Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဤသို့သောအရာ

(နိူးထမှုနှင့်ပါတ်သက်၍ တရားဒေသနာနံပါတ် ၁ )
THIS KIND
(SERMON NUMBER 1 ON REVIVAL)
(Burmese)

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ( ၂၀ ) ရက်၊ သခင်ဘုရား၏နေ့ရက်ညနေပိုင်းတွင် လောဒ့်အိမ်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင်ဟောကြားခဲ့သော Dr. R. L. Hymers, Jr. ၏
တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 20, 2014

“အိမ်သို့ဝင်တော်မူပြီးမှ တပည်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့် ကြောင့်မနှင်ထုတ်နိူင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊ ကိုယ်တော် က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုး သည် မထွက်နိူင်ဟု မိန့်တော်မူ၏။” (မာကု ၉း ၂၈-၂၉ )

ယနေ့ညနေပိုင်းတွင် ကျွန်ုပ်သည် Dr. J. I. Packer က မျက်မှောက်ခေတ်အသင်းတော်၏ကျဆင်းခြင်း သော်လည်းကောင်း၊ ၁၈၅၉ခုနှစ်မှစတင်၍ အမေရိကန်နိူင်ငံ၌အဓိကနိူးကြားခြင်းမရှိသည့်အကြောင်းတရားနှင့် ပါတ်သက်၍သော်လည်းကောင်း နတ်ဆိုးနှင့်စာတန်အကြောင်းကိုးကားပြီး ဝေငှသွားမည်ဖြစ်သည်။ ကျွန်ုပ်သည် ၁၉၅၉ခုနှစ်တွင် လန်ဒန်ရှိ Westminster အသင်းတော်တွင် ဟောကြားခဲ့သော Dr. Martyn Lloyd-Jones ၏ တရားဟောချက်အကျဉ်းချုပ်ကို အမှီပြုထားသည်။ သူဟောပြောသော စကားလုံးတိုင်းကို အသုံးပြုထားခြင်းမ ဟုတ်ဘဲ များစွာသောယူဆချက်များကိုပေါင်းစပ်ကာ “ဒေါက်တာ”ထံမှ အကြောင်းအရာနှင့် အကျဉ်းချုပ်ကိုရယူ ထားသည်။

“အိမ်သို့ဝင်တော်မူပြီးမှ တပည်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့် ကြောင့်မနှင်ထုတ်နိူင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊ ကိုယ်တော် က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုး သည် မထွက်နိူင်ဟု မိန့်တော်မူ၏။” (မာကု ၉း ၂၈-၂၉ )

အထက်ပါကျမ်းပိုဒ်နှစ်ခုကို သင်တို့အားစဉ်းစားဆင်ခြင်စေချင်သည်။ ထိုကျမ်းပိုဒ်နှစ်ခုသည် အမေရိ ကန်နှင့်အနောက်နိူင်ငံများရှိ ကျဆင်နေသောအသင်းတော်များတွင် ဘုရားသခင်စေလွှတ်တော်မူသောနိူးထမှု အတွက် လိုအပ်သောငိုကြွေးခြင်းသဘောအဖြစ်အသုံးပြုစေလိုသည်။

“နိုးထမှု”ဟူသောစကားလုံးသည် ယနေ့တွင် လူတို့ကိုလှောင်ပိတ်ထားသည်ကို ကျွန်ုပ်သိသည်။ ထိုအ ကြောင်းအရာကိုမည်သူမျှမကြားလိုကြပါ။ သို့ရာတွင် ဤနည်းလမ်းကိုသူတို့ခံစားသည့်အကြောင်းတရားမှာ စာတန်နှင့်သက်ဆိုင်သောအရာဖြစ်သည်။ ထိုအကြောင်းအရာကို စာတန်က လူတို့အားမစဉ်းစားစေလိုပါ။ ထို့ကြောင့် ကျွန်ုပ်တို့အသင်းတော်များတွင် ဤပြင်းထန်သောလိုအပ်ချက်များနှင့်ပါတ်သက်ပြီးပြောဆိုသကဲ့သို့ သတိကြီးစွာနားထောင်မည်အကြောင်း ဆိုတောင်းပါ၏။

ဤသည်မှာ ကျွန်ုပ်တို့အရောက်တိုင်းကို လေးလေးနက်နက်စိတ်ဝင်စားစေသည့်အကြောင်းအရာဖြစ် သည်။ ယနေ့အသင်းတော်များ၏အခြေအနေနှင့်ပါတ်သက်ပြီးကျွုန်ုပ်တို့တွင် ကြီးမားသည့်ခံစားချက်မရှိခဲ့လျှင် ဆင်းရဲချို့တဲ့သောခရစ်ယာန်များသာဖြစ်သည်။ စစ်မှန်သောနိူးထမှုတွင် အမှန်တကယ်စိတ်ဝင်စားမှုမရှိခဲ့လျှင် သင်သည် စစ်မှန်သောခရစ်ယာန်ဟုတ်မဟုတ်ဆန်းစစ်ပါ။ ကျွန်ုပ်တို့နှင့်အခြားသောအသင်းတော်များကို ဂရုတ စိုက်မရှိခဲ့လျှင် သင်သည် တုန်ခါသောခရစ်ယာန်တစ်ယောက္မျဖစ်ပါ။ စစ်မှန်သောနိူးထမှုဟူသည်မှာ ကျွန်ုပ်တို့အရောက်စီတိုင်းစိတ်ဝင်တစားဖြစ်စေသောအရာတစ်ခုဖြစ်ကြောင်း ကျွန်ုပ်ထပ်၍ပြောဆိုသည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် မာကုအခန်းကြီးအကြောင်းကိုဆင်ခြင်ခြင်းအားဖြင့် အစပြုကြပါစို့။ ၎င်းသည် အရေးကြီးသည့်အဖြစ်အပျက်ဖြစ်ပေသည်။ အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် မဿဲ၊ မာကု၊ နှင့် လုကာ စသဖြင့် ခရစ်ဝင်ကျမ်း၄စောင်၌် ၃စောင်တွင်၎င်း၏ရေတွက်ခြင်းကို ကျွန်ုပ်တို့အားပေးရန် ကြီးမားသည့် ဂရုစိုက်မှုကိုပေးသည်။ Mr. Prudhomme သည် ထိုရေတွက်ခြင်းကို ရှင်လုကာတွင် ဖတ်ရှုပြီး ကျွန်ုပ်က ၎င်းကို မာကုခရစ်ဝင်ကျမ်းတွင် အပိုဒ်နှစ်ပိုဒ်ကိုဖတ်ရှုလေ့လာသည်။ မာကုခရစ်ဝင်ကျမ်း၏အစောပိုင်းအခန်းက ခရစ်တော်က ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုဆောင်ပြီး အံ့ဖွယ်အဖြစ်အပျက်ကိုတွေ့မြင်ခဲ့ကြရာ ကိုယ်ဟန် ပြောင်းသည့်နေရာသို့တက်သွားကြောင်းကို ကျွန်ုပ်တို့အားပြောပြသည်။ သူတို့သည် တောင်ထိပ်မှပြန်ဆင်းလာ ကြသောအခါ ကျန်ရစ်ခဲ့သောတပည့်တော်များ၏ပတ်လည်တွင်လူအုပ်ကြီးများရှိလျက် ငြင်းခုံနေကြသည်ကို တွေ့ရပေသည်။ ခရစ်တော်နှင့်အတူပြန်ဆင်းလာသောလူသုံးယောက်တို့သည် ထိုအကြောင်းအရာများကို လုံး၀ နားမလည်ကြပေ။ ထို့နောက် လူတစ်ယောက်သည်လူအုပ်ထဲမှထွက်လာပြီး သူ၏သားသည် နတ်ဆိုးစွဲ၍ ပြင်းစွာသောဝေဒနာကိုခံစားနေရကြောင်း ယေရှုအားပြောပြခဲ့သည်။ ထိုလူက “ ထိုနတ်ကို နှင်ထုတ်ပါမည်အ ကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည်မတတ်နိူင်ကြ”(မာကု ၉း ၁၈ ) ဟုဆိုသည်။ သူတို့သည် ကြိုးစာနှင်ထုတ်ကြသော်လည်း မစွမ်းဆောင်နိူင်ကြ။

ယေရှုက ထိုလူအား မေးခွန်းအနည်းငယ်မေးတော်မူခဲ့သည်။ ထို့နောက် နတ်ဆိုးစွဲသောလူငယ်လေးအ ထဲမှ နတ်ဆိုးကို နှင်ထုတ်သည်။ ထိုသို့နတ်ဆိုးကို နှင်ထုတ်ပြီးသောအခါ ခရစ်တော်သည် အိမ်ထဲသို့ဝင်သဖြင့် တပည့်တော်များသည်လည်း သူနှင့်အတူဝင်ကြလေသည်။ သူတို့သည် အိမ်ထဲသို့ရောက်ပြီးနောက် တပည့် တော်များက “အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့်ကြောင့်မနှင်ထုတ်နိူင်ကြပါသနည်း” (မာကု ၉း ၂၈ ) ဟု မေးမြန်းကြသည်။ သူတို့သည် နှင်ထုတ်ရန်ကြိုးစားခဲ့ကြသည်။ ၎င်းမတိုင်ခင်တွင် များစွာသောနတ်တို့ကို နှင်ထုတ်ခဲ့ကြသည်။ အခုလုပ်ဆောင်မှုတွင်မူ ကျဆုံးခဲ့ကြသည်။ သို့ရာတွင် ခရစ်တော်က “သူထံမှထွက်လော့” မိန့်တော်မူရုံဖြင့် လူငယ်လေးသည် ကျန်းမာခြင်းကိုရရှိသည်။ သူတို့က “အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့် ကြောင့်မနှင်ထုတ်နိူင်ကြပါသနည်း” ဟုမေးကြသည်။ ယေရှုက “ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိူင်” (မာကု ၉း ၂၉ ) ဟုဆိုထားသည်။

ကျွန်ုပ်သည် ဤအဖြစ်အပျက်ကို အသုံးပြုပြီး ယနေ့ကာလအသင်းတော်များရှိပြဿနာများကို ပြသလို သည်။ ဤလူငယ်လေးသည် မျက်မှောက်ခေတ်ကမ္ဘာရှိလူငယ်များဖြစ်သည်။ တပည့်တော်များမှာ ယနေ့ခေတ် အသင်းတော်များကိုပုံဆောင်ပေသည်။ ကျွန်ုပ်တို့အသင်းတော်များသည် လူငယ်များကို ကူညီစောင့်ရှောက်ရန် ပျက်ကွက်နေသည်ပင်မဟုတ်ပါလော့။ George Barna က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အသင်းတော်မှထွက်ပေါ် လာသောလူငယ်၏ ၈၈ရာခိုင်နှုန်းကို ဆုံးရှုံးထားသည်ဟုဆိုသည်။ ကျွန်ုပ်တို့သည် ကမ္ဘာလောကထဲမှ အနည်း ငယ်သောလူငယ်များကိုသာ စုသိမ်းရသည်။ ကျွန်ုပ်တို့အသင်းတော်များသည် ခြောက်သွေ့ပြီး ကျဆုံးလျက်ရှိ သည်။ တောင်ပိုင်းနှစ်ခြင်းတော်သည် နှစ်စဉ်နှစ်တိုင်း အသင်းတော်ပေါင်း ၁၀၀၀ကျော်ဆုံးရှုံးသည်။ ၎င်းသည် သုတို့၏ပုံရိပ်ပင်ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့ လွတ်လပ်သောအသင်းတော်များကလည်း ပို၍ကောင်းသောအ ရာကို လုပ်ဆောင်နိူင်ခြင်းမရှိပေ။ ပုံရိပ်ကို ကြည့်ရှုသောအကြင်သူသည် လွန်ခဲ့သောနှစ်တစ်ရာထက် တစ်ဝက် တောင်ခိုင်မာမှုမရှိကြောင်းတွေ့နိူင်ပေသည်။ ထိုအကြောင်းကြောင့် Dr. J. I. Packer က “မျက်မှောက်ခေတ် အသင်းတော်များ၏ပျက်စီးခြင်း” ဟုဆိုထားပေသည်။

ကျွန်ုပ်တို့၏အသင်းတော်များသည် တပည့်တော်များကဲ့သို့ လုပ်ဆောင်နိူင်သမျှကို လုပ်ဆောင်သည်။ သို့သော်ကျဆုံးကြသည်။ ထိုကလေးကိုကူညီရန်ကြိုးစားအားထုတ်ကြသည်တွင် တပည့်တော်များကြုံတွေ့ရ သည်အတိုင်း သူတို့သည် ကျဆုံးကြသည်။ ကျွန်ုပ်တို့မေးရမည့်မေးခွန်းမှာ “အကျွန်ုပ်တို့သည် ထိုနတ်ကိုအ ဘယ့်ကြောင့်မနှင်ထုတ်နိူင်ကြပါသနည်း” ဟူ၍ဖြစ်သည်။ ဤသို့ကျဆုံးခြင်း၏အကြောင်းရင်းကားအဘယ်သို့ နည်း။

မာကုအခန်းကြီးကိုးသည် ထိုအရာနှင့်စပ်လျဉ်း၍ ကျွန်ုပ်အားမေးခွန်းများမေးနေသည့် သဘောတရားရှိ ပေသည်။ ၎င်းအပြင် ထိုမေးခွန်း၏အဖြေသည် လွန်ခဲ့သောထိုအချိန်ခါတွင်အရေးပါသကဲ့သို့ ယနေ့ခေတ်ကာလ တွင်လည်းအရေးပါလှသည်။

“အိမ်သို့ဝင်တော်မူပြီးမှ တပည်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့် ကြောင့်မနှင်ထုတ်နိူင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊ ကိုယ်တော် က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုး သည် မထွက်နိူင်ဟု မိန့်တော်မူ၏။” (မာကု ၉း ၂၈-၂၉ )

ကျမ်းပိုဒ်၏အကြောင်းအရာကို သုံးပိုင်းခွဲခြားနိူင်ပေသည်။

၁။ ပထမအချက်မှာ “ဤသို့သောအရာ” ဖြစ်သည်။

အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့်ကြောင့်မနှင်ထုတ်နိူင်ကြပါသနည်း။ ယေရှုက “ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိူင်”ဟုဆိုသည်။ ခရစ်တော်က အမှုတစ်ခုနှင့်တစ်ခုကြားတွင် ကွဲပြားခြားနားမှုရှိကြောင်းကို မိန့်ဆိုထားသည်။ အတိတ်တွင် ခရစ်တော်သည် တပည့်တော်တို့အား နှုတ်ကပါတ်တော်ဟောပြော၍နတ်ဆိုးများကိုနှင်ထုတ်ရန်စေလွှတ်သဖြင့် သူတို့သည် များစွာသောနတ်ဆိုးများကို နှင်ထုတ်ကြလေသည်။ သူတို့သည် ဝမ်းမြောက်စွာပြန်လာကြသည်။ သူတို့က နတ်ဆိုးများသည် သူတို့လက်အောက်တွင်ရှိကြောင်းဆိုကြသည်။

ထိုကြောင့် ဤလူကြီးက မိမိသားငယ်ကိုသူတို့ထံဆောင်ယူလာသောအချိန်တွင် အတိတ်တွင်လုပ် ဆောင်သကဲ့သို့လုပ်ဆောင်ကာ ကူညီနိူင်မည်ဟုထင်ခဲ့ကြသည်။ ယခုတွင်မူသူတို့သည် ထင်သည့်အတိုင်းဖြစ်မ လာဘဲ ကျဆုံးကြသည်။ သူတို့သည် အစွမ်းကုန်ကြိုးစားအားထုတ်ကြသော်လည်း အချည်းနှီးသက်သက်ဖြစ် သောကြောင့် အဘယ့်ကြောင့်နည်းဟူသောမေးခွန်းပေါ်ထွက်လာသည်။ ထို့နောက် ခရစ်တော်က “ဤသို့သော အရာ” အကြောင်းကိုပြောဆိုခဲ့သည်။ “ဤသို့သောအရာ” နှင့် အရင်က နှင်ထုတ်ခဲ့ဘူးသောအရာနှင့် ကွဲပြား ခြားနားမှုရှိသည်။

နည်းလမ်းတစ်ခုခုတွင် ပြဿနာသည် တူညီနေပေသည်။ အသင်းတော်၏လုပ်ဆောင်မှုသည် လူငယ်များကို စာတန်နှင့် ၎င်း၏အပေါင်းအပါ နတ်ဆိုးလက်ထဲမှ “မှောင်မိုက်မှအလင်းသို့လည်းကောင်း၊ စာတန်၏တန်ခိုးမှ ဘုရားသခင်ထံပါးသို့လည်းကောင်း ပြန်လှည့်လာရန်” (တမန် ၂၆း ၁၈ ) ကယ်တင်ရမည်။ ထိုအမှုအရာသည် ခေတ်ကာလတိုင်းနှင့် ယဉ်ကျေးမှုတိုင်းတွင်တူညီပေသည်။ အသင်းတော်များသည် စာတန်နှင့်နတ်ဆိုးများနှင့်အမြဲတမ်းရင်ဆိုင် တိုက်လှန်ရသည်။ သို့ရာတွင် ခြားနားမှုများရှိပေသည်။ အားလုံးသည် တူညီမှုမရှိကြပေ။ တမန်တော်ရှင်ပေါလုက “ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင် ပြိုင်တိုက်လှန်ရကြသည်မဟုတ်၊ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက္တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ကြရ၏” (ဧဖက် ၆း ၁၂ ) ဟုဆိုထားသည်။ သူက နတ်ဆိုးများသည် အဆင့်အတန်းများခြားနားလျက်ရှိကြပြီး စာတန်မှာ “အာကာသမိုးကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်းတင်ဟူသော ငြင်းဆန်သောသူတို့၌ပြုပြင်သောသူ” (ဧဖက် ၂း ၂ ) ဖြစ်သည်။ စာတန်သည် တန်ခိုးနှင့်ပြည့်စုံပေသည်။ သို့ရာတွင် ၎င်း၏အောက်တွင် အဆင့်အတန်းနှိမ့်သောနတ်ဆိုးများရှိကြပေသည်။ တပည့်တော်များက အားနည်းသောနတ်များကိုအလွယ်တ ကူနင်ထုတ်နိူင်ကြသည်။ သို့ရာတွင် ထိုလူငယ်လေးအထဲတွင်ရှိသောနတ်သည် သာ၍တန်ခိုးရှိသည်။ “ဤသို့ သောအရာ”သည် ခြားနားပြီး ပြဿနာပို၍ကြီးမားသည်။ ပထမဆုံးကျွန်ုပ်တို့ရှာတွေ့ရမည်မှာ “ဤသို့သောအရာ”သည် ယနေ့ကျွန်ုပ်တို့ကြုံတွေ့ရမည်ဖြစ်သည်အရာ ဖြစ်သည်။

“ဤသို့သောအရာ” တည်းဟူသောစကားလုံးကို လေ့လာကြသည်ဖြစ်၍ ယနေ့ခေတ်အသင်းတော်ရှိ သင်းအုပ်များက ကျွန်ုပ်တို့တိုက်နေရသည်စစ်ပွဲသည် ဝိညာဉ်စစ်ပွဲဖြစ်ကြောင်းသတိပြုမိခြင်းရှိမရှိကိုသိလိုသည်။ သင်းအုပ်အများစုက သူတို့၏လုပ်ငန်းသည် စာတန်နှင့်မကောင်းသောနတ်များနှင့်ဆိုင်ပြိုင်တိုက်လှန်နေကြ သည်ကို လုံးဝစဉ်းစားဆင်ခြင်မိခြင်းမရှိကြောင်းတွေ့ရသည်။ သင်တန်းကျောင်းများ၊ ကျမ်းစာကျောင်းများ စသည်တို့သည်ပင် လူတို့၏နည်းလမ်းများကိုသာ အဓိကထားလေ့လာကြသည်။ သူတို့က ဝိညာဉ်ရေးရာနယ် ပယ်တွင် ပြဿနာရှိနေကြသည့် တရားဟောသူများကို သွန်သင်ခြင်းမပြုကြပါ။

သူတို့သည် အတိတ်ကာလက အသုံးပြုခဲ့သောနည်းစနစ်များကိုအသုံးပြုကာ ဆက်လက်လုပ်ဆောင် လျက်ရှိကြသည်။ ထိုဟောင်းသောနည်းစနစ်သည် “ဤသို့သောအရာ”တွင် အံဝံခွင်ကျဖြစ်ရန်မှာ လိုအပ်လျက်ရှိ သည်ကို မသိရှိကြပါ။ လိုအပ်ချက်ရှိသည်ကို လူတိုင်းလိုလားတောင့်တကျသည်။ သို့သော်မေးခွန်မှာ ထိုလိုအပ်ချက်၏တိကျသောအရာဖြစ်ပေသည်။ ယနေ့ကာလတွင်လိုအပ်သောအရာကို တိတိကျကျဖြင့် ယနေ့ နားမလည်သဘောမပေါက်လျှင် ထိုလူငယ်လေးနှင်ပါတ်သက်၍ တပည့်တော်များကဲ့သို့ ကျဆုံးမှုကို ရင်ဆ်ိုင်ခဲ့ ရသည်။

၂။ ဒုတိယအချက်မှာ ကျဆုံးသောနည်းစနစ်များဖြစ်သည်။

ကျွန်ုပ်တို့အသင်းတော်များက အတိတ်ကာလတွင် အလွန်အသုံးဝင်ပြီး ယခုအချိန်”ဤသို့သောအရာ”

တွင်မူကားအသုံးမဝင်နိူင်တော့သည့်အရာများကိုလုပ်ဆောင်နေကြောင်း ကျွန်ုပ်တွေ့မြင်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လူငယ်များအားလုံးနီးပါကို ဆုံးရှုံးခဲ့သည်သာမက အဘယ်သူကိုမျှမပြောင်းလဲစေနိူင်သည့်နည်းလမ်း ဟောင်းများကိုသာအသုံးပြုနေကြသည်။ လွဲမှားသည့်နားလည်သဘောပေါက်မှုတွင် ထိုအမျိုးအစားကိုဆန်းဒေး စကူးကို ထားလိုသည်။ ၎င်းသည် လွန်ခဲ့သောနှစ်ပေါင်း တစ်ရာနှစ်ဆယ့်ငါးလောက်တွင် အလွန်ပင်ထိရောက်မှု ရှိသည်။ သို့သော် ယနေ့တွင်မူအရမ်းထိရောက်တော့သည်ဟု ကျွန်ုပ်မမြင်မိပါ။ ကယ်တင်ခြင်းဝေစာကိုလည်း ထိုနည်းလည်းကောင်းပြောလိုပါသည်။ လူတို့သည် တစ်ကြိမ်ဖတ်ရှုပြီး အသင်းတော်သို့ရောက်လာကြသည်။ တေ့သောသင်းအုပ်မည်သူကိုမဆို “ဝေစာဖတ်ပြီး ပြောင်းလဲလာသောကြောင့် ဘုရားကျောင်းလာသည့် လူငယ် သင်၏အသင်းတော်တွင်ရှိသလား” ဟုမေးခဲ့သည်။ ကျွန်ုပ်တို့၏အချိန်ကာလများတွင် အတိတ်ကအောင်အောင် မြင်မြင်အသုံးပြုခဲ့ကြသော “ဤသို့သောအရာ” များကို အသုံးပြု၍မရနိူင်တော့ပေ။ လုပ်ဆောင်ရမည့်နည်းလမ်း တွင် တစ်အိမ်ပြီးတစ်အိမ်လည်ပတ်ခြင်းကိုလည်းလုပ်ဆောင်ပေသည်။ ၎င်းသည် အတိတ်တွင် အလွန်ပင် အသုံးဝင်သော်လည်း “ဤသို့သောအရာ” အားဖြင့် ယနေ့အချိန်ကာလတွင် လူငယ်များကို အကူအညီလုံးဝမ ပေးနိူင်တော့ပေ။

“ဤသို့သောအရာ” ကိုအသုံးပြုသောအချိန်တွင် ယနေ့ကာလတွင် အသုံးလုံးဝမဝင်တော့သည့် အရာ များလည်းရှိပေသည်။ တနည်းအားဖြင့်ဆိုသော် ယေရှုက “သင်တို့သည် ဤသို့သောအရာတွင် ကျဆုံးလိမ့်မည်။ အကြောင်းမှာ အခြားသောအမှုကိစ္စတွင် အသုံးဝင်သော သင်တို့ရရှိသည့် တန်ခိုးဩဇာသည် ဤနေရာတွင် အသုံးမဝင်တော့ပေ” ဟုမိန့်ဆိုခဲ့သည်။ ၎င်းသည် သင့်အား “ဤသို့သောအရာ” ၏တန်ခိုးအောက်တွင်ရှိသော လူငယ်အားအကူအညီပေးရန်အတွက် အစွမ်းအစမဲ့ဖြစ်စေလိမ့်မည်။

အတိတ်ကာတွင် များစွာသောအရာလုပ်ဆောင်ခဲ့သကဲ့သို့ ယနေ့တွင် အသုံးမဝင်တော့သည်ကို သင်းအုပ်များက သတိပြုမိလာသည်ဟု ကျွန်ုပ်သိသည်။ သူတို့သည် စာတန်၏ “နည်းပရိယာယ်” ထက် နည်းစနစ်ပိုင်းဆိုင်ရာကိုသာလေ့လာနေကြသောကြောင့်ဖြစ်သည်။ (၂ ကော ၂း ၁၁ ) သူတို့သည် ဟောင်း သောလုပ်ဆောင်သည့်နည်းလမ်းထက် ကောင်းသည်မရှိသောနည်းလမ်းသစ်ထဲသို့ လွှဲကြသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် လူငယ်များကို အသင်းတော်တွင် ခိုင်မာသောအသင်းသားများဖြစ်လာအောင် ကျွန်ုပ်တို့လုပ် ဆောင်နိူင်မှုရှိမရှိကိုဆိုလိုသည်။ ဥပမာအားဖြင့်ဆိုရသော် အဖြေမှန် ဖန်ဆင်းခြင်းနှင့်ပါတ်သက်၍ ကမ္ဘာဦးကျမ်း ၏ဖော်ပြချက်သည်မှန်ကန်ပြီး ဆင့်ကဲ့ဖြစ်ပေါ်မှုသည်မှားယွင်းကြောင်း “သက်သေပြရန်” ဖြစ်သည်ဟုဆိုသည့် လူတစ်ယောက် ကျွန်ုပ်တို့တွင်ရှိသည်။ သူတို့က လူငယ်များ ယုံကြည်ပြောင်းလဲလာကြသည်။ ဆင်ကဲ့ပြောင်းလဲ မှုသည်မှားယွင်းကြောင်းသက်သေပြပြီး သူတို့လိုအပ်သောအဖြေကို ကမ္ဘာဦးကျမ်းအားဖြင့်ပေးနိူင်ခဲ့လျှင် အခြား သူများသည်လည်း ယုံကြည်လက်ခံလာကြမည်။ သူတို့က ဤနည်းစနစ်အားဖြင့် မျက်မှောက်ခေတ်အခြေအနေ ကို ချဉ်းကပ်နိူင်ကြမည်ဟု ယုံကြည်ကြသည်။

Dr. Lloyd-Jones က “လူတို့သည် ဝန်ချတောင်းပန်ခြင်းနှင့်ပါတ်သက်၍ သူတို့၏ယုံကြည်မှုကို ချုပ်ထားလာကြသောအခါ ၎င်းသည် ၁၈ ရာစုအစပိုင်းနှင့် အတူတူပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့အားသွန်သင်ပေး သောအရာသည် ခရစ်ယာန်ဘာသာကိုပြသသောအရာဖြစ်သော်လည်း ထိုသို့မလုပ်ဆောင်ကြပါ။ ဤသို့သော အရာသည် ထိုသို့သောနည်းလမ်းအားဖြင့် မည်သည့်အရာမျှပေါ်ထွက်လာနိူင်မည်မဟုတ်ပေ” ဟုဆိုထားသည်။

ထို့အပြင် အခြားကျဆုံးသောနည်းစနစ်မှာ ခေတ်သစ်ဘာသာပြန်ခြင်းပင်ဖြစ်သည် ကျွန်ုပ်တို့ကို လူငယ်များသည် ကိမ်းဂျမ်း (King James) ကိုနားမလည်ကြဟုဆိုကြသည်။သို့သောကြောင့် ကျွန်ုပ်တို့တွင် လိုအပ်သောအရာမှာ ခေတ်သစ်ဘာသာစကားအားဖြင့်ရေးသားသောကျမ်းစာပင်ဖြစ်သည်။ လူငယ်များလည်း ဖတ်ရှုကြမည်။ “၎င်းမှာ ခရစ်ယာန်ဘာသာပင်ဖြစ်သည်”ဟုဆိုကြသည်။ ထို့ပြင် အသင်းတော်လည်း လာကြပေမည်။ သို့ရာတွင် မည်သို့ပင်ဆိုစေ ထိုသို့လုံး၀ဖြစ်မလာပေ။ ဆန့်ကျင်ဘက်အရာများသာဖြစ်ပေါ်လေ့ ရှိသည်။ ကျွန်ုပ်သည် လူငယ်များနှင့် နှစ်ပေါင်း ၅၅ နှစ်လောက်အလုပ်လုပ်ကိုင်ခဲ့သည်။ ယနေ့ခေတ်သစ် ဘာသာပြန်ဆိုမှုများက လူငယ်များကိုဆွဲဆောင်မှုမရှိကြောင်းကို ကျွန်ုပ်ကောင်းကောင်းသဘောပေါက်နားလည် သည်။ ကျွန်ုပ်ကြားရသည့် လူအများပြောဆိုသည့်စကားမှာ “ ကောင်းကောင်အသံမမြည်ပါ။ သမ္မာကျမ်းစာကဲ့ သို့ ကောင်းကောင်းအသံမမြည်ပါ” ဟူ၍ဖြစ်သည်။

ကျွန်ုပ်သည် ခေတ်သစ်ဘာသာပြန်ကျမ်းစာအုပ်ကိုအသုံးပြုပြီး တရားဟောဘူးခြင်းမရှိသကဲ့သို့ နောက် တွင်လည်းအသုံးပြုဟောပြောမည်မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တို့အသင်းတော်ရှိလူငယ်များနှင့် ကမ္ဘာအရပ်ရပ်ရှိ လူငယ်များ အချိန်တိုင်းပြောင်းလဲလာကြသည်ကိုတွေ့ရသည်။ ခေတ်သစ်ဘာသာပြန်ကျမ်းစာအုပ်သည် မည်မျှ တန်ဖိုးရှိစေကာမူ ပြဿနာကိုဖြေရှင်းပေးနိူင်မည်မဟုတ်ပါ။ “ဤသို့သောအရာ” နှင့်လည်းအပ်စပ်မှုမရှိပါ။

သူတို့သည် မည်သည်ကို ဆက်လက်ကြိုးစားလုပ်ဆောင်ကြသနည်း။ ကြီးမားသည့်အရာတစ်ခုမှာ ခေတ်သစ်တေးဂီတပင်ဖြစ်ပေသည်။ “ကျွန်ုပ်တိုသည်တေးဂီတကိုမှန်ကန်စွာကိုင်တွယ်လုပ်ဆောင်လျှင် သူတို့ သည်ဘုရားကျောင်းဖြစ်လာပြီး ခရစ်ယာန်ဖြစ်လာကြပေမည်။” ယင်းသို့သောယူဆချက်မှာ စိတ်ပျက်ဝမ်းနည်း ဖွယ်ပင်ဖြစ်သည်။ထိုအရာအပေါ် ကျွန်ုပ်ထောက်ခံပေးစရာလိုအပ်ပါသလား။ လာအိုနိူင်ငံတွင် အသင်းတော်၏ လိုအပ်သော ထိုထိုသောအရာများကို ငှါးရမ်းထားသည့် တောင်ပိုင်းနှစ်ခြင်းအသင်းတော်ရှိသည်။ သင်းအုပ်သည် တီရှပ်အင်္ကျီကိုဝက်ဆင်ပြီး ခြေတင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူသည် အနည်းငယ်သောစ ကားကိုပြောတော်မမူမှီတွင် ရော့ခ်တေးဂီတများဖြင့် တစ်နာရီခန့်ဖျော်ဖြေမှုရှိသည်။ ကျွန်ုပ်တို့အသင်းလူကြီးက ၎င်းကိုသွားရောက်ကြည့်ရှုသည်။ သူသည် ထိတ်လန့်သွားခဲ့သည်။ သူက အစီအစဉ်သည် ဝိညာဉ်ရေားရာလုံး၀ မပါဘဲမှောင်မိုက်ပြီး ကြေကွဲဖွယ်ဖြစ်သည်ဟု ဆိုထားသည်။ ဆက်လက်၍ သူက ထိုသူတို့သည် ဝိညာဉ်များကို ရိတ်သိမ်းကြမည်မဟုတ်သကဲ့သို့ ကျွန်ုပ်တို့အသင်းတော်ရှိလူငယ်များက အပတ်စဉ်တိုင်းပြုသကဲ့သို့ ဆုတောင်း ပဌနာပြုကြမည်ဟု စိတ်ထဲမတွေးမိကြောင်းဆိုသည်။ တစ်နာရီဟူသည်မှာ ဆုတောင်းခြင်းမှအပ ဘာမျှမဟုတ် ပါ။ ထိုအရာကို မေ့ပစ်လိုက်ပါ။ သို့ဖြစ်သောကြောင့် ခေတ်သစ်တေးဂီတသည်လည်း “ ဤသို့သောအရာ” များကို နှင်ထုတ်ရန် မဖြစ်နိူင်ပေ။

၃။ တတိယအချက်မှာ ကျွန်ုပ်တို့တွင် နတ်ဆိုး၏တန်ခိုးတော်၏အောက်ခြေသို့သွားပြီး ၎င်းကို အစိတ်စိတ်အမြွှာမြွှာကွဲသွားစေမည့်အရာလိုအပ်သည်။ ထိုသို့လုပ်ဆောင်နိူင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏တန်ခိုးတော်ပင်ဖြစ်သည်။

Dr. Lloyd-Jones က “ကျွန်ုပ်တို့က ‘`ဤသို့သောအရာ’ သည်အဘယ်မျှလောက်ကြီးပါစေ ဘုရားသ ခင်၏တန်ခိုးတော်သည် သာ၍ကြီးမြတ်သည်ဟူ၍လည်းကောင်း၊ ကျွန်ုပ်တို့သိသောအရာသည် သာ၍ညာဏ်ပ ညာမရှိသည်ကိုလည်းကောင်း၊ သာ၍နားလည်မှုမရှိသည်ကိုလည်းကောင်း၊ ပို၍ကောင်းမွန်းသောအရာမဟုတ် သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် လူတို့၏စိတ်ဝိညာဉ်ထဲသို့ဝင်ရောက်ပြီး သူတို့ကို ကျိုးပဲ့စေရန်၊ ကောင်း မွန်စေရန်၊ နှိမ့်ချစေရန်၊ နှင့် အသစ်ပြုပြင်ရန် တန်ခိုးလိုအပ်ကြောင်းကို သတိပြုမိကြသည်ဟုဆိုသည်။ ထို့အပြင် ထိုအရာမှာ အသက်ရှင်သောဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်။” ထိုအကြောင်းအရာက ကျွန်ုပ်တို့အား ကျမ်းပိုဒ်ဘက်ဆီသို့ပြန်လည်သတိပြုမိစေသည်။

“အိမ်သို့ဝင်တော်မူပြီးမှ တပည်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့် ကြောင့်မနှင်ထုတ်နိူင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊ ကိုယ်တော် က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုး သည် မထွက်နိူင်ဟု မိန့်တော်မူ၏။” (မာကု ၉း ၂၈-၂၉ )

ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းပင်ဖြစ်သည်။ “ဤသို့သော” စာတန်၏တိုက်ခိုက်မှုကို ကျွန်ုပ်တို့အ သင်းတော်များအောင်မြင်နိုင်ရန်နည်းလမ်းအခြားမရှိပါ။ ယနေ့ကျွန်ုပ်တို့အသင်းတော်များသည် လူငယ်များကို မလွှမ်းမိုးနိူင်ကြပါ။ ကျွန်ုပ်တို့လုပ်ဆောင်နိူင်သောအရာကားအဘယ်နည်း။ “ဤသို့သောအရာသည် ဆုတောင်း ခြင်းနှင့်အစာရှောင်ခြင်းမှတပါး အခြားနည်းလမ်းမရှိပါ။”

လောက “ပညာတတ်” အချို့က “အကောင်းဆုံးစာပေများက ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအ ကြောင်းမပြောပါ”ဟုဆိုကြသည်။ သို့သော် ထို “ပညာတတ်များ” သည် နတ်ဆိုများအကြောင်းမည်မျှသိကြသ နည်။ ကျွန်ုပ်တို့လမ်းပေါ်နှင့် မြို့ထဲရှိကောလိပ်ကျောင်းဝင်းထဲမှ မကောင်းသောအရာများထွက်ပေါ်လာသည်အ ကြောင်းကို သူသိပါသလား။ ယခုအချိန်တွင် တရုတ်နိူင်ငံတွင် တွေ့ကြုံနေကြသော နိူးထမှုနှင့်ပါတ်သက်၍ မည်သည်ကို သူတို့သိကြပါသနည်။ ထိုအကြောင်းအရာတွေအကြောင်း သူတို့ဘာမွ်မသိရှိကြပါ။ ကျွန်ုပ်အသက် တာတွင် အပြစ်တရားကို ကွဲလွင့်စေသောနိူးထမှုကို အသက်တာတွင် သုံးကြိမ်တိုင်တိုင်မျက်မြင်တွေ့ခဲ့ရသည်။ ထိုနိူးထမှုများအကြောင်းနှင့်ပါတ်သက်၍ ဟောပြောရန်အခွင့်ထူးကြီး ကျွန်ုပ်ပိုင်ဆ်ိုင်ထားသည်။ သူတို့တွင် ဧဝံဂေလိလုပ်ငန်းနှင့်ပါတ်သက်၍ တွေ့ဆုံခြင်းအစည်းအဝေးလည်းမရှိပါ။ ဘုရားသခင်၏တန်ခိုးတော်သည် သူတို့အထဲတွင်ကျိန်းဝပ်ပြီး သူတို့ကိုချိုးဖဲ့၊ နှိမ့်ချစေပြီး ခရစ်တော်၌ အသစ်ပြုပြင်သောသူများဖြစ်မည့်အချိန် လည်းရှိသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် “အစာရှောင်ခြင်း” စကားလုံးကို ဖယ်ရှားသည် Gnostic မူရင်းစာမှ ဟောင်း သောမူရင်းစာကို လက်ခံအသုံးပြုမည်မဟုတ်။ ကျွန်ုပ်တို့က ခရစ်တော်မိန့်တော်မူသည့် “နှင့် အစာရှောင်ခြင်း” ကုိသိရွိကြသည်။ မည်သို့သိရှိသနည်း။ အကြောင်းရင်းနှစ်ခုအားဖြင့်သိရှိထားသည်။ ပထမအချက်မှာ တပည့်တော်များသည် အစောပိုင်းတွင် နတ်ဆိုးများနှင်ထုတ်သည့်အချိန်တွင် ဆုတောင်းကြသည်။ ထိုကြောင့် လိုအပ်သောအရာကို ထပ်ပေါင်းသည်။ ကျန်ရှိသောအရာမှာ အစာရှောင်ခြင်းဖြစ်သည်။ ဆုတောင်းခြင်းတစ်ခု တည်းသည်လုံလောက်သောအရာမဟုတ်ပါ။ ကျွန်ုပ်တို့သည် ၎င်းကို အတွေ့အကြုံအားဖြင့်လည်းသိရသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် အစာရှောင်ဆုတောင်းပြီး ကျွန်ုပ်တို့၏နှလုံးသားကို ကိုယ်တော်မျက်မှောက်တော် တွင် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်သွန်းလောင်းသောအခါတွင် ဘုရားသခင်လုပ်ဆောင်သောအ ရာကို မျက်ဝါးထင်ထင်တွေ့မြင်ရသည်။

ယခုတွင် Dr. Martyn Lloyd-Jones ၏ရေးသားချက်ကို ကိုးကားပြီးအဆုံးသတ်လိုပါသည်။ တရားဟောဆရာဖြစ်ခြင်းအရာ၊ ရှုမြင်မှုများဖြစ်သည်။ သူ့အတွက် ဘုရားသခင်ကိုချီးမွမ်းမိသည်။ အခြားနေရာ တွင် သူက ဤသို့ဆိုထားသည်။

ကျွန်ုပ်တို့သည် အစာရှောင်ခြင်းနှင့်ပါတ်သက်သည့်မေးခွန်းကို စဉ်းစားသင့်သည် ဟူသောအရာမှာ ကျွန်ုပ်တို့အသက်တာတွင်ဖြစ်ပျက်ဖူးသည် မဖြစ်ဖူးသည်ကို ကျွန်ုပ် အံ့ဩမိသည်။ အကြောင်းအရာတစ်ခုလုံးသည် ကျွန်ုပ်တို့အသက်တာနှင့် ခရစ်ယာန် အတွေးအခေါ်တစ်ခုလုံးတွင် ယိုထွက်သွားဟန်ရှိသည့်အချက်ပင်မဟုတ်ပေဘူလား။

ထို့အပြင် ထိုအရာသည် အခြားသောအရာများထက် “ဤအရာ” ကို ကျွန်ုပ်တို့မအောင်မြင်သည့် အကြောင်းတ ရားပင်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် နောက်တပတ်စနေနေ့တွင် အသင်းတော်၌ အစာရှောင်ဆုတောင်းခြင်းလုပ်ဆောင်ရန် တောင်းဆိုပါသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် အသင်းတော်သို့လာ၍ ဧဝံဂေလိလုပ်ဆောင်ခြင်းမပြုမှီ စားသောက်ကြမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အသင်းတော်သို့လာသော်လည်းမပြောင်းလဲသေးသောလူငယ် များ၏ကယ်တင်ခြင်းအတွက် အစာရှောင်ပြီးဆုတောင်းကြမည်။ အသင်းတော်သို့များစွာသော လူငယ်များ လာရောက်နိူင်ရန်အတွက်လည်း အစာရှောင်ဆုတောင်းကြမည်။

ယခု ကျွန်ုပ်တို့၏အစီအစဉ်ကို ခရစ်တော်၏အကြောင်းအနည်းငယ်အားဖြင့်အဆုံးသတ်လိုသည်။ ကျွန်ုပ်တို့၏လိုအပ်ချက်တိုင်းသည် ထိုယေရှုခရစ်တွင် စုံလင်ပေသည်။ ဟေဗြဲဩဝါဒစာစောင်က ဤသို့ဆိုထား သည်။

“ယေရှုသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသောအခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့် ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက် ရှိသည်ကို ငါတို့မြင်ကြ၏။ ထို့ကြောင့်၊ ခရစ်တော်သည် လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီ ရင်၍၊ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ပြည့် စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့်လုံးလုံးတူရသော အကြောင်းရှိ၏။” ((ဟေဗြဲ ၂း ၉၊ ၁၇ )

အာမင်…..။

ဘုရားသခင်၏သားတော်ယေရှုခရစ်သည် အပြစ်သားတို့၏ကိုယ်စားခံအဖြစ် အပြစ်သားတို့၏နေရာ တွင် နေရာယူအသေခံခဲ့သည်။ သင်သည် ခရစ်တော်ထံပါးတွင် လက်မြှောက်တိုးဝင်ချဉ်းကပ်သည်နှင့်တပြိုင် တည်း လက်ဝါးကပ်တိုင်၌ခရစ်တော်၏အသေခံခြင်းအားဖြင့် သင်၏အပြစ်များကို ဆေးကြောပယ်ဖျက်ပေးတော် မူခဲ့သည်။ ကယ်တင်ရှင်အပေါ်မိမိကိုယ်ကိုပုံအပ်လာသောအခါ ခရစ်တော်၏အဖိုးထိုက်သောအသွေးတော်အား ဖြင့် သင်၏အပြစ်ရှိသမျှသည် ဘုရားသခင်၏မှတ်တမ်းတွင် ချေဖျက်ဆေးကြောတော်မူခဲ့သည်။ ၎င်းမှာ ခရစ်တော်ကိုယုံကြည်ကိုးစားလျှင် သူ့အားဖြင့်အပြစ်တရားမှ ကယ်လွှတ်ခြင်းရရှိမည့်အကြောင်းဆုတောင်းရ သည့်အကြောင်းပင်ဖြစ်သည်။ အာမင်၊ အာမင်။ သင်၏သီချင်းစာရွက်ရှိ နောက်ဆုံးသီချင်းကို ကျေးဇူးပြုပြီး မတ်တပ်ရပ်ချီးမွမ်းကြရအောင်၊

ကျွန်ုပ်ရှိသည်အတိုင်း၊ ကျေနပ်စေသောအရာမရှိလည်း
ကိုယ်တော့်အသွေးတော် ကျွန်ုပ်အတွက်သွန်းလောင်း
သွန်းလောင်းသောအသွေးတော်မြတ် ကျွန်ုပ်အသက်ရှင်ခြင်း
ဘုရားသခင်၏သိုးသူငယ်၊ ကျွန်ုပ်လာပြီ၊ ကျွန်ုပ်လာပြီ။
(Charlotte Elliott ၁၇၈၉-၁၈၇၁ ရေးသားသည့် “ရှိသည့်အတိုင်း” )

(တရားဒသေနာနိဂုံး)



solo

တရားဒေသနာမတိုင်မှီသမ္မာကျမ်းစာဖတ်ခြင်းကို Mr. Abel Prudhomme က ဆောင်ရွက်သည်။ မာကု ၉း ၃၇-၄၅
တရာဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က“တန်ခိုးတော်ဟောင်း”တေးသီချင်းဖြင့်ချီးမွမ်းသည်။ (တေးရေး - Paul Rader ၁၈၇၈-၁၉၃၈ )ဤသို့သောအရာအကျဉ်းချုပ်

အခွပွေုကမျြး

ဤသို့သောအရာ

(နိူးထမှုနှင့်ပါတ်သက်၍ တရားဒေသနာနံပါတ်-၁)

By Dr. R. L. Hymers, Jr.

“အိမ်သို့ဝင်တော်မူပြီးမှ တပည်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ့် ကြောင့်မနှင်ထုတ်နိူင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊ ကိုယ်တော် က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုး သည် မထွက်နိူင်ဟု မိန့်တော်မူ၏။” (မာကု ၉း ၂၈-၂၉ )

မာကု ၉း ၁၈

၁။ ပထမအချက်မှာ “ဤသို့သောအရာ” ဖြစ်သည်။ တမန် ၂၆း ၁၈၊ ဧဖက် ၆း ၁၂၊ ၂း ၂

၂။ ဒုတိယအချက်မှာ ကျဆုံးသောနည်းစနစ်များဖြစ်သည်။ ၂ကော ၂း ၁၁

၃။ တတိယအချက်မှာ ကျွန်ုပ်တို့တွင် နတ်ဆိုး၏တန်ခိုးတော်၏အောက်ခြေသို့သွားပြီး ၎င်းကို အစိတ်စိတ်အမြွှာမြွှာကွဲသွားစေမည့်အရာလိုအပ်သည်။ ထိုသို့လုပ်ဆောင်နိူင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏တန်ခိုးတော်ပင်ဖြစ်သည်။ ဟေဗြဲ ၂း ၉၊ ၁၇