Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နိူးထမှုနှင့်ပါတ်သက်၍မှားယွင်းသောအရာခြောက်ခု

နိူးထမှုနှင့်ပါတ်သက်၍ တရားဒေသနာ ၁၅
SIX MODERN ERRORS ABOUT REVIVAL
(SERMON NUMBER 15 ON REVIVAL)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
နိူဝင်ဘာလ ( ၁၆ ) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, November 16, 2014


ယနေ့ညကျွန်ုပ်ဟောကြးမည့်တရားဒေသနာမှာ “နိူးထမှုနှင့်ပါတ်သက်၍ မှားယွင်း သောအရာခြောက်ခု” ဖြစ်ပါသည်။ ကျွန်ုပ်သည် ပထမဦးစွာ ၁၉၆၁ခုနှစ်တွင်ဖြစ်ပွါးသည့် နိူးထမှုကို ပြန်လည်စိတ်ဝင်စားမိသည်။ ကျွန်ုပ်သည် ပထမဆုံးနိူးထမှုအကြောင်းနှင့်ပါတ်သက် ၍ စာအုပ်လေးတစ်အုပ်ကို ဘိုင်အိုလာစာအုပ်ဆိုင်တွင် ဝယ်ဖြစ်ခဲ့သည်။ ထိုစာအုပ်တွင် ဂျွန်ုဝယ်စလီ၏ခရီးသွားမှတ်တမ်းကောက်နှုတ်ချက်များပါဝင်ပြီး Moody ပုံနှိပ်တိုက်မှထုတ်ဝေ သည်။ ကျွန်ုပ်သည် နိူးထမှုအကြောင်းကို စဉ်းစားရင်း၊ ဆုတောင်းရင်း၊ နှစ်ပေါင်းငါးဆယ့်သုံး နှစ်ကြာစောင့်ဆိုင်းခဲ့ရသည်။ နှစ်ခြင်းအသင်းတော်တွင် နိူးထမှုကိုနှစ်ကြိမ်တွေ့ကြုံခွင့်ရသည် မှာ ကျွန်ုပ်အတွက် အခွင့်ထူးပင်ဖြစ်ပါသည်။ ထိုအရာသည် ဧဝံဂေလိအစည်းအဝေး သို့မဟုတ် “မှားယွင်းသောအယူဝါဒရှိသူများ” ၏အစည်းအဝေးတွင်မဟုတ္ပါ။ ခရစ်ယာန်သမိုင်းတွင် ကျွန်ုပ်တို့ဖတ်ရှုခဲ့ရသော နိူးထမှုအမျိုးအစားပင်ဖြစ်ပါသည်။ ကျွန်ုပ်သည် ၁၉၆၀ ခုနှစ်နောက် ပိုင်းနှင့် ၁၉၇ဝခုနှစ်အစောပိုင်းကာလအတွင်း ဘုရားသခင်စေလွှတ်တော်မူသောနိူးထမှုကို လည်းတွေ့မြင်ခဲ့ရသည်။

ဤအကြောင်းအရာနှင့်ပါတ်သက်၍ ငါးဆယ့်သုံးနှစ် ဖတ်ရှုရင်း၊ စဉ်းစားရင်းလုပ် ဆောင်ပြီးနောက် ကျွန်ုပ်သည် နိူးထမှုနှင့်ပါတ်သက်၍ အခွင့်အာဏာမရှိကြောင်းကို မိမိကိုယ် မိမိသိမြင်လာသည်။ နိူးထမှုနှင့်ပါတ်သက်ပြီး အရေးကြီးသောအချက်အလက်အချို့ကို နား လည်သဘောပေါက်ရန် အစပြုခြင်းသာဖြစ်ပါသည်။

အတိတ်ကာလတွင်ဖြစ်ပွါးခဲ့သောနိူးထမှုနှင့်ပါတ် အမှားအယွင်း ကျွန်ုပ်လုပ်ဆောင်ခဲ့ သည်။ ကျွန်ုပ်သည်နှစ်ပေါင်းများစွာပင် Charles G. Finney ၏ရေးသားချက်နောက်ကို မှားယွင်းစွာလိုက်ခဲ့မိသည်။ ယခုတွင်လည်း ဤအကြောင်းအရာကို ပြည့်ဝစုံလင်စွာ ကျွန်ုပ်နား လည်သည်ဟုမဆိုလိုပေ။

ယခုတွင် ငါတို့သည်မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏။ ( ၂ကော ၁၃း၁၂)

သို့ရာတွင် ယနေ့ညတွင် ကျွန်ုပ်ငြင်းပယ်လုသောအရာ၊ နိူးထမှုနှင့်ပါတ်သက်၍ မှား ယွင်းသောအရာခြောက်ခုကိုဝေငှမည်ဖြစ်သည်။ သင်တို့သည် ကျွန်ုပ်တို့အသင်းတော်၌ နိူးထမှုဖြစ်ပေါ်ရန်ဘုရားသခင်အားဆုတောင်းနေကြသောသူဖြစ်သောကြောင့် သင်တို့အတွက် အကူအညီဖြစ်မည်ဟု ကျွန်ုပ်မျှော်လင့်မိပါသည်။

၁။ ပထမအချက်- ယနေ့ခေတ်တွင် နိူးထမှုမရှိနိူင်သည့်အမှား

ဤအမှုအရာတွင် များစွာသောအချိန်ကို ကျွန်ုတော်အသုံးပြုထားခြင်းမရှိပါ။ သို့သော် များစွာသောသူတို့က ယုံကြည်လက်ခံကြသည်ဖြစ်၍ ထိုအကြောင်းအရာကို တင်ပြဖော်ပြရ မည်ဖြစ်သည်။ သူတို့က “နိူးထမှုကြီးသည် ကုန်လွန်သွားခဲ့ပြီ။ ကျွန်တော်တို့သည် နောက်ဆုံး သောကာလတွင် အသက်ရှင်နေထိုင်ကြပေသည်။ နိူးထမှုမရှိနိူင်တော့ပါ” ဟုသာပြောကြ သည်။ ထိုအရာများမှာ ယနေ့ကျမ်းစာယုံကြည်သောခရစ်ယာန်တို့၏အများအားဖြင့်တွေးတော သောအရာဖြစ်ပေသည်။

သို့ရာတွင် ကျွန်တော်က ထိုအရာကို အကြောင်းပြချက်သုံးခုဖြင့်မှားယွင်းစေသည်။

(၁) သမ္မာကျမ်းစာက “ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီး တို့နှင့်၎င်း၊ဝေးသောသူတို့တွင်ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ် တော်မူသမျှသောသူတို့နှင့်၎င်းဆိုင်သည်”(တမန် ၂း ၃၉) ဟုဆိုထား သည်။ တမန် တော်ပေတရုကပင်္တေကုတ္တိနေ့တွင်ဖြစ်ပေါ်မည့်နိူးထမှု အကြောင်းကိုဟောပြောလေသည်မှာ ခေတ်ကာလအဆုံးပိုင်းတွင် ဘုရားသခင်၏ဝိညာဉ်တော်သွန်းလောင်းတော်မူမည်အကြောင်းဖြစ်ပါ သည်။

(၂) အကြီးမားဆုံးသောနိူးထမှုသည် ခေတ်ကာလအဆုံးပိုင်းဖြစ်သော အန္တီ ခရစ်၏ခေတ်ဘေးဒဏ်ကြီးကာလတွင်ဖြစ်ပေါ်လိမ့်မည်။ (ဗျာ ၇း ၁-၁၄ ညွှန်း )

(၃) အရှေ့ပိုင်းတွင်ဖြစ်ပေါ်သောအကြီးမားဆုံးသောနိူးထမှုကြီးမှာ ယနေ့ည တွင် တရုတ်ပြည်သူလူထုကြားတွင်ဖြစ်ပေါ်ခဲ့ပြီး အခြားတိုင်းပြည်များသို့ လည်းရောက်ရှိသွားခဲ့သည်။ ယနေ့ခေတ်၏အကြီးမားဆုံးသောနိူးထမှု မှာ အခုချက်ချင်းဖြစ်ပေါ်ပေမည်။


ယနေ့ခေတ်တွင်နိူးထမှုမရှိတော့ဟူသောအတွေးအမြင်မှာ ကြောက်မက်ဖွယ်ရာမှားယွင်းမှုပင် ဖြစ်ပါသည်။

၂။ ဒုတိယအချက်- နိူးထမှုသည် ကျွန်ုပ်တို့၏ဧဝံဂေလိလုပ်ငန်းကြိုးစား အားထုတ်မှုပေါ်တွင်မူတည်ပေသည်။

ဤသည်မှာ တောင်ပိုင်းနှစ်ခြင်းအသင်းတော်နှင့်အခြားအသင်းတော်များ၏မှားယွင်းမှု တစ်ခုပင်ဖြစ်ပါသည်။ ထိုအတွေးအကြံတွင် Charles G. Finney ထံမှ သူတို့ကို စစ်ခဲ့သည်။ Finney က “နိူးထမှုဟူသည်မှာ ကောက်ပဲသီးနှံများကို ၎င်းတို့၏ကိုက်ညီသောနည်းလမ်းအ တိုင်းအသုံးပြုခဲ့သကဲ့ သို့ ကိုက်ညီသောနည်းလမ်းကိုအသုံးပြုထားခြင်း၏သဘာဝဆိုင်ရာအ ကျိုးသက်ရောက်မှုကဲ့သို့ဖြစ်သည်”ဟုဆိုပါသည်။ (C. G. Finney, Lectures on Revival, Revell, n.d., စာ-၅ ) အသင်းတော်အများစုက နိူးထမှုသည် ထိုနေ့ရက်အဆုံးပိုင်းတွင်ဖြစ်ပေါ် လိမ့်မည်ဟု ဆိုနေကြသေးသည်။ ထိုအမှုအရာမှာ သန့်ရှင်းသော ဖန်နီဝါဒပင်ဖြစ်ပါသည်။ နိူးထမှုသည် ကျွန်တော်တို့၏ဧဝံဂေလိနှင့်ပျောက်ဆုံးဝိညာဉ်ရိပ်သိမ်းခြင်းပေါ်မူသည်ခြင်းမ ဟုတ်ပါ။

တမန်တော် ၁၃း ၄၈-၄၉ ကိုကြည့်ကြပါစို့။

“ထိုစကားကိုတပါးအမျိုးသားတို့သည်ကြားလျှင်ဝမ်းမြောက်ကြ၍ ထာဝရဘုရား ၏နှုတ်ကပါတ်တရားတော်ကိုချီးမွမ်းကြ၏။ထာဝရအသက်ကိုရစေခြင်းငှါခန့် တော်မူသောသူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ရောက်ကြသဖြင့်၊ထာဝရဘုရား ၏သာသနာတော်သည် တပြည်လုံး၌နှံပြားလေ၏။” (တမန် ၁၃း ၄၈-၄၉ )

အထက်ပါကျမ်းပိုဒ်နှစ်ပိုဒ်က နိူးထမှုသည် ကျွန်တော်တို့၏ဧဝံဂေလိလုပ်ငန်းတွင်မူတည်ခြင်းရှိ မရှိကို ရှင်းလင်းစေမည်ဟုယူဆရပါသည်။ ဧဝံဂေလိတရားသည် “တပြည်လုံးနှံပြားသော် လည်း” “ထာဝရအသက်ကိုရစေခြင်းငှါခန့်ထားတော်မူသောသူတို့သာလျှင်ယုံကြည်လက်ခံ ကြသည်။”

ကျွန်တော်တို့အား “ဝေနေယျသတ္တဝါအပေါင်းတို့ထံဧဝံဂေလိဟောကြားရန်” (မာကု ၁၆း ၁၅ ) သွန်သင်ထားသည်မှာ မှန်ပါသည်။သို့ရာတွင် လူတိုင်းယုံကြည်လက်ခံလာကြမည်မ ဟုတ်ပါ။ နိူးထမှုဖြစ်ပေါ်သည့်အချိန်တွင် အခြားအချိန်ထက်လူများပိုမိုယုံကြည်မှုရှိလာကြပါ သည်။ သို့ရာတွင် နိူးထမှုသည် ကျွန်တော်တို့၏ဧဝံဂေလိလုပ်ဆောင်မှုတစ်ခုတည်းပေါ်တွင် မူတည်နေခြင်းမဟုတ်ကြောင်းမှာ ထင်ရှားလှပေသည်။

၃။ တတိယအချက်- နိူးထမှုသည် ခရစ်ယာန်တို့၏ဆက်ကပ်မှုပေါ်တွင်မူတည် သည်ဟူသောအမှား

အများစုက ၂ ရာဇဝင်ချုပ် ၇း ၁၄ ကိုရည်ညွှန်းအသုံးပြုနေကြသည်ကိုသိရသည်။ သို့ရာတွင် နိူးထမှုဟူသည်မှာ ဘုရားသခင်နှင့်ဆက်နွယ်မှုရှိခြင်းပေါ်တွင်မူတည်သည်ဟူ သော သူတို့၏အတွေးအခေါ်ကို ခိုင်လုံမှုရှိစေရန် ဓမ္မသစ်ကျမ်းတွင် ကိုးကားအသုံးပြုခြင်းမရှိ ကြောင်းကိုတွေ့ရပေသည်။ ဘုရင်ရှောလမုန်မင်းအားပေးထားသော ဤကျမ်းပိုဒ်ကို နိူးထမှု၏ အဓိကကျသောကျမ်းပိုဒ်အဖြစ်အဘယ့်ကြောင့်အသုံးပြုနေကြပါသနည်း။ တရားဟောသူများ သည်အသင်းတော်မှ၎င်းတို့၏လှေများကိုရွက်လွှင့်စေသည်ထက် အသုံးပြုလုပ်ဆောင်ရမည့် အကြောင်းတရားမရှိကြောင်းကို သိရပါသည်။ သူတို့သည် ရှောလမုန်မင်းကြီးက ၂ ရာချုပ် ၉း ၂၁တွင် လုပ်ဆောင်သကဲ့သို့ ရွှေ၊ငွေ၊ ဆင်စွယ်ရောင်၊ မျောက်ဝံ၊ နှင့် ဥဒေါင်းတို့ကို ယူလာကြ ရပေမည်။

၂ရာချုပ် ၇း ၁၄ နှင့်ပါတ်သက်၍ Iain H. Murray က “ပထမဆုံးပြောလိုသည်မှာ ကတိထားတော်မူသောအရာသည် ဓမ္မသစ်နိူးထမှုမဟုတ်ပါ။ အကြောင်းမှာ ကတိတော်မှာ ပေးထားသောအရာနှင့်ဆက်စပ်မှုရှိသောအချိန်တွင်နားလည်ရမည့်အရာဖြစ်ပါသည်။ဓမ္မဟောင်းကျမ်းဟူသည်မှာ ဂျူးလူမျိုးများနှင့် ၎င်းတို့၏တိုင်ပြည်ပြန်ပေးတော်မူမည်အကြောင်းမိန့်ဆို ထားပါသည်။ (Murray, ၎င်း၊ စာ- ၁၃ ) နိူးထမှုသည် ခရစ်ယောန်တို့၏ဆက်ကပ်ခြင်းမှဖြစ်ပါ သည်ဟူသည်မှာ Finney ၏အယူအဆပင်ဖြစ်ပါသည်။

တစ်ချိန်က Winston Churchill က သမိုင်းလေ့လာမှုအကြောင်းပြောဆိုရာတွင် သူ၏ မြေးလေးကိုစာရေးလိုက်သည်။ အကြောင်းမှာ သမိုင်းဟူသည်မှာ အနာဂတ်ကိုအကောင်းဆုံး ဖန်တီးနိူင်သောအသိတရာကိုအကောင်းဆုံးဖန်တီးနိူင်သောနည်းလမ်းကိုပေးထားသည်ဟုဆို ထားပါသည်။ Churchill ၏ “သမိုင်းလေ့လာမှု” ပုံစံကိုလိုက်သောအခါ နိူးထမှုသည် ခရစ်ယာန်တို့၏ “အပြည့်အဝဆက်ကပ်ခြင်း” ပေါ်တွင်မူတည်သည်မှာ မှားယွင်းကြောင်းတွေ့ရှိ လာရပေမည်။ ပရောဖက်ယောနသည်ပင်လျှင် လုံး၀ဥဿုံဆက်ကပ်ထားသည်မဟုတ်။ ယောနနောက်ဆုံးခန်းကိုဖတ်ရှုသောအခါ ယောန၏ခဏတာရောက်ရှိခြင်းနှင့် ယုံကြည်ခြင်း ကင်းမဲ့မှုကိုတွေ့ရပေမည်။ ဓမ္မဟောင်းကျမ်းထဲတွင် တပါးအမျိုးသားတို့၏နိူးထမှုရှိခြင်းမှာ ပရောဖက်များ၏ “အပြည့်အဝဆက်ကပ်ခြင်း” သို့မဟုတ် “စုံလင်ခြင်း” အားဖြင့်မဟုတ်ပါ။ ဂျွန်ကယ်လ်ဗင်းသည်ပင်စုံလင်သူမဟုတ်။ သူသည် ဓမ္မသစ်ကျမ်းတွင်ဖော်ပြရန်ခက်ခဲသောသူ တစ်ယောက်ပင်ဖြစ်ပါသည်။ သို့ရာတွင် ဘုရားသခင်သည် ၎င်း၏အမှုတော်လုပ်ငန်းအပေါ်နိူး ထမှုကိုစေလွှတ်တော်မူခဲ့သည်။ လူသာသည်လည်းစိတ်တိုလွယ်သောသူဖြစ်ပါသည်။ တစ်ချိန် ကသူသည် တရားဇရပ်တွင်ရှိသောဂျူးများကို မီးရှိုးဖျက်ဆီးသင့်သည်ဟုဆိုထားပါသည်။ သူ၏ရံဖန်ရံခါမှားယွင်းမှုရှိသော်လည်း ဘုရားသခင်သည် လူသား၏အမှုတော်လုပ်ငန်းအပေါ် နိူးထမှုကိုစေလွှတ်တော်မူခဲ့သည်။ ကျွန်တော်တို့သည် လူသာနှင့်ကယ်လ်ဗင်းကို ခွင့်လွှတ်ပါ သည်။ အကြောင်းမှာ သူတို့သည် ကစ်သိုလစ်အယူဝါဒလွှမ်းမိုးသော အလယ်ခေတ်က လူများသားဖြစ်ကြသည်။ သို့ရာတွင် သူတို့၏အမှုတော်လုပ်ငန်းတွင် ဘုရားသခင်သည် နိူးထမှုကိုစေလွှတ်တော်မူခဲ့သည်။ Whitefield သည်ပင်လျှင် တခါတရံအမှားအယွင်းပြုလုပ် သေးသည်။ ဝယ်စလီသည်လည်း ဘုရားသခင်၏အလိုတော်ကိုသိရှိရန် မဲနှိပ်သေးသည်။ သို့သော် ဝှိုက်ဖီးလ်၊ ဝယ်စလီ၊ လူသာနှင့် ကယ်လ်ဗင်းတို့သည် ၎င်းတို့၏အမှုတော်လုပ်ငန်း များတွင် နိူးထမှုကိုတွေ့မြင်ခဲ့ကြသည်။

ကျွန်တော်တို့သည် သမိုင်းကပေးသောဥပမာအားဖြင့် မစုံလင်သောသူများ၊ တခါတရံ အမှားအယွင်းပြုလုပ်သောသူများကို နိူးထမှုအချိန်ကာလတွင် အသုံးပြုခဲ့ကြကြောင်းတွေ့ရှိရပါ သည်။ ကျွန်ုတော်တို့က နိူးထမှုသည် ခရစ်ယာန်များ၏အပြည့်အဝဆက်ကပ်ခြင်းပေါ်တွင်မူ တည်သည်ဟူသော Finney နှင့် ၎င်း၏နောက်လိုက်များယူဆချက်များသည်မှားယွင်းကြောင်း မှတ်ချက်ပြုနိူင်ပါသည်။ တမန်တော်ရှင်ပေါလုက ဤသို့ဆိုထားပါသည်။

“သို့သော်လည်း တန်ခိုးတော်၏ဂုဏ်အသရေသည်ငါတို့နှင့်မဆိုင်၊ ဘုရားသခင် နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိ ၏။” (၂ကော ၄း ၇ )

ကျွန်တော်သည် ဤအရာကို Sanhedrin အားဟောကြားသည့် သတေဖန်၏တရား ကိုးကားအဆုံးသတ်လိုသည်။ သတေဖန်သည် “ယုံကြည်ခြင်းနှင့်ပြည့်ဝသူ၊တန်ခိုးရှိသူ၊ လူများကြားတွင်အံ့ဘွယ်အမှုကိုပြုသောသူ” အဖြစ်သိမှတ်ကြပေသည်။ (တမန် ၆း ၈ ) သို့ရာတွင် သတေဖန်သည် ၎င်း၏ဟောကြားခြင်းအားဖြင့် ဖြစ်ပေါ်လာသည့် နိူးထမှုကို မတွေ့ မြင်ခဲ့ရပါ။ ထိုသို့မြင်တွေ့ရမည့်အစား ကျောက်ခဲနှင့်ပစ်သတ်ခြင်းကိုသာခံခဲ့ရသည်။ သူသည် သန့်ရှင်းဖြောင့်မတ်သောသူဖြစ်သော်လည်း ၎င်းက သူ၏အမှုတော်လုပ်ငန်းတွင် အလိုအ လျောက်နိူးထမှုကိုမဖြစ်ပေါ်စေနိူင်ပါ။ ကျွန်ုပ်တို့အစာရှောင်ဆုတောင်းနိူင်သည်။ အံ့ဘွယ်ခရစ် ယာန်တစ်ယောက်လည်းဖြစ်နိူင်သည်။ သို့သော် ထိုအရာက ဘုရားသခင်အား နိူးထမှုကိုဖြစ် စေရန်တွန်းအားမပေးနိူင်ပါ။ အဘယ့်ကြောင့်နည်း။ တမန်တော်ရှင်ပေါလုက အဖြေပေးထားပါ သည်။

“ထို့ကြောင့်စိုက်ပျိုးသောသူမတတ်နိူင်၊ ရေလောင်းသောသူလည်းမတတ် နိူင်။ အပင်ကိုကြီးထွားစေသောဘုရားသခင်သာလျှင်တတ်နိူင်တော်မူ သည်။” (၁ကော ၃း ၇ )

ကျွန်တော်တို့သည် စဉ်ဆက်မပြတ်ဆုတောင်းကြသည်။ တခါတရံ အစာရှောင်ဆုတောင်းကြ သည်။ ကျွန်ုတော်တို့အမြဲသတိရနေရမည့်အရာမှာ အပင်ကိုကြီးထွားစေသည့် ဘုရားသခင် သာလျှင်တတ်နိူင်တော်မူကြောင်းဖြစ်သည်။ ( ၁ ကော ၃း ၇ ) စစ်မှန်သောနိူးထမှုကိုဖြစ်စေ အရာမှာ ဘုရားသခင်၏တန်ခိုးတော်သာလျှင်ဖြစ်ပါသည်။

၄။ စတုတ္ထအချက်- နိူးထမှုသည် အသင်းတော်၌ကျွန်ုပ်တို့မျှော်လင့်သင့်သည် ပုံမှန်ဖြစ်ပေါ်သည်ဟူသောအမှား

ပင်္တေကုတ္တိနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်အား တမန်တော်များအပေါ်တွင် သွန်းလောင်းတော်မူခဲ့သည်။ သူတို့သည် ၎င်းတို့၏ဘာသာစကားအားဖြင့်ဟောပြောကြသော အခါ တမန်တော် ၂ ဖော်ပြသည့်မှတ်တမ်းမှတ်ရာအတွက် ထိုနိူးထမှုတွင် လူပေါင်းသုံးထောင် ခန့်ပြောင်းလဲလာကြသည်။ သို့သော်သူတို့သည် တမန်တော် ၄း ၃၁ အရ ဝိညာဉ်တော်နှင့် တဖန်ပြည့်ဝရန်လိုအပ်လှပါသည်။

“ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသောအရပ်သည်တုန်လှုပ်၍၊ ထိုသူအ ပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသဖြင့်၊ ဘုရားသခင်၏နှုတ် ကပါတ်တရားတော်ကို ရဲရင့်စွာဟောပြောကြ၏။” (တမန်တော် ၄း ၃၂ )

ဤအရာက ကနဦးအသင်းတော်တွင် နိူးထမှုဖြစ်သောအချိန်ကာလရှိကြောင်းကိုပြသ သည်။ အသင်းတော်သည် ပုံမှန်အတိုင်းပင် နေ့တိုင်းသွားနေရသည့်အချိန်လည်းရှိပေသည်။ ဤသည်မှာ တမန်တော်ပေါလုက “အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ” ဟုပြောသည့်အချိန် တွင် ဆိုလိုသောအရာပင်ဖြစ်ပါသည်။ ( ၂တိ ၄း ၂ ) ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် နိူးထမှုရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဟောပြော၊ဆုတောင်းပြီး သက်သေခံရပေမည်။ ဘုရားသခင်က ကျွန်တော်တို့အား မဟာစေခိုင်းမှုကြီးကို လိုက်နာရန် ခေါ်ဖိတ်သည်။ (မဿဲ ၂၈း ၁၉-၂၀) “လူတိုင်းအား ဧဝံဂေလိဟောကြားရမည်။” (မာကု ၁၆း ၁၅ ) နိူးထမှုရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဟောပြောရမည်။ ဘုရားသခင်၏ပုံမမှန်လှုပ်ရှားမှုမရှိသော်လည်း အချို့သောသူများ သည်ပြောင်းလဲလာကြပေမည်။

နိူးထမှုသည် ပုံမှန်အားဖြင့် ဘုရားသခင်ပြုသည်ဟု ကျွန်ုပ်တို့ထင်မိလျှင် ကျွန်တော်တို့သည် စိတ်ပျက်သွားကြပေမည်။ Iain H. Murray က ဤသို့ဆိုထားသည်။

ဂျော့စ်ဝှိုက်ဖီးလ်သည် ၎င်း၏မိတ်ဆွေ Cambuslang အမှုတော်ဆောင် William McCulloch အား ဤအချက်တွင် သတိပေးထားလိုက်သည်။ ၁၇၄၉ ခုနှစ်တွင် McCulloch သည် ၁၇၄၂ ခုနှစ်က သူတို့သက်သေခံ တွေ့ရှိသောနိူးထမှုအကြောင်းကို နောက်ထပ်မမြင်တွေ့ကြသော ကြောင့်စိတ်ဓါတ်ကျဆင်းလျက်ရှိပါသည်။ ဝှိုက်ဖီးလ်ပြန်လည်တုန့်ပြန် သည်မှာ ၁၇၄၂ သည် အသင်းတော်၏ပုံမှန်အချိန်မဟုတ်ကြောင်းသတိ ပေးထားလိုက်သည် ။ “ကျွန်တော်သည Cambuslang တွင်ဖြစ်ပေါ် သောနိူးထမှုကိုကြားရ၍ဝမ်းမြောက်မိသည်။ သို့သော် ချစ်သောဆရာ ရာစုတစ်ခုတွင်မြင်တွေ့ရန်ခက်ခဲသောအရာကို သင်သည်မြင်တွေ့ခဲ့ပြီး ပြီ”။ Martyn Lloyd-Jones ကလည်း “လုံးဝပျက်စီးသွားသောအမှု တော်ဆောင်အား” ထိုသို့သောဥပမာများကိုရည်ညွှန်ပြောဆိုခဲ့သည်။ သူသည်လည်း ၁၉၀၄ခုနှစ်တွင်တွေ့မြင်ခဲ့သောနိူးထမှုကို ထပ်တလဲလဲ မြင်ယောင်ပြီး ကယောင်ခြောက်ခြားဖြစ်နေသည်။ “နိူးထမှုအဆုံးသတ် သောအခါ သူသည် ပုံမမှန်အခြေအနေများကို ပြန်လည်တောင့်တလာ သည်။ ထိုကြောင့်သူသည် စိတ်ဓါတ်ကျဆင်းလာပြီး အသက်တာတွင် စိတ်ပျက်ခြင်း၊ မပျော်ရွှင်ခြင်းနှင့် အသုံးမဲခြင်းတို့ကြောင့် အချိန်ပေါင်း များစွာကုန်လွန်ခဲ့လေသည်။ “ (Iain H. Murray, ၎င်း၊ စာ- ၂၉ )

ဘုရားသခင်သည် နိူးထမှုကိုစေလွှတ်တော်မမူလျှင် ကျွန်ုပ်တို့သည် စိတ်ဓါတ်ကျစရာ မလိုအပ်ပေ။ ကျွန်တော်တို့သည် “အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ” နှုတ်ကပါတ်တော် ကိုဟောကြားခြင်းအားဖြင့် အပြစ်သားများအား ခရစ်တော်ထံသို့ ဦးဆောင်သွားရပေမည်။ ထိုနည်းတူစွာ နိူးထမှုအတွက် ထူးခြားသောအချိန်နာရီကိုလည်းပြင်ဆင်ပေးပါရန် ဆုတောင်း ရပေမည်။ ဘုရားသခင်သည် နိူးထမှုကိုစေလွှတ်လျှင် ကျွန်တော်တို့ဝမ်းသာရမည်။ နိူးထမှုကို စေလွှတ်တော်မမူလည်း ဝိညာဉ်များကို ခရစ်တော်ထံပါးသို့ဦးဆောင်မှုပြုရန်ဖြစ်ပါသည်။ စိတ်ဓါတ်ကျစရာမဟုတ်ပါ။ အရှုံးပေးရမည်လည်းမဟုတ်။ ကျွန်တော်တို့သည် အချိန်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ဆောင်ရမည်။

၅။ ပဥ္စမအချက်- နိူးထမှုနှင့်ဆက်စပ်လျက်ရှိသမျှသည် အခြေအနေများ ပေါ်တွင် မူတည်မှုမရှိဟူသောအမှား

သမိုင်းနှင့် ကျမ်းစာနှစ်ခုစလုံးက နိူးထမှုသည် လူ၏ဧဝံဂေလိတရားကြိုးစားအားထုတ် မှု သို့မဟုတ် ခရစ်ယာန်တို့၏အကြွှမ်းမဲ့ဆက်ကပ်အပ်နှံခြင်း စသည်တို့ပေါ်တွင် မှီခိုအားထား ခြင်းမရှိကြောင်းကို ပြသပါသည်။ သို့ရာတွင် လိုအပ်သောအခြေအနေများရှိပေသည်။ ထိုအရာ မှာ အထူးအဖြင့် မှန်ကန်သော ခံယူချက်နှင့် ဆုတောင်းခြင်းပေတည်း။ ကျွန်တော်တို့သည် နိူးထမှုအတွက် ဆုတောင်းရမည်။ ကျွန်တော်တို့သည် အပြစ်နှင့်ကယ်တင်ခြင်းအတွက် မှန်ကန်သောခံယူချက်လည်းရှိရပေမည်။

Dr. Martyn Lloyd-Jones က ၎င်း၏ နိူးထမှု (Crossway Books, ၁၉၉၂ ) စာအုပ်တွင် “ခံယူချက်မှားယွင်းခြင်း” နှင့် “ သေနေသည့်အော့ထောဒေါက်” ဟူသောခေါင်း စည်းနှစ်ခုဖြင့် ရေးသားပြီး အခန်းနှစ်ခန်းပါဝင်ပါသည်။ ဤအခန်းနှစ်ခန်းတွင် အစောပိုင်းကာ လကနိူးထမှုကိုတွေ့မြင်ခဲ့သော ထိုသူက ဘုရားသခင်က နိူးထမှုကိုကျွန်ုတော်တို့အမှန်တ ကယ်မျှော်လင့်နေလျှင် ဟောကြားယုံကြည်ရမည့် ခံယူချက်ရှိသည်ဟု ဆိုထားပါသည်။ သူဖော်ပြထားသော ခံယူချက်လေးခုကိုဖော်ပြလိုက်ရပါသည်။

၁။ လူသား၏ကျဆုံးခြင်း- လုံးဝပျက်စီးခြင်း


၂။ အသစ်မွေးဖွါးခြင်း- လူ၏အလုပ်မဟုတ်ဘဲ၊ ဘုရားသခင်၏လုပ်ဆောင်မှု

၃။ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်း-- တစ်စုံတစ်ခုအပေါ် “ဆုံး ဖြတ်ချက်” အပေါ်ယုံကြည်ခြင်းကြောင့်မဟုတ်။

၄။ အပြစ်ကိုဆေးကြောရန် ခရစ်တော်၏အသွေးတော်၏အစွမ်းတန်ခိုး-- ဗီဇ အပြစ်နှင့်ဒုစရိုက်အပြစ်


ဤအချက်လေးချက်ကို Charles G. Finney က တိုက်ခိုက်ပြီး အမြဲတမ်း လစ်လျှူရှုငြင်းပယ်ခဲ့ သည်။ ကျွန်တော်တို့သည် ၁၈၅၉ ခုနှစ်မှစ၍ နိူးထမှုသိပ်မတွေ့ရသည်မှာ အံ့ဩစရာမဟုတ်ပါ။ ကျွန်တော်အသေးစိတ်ဖော်ပြနိူင်စွမ်းမရှိသော်လည်း ကျွန်တော်တို့၏အသင်းတော်တွင်နိူးထမှု ကိုအမှန်တကယ်မြင်တွေ့လိုလျှင် ဟောကြားရမည့် ခံယူချက်ပင်ဖြစ်ပါသည်။ ဤသို့သောအ ကြောင်းအရာများကို ထပ်ခါတလဲလဲဟောကြားခြင်းမရှိလျှင် အမှန်တကယ်ပြောင်းလဲခြင်းမခံ စားရမည့်လူများ အသင်းတော်တွင်များစွာရှိကြပေသည်။

Dr. Lloyd- Jones က အောက်ပါအတိုင်းဆိုခဲ့သည်။

နိူးထမှုသမိုင်းကိုကြည့်ပါ။ ယောကျာၤး၊ မိန်းမများ စိတ်ပျက်နေကြသည် ကိုတွေ့ ရှိရပေမည်။ သူတို့၏ကောင်းမြတ်ခြင်းသည် အနတ္တဖြစ်သည်ကိုလည်းကောင်း၊ သူတို့၏ဖြောင့်မတ်ခြင်းသည်လည်း လုံးဝတန်ဖိုးမရှိသည်ကိုလည်းကောင်း သူတို့သိရှိထားကြပါသည်။ သူတို့သည် မိမိကိုယ်ကို အဘယ်အမှုကိုမျှ မတတ် နိူင်ကြသည်ကိုသိကြသဖြင့် ဘုရားသခင်ထံအော်ဟစ်ကြသည်။ ဖြောင့်မတ်ခြင်း သည်ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏လုပ်ဆောင်မှုသာဖြစ်သည်။ “ဘုရား သခင်သည် ထိုအမှုအရာကို ကျွန်ုပ်တို့ထံပြုတော်မမူလျှင်” “ကျွန်တော်တို့ဆုံး ရှုံးလိမ့်မည်” ဟုသူတို့က ဆိုကြသည်။ ဘုရားသခင်၏ရှေ့တော်တွင် အကူအ ညီမဲ့နေကြကြောင်းသူတို့ခံစားလာကြသည်။ သူတိုသည်အာရုံမစူးစိုက်လိုကြ တော့ပေ၊ အတိတ်ကသူတို့လုပ်ဆောင်သည့် ဘာသာတရား၏ သက်သေများ လည်း မရှိတော့ပေ။ သူတို့၏ဘုရားကျောင်းသို့ပုံမှန်ရောက်ရှိလာခြင်းနှင့် အခြား၊အခြားသောအရာများသည်လည်း အချည်းနှီးသာဖြစ်ပါသည်။ ကောင်း သောအရာတစ်ခုမျှမရှိ၊ ပြုသမျှသောဘာသာတရားသည်လည်း အကျိုးမရှိပေ။ ဘုရားသခင်သည် ဘုရားမဲ့လူများကိုစီရင်တော်မူသည်။ ထိုအမှုအရာမှာ နိူးထ မှုတွင်ပေါ်ထွက်လာသော ကြီးမားသည့်သတင်းစကားပင်ဖြစ်ပါသည်။ (Martyn Lloyd-Jones, ၎င်း၊ စာ- ၅၅၊ ၅၆ )

“အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူ ကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။” (( ရောမ ၄း ၅ )

ယေရှု၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစ ရာအကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။” ( ရောမ ၃း ၂၄-၂၅ )

၆။ ဆဌမအချက်- နိူးထမှုသည် ဝမ်းမြောက်ခြင်းနှင့် ရယ်မောခြင်းဖြင့် အစပြုသည်ဟူသောအမှား

“ရယ်မောခြင်းနိူးထမှု” ဟုခေါ်ဆိုသောအရာသည် မည်သို့ပင်ဆိုစေ စစ်မှန် သောနိူးထမှုမဟုတ်ပေ။ ကျွန်တော်သည် သူငယ်ချင်းတစ်ယောက်ဖြစ်သူ Dr. Arthur B. Houk နှင့်အတူ အစည်းအဝေးတစ်ခုကိုတွေ့မြင်ခဲ့သည်။ ထိုအရာမှာ စစ်မှန်သော နိူးထမှု၏ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ လူတို့က ကယ်တင်ခြင်းနှင့်ပါတ်သက်၍ အဘယ်အရာကိုစဉ်းစားနေကြသည်ကို ဆင်မြန်းထားသည်။ Dr. John Armstrong က “သူတို့လိုအပ်သောအရာမှာ ပျော်ရွှင်ခြင်း၊ စုံလင်ခြင်းနှင့် စိတ်ကျေနပ်ခြင်းတို့ပင်ဖြစ် ပါသည်” ဟုဆိုထားသည်။ ( စစ်မှန်သောနိူးထမှု၊ Harvest House, ၂၀၀၁၊ စာ-၂၁ ) သူတို့သည် အပြစ်တရားမှကယ်တင်ခြင်းနှင့်ဆိုင်သော သူတို့၏လိုအပ်ချက်ကို မစဉ်း စားမိကြပေ။

သို့သော် ထိုအရာသည် စစ်မှန်သောပြောင်းလဲခြင်းနှင့် နိူးထမှုတွင် ပြောင်းလဲသွားပေ သည်။ ပြောင်းလဲခြင်းနှင့် နိူးထမှုတို့တွင် “ကျိုးပဲ့သောနှလုံးသား၊ ခရစ်တော်ကိုဗဟိုပြုသော ဝန်ခံခြင်းနှင့်နောင်တတရားသည် ဝိညာဉ်တော်၏စစ်မှန်သောလှုပ်ရှုမှုကိုဖြစ်စေပါသည်။ လူတို့သည် အပြစ်ကြောင့် အနက်ရှိုင်းဆုံးသောငိုကြွေးမြည်တမ်းခြင်းကိုပြုကြပါသည်။” (Armstrong, ၎င်း၊ စာ-၆၃ )

စစ်မှန်သောပြောင်းလဲခြင်းရှိသောသူတိုင်းသည် ၎င်းတို့၏အပြစ်ကြောင့် နှလုံးသားထဲ တွင်အမှန်တကယ်ဝမ်းနည်းပူဆွေးကြကြောင်းကို ကျွန်တော်မြင်တွေ့ခဲ့ရပါသည်။ မျက်မြင် သက်သေအနေဖြင့် ထိုအရာမှာ နိူးထမှုတွင် လူတို့၌ဖြစ်သောအရာပင်ဖြစ်သည်။ ထိုအရာမှာ အတိတ်တွင်ဖြစ်ပျက်ခဲ့သောနိူးထမှု၏လှပသောအရာပင်ဖြစ်ပါသည်။

သန့်ရှင်းသောဝိညာဉ်တော် ကျွန်တော်တို့၏အသက်တာတွင် ဆင်းသက်လာဖို့မည်သို့ ဆုတောင်းရမည်နည်း။ ဘုရားသခင်အားပြစ်မှားသောအပြစ်များအတွက် သင့်အား မည်သို့ပူ ဆွေးသောကသက်ရောက်စေမည်နည်း။ အသွေးတော်မြတ်ဖြင့် သင်၏အပြစ်ရှိသမျှကိုဆေး ကြောရန် မည်သို့ဆုတောင်းကြမည်နည်း။ “ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေး တော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” (၁ယော ၁း ၇ )အာမင်….။ Dr. Chan ကျွန်တော်တို့အသင်းတော်တွင် ထိုသို့သောနိူးထမှုကို ဘုရားသခင်စေလွှတ်တော်မူမည် အကြောင်း ရှေ့သို့လာ၍ဆုတောင်းပေးပါ။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ဇာခရိ ၁၂း ၁၀၊ ၁၃း ၁
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “ကိုယ်တော်၊ အမှုတော်ကိုပြုမူပါ”၊ Albert Midlane, ၁၈၂၅-၁၉၀၉ ရေးစပ်သည်။ )


အခွပွေုကမျြး

နိူးထမှုနှင့်ပါတ်သက်၍မှားယွင်းသောအရာခြောက်ခုအကျဉ်းချုပ်

SIX MODERN ERRORS ABOUT REVIVAL
(SERMON NUMBER 15 ON REVIVAL)

Dr. R. L. Hymers, Jr.

(၁ကောရိန္တု ၁၃း ၁၂ )

၁။ ပထမအချက်- ယနေ့ခေတ်တွင် နိူးထမှုမရှိနိူင်သည့်အမှား။ တမန် ၂း ၃၉
ဗျာ ၇း ၁-၁၄

၂။ ဒုတိယအချက်- နိူးထမှုသည် ကျွန်ုပ်တို့၏ဧဝံဂေလိလုပ်ငန်းကြိုးစား
အားထုတ်မှုပေါ်တွင်မူတည်ပေသည်။ တမန် ၁၃း၄၈-၄၉၊ မာကု ၁၆း ၁၅

၃။ တတိယအချက်- နိူးထမှုသည် ခရစ်ယာန်တို့၏ဆက်ကပ်မှုပေါ်တွင်မူတည်
သည်ဟူသောအမှား။ ၂ရာချုပ် ၉း ၂၁၊ ၂ရာချုပ် ၄း ၇၊ တမန် ၆း ၈၊ ၁ကော ၃း ၇

၄။ စတုတ္ထအချက်- နိူးထမှုသည် အသင်းတော်၌ကျွန်ုပ်တို့မျှော်လင့်သင့်သည်
ပုံမှန်ဖြစ်ပေါ်သည်ဟူသောအမှား ။ တမန် ၄း ၃၁၊ ၂တိ ၄း ၂၊ မာကု ၁၆း ၁၅

၅။ ပဥ္စမအချက်- နိူးထမှုနှင့်ဆက်စပ်လျက်ရှိသမျှသည် အခြေအနေများ
ပေါ်တွင် မူတည်မှုမရွိဟူသောအမှား ။ ရောမ ၄း ၅၊ ၃း ၂၄-၂၅

၆။ ဆဌမအချက်- နိူးထမှုသည် ဝမ်းမြောက်ခြင်းနှင့် ရယ်မောခြင်းဖြင့်
အစပြုသည်ဟူသောအမှား ။ ၁ယောဟန် ၁း ၇