Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




လူသာအသုံးပြုသောကျမ်းပိုဒ်

LUTHER’S TEXT
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ်
အောက်တိုဘာလ ( ၂၆) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 26, 2014

“ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူ ကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ယုံကြည်သမျှ သောသူအပေါင်းတို့ကို ကယ်တင်စေသောဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ အ ဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအား ဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည် သောဘုရား သခင်၏ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလို့ငှါဧဝံ ဂေလိတရားအား ဖြင့် ထင်ရှားလျက်ရှိ၏။” ( ရောမ ၁း ၁၆၊ ၁၇ )

ဤနေရာတွင် တမန်တော်ရှင်ပေါလုသည် ရောမမြို့တွင်ရှိသောခရစ်ယာန်များအား ပြောဆိုနေခြင်းဖြစ်ပါသည်။ ထိုခေတ်ကာလတွင် ရောမမြို့သည် တစ်ကမ္ဘာလုံး၏မြို့တော်ဖြစ် ပေသည်။ ထိုမြို့တွင် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသောဗိမာန်တော်နှင့် ရောမဘုရားတို့၏ ရုပ်တုများစွာရှိကြသည်။ ဘုရားရှိခိုးကျောင်းများမရှိပါ။ ရောမမြို့တွင်ရှိသောခရစ်ယာန်များမှာ အနည်းငယ်သာရှိကြသည်။ အသိအမှတ်ပြုခြင်းမခံရသောဘာသာရေးလည်းဖြစ်ပါသည်။ သို့ သော် ရှင်ပေါလုက “ ငါသည် ခရစ်တော်၏ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ” ဟု သတ္တိရှိရှိဆိုထားပါသည်။

အဘယ့်ကြောင့်ထိုသို့ပြောဆိုနိူင်သနည်း။ ထိုသို့ပြောဆိုနိူင်ရန် မည်သို့စိတ်ချမှုရှိနိူင် သနည်း။ “ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။” ခရစ်တော်၏ ဧဝံဂေလိတရားက ကျွန်ုပ်တို့၏အပြစ်ကိုပေးဆပ်ရန်လက်ဝါးကပ်တိုင်တွင်အသေခံခြင်း၊ နှင့် ကျွန်ုပ်တို့အားအသက်ကိုပေးရန် ရှင်ပြန်ထမြောက်ခြင်းတို့ ပါဝင်ပေသည်။ ရှင်ပေါလုက “ငါ သည်ရှက်ကြောက်ခြင်းအလျင်းမရှိ” ဟုဆိုထားပါသည်။ အဘယ့်ကြောင့်နည်း။ “ အကြောင်း မူကား၊ ကယ်တင်ခြင်းကိုဖြစ်စေသောဘုရားသခင်၏တန်ခိုးတော်ကြောင့်ပေတည်း။” “တန်ခိုး တော်” ဟုအဓိပ္ပါယ်ဖွင့်ဆိုထားသော ဂရိစကားလုံးမှာ “dunamis” ဖြစ်သည်။ ဂရိစကားလုံးကို တိုက်ရိုက်အနက်ပြန်သောအခါ “ ပေါက်ကွဲခြင်း” ဟုဆိုလိုပေသည်။ ဧဝံဂေလိတရားတွင် တန်ခိုးရှိပေသည်။ Dr. Marvin R. Vincent က ထိုအရာကို “ဘုရားသခင်၏စွမ်းအား” ဟုခေါ် သည်။ ခရစ်တော်၏ဧဝံဂေလိတရားတွင် ပြည့်ဝစုံလင်သောတန်ခိုးတော်ရှိပေသည်။ ဧဝံဂေလိ တရားက သေသောဝိညာဉ်များကို ပြန်လည်အသက်ရှင်စေသည်။ သေနေသောဝိညာဉ်များ သည် ဧဝံဂေလိတရားအားဖြင့် အသက်ကိုရရှိကြသည်။

သင်သည် ဘုရားကျောင်းသို့ရောက်ရှိလာပြီး ဘုရားသခင်နှင့် ခရစ်တော်အကြောင်း သင်ကြားနာသောအရာများသည် သင့်အတွက် နည်းလမ်းတစ်ခုမဟုတ်ပါ။ သို့ရာတွင် ဧဝံဂေလိတရားကို ကျွန်ုပ်ဟောပြောနေခြင်းဖြစ်သည်။ သင်က “ ထိုအရာကို အဘယ့်ကြောင့် ဆက်လက်ပြောဆိုနေသနည်း” ဟုဆိုကြပေမည်။ သူသည် လက်ဝါးကပ်တိုင်တွင် အသေခံပြီး ရှင်ပြန်ထမြောက်သောခရစ်တော်အကြောင်းကို ဆက်လက်ပြောဆိုနေပေသည်။ သူသည် အခြားအရာကို အဘယ့်ကြောင့် ပြောဆိုမထားပါသနည်း။ ကောင်းပါပြီ မိတ်ဆွေ၊ အခြားအရာ ကသင့်အား အပြစ်သားမှ စစ်မှန်သောခရစ်ယာန်တစ်ယောက်ဖြစ်မလာစေနိူင်ပါ။ ခရစ်ယာန် တစ်ယောက်ဖြစ်လာရန် ကျွန်ုပ်လည်း သင်ကြားမပေးနိူင်ပါ။ သို့သော် ဧဝံဂေလိတရားတော ဟောကြားနိူင်ပါသည်။ သင်သည် ရွေးကောက်ခံရသူတစ်ယောက်ဖြစ်လျှင် ဘုရားသခင်သည် ဧဝံဂေလိတရားကို ဆောင်ယူလာပြီး ဒိုင်းနမိုက်ကဲ့သို့ အသုံးပြုပေလိမ့်မည်။ သင်၏မှားယွင်း သောအယူအဆများကို ချိုးဖျက်ရန်၊ ခရစ်တော်အတွက် သင့်နှလုံးသားများကို ဖွင့်လှစ်ရန်၊ သင့်ဝိညာဉ်အားအသက်ချမ်းသာစေရန် ထိုသို့လုပ်ဆောင်မည်ဖြစ်သည်။ ဧဝံဂေလိတရားသည် သင့်အား ဆုတ်ကိုင်တော်မူလျှင် ဝိညာဉ်တော်၌ အသက်ရှင်လာလိမ့်မည်။ သင်သည် ခရစ်တော်ကို ကိုးစားပြီး ဒုတိယမွေးဖွားခြင်းကို ခံစားလာလိမ့်မည်။ ဧဝံဂေလိတရားမှတပါး ထိုသို့လုပ်ဆောင်နိူင်သောအရာမရှိပေ။ Charles Wesley ထက်ပိုကောင်းအောင်ပြောဆိုနိူင် သောသူတစ်ဦးမျှမရှိပါ။

သူသည် အပြစ်ရောဂါကို ချိုးဖျက်ခဲ့သည်။
အကျဉ်းကိုလွတ်မြောက်စေခဲ့
အပြစ်ရှိသမျှကိုဆေးကြောတော်မူခဲ့
ကျွန်ုပ်အတွက် ကောင်းမြတ်မူ၏။
   ( ထောင်ပေါင်းများစွာသောလျှာတစ်ခု ၊ Charles Wesley, ၁၇၀၇-၁၇၈၈ )

ထို့နောက်တမန်တော်ရှင်ပေါလု “ယုံကြည်သောသူတိုင်းကယ်တင်တော်မူခြင်းသို့ ရောက်စေသည့်ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်” ဟုဆိုထားပါသည်။ ခရစ်တော်၏ဧဝံဂေ လိတရား၏တန်ခိုးတော်သည် ယုံကြည်သောသူတို့၌ အသက်နှင့်ကယ်တင်ခြင်းကိုဖြစ်စေ သည်။ ဧဝံဂေလိတရားက လူတိုင်းကို ကယ်တင်သည်မဟုတ်။ လူအများက ထိုတရားကို ပြက် ရယ်ပြုကြသည်။ လူအများက အခြားနည်းလမ်းဖြင့် ကယ်တင်ခြင်းရရှိနိူင်သည်ဟု ထင်မြင်ကြ သည်။ ခရစ်တော်ကသာလျှင် ဧဝံဂေလိတရားကိုယုံကြည်ပြီး ကိုးစားသောသူတို့ကို ကယ်တင် တော်မူသည်။ ထိုသူတို့သည် “ကယ်တင်ခြင်းကိုဖြစ်စေသောဘုရားသခင်၏တန်ခိုးတော်”ကို လက်တွေ့ခံစားသောသူများသာဖြစ်ကြသည်။

ထို့နောက် တမန်တော်က “အကြောင်းမူကား ထိုအထဲတွင် ဘုရားသခင်၏ဖြောင့်မတ် ခြင်းတရားရှိသည်” ဟုဆိုထားပါသည်။ “ထိုအရာထဲတွင်” ဟုဆိုရာတွင် ဘုရားသခင်၏ဧဝံဂေ လိတရားကိုဆိုလိုပေသည်။ ဘုရားသခင်၏ဖြောင့်တ်ခြင်းတရားကို ဖြောင့်မတ်ခြင်းတရားထဲ တွင်ဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကိုရန်ငြိမ်းစေရန် သားတော် ယေရှုခရစ်တော်ကိုစေလွှတ်တော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တိုအပြစ်ကို ဗွေမယူဘဲ ခွင့်လွှတ်တော်မူလျှင် တရားမျှတလိမ့်မည်မဟုတ်။ ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်စာအပြစ်အခကို ပေးဆပ်ရန် ဘုရားသခင်စေလွှတ်တော်မူခဲ့သည်။ သင်သည် သခင်ယေရှုကို ယုံကြည်ကိုးစား သောအခါတွင် မာတင်လူသာပြောသကဲ့သို့ “ သူစိမ်း၏ဖြောင့်မတ်ခြင်း” ဖြင့်ပတ်စည်းခြင်းကို ခံရပေသည်။ သင်သည် ကိုယ်တိုင်ပြုသော “ကောင်းသောအမှု” အားဖြင့် မိမိကိုယ်ကိုဆင် ယင်ထားသောဝတ်လုံဖြင့် ပတ်စည်းထားသည်မဟုတ်။ သင်သည် သခင်ခရစ်တော်ကို ယုံကြည်ကိုးစားသောအခါ သူ၏ဖြောင့်မတ်ခြင်းဖြင့် ပတ်စည်းထားပါသည်။ ထိုအရာသည် “တပါးသူတို့၏ဖြောင့်မတ်ခြင်း” ဖြစ်ပေသည်။ သင်၏ဖြောင့်မတ်ခြင်းမဟုတ်ပါ။ သင့်ကို ကယ် တင်တော်မူသော ခရစ်တော်၏ဖြောင့်မတ်ခြင်းပေတည်း။ သူသည် သင့်အား ၎င်း၏ဖြောင့်မတ် ခြင်းအားဖြင့် ပတ်စည်းတော်မူသည်။

ထို့အပြင် တမန်တော်က “ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟုဆိုထားပါသည်။ ( ရောမ ၁း ၁၇ ) “ကျမ်းစာလာသည် ကား” ဟုဆိုရာတွင် ဓမ္မဟောင်းကျမ်းရှိ ဟဗက္ကုတ်အနာဂတ္တိကျမ်းစာကို ကောက်နှုတ်ထား ခြင်းဖြစ်ပါသည်။ ပရောဖက်ဟဗက္ကုတ်က “ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟုဆိုထားပါသည်။ ( ဟဗက္ကုတ် ၂း ၄ ) ရှင်ပေါလုသည် ထိုကျမ်းပိုဒ်ကို ဓမ္မသစ်ကျမ်းတွင် ၃ ကြိမ်တိုင်တိုင် ကောက်နှုတ်ထားပါသည်။ ၎င်းတို့မှာ ရောမ ၁း ၁၇၊ ဂလာတိ ၃း ၁၁၊ ဟေဗြဲ ၁၀း ၃၈ တို့ဖြစ်ကြပါသည်။ တစ်ခုချင်းစီတွင် “ဖြောင့်မတ်သောသူ သည်ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟုဆိုထားပါသည်။ မာတင်လူသာ၏မျက်စိ ကိုဖွင့်ရန် ဘုရားသခင်အသုံးပြုတော်မူသော ကျမ်းပိုဒ်လည်ဖြစ်ပါသည်။ လောကကြီးကို ပြောင်းလဲစေပြီး “ပြုပြင်ပြောင်းလဲခြင်း” ဟုခေါ်ဆိုသော ကြီးမားသည့်နိူးထမှုအကြောင်း ဆောင်ယူလာသော ကျမ်းပိုဒ်လည်းဖြစ်ပါသည်။ ထိုစကားများနှင့်ပါတ်သက်၍ Dr. McGee ၏ရေးသားချက်ကိုဖော်ပြအပ်ပါသည်။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။”

ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်းဟူသည်မှာ ခရစ်တော်ကိုယုံကြည်ကိုး စားသောအပြစ်သားသည် ခရစ်တော်အသောခံသောကြောင့် အပြစ်ခွင့် လွှတ်ခြင်းခံရသည်သာမက ခရစ်တော်၌ ဘုရားသခင်၏မျက်မှောက်တော် တွင် ပြည့်စုံစွာရပ်တည်နိူင်သောသူဖြစ်ပါသည်။ ဆိုလိုသည်မှာ အပြစ်ကို နှုတ်ခြင်းတစ်ခုတည်းမဟုတ်ဘဲ ဖြောင့်မတ်ခြင်းကိုထပ်လောင်းပေါင်းထည့် ခြင်းဖြစ်ပါသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကြောင့် အသေခံတော် မူပြီး ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းအတွက် ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ (ရောမ ၄း ၂၅ ) ကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်မှောက်တော်တွင် ခရစ်တော်အားဖြင့် ပြည့်ဝစုံလင်စွာ ရပ်တည်နိူင်ဖို့ရန်ဖြစ်ပါသည်။ (J. Vernon McGee, Th.D., Thru the Bible, အတွဲ ၄၊ စာ- ၆၅၁၊ ရောမ ၁း ၁ရ မှတ်စု )

သင်က ထိုအရာသည် “သတိရစရာ ပစ္စည်းများဖြစ်သည်”ဟုဆိုနိူင်ပါသည်။ သို့သော် ထိုအရာအားလုံးကို မာတင်လူသာ၏အသက်တာတွင် ရှင်းလင်းစွာတွေ့မြင်နိူင်ပါသည်။ သူသည် ၁၄၈၃ မှ ၁၅၄၆ ခုနှစ်အထိ အသက်ရှင်ခဲ့သည်။ မာတင်လူသာသည် လူအနည်းငယ် သာပါဝင်သည့် အမျိုးအစားတွင်ပါဝင်သည်။ သူသည် ရှင်ပေါလု၊ ကိုလံဘတ်၊ မာကယ်လင်း၊ သို့မဟုတ် အက်ဒီဆင် ကဲ့သို့ လူ့သမိုင်းတွင် လောကကိုပြောင်းလဲစေသောသူဖြစ်ပါသည်။ သို့သော် ကယ်တင်ခြင်းအတွက် သူ့ရဲ့လိုအပ်ချက်မှာ သင်နှင့်ကွာခြားမည်မဟုတ်ပါ။

ခေတ်သစ်စာရေးဆရာများက မာတင်လူသာအား “အလယ်ခေတ်” ကလူသားဟု ခေါ် ဝေါ်သမုတ်ခဲ့ကြသည်။ သူတို့သည် ကောင်းကင်တမန်၊ နတ်ဆိုး၊ နှင့်စာတန်နှင့်ပါတ်သက်၍ မာတင်လူသာ၏ ယုံကြည်ချက်ကို ဝေဖန်ကြသည်။ သူတို့က ဘုရားသခင်နှင့်စာတန်၏ကြားရှိ စစ်ပွဲတွင် လူသားကို ချုပ်နှောင်ထားသည် ဟူသော သူ၏အမြင်ကို ချဲ့ကားပြောဆိုခဲ့ပါသည်။ ဘုရားသခင်၏အမျက်တော်ကိုကြောက်ရွံ့ခြင်းနှင့် အပြစ်အတွက် ဝမ်းနည်းပူဆွေးခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ထိုအရာက ခေတ်သစ်စာရေးသူများထက် မာတင်လူသာအကြောင်းကို သာလုပ်ဆောင်သည်ဟု ကျွန်ုပ်မြင်မိပါသည်။ ခေတ်သစ်ဧဝံဂေလိယုံကြည်သူများက ကောင်း ကင်တမန်၊ နတ်ဆိုးနှင့်စာတန်အကြောင်းယုံကြည်ထားခြင်းမရှိကြောင်းကို ဖော်ပြထားပါသည်။ အကောင်းနှင့်အဆိုးတို့၏ရုန်းကန်မှုနှင့်ဆိုင်သော သမ္မာကျမ်းစာသွန်သင်ချက်များကို မယုံ ကြည်ကြသည့် သဘောပင်ဖြစ်ပါသည်။ ဤခေတ်သစ်ဧဝံဂေလိယုံကြည်သူများသည် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိကြသကဲ့သို့ အပြစ်ကြောင့်ဝမ်းနည်းခြင်းလည်းမရှိကြပေ။ လူသာသည် သာမန်ယုံကြည်သူတစ်ဦးကဲ့သို့ ကြည့်ရှုရန်ထွက်လာခဲ့ပါသည်။ သူအားဝေဖန် တိုက်ခိုက်နေကြသော ခေတ်သစ်ဧဝံဂေလိယုံကြည်သူများသည် ခရစ်ယာန်ကဲ့သို့မဟုတ်ဘဲ ပျောက်ဆုံးနေသော လောကလူသားများကဲ့သို့ ထွက်လာကြသည်။ ဘုရားသခင်ကူညီမစပါစေ သော်။

ရောမဩဝါဒစာစောင်နှင့်ပါတ်သက်၍ လူသာ၏မှတ်ချက်မှာ ခြွှမ်းချက်မရှိဘဲ ရှင်းလင်း မှန်ကန်သည်ဟု ကျွန်ုပ်တွေ့မြင်ရပါသည်။ သူသည် ဂျူးများနှင့်ပါတ်သက်၍မှန်ကန်မှုရှိကြောင်း ကို ကျွန်ုပ်အားသိမြင်စေသည်။ ၎င်းက “ဤကျမ်းပိုဒ်တွင် ဂျူးလူမျိုးများသည် ကပ်ကမ္ဘာ၏အ ဆုံးတွင် ယေရှုခရစ်၌ ယုံကြည်လာကြမည်အကြောင်း ပါဝင်သည်ဟု ဆိုထားပါသည်။ ယခုအချိန်တွင် လဲကျနေကြသော ဂျူးများသည် မကောင်းမှုများကွယ်ပျောက်ပြီး ရွေးကောက် ခံရသူတို့၏ပြည့်စုံခြင်းကာလတွင် ပြောင်းလဲပြီး ကယ်တင်တော်မူခြင်းသို့ရောက်ကြမည်အ ကြောင်း တွေ့ရသည်။ သူတို့သည် အပြင်ကမ္ဘာတွင် ရှိနေကြမည်မဟုတ်ပါ။ အချိန်တန်သောအ ချိန်တွင် ပြောင်းလဲလာကြလိမ့်မည်။” ( ရောမဩဝါဒစာစောင်နှင့်ပါတ်သက်၍ လူသာ၏ခံယူ ချက်၊ Kregel Publications, ၁၉၇၆၊ စာ- ၁၆၁၊ ၁၆၂ ၊ ရောမ ၁၁း ၂၅-၃၆ မှတ်စု )

ထိုအချက်က သမ္မာကျမ်းစာသွန်သင်ချက်ကို ကောင်းစွာအဆုံးသတ်ထားသည်ဟု ဆိုရပါမည်။ သူသည် အသက်အရွယ်ရလာသောအခါ ကြမ်းတမ်းသောစကားကို ပြောကြောင်း သိကြရပါသည်။ သို့သော် သူ့ကို ခွင့်လွှတ်နားလည်နိူင်ပါသည်။ သူ၏အယူဝါဒသည် ကစ်သိုလစ်မှဆင်းသက်လာခြင်းဖြစ်ပြီး ယုံကြည်မှုတွင်လည်းဣသရေလအစားအသင်းတော်က အစားထိုးလိုက်သည်။ ၎င်းမှာ ယနေ့ကာလတွင် များစွာသော ကယ်လ်ဗင်းနှင့် အခြားယုံကြည် သူများသည် မှားယွင်းသောဩဝါဒကို ကျင့်သုံးနေကြသည်။ ဘုရားသခင် သနားခြင်းစိတ်ရှိ တော်မူပါစေသော်။ ဘုရားသခင်သည် ရောမ ၁၁း ၂၅- ၂၇တွင်ဖော်ပြထားသကဲ့သို့ ဣသရေလ နှင့် ယုဒလူများများအပေါ်ထားရှိသည့် လောကပဋိညာဉ်ထားရှိပါသည်။

လူသာ၏ဖခင်သည် သတ္တုတွင်းအလုပ်သမားတစ်ဦးဖြစ်ပြီး ၎င်း၏သားအား အကျိုးဆောင်ရှေ့နေတစ်ယောက်ဖြစ်စေလိုပါသည်။ ထိုရည်ရွယ်ချက်ဖြင့် စတင်ပညာဆည်းပူးခဲ့ သည်။ သို့ရာတွင် တစ်နေ့တွင် သူသည် မိုးချုန်းမုန်တိုင်းကြားတွင် လမ်းလျှောက်ထွက်ခဲ့သည်။ လျှပ်စီးသည် သူ့အနားတွင် စီးခဲ့သည်။ သူသည် မြေပြင်သို့လဲကျသွားပြီး “သန့်ရှင်းသူ အင်နီ ကူညီမစပါ။ ငါသည် ဘုန်းဘုန်းဖြစ်လာမည်” ဟုအော်ဟစ်ခဲ့သည်။ ထိုအရာ၏သဘောမှာ သူသည် သာသနာ့ဘောင်သို့ဝင်ရောက်ပြီး လောကဘောင်နှင့်ခွဲခွါရန်ဖြစ်ပါသည်။ သို့ရာတွင် ဘာသာတရားလက်တွေ့လုပ်ဆောင်မှုတွင် သူ၏နက်ရှိုင်းစွာပါဝင်မှုသည် သူ့အား ဘုရားသခင် ၏ငြိမ်သက်ခြင်းကို ရှာဖွေတွေ့ရှိရန် မကူညီနိူင်ပေ။ ခေတ်သစ်ဧဝံဂေလိယုံကြည်သူများက သူ့အား ဘုရားသခင်ကြောက်ရွ့ခြင်းပုံစံမှားယွင်းပြီး “အလယ်ခေတ်” ဆန်သည်ဟု ဆိုကြပါသည်။ မည်သို့မှားယွင်းပါသနည်း။ လူသာ၏ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် လုံးဝမှန်ကန်မှုရှိပါသည်။ ဤကျမ်းပိုဒ်ကိုမိန့်ဆိုသောအခါတွင် မယုံကြည်သူများနှင့်ပါတ်သက်၍ သမ္မာကျမ်းစာကဆိုထားပါသည်။ “ ဘုရားသခင်၏ရှေ့တော်တွင် ဘုရားကိုကြောက်ရွံ့ခြင်းမရှိ ကြပါ။” (ရောမ ၃း ၁၈ ) မာတင်လူသာက “ကျွန်ုပ်တို့သည် သဘောတရားအားဖြင့် မဖြောင့်မတ်သောသူ၊ ဘုရား ကြောက်ရွံ့ခြင်းမရှိသူများဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘုရားရှေ့တွင် နှိမ့်ချလျက် မိမိတို့၏မကောင်းသောအမှုအရာများကို ဝန်ခံရမည်။” (လူသာ၊ ၎င်း၊ စာ-၇၄၊ ရောမ ၃း ၁၈ မှတ်စု ) မိမိ၏ပျောက်ဆုံးခြင်းကို အပြစ်သားများအားသိရှိ နားလည်စေသောအရာမှာ ဘုရားသခင်၏ကျေးဇူးတော်ပင်ဖြစ်ပါသည်။ John Newton က ဤသို့ဆိုထားပါသည်။ “ကြောက် ရွံတတ်စေရန် နှလုံးသားကို သွန်သင်သူမှာ ဤကျေးဇူးတော် ပင်ဖြစ်ပါသည်။” “(အံ့ဘွယ်မေတ္တာ)” ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိခြင်းသည် ဘုရာမဲ့ဝါဒီ တို့၏သဘောတရား ပင်ဖြစ်သည်။

လူသာသည် သူ၏အပြစ်ကိုသိမြင်သည်။ ထိုအရာကို နှလုံးသား၏ရောဂါဟုလည်းခေါ် ဆိုပါသည်။ ထိုအပြစ်တရားမှ ဖယ်ရှားနိူင်သောအရာမရှိနိူင်ပေ။ သူသည် ကျမ်းစာကိုလေ့လာ ထားသူဖြစ်သောကြောင့် သူ၏ဆရာဖြစ်သူ Johann Staupitz ပြောဆိုသောစကားဖြစ်သည့် “ချိုမြိန်သောကယ်တင်ရှင်၏ဒဏ်ရာများ” ကို မှတ်မိနေပေမည်။ သူ၏လေ့လာသင်ယူမှုတွင် ခရစ်တော်၏လက်ဝါးကပ်တိုင်ကိုတွေ့မြင်ခဲ့သည်။ သူက လက်ဝါးကပ်တိုင်တွင်ရှိသောခရစ် တော်တွင် ဘုရားသခင်၏အမျက်တော်နှင့် မေတ္တာမည်သို့ပေါင်းစပ်သည်ကို တွေ့မြင်ခဲ့သည်။ လူသာက သူ့မိခင်အား ဤသို့ရေးသားခဲ့သည်။

ကျွန်ုပ်သည် နေ့နှင့်ညတိုင်းပင် ဘုရားသခင်၏တရားမျှတခြင်းနှင့် “ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ်မည်” ဟူသောဖော်ပြချက်တို့ကြားရှိဆက်နွယ်မှုကို တွေ့မြင်သည့်တိုင် ရှာဖွေခဲ့ ပါသည်။ ထို့နောက် ဘုရားသခင်၏တရားမျှတခြင်းဆိုသည်မှာ ကျေးဇူး တော်နှင့် သနားခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကြောင့် ဘုရားသခင်က ကျွန်ုပ်တို့အား ယုံကြည်သည်ဖြစ်၍ ခရစ်တော်၌ သန့်ရှင်းစေခြင်းပင်ဖြစ် ပါသည်။ ထိုအရာတွင် ပြန်လည်မွေးဖွားပြီး ပရဒိသုတံခါးကို ဖွင့်ထားခြင်းပင်ဖြစ်ပါသည်။ ကျမ်းစာတစ်ခုလုံးသည် အဓိပ္ပါယ်သစ်ကို ဆောင်ယူလာသည်။ (Roland H. Bainton, ကျွန်ုပ်ဤအရပ်တွင် ရပ်ပါ၏၊ Mentor Books၊ ၁၈၇၇၊ စာ- ၄၉ )

ထိုအချိန်မှစတင်၍ လူသာ၏ဓမ္မပညာကို “လက်ဝါးကပ်တိုင်နှင့်ဆိုင်သော ဓမ္မပညာ” ဟုအမည်တွင် လာသည်။ သူက “လက်ဝါးကပ်တိုင်တစ်ခုတည်းသာ ကျွန်ုပ်တို့၏ ဓမ္မပညာဖြစ် သည်” ဟုဆိုထားပါသည်။ သင်သည် အပြစ်တရားမှ ကယ်တင်ခြင်းရရှိလိုလျှင် အသေခံသော ယေရှုခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့်ပင်ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်တွင် အသေခံတော် မူသောခရစ်တော်အားဖြင့်သာဖြစ်ပါသည်။ သန့်ရှင်းသောဘုရားသခင်၏မျက်မှောက်တော်သို့ ရောက်ရှိနိူင်သော အခြားလမ်းမရှိပါ။

လူသာသည် သူ၏ကျမ်းစာလေ့လာမှုတွင် ထိုအရာကိုတွေ့မြင်ခဲ့သည်။ ကျွန်ုပ်တို့အ သုံးပြုသောကျမ်းပိုဒ်တွင်ဖော်ပြထားသည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါကိုရည်ညွှန်းထားခြင်းမဟုတ်ကြောင်းကို မြင်တွေ့လာခဲ့သည်။ ဘုရားသခင်က ကျွန်ုပ် တို့အားပေးတော်မူသော ဖြောင့်မတ်ခြင်း၊ ယေရှုခရစ်၌ယုံကြည်ခြင်းအားဖြင့် ရရှိသောအရာဖြစ် သည်။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။” ( ရောမ ၁း ၁၇) Dr. Lloyd-Jones က “ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား မဖြောင့်မတ်စေနိူင် ပါ။ ကျွန်ုပ်တို့ကိုဖြောင့်မတ်စေသောအရာမှာ ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားမှလွဲ၍ အခြား အရာမရှိတော့ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်းကို ကောင်းမှုကုသိုလ်သို့ မပြောင်းလဲစေရန်စောင့်ထိန်းပေးသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားဖြင့်မိမိတို့ကိုယ်ကို ဖြောင့်မတ်စေခြင်းမှလည်းကွယ်ကာသည်။ ကျွန်ုပ်အားမှန်ကန်စေသောအရာသည် ခရစ်တော် ၏ဖြောင့်မတ်ခြင်းတရားပင်ဖြစ်ပါသည်။ ထိုအရာသည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်ထံသို့ ရောက်ရှိလာပါသည်။ ယုံကြည်ခြင်းသည် ခရစ်တော်၏ ဤယုံကြည်ခြင်းကို ကျွန်ုပ်ထံသို့ပို့ ဆောင်ပေးသော တံတားပင်ဖြစ်ပါသည်။” (Martyn Lloyd-Jones, M.D., ရောမဩဝါဒ- အခန်း ၁ ကိုရှင်းပြခြင်း၊ ဘုရားသခင်၏ဧဝံဂေလိတရား၊ Banner of Truth, ၁၉၈၅၊ စာ-၃၀၇ ) လူသာက “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်” ဟူသောစကားလုံးကို ဖတ်ရှုရသောအခါ ပေါလု၏ ပရဒိသုတံခါး ဟူသော ဤဖော်ပြချက်သည် ကျွန်ုပ်အတွက်ဖြစ်လာခဲ့သည်။” Dr. Lloyd-Jones က “အဘယ်သို့သောဖော်ပြချက်ဖြစ်ပါသ နည်း၊ အဘယ်သို့သောပြောင်းလဲမှုနည်း။ သူသည် စိတ်ပျက်ဖွယ်ပျော်ရွင်မှုမရှိသောဘုန်းကြီး၊ ပုတီးစေ့ကိုရေတွက်လျက်၊ ချွေးများထွက်လျက်ဆုတောင်းခြင်း များပြုလုပ်သော်လည်း စိတ်ထဲတွင် ပြိုလဲနေခြင်းမှ ပြုပြင်ပြောင်းလဲခြင်း၏ရှေ့ပြေးသံတော်ဆင့်၊ ဧဝံဂေလိတရားကို ထူးခြားပြောင်မြောက်စွာဟောသူ၊ ဘုရားသခင်၏လွတ်မြောက်သောသားအဖြစ်သို့ရောက်လာ ခဲ့ပါသည်။” (Lloyd-Jones, ၎င်း၊ စာ- ၃၀၉ ) Mr. Griffith သီဆိုသောသီချင်းစာသားလေး တွင် Count Zinzendorf က ဤသို့ဆိုပါသည်။

ယေရှုဘုရား၊ ကိုယ်တော့်အသွေးတော်နှင့်ဖြောင့်မတ်ခြင်း
   ကျွန်ုပ်၏လှပခြင်းနှင့် ဘုန်းတော်လင်းရောင်
ဒုက္ခပြည့်ရာကမ္ဘာကြီးအလယ်ဝယ်
   ဝမ်းမြောက်စွာဖြင့် ကျွန်ုပ်လက်ကိုဆန့်တန်းလျက်နေ
(“ယေရှု၊ ကိုယ်တော့်အသွေးတော်နှင့်ဖြောင့်မတ်ခြင်း”
   Count Nicolaus Von Zinzendorf, ၁၇၀၀-၁၇၆၀ ရေးစပ်သည်။ )

သို့မဟုတ် Edward Mote ရေးသကဲ့သို့ပင်ဖြစ်သည်။

ငါမျှော်လင့်ခြင်းအမြစ်တည်ရာ
   ခရစ်တော်၏အသွေးမြတ်သာ
ငါ၏ကျင့်ဝတ်မှီဘွယ်မရှိ
   နာမတော်ကုသိုလ်အောင်သတည်း။
ကျောက်မြက်ခရစ်တော်ငါခိုလှုံ
   အခြားတည်ရာရှိ ရှိသဲနှုန်း
အခြားတည်ရာရှိ ရှိသဲနှုန်း
   (“ကျောက်မြစ်ခရစ်တော်”၊ Edward Mote, ၁၇၉၇-၁၈၇၄
      ရေးစပ်သည်။ )

“လောက၏အပြစ်ကိုဆောင်သွားသောဘုရားသခင်၏သိုးသူငယ်” (ယော ၁း ၂၉ ) တည်းဟူ သောယေရှုကို ယုံကြည်လက်ခံရန် ယနေ့ညပင် ကျွန်ုပ်တိုက်တွန်းလိုပါ၏။ ခရစ်တော်ကို ယုံ ကြည်လက်ခံသည်နှင့်တမဟုတ်ချင်းတွင် ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။ ဖြောင့် မတ်ခြင်း၊ လုံခြုံမှုကို ထာဝရခံစားရပေလိမ့်မည်။ ယနေ့ည ယေရှုကို ယုံကြည်လက်ခံမည်ဟု ဆိုထားပါသည်။ သင်သည် “မာတင်လူသာကဲ့သို့ပင် အသစ်တဖန်မွေးဖွါးပြီး ပရဒိသုဘုံထဲသို့ ဝင်စားရပါမည်။” Johann Staupitz က မာတင်လူသာကိုပြောဆိုသကဲ့သို့ “ချိုမြိန်သောကယ် တင်ရှင်၏ ဒဏ်ရာများကြည့်ရှုပါ။”

“ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှိလိမ့်မည်။” (( ရောမ ၁း ၄ )

တစ်စုံတစ်ယောက်က ခရစ်တော်ကို ယုံကြည်လက်ခံပြီးကယ်တင်ခြင်း ရရှိဖို့ရန် Dr. Chan ကျေးဇူးပြုပြီး ဆုတောင်းပေးပါ။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ရောမ ၁း ၁၅-၁၇
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “ယေရှု၊ကိုယ်တော့်အသွေးတော်နှင့်ဖြောင့်မတ်ခြင်း ”၊ Count Nicolaus Von Zinzendorf , ၁၇၀၀-၁၇၆၀ ရေးစပ်၍ John Wesley ၁၇၀၃-၁၇၉၁ ဘာသာပြန်သည်။ )