Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဤတန်ခိုးကိုအကျွန်ုပ်အားပေးတော်မူပါ

(နိူးထမှုနှင့်ပါတ်သက်၍ တရားဒေသနာ-၂)
GIVE ME THIS POWER
(SERMON NUMBER 2 ON REVIVAL)
(Burmese)

၂၀၁၄ ခုနှစ်၊ ဇွန်လ ( ၂ရ ) ရက်၊ သခင်ဘုရား၏နေ့ရက်ညနေပိုင်းတွင် လောဒ့်အိမ်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင်ဟောကြားခဲ့သော Dr. R. L. Hymers, Jr. ၏
တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 27, 2014

“သန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်းအကျွန်ုပ်အားအခွင့်ပေးပါ။” (တမန် ၈း ၁၉ )


ဤစကားလုံးများသည် ရှမာရိနယ်တွင် နိူးထမှုကြီးတစ်ခုဖြစ်ပေါ်သောအချိန်တွင် ပြောဆိုသောစကား ပြောဆိုသောစကားဖြစ်သည်။ သို့ရာတွင် ထိုနိူးထမှုနှင့်ပါတ်သက်ပြီး ကျွန်ုပ်အနေဖြင့် မှတ်ချက်ပေးမည်မဟုတ် ပါ။ ၎င်းသည် ကျွန်ုပ်တို့ရွေးချယ်ထားသောကျမ်းပိုဒ်က ကျွန်ုပ်တို့အားတင်ပြလိုသော အကြောင်းအရာထဲမှ ကျွန်ုပ်တို့ကို လွင့်ပါးစေလိမ့်မည်။ ဤတရားဒေသနာအနေဖြင့် ဖိလိပ္ပုသည် ရှမာရိမြို့သို့သွားပြီး ခရစ်တော်အ ကြောင်းဟောကြားသည်ဖြစ်၍ အံ့ဘွယ်နိူးထမှုဖြစ်လာသည် ဟုဆိုရုံသာဖြစ်သည်။ ထိုမြို့တွင်ရှိသောလူအားလုံး နီးပါးပြောင်းလဲကြသည်။

သို့ရာတွင် နတ်ဝိဇ္ဇာသမားတစ်ယောက်သည်မပြောင်းလဲပါ။ ပေတရုသည် နိုးထမှုတွင် ဖိလိပ္ပုကို အကူ အညီပေးရန်သွားသောအခါ ရှိမုန်သည် သူ့ထံသို့လာခဲ့သည်။ ထို့နောက် ရှိမုန်က ဤသို့ဆိုထားသည်။

“သန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်းအကျွန်ုပ်အားအခွင့်ပေးပါ။” (တမန် ၈း ၁၉ )

သူသည် ထိုတန်ခိုးကိုရှိရန်အတွက် ပေတရုအားငွေပေးခဲ့သည်။ ထိုအခါ ပေတရုက “သင်သည် ခါးစွာသော သည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင်အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင်သည်” ( တမန် ၈း ၂၃ ) ဟုဆိုထား သည်။ Charles Simeon (၁၇၅၉-၁၈၃၆ ) က ဤသို့ဆိုထားသည်။

ရှိမုန်သည် သူ၏ယုံကြည်ခြင်းတရားကိုဖော်ပြရာတွင် ရိုးသားစွာရောက်လာခဲ့သည်။ ထို့ကြောင့် ဖိလိပ္ပုက သူ့ကို နှစ်ခြင်းပေးတော်မူခဲ့သည်။ ၎င်းခြေအနေကြောင့် စစ်မှန် သောခရစ်ယာန်များက သူ့ကို ညီအစ်ကိုဟုခေါ်ဝေါ်ကြသည်။ ဖိလိပ္ပုက သူ့နှလုံးသား ၏ဆိုးသွင်းမှုကို သိရှိသည်နှင့်ချက်ချင်း မပြောင်းလဲသေးသည့်အခြေအနေတွင်ရှိနေ သေးကြောင်းသိမှတ်သည်။ ထို့ကြောင့် ပေတရုက သူ၏စကားအားဖြင့် “သင်သည် ခါးစွာသော သည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင်အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင်သည်” ( တမန် ၈း ၂၃ )ဟုပြောဆိုထားသည်။ သူသည် အပြစ်ရဲကျေးကျွန်၊ အပြစ်စီရင်ခြင်းခံအခြေအနေတွင် တည်ရှိနေသည်။ ( Charles Simeon, Expository Outlines on the Whole Bible, Zondervan Publishing House, ၁၉၅၅ ၊ အတွဲ ၁၄ ၊ စာ- ၃၃၉-၃၄၀ )

ပေတရုက ရှိမုန်အား “မကောင်းသောအမှုမှ နောင်တရရန်” ပြောဆိုခဲ့သည်။ သို့ရာတွင် ရှိမုန်သည် နောင်တရခြင်းမရှိပေ။ သူ၏နဂိုပုံစံအတိုင်းတာရှိနေသည်။ သူက ပေတရုအား ဤသို့ဆိုသည်။

“မိန့်တော်မူသောအရာတစ်စုံတစ်ခုမျှ အကျွန်ုပ်အပေါ်သို့ မရောက်ပါမည်အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဖို့အလို့ငှါ ဆုတောင်းတော်မူကြပါ။” (တမန် ၈း ၂၄ )

Dr. McGee က ဤသို့ဆိုထားသည်။

ရှိမုန်က ကယ်တင်ခြင်းရရှိရန်မတောင်းဆိုခဲ့ပါ။ ၎င်း၏ကယ်တင်ခြင်းအတွက် ဆု တောင်းပေးရန် မတောင်းဆိုပါ။ သူအသက်တာတွင် ထိုကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုမျှ မဖြစ်ပွါးလာစေရန်သာ တောင်းဆိုထားသည်။ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, ၁၉၈၃၊ အတွဲ ၆၊ စာ-၅၄၅၊ တမန်တော် ၈း ၂၄ နှင့်ပါတ်သက်သည့် မှတ်စု )

Dr. McGee က “သူသည် မပြောင်းလဲပါ” ဟုဆိုထားသည်။ (တမန် ၈း ၂၁ မှတ်စု )အသင်းတော်ဖခင်များ၏ရေး သားချက်များက သူသည်လုံးဝကယ်တင်ခြင်းမရပါဟုဆိုသည်မှာ ဝမ်းနည်းစရာပင်ဖြစ်သည်။ သူတို့၏အဆိုအရ သူသည် မကောင်းသောအမှုအရာကိုဦးဆောင်သူနှင့် “အသင်းတော်၏အကြီးမားဆုံးရန်သူဖြစ်ပေသည်။” (The Reformation Study Bible, Ligonier Ministries, ၂၀၀၅၊ စာ ၁၅၇၂၊ တမန် ၈း ၉ မှတ်စုတို ) သူသည် တန်ခိုးကိုဆက်လက်၍ယုံကြည်မှုရှိသော်လည်း ခရစ်တော်ကိုမူ ယုံကြည်လက်ခံခြင်းမရှိပါ။ သူက ဤသို့ဆို သည်။

“သန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်းအကျွန်ုပ်အားအခွင့်ပေးပါ။” (တမန် ၈း ၁၉ )

ဤအကြောင်းအရာသည် ယနေ့ခေတ်ကျွန်ုပ်တို့အသက်တာတွင် မည်သို့အသုံးချမည်နည်း။

၁။ ပထမအချက်-ကျွန်ုပ်တို့ခေတ်ကာလတွင် အများလက်ခံသောယုံကြည်ခြင်း၏ထူး ခြားသောအရာ သို့မဟုတ် ဝိသေသလက္ခဏာမှာ Pelagian နှင့် Gnostic တို့ သာဖြစ်ကြသည်။

ကျွန်ုပ်သည် “ထူးခြားသောလက္ခာ”အားဖြင့် လူတစ်ယောက်ကယ်တင်ခြင်းရရှိနိူင်သည့်အကြောင်း အောင်မြင်သည့်ယူဆချက်ကိုဆိုလိုပေသည်။ Dr. Michael Horton က သူ၏ ခရစ်တော်မရှိသည့် ခရစ်ယာန်ဘာသာစာအုပ်ထဲတွင် အမေရိကန်နိူင်ငံသားအများစုက “ဖေကင်းသည် မိမိကိုယ်ကို ကယ်တင်ခြင်း ကိုအလေးထားပြီး နိူးစတိတ်သည် အတွင်းပိုင်းအတွေ့အကြုံနှင့်အလင်းပေးခြင်းကိုအလေးထားသည်” ပေါင်းစည်းကြသည်ဟု ဆိုထားသည်။ ( Baker Books၊ ၂၀၀၈၊ စာ- ၂၅၁ ) ဆိုလိုသည်မှာ ယနေ့ခေတ်လူတို့ သည် ကယ်တင်ခြင်းရရှိရန်လုပ်ဆောင်နိူင်သောအရာကို စဉ်းစားဆင်ခြင်ကြသည်ဟုဆိုလိုပေသည်။(ပေကင်ဝါ ဒ) သူတို့လိုအပ်သောအရာအားလုံးမှာ သူတို့ပြောသော သို့မဟုတ် တွေးတောသောအရာ၏ “လျှို့ဝှက်ချက်” ကို သင်ယူရန်ဖြစ်သည်။ (နိူးတီဝါဒ )

ကျွန်ုပ်တို့သည် မိမိတို့အသင်းတော်များတွင် ထိုမကောင်းသောအရာများနှင့်အမြဲတစေတိုက်ခိုက်နေရ ကြောင်းတွေ့ရှိရသည်။ လောကမှလာသောလူများမှအစ အသင်းတော်တွင် မွေးဖွားကြီးပြင်းလာသောသူများ သည် သူတို့၏စိတ်နှလုံးထဲတွင် ပေကင်းဝါဒနှင် နိူးတီဝါဒ တို့ရှိနေကြသည်။

လမ်းပေါ်သို့ထွက်သွားပြီး လူ ၁၀ ယောက်သို့မဟုတ် ၁၅ ယောက်ကိုမေးကြည့်ပါ။ ထိုယူဆချက်မှန် ကန်ကြောင်းကို တွေ့ရှိရပေမည်။ သူတို့သည် အပြစ်သားဟုတ်မဟုတ်ကိုမေးမြန်းကြည့်ပါ။ လူတိုင်းက သူတို့ကို ကယ်တင်မည့်အရာတစ်စုံတစ်ခုကိုလုပ်ဆောင်နိူင်ကြောင်း သို့မဟုတ် ရပ်တန်နိူင်ကြောင်း ပြောဆိုပေမည်။ “ကျွန်ုပ်လုပ်နိူင်သောအရာကို အကောင်းဆုံးလုပ်ဆောင်သည်” ဟုဆိုကြပေမည်။ “တခြားလူတွေထက်မဆိုးပါ ဘူး” ဟုလည်းဆိုကြပေမည်။ ၎င်းကို အမြဲတမ်းကြားနေရပေမည်။ သူတို့မသိသော်လည်း သူတို့ယုံကြည်သော အရာအတွက် အမည်နာမရှိရမည်။ သူတို့စဉ်းစာမိသည်မှာ လူတစ်ယောက်သည် ၎င်းကို ကယ်တင်မည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်နိူင်သည်၊ သို့မဟုတ် ရပ်တန်နိူင်သည် ဟူ၍ဖြစ်သည်။ ထိုအချက်မှာ သမ္မာကျမ်းစာ နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပေသည်။ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်။

“ဒုစရိုက်အပြစ်၌ သေလျက်ရှိကြ၏။” (ဧဖက် ၂း ၅ )

“ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အ လျင်းမသိသောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက် ရှိကြ၏။” (ဧဖက် ၄း ၁၈ )

ဤကျမ်းပိုဒ်၏ဖော်ပြချက်အရ လူသည် လုံးဝပျက်စီးသွားသည်၊ အပြစ်၏ကျေးကျွန်ဖြစ်ပြီး အပြစ်၏ကျေးကျွန် ဘဝမှလွတ်မြောက်ရန်အတွက် မိမိကိုယ်ကို ကယ်တင်ရန်မည်သည့်အရာမျှလုပ်ဆောင်နိူင်ခြင်းမရှိကြောင်း၊ အပြစ်တွင် သေလျက်ရှိကြောင်း၊ ထို့ကြောင့် ငရဲသို့သွားရန်ချုပ်နှောင်ခံရကြောင်းကို ဖော်ပြထားသည်။ ထိုအကြောင်းအရာကို ယုံကြည်လက်ခံသည် အသင်းတော်အပြင်ဘက်ရှိလူကို သင့်ဘဝအသက်တာတွင် တွေ့ကြုံဖူးပါသလား။ တစ်ဦးတစ်ယောက်မျှမတွေ့ဖူးပါ။ ကျွန်ုပ်တို့လူ့အတိုင်းအဝိုင်းတွင် အပြစ်ထဲတွင် ချုပ်နှောင် ခံရသည်ဟူသည်မှာ အဘယ်သူမျှမယုံကြည်ကြပါ။ ထိုအကြောင်းကု အသင်းတော်ကပင်ဟောပြောခြင်းမရှိပါ။ ယင်းမှာ အသင်းတော်တွင် ကြီးပြင်းလာသောသူများအပါအဝင် လူတိုင်းပျောက်ဆုံးရသည့် အကြောင်းတရား ဖြစ်ပေသည်။ သူတို့သည် ဖေကင်ဝါဒကိုင်ဆောင်သူများဖြစ်ကြသည်။ သူတို့သည် မိမိတို့၏ကယ်တင်ခြင်းအ တွက်ရုန်းကန်လှုပ်ရှားနေလျက် မျှော်လင့်ခြင်းမရှိကြောင်းကို သိရှိသောစိတ်သဘောများမရှိကြပေ။

ဒုတိယအချက်အနေဖြင့် သူတို့သည် နိူးစတိတ်ဝါဒသမားများဖြစ်ကြသည်။ ဆိုလိုသည်မှာ သူတို့သည် အလင်းပေးနိူင်မည့်းအရာတစ်စုံတစ်ခုကိုလုပ်ဆောင်နိူင်ကြောင်း၊ ထိုအရာကို အသုံးပြုပြီး ကယ်တင်ခြင်းသို့ ရောက်ရှိနိူင်ကြောင်းကိုအယူအဆဖြစ်သည်။ ထိုအရာကို အချိန်တိုင်းတွေ့ရှိရပေသည်။ ကယ်တင်နိူင်သောသူ အဖြစ်ယေရှုကိုအရယူရန်လျှို့ဝှက်ချက်ကိုလေ့လာသင်ယူရန် အသင်းတော်သို့လနှင့်ချီ၍သော်လည်းကောင်း၊ နှစ်နှင့်ချီ၍သော်လည်းကောင်း လာရောက်ပါဝင်သောလူများရှိသည်။ ထိုအရာကို အကြောင်းပြု၍ Dr. Horton က “နိူးစတိတ်သည် အတွင်ပိုင်း အတွေ့အကြုံနှင့် အလင်းပေးခြင်းကို အဓိကထားသည်” ဟုဆိုထားသည်။ ထိုအကြောင်းကို သူတို့အားထပ်ခါတလဲလဲပြောပြထားသည်။

“အစဉ်သင်သော်လည်း ၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိူင်။” ( ၂တိ ၃း ၇ )

သို့သော် သူတို့သည် ကျွန်ုပ်ကို ယုံကြည်လက်ခံခြင်းမရှိပေ။ သူတို့က ခရစ်ယာန်တစ်ယောက်ဖြစ်လာရန်အ တွက်သင်ယူရမည့် “လျှို့ဝှက်သည့်” ကိုးစတိတ်ပုံစံရှိသည်ဟူသော တွေးတောမှုရှိနေသေးသည်။ လူတို့သည် ကယ်တင်ခြင်းရရှိစေရန်အတွက် အသုံးပြုသော လျှို့ဝှက်ပုံစံကို ပါးပြင်ထက်စီးကျသောမျက်ရည်စက်များဖြင့် ကြိုးစားသင်ယူလေ့လာသောလူများကို ကျွန်ုပ်တွေ့ဖူးပေသည်။ မကြာသေးမီကလည်း လူငယ်နှစ်ယောက်သည် ၎င်းတွင် ပါဝင်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးက “ကျွန်ုပ်ဘာတစ်ခုမျှမလုပ်ဆောင်ပါ၊ ထို့ကြောင့် ကျွန်ုပ်ကယ်တင် ခြင်းရရှိကြောင်းသိသည်” ဟုဆိုကြသည်။ ကျွန်ုပ်သည် သူတို့အား မေးခွန်းအနည်းငယ်မေးသော်လည်း သူတို့သည်ဘာတစ်ခုမျှ ဖြေဆိုခြင်းမရှိပါ။ သူတို့က ၎င်းသည် ကယ်တင်ခြင်းအတွက် ကော်စတိတ်လျှို့ဝှက်ချက် ဟုထင်ကြသည်။ ကျွန်ုပ်က သူတို့အား ထိုအရာသည် ပြုပြင်ပြောင်းလဲသော အယူဝါဒမဟုတ်ကြောင်း၊ သမ္မာ ကျမ်းစာအယူဝါဒမဟုတ်ကြောင်း ပြောခဲ့သည်။ ထိုအရာသည် ၁၈ ရာစုတွင် ဝယ်စလီနှင့် ဝှိုက်ဖီးလ်တို့က ဆန့် ကျင်ပြီးတရားဟောကြသည့် မကောင်းသောအယူဝါဒဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ သူတို့အား လုပ်ဆောင်ရမည့်အရာရှိကြောင်းပြောခဲ့သည်။ သူတို့သည် ခရစ်တော်ကို အမှန်တကယ်ယုံကြည်လက်ခံရမည်။ ထိုအကြောင်းအရာကို သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

“သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (တမန် ၁၆း ၃၁ )

“သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီ ရင်ခြင်းကိုခံရ၏။” (ယောဟန် ၃း ၁၈ )

သူတို့သည် တစ်နေ့တွင် နိူ့စတိတ်၏ “လျှို့ဝှက်ချက်” ကို တစ်နေ့တွင် သင်ယူနိူင်သေးသည်ဟု တွေးတော လျက် ရှုပ်ထွေးသောမျက်နှာဖြင့် ထွက်သွားခဲ့ကြသည်။ ကျွန်ုပ်နှလုံးသားကို ကြေကွဲစေသောအရာပါတကား။ သူယေရှုက သူတို့ကို ချစ်ပေသည်။ ကျွန်ုပ်တို့အားလုံးလုပ်ဆောင်ရမည့်အရာမှာ ထိုယေရှုကို ယုံကြည်လက်ခံ ရန်ဖြစ်သည်။ သို့ရာတွင် သူတို့သည် လျှို့ဝှက်ပုံစံကိုသာ ဆက်လက်ရှာဖွေရန်ဆုံးဖြတ်ကြသည်။ သူတို့က ယေရှုကို ရှိမုန် ပြောခဲ့သည့် “သန့်ရှင်းသောဝိညာဉ်တော်ကို ခံစေမည်အကြောင်း အကျွန်ုပ်အားအခွင့်ပေးပါ။”

တမန် ၈း ၁၉ )ကဲသို့ပင် တွန်းအား သို့မဟုတ် တန်ခိုး ဟုသာထင်ကြသည်။ ရှိမုန် နိူးစတိတ်တစ်ခုအဖြစ် ဆလက်ရပ်တည်သည်။ ပြုပြင်သောသမ္မာကျမ်းစာ အဘိဓာန်က ဤသို့ဆိုသည်။

နိူးစ်တီစိမ်ဝါဒ ( ဂရိစကားလုံး နိူး(စ်)မှဆင်းသက်လာပြီး “အသိပညာ” ဟုဆိုလိုသည်) က လူတစ်ယောက်သည် ကယ်တင်ခြင်းကို အပြစ်သားတို့အတွက် ခရစ်တော်၏အ သေခံခြင်းအားဖြင့်မဟုတ်ဘဲ ထူးခြားသောအသိပညာအားဖြင့်ဖြစ်သည် ဟု သွန်သင် သည်။ (The Reformation Study Bible)

လူတစ်ယောက်သည် သူတို့ဦးနှောက်ထဲတွင် ဤယူဆချက်များကို ရရှိသောအခါ ထိုအရာများကို ရရှိရန်မှာ မဖြစ်နိူင်သောအရာဖြစ်ပေသည်။ သူတို့သည် ချစ်ဖွယ်ကောင်းသောကယ်တင်ရှင်ထက် ခရစ်တော်ကို တရားသူကြီးအဖြစ်တွေးတောသည့် ဟစ်စိဖင်နစ်ကစ်သလစ်ကဲ့သို့ဖြစ်ကြသည်။ ခရစ်တော်သည် တရားသူကြီး တစ်ယောက်မဟုတ်ဘဲ ကယ်တင်သောသူဖြစ်ကြောင်းပြောဆိုသောအခါ ကစ်သိုလစ်အမျိုးသမီးတစ်ယောက် သည် ဒေါသဖြင့် ဘုရားကျောင်းမှထွက်လာခဲ့သည်။ သူမသည် သူ၏စိတ်နှလုံးကို ပြောင်းလဲစေမည့်အစား ခရစ်တော်ကို ဆက်လက်ကြောက်ရွံ့နေပေမည်။ ၎င်းမှာ ယနေ့ခေတ်ဧဝံဂေလိတရားဖြစ်ရသည့်နည်းလမ်းဖြစ် သည်။ သူတို့သည် ယေရှုခရစ်ကို ယုံကြည်လက်ခံသောသူတို့၏အပြစ်ကိုခွင့်လွှတ်သည့်ကယ်တင်ရှင်အနေဖြင့် လက်ခံသည်ထက် လျှို့ဝှက်ချက်များကိုသင်ယူလေ့လာခြင်းအားဖြင့် သူတို့ကျင်လည်စွာကိုင်တွယ်သည့် နိူးစတိတ် “တန်ခိုး”အဖြစ် ခရစ်တော်ကို ဆက်လက်တွေးထင်ကြသည်။ ဝမ်းနည်းဖွယ်ကောင်းသောအရာပါတ ကား။

ထိုအရာမှာ စာတန်၏နည်းစနစ်များဖြစ်ကြောင်းကို သင်သိပါသလား။ Dr. Martyn Lloyd-Jones က ဤသို့ဆိုထားသည်။

နတ်ဆိုးသည် နိူင်ငံများစွာလိုလိုတွင် တစ်ချိန်တည်း၌ ခရစ်ယာန်တစ်ဦးစီအပေါ်၌ သော်လည်း၊ ခရစ်ယာန်အသင်းတော်အဖွဲ့လိုက်သော်လည်းကောင်း အာရုံစိုက်လှည့် ဖြားသည့်အချိန်များရှိသည်။ (The Christian Soldier, ဧဖက် ၆း ၁၀-၁၃၊ The Banner of Truth Trust, ၁၉၇၇၊ စာ- ၃၀၂ )

အမေရိကန်နှင့် အနောက်တိုင်းသားတို့သည် စာတန်၏တန်ခိုးအုပ်စောမှာအောက်တွင် ရှိနေကြကြောင်း ယုံကြည်ကြသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးအသင်းတော်သည်လည်း နတ်ဆိုးအယူဝါဒ၏လွှမ်းမိုးမှုကို ခံစားရ သည်။ တမန်တော် ရှင်ပေါလုက ဤသို့ုဆိုသည်။

“ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကိုပြောတတ်သောသူတို့ ၏လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ် သောစိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သောဩဝါဒတို့၌၎င်း၊ မှီဝဲဆီးကပ် ကြလိမ့်မည်။” (၁ တိ ၄း ၁ )

ပေးကီးဝါဒနှင့် နိူးစတိတ်ဝါဒတို့သည် “နတ်ဆိုး၏အယူဝါဒ”အစစ်အမှန်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါ သည်။

“နှုတ်ကပါတ်တော်ယုံကြည်ခြင်း”ဝါဒသည် T. D. Jakes, Benny Hinn, Joyce Meyer, နှင့် Joel Osteen တို့က မြှင့်တင်ကြသည်။ သူတို့သည် ဧဝံဂေလိတရား၏ကြွယ်၀ခြင်းကို ကမ္ဘာအဆုံးထိတိုင်အောင် ကြဲဖြန့်ကြသည်။ ကျွန်ုပ်တို့၏နှစ်ခြင်းအသင်းတော်သည်ပင်လျှင် ဘာမျှမသိဘဲ ထိုအရာ၏လွှမ်းမိုးခြင်းကို ခံကြရ သည်။ Dr. Horton သမ္မာကျမ်းသတင်းစကားနှင့် နိူးစတီးဝါဒ တို့ကြားတွင် တူညီသောအချက်များစွာရှိပါသည် ဟု ဆိုပါသည်။ သူက အသင်းတော်အများစုသည် ပေကီးရန်၏မိမိကိုယ်ကိုကူညီမှုနှင့် နိူးစတိတ်၏မိမိကိုယ်ကို ကိုးကွယ်ခြင်းဝါဒကို ပေါင်းစပ်ပြီးဟောပြောနေကြသည်ဟုဆိုသည်။ ဘုရားသခင်သည် သင့်ဘဝအသက်တာ တွင်လိုအပ်သောအရာများကိုရရှိစေရန် ဥပဒေသစည်းမျဉ်းများနှင့် နိယာမများကိုပေးထားသည်။ ထိုအရာများ ကိုလ်ိုက်လျှောက်ခဲ့ပါလျှင် သင်လိုအပ်သောအရာများကို ရရှိပေလိမ့်မည်။ သို့ရာတွင် ပေကီရန်းဝါဒနှင့်နိူးစတိတ် ဝါဒတို့၏နည်းလမ်းပင်ဖြစ်သည်။ ၎င်းမှာ လူတို့ယေဘုယျယုံကြည်သောအရာဖြစ်ပေသည်။ သင်သည် စည်းမျဉ်း များကို သင်ယူပြီး မှန်သောစကားကိုပြောဆိုလျှင် ကယ်တင်ခြင်းမှစ၍ သင်လိုအပ်သောအရာကို ရရှိပေမည်။

အသံလွှင့်မှု၏အဆုံးပိုင်းတွင် Joel Osteen က ကင်မရာကိုကြည့်ပြီး တီဗွီကြည့်ပရိသတ်များအား ဤသို့ဆိုထားသည်။

“ကျွန်ုပ်နောင်တရပါပြီ၊ ကျွန်ုပ်နှလုံးသားထဲတွင်နေရာယူပြီး ကယ်တင်ရှင်အဖြစ်ကျွန်ုပ် လက်ခံပါ၏” ပြောလိုက်ပါ။ မိတ်ဆွေ၊ သင်သည် ရိုးသားစွာဆုတောင်းတော်မူလျှင်၊ သင်သည် ကယ်တင်ခြင်းရလိမ့်မည်ဟု ယုံကြည်မိပါသည်။

Mr. Osteen သည် ဧဝံဂေလိတရားကို ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ ခရစ်ယာန်တရားဟောချက်တစ်ခုနှင့် အထက်ပါဆုတောင်းချက်ကိုပေးထားပါသည်။ ခရစ်တော်သည် အပြစ်သားတို့ကိုယ်စားခံအနေဖြင့် လက်ဝါးကပ် တိုင်တွင်အသေခံတော်မူသည်အကြောင်းကို တရားဒေသနာထဲ၌သော်လည်းကောင်း၊ ဆုတောင်းခြင်းထဲ၌သော် လည်းကောင်း ဖော်ပြထားခြင်းမရှိပါ။ တနည်းအားဖြင့်ဆိုရလျှင် ဧဝံဂေလိအကြောင်းလုံးဝမပါရှိပေ။ (၁ကော ၁၅း ၁-၄ ) သို့ရာတွင် Osteen က “သင်သည် ထိုသို့ဆုတောင်းလျှင်၊ ကယ်တင်တော်မူခြင်းသို့ရောက်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်” ဟုသာဆိုသည်။ ဖြစ်နိူင်ခြေနည်းလမ်းနှစ်ခုသာရှိပြီး ၎င်းတို့မှာ Osteen သည် ပြည့်စုံ သော ဆရာတုဆရာယောင်၊ သို့မဟုတ် “လှည့်ဖြားသောဝိညာဉ်ကိုသတိပြုပြီး နတ်ဆိုးအယူကိုကိုင်ဆောင်သူ” ဖြစ်ပေမည်။

မည်သို့သောနည်းလမ်းဖြင့်ဖြစ်စေ စာတန်သည် အမေရိကားအပါအဝင် တစ်ကမ္ဘာလုံးတွင် ပေးကီရန် ဝါဒနှင့် နိူးစတိတ်ဝါဒများကိုဖြန့်ဖြူးလျက်ရှိသည်။ ၎င်းကို သင်ယုံကြည်လက်ခံသည်။ သို့သောကြောင့် သင်သည် ကယ်တင်ခြင်းကို မရရှိနိုင်ဖြစ်သည်။

၂။ ဒုတိယအချက် - သင်သည် နတ်ဆိုး၏ ဤအယူဝါဒနှစ်ခုမှ လွတ်မြောက်ရမည်၊ သို့မဟုတ် ကယ်တင်တော်မူခြင်းသို့ရောက်မည်မဟုတ်။

ပထမဆုံးမှားယွင်းသည့်အချက်မှာ ပေကီရန်းဝါဒဖြစ်သည်။ ဤသည်မှာ သင်သည် ကယ်တင်ခြင်းသို့ ရောက်ရှိစေရန် တစ်စုံတစ်ခုကိုလုပ်ဆောင်ရမည်၊ သို့မဟုတ် ရပ်တန့်ရမည်ဟူသောယူဆချက်ဖြစ်သည်။ ယင်းမှာ ကျွန်ုပ်ပြောဆိုနေသည့် ရှင်းလင်းမှုရှိသော မှားယွင်းခြင်းပင်ဖြစ်သည်။ ယနေ့ညတွင် သင်တို့အများ သည် ကျွန်ုပ်ကိုနားထောင်ကြသည်၊ ထိုအရာကိုယုံကြည်လက်ခံပါ။ သမ္မာကျမ်းစာထဲတွင် ဤကျမ်းပိုဒ်ကို မဖတ် ဖူးကြဘူးလား။

“ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အ လိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ကိုယ် ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်၊ သို့ဖြစ်၍ အဘယ်သူ မျှဝါကြွားစရာအခွင့်မရှိ။” (ဧဖက် ၂း ၈၊ ၉ )

သင်လုပ်ဆောင်သောအရာတွင် အဘယ်အမှုအရာမျှ သင့်ကိုမကယ်တင်နိူင်ပါ။ အဘယ်အရာမျှမရှိပါ။ သင်ရပ် တန့်သောကြောင့်ကယ်တင်သောအရာလည်းမရှိပါ။ ပျောက်သောအပြစ်သားအားလုပ်ဆောင်ရန်သတ်မှတ်ထား သည့်အချက်တစ်ချက်သာရှိပြီး ၎င်းမှာအောက်ပါအတိုင်းဖြစ်သည်။

“သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (တမန် ၁၆း ၃၁ )

ထိုအရာသည် “လွယ်ကူသောအရာဖြစ်သည်”ဟု သင်ဆိုပေမည်။ ၎င်းမှာ ပျောက်သောအပြစ်သားမလုပ်ဆောင် မည့်အရာဖြစ်သည်။ သူကိုမည်သို့ပင်တောင်းဆိုပါစေ၊ မည်သို့ပင်တရားဟောပါစေ၊ ပျောက်သောအပြစ်သား သည် ခရစ်တော်ကိုငြင်းပယ်ပြီး အခြားအရာကိုလုပ်ဆောင်ပေမည်။ ခရစ်တော်ကို အချိန်တိုင်း ငြင်းပယ်လျက် မိမိအစွမ်းအစကို အားကိုးယုံကြည်ပေမည်။ သို့မဟုတ် ယေရှုကိုယ်တိုင်မဟုတ် သမ္မာကျမ်းစာပိုဒ် သို့မဟုတ် ခရစ်တော်၏ကိုယ်အင်္ဂါကို ယုံကြည်လိမ့်မည်။ သူသည် ခရစ်တော်ကို ယုံကြည်မည်မဟုတ်။ အဘယ့်ကြောင့် နည်း။ ပေကီရန်းသည် မုသားဖြစ်သောကြောင့်ပေတည်း။ ဘုရားသခင်၏ကျေးဇူးတော်ပါဝင်ခြင်းမရှိဘဲ ပျောက်သောအပြစ်သားသည် ခရစ်တော်ထံသို့ရောက်ရှိပြီး သူတစ်ပါးတည်းကို ကိုးစားနိူင်မည်မဟုတ်ပါ။ သူသည် ခရစ်တော်ကိုယ်တိုင်ကို အချိန်တိုင်း ငြင်းပယ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လုံးဝပျက်စီးသောကြောင့်ဖြစ်သည်။

“ဒုစရိုက်အပြစ်၌ သေလျက်ရှိသည်။” (ဧဖက် ၂း ၁ )

ဒုတိယမြောက် မှားယွင်းသောအယူဝါဒမှာ နိူးစတိတ်ဝါဒဖြစ်ပါသည်။ ၎င်းက ဘုရားသခင်သည် ထူးခြား သောအသိပညာရှိသူများ (ဂရိစကားလုံး နိူးစိသည် အသိပညာ ဟုအဓိပ္ပါယ်ရသည်။) ကျွမ်းကျင်စွာ ကိုင်တွယ် သို့မဟုတ် အသုံးပြုနိူင်သော မမြင်နိူင်သည့် စွမ်းအား သို့မဟုတ် တန်ခိုးဖြစ်သည်ဟူသော ယူဆချက်ကို စွဲကိုင်သည်။ ထိုယူဆချက်သည် ခေတ်စားသောဧဝံဂေလိအတွေးအခေါ်များကို ဖြတ်ကျော်ပေသည်။ Dr. Horton က ဧဝံဂေလိနိူးစတိတ်ဝါဒသည် ကျွန်ုပ်တို့ကိုင်တွယ်ပြီး ထိန်းချုပ်နိူင်သည့် အယူအဆကို မိမိအထဲတွင် ဖန်ဆင်းရန်မိမိကိုယ်ကိုကြည့်စေသည်ဟုဆိုသည်။ (ထပ်၍၊ စာ-၁၆၄ )

ယနေ့လူငယ်များသည် ထိုအရာကို သတိပြုခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ကြသည်။ သူတို့က ယေရှုကို ကိုင် တွယ်နိူင်သည့် တွန်းအားတစ်ခုအဖြစ်မှတ်ယူကြသည်။ ယင်းသည် နတ်ဝိဇ္ဖာဆရာ ရှိမုန်လုပ်ဆောင်ခဲ့သောအရာ နှင့် ပုံစံတူပင်ဖြစ်သည်။ သူက “သန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်းအကျွန်ုပ်အားအခွင့်ပေးပါ။” (တမန် ၈း ၁၉ ) ဟုဆိုခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတစ်ယောက်ပေးနိူင် သို့မဟုတ် ခံယူနိူင်သည့် “တန်ခိုး” မျှသာခံယူကြသည်။

ဤနိူးစတိတ်ဝါဒသည် “မျက်လှည့်ဖြူ”သဘောသာဖြစ်သည်။ လှည့်ဖြားတတ်သောမှော်အတတ်တွင် မှော်ဆရာသည် မကောင်းဆိုးဝါးကို ထိန်းချုပ်ကိုင်တွယ်ရန် စကားလုံးများကို အသုံးပြုထားသည်။“မှန်ကန်သော မှော်အတတ်ပညာ”တွင် မှော်ဆရာသည် ကောင်းသောနတ်၊ ဘုရားသခင်တို့ကို ထိန်းချုပ်ကိုင်တွယ်နိူင်ရန် စကား လုံး၊ ဆုတောင်းချက်များကိုအသုံးပြုသည်။ Joel Osteen ရေးသားသော “အပြစ်သားတို့၏ဆုတောင်း ချက်” သည် မှော်ဆရာတို့၏ဂါထာသာဖြစ်ပေသည်။

“ကျွန်ုပ်နောင်တရပါပြီ၊ ကျွန်ုပ်နှလုံးသားထဲတွင်နေရာယူပြီး ကယ်တင်ရှင်အဖြစ်ကျွန်ုပ် လက်ခံပါ၏” ပြောလိုက်ပါ။ မိတ်ဆွေ၊ သင်သည် ရိုးသားစွာဆုတောင်းတော်မူလျှင်၊ သင်သည် ကယ်တင်ခြင်းရလိမ့်မည်ဟု ယုံကြည်မိပါသည်။

သင်သည် ထိုစကားလုံးများကို ရွတ်ဆိုလျှင် နှလုံးသားထဲတွင် တန်ခိုးများ စီးဆင်းလာမည်။ သင်သည် ထိုစကား လုံးများကိုရွတ်ဆိုခြင်းအားဖြင့် မိမိကိုယ်ကိုပြောင်းလဲစေလိမ့်မည်။ ၎င်းသည် နိူးစတိတ်ဝါဒအစစ်အမှန်ဖြစ်သည်။ မှော်အတတ်ပညာအမှန်အကန်လည်းဖြစ်သည်။ ထိုအရာကို အမည်နာမပေး၍ကြော်ငြာသည်။ ၎င်းသည် ယုံကြည်ခြင်းသတင်းစကားဖြစ်သည်။ အမည်နာမပေးပြီး ကြော်ငြာပါ။ ထိုအရာမှာ ဧဝံဂေလိလုပ်ငန်းအားဖြင့် ဖြစ်သည်။ မှော်အတတ်ပညာအစစ်အမှန်ဖြစ်သည်။ ရှိမုန်သည် နတ်ဝိဇ္ဇာသမားတစ်ယောက်ဖြစ်သည်သာမက နိူးစတိတ်ဝါဒသမားတို့၏ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။ (တမန် ၈း ၉ ) ထို့ကြောင့် သူက “သန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်းအကျွန်ုပ်အားအခွင့်ပေးပါ။” (တမန် ၈း ၁၉ ) ဟုဆိုခဲ့သည်။

နိဂုံး

ယေရှုခရစ်သည် သင် ထိန်းချုပ်၊ ကိုင်တွယ် သို့မဟုတ် အသုံးပြုနိူင်သော တန်ခိုး မဟုတ္ပါ။သူသည် လူ့ဇာတိခံယူရာတွင် လူသားဖြစ်သည်။ သူသည် သင်၏အပြစ်၏အဖိုးအခကိုပေးဆပ်ရန် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သည်။ သင်မည်ကဲ့သို့ကယ်တင်မည်ကို “သင်ယူရန်” သင်သည် သူ့ကို “ရရှိနိူင်မည်”မဟုတ်ပါ။ သင်သည် သင့်ဘ၀၏ငြိမ်သက်ချမ်းသာမှုအတွက် ကယ်တင်ခြင်းသို့ရောက်မည့် “လျှို့ဝှက်ချက်”ကို ကြိုးစား သင်ယူပေမည်။ သို့ရာတွင် နတ်ဝိဇ္ဇာသမားရှိမုန်ကဲ့သို့ အရှုံးသာရှိပေမည်။ သင်သည် ခရစ်တော်ထံပါးသို့လာ သောအခါ မည်သည်ကိုမျှ “မလုပ်ဆောင်နိူင်သည့်” အပြစ်သားတစ်ယောက်အဖြစ်လာရမည်။ သူ၏မျက်မှောက် တော်တွင် ဒူးထောက်ပြီး ယုံကြည်လက်ခံရမည်။ သင်သည် ခရစ်တော်၏လက်ဝါးကပ်တိုင်တော်အားဖြင့် အပြစ်မှ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ခရစ်တော်၏အသွေးတော်အားဖြင့် အပြစ်မှဆေးကြောခြင်းကို ခံရလိမ့်မည်။ အပြစ်တရားမှ ကယ်တင်ခြင်းသို့ရောက်နိူင်သည့် အခြားနည်းမရှိပေ။ နောက်ထပ်သင်ယူစရာအ ခြားမရွိ။ “လျှို့ဝှက်သော့” သို့မဟုတ် သင်ယူရမည့် အထူးစကားလုံးများလည်းမရှိပါ။ “သခင်ယေရှုကိုယုံကြည် လော့၊ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (တမန် ၁၆း ၃၁ )

ယေရှုခရစ်ကို အဘယ့်ကြောင့်မယုံကြည်သနည်း။ အဖြေကရှင်းပါတယ်။ အပြစ်တရာကို မသိနားမ လည်သောကြောင့်ဖြစ်သည်။ သင်၏အပြစ်သည် သင့်အားဒုက္ခမဖြစ်စေသည်သာမက ညအိပ်စက်ချိန်တွင် လည်းလှန့်နိူးခြင်းမရှိပေ။ သင်၏အပြစ်နှင့်ပြည့်နေသောနှလုံးသားသည် သင့်၌ စက်ဆုတ်ရွံ့ရှာဖွယ်မဖြစ်ပါ။

အပြစ်နှင့်ပြည့်နှက်နေသောနှလုံးသားကို သိရှိနားလည်ခြင်းမရှိဘဲ စစ်မှန်သောပြောင်းလဲခြင်းမရှိပါ။ လူ တစ်ယောက်သည် အပြစ်နှင့်ပြည့်နေသောနှလုံးသားအတွက်ပူဆွေးသောကရောက်နေခြင်းမရှိသရွေ့ခရစ်တော် လိုအပ်သည်ကိုလည်းသိမြင်မည်မဟုတ်ပါ။

ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောပြောင်းလဲခြင်းနှင် နိူးထမှုအတွက် ဆုတောင်းနေကြသည်။ သို့ရာတွင် ဆုတောင်းချက်တွင် မည်သည့်အချက်ကို အဓိကဗဟိုပြုဆုတောင်းသနည်။ ဆုတောင်းခြင်းသက် သက်ပဲလား။ “အိုဘုရားသခင်၊ လူများစွာကိုပို့ဆောင်ပေးပါ”၊ သို့မဟုတ် “အိုဘုရားသခင်၊ နိူးထမှုပေးပါ” စသဖြင့်လား။ ကျွန်ုပ်တို့သည် လိုအပ်သောအရာကို တိတိကျကျဆုတောင်းခြင်းမပြုလျှင်ရရှိမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ယေဘုယျဆုတောင်းခြင်းအမှုကိုသာပြုကြသည်။ ဘုရားသခင်သည် ဆုတောင်းခြင်းအားဖြင့် တောင်းသောအရာကိုပေးသည်။ ဆုတောင်းခြင်းသည် ယေဘုယျသဘောသာဆောင်လျှင် ရမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အပြစ်နှင့်ပြည့်နေသောနှလုံးသားကိုသိမြင်စေသည့် အလိုအပ်ဆုံးသောအရာကို တောင်းကြပါစို့။ ကျွန်ုပ်နှင့်အတူ “အပြစ်နှင့်ပြည့်နေသောနှလုံးသားသိကိုသိခြင်း”ဟုလိုက်ဆိုပါ။ ၎င်းမှာ ကျွန်ုပ်တို့၏အလိုအပ်ဆုံး သောအရာဖြစ်သည်။ ထိုအမှုကိုလုပ်ဆောင်ရန် ဘုရားသခင်၏ဝိညာဉ်လိုအပ်ပေသည်။ အပြစ်နှင့်ပြည့်နေသော နှလုံးသားကိုသိနားလည်ခြင်းမရှိသရွေ့ ဧဝံဂေလိတရားသည် သန့်စင်ခြင်းမရှိ၊ စစ်မှန်ခြင်းမရှိဖြစ်ပေမည်။

ကျွန်ုပ်တို့သည် ညနေ ၅ နာရီအထိ နောက်တစ်ပတ်စနေနေ့အတွက် အစာရှောင်ဆုတောင်းကြမည်။ ထို့နောက် ကျွန်ုပ်တို့သည် အနည်းငယ်ဆုတောင်းရန်လာပြီး အတူတကွစားသောက်ကြမည်။ ယင်းမှာ “ အပြစ် နှင့်ပြည့်နှက်နေသောနှလုံးသားကိုသိရှိခြင်း” အတွက်လိုအပ်သောအစာရှောင်ဆုတောင်ခြင်း၏ လိုအပ်ချက်ဖြစ် သည်။ ဘုရားသခင်အလုပ်လုပ်သောအခါ လူများစွာတို့သည် ယေရှုခရစ်ယုံကြည်ကိုးစားလာသည်ကို တွေ့ရပေ မည်။ လူများစွာအသက်တာတွင် ထိုသို့ဖြစ်လာသောအခါ ကျွန်ုပ်တို့သည် နိူးထမှုကိုရရှိခံစားလာကြမည်။ အာမင်…။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီသမ္မာကျမ်းစာဖတ်ခြင်းကို Dr. Kreighton L. Chan မှဆောင်ရွက်သည်။ တမန် ၈း ၁၈-၂၄
တရာဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က “နက်နဲသောသနားခြင်းရှိပါစေ”သီချင်းဖြင့်ချီးမွမ်း
သည်။ (တေးရေး- Charles Wesley, ၁၇၀၇-၁၇၈၈ )

အခွပွေုကမျြး

ဤတန်ခိုးကိုအကျွန်ုပ်အားပေးတော်မူပါအကျဉ်းချုပ်

Dr. R. L. Hymers, Jr.

“သန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်းအကျွန်ုပ်အားအခွင့်ပေးပါ။” (တမန် ၈း ၁၉ )

( တမန်တော် ၈း ၂၃၊ ၂၄ )

၁။ ပထမအချက်-ကျွန်ုပ်တို့ခေတ်ကာလတွင် အများလက်ခံသောယုံကြည်ခြင်း၏ထူးခြားသာအရာ သို့မဟုတ် ဝိသေသလက္ခဏာမှာ ပေဲလ်ကီရန်ဝါဒ နှင့် နိူးစတိတ်ဝါဒတို့သာဖြစ်ကြသည်။ ဧဖက် ၂း ၅၊ ၄း ၁၈၊ ၂ တိ ၃း ၇၊ တမန် ၁၆း ၃၁၊ ယော၃း ၁၈၊ ၁တိ ၄း ၁။

၂။ ဒုတိယအချက် - သင်သည် နတ်ဆိုး၏ ဤအယူဝါဒနှစ်ခုမှ လွတ်မြောက်ရမည်၊ သို့မဟုတ် ကယ်တင်တော်မူခြင်းသို့ရောက်မည်မဟုတ်။ ဧဖက် ၂း ၈၊ ၉၊ တမန် ၁၆း ၃၁၊ ဧဖက် ၂း ၁၊ တမန် ၈း ၉။