆင်ခြင်ခြင်း၊ ဆင်ခြင်းခြင်းနှင့်လေ့လာခြင်းများကသာလျှင် ပို၍နားလည်စေပါ သည်။ သို့ရာတွင် ရုပ်လောကအားဖြင့်များစွာမသိရှိနိူင်ပေ။ ကျွန်တော်တို့မြင်နိူင်၊ကြားနိူင်၊ ခံစားတွေ့ထိနိူင်သောအရာရှိအဓိပ္ပါယ်များသည် ကျွန်တော်တို့သင်ယူလေ့လာလို့ရရှိသောအ ရာများမဟုတ်ပေ။

ကျွန်တော်တို့သည် ကြယ်ကိုကြည့်ရင်း သူတို့ကိုဖန်ဆင်းသောသူသည် ကြီးမြတ်သော သူဖြစ်ကြောင်းကို မှတ်ချက်ပြုနိူင်ပါသည်။ သို့သော် သူ၏နာမတော်ကား အဘယ်နည်း။ အဘယ်သူနှင့်တူသနည်း။ ကျွန်တော်တို့ကို သိပါရဲ့လား။ နာမည်ဖြင့် ကျွန်တော်တို့ကို ခေါ်ပါ သလား။ ကျွန်တော်တို့သည် ကြယ်အကြောင်းကို သင်ယူလေ့လာသော်လည်း လုံးဝနားမ လည်နိူင်ကြပါပေ။

ကျွန်တော်တို့သည် နေဝင်ချိန်၏လှပကြော့ဆင်းမှု၊ ပန်းခြံရှိလှပန်းသော သစ်ပင်ပန်း ပင်များ၊ မြေပြင်ပေါ်တွင် ပေါက်ရောက်နေကြသော အပင်တို့၏လှပခန့်ညားမှုကို လေ့လာန်ိူင်ပါ သည်။ သဘာ၀၏အလှတရားအကြောင်းကိုလည်း သင်ယူလေ့လာနိူင်ကြပါသည်။ ထိုအရာ များကိုဖန်ဆင်းသောသူသည် အလှအပနှင့် ဟာမိုနီကျမှုကို သဘောတွေ့နှစ်သက်သည့်သ ဘောရှိပါသည်။ သို့ရာတွင် ထိုသူကား အဘယ်သူသည်။ အဘယ်သူနှင့်တူသနည်း။ ကျွန်တော်တို့သည် သက်တန့်နှင့်တိမ်တိုက်အကြောင်းစသည်တို့ကို သင်ယူလေ့လာနိူင်ပါ သည်။ ထိုအရာများကို ထာဝရလေ့လာသည့်တိုင် လုံးဝနားလည် သဘောပေါက်မည်မဟုတ် ပါ။

ကျွန်တော်တို့သည် မိမိကိုယ်ကို ကြည့်ရှုနိူင်ပါသည်။ လောကကြီး၏ထုံးတမ်းဓလေ့ကို လည်း လေ့လာနိူင်ပါသည်။ ကျွန်တော်တို့သည် လူမှုရေးသိပ္ပံပညာ၊နှင့်ကိုယ်ကျင့်တရားပညာ တို့ကို လေ့လာသင်ယူသောအခါ လူကိုဖန်ဆင်းသောသူတွင် အစီအစဉ်ကျမှုနှင့်ကိုယ်ကျင့်တ ရားအသိဥာဏ်ပညာရှိသည်ဟူသောမှတ်ချက်ကို ချမှတ်နိူင်ပါသည်။ သူကား အဘယ်သူနည်း။ ၎င်း၏နာမတော်ကား အဘယ်နည်း။ သူ့ကို သိပါသလား။ ဘုရားသခင်က ထိုသို့သောနည်း လမ်းဖြင့်ဖန်ဆင်းတော်မူသည် ဟူသည်ကား အဘယ်နည်း။ လူတို့မသိအောင် ဝှက်ထားသော အရာများပင်ဖြစ်ပါသည်။ ဘုရားသခင်၏မိမိကိုယ်ကို ထင်ရှားစေခြင်းမှတပါး ထိုအရာများကို လူတို့မသိနားမလည်နိုင်ကြပါ။ ဘုရားသခင်သည် မိမိကိုယ်ကို ထင်ရှားစေခြင်းမရှိလျှင်၊ ကျွန် တော်တို့သည် သူ့အကြောင်းကို သိနိူင်မည်မဟုတ်ပါ။ (W. A. Criswell, Ph.D., ၏ “The Self-Revelation of God” မှ ပြင်ဆင်ဖော်ပြထားပါသည်။)

ဘုရားသခင်သည် သမ္မာကျမ်းစာအားဖြင့် မိမိကိုယ်ကို ထင်ရှားစေခဲ့သည်။ သမ္မာကျမ်း စာဟူသည်မှာ ပျောက်ဆုံးသောကမ္ဘာအား ဘုရားသခင်၏ မိမိကိုယ်ကို ထင်ရှားစေခြင်းပင်ဖြစ် ပါသည်။ တမန်တော် ရှင်ပေတရုဆိုသကဲ့သို့ သမ္မာကျမ်းစာသည် “ မှောင်မိုက်ထဲတွင် အလင်း ကိုပေးသောအရာပင်ဖြစ်ပါသည်။” ကျွန်တော်သည် ဘာသာရေးအကြောင်းကို ရာစုနှစ်ဝတ် လောက်သင်ယူလေ့လာခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ဘာသာတရားပေါင်း ၆၀၀ ကျော်ရှိပါသည်။ အဘယ်အရာသည် မှန်ကန်မှုရှိပါသနည်း။ ကျွန်တော်တို့ မည်သို့သိနိူင်မည်နည်း။ ကျွန်တော် တို့သည် ကမ္ဘာ့ ဘာသာရေးအကြောင်းကို ထာဝရသင်ယူလေ့လာသည့်တိုင်အောင် လုံးဝမသိ ရှိသေးပါ။ ဘုရားသခင်သည် မိမိတို့ထံ မိမိကိုယ်ကို ထင်ရှားပြသရမည်။ ထိုအရာမှာ သူ၏သူ၏ လုပ်ဆောင်ချက်ပင်ဖြစ်ပါသည်။ ဘုရားသခင်သည် မှုတ်သွင်းတော်မူသော သမ္မာကျမ်းစာ တော်မြတ်အားဖြင့် ကျွန်တော်တို့ထံ မိမိကိုယ်ကို ကိုယ်ထင်ပြသသည်။ ( ၂တိ ၃း ၁၆ ) သမ္မာ ကျမ်းစာသည် ဘုရားသခင်၏အကြောင်းကို သိရှိနိူင်သည့် တစ်ခုတည်းသောစာအုပ်ပင်ဖြစ်ပါ သည်။ ကျမ်းစာမရှိလျှင် ဘုရားသခင်ကို မသိနိူင်ပါသည်။ ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ် တော်မူကြောင်းကိုလည်း မသိနားမလည်ပါ။ ဘုရားသခင်၏ဂုဏ်အင်္ဂါများဖြစ်ကြသည့် နေရာ တိုင်းတွင်ရှိခြင်း၊ အရာအားလုံးကိုသိမြင်နိူင်ခြင်း၊ အရာအားလုံးတတ်စွမ်းနိူင်ခြင်း၊ မပြောင်းလဲ နိူင်ခြင်း၊ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ကောင်းမြတ်ခြင်း၊ သမ္မာတရားဖြစ် ခြင်းတို့ကိုလည်း နားမလည်နိူင်ပါ။ သမ္မာကျမ်းစာအားဖြင့် ကျွန်တော်တို့အားဖော်ပြတော်မမူ လျှင်၊ ကျွန်တော်တို့လုံးဝမသိနားမလည်နိူင်သောအရာများရှိပါသည်။ စစ်မှန်သောဘုရားသခင် အကြောင်း ကျွန်တော်တို့သိရှိသမျှသည် ဘုရားသခင်၏နှုတ်ကပါတ်တော်အားဖြင့်ဖြစ်သည်။

“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရား သခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း……” ( ၂တိ ၃း ၁၆ )

အပြစ်ကို ဒဏ်ခတ်တော်မူသောဘုရားသခင်အကြောင်းကို မည်သို့ပြောဆိုမည်နည်း။ Dr. George Buttrick၊ ကျမ်းစာကို ငြင်းပယ်သည့် စာတည်းမှူးက “အနက်ဖွင့်သူတို့၏ကျမ်း စာအုပ်” တွင် “ဘုရားသခင်သည် ကျွန်ုပ်၏နတ်ဆိုးဖြစ်သည်” ဟုဆိုထားပါသည်။ သမ္မာကျမ်း စာထဲရှိဘုရားသခင်မှာ “နတ်ဆိုး” ဖြစ်သည်ဟုဆိုခဲ့သည်။ Robert Ingersoll က သမ္မာကျမ်း စာထဲတွင်ရှိသော ဘုရားသခင်သည် “`ဤရက်စက်ကြမ်းကြုတ်သောဘုရား” ဟုခေါ်ထားပြီး “သူ့ကိုငါမုန်းတယ်” ဟုဆိုပါသည်။ အပြစ်အပေါ်အမျက်ထွက်သောဘုရားအကြောင်းကို ကျောင်းသားများက ကောလိပ်တွင် ၎င်းတို့၏ကတိကများထံမှတဆင့် ကြားလေ့ရှိကြသည်။ သို့သော် George Buttrick က ဘုရားသခင်၏တရားစီရင်ခြင်းအပေါ်ငြင်းဆိုခြင်းသည် အခြေ အမြစ်မရှိပါ။ သူ၏ဆွပေးရုံသက်သက်သာဖြစ်ပါသည်။ Ingersoll က ဘုရားသခင်အား ရက်စက်ကြမ်းကြုတ်သောဘုရားဟုခေါ်ခြင်းမှာ အခြေအမြစ်မရှိဘဲ ဆွပေးရုံသက်သက်သာဖြစ် ပါသည်။ အပြစ်ကိုစီရင်တော်မူသောဘုရားသခင်၏လုပ်ဆောင်မှုကိုငြင်းပယ်သော ကထိက များ၏လုပ်ဆောင်မှုမှာ အခြေအမြစ်မရှိဘဲ ၎င်းတို့၏ဆွပေးရုံပြောဆိုခြင်းသာဖြစ်ပါသည်။

သူတို့သည် မှားယွင်းကြောင်းကို မည်သို့သိနိူင်သနည်း။ ဘုရားသခင်အကြောင်း သူတို့ သိသောအရာထက် ကျွန်တော်တို့သည် အဘယ်အရာသိသနည်း။ ၎င်း၏အဖြေမှာ ကျွန်တော် တို့အသုံးပြုသော ကျမ်းချက်ပင်ဖြစ်သည်။

“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရား သခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း……” ( ၂တိ ၃း ၁၆ )

သမ္မာကျမ်းစာ၏မူရင်း ဟေဗြဲနှင့်ဂရိစကားလုံးအားလုံးကို ထီအိုအက်စ်တို့ (ဘုရားသခင်မှုတ် သွင်းခြင်း) အားဖြင့်ပေးထားပြီး ဩဝါဒပေးခြင်း (didaskalian - ညွန်ကြားခြင်း၊ ခံယုခြင်း ) အတွက်အကျိုးရှိသော (ophelimos - အသုံးဝင်သော ) အရာဖြစ်ပါသည်။ Dr. Fritz Rienecker က “ [နှုတ်ကပါတ်တော် ]ရေးသားချက်သည် ဘုရားသခင်မှုတ်သွင်းခြင်းဖြစ် သည်။ ဘုရားသခင်၏နှုတ်ကပါတ်တော်သည် ပရောဖက်တို့၏အပေါ် သို့မဟုတ် အထဲတွင် တည်နေပြီ သူတို့၏စကားသည် သူတို့ထံမှမလာစေရန် သူတို့အားဖြင့် စကားပြောတော်မူ သည်။ သူတို့သည် ဘုရားသခင်၏နှုတ်မှ ဝိညာဉ်တော်အားဖြင့် ရေးသားပြောဆိုကြပါသည်။ ကနဦးအသင်းတော်သည် ဤရှုထောင့်နှင့် သဘောတူညီမှုရှိပါသည်။ (Fritz Rienecker, Ph.D., A Linguistic Key to the Greek New Testament, ဂျာမန်ဘာသာစကားမှ Cleon L. Rogers, Jr. က ဘာသာပြန်ဆိုသည်။ ၂တိမောသေ ၃း ၁၆ )

သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသောအရာ၏ပြည့်စုံသော ဘဏ္ဍာပင် ဖြစ်ပါသည်။ ဟေဗြဲနှင့်ဂရိစကားလုံးတစ်လုံးစီသည် ဘုရားသခင်ကိုယ်တိုင်၏နှုတ်ထွက်စကား ပင်ဖြစ်ပါသည်။ ဘုရားသခင်အကြောင်းနှင့်ပါတ်သက်၍ ကျွန်တော်တို့သိချင်သောအရာတိုင်း သည် သမ္မာကျမ်းစာမှတပါး အခြားနေရပ်တွင် လာသည်မဟုတ်။ မာတင်လူသာက “ဆိုလာ ကျမ်းစာ” ဟုဆိုပါသည်။ သမ္မာကျမ်းစာသည်သာ ကျွန်တော်တို့၏ယုံကြည်ချက်နှင့်ခံယူချက် ပင်ဖြစ်ပါသည်။ Dr. Martyn Lloyd-Jones က အချက်နှစ်ချက်ရှိသည်၊ ၎င်းတို့မှာ ကျွန်တော် တို့သည် သမ္မာကျမ်းစာကို အခွင့်အာဏာရှိသည်ဟု ယုံကြည်လက်ခံမည်လော၊ လူတို့၏တွေး ခေါ်ယူဆချက်ကိုသာ ယုံကြည်လက်ခံမည်လော။ “ကျမ်းစာတစ်ခုလုံးမှာ ဘုရားသခင်၏ ဘုရား သခင်၏စစ်မှန်သောဖော်ပြချက်ပင်ဖြစ်ပါသည်။” (Fellowship with God, Crossway Books, ၁၉၉၃၊ စာ-၁၀၄ ) “ထိုအရာမှာ သင်၏ယူဆချက်ဖြစ်သည်” ဟု လူများပြောသည့်အ ခါ ကျွန်တော်ပြန်၍ဖြေဆိုရန်ရှိသည်။ “ကျွန်တော့်၏ယူဆချက်မဟုတ်ပါ။ သမ္မာကျမ်းစာ၏ယူ ဆချက်သာဖြစ်ပါသည်။ ဘုရားသခင်နှုတ်ကပါတ်တော်၏စစ်မှန်သော သွန်သင်ချက်ပင်ဖြစ်ပါ သည်။” သူတို့က “မည်သို့အနက်ဖွင့်သနည်း” ဟုဆိုကြသည်။ ကျွန်တော်က “သတင်းစာကို ကျွန်တော်အနက်ဖွင့်သကဲ့သို့ အနက်ဖွင့်သည်၊ ၎င်းပြောဆိုသောအရာကို ဆိုလိုသည်” ဟု ပြန် ဆိုသည်။

ပျောက်ဆုံးသောသူများက ထိုအရာကို မနှစ်မြှို့ကြပေ။ အဘယ့်ကြောင့်နည်း။ နတ် ဆိုးစကားကိုနားထောင်နေကြသောကြောင့်ဖြစ်သည်။ မာနတ်သည် ကျွန်တော်တို့၏ပထမဆုံး သောမိခင်အား ဘုရားသခင်သည် သူပြောဆိုသောအရာကို ဆိုလိုသည်မဟုတ်ဟု ပြောဆိုခြင်း အားဖြင့် ရှုပ်ထွေးစေခဲ့သည်။ (ကမ္ဘာဦး ၃း ၁-၅) ဘုရားသခင်၏နှုတ်ကပါတ်တော်ကို ယုံကြည် ကိုးစားခြင်းမရှိနိူင်သည့် အယူအဆများသည် လူသား၏ကျဆုံးခြင်း၊ လူသားမျိုးနွယ်၏ပျက်စီး ခြင်းကို ဆောင်ယူလာသောအရာပင်ဖြစ်သတည်း။ ဘုရားသခင်ကူမတော်မူပါ။ စစ်မှန်သော ဘုရားသခင်အကြောင်းနှင့်ပါတ်သက်၍ ကျွန်တော်တို့သိရှိသမျှသည် သမ္မာကျမ်းစာထဲမှ လာခြင်းသာဖြစ်ပါသည်။ “စစ်မှန်သောဘုရားသခင်နှင့်ပါတ်သက်၍ ကျွန်တော်တို့သိသမျှသော အရာသည်” သမ္မာကျမ်းစာထဲမှသာ လာသည်။ ကိုရမ်ကျမ်းမှ လာသည်မဟုတ်။ မော်မွန်းကျမ်း မှလည်း လာခြင်းမဟုတ်ပါ။ Mary Baker Eddy ၏ သိပ္ပံပညာနှင့် ကျန်းမာရေး တို့မှလာခြင်း မဟုတ်။ မှားယွင်းစွာဘာသာပြန်ဆိုထားသော ယေဟောဝါတို့၏ ကျမ်းစာအုပ်မှလည်းမဟုတ် ပါ။ စစ်မှန်သောဘုရားအကြောင်းနှင့်ပါတ်သက်၍ ကျွန်တော်တို့သိသမျှသည် သမ္မာကျမ်းစာ တစ်ခုတည်းမှသာလာခြင်းဖြစ်သည်။ ယခု သမ္မာကျမ်းစာနှင့်ပါတ်သက်ပြီး ဘုရားသခင်မိန့်ဆို သောအရာကားအဘယ်နည်း။ ဘုရားသခင်၏အကြောင်းနှင့်ပါတ်သက်၍သမ္မာကျမ်းစာ၏ဖော် ပြချက်သည် ယနေ့လူတို့၏ပြောဆိုချက်နှင့်များစွာခြားနားမှုရှိပါသည်။ လမ်းပေါ်တွင်ရှိသော လူတို့၏ဖျမ်းမျှလူဦးရေက ဘုရားအကြောင်းနှင့်ပါတ်သက်ပြီး အကြောင်းအရာနှစ်ခုကို စဉ်းစား နိူင်ပါသည်။ တစ်ခုခုကို ဆင်ခြင်တွေးတောပေမည်။


၁။ ဘုရားသခင်မရှိပါဟူ၍လည်းကောင်း၊ သို့မဟုတ်

၂။ ဘုရားသခင်သည် မေတ္တာနှင့်ပြည့်စုံသောဘုရားသာဖြစ်၍၊ အပြစ်စီရင်မည်မဟုတ်။


ထိုအကြောင်းအရာနှစ်ခုစလုံးသည် သမ္မာကျမ်းစာထဲက မဟုတ်ပါ။ လူ၏အတွေးအခေါ်သာ ဖြစ်ပါသည်။ စစ်မှန်သောဘုရားအကြောင်းကို ရှင်းလင်းထားသည်မဟုတ်။

ဟုတ်ပါသည်။ ဘုရားသခင်သည် မေတ္တာဖြစ်ကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထား ပါသည်။ ( ၁ယော ၄း ၁၆ ) သို့သော် ဘုရားသခင်သည် အပြစ်စီရင်သောဘုရားလည်းဖြစ်ပါ သည်။ ဘုရားသခင်၏အမျက်ဒေါသနှင့်အပြစ်စီရင်ခြင်းအကြောင်းကို သမ္မာကျမ်းစာထဲတွင် သူ့မေတ္တာထက် များပြားစွာ ဖော်ပြထားပါသည်။ Dr. Lloyd-Jones က “သင်သည် ဤအယူအဆများကို သမ္မာကျမ်းစာ အပြင်ဘက်တွင်ရရှိခဲ့လျှင် အနည်းငယ်သာချန်ထားပါ” ဟုဆိုပါသည်။ (The Heart of the Gospel, Crossway Books, ၁၉၉၁၊ စာ-၉၈ ) အခြားတစ်ဘက်တွင် Dr. Lloyd-Jones က “ဘုရားသခင်၏အ မျက်တော်ကို ယုံကြည်လက်ခံ ခြင်းမရှိသော လူတို့ကြုံတွေ့သည့် ဒုက္ခမှာ သူတို့သည် သမ္မာကျမ်းစာ၏ ဘုရားသခင်အ ကြောင်းဖော်ပြချက်ကို မယုံကြခြင်းပင်ဖြစ်သည်၊ သူတို့သည် မိမိကိုယ်တိုင်ဖန်တီးသည့် ဘုရားကို ကိုးကွယ်ကြသည်” ဟုဆိုသည်။ (God’s Sovereign Purpose ( ရောမ ၉)၊ The Banner of Truth Trust ၊ ၁၉၉၁၊ စာ-၂၁၂ )

ဘုရားသခင်၏အမျက်တော်နှင့်တရားစီရင်ခြင်းသည် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းနှစ်ခုလုံးတွင် တွေ့ရှိရသည့် ခံယူချက်များသာဖြစ်ပါသည်။ လွန်ခဲ့ သည့်အပတ်က ရေလွှမ်းမိုးခြင်း၌ ဘုရားသခင်၏တ ရားစီရင်ခြင်းအကြောင်းကို ဖတ်ရှုရပါ သည်။

“ဘုရားသခင်က၊ ငါဖန်ဆင်းသောလူတို့ကို မြေကြီးမျက်နှာမှ ငါသုတ်သင်ဖယ် ရှင်းမည်။” ( ကမ္ဘာဦး ၆း ၇ )

“ထိုအခါ ဘုရားသခင်သည် နောဧအားမိန့်တော်မူသည်ကား၊ သတ္တဝါအပေါင် တို့၏အဆုံးသည် ငါ့မျက်မှောက်တွင်ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွသူတို့ကို ငါဖျက် ဆီးမည်။” ( ကမ္ဘာဦး ၆း ၁၃ )

“မြေမျက်နှာပေါ်၌ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သောအရာဖြစ် စေ၊ မိုဃ်းကောင်းကင်ငှက်ဖြစ်စေ၊ အသက်ရှင်သောအရာရှိရှိသမျှတို့ကို၊ မြေ ကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကျန်ကြွင်းကြလေ ၏။” (ကမ္ဘာဦး ၇း ၂၃ )

တရားစီရင်သောဘုရားဖြစ်ကြောင်းကို ပြသသည်။ သောဒုံနှင့်ဂေါမောရအပေါ်တရားစီရင်ခြင်း အကြောင်းကိုလည်း ဖတ်ရှုကြရပါသည်။

“ထိုအခါထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ကန့်နှင့်မီးမိုဃ်းကို ရွာစေတော်မူ၏။ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ်တစ်လျှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း၊ မြေ၌ပေါက်သ မျှကို၎င်းမှောက်လှဲတော်မူသည်။” (ကမ္ဘာဦး ၁၉း ၂၄-၂၅)

ထိုအရာမှာ ဘုရားသခင်၏တရားစီရင်ခြင်းပင်ဖြစ်သည်။ အီဂျစ်လူမျိုးများအပေါ်ဘုရားသခင်၏ ကြောက်မက်ဖွယ်စီရင်ခြင်းအကြောင်းကို ကျွန်တော်ဖတ်ခဲ့ရသည်။ ဟေဗြဲလူမျိုးများကို သွား ခွင့်မပြုရုံဖြင့်မည်သို့ စီရင်တော်မူသနည်း။

“ညသန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍ ထောင်ထဲမှာ အချုပ်ခံရသောသူ၏သားဦးတိုင်အောင်၊ အဲဂုတ္တု ပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရိစ္ဆာန်တို့၏သားဦးရှိသမျှတို့ကို၎င်း ဒဏ်ခတ် တော်မူ၏။ ထိုညဉ့်တွင်၊ ဖာရောဘုရင်နှင့်သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့ သည် ထကြ၍၊ အသေကောင်ကင်းသောအိမ်တစ်အိမ်မျှ မရှိသောကြောင့်၊ အဲဂုတ္တုပြည်၌ကြီးစွာသောငိုကြွေးခြင်းဖြစ်လေ၏။” ( ထွက် ၁၂း ၂၉-၃၀ )

ထိုအရာမှာ ဘုရားသခင်၏ တရားစီရင်ခြင်းပင်ဖြစ်ပါသည်။ အာရုန်၏သား နာဒပ်နှင့်အဘိဟု တို့အပေါ်ဘုရားသခင်၏စီရင်ခြင်းကို ဖတ်ရှုရသည်။

“အာရုန်၏သားနာဒပ်နှင့်အဘိဟုတို့သည်၊ ကိုယ်စီဆိုင်သောလင်ပန်းတို့ကိုယူ လျက်၊ မီးကိုထည့်၍လောဗန်ကိုတင်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူ သော မီးမဟုတ်၊ ထူးခြားသောမီးကို ပူဇော်၏။ ထိုအခါ ထာဝရဘုရားထံတော် မှမီးထွက်၍၊ သူတို့ကိုလောင်သဖြင့် ရှေ့တော်၌သေကြ၏။” ( ဝတ်ပြု ၁၀း ၁-၂)

ထိုအရာမှာ ဘုရားသခင်၏တရားစီရင်ခြင်းဖြစ်သည်။ ဥပုဒ်နေ့တွင် တုတ်ချောင်းကောက်လျက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်သော သူအကြောင်းကို ကျွန်တော်ဖတ်မိသည်။

“ထာဝရဘုရားကလည်း၊ ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကိုကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေအားမိန့်တော်မူ၍၊ ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့သည် ထိုသူကိုတပ်ပြင်သို့ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ကြသဖြင့် သူသည် အသေခံရ၏။” (တောလည် ၁၅း ၃၅-၃၆ )

ထိုအရာမှာ ဘုရားသခင်၏တရားစီရင်ခြင်းဖြစ်သည်။ ထို့နောက် ကောရနှင့် မောရှေကိုဆန့် ကျင် ရာတွင် နောက်လိုက်ကြသော သူတို့အကြောင်းကိုလည်း ဖတ်ရှုပါသည်။

“ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာမြေကြီးသည်ကွဲ၍၊ မိမိခံတွင်းကို ဖွင့်သ ဖြင့်၊ သူတို့နှင့်သူတို့အိမ်များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသောသူတို့နှင့်သူတို့ ဥစ္စာရှိသမျှကို၎င်း၊ မျိုလေ၏။ ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသောသူ တို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိူင်ငံသို့ဆင်းသက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။ သူတို့အော် ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော က္ကုသရေလအမျိုးသားတို့သည်ကြားလျှင်၊ ငါ တို့ကိုလည်းမြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ၏။ နံသာပေါင်းကို မီးရှို့၍ ပူဇော်သောသူနှစ်ရာငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီး ထွက်၍လောင်လေ၏။” (တော ၁၆း ၃၁-၃၅ )

ထိုအရာမှာ ဘုရားသခင်၏တရားစီရင်ခြင်းပင်ဖြစ်ပါသည်။ ထို့နောက် တရားဟောရာကျမ်း တွင်လည်း ကျွန်တော်ဖတ်ရှုရပါသည်။

“အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဖွယ် သောဘုရား၊ လူမျက်နှာကိုမထောက်၊ တံစိုးကိုမစားဘဲ၊ မိဘမရှိသောသူငယ် မုဆိုးမဘက်၌တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကိုစုံမက်သဖြင့်၊ အဝတ်အစား တို့ကို ပေးသနားသောဘုရားဖြစ်တော်မူ၏။” ( တရားဟော ၁၀း ၁၇ )

ထို့နောက်သူပြောဆိုသည်ကား။

“သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍၊ အမှုတော်ကိုဆောင်ရွက်ရ မည်။” ( တရား ၁၀း ၂၀ )

ထိုအရာပင်လျှင် ဘုရားသခင်၏တရားစီရင်ခြင်းဖြစ်သည်။

ထိုအရာအားလုံးသည် မောရှေရေးသားထားသည့် ပညတ္တိကျမ်းစောင်များတွင် ပေးထားပါသည်။ ထိုအရာများသည် ပထမကျမ်းငါးစောင်တွင်ဖော်ပြထားသည့် အနည်း ငယ် သော တရားစီရင်ခြင်းများသာဖြစ်ပါသည်။ ထိုအရပ်တွင် ဘုရားသခင်အား “ဘုရားတို့ ၏ဘု ဘုရား၊ သခင်တို့၏အရှင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးကြီး၍ ကြောက်မက်ဖွယ် ကောင်းသော ဘုရားဖြစ်ကြောင်းဖော်ပြထားပါသည်။” (တရား ၁၀း၁၇)

ထို့နောက် ပရောဖက်ဟေရှာဟအားဖြင့်ပြောသည်မှာ “လူများကို အမျက်ထွက် ၍ကျော်နင်းပြီ” ဟုဖြစ်သည်။ ပရောဖက် နေဟမိက သူအား “ကြီးမြတ်၍၊ ကြောက်မက်ဖွယ် သောဘုရား”( နေဟ ၁း ၅ ) ဟုခေါ်သည်။ ဒံယေလက သူ့အား “အလွန်ကြီးမြတ်၍ ကြောက် ရွံ့ဘွယ်ဖြစ်တော်မူသောအရှင်ဘုရားသခင်”( ဒံယေလ ၉း ၄ ) ဟုခေါ်သည်။

သို့သော် တစ်စုံတစ်ယောက်က “ဓမ္မဟောင်းက ဘုရားသခင်ဖြစ်သည်။ ဓမ္မသစ် တွင်ရှိသော ဘုရားသခင်ကို ငါယုံကြည်သည်” ဟုခေါ်ဆိုနိူင်သည်။ ထိုအရာက သင်သည် ဓမ္မ သစ်တွင်ရှိသောဘုရားကို သင်ငြင်းပယ်သည့် သဘောကိုပြသည်။ ဓမ္မသစ် တွင် ကျွန်တော်တို့ ဖတ်ရှုရသည်မှာ “အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော် သို့ ကျရောက်ခြင်းအမှု သည် ကြောက်မက်ဖွယ်သောအမှုဖြစ်သည်” ( ဟေဗြဲ ၁၀း ၃၁) ဟုတွေ့ရသည်။ ၂ကော ၅တွင်တမန်တော်ပေါလုကပြောဆိုသည်မှာ “ကြောက်မက်ဖွယ် သောဘုရားကိုသိရှိခြင်းသည် လူတို့ကိုဆွဲဆောင်သည်” ဟုဆိုသည်။ ထို့ပြင် သခင်ယေ ရှုခရစ်က သမ္မာကျမ်းစာထဲတွင် အခြားနေရာများထက် တရားစီရင်ခြင်းနှင့် ငရဲအကြောင်း ကို သာ၍ပြောသည်။ ခရစ်တော်က ဤသို့ဆိုသည်။

“ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့သွားရကြလတံ့။” (မဿဲ ၂၅း ၄၆ )

ခရစ်တော်က ဤသို့ဆိုသည်။

“သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ် လော့။မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ ချခြင်းကို ခံရသည်ထက် မျက်စိတစ် ဘက်နှင့်အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။”(မဿဲ ၁၈း ၉ )

ခရစ်တော်က ဤသို့ဆိုသည်။

“လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင်၊ မှားယွင်းစေ သောသူတို့နှင့် မတရားသောအမှုကိုပြုသောသူရှိသမျှတို့ကို နိူင်ငံတော်ထဲ ကရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။” (မဿဲ ၁၃း ၄၁-၄၂ )

ခရစ်တော်က မယုံကြည်သည့် ချမ်းသာသည့် လူသည် ငရဲသို့သွားခဲ့သည်ဟိုဆိုသည်။

“မရဏာနိူင်ငံ၌ ပြင်းပြစွာသောဝေဒနာကိုခံရလျက် မျှော်ကြည်၍၊ အဗြဟံကို ၎င်း၊ အာဗြဟံ၏ရင်ခွင်၌လာဇရုကို၎င်း အဝေးကမြင်လျှင်၊ အို အဘအာဗြဟံ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရ သောကြောင့်၊ လာဇရုသည်မိမိလက်ဖျားကို ရေ၌နစ်၍ အကျွန်ုပ်လျှာကိုအေး စေခြင်းငှါသူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။” (လုကာ ၁၆း ၂၃-၂၄ )

ဓမ္မသစ်ကျမ်း၏နောက်ဆုံးသောကျမ်းစာအုပ်ကလည်း ဤသို့ဆိုသည်။

“ထိုသူသည် ဘုရားသခင်၏ဒေါသဖလား၌ လောင်းသောအမျက်တော်စပျစ် ရည်စစ်ကိုသောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုး သူငယ်ရှေ့တွင်၊ ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှင်းဆဲခြင်းကို ခံရ လိမ့်မည်။ထိုညှင်းဆဲခြင်း၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည် နေ့ညဉ့်မပြတ် သက်သာမရကြဟု၊ လိုက်၍ကြီးသောအသံနှင့် ပြောဆို၏။” (ဗျာဒိတ် ၁၄း ၁၀-၁၁ )

ဓမ္မသစ်ကျမ်းတွင် ကျွန်တော်တို့ ပုန်းခိုရာမရှိပါ။ သမ္မာကျမ်းစာအစမှအဆုံးထိတိုင် ဘုရားသခင်သည် “ကြီမြတ်သောဘုရား၊ ကြောက်မက်ဖွယ်ကောင်းသောဘုရား” အဖြစ် တည် ရှိနေသည်။( တရား ၁၀း ၁၇ )

သခင်ခရစ်တော်ကို အကြွင်းမဲ့ယုံကြည်လက်ခံမည်ဟု ကျွန်တော်ယုံကြည်မိသည်။ လက်ဝါးကပ်တိုင်တွင်အသေခံပြီး ကျွန်တော်တို့၏အပြစ်ကြွေးကိုပေးဆပ်ရန်နှင့် ၎င်း၏အသွေး တော်အားဖြင့် သင်၏အပြစ်ကိုဆေးကြောရန် ဘုရားသခင်က စေလွှတ်ခဲ့သည်။ ဘုရားသခင်၏ အမျက်တော်နှင့်စီရင်ခြင်းမှ လွတ်မြောက်ရန် လမ်းမရှိပေ။ တမန်တော်ပေါလုက “သခင်ယေရှု ခရစ်ကိုယုံကြည်လော့၊ ယုံလျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟုဆိုပါသည်။ သမ္မာကျမ်း စာက “စိတ်နှလုံးအကြွင်းမဲ့ သခင်ဘုရားကို ယုံကြည်ကိုးစားလော့” ဟုဆိုထားသည်။ ( သုတ္တံ ၃း ၅) သခင်ယေရှုခရစ်က ဤသို့ဆိုပါသည်။

“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လ တံ့။ မယုံကြည်သောသူမူကား၊ အပြစ်စီရင်ခြင်းကိုခံရလတံ့။ “ (မာကု ၁၆း၁၆ )

Mr. Griffith “အသွေးတော်ကို မြင်သောအခါ” သီချင်းကို ပထမနှင့်ဒုတိယအပိုဒ်နှင့် ထပ်ဆိုများကို ကျေးဇူးပြုပြီး သီဆိုပေးပါ။

ကျွန်ုပ်တို့ကယ်ချွတ်ရှင် ကားတိုင်ပေါ်အသေခံ
   အပြစ်သားများတွက်သေခံ၊ အပြစ်ကျွေးများကိုပေးဆပ်
သိုးသူငယ်အသွေးဖြင့် သင့်ဝိညာဉ်ကိုသုတ်လိမ်းပေးထား
   သင့်အပေါ်သို့၊ သင့်အပေါ်သို့ပေးအပ်တော်မူ၏၊
အသွေးတော်ကိုငါမြင်ခါ၊ အသွေးတော်ကို ငါမြင်ခါ
   အသွေးတော်ကို ငါမြင်ခါ၊ ကမ်းပေး၏၊ သင့်ကို ကမ်းပေး၏။

အပြစ်အကြီးဆုံးသူ ယေရှုကယ်တင်မူပြီ
   သူကိုယ်တိုင်လုပ်ဆောင်မည်အကြောင်း ကတိထား
အပြစ်အတွက် စမ်းရေကိုဖွင့်ကာပေးထား
   သင့်အပေါ်သို့၊ သင့်အပေါ်သို့ပေးအပ်တော်မူ၏၊
အသွေးတော်ကိုငါမြင်ခါ၊ အသွေးတော်ကို ငါမြင်ခါ
   အသွေးတော်ကို ငါမြင်ခါ၊ ကမ်းပေး၏၊ သင့်ကို ကမ်းပေး၏။
(“အသွေးကို မြင်သောအခါ”၊ John G. Foote, ၁၉ ရာစု )

Dr. Chan ကျေးဇူးပြုပြီး ဆုတောင်းဦးဆောင်ပေးပါ။ အာမင်…။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ဗျာ ၁၄း ၉-၁၁
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “အသွေးကိုမြင်သောအခါ”၊ John G. Foote, ၁၉ ရာစု )