Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




စစ်မှန်သောပြောင်းလဲခြင်း- ၂၀၁၅ ထုတ်ဝေခြင်း

REAL CONVERSION – 2015 EDITION
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
ဇန်နာဝါရီ ( ၄ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 4, 2015

“ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင်၊ ကောင်းကင်နိူင်ငံတော်သို့ မရောက်ရ။” ( မဿဲ ၁၈း ၃ )


ယေရှုက ပွင့်လင်းမြင်သာစွာပြောဆိုသည်မှာ “ပြောင်းလဲ၍….ကောင်းကင်နိူင်ငံတော် သို့မရောက်ရ” ဟုဆိုထားပါသည်။ ထို့ကြောင့် ပြောင်းလဲခြင်းကို လက်တွေ့ကြုံတွေ့ရမည်အ ကြောင်းဖော်ပြထားပါသည်။ ပြောင်းလဲခြင်းမရှိလျှင် “ကောင်းကင်နိူင်ငံတော်သို့မရောက်ရ” ဟု ဆိုထားပါသည်။

စစ်မှန်သောပြောင်းလဲခြင်းကို အသက်တာတွင် ကြုံတွေ့သောသူ၏အသက်တာတွင် အဘယ်အရာဖြစ်ပေါ်တတ်သည်ကို ယနေ့နံနက်တွင် ကျွန်တော်ဟောပြောမည်ဖြစ်သည်။ ကျွန်တော်က “စစ်မှန်သော” ပြောင်းလဲခြင်းဟု ဆိုထားသည်ကို သတိချပ်စေလိုပါသည်။ “အ ပြစ်သား၏ဆုတောင်းချက်”ကို အသုံးပြုခြင်းအားဖြင့် သန်းပေါင်းများစွာသောလူတို့သည် မှား ယွင်းသောပြောင်းလဲခြင်းကို ကြုံတွေ့ခဲ့ကြသည်။

ကျွန်တော်တို့အသင်းတော်တွင် ကျွန်တော်၏ဇနီးသည်အပါအဝင် လူအနည်းငယ်ခန့် သာ ဧဝံဂေလိအကြောင်းကို ရှင်းလင်းစွာကြားသိသည့်အချိန်က စစ်မှန်သောပြောင်းလဲခြင်းကို တွေ့ကြုံခဲ့ကြသည်။ ဤသူတို့သည် ဧဝံဂေလိတရားကိုမကြားနာမှီတွင် ဘဝအခြေအနေက များစွာသွန်သင်ထားပါသည်။ အများသောသူတို့သည် ကလေးသူငယ်များသာဖြစ်ကြသည်။ ဧဝံဂေလိတရားကို ခုနှစ်လသာကြားနာခဲ့ပြီးနောက်တွင် ခရစ်တော်ထံပါးသို့လားကြသော ဤ သူတို့သည် စစ်မှန်သောပြောင်းလဲခြင်းကို လက်တွေ့မြည်းစမ်းခဲ့ကြသည်။ Spurgeon က “`ဤအရာသည် ယုံကြည်ခြင်း မြင်းခြင်းအားဖြင့်ဖြစ်သကဲ့သို့သောအရာဖြစ်ပေမည်။ သို့သော် ယုံကြည်ခြင်းကို ဇာတ်ခုံပေါ်တွင်ကြုံတွေ့ရသည်” ဟုဆိုပါသည်။ (Spurgeon, Around the Wicket Gate, Pilgrim Publications, ၁၉၉၂၊ စာ- ၅၇ ) လူများစွာဖြတ်ကျော်ခဲ့ကြသည့် ဇာတ်ခုံရှိပါသည်။

၁။ ပထမအချက်- သင်သည် အခြားအရာထက်ပြောင်းလဲရန် ဘုရားကျောင်း သို့လာသည်။

လူတိုင်းသည် ကျွန်တော်ကိုယ်တိုင်လုပ်ဆောင်ခဲ့သကဲ့သို့ ဘုရားကျောင်းသို့လာကြ သောအခါ မှားယွင်းသောအကြောင်းတရားများအားဖြင့် ရောက်လာတတ်ကြပါသည်။ ကျွန် တော်သည် ဆယ်ကျော်သက်အရွယ်တွင် ဘုရားကျောင်းသို့ရောက်ခဲ့သည်။ အကြောင်းမှာ အိမ်နီးချင်းများက သူတို့နှင့်အတူ ဘုရားကျောင်းသို့သွားရန် ခေါ်ဖိတ်ကြသောကြောင့်ဖြစ်ပါ သည်။ ကျွန်တော်သည် တစ်ဦးတည်းဖြစ်သည့်အတွက်ကြောင့် ၁၉၅၄ခုနှစ်မှစ၍ ဘုရား ကျောင်းသို့စတင်ပြီးလာခဲ့သည်။ ထို့ပြင် အိမ်နီးနားချင်းများသည်လည်း ကျွန်တော်အပေါ်အ လွန်ပင်ကောင်းကြပါသည်။ ၎င်းသည် ကောင်းသည့် အချက်တော်မဟုတ်ပါ။ ပထမတရား ဒေသနာပြီးဆုံးသည့်အချိန်တွင် “ရှေ့သို့”ရောက်လာခဲ့ပြီး တိုင်ပင်ခြင်းမရှိဘဲနှစ်ခြင်းခံခဲ့သည်။ အဘယ့်ကြောင့် ရှေ့သို့လာသည်ကိုလည်း မမေးမြန်းပေ။ သို့ဖြစ် နှစ်ခြင်းအသင်းသားတစ်ဦး ဖြစ်လာခဲ့ပါသည်။ ကျွန်တော်မပြောင်းလဲပါ။ ကျွန်တော်အမှန်တကယ်ပြောင်းလဲလိုသော ကြောင့် ဘုရားကျောင်းသို့ရောက်လာခြင်းမဟုတ်ဘဲ အိမ်နားကသူများသည် ကျွန်တော့်အ ပေါ်အလွန်ကောင်းမွန်ကြခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် နှစ်ရှည်လများ ရုန်းကန်နေရပြီး နောက်ဆုံး ကျွန်တော်အမှန်တကယ်ပြောင်းလဲလာသည့် ၁၉၆၁ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် Dr. Charles J. Woodbridge က Biola College တွင် တရားဟောသည်ကို ကြားသည့်အထိပင်ဖြစ်ပါသည်။ ၎င်းမှာ ကျွန်တော်ခရစ်တော်ကို အမှန် တကယ်ယုံကြည်လက်ခံလာသည့်နေ့၊ အပြစ်ကို ဆေးကြောပြီး ကယ်တင်တော်မူခြင်းကိုခံရ သည့်နေ့ပင်ဖြစ်ပါသည်။

သင့်အသက်တာမည်သို့ဖြစ်သနည်း။ သင်သည် တစ်ဦးတည်းရှိနေသောကြောင့် သို့မဟုတ် ကလေးတစ်ဦးအနေဖြင့် မိဘများက ဘုရားကျောင်းသို့ ဆောင်ယူလောသော ကြောင့် ဘုရားကျောင်းသို့ရောက်ရှိလာသလား။ သင်သည် အသင်းတော်တွင် ရုန်းထလာ သောကလေးငယ်တစ်ဦးကဲ့သို့ ယနေ့ နံနက်တွင် ဤနေရာတွင် ရှိနေပါသလား။ သို့ဆိုလျှင် ပြောင်းလဲသည်ဟု မဆိုနိူင်ပါ။ သို့မဟုတ် သင်သည်တစ်ဦးတည်းရှိနေသောကြောင့် ၊ တစ်ဦး တစ်ယောက်ကခေါ်ဖိတ်သောကြောင့်၊ သင့်အိမ်နီးချင်းတွေကကောင်းမွန်လွန်းသဖြင့် ကျွန် တော်ပြုခဲ့သကဲ့သို့ ပြုပါသလား။ ထိုသို့ပြုလျှင် ပြောင်းလဲသည်ဟု မဆိုလိုပါ။ ကျွန်တော့်ကိုအ မမြင်မိပါနှင့်။ သင်သည် အသင်းတော်ရှိကလေးများကဲ့သို့၎င်း၊ တစ်ဦးတည်းနေခြင်းကြောင့် သော်လည်းကောင်း၊ ကျွန်တော်အသက် ၁၃နှစ်အရွယ်တုန်းက ပြုမူခဲ့သကဲ့သို့ပြုမည်ခဲ့သော် လည်း ဒီနေရာတွင် ရှိနေကြသောကြောင့် အလွန်ပင်ဝမ်းမြောက်ပါ၏။ အသင်းတော်သို့ရောက် ရှိလာခြင်းသည် နားလည်နိူင်ဖွယ်ကောင်းသောအကြောင်းတရားများဖြစ်ပါသည်။ သို့သော် သင့်ကို ကယ်တင်တော်မူမည်မဟုတ်ပါ။ သင်သည် ကယ်တင်တော်မူခြင်းသို့ရောက်ရှိရန် စစ်မှန်သောပြောင်းလဲမှုလိုအပ်ပါသည်။ သင်သည် ယေရှုအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ရန် အမှန်တကယ်လိုအပ်ပါသလား။ “မှန်သော” အကြောင်းတရားပင်ဖြစ်ပါသည်။ အပြစ်ထဲက ကယ်တင်နိူင်မည့် တစ်ခုတည်းသော အရာပင်ဖြစ်ပါသည်။

သင်သည် တစ်ဦးတည်းရှိနေသောကြောင့်လည်းကောင်း၊ စိတ်မပါသဖြင့်သော်လည်း ကောင်း ဒီနေရာတွင် ရှိနေခြင်းသည် မှားယွင်းသောအရာတော့မဟုတ်ပါ။ ကောင်းမွန်သော အကြောင်းတရားလည်းမဟုတ်ပါ။ သင်သည် ပြောင်းလဲခြင်းရရှိရန် အခြားလိုအပ်ချက်ရှိပါသေး သလား၊ သင်သည် ဘုရားကျောင်းသို့ရောက်ရှိလာရန် ကောင်းသောအရာကိုလုပ်ဆောင်ပေး သောကြောင့်မဟုတ်ပါ။

၂။ ဒုတိယအချက်- ဘုရားသခင်အမှန်တကယ်ရှိတော်မူသည်ကို စတင်သိရှိသိရှိ လာသည်။

ဘုရားကျောင်းထဲသို့ရောက်ရှိမလာမှီ ဘုရားသခင်ရှိတော်မူကြောင်းကို သင်သတိပြုမိ ပေမည်။ သို့သော် လူများစွာတို့သည် ဧဝံဂေလိတရားနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းမတိုင်မှီတွင် ဘု ရားသခင်၌ သူတို့၏ယုံကြည်ခြင်းသည် မရှင်းမလင်းဖြစ်ပါသည်။ သင့်ကို တစ်ဦးဦးက ဘုရား ကျောင်းသို့ခေါ်လာခဲ့သည်မှန်လျှင် ထိုသို့သောသဘောကို သင်လည်း ကြုံတွေ့နိူင်ပါသည်။

သင်သည် အသင်းတော်တွင် ကြီးပြင်းလာသူတစ်ဦးဖြစ်နေခဲ့လျှင် သမ္မာကျမ်းစာအ ကြောင်းများစွာ သိရှိပေမည်။ ကျမ်းစာစောင်များ၏နေရာကို ကောင်းစွာရှာဖွေနိူင်ပေမည်။ ကယ်တင်ခြင်းအစီအစဉ်ကိုလည်း နားလည်ပေမည်။ သင်သည် ကျမ်းချက်များနှင့်သီချင်းများ ကိုလည်း ရရှိနိူင်ပေသည်။ သို့သော် ဘုရားသခင်သည် သင့်အသက်တာတွင် ရှင်းလင်းခြင်း၊ စစ်မှန်ခြင်းမရှိသေးပေ။

ထို့နောက် သင်သည် လူသစ် သို့မဟုတ် ဘုရားကျောင်းတွင် ကြီးပြင်းလာသူဖြစ်စေ ကာမူ တစ်စုံတစ်ခု ဖြစ်ပေါ်နိူင်ပါသည်။ ဘုရားသခင်နှင့် စကားပြောရုံသက်သက်မဟုတ်ဘဲ စစ်မှန်သောဘုရားရှိတော်မူကြောင်းကို သတိပြုမိပေလိမ့်မည်။ ဘုရားသခင်သည် သင်၏အ သက်တာတွင် စစ်မှန်သောသူဖြစ်ပါမည်။

ကျွန်တော်ငယ်စဉ်တုန်းက ဘုရားသခင်အပေါ်ယုံကြည်သောစိတ်သည် မရှင်းမလင်း ဖြစ်ခဲ့ပေသည်။ သို့သော် ဘုရားသခင်သည် သမ္မာကျမ်းစာထဲတွင် “ကြီးမားပြီး ကြောက်မက် ဖွယ်ရာကောင်းသည့် ဘုရား” ( နေဟမိ ၁း ၅) ဖြစ်ကြောင်းကို အိမ်နားကလူများနှင့် နှစ်ခြင်း ဘုရားကျောင်းစ တက်သည့် နှစ်နှစ်ကျော် ကျွန်တော်အသက် ဆယ့်ငါးနှစ်အထိ သတိပြုမိခြင်း

မရှိသေးပါ။ ကျွန်တော့်အဖွားသဂြိုလ်ပြီးနောက် သုဿန်ရှိ သစ်ပင်အောက်သို့ပြေးသွားပြီး ပင့်သက်ရှူရှိုက်ကာ မြေပြင်ပေါ်သို့ ချွေးများတသီးသီးထွက်နေသည်။ ဘုရားသခင်သည် ရုတ် တရက် ကျွန်တော်အပေါ်ဆင်းသက်လာပြီး သူသည် ၎င်း၏သန့်ရှင်းခြင်းတွင် စစ်မှန်ကြောင်း၊ တန်ခိုးတော်အနန္ဒနှင့်ပြည့်စုံကြောင်း နှင့် ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိရှိခဲ့ရသည်။ ကျွန်တော်မပြောင်းလဲသေးပါ။

ထိုသို့ သင်ကြုံတွေ့ဖူးပါသလား။ သမ္မာကျမ်းစာထဲတွင်ရှိသော ဘုရားသခင်သည် သင့်အသက်တာတွင် အမှန်တကယ်ဖြစ်လာပါသလား။ အလွန်တရာပင် အရေးကြီးသောအရာ ပင်ဖြစ်ပါသည်။ သမ္မကျမ်းစာက ဤသို့ဆိုပါသည်။

“ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိူင်။ အကြောင်း မူကား၊ ဘုရားသခင်အထံတော်သို့ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိ တော်မူသည်ကို၎င်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ သည်ကို၎င်း၊ ယုံကြည်ရမည်။” ( ဟေဗြဲ ၁၁း ၆ )

ဘုရားသခင်ကို ယုံကြည်ခြင်းသည် ယုံကြည်ခြင်းအတိုင်းအတာကို လိုလားပေသည်။ သို့သော် ၎င်းသည် ကယ်တင်သောယုံကြည်ခြင်းမျိုးမဟုတ်ပါ။ ပြောင်းလဲခြင်းလည်းမဟုတ်ပါ။ ကျွန်တော်၏အမေက မကြာခဏပြောဆိုသည်မှာ “ဘုရားသခင်ကို အမြဲယုံကြည်ပါသည်” ဟူ၍ဖြစ်သည်။ ကျွန်တော်၏စိတ်ထဲတွင် သံသယမေးခွန်းများမရှိပါဟုလည်းဆိုသည်။ သူမ သည် ကလေးဘဝကစ၍ ဘုရားသခင်ကို ယုံကြည်ကိုးစားသည်။ သို့သော် အသက် ၈၀ ပြည့် သည်အထိ မပြောင်းလဲသေးပါ။ သူမဘုရားကို ယုံကြည်သောအရာသည် အရေးပါသောအရာ ဖြစ်ပါသည်။ သို့သော် စစ်မှန်သောပြောင်းလဲခြင်းဖြစ်ပေါ်လာရန် ထိုထက်သာ၍ကြီးမားသော အရာဖြစ်ပေါ်ရပါမည်။

ထို့ကြောင့် ယနေ့ နံနက်တွင်လည်း သင်တို့သည် ဘုရားသခင်၏စစ်မှန်ခြင်းကို လုံး၀ သိရှိထားခြင်းမရှိဘဲ ဘုရားကျောင်းသို့ရောက်ရှိလာခဲ့ကြပေသည်။ စစ်မှန်သော ဘုရားရှိတော် မူကြောင်းကို အနှေးနှင့် အမြန် သင်သိလာပါလိမ့်မည်။ ထိုအကြောင်းအရာမှာ ဒုတိယအဆင့် ပင်ဖြစ်ပါသည်။ သို့ရာတွင် ပြောင်းလဲခြင်းမဟုတ်သေးပေ။

၃။ တတိယအချက်- သင်၏အပြစ်ကြောင့် ဘုရားသခင်ကိုပြစ်မှားပြီး ဒေါသ ထွက်စေသည်ကို သတိပြုမိပါသည်။

သမ္မာကျမ်းစာက မိန့်တော်မူသည်မှာ “ဇာတိပကတိ၌ ကျင်လည်သောသူတို့သည် (မပြောင်းလဲသေးသောသူများ) ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိူင်ကြ” (ရောမ ၈း ၈ ) ဟု ဆိုထားပါသည်။ သင်သည် မပြောင်းလဲသေးသောသူတစ်ယောက်အနေဖြင့် လုပ်ဆောင်သမျှ အရာသည် ဘုရားသခင်ကို ကျေနပ်စေခြင်းမရှိကြောင်းကို သတိပြုလာပေမည်။ သင်သည် အ ပြစ်သားဖြစ်ကြောင်း မိမိကိုယ်ကို သိမြင်လာပေသည်။ နေ့ရက်တိုင်း “စိတ်ခိုင်မာသဖြင့် ဘုရား သခင်၏အမျက်ဒေါသကို ဆည်းပူးနေပေသည်”( ရောမ ၂း ၅ ) သမ္မာကျမ်းစာက ဤသို့ဆို သည်။

“ဘုရားသခင်သည် တရားသဖြင့်စီရင်တော်မူသောဘုရားဖြစ်၍၊ မတရား သောသူကို အစဉ်အမျက်ထွက်တော်မူ၏။” ( ဆာလံ ၇း ၁၁ )

ဘုရားသခင်အမှန်တကယ်ရှိတော်မူကြောင်းကို သင်သိရှိထားပြီးနောက် သင်ပြစ်မှား သောအားဖြစ် ဘုရာသခင်ကို စော်ကားကြောင်း သင်သတိပြုမိလာမည်။ ဘုရားသခင်ကို မချစ် ခြင်းအားဖြင့်လည်း ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်။ သင်ပြစ်မှားသောအပြစ်များသည် ဘုရားသခင်နှင့် သူ၏ပညတ်များကို ချိုးဖောက်စော်ကားဖြစ်သည်။ ထိုအရာမှန်ကန်ကြောင်းကို သင်သိမြင်လာလိမ့်မည်။ ဘုရားသခင်ကို မချစ်သည့်အပြစ်ကိုလည်း ထိုအချိန်တွင် ကြီးမား သည့်အပြစ်အဖြစ်မြင်လာပေမည်။ ထိုထက်သာ၍ သင်၏သဘောသဘာဝသည်ပင် အပြစ်နှင့် ပြည့်နှက်နေကြောင်းကို မြင်လာပေမည်။ သင်အထဲတွင် မကောင်းသောအရာများသာရှိပြီး သင်၏စိတ်နှလုံးသည်လည်း ဆိုးညစ်ခြင်းသက်သက်ဖြစ်ကြောင်းကို တွေ့မြင်လာပေမည်။

ဤအဆင့်ကို သန့်ရှင်းသူများက “နိူးထမှု” အဆင့်ဟုခေါ်ကြသည်။ မိမိအပြစ်ကိုသိ မြင်ခြင်းမရှိလျှင် စစ်မှန်သောနိူးထမှုမရှိနိူင်ပါ။ John Newton က ဤသို့ရေးသားသည့်အချိန် တွင် ခံစားခဲ့သကဲ့သို့ သင်ဖြစ်ပေမည်။

အိုကိုယ်တော်ဘုရား၊ အကျွန်ုပ်သည် မသန့်ရှင်းသောသူဖြစ်ပါတကား၊
ထိုသို့သော အပြစ်ဒုစရိုက်များဖြင့် အဘယ်သို့အိပ်ပျော်နိူင်မည်နည်း။

ကိုယ်တော်ကျိန်းဝပ်တော်မူရာနှလုံးသားကို ညစ်ညမ်းစေခြင်းဖြစ်သည်လော၊
ကျွန်ုပ်မြင်တွေ့သမျှသည် မကောင်းသောအမှုအရာများပါတကား။
(“အိုဘုရားသခင်၊ ရွံ့ရှာဖွယ်ကျွန်ုပ်ပင်တည်း၊” John Newton ၁၇၂၅-၁၈၀၇ ရေးစပ်သည်။ )

သင့်စိတ်နှလုံး၏အပြစ်နှင့်ပြည့်နှက်နေခြင်းအကြောင်းကို အလေးအနက်ထား စတင် စဉ်းစားရပါမည်။ “ကျွန်ုပ်၏စိတ်နှလုံးသည် အပြစ်နှင့်ပြည့်နှက်ပြီး ဘုရားသခင်နှင့်ဝေးကွာနေ လျက်ရှိသည်” ဟု စဉ်းစားရပါမည်။ ထိုအတွေးသည် သင့်ကို နှောက်ယှက်နေပေမည်။ သင် သည် မိမိ၏အပြစ်နှင့်ပြည့်နှက်နေသောအတွေးအခေါ်များနှင့် ဘုရားသခင်အားမချစ်ခြင်းများ ကသင့်အား အသက်တာကို ကမောက်ကမဖြစ်စေနိူင်ပါသည်။ ဤအဆင့်တွင် သင့်နှလုံးသား ၏အေးစက်နေသောဘဝအသက်တာသည် သင့်ကို ဒုက္ခပေးလိမ့်မည်။ သင်ကဲ့သို့ အပြစ်နှင့် ပြည့်နှက်နေသောသူသည် မျှော်လင့်ချက်လုံးဝမရှိနိူင်ပါ။ သင်သည် ငရဲနှင့်ထိုက်တန်သော ကြောင့် ဘုရားသခင်က သင့်အား ငရဲသို့ပို့ဆောင်မည်မှာ မှန်ကန်သော အရာပင်ဖြစ်ပါသည်။ သင်သည် ဘုရားသခင်ကိုပြစ်မှားပြီး အမျက်တော်ကိုခံယူသင့်သည်ဟု သတိပြုမိလာပြီး နိူးထ မှုစတင်ဖြစ်ပေါ်လာသည့်အချိန်တွင် သင်စဉ်းစားလာသောအရာဖြစ်ပါသည်။ ဤအဆင့်သည် အလွန်ပင်အရေးကြီးသည့် နေရာပင်ဖြစ်ပါသည်။ သို့သော် ပြောင်းလဲခြင်းတော့မဟုတ်သေးပါ။ မိမိကိုယ်ကို အပြစ်ရှိသူဟု သိမြင်သောသူသည် နိူးထမှုကိုရရှိသူဖြစ်ပါသည်။ သို့ရာတွင် ပြောင်းလဲသောသူမဟုတ်သေးပေ။ ပြောင်းလဲခြင်းဟူသည်မှာ အပြစ်ကိုသိမြင်သည် ထက်ပို၍ အဓိပ္ပါယ်ရှိပါသည်။

သင်သည် ဘုရားသခင်၏စိတ်တော်ကိုမတို့ထိနိူင်သည်ကို ရုတ်တရက်သိရှိလာနိူင် သည်၊ သို့မဟုတ် ထိုသို့သောသိမှတ်ခြင်းသည် ဩဝါဒဟူသောအရာမှ ဘုရားသခင်ကိုပြစ်မှား ကြောင်း အပြည့်အဝနားလည်မှုနှင့် သင့်ကိုကျေနပ်ဝမ်းသာစေခြင်းမရှိသည်လည်း ဖြစ်နိူင်ပါ သည်။ သင်သည် အပြစ်နှင့်ပြည့်နက်ပြီး မသန့်ရှင်းသောသူဖြစ်ကြောင်းကို သိရှိလာသောအခါ ပြောင်းလဲခြင်း၏အဆင့်လေးနှင့်ငါးကိုတက်လှမ်းရန် အဆင်သင့်ဖြစ်လာနိူင်ပေသည်။

Charles Spurgeon သည် အသက် ၁၅ နှစ်အရွယ်တွင် မိမိအပြစ်ကိုသိမြင်လာပါ သည်။ သူ့အဖေနှင့်အဖိုး နှစ်ဦးစလုံးတို့သည် တရားဟောဆရာများဖြစ်ကြပါသည်။ သူတို့သည် “ဆုံးဖြတ်ချက်ဝါဒ”တို့က စစ်မှန်သောပြောင်းလဲခြင်းကို လက်မခံသည့် အချိန်ကာလတွင် အသက်ရှင်ခဲ့ကြသည်။ ထို့ကြောင့် သူ၏ဖခင်နှင့် အဖိုးတို့အား သူ့အား “ခရစ်တော်အတွက် အပေါ်ယံဆုံးဖြတ်ချက်” ကိုချမှတ်ရန် “တွန်းအား”မပေးခဲ့ကြပေ။ သူ့အသက်တာတွင် ဘုရား သခင်က စစ်မှန်သောပြောင်းလဲခြင်းကို လုပ်ဆောင်ရန်သာ စောင့်မျှော်နေကြသည်။ သူတို့ သည်မှန်ကန်သောအလုပ်ကို လုပ်ဆောင်ကြသည်ဟု ကျွန်တော်ထင်မိသည်။

Spurgeon သည် အသက် ၁၅ နှစ်အရွယ်သို့ရောက်လာသောအခါ အပြစ်ကိုသိမြင် လာသည်။ Spurgeon က သူအပြစ်ကိုသိမြင်လာသောအခါ သူ၏အပြစ်နှင့်ပြည့်နှက်ခြင်းအ ကြောင်းကို ဤသို့ရှင်းပြထားပါသည်။

ရုတ်တရက်ပင်ဖြစ်သည်။ မောရှေသည် သူ၏လက်တော်ထဲ၌ ပညတ် တော်ကိုကိုင်ဆောင်လျက် ကျွန်ုပ်ကို ကြည့်နေသကဲ့သို့ တွေ့မြင်ရပါ သည်။ သူသည် ကျွန်ူပ်ကို သူ၏မျက်စိအလျဉ်ဖြင့် စစ်ကြောတော်မူသကဲ့ သို့ဖြစ်သည်။ သူက ဘုရာသခင်၏ ပညတ်တော်ဆယ်ပါးကို [ဖတ်ရန် ကျွန်တော်ကိုစေခိုင်းသည်။] ထိုပညတ်တော်ကို ကျွန်တော်ဖတ်သောအ ခါ အားလုံးသည် ကျွန်တော်ကို သန့်ရှင်သောဘုရားသခင်၏မျက်မှောက် တော်တွင် စွပ်စွဲပြစ်တင်နေသည် သဘောဖြစ်နေသည်။

ထိုအတွေ့အကြုံတွင် သူသည် ဘုရားသခင်၏မျက်မှောက်တော်တွင် အပြစ်သားတစ်ယောက် အဖြစ်သိမြင်လာသည်။ သူကို ကယ်တင်ရန် အဘယ် “ကောင်းမြတ်ခြင်း” နှင့် “ဘာသာတရား” လည်းမစွမ်းဆောင်နိူင်ပါ။ သူသည် ကြီးမားသော ဒုက္ခဆင်းရဲထဲသို့ ကျရောက်သွားပေသည်။ သူသည် ဘုရားသခင်၏ငြိမ်သက်ခြင်းကို ရရှိရန် အားထုတ်ကြိုးစား သည်။ သို့သော် သူ၏ကြိုးစားအားထုတ်မှုသည် ဘုရားသခင်၏မျက်မှောက်တော်တွင် အချည်း နှီးသက်သက်သာဖြစ်ပါသည်။ ထိုအရာက ကျွန်တော်တို့အား ပြောင်းလဲခြင်း၏အဆင့် လေးသို့ ပို့ဆောင်ပေးပါသည်။

၄။ စတုတ္ထအချက်- သင်သည် ကယ်တင်ခြင်းကို ရယူရန်ကြိုးစားသည်၊ သို့မဟုတ် မည်သို့ ကယ်တင်ခြင်းရမည်ကို သင်ယူသည်။

နိူးထမှုရရှိသောသူသည် အပြစ်ရှိကြောင်းကို သိမြင်လာမည်။ ခရစ်တော်ထံပါးသို့ လာသည်တော့မဟုတ်ပါ။ ပရောဖက်ဟေရှာယက ထိုအခြေအနေတွင်ရှိနေသောသူများကို ဤသို့ဆိုသောအချိန်တွင် ဖော်ပြထားပါသည်။ “မထီမဲ့မြင်ပြုခြင်းကိုခံ၍၊……ငါတို့သည် မရိုသေ ကြ။” ( ဟေရှာ ၅၃း ၃ ) ကျွန်တော်တို့သည် မိမိအပြစ်ကိုသိလျက်၊ ကယ်တင်ရှင်ထံပါးမှ ပုန်း ရှောင်ပြီး ကိုယ့်အပြစ်ကို သင်္ဘောသဖန်းရွက်ဖြင့် ဖုန်းအုပ်ရန်ကြိုးစားအားထုတ်နေသော အာဒံ နှင့်တူကြပါသည်။ ( ကမ္ဘာဦး ၃း ၇၊ ၈ )

ကျွန်တော်တို့သည် အာဒံကဲ့သို့ပင် မိမိတို့၏ကြိုးစားအားထုတ်မှုတစ်စုံတစ်ရာဖြင့် အပြစ်မှ ကယ်တင်ရန် ကြိုးစားအားထုတ်ကြသည်။ သူသည် “မည်သို့ကယ်တင်ခြင်းရမည်ကို သင်ယူသည်။” သို့ရာတွင် “သင်ယူခြင်း” သည့် သူ့အတွက် အကျိုးမရှိသည်ကို သိရသည်။

“အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိူင်။” ( ၂တိ ၃ း၇)

သို့မဟုတ် ယေရှုထက် “ခံစားချက်” ကိုသာရှာဖွေသည်။ “ခံစားချက်” ကိုသာဦးထိပ်ထားရှာ ဖွေသောသူအချို့တို့သည် ဤအရာ၌ုသာ လပေါင်းများစွာပျော်မွေ့နေကြသည်။ အကြောင်းမှာ အဘယ်သူမျှ “ခံစားချက်” ဖြင့်မပြောင်းလဲနိူင်။ Spurgeon သည် အပြစ်ကို သိမြင်လာသည်။ သို့သော် ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ကယ်တင်ခြင်းရမည်ကိုမူ မယုံနိူင်ခဲ့ပါ။ သူက ဤသို့ဆိုသည်။

ခရစ်တော်ထံသို့မလာမှီ “ကျွန်တော်ဖြစ်သည်အတိုင်း ခရစ်တော်ကို ယုံကြည်လျှင် ကယ်တင်တော်မူခြင်းသို့ရောက်သည်မှာ မသေချာနိူင် ပါ” ဟု မိမိကိုယ်ကို ပြောဆိုခဲ့သည်။ ကျွန်တော်သည် တစ်စုံတစ်ရာ ကိုခံစားရမည်၊ တစ်စုံတစ်ခုကို လုပ်ဆောင်ရမည်။ ( ၎င်း )

ထိုအရာက သင့်အား စတုတ္ထအဆင့်ဆီသို့ပို့ဆောင်သည်။

၅။ ပဥ္စမအချက်- နောက်ဆုံးတွင် ခရစ်တော်ထံသို့လာပြီး သူ့ကိုသာအားကိုးယုံ ကြည်ကိုးစားပါ။

လူငယ်လေး Spurgeon က နောက်ဆုံးတွင် “ခရစ်တော်ကို မျှော်ကြည့်ပါ….. မိမိ ကိုယ်ကိုမျှော်ကြည့်ခြင်းသည် အကျိုးမရှိ၊ ခရစ်တော်ကိုသာမျှော်ကြည့်ပါ” ဟူသော တရားဒေ သနာကိုကြားခဲ့သည်။ သူသည် အတွင်းပိုင်းတွင် ဒုက္ခပေါင်းများစွာဖြင့် ရုန်းကန်နေပြီးနောက် ခရစ်တော်ကိုမျှော်ကြည့်ပြီး ယုံကြည်ကိုးစားခဲ့သည်။ Spurgeon က “ယေရှု၏အသွေးတော် အားဖြင့်ကယ်တင်တော်မူပြီ။ အိမ်ပြန်ခရီးတစ်လျှောက်တွင် ကခုန်ပြီးသွားနိူင်သည်” ဟုဆိုခဲ့ သည်။

သူသည် သံသယဖြင့်ရုန်းကန်မှုများ၊ ခံစားချက် သို့မဟုတ် မိမိလုပ်ဆောင်နိူင်သောအ ရာတစ်စုံတစ်ခုမျှော်ကြည့်ခြင်းကို ရပ်တန့်ခဲ့သည်။ ခရစ်တော်ကို ယုံကြည်ကိုးစားသောအခါ ခရစ်တော်က ချစ်ချင်းပင် ကယ်တင်တော်မူခဲ့သည်။ ထိုခဏတွင် ခရစ်တော်၏အသွေးတော် အားဖြင့်ဆေးကြောခြင်းကို ခံတော်မူခဲ့သည်။ ရိုးစင်းသောအရာဖြစ်သည်။ သို့သော် လူသားတို့ ဘဝတွင် ကြုံတောင့်ကြုံခဲ ရှုပ်ထွေးသော ဘဝပင်ဖြစ်သည်။ ထိုအမှုအရာမှာ စစ်မှန်သော ပြောင်းလဲခြင်းပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာက “ယေရှုခရစ်တော်ကိုယုံကြည်ပါ၊ ကယ်တင် တော်မူခြင်းသို့ရောက်လိမ့်မည်” ဟုဆိုထားသည်။ (တမန် ၁၆း ၃၁ ) Joseph Hart က ဤသို့ ဆိုထားသည်။

အပြစ်သားသည် ယုံကြည်သောအခါ
   လက်ဝါးကပ်တိုင်တွင် အသေခံသောဘုရားကို အားကိုးလျှင်
ခွင့်လွှတ်ခြင်းကို ရရှိမည်အမှန်
   အသွေးတော်အားဖြင့် ရွေးကောက်ခြင်းဖြစ်သည်။
(“အပြစ်သားယုံသည်ချက်ချင်း” ၊ Joseph Hart ၁၇၁၂-၁၇၆၈ ရေးစပ်သည်။ )

နိဂုံး

ယေရှုက ဤသို့ဆိုသည်။

“ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင်၊ ကောင်းကင်နိူင်ငံတော်သို့ မရောက်ရ။” ( မဿဲ ၁၈း ၃ )

Pilgrim’s Progress တွင်ရှိသည့် အဓိက ဝိသေသလက္ခဏာကဲ့သို့ “ခရစ်တော်အတွက် အပြင် ပိုင်းဆုံးဖြတ်ချက်” အတွက် မထားပါနှင့်။ မထားပါနှင့်။ မထားပါနှင့်။ သင်၏ပြောင်းလဲခြင်း သည် အမှန်တကယ်ဖြစ်ကြောင်းကို သေချာစေပါ။ အကြောင်းမှာ သင်သည် အမှန်တကယ် ပြောင်းလဲခြင်းမရှိလျှင်၊ “ကောင်းကင်နိူင်ငံတော်သို့ မရောက်ရ။” ( မဿဲ ၁၈း ၃ )

စစ်မှန်သောပြောင်းလဲခြင်းကို အမှန်တကယ်ရရှိရန် အောက်ပါအချက်များသိရှိရမည်။

၁။ မှန်ကန်သောဘုရား၊ အပြစ်သားများကို ငရဲသို့ပို့ဆောင်ပြီး၊ ကယ်တင် ခြင်းရရှိသူများအား သေသည့်အချိန်တွင် ကောင်းကင်သို့ဆောင်ယူ သည့် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်းရှိတော်မူကြောင်းကို ယုံကြည်ရပါမည်။

၂။ သင်သည် ဘုရားသခင်ကို ပြစ်မှားသောသူဖြစ်ကြောင်းကို စိတ်နှလုံး ထဲတွင် အမှန်တကယ်သိရှိရမည်။ ထိုကဲ့သို့ပင် အချိန်ကြာမြင့်စွာနေ ထိုင်သွားလာရပေမည်။ (အချို့သောသူများအတွက် တိုတောင်းနိူင် သည်။) ၽြန်တော်တို့၏လုပ်ဖော်ကိုင်ဖက် Dr. Cagan က “ဘုရားသ ခင်သည် ကျွန်တော်အသက်တာတွင် စစ်မှန်လာပြီးနောက် လပေါင်းများ စွာ မအိပ်ဘဲနေရသည်၊ နှစ်နှစ်သာ စိတ်နှလုံးငိုကြွေးခြင်းကဲ့သို့ ဖော်ပြ ထားပါသည်” ဟုဆိုပါသည်။ (C. L. Cagan, Ph.D., From Darwin To Design, Whitaker House, 2006, စာ-၄၁ )

၃။ သင်သည် ဘုရားသခင်အားပြစ်မှားသောအပြစ်နှင့်အမျက်ဒေါသကို ပြု ထားသော ကောင်းမှုကုသိုလ်အားဖြင့် ရန်ငြိမ်းစေနိူင်မည်မဟုတ်သည် ကို သိထားရမည်။ သင်ပြောဆိုသည့်၊ သို့မဟုတ် သင်ယူထားသည့်၊ သို့ မဟုတ် လုပ်ဆောင်သည့်၊ သို့မဟုတ် ခံစားသည့်အရာက လုပ်ဆောင်နိူင် သည့်အရာမရှိပါ။ သင်၏စိတ်နှလုံးတွင် ထိုအရာသည် ရှင်းလင်းလာပေ မည်။

၄။ သင်သည် ဘုရားသခင်၏သားတော်ယေရှုဘုရားထံသို့လာရမည်။ သင်၏ အပြစ်ကို အသွေးဖြင့် ဆေးကြောတော်မူမည်။ Dr. Cagan က “ကျွန်ုပ်က ယေရှုကိုယုံကြည်ကိုးစားသည့် နှစ်မိနစ်ကို သတိရပါ၏။ ကျွန်တော်သည် ယေရှုကို ထိပ်တိုက်တွေ့ရသကဲ့သို့ဖြစ်သည်။ ကျွန်တော်သည် ဘုရားသ ခင်၏မျက်မှောက်တော်သို့ရောက်ရှိပြီး သူသည် ကျွန်တော်အသက်တာ တွင်လိုအပ်သောသူအဖြစ်ခံစားလာသည်။ သူသည် ကျွန်တော်အတွက ကယ်တင်ခြင်းကိုပေးကာ အစဉ်အမြဲရှိနေသောလည်း ကျွန်တော်သည် အဝေးသို့ထွက်ခွါသွားခဲ့သည်။ သို့ရာတွင် ထိုညသည် ခရစ်တော်ကို ယုံ ကြည်ကိုးစားရန် အချိန်ရောက်လာလေပြီ။ ခရစ်တော်ထံသို့လာမည်၊ သို့ မဟုတ် အဝေးသို့ထွက်ခွါရမည်ကို ကျွန်တော်သိသည်။ ထိုအချိန် ခဏ လေးအတွင်း ကျွန်တော်သည် ခရစ်တော်ထံပါးသို့ရောက်လာခဲ့သည်ကို ကျွန်ုပ်သိသည်။ ကျွန်တော်သည် မိမိကိုယ်ကို ကိုးစားသည့် မယုံကြည်သ မဟုတ်တော့ပေ။ ယေရှုကို ယုံကြည်ကိုးစားပြီ။ သူကို ယုံကြည်ကိုးစားပါ သည်။ ရိုးရိုးလေးသာဖြစ်သည်။ ကျွန်တော်သည် အဝေးသို့ထွက်ခွါသွားပါ သည်။ သို့သော် ထိုညတွင် ကျွန်တော်သည် ခရစ်တော်ထံပါးသို့တိုက်ရိုက် ချက်ချင်းရောက်လာသည်” ဟုဆိုပါသည်။ (C. L. Cagan, ၎င်း၊ စာ-၁၉)ထိုအရာသည် စစ်မှန်သောပြောင်းလဲခြင်းဖြစ်ပါသည်။ ခရစ်တော်၌ပြောင်း လဲခြင်းရရှိရန် သင်အမှန်တကယ်တွေ့ကြုံရမည့် အရာဖြစ်ပါသည်။ ခရစ် တော်ထံပါးသို့ကြွလာပြီး ယုံကြည်ကိုးစားပါ။ သင့်ကို ကယ်တင်တော်မူ ပြီး လက်ဝါးကပ်တိုင်တွင်သွန်းလောင်းထားသောအသွေးတော်အားဖြင့် သင့်အပြစ်အားလုံးကိုဆေးကြောတော်မူမည်။ အာမင်….။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ဆုတောင်းခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “အံဘွယ်ကျေးဇူးတော်”၊ John Newton, ၁၇၂၅-၁၈၀၇ ရေးစပ်သည်။ )


အခွပွေုကမျြး

စစ်မှန်သောပြောင်းလဲခြင်း- ၂၀၁၅ ထုတ်ဝေခြင်း အကျဉ်းချုပ်

Dr. R. L. Hymers, Jr.,

“ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင်၊ ကောင်းကင်နိူင်ငံတော်သို့ မရောက်ရ။” ( မဿဲ ၁၈း ၃ )

၁။ ပထမအချက်- သင်သည် အခြားအရာထက်ပြောင်းလဲရန် ဘုရားကျောင်း
သို့လာသည်။

၂။ ဒုတိယအချက်- ဘုရားသခင်အမှန်တကယ်ရှိတော်မူသည်ကို စတင်သိရှိသိရှိ
လာသည်။ နေဟမိ ၁း ၅၊ ဟေဗြဲ ၁၁း ၆

၃။ တတိယအချက်- သင်၏အပြစ်ကြောင့် ဘုရားသခင်ကိုပြစ်မှားပြီး ဒေါသ
ထွက်စေသည်ကို သတိပြုမိပါသည်။ ရောမ ၈း ၈၊ ၂း ၅၊ ဆာလံ ၇း ၁၁

၄။ စတုတ္ထအချက်- သင်သည် ကယ်တင်ခြင်းကို ရယူရန်ကြိုးစားသည်၊ သို့မဟုတ်
မည်သို့ ကယ်တင်ခြင်းရမည်ကို သင်ယူသည်။ ဟေရှာ ၅၃း ၃၊ ကမ္ဘာဦး ၃း ၇၊
၈၊ ၂တိမောသေ ၃း ၇

၅။ ပဥ္စမအချက်- နောက်ဆုံးတွင် ခရစ်တော်ထံသို့လာပြီး သူ့ကိုသာအားကိုးယုံ
ကြည်ကိုးစားပါ။ တမန်တော် ၁၆း ၃၁