Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်အား နိူးထမှုတွင်
ဘုန်းထင်ရှားစေသည်။

(နိူးထမှုနှင့်ဆိုင်သောတရားဒေသနာ-၆)
THE HOLY SPIRIT GLORIFING JESUS IN REVIVAL
(SERMON NUMBER 6 ON REVIVAL)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၄ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့ ညနေပိုင်းတွင် ဟောကြားသော Dr. R. L. Hymers, Jr.
၏တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 24, 2014

“ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ် ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်။” (ယော ၁၆း ၁၄ )

အသင်းတော် သို့မဟုတ် ဘာသာတရားတွင အဘယ်အရာသည် မှားပြီး အဘယ်အ ရာမှန်ကန်သည်နှင့်ပါတ်သက်ပြီး လူတွေက လာမေးလေ့ရှိကြသည်။ ကျွန်ုပ်က ဘဝအသက် တာတွင် အသုံးပြုလေ့ရှိသောစည်းမျဉ်းလေးကို သူတို့အားပေးလိုက်သည်။ ခရစ်တော်ကို ဘုန်း ထင်ရှားစေခြင်းမရှိသော ဝိညာဉ်တော်သည် ဘုရားသခင်၏ဝိညာဉ်မဖြစ်နိူင်ပါ။ ၎င်းမှာ အဓိက သော့ချက်ပင်ဖြစ်ပါသည်။ ၎င်းမှာ မှားယွင်းသောဝိညာဉ်နှင့် သမ္မာတရားကိုပြသောဝိညာဉ် ကြားရှိ သင်ပြောဆိုနိူင်သော ခြားနားချက်ပင်ဖြစ်ပါသည်။

မှားယွင်းသောဝိညာဉ်နှင့် သမ္မာတရားကိုပြသောဝိညာဉ် ကြားရှိခြားနားချက်ကိုအ ကြောင်းပြချက်အချို့ဖြင့် ကျွန်ုပ်ဖော်ပြ လိုပါသည်။ ထိုအရာ၌ အနှိုင်းမဲ့ရွေးနှုတ်ခြင်းတွင် အရင်းအမြစ်ရှိပေသည်။ အကြောင်းမှာ ကျွန်ုပ်သည် မှားယွင်းသောသွန်သင်ချက်များကြားတွင် ကြီးပြင်းလာသူဖြစ်ပေသည်။ သို့သော် စစ်ဆေးချက်မှာ ယေရှုခရစ်နှင့်ပါတ်သက်၍ သူတို့၏ ပြောဆိုချက်ပင်ဖြစ်ပါကြောင်း မပြောင်းလဲ မှီကတည်းက ကျွန်ုပ်သိခဲ့ပါသည်။ သူတို့သည် ယေရှု၏ဘုန်းတော်ကို ထင်ရှားစေကြသလော၊ သို့မဟုတ် ရှုံ့ချကြသလော။

ယေရှုက “သူသည် ငါ၏ဘုန်းကိုထင်ရှားစေမည်” ဟု သန့်ရှင်းသောဝိညာဉ်တော်နှင့် ပါတ်သက်၍ ပြောဆိုခဲ့ပါသည်။ “ဘုန်းထင်ရှားစေမည်” ဟူသောစကားလုံးသည် အင်္ဂလိပ် စကားပြောဆိုခြင်းမှပေါ်ထွက်လာခြင်းပင်ဖြစ်ပေသည်။ “ဘုန်းထင်ရှားစေမည်” ဟူသော ဂရိ စကားလုံးမှာ “ ရိုသေလေးမြတ်ခြင်း၊ ချီးမွမ်းခြင်း” ပင်ဖြစ်ပါသည်။ ယေရှုက သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပါတ်သက်၍ “ သူသည် ငါ့ကို ချီးမြှောက်မည်၊ ရိုသေလေးမြတ်မည်” ဟုဆိုထားပါသည်။

သင်သည် မည်သည်က ထိုသို့လုပ်ဆောင်သည် ဟူ၍ ဘာသာတရားကို နှိုင်းယှဉ်နေ သည့် ကျောင်းသားဖြစ်မည်ဟု ကျွန်ုပ်မထင်မိပါ။ မှားယွင်းသောသူများစွာတို့က ယေရှုသည် ဖန်ဆင်းခံသတ္တဝါ၊ ဝိညာဉ်အနည်းငယ်သာရှိသည်ဟု ဆိုကြသည်။ ဂိုရမ်းကျမ်းစာအုပ်က ပရောဖက်မှသာဖြစ်သည်ဟုဆိုပါသည်။ မော်မွန်းအဖွဲ့များက ဖန်ဆင်းခံဖြစ်သည်၊ စာတန်၏ညီ ဖြစ်သည်ဟုဆိုသည်။ လီဗရယ်ဓမ္မပညာဝါဒကမူ သူ့အား ဆရာဟူသည်မှတပါး ပြောစရာ လာမျှမရှိဟုဆိုပါသည်။ ထိုအကြောင်းအရာတွင် အဘယ်အရာကမျှ ယေရှုအား လောကကို ဖန်ဆင်းသူ၊ သုံးပါးတစ်ဆူတွင် ဒုတိယပုဂ ၢဳိလ်အဖြစ် ကိုးကွယ်ခြင်းမရှိပါ။ မှားယွင်းသောအယူ ဝါဒတိုင်း၊ မှားယွင်းသော ဘာသာတရားတိုင်းနှင် မှားယွင်းသောခရစ်ယာန်လွဲမှားခြင်းတိုင်းက သူ၏အဖြစ်မှန်ထက် လျော့နည်းသည့် သဘောဖြင့် ယေရှုကို ပုံဆောင်ထားကြသည်။ ကျဆုံး သောလောကထဲတွင် “ဝိညာဉ်” အပေါင်း၌ သန့်ရှင်းသောဝိညာဉ်တော်သည်သာလျှင် ယေရှုအား ရိုသေလေးမြတ်သည်၊ ချီးမြှောက်သည်၊ သူသည် ထိုအရာများနှင့်ထိုက်တန် ကြောင်းကိုဆိုပေသည်။ ထို့ကြောင့် ယေရှုအား ထားဝရကာလပတ်လုံးဘုရားဖြစ်ကြောင်းကို အသိအမှတ်ပြုချီးမြှောက်ခြင်းမရှိသောဝိညာဉ်တော်သည် စစ်မှန်သောဝိညာဉ်တော်မဟုတ်ပေ ဟု တဖန်ငါဆိုဦးမည်။ သန့်ရှင်းသောဝိညာဉ်တော်ကို ခရစ်တော်ထက် သာ၍ချီးမြှောက်သော သူရှိသမျှသည်လည်း မှားယွင်းသောအယူဝါဒဘက်သို့ ကူးပြောင်းသူဖြစ်ပေလိမ့်မည်။ အကြောင်းမှာ သခင်ယေရှုကိုယ်တိုင်က ဤသို့ဆိုထားပါသည်။

“ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ် ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်။” (ယော ၁၆း ၁၄ )

ယေရှုသည် ကျွန်ုပ်တို့အား ခမည်းတော်ထံပါးသို့ပို့ဆောင်ပေးရန်ကြွလာပေ သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ကမူ ကျွန်ုပ်တို့အား ခရစ်တော်ထံပါးသို့ပို့ ဆောင်ပေးရန်ကြွလာတော်မူသည်။ ဝိညာဉ်တော်သည် သင့်အားခရစ်တော်ထံသို့ခေါ် ဖိတ်သူဖြစ်ပြီး ခရစ်တော်သည် သင့်အားခမည်းတော်ထံပါးသို့ခေါ်ဖိတ်သူဖြစ်ပေသည်။ သန့်ရှင်းသောသုံးပါးတစ်ဆူသည် အပြစ်သားတစ်ဦး၏ကယ်တင်ခြင်းအတွက် မရှိမ ဖြစ်လိုအပ်သောသူဖြစ်ပါသည်။ မည်းတော်က သင်အားပြောင်းလဲလာရန်ကြိုတင်ခွဲ ခန့်မှတ်သားထားပြီးသားတော်က သင့်အပြစ်အတွက် လက်ဝါးကပ်တိုင်တွင် ရန်ကို ငြိမ်းစေခဲ့သည်။ ထို့ပြင် သန့်ရှင်းသောဝိညာဉ်တော်က သားတော်အား သင့်ထံထင်ရှား စေတော် မူပြီး အသွေးတော်၌ ဆေးကြောခြင်းအတွက် သင့်အားနီးစေတော်မူသည်။

ကောင်းကြီးမင်္ဂလာစီးဆင်းရာ ဘုရားသခင်ကိုချီးမွမ်းပါ၏ အောက်အရပ်သက်ရှိအားလုံးချီးမွမ်းကြကုန်လော့ အထက်အရပ်ကောင်းကင်ဘဝဂ်ဝယ်ချီးမွမ်းကြကုန် ခမည်းတော်၊သားတော်၊ဝိညာဉ်တော်ကို ချီးမွမ်းကြကုန်လော့။ ( Thomas Ken ၁၆၃၇-၁၇၁၁ ရေးစပ်သည့် “ချီးမွမ်းခြင်း” ) ခမည်းတော်၊သားတော်၊ သန့်ရှင်းတော်ဝိညာဉ်ဘုန်းထင်ရှားပါစေသော် ကမ္ဘာဦးအစကဲ့သို့ပင် ယခုနှင့်ထာဝရကာလပတ်လုံးကွယ် ကမ္ဘာအဆုံးထိတိုင်ဝယ်၊ အာမင်၊အာမင်၊ အာမင်။ (၂ရာစုတွင် ရေးစပ်ထားသည့် “ Gloria Patri” မှဖြစ်သည်။ )

“ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ် ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်။” (ယော ၁၆း ၁၄ )

သုံးပါတစ်ဆူအတူတကွပေါင်းစည်းအလုပ်လုပ်ဆောင်နိူင်ခြင်းမှ အဘယ်မျှလောက်အံ့ ဘွယ်ကောင်ပါတကား။ ခမည်းတော်သည် သားတော်ကို ဘုန်းထင်ရှားစေသည်။ သန့်ရှင်း သောဝိညာဉ်တော်သည် သခင်ယေရှုကို ဘုန်းထင်ရှားစေသည်။ သန့်ရှင်းသောဝိညာဉ်တော် နှင့် ခရစ်တော်နှစ်ဦးစလုံးက ဘုရားသခင်ကို ဘုန်းထင်ရှားစေခဲ့သည်။ ထိုသုံးပါးစလုံးသည် အနှစ်သာရသဘောတွင် တူညီကြပြီး ဂုဏ်ဒြပ်တွင် ပေါင်းစည်းကြကာ ပျောက်ဆုံးသောအ ပြစ်သားအတွက်လိုအပ်သောကယ်တင်ခြင်းကို အတူတကွပေါင်းစည်းကြပေသည်။

ကျွန်ုပ်တို့သည် ယနေ့ညတွင် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို လေ့လာကြရ ပါမည်။ သူသည် တန်ခိုးသက်သက်၊ လွှမ်းမိုးနိူင်ရုံ သက်သက်မဟုတ်ပေ။ သူသည် ဘုရားသ ခင်ပင်ဖြစ်ပါသည်။ သူနှင့်ပါတ်သက်၍ ဝိညာဉ်တော်ဘုရားဟုခေါ်ဝေါ်ကြပေသည်။ သူမရှိဘဲ ကျွန်ုပ်တို့သည် ယေရှုခရစ်ကို မည်သည့်နည်းလမ်းနဲ့မျှသိနိူင်စရာအကြောင်းမရှိပေ။ သန့်ရှင်း သောဝိညာဉ်တော်လုပ်ဆောင်သောအရာကို သင့်အားသိစေလိုပါသည်။ ယေရှုက “ သူ သည် ငါ၏ဘုန်းကိုထင်ရှားစေမည်၊ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင့် အားဖော်ပြလိမ့်မည်” ဟုဆိုခဲ့ပါသည်။ ဤကျမ်းပိုဒ်နှင့်ပါတ်သက်၍ Dr. John R. Rice က သန့်ရှင်းသောဝိညာဉ် တော်က “ သန့်ရှင်းသောဝိညာဉ်တော်သည် ယေရှုအကြောင်းကို ပြောပြပြီး သခင်ယေရှုကို ဖော်ပြရန်ကြွလာခြင်းဖြစ်သည်” ဟုဆိုခဲ့သည်။ ( သားတော်ဘုရား၊ ရှင်ယောဟန်နှင့်ပါတ်သက်၍ အနက်ဖွင့်ကျမ်း၊ Sword of the Lord Publishers, ၁၉၇၆၊ စာ-၃၂၁၊ ယောဟန် ၁၆း ၁၄ )

သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့အား ယေရှုကိုဖော်ပြရန်ကြွလာခြင်းဖြစ်ပေ သည်။ ထိုအကြောင်းအရာမှာ ကျွန်ုပ်တို့တရားဒေသနာ၏အချက်အချာပင်ဖြစ်ရပေမည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို လူတို့အားသိစေရန် သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူအ လုပ်လုပ်သင့်သည်။ ကျွန်ုပ်တို့သည် များစွာသောအရာကို သိရှိခြင်းမရှိဘဲ ကောင်းကင်သို့ သွားနိူင်ပါသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာပရောဖက်ပြုချက်၊ စာတန်၊ သို့မဟုတ် သိပ္ပံ၊ သို့မဟုတ် နိူင်ငံရေးကို သိရှိခြင်းမရှိဘဲ ကယ်တင်ခြင်းရရှိနိူင်ပေသည်။ သို့ရာတွင် ယေရှုအ ကြောင်းကိုသိရှိထားခြင်းမရှိဘဲလျက် ကောင်းကင်သို့ရောက်ရှိမည်မဟုတ်ပေ။ ဂျွန်ဝယ်စလီ က ကနဦးမက်ဒသစ်အသင်းတော် တရားဟောဆရာများအား “အခြားအရာကို ချန်ထားပါ၊ ပျောက်ဆုံးဝိညာဉ်ကိုခေါ်ရန်သင့်ကို ဘုရားသခင်ရွေးကောက်ထားသည်” ဟုဆိုသည်ကို သဘောကျမိသည်။ အာမင်…။ ကျွန်ုပ်တို့ဟောပြောသောတရားစကားသည် သခင်ယေရှုအ ကြောင်းကိုဟောပြောနေမည်ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ဟော ပြောချက်များကို ကောင်းကြီးပေးမူမည်။ သို့သောကြောင့် တမန်တော်ရှင်ပေါလုက “ငါတို့မူ ကား၊ လက်ဝါးကပ်တိုင်မှာအသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟော ပြောကြ၏။……..ဘုရားသခင်၏တန်ခိုးတော်နှင့်ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏တရားဖြစ်၏” ဟုဆိုထားပါသည်။ (၁ကော ၁း ၂၃၊ ၂၄ ) “ဝါကြွားသောသူမည် သည်ကာ ထာဝရဘုရား၌သာဝါကြွားစေ။” ( ၁ကော ၁း ၃၁ )မစ္စတာ Griffith က လှပသော ဂျာမန်တေးသီချင်းဟောင်းတစ်ပုဒ်ကို ဟစ်ကြွေးခဲ့ပါသည်။ သီချင်းနာမည်က “နံနက်ယံက ကောင်းကင်ပြာကို ရွှေရောင်ချသောအခါ” ဖြစ်ပါသည်။

နံနက်ယံကကောင်းကင်ပြာကိုရွှေရောင်ချခါ၊ ကျွန်ုပ်နှလုံးနိူးထလာ၊
ယေရှုခရစ်ချီးမွမ်းခံရစေသား။
အလုပ်လုပ်ရန် သို့တည်းမဟုတ် ဆုတောင်းလျက်ငါပြင်ဆင်ပါ၏၊
ယေရှုခရစ်ချီးမွမ်းခံရစေသား။

အသက်ရှင်စဉ်ထိုသို့ဖြစ်စေ၊ ကျွန်ုပ်ဘုရားပိုင်ဆိုင်စေသား၊
ယေရှုခရစ်ချီးမွမ်းခံရစေသား။
ထာဝရသီချင်းဖြစ်ပါစေ၊ ကာလတိုင်းအစဉ်အမြဲကွယ်၊
ယေရှုခရစ်ချီးမွမ်းခံရစေသား။
(ဂျာမန်ဘာသာမှ Edward Caswell ၁၈၁၄-၁၈၇၈ အနက်ပြန်ပြီး သင်းအုပ် ဆရာမှ ပြုပြင်သော “နံနက်ယံက ကောင်ကင်ပြင်ကိုရွှေချသောခါ ” )

ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်သည် ယေရှုခရစ်ကို သာမန်လူသားတို့အားပြ သတော်မူသည်။ “ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်။” “သင်တို့ အား” ဖော်ပြမည်။ သူသည် သင်တန်းမတက်သောသူ၊ သမ္မာကျမ်းစာကျောင်းမတက်ဖူးသူ များထံသို့လာပါသည်။ ပညာတတ်သောလူများကို ကျွန်ုပ်သိသည်၊ သို့သော် သူတို့သည် ယေရှုကိုယ်တိုင်ကို မသိကြပါ။

အမှန်တကယ်ဆိုရလျှင် ဆင်းရဲချို့တဲ့သောသူများ၊ ပညာမတတ်သောသူများကို သန့် ရှင်းသောဝိညာဉ်တော်က ယေရှုထံပါးသို့ ခေါ်သွင်းပါသည်။ ယေရှုထံသို့ တစ်ဦးပြီးတစ်ဦး ခေါ်သွင်းတော်မူသည်။ နိူးထမှုကြီးတွင် အချိန်တိုအတွင်း ယေရှုထံသို့ လူများစွာ တပြိုင်နက် တည်းခေါ်သွင်းတော်မူသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်းရဲချို့တဲ့သောတံငါ ၁၂ ဦးကိုဆောင်ယူပြီး တစ်ကြိမ်တွင် တစ်ဦးစီဖြင့် ယေရှုအား ဖော်ပြတော်မူခဲ့သည်။ သူတို့သည် တမန်တော်များ ဖြစ်ကြသည်။ သို့ရာတွင် ပင်္တေကုတ္တိနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူပေါင်း ၃၀၀၀ ကို ယေရှုအားဖော်ပြတော်မူခဲ့သည်။ တစ်ဆယ်၊ ဆယ့်ငါးယောက် ကျွန်ုပ်တို့အသင်း တော်သို့ရောက်လာခြင်းသည် ခရစ်တော်ထံပါး ဝိညာဉ်တော်ခေါ်သွင်းခြင်းဖြစ်နိူင်ပြီး သူတို့ထံသို့ ယေရှုအားပြသတော်မူသည်။ သူသည် ခရစ်တော်အကြောင်းကို ဟောပြောခြင်း နှင့် သူတို့အား သင့်ထံပြသခြင်းအားဖြင့် ယေရှု၏ဘုန်းတော်ကို ထင်ရှားစေမည်။ ထို့နောက် သင်သည် ချီးမွမ်းသီချင်းဆိုပေမည်။

အလုပ်လုပ်ရန် သို့တည်းမဟုတ် ဆုတောင်းလျက်ငါပြင်ဆင်ပါ၏၊
ယေရှုခရစ်ချီးမွမ်းခံရစေသား။

သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်အား ကယ်တင်ရှင်အဖြစ်ဖြင့်လည်း ထင် ရှားစေပါသည်။ ၎င်းမှာ ကျွန်ုပ်နားလည်ရခက်ခဲသောပုစ္ဆာဖြစ်ခဲ့ပါသည်။ ကျွန်ုပ်သည် ကယ် တင်ခြင်းနှင့်ဆိုင်သောတရားဟောချက်ကို မကြားဖူးသောကြောင့် မယုံနိူင်ခဲ့ပေ။ သို့ရာတွင် ကျွန်ုပ်စိတ်နှလုံးသည် ဖုံးအုပ်ခံနေရသည်။ ယေရှုကို မာတုရဟုသာ ကျွန်ုပ်ထင်မိခဲ့သည်။ သူ့ကို အသေသတ်သောသူတို့အား အမျက်ထွက်မိသည်။ ဤလူကောင်းကို အဘယ်ကြောင့် သတ်ကြပါသနည်း။ယေရှုက အေဗဟမ်လင်ကွန်း၏ အစောပိုင်းအသက်တာကဲ့သို့ပင်ဖြစ် သည်ဟုထင်မိပါသည်။ ယေရှုသည် ကောင်းမြတ်သောသူဖြစ်သောကြောင့် အသေသတ် ခြင်းခံရသည့် လူကောင်းတစ်ယောက်ပင်ဖြစ်ပါသည်။ အေဗဟမ်လင်ကွန်းကို လုပ်ကြံသတ် ဖြစ်သူက ယေရှုအသေခံရာသောကြာနေ့ သေနတ်ဖြင့်ပစ်၍ သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်၍ ယေရှုကို အေဗဟမ်နှင့်ခပ်ဆင်ဆင်တွေးမိပါသည်။ သူသည် အပြစ်မဲ့ပြီး ကြီးမြတ်သောသူ ဖြစ်ပါသည်။ ကျွန်ုပ်က သူအား “ကယ်တင်ရှင်” ခေါ်နိူင်သော်လည်း ၎င်း၏အဓိပ္ပါယ်ကိုမူ နားမလည်ပေ။ ရှင်ပေါလုက မယုံကြည်သော ယုဒလူမျိုးများအားပြောဆိုသကဲ့သို့ ကျွန်ုပ် စိတ်ထဲမှ ကယ်တင်ရှင်ကို ပုန်းကွယ်စေသည့် “ကုလားကာ” ရှိပေသည်။ ( ၂ကော ၃း ၁၅) ကျွန်ုပ်သည် ကောင်းသောအကျင့်ကိုကျင့်လျက်၊ မိမိကိုယ်ကိုပို၍ပို၍ ဆက်ကပ်ခြင်းအားဖြင့် ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်ရန်ကြိုးစားပါသည်။ “Tonight” ပြပွဲတွင် Jack Paar က Dr. Tom Dooley ကို မိတ်ဆက်သည်အစီအစဉ်ကြည့်ရသည်ကို သတိရမိပါသည်။ သူသည် လာအို နှင့် ဗီယက်နမ် နိုင်ငံတွင် ကစ်သိုလစ်အသင်းတော်ဆေးဘက်ဆိုင်ရာသာသနာပြု ဖြစ်ပါသည်။ သူက ဗီယက်နမ်နိူင်ငံတောင်ကုန်းပေါ်ရှိ ခရစ်ယာန်နှင့် ကွန်မြူနစ်များအ ကြောင်းပါရှိသည် “The Night They Burned the Mountain” အကြောင်းရေးသားခဲ့ သည်။ “ထိုအရာမှာ ကျွန်ုပ်လုပ်ဆောင်လိုသောအရာဖြစ်သည်၊ကျွန်ုပ်သာသနာပြုဖြစ်လို သည်၊ ကျွန်ုပ်သည် ခရစ်တော်၏နောက်သို့ သာသနာပြုအဖြစ်လိုက်လျှောက်ပြီး ခရစ်ယာန် တစ်ယောက်ဖြစ်လာမည်” ဟု တွေးတောခြင်းများကို သတိရမိပါသည်။ ထိုအရာသည် ကျွန်ုပ်စိတ်ထဲမှ မထွက်နိူင်သေးပါ။ ကျွန်ုပ်သည် လူသားလုပ်ငန်းအချို့ကို လုပ်ဆောင်ခြင်း တွင် ခရစ်တော်၏နောက်တော်သို့လိုက်ခြင်းအားဖြင့် ခရစ်ယာန်တစ်ယောက်ဖြစ်လာခဲ့ပါ သည်။ ကျွန်ုပ်သည် ယေရှုနှင့်ပါတ်သက်၍ မျက်စိကန်းသူတစ်ယောက်မျှသာဖြစ်ပါသည်။ ကျွန်ုပ်က ခရစ်တော်၏ခြေတော်ရာသို့လိုက်လျက် ကယ်တင်ခြင်းရရှိမည်ဟုထင်မိပါသည်။ တမန်တော်ရှင်ပေါလုက ဤသို့မိန့်ဆိုသောအခါတွင် ကျွန်ုပ်ကို အတိအကျ ဖော်ပြတော်မူခဲ့ ပါသည်။

“ငါတို့ဟောပြောသောဧဝံဂေလိတရားသည်ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံ ခြင်းရောက်သောသူတို့အားသာဖုံးအုပ်လျက်ရှိကြသည်။” (၂ကော ၄း၃ )

ယခုအခါ အဘယ်မျှလောက် ကျွန်ုပ်မျက်စိကန်းခဲ့ရသည်ကို အံ့ဩမိပေသည်။ သို့ သော် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်ထံမှ ကုလားကာကိုဆွဲဖြုတ်ပြီး သူ၏ အလင်း ကိုလင်စေတော်မူသည်။ ထို့နောက် ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ်မြင်လာခဲ့ပါသည်။ သို့မှသာ ဧဝံဂေလိတရားသည် ကျွန်ုပ်အသက်တာ၌ အဓိပ္ပါယ်ရှိလာသည်။

“ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ် ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်။” (ယော ၁၆း ၁၄ )

နောက်ဆုံးတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ယေရှု၏မေတ္တာနှင့် သနားခြင်းကို ပြသတော်မူခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ကသာလျှင် သူ့မေတ္တာကို ကျွန်ုပ်ထံဖော်ပြတော်မမူလျှင် အပြစ်သားဖြစ်သော အကျွန်ုပ်သည် ခရစ်တော်၏ မေတ္တာနှင့် သနားခြင်းကို တွေးတောမိရန်ပင်မဖြစ်နိူင်ပေ။ ၎င်းသည် အသွေးတော်၏အရေးကြီးခြင်းနှင့် ပါတ်သက်၍ ပထမဆုံးတွေ့ရှိသောအတွေ့အကြုံပင်ဖြစ်ပါသည်။ တချိန်က လင်ကွန်း၊ Dr. King၊ မာတုရ သာသနာပြုခဲ့သို့သော မာတုရ၏အသွေးတော်ကဲ့သို့သာဖြစ်ခဲ့သည်။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်က အလင်းပေးလာသောအခါ ကျွန်ုပ်၏အနက်ရှိုင်းဆုံး နှလုံးသားတွင် သိရှိလာခဲ့ရပါသည်။

“လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်ပေသည်။” ( ဝတ် ၁၇း ၁၁)

“ဤခွက်ကားပဋိညာဉ်တရားသစ်နှင့်းဆိုင်၍ လူများတို့၏အပြစ်ကိုလွတ် စေခြင်းငှါ သွန်းသော ငါ၏အသွေးဖြစ်၏။” ( မဿဲ ၂၆း ၂၈ )

ကျွန်ုပ်ပြောင်းလဲလာသောအချိန်တွင် ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော အသွေးတော်ကို ကျွန်ုပ်မြင်တွေ့ရလေသည်။ ထိုအသွေးတော်၌ ကျွန်ုပ်နစ်မြှုပ်ပြီ။ နေ့ရက်တိုင်းသည် “ကောင်းသောသောကြာနေ့” ကဲ့သို့ပင်ဖြစ်သည်။ အ ကြောင်းမှာ ကျွန်ုပ် သည် အသက်ရှင်လျှောက်လှမ်းပြီး ခရစ်တော်၏အသွေးတော်အကြောင်းကို သီဆိုကျူးဧ သည်။ ကျွန်ုပ်သည် လည်ချောင်းနာကျင်သည့်တိုင်အောင် ဤဧဝံဂေလိတေးသီချင်းဟောင်း ကိုကြွေးကြော်သည်။

ကျွန်ုပ်၏ကယ်တင်ရှင်အသေခံရာကားတိုင်
အပြစ်မှဆေးကြောခြင်းခံရာကားတိုင်
အသွေးတော်မြတ်ကျွန်ုပ်နှလုံးလွှမ်းခြုံ
ယုံပါအသက်ရှင်မည်၊ယုံပါအသက်ရှင်မည်၊ယုံပါအသက်ရှင်မည်

အသွေးတော်မြတ်ကျွန်ုပ်နှလုံးလွှမ်းခြုံ၊ ယုံပါအသက်ရှင်မည်။
အပြစ်မှကယ်ချွှတ်ကာမြတ်သောစမ်းရေး
ထိုအသက်တာ၌ ဝင်စားခွင့်ရလျက်ဝမ်းမြောက်
ယေရှုကျွန်ုပ်ကိုကယ်တင်ဆေးကြောပြီ
ယုံပါအသက်ရှင်မည်၊ယုံပါအသက်ရှင်မည်၊ယုံပါအသက်ရှင်မည်
   အသွေးတော်မြတ်ကျွန်ုပ်နှလုံးလွှမ်းခြုံ၊ ယုံပါအသက်ရှင်မည်။
      (Elisha A. Hoffman ၁၈၃၉-၁၉၂၉ ရေးစပ်သည့် “ ယုံပါအသက်ရှင်မည်” )

“ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ် ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်။” (ယော ၁၆း ၁၄ )

ကယ်တင်ရှင်၏အသွေးတော်ကို အကျွန်ုပ်အားပြတော်မူရန် ဆုတောင်းပါ၏။ သင်သည် ထိုအသွေးတော်ကို မြင်တွေ့ခွင့်ရသောအခါ ထိုအကြောင်းနှင့်ပါတ်သက်သည့်တွေးတောမှု များသည် ရပ်တန့်နိူင်တော့မည်မဟုတ်။ ထိုအကြောင်းအရာကို သန့်ရှင်းသောဝိညာဉ်တော် က သင့်အားထင်ရှားပြသသောအခါတွင် ကျူးဧသီချင်းကို ရပ်တန့်နိူင်တော့မည်မဟုတ်ပါ။ ဟာလေလုယာ…။ သင်သည် ခရစ်တော်ကို အားကိုးယုံကြည်သည်နှင့်တပြိုင်တည်း သီချင်း ကျူးဧနိူင်လာမည်။

တန်ခိုးတော်၊ တန်ခိုးတော်၊ အံ့ဘွယ်တန်ခိုးတော်
သိုးသူငယ်၏အသွေးတော်၌
တန်ခိုးတော်၊ တန်ခိုးတော်၊ အံ့ဘွယ်တန်ခိုးတော်
သိုးသူငယ်၏မြတ်လှအသွေးတော်၌
   ( Lewis E. Jones ၁၈၆၅-၁၉၃၆ ရေးစပ်သည့် “အသွေးတော်၌တန်ခိုးရှိ”

ဤအမှုအရာအားလုံးကပြောဆိုသော ယေရှုခရစ်၏ အသွေးတော်အကြောင်းသည် မပြောင်းလဲသေးသောသူများအချို့ စိမ်းပြီးကြမ်းတမ်းနေပေမည်။ သို့သော် သန့်ရှင်းသော ဝညာဉ်တော်က သင့်အား ခရစ်တော်ထံပါးသို့ သာ၍နီးစေသောအခါတွင် သင်၏အပြစ်များ သည် အသွေးတော်အားဖြင့်ဆေးကြောခြင်းခံရပေမည်။ သင်သည် သူ၏အသွေးတော်အ ကြောင်းကြွေးကြော်ပြီး သင့်ဘ၀၏အချိန်များတွင် အသွေးတော်အကြောင်းကို ပြောဆိုပေ မည်။

ဤတရားဒေသနာတွင် များစွာပြောဆိုရန်ရည်ရွယ်သော်လည်း အဆုံးသတ်သင့်ပြီဟု ကျွန်ုပ်ထင်မိပါသည်။ ကျွန်ုပ်တို့က ဘုရားသခင်သည် နိူးထမှုတွင် သန့်ရှင်းသောဝိညာဉ် တော်လေလှိုင်းကိုစေလွှတ်ပေးရန် အစာရှောင်ဆုတောင်းခဲ့ကြသည်။ သို့ဖြင့် နိူးထမှုဆိုသည် မှာ အဘယ်နည်း။ Dr. Martyn Lloyd-Jones က ကောင်းသောအဖြေကိုပေးနိူင်မည်ဟု ကျွန်ုပ်ထင်မိပါသည်။ သူက “အခြားအရာထက်နိူးထမှုသည် ဘုရားသခင်၏သားတော်ယေရှု ခရစ်၏ဘုန်းထင်ရှားခြင်းပင်ဖြစ်ပေသည်။ ဤသည်မှာ အသက်တော်၏ဘဝအသက်တာအ ချုပ်အတွက် သူ၏ပြန်လည်သင့်မြတ်စေခြင်းဖြစ်သည်။ ” (နိူးထမှု၊ ကားတိုင်လမ်းစာအုပ်များ၊ ၁၉၈၇၊ စာ-၄၇ )

သူက မှန်ကန်သောအရာကိုပြောဆိုခြင်းဖြစ်သည်ဟု ကျွန်ုပ်ထင်မိပါသည်။ “နိူးထမှု ဟူသည်မှာ ဘုရားသခင်၏သားတော်သခင်ယေရှုခရစ်၏ဘုန်းထင်ရှားစေခြင်းဖြစ်သည်။” ကျွန်ုပ်တို့အသုံးပြုသောကျမ်းပိုဒ်က ထပ်တူပင်ဆိုပေသည်။

“ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ် ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်။” (ယော ၁၆း ၁၄ )

ဆွေးနွေးပြောဆိုချက်အရ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အကြင်သူအား ခရစ် တော်အားမြင်တွေ့ခွင့်ရရှိစေပြီး ဘုန်းတော်ထင်ရှားစေသည်။ ခရစ်တော်အကြောင်းနှင့်ပါတ် သက်ပြီးချီးမွမ်းသီချင်းဆိုပေသည်။ နိူးထမှုတွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ခရစ်တော်ကိုမြင်တွေ့စေပြီး ဘုန်းထင်ရှားစေသည်။ ခရစ်တော်အကြောင်းနှင့်ပါတ်သက်ပြီး ချီးမွမ်းသီချင်းဆိုစေသည်၊ သူတို့အထဲ၌ ကျိန်းဝပ်တော်မူသည်။ ခရစ်တော်သည် လက်ဝါး ကပ်တိုင်၌ မိမိအသက်တာကိုပူဇော်ပြီး အပြစ်များကို ခွင့်လွှတ်ဆေးကြောရန် အသွေးသွန်း လောင်းခဲ့လေသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က ခရစ်တော်၏အသွေးတော်နှင့်ပါတ်သက၍ သီကုံးရန်ခက်ခဲသော ဓမ္မသီချင်း သို့မဟုတ် ဧဝံဂေလိသီချင်းရှိပေသည်။ အဘယ်ကြောင့် နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် နိူးထမှုမတွေ့မြင်ရဘဲ မှောင်မိုက်ထဲတွင် နှစ်ပေါင်းများ စွာဖြတ်သန်းခဲ့ကြရပေသည်။ ယခုတွင် တရားဟောဆရာများက နိူးထမှုသည် သန့်ရှင်းသော ဝိညာဉ်တော်ပေါ်တွင် တည်နေသည်ဟုထင်မှတ်ကြဟန်ရှိပေသည်။ သို့ရာတွင် ၎င်းအတွေး အခေါ်သည်မှားယွင်းပေသည်။ ထိုအကြောင်းအရာမှားယွင်းကြောင်းကို ကျွန်ုပ်တို့အသုံးပြု သောကျမ်းပိုဒ်ကဆိုသည်။

“ထိုသူသည် ငါ၏ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ် ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်။” (ယော ၁၆း ၁၄ )

ယေရှုခရစ်အကြောင်းနှင့်ပါတ်သက်၍ဟောပြောရန်အများကြီးလိုအပ်ပါသည်။ ခရစ်တော်ကိုယ်တိုင်အကြောင်းစဉ်းစားရန်အများကြီးလိုအပ်ပေသည်။ ကယ်တင်ခြင်းမရ သေးသောလူများအား ခရစ်တော်ထံခေါ်ဆောင်ပြီးမျက်နှာချင်းဆိုင်တွေ့စေရန်လိုအပ်သည်။ အကြောင်းမှာ သူသည် သင်၏အပြစ်များကို ခွင့်လွှတ်ပြီး ဤဘ၀၌ကြုံတွေ့ရသောဘဝဒုက္ခ များနှင့် တမလွန်ဘဝငရဲမှလည်း ကယ်တင်နိူင်သောသူဖြစ်ပါသည်။ ကျွန်ုပ်တို့အသင်းတော်၌ Dr. John R. Rice ရေးသားသည့်သီချင်းမျိုးအများကြီးလိုအပ်ပေသည်။

ကျွန်ုပ်၌မေတ္တာပုံဝထ္ထုရှိသည်
အပြစ်သားများ အပြစ်လွတ်ရာနည်းတွေ
ယေရှုဒုက္ခခံတော်မူ၍၊ လွတ်မြောက်ခြင်းအခွင့်ကိုပေး
လက်ဝါးကပ်တိုင်ထက်၌ ရန်ငြိမ်းခြင်းကိုအမှုကိုပြု
ဂရုဏာစမ်းရေများယိုထွက်စီးဆင်း
လူသားတို့ကယ်တင်ရှင်ပေးဆက်အသေခံရာကားတိုင်
ကျွန်ုပ်တို့ကိုရွေးနှုတ်ရန်အသွေးလှမြတ်သူသွန်းလောင်း
ကျေးဇူးတော်နှင့်အပြစ်လွှတ်ခြင်း ကျွန်ုပ်တို့လွန်ကျူးအပြစ်ကြောင့်သာ
   (Dr. John R. Rice ၁၈၉၅-၁၉၈၀ ရေးစပ်သည့် “အံ့ဘွယ်စမ်းရေတွင်း” )

ထပ်ဆိုကို ကျွန်ုပ်နှင့်အတူ သီဆိုပါ။

ကရုဏာစမ်းရေများယိုထွက်စီးဆင်း
လူသားတို့ကယ်တင်ရှင်ပေးဆက်အသေခံရာကားတိုင်
ကျွန်ုပ်တို့ကိုရွေးနှုတ်ရန်အသွေးလှမြတ်သူသွန်းလောင်း
ကျေးဇူးတော်နှင့်အပြစ်လွှတ်ခြင်း ကျွန်ုပ်တို့လွန်ကျူးအပြစ်ကြောင့်သာ

သင်သည် ခရစ်တော်၏မေတ္တာကို လွမ်းဆွတ်တမ်းတလျှင် အဘယ်အရာကမျှ သင့် ကိုကူညီနိူင်မည်မဟုတ်။ သင်သည် ခရစ်တော်၏ကားတိုင်ကို လွမ်းဆွတ်သတိရလျှင် အခြား မည်သည့်အရာကမျှ နှစ်သိမ့်ပေးလိမ့်မည်မဟုတ်။ သင်သည် ခရစ်တော်၏အသွေးတော်ကို လွမ်းဆွတ်သတိရသည်ဆိုလျှင် အဘယ်အရာကမျှ သင့်ကိုကယ်တင်မည်မဟုတ်။ ခရစ်တော်ထံသို့သာလာပါ။ သူ့ကိုအားကိုးပါ။ သင့်ကို ကူညီမစနိူင်မည့်သူမရှိပါ။ “သခင်ယေရှုခရစ်ကိုယုံကြည်ပါ။ သို့ပြုလျှင် ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။” (တမန်တော် ၁၆း ၃၁ ) Dr. Chan ကျေးဇူးပြု၍ ရှေ့သို့လာပြီး ဆုတောင်းဦးဆောင်ပေးပါ။ အာမင်…….။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ယောဟန် ၁၆း၇-၁၄
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။ “သွေးတော်နှင့်ပြည့်သောစမ်း” (William Cowper ၁၇၃၁-၁၈၀၀ ကရေးစပ်သည်။ )