Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ယနေ့ကမ္ဘာလောကရှိ နတ်ဆိုးများ

(ကမ္ဘာဦးကျမ်းနှင့်ပါတ်သက်၍ တရားဒေသနာ -၇၉ )

၂၀၁၄ ခုနှစ်၊ မေလ ( ၂၅ ) ရက်၊ သခင်ဘုရား၏နေ့ရက်နံနက်ပိုင်းတွင် လောဒ့်အိမ်ဂျယ်လ်ရှိ
အသင်းတော်တွင်ဟောကြားခဲ့သော ၏
တရားဒေသနာဖြစ်သည်။
by Dr. R. L. Hymers, Jr.
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 25, 2014

“မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍၊ သမီးများကိုလည်းရကြသောအခါ၊ ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကို မြင်၍၊ ကိုယ်စိတ်ရှိသည်အ တိုင်း စုံဘက်ကြ၏။” (ကမ္ဘာဦး ၆း ၁-၂ )

ဤကျမ်းပိုဒ်ကို ဖတ်ရှုလေ့လာထားပါ။ ဤကျမ်းပိုဒ်နှစ်ခုကို ကျွန်ုပ်မရှင်းပြမှီ ယနေ့မကောင်းသောအမှု များ၏အဓိကအကြောင်းအရာတစ်ခုကိုပေးထားလိုပါသည်။ ကျွန်ုပ်တို့သည် လွန်ခဲ့သည့်တနင်္ဂနွေနေ့တွင် ယေရှု ခရစ်ပေးထားခဲ့သောပရောဖက်ပြုချက်ကိုလေ့လာခဲ့ပြီး ထိုအကြောင်းအရာကိုပင် ဆက်လက်လေ့လာရပေမည်။

တပည့်တော်များက “ကိုယ်တော်သည်ကြွလာ၍ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်” (မဿဲ ၂၄း ၃ )ကိုအမိန့်တော်ရှိရန်တောင်းဆိုခဲ့ကြသည်။ ခရစ်တော်သည် နိမိတ်လက္ခဏာပေါင်းများ စွာကို သူတို့အားပေးခဲ့သည်။ သို့သော် သူသည် အခြားအရာအားလုံးကို ခြုံငုံထားသည့် ကြီးမားသည့် နိမိတ်လက္ခဏာတစ်ခုကိုပေးထားခဲ့သည်။ ခရစ်တော်က ဤသို့မိန့်တော်မူခဲ့သည်။

“လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။” (မဿဲ ၂၄း ၃၇ )

ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအချိန်နှင့်ခေတ်ကာလကုန်ဆုံးချိန်မတိုင်မှီဖြစ်ပေါ်လာမည့်အခြေအနေကို ကျွန်ုပ်တို့ အမှန်တကယ်သိရှိလိုသော် ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာမှာ ရေလွှမ်းမိုးခြင်းအတိုင်မှီ နောဧလက် ထက်၌ဖြစ်သကဲ့သို့ဖြစ်မည်အကြောင်းဖတ်ရှုလေ့လာရန်ဖြစ်ပေသည်။ ၎င်းဖော်ပြချက်ကို သမ္မာကျမ်းစာ အခန်း ၃ ခန်းဖြစ်သည့် ကမ္ဘာဦး ၄၊ ၅၊ ၆ တွင် ပေးထားသည်။

လွန်ခဲ့သည် တနင်္ဂနွေညက ကျွန်ုပ်ပြောဆိုခဲ့သကဲ့သို့ ကမ္ဘာဦးအခန်းကြီး ၅ ရှိ ဘိုးဘေးများခေတ်သည် ယုံကြည်ခြင်းကြီးထားသည့်အချိန်ကာလမဟုတ်ဘဲ မှားယွင်းသောအယူဝါဒများကြီးထားနေချိန်ဖြစ်သည်။ ထိုအခန်းရှိ ဘိုးဘေးများသည် ဝိညာဉ်ရေးရာခေါင်းဆောင်များမဟုတ်ကြပေ။ ၎င်း၏အဆိုအရာ သူတို့သည် အသက်ရှင်ပြီး သားသမီးများကို ထိမ်းမြားကာ အသက်ဆုံးရှုံးကြသည်။ ဤဘိုးဘေးတို့၏စာရင်းအရ လမ်းထက်ဝက်တွင် တစ်စုံတစ်ခုကိုနောက်ဆုံးလုပ်သောသူရှိသည်။ ၎င်း၏နာမည်မှာ ဧနောက်ဖြစ်သည်။ သူက သခင်ဘုရားသည် “ ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူရန်” ကြွလာတော်မူမည် ဟုဆိုကာ ထိုခေတ်ကာ လကမှားယွင်းသောအယူဝါဒများကို ဆန့်ကျင်ဟောပြောခဲ့သည်။ (ယုဒ ၁၅ ) သူသည် လာလတံ့သော ရေလွှမ်းမိုးခြင်းအကြောင်းအရာကို ဟောပြောခဲ့သည်။ ထို့ပြင် သမ္မာကျမ်းစာက “ နောဧသည် ဘုရားသခင်နှင့် အတူသွားလာတော်မူသည်” (ကမ္ဘာဦး ၅း ၂၂ )ဟု မှတ်တမ်းတင်ထားသည်။ နောဧ အထိ အဘယ်ဘိုးဘေးမျှ ဘုရားသခင်နှင့်အတူသွားလာခြင်းမရှိပေ။ ( ကမ္ဘာဦး ၆း ၉ ) နောဧနှင့် ဧနောက်မှအပ အဘယ်ဘိုးဘေးမျှ ဟေဗြဲကျမ်း ၁၁ ကဖော်ပြထားသည့် ယုံကြည်ခြင်းရှိသောသူများထဲတွင်ပါဝင်ခြင်းမရှိပေ။ ထို့ကြောင့် ကမ္ဘာဦး ၅ ကာလသည် မှားယွင်းသောအယူဝါဒများ ကြီးထွားသည့် အချိန်ကာလပင်ဖြစ်သည်။

အနက်ဖွင့်ကျမ်းရေးသားသူများက “ ဘုရားသခင်၌မွေ့လျော်သော ရှေသအမျိုးအနွယ်” နှင့် “ ဘုရားတ ရားမဲကျင်လည်သော ကာဣနအမျိုးအနွယ်” အကြောင်းကိုပြောဆိုရေးသားခဲ့ကြသည်။ သို့ရာတွင် ထိုနေရာ တွင် သမ္မာကျမ်းစာသွန်သင်မှုတွင် စာလုံးတစ်လုံးတည်းမရှိပါ။ ကာဣနမှ ဆင်းသက်လာသောလူမျိုးနှင့် ရှေသမှဆင်းသက်လာသောလူမျိုးဟူ၍ လူမျိုးနှစ်မျိုးရှိသည်။ သူတို့သည် ဘုရာမဲ့တရားမဲ့များဖြစ်ကြသည်။ သူတို့အားလုံးသည် ရေလွှမ်းမိုးခြင်းတွင်ပျက်စီးခဲ့ကြသည်။ ကနဦးဂျူးဓမ္မဆရာများက ဘိုးဘေးတို့ခေတ်ကို မှားယွင်းသောအယူဝါဒများကြီးထွားသည့် အချိန်ကာလဟုခေါ်ဝေါ်ကြသည်။ ၎င်းမှာ ကျွန်ုပ်တို့၏ အခြေပြုကျမ်း အရ ကျွန်ုပ်တို့အား အပြစ်တရားနှင့် မှားယွင်သောဩဝါဒဆီပို့ဆောင်ပေးသောအရာဖြစ်သည်။ ကမ္မာဦး ၆း၁-၂ ကို ဆက်လက်လေ့လာကြပါစို့။

၁။ ပထမအချက်- နတ်ဆိုးများလှုပ်ရှားလုပ်ဆောင်သောအချိန်ကာလဖြစ်သည်။

“မြေကြီးပေါ်မှာ လူတို့သည်များပြား၍ ၊ သမီးများကိုလည်းရကြသောအခါ၊ ဘုရားသ ခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။ထာဝရဘုရားကလည်း၊ ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးရ။ အကြောင်းမူကား၊ လူတို့သည် အသားဖြစ်ကြ၏၊ သူ၏အသက်တန်သည်လည်း၊ အနှစ်တစ်ရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။ ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ် ကြီးမားသောသူအချို့ရှိကြ၏။ ထို့နောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူ့သမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူဖြစ်ကြ၏။” (ကမ္ဘာဦး ၆း ၁-၅ )

ဤအကြောင်းအရာမှာ “ ကာဣနအမျိုးအနွယ်က ရှေသအမျိုးအနွယ်ကို လက်ထပ်ထိမ်းမြားခြင်းဖြစ် သည်” ဟု Scofield ၏မှတ်စုကဆိုထားသည်။သို့ရာတွင် ၎င်းမှာစုမှာ မှားယွင်းပေသည်။ “ဘုရားသခင်၏သား များ” မှာ “လူ့သမီးများ” နှင့် ကာမဆက်ဆံမှုရှိသော ကျဆုံးသည့်ကောင်းကင်တမန်များသာဖြစ်သည်။ ဒေါက်တာ Ryrie က “ဘုရားသခင်၏သားများ” ဟူသည့်စကားစုမှာ ဓမ္မဟောင်းကျမ်းတွင်ကောင်းကင်တမန်များ ကို ရည်ညွှန်းပြောဆိုသောအခါ အသုံးပြုသည်၊ ထိုအခြေအနေတွင် သူတို့သည် လူ့အမျိုးသမီးများနှင့်ပေါင်းဖတ် ပြီး လူ့မျိုးဆက်ကို တည်စေကြသည် ဟုဆိုထားခဲ့သည်။” (ကမ္ဘာဦးကျမ်း ၆း ၂ နှင့်ပါတ်သက်၍ Ryrie ၏ သမ္မာ ကျမ်းစာလေ့လာခြင်းမှတ်စု) ဇစ်မြစ်အဖြစ် ရှင်ယုဒ ၆ နှင့် ၇ ကို အခြေပြုကိုးကား၍ ဒေါက်တာ M. R. DeHaan က “ သူတို့၏ပထမနေရာမှကျဆုံးလာသော ဤကောင်းကင်တမန်များသည် တချိန်က သန့်ရှင်းသောကောင်း ကင်တမန်များဖြစ်ကြသည်၊ သူတို့ပြစ်မှားသောအပြစ်မှာ သောဒုံမြို့သားတို့ဖြစ်မှားသည့် ကိုယ်ကာယအလိုသို့ လိုက်ခြင်း၊ ကာမဂုဏ်၌မွေ့လျော်ခြင်း၊ ဘုရားသခင်၏တရားစီရင်ခြင်းကိုဆောင်ယူလာသည့် အရာများနှင့် ဆက် ဆံခြင်းကဲ့သို့သောအပြစ်ပင်ဖြစ်သည်” ဆိုထားပေသည်။ (M. R. DeHaan, M.D., နောဧ၏ခေတ်ကာလ, Zondervan ပုံနှိပ်လုပ်ငန်း၊ ၁၉၆၃၊ စာ-၁၄၄ )

ဤအရာသည်ပင် ရှေးဂျူးဓမ္မဆရာများ၏ရှုထောင့်ဖြစ်ပြီး ကျွန်ုပ်သည်လည်းမှန်ကန်သည်ဟုယူဆမိ သည်။ သို့ရာတွင် ကျမ်းတတ်ပညာရှင်များက ကျဆုံးသောကောင်းကင်တမန်များ ( ယခုအချိန်တွင် နတ်ဆိုးများ ဖြစ်ကြသည် ) သည် လူ့သမီးများနှင့် ကာမဆက်ဆံနိူင်သည့်အကြောင်းတရားကို အံ့ဩမင်သက်သွားကြသည်။

တရုတ်နှစ်ခြင်းအသင်းတော်၌ ကျွန်ုပ်၏နှစ်အတန်ကြာသင်းအုပ်ဆရာဖြစ်သူမှာ ဒေါက်တာ တိမောသေ လင်း ဖြစ်ပါသည်။ သူသည် ဓမ္မဟောင်းအထူးပြုကျောင်းသားတစ်ဦးဖြစ်ခဲ့သူသာမကဘဲ New American Standard Version (NASV ) ကိုဘာသာပြန်ဆိုသူတစ်ဦးလည်းဖြစ်ပါသည်။ ထို့အပြင် ကွန်ဆာဗေးတစ် ကျောင်းများစွာတွင်လည်း သင်ကြားပို့ချပေးပါသည်။ ဒေါက်တာ လင်းက ကောင်းကင်တမန်များ လူသားအမျိုး သမီးများကို မိန်းမများအဖြစ်ယူခဲ့ကြသည့်နည်းဟန်၏အဖြေကို အကြံပေးထားခဲ့သည်။ သူက ကျဆုံးသော ကောင်းကင်တမန်များသည် လူထဲသို့ပူးကပ်ပြီး နတ်ပူးသောလူများသည် မိန်းမများနှင့်ကာမဆက်ဆံကြသည် ဟုဆိုထားပေသည်။ ၎င်းအပြင် သူ၏မိန့်ဆိုချက်မှာ “ ဤဆိုးသွင်းပြီး ကျဆုံးသည့်ကောင်းကင်တမန်များသည် ကိုယ်ကျင့်တရားပိုင်းတွင် အလွန်ဆိုးသွင်းသော နတ်ဆိုး၏လွှမ်းမိုးခြင်းကို ခံရသည့်ကလေးများကို မွေးထုတ်နိူင် ကြသည်” ဟုဆိုထားသည်။ ( တိမောသေ လင်း၊ Ph.D., ကမ္ဘဦးကျမ်း - သမ္မာကျမ်းစာ သီအိုလော်ဂျီ၊ Biblical Studies Ministries International ၊ ၂၀၀၂၊ စာ-၉၆-၉၇၊ ) ဒေါက်တာလင်း၏ပြောဆိုချက်မှာ ဤသို့ဖြစ်သည်။

စာတန်သည် လူ့သားများအပေါ်သူ၏လှည့်စားမှူကို ပို၍ပွင့်လင်းစေသောကြောင့် သူအစောပိုင်းတွင် ပြောင်းလဲစေသောလူသားများကို သာ၍ဆိုးသွင်းစေရန် ကာမပိုင်းဆိုင်ရာတောင့်တမှုကိုပေးတော်မူခဲ့သည်။ ဤခေတ်ကာလတွင် ဇာတ်ကွဲ လက်ထပ်ထိမ်းမြားခြင်းသည် လက်ထပ်ထိမ်းမြားခြင်းနှင့်ဆိုင်သောဘုရားသခင်၏ မူရင်းရည်ရွယ်ချက်ကိုပျက်စီးယိုယွင်းစေသည်သာမက တွေးတောဆင်ခြင်သောအ ရာထက်ပို၍လေးနက်သောအရာကိုဖြစ်ပေါ်စေသည်။ ၎င်းက ဘုရားသခင်၏သား များသည့် လူသားမျိုးနွယ် တစ်ဆင့်နိမ့်ကျစေရန်အတွက် ဘုရားသားများက လူ့သမီးများနှင့်ပေါင်းသင်းနေထိုင်ခြင်းအကြောင်းကိုဖြစ်စေသည်။ ၎င်းသည် အောင်မြင်မှုရှိပေသလား။ လူသားသည် လူသားမျိုးစေ့မဟုတ်တော့ဘဲ ကတိတော် ကယ်တင်ရှင် လူ့ဇာတိခံယူသည့်နည်းလမ်းကိုငြင်းပယ်လျက် စာတန်၏ မျိုးစေဖြစ် သွားရသည်။
     စာတန်၏နည်းဗျူဟာသည် ကမ္ဘာပေါ်ရှိလူသားအားလုံးအပေါ်လွှမ်းမိုးလာ သည်။ လူတို့သည် နောဧ သင်္ဘောထဲသို့ဝင်သည့်တိုင်အောင် “သောက်စားခြင်း” နှင့် “လက်ထပ်မင်္ဂလာဆောင်နှင်းခြင်း” များတွင်သာ ပျော်မွေ့နေကြသည်။ (မဿဲ ၂၄း ၃၈ ) ထို့အပြင် “လောကကြီးသည် မကောင်းသောအမှုအရာများဖြင့် ပြည့်လျှံနေသည်။” (ကမ္ဘာဦး ၆း ၁၁၊ ၁၃ ) ဤခေတ်ကာလ၌ ဆိုးသွင်းခြင်း၊ ညစ်ညူးခြင်း၊ ပျက်စီးယိုယွင်းခြင်းများကိုဖြစ်စေသည့် စာတန်၏အဓိကတန်ဆာပ လာမှာ ထိုခေတ်ကလတွင် လူတို့ကို ဖျက်ဆီးသော “ဘုရားသခင်၏သားများ” အားဖြင့် ပုန်ကန်ခြင်းနှင့် နှောက်ယှက်ခြင်းပင်ဖြစ်သည်။ ( ထပ်၍ )

ယခုတွင် ကမ္ဘာဦးကျမ်း ၆း၄ ကို ထပ်၍လေ့လာကြပါစို့။

“ထိုကာလ၌၊ မြေကြီးပေါ်တွင် ကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ထို့နောက်၌ လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူ့သမီးတို့နှင့်ဆက်ဆံ၍ရသောသားတို့သည် အားကြီးသောသူ၊ ရှေးကာလမှစ၍ကျော်စောသောသူဖြစ်ကြ၏။” (ကမ္ဘာဦး ၆း ၄ )

KJV သမ္မာကျမ်းစာအုပ်က ဤနတ်ဆိုးစွဲသူများ၏သားများကို “ဘီလူးများ”ဟုသာခေါ်ဝေါ်သည်။ ၎င်းမှာ ရှေးဓမ္မဆရာများက ဟေဗြဲဘာသာစကားဖြစ်သည့် “nephilim” ကိုမှားယွင်းစွာပြန်ဆိုခြင်းမှဆင်းသက်လာသည့် မရှုမလှအနက်ဖွင့်ဆိုခြင်းဖြစ်သည်။ သူတို့သည် ဟေဗြဲကို ဂရိသို့ ဆပ်တူးဂျင်းတွင် “gigantes” (ဘီလူးများ) ဟု ဘာသာပြန်ဆိုထားပေသည်။ ဟေဗြဲစကားလုံး “nephilim” သည် “ဘီလူးများ”ဟုအဓိပ္ပါယ်မရှိဘဲ “ကျဆုံးသောသူများ” ဟုသာအဓိပ္ပါယ်ရှိသည်။ ဒေါက်တာ ဟင်နရီ အမ် မော်ရိ(စ်) က“ဖြစ်နိူင်ခြေသဘောတရား နှင့်ညီသော အဓိပ္ပါယ်မှာ ကျဆုံးသူများဖြစ်၍ ၎င်းမှာ ကျဆုံးသောကောင်းကင်တမန်များပင်ဖြစ်ကြသည်၊ ဤခေတ်ကာလ၌ နတ်ဆိုး၏ထိန်းချုပ်မှုခံယောက်ျားများနှင့်မိန်းမများ၏သားသမီးများသည် [ nephilim သို့မဟုတ် ကျဆုံးသောကောင်းကင်တမန်များ] ဖြစ်နိူင်ပေသည်။ ( Henry M. Morris, Ph.D., ကမ္ဘာဦးကျမ်းမှတ်တမ်း၊ Baker Book House, ၁၉၈၆ ၊ စာ ၁၇၂၊ ကမ္ဘာဦး ၆း ၂ မှတ်စုတို ) ထို့ကြောင့် ကမ္ဘာဦး ၆း ၂ ကို ဤသို့အနက်ဖွင့်နိူင်ပေသည်။ “ ထိုခေတ်ထိုကာလတွင် ကမ္ဘာပေါ်၌ ကျဆုံးသောကောင်းကင်တမန် များရှိကြသည်။ ထို့နောက်တွင် ဘုရားသခင်၏သားများ ( နတ်ဆိုးစွဲသောသူ) သည် လူ့သမီးများထံပေါင်းသင်း ဆက်ဆံလာကြပြီး ကလေးများမွေးဖွားလာကြသည်။” ရေလွှမ်းမိုးခြင်းမတိုင်မှီ ဤကာလ၏အဆုံးပိုင်းတွင် လူသားမျိုးနွယ်တစ်ခုလုံးသည် နတ်ဆိုးများဖြင့်ဖွဲ့စည်းထားပြီး နတ်ဆိုးစွဲသောသူများဖြစ်လာကြပေသည်။ စာတန်၏လုပ်ဆောင်ချက်သည် အောင်မြင်လုနီးဖြစ်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးခါနီးဖြစ်ပေ သည်။ ခရစ်တော်၏ကြွလာခြင်းကို ဟန့်တားခါနီးပင်ဖြစ်ခဲ့သည်။ ဤနတ်ဆိုးစွဲသောသူများအကြောင်းကို ကမ္ဘာဦး ၆း ၅ တွင်တွေ့မြင်ရပေသည်။ စာတန်၏လုပ်ဆောင်ချက်ကို ဟန့်တားနိူင်သောအရာကားအဘယ်နည်း။ ကမ္ဘာဦး ၆း ၈ ကို လေ့လာကြည့်ကြပါစို့။

“နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့်တွေ့သောသူဖြစ်သတည်။” (ကမ္ဘာဦး ၆း ၈ )

နောဧနှင့် သူ၏မိသားစုဝင်များသည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် နတ်ဆိုးစွဲခြင်းမှ လွတ်မြောက်ခဲ့ကြ သည်။ “ကျဆုံးသောကောင်းကင်တမန်များ” ကို ဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကိုစေလွှတ်ခဲ့သော်လည်း သူတို့ကို စောင့်ထိန်းတော်မူခဲ့သည်။ သင်သည် ဘုရားသခင်၏ရွေးကောက်ခြင်းကိုခံရသောသူဖြစ်လျှင် ကြောက်ရွှံ့ရန်မ လိုတော့ပေ။ အကြောင်းမှာ ဘုရားသခင်၏ကျေးဇူးတော်သည် စာတန်နှင့် သူ၏အပေါင်းအပါနတ်ဆိုးများထက် ပို၍ခိုင်မာစေသည်။ မတင်လူသာက “ ဤကမ္ဘာကြီးသည် မကောင်းမှုများဖြင့်ပြည့်နှက်နေလျက် ကျွန်ုပ်တို့အား ပျက်စီးစေရန်ကြိုးစားခြောက်လှန့်နေလည်း ကြောက်ရွံ့နေမည်မဟုတ်၊ အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် သူ၏နှုတ်ကပါတ်တော်ကို အောင်မြင်စေလိုသည်”ဟု ဆိုထားပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် အမှန်တကယ်ပြောင်းလဲသောသူမဟုတ်ခဲ့လျှင် ထိတ်လန့်ဖွယ်ပင်ဖြစ်သည်။ ထိုအချက်က ကျွန်ုပ်တို့အား အချက်နှစ်ချက်ကို ဖြစ်စေသည်။

၂။ ဒုတိယအချက်- ကျွန်ုပ်တို့သည် စာတန်၏ကြီးကြီးမားမားလုပ်ဆောင်သည့်အချိန်ကာလတွင် အသက်ရှင်ကြသည်။

ဤအရာက ကျွန်ုပ်တို့အား သခင်ခရစ်တော်၏ပရောဖက်စကားကိုပြန်လည်အမှတ်ရစေသည်။ ယင်းမှာ

လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ( မဿဲ ၂၄း ၃၇ )

ဒေါက်တာ အမ်အာရ်ဒေဟန်က ဤသို့ဆိုထားသည်။

ယနေ့ခေတ်ကာလတွင် နောဧခေတ်နှင့်တူညီသောအရာတစ်စုံတစ်ခုတွေ့မြင်နိူင်ပါသ လား။ သေချာသောအရာတစ်ခုမှာ ဘုရားသခင်၏နှုတ်ကပါတ်တရားတော်ကို ငြင်းပယ်လစ်လျှူရှုပြီး ဝိညာဉ်ရေးရာမျက်စိကန်းခြင်းနှင့် နောဧလက်ထက်၌ကဲ့သို ထပ်ခါထပ်ခါသတိပေးထားခြင်းကို သတိပြုရန်ပျက်ကွက်ခြင်းပေတည်း။( အမ်အာရ် ဒေဟန်၊ နောဧခေတ်ကာလများ ၊ Zondervan Publishing House၊ ၁၉၇၁၊ စာ-၁၄၉)

စာတန်၏တွန်းအားများသည် နောဧလက်ထက်တွင် တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားခဲ့သည်သာမက လူသားမျိုး နွယ်စုတစ်ခုလုံးသည်လည်း ပျက်စီးလုနီးပါးဖြစ်ခဲ့သည်။

ကျွန်ုပ်ဘဝအသက်တာတွင် ကမ္ဘာအနှံအပြားတွင် စာတန်၏တန်ခိုးများတိုးပွားလာသည်ကို မြင်တွေ့ရပေသည်။ ၁၉၆ဝခုနှစ်ဝန်းကျင်များတွင် လောကကြီးသည် ပျက်စီးခြင်းဓါးသွာထက်တွင်ရှိနေခဲ့သည်ဟု ခံစားရပေသည်။ များစွာသောလူငယ်လူရွယ်တို့သည် အယ်အက်စ်ဒီ ကဲ့သို့သော မူးယစ်ဆေးဝါးသုံးဆောင်ခြင်း အားဖြင့် မိမိကိုယ်ကို စာတန်လက်သို့အပ်နှံကြသည်။ ယနေ့ခေတ်ကာလတွင်လည်းမူးယစ်ဆေးဝါးသုံးစွဲလျက် သကြားလုံးကဲ့သို့ နာကျင်မှုမဲ့လျက်ရှိဟန်တူသည်။ ကျွန်ုပ်သည် ၁၉၇၀ ဝန်းကျင်၌ ဆန်ဖရန်စစ်စကိုတွင် ဟစ်ပီလူများကြားတွင် တရားဟောခဲ့သည်။ ကျွန်ုပ်၏ကိုယ်ပိုင်အတွေ့အကြုံအားဖြင့်ပြောဆိုရမည်ဆိုလျှင် ထိုကလေးငယ်အများစုသည် နတ်ဆိုး၏လွှမ်းမိုးမှုအောက်တွင်ရှိနေကြပြီး နတ်ဆိုးစွဲသောသူအများကိုလည်း တွေ့မြင်ခဲ့သည်။ ၁၉၇၃ခုနှစ်တွင် အမေရိကန်ပြည်တောင်စု တရားရုံးက သားဖျက်ချခြင်းကို တရားဝင်တောင်း ဆိုသွားခဲ့သည်။ ထိူအချိန်မှ၍ ၅၅သန်းသောကလေးများသည် နတ်ဆိုးစွဲသောဆရာဝန်းများအားဖြင့်ဖျက်ချခြင်း ကို ခံစားကြရသည်။ ကျွန်ုပ်တို့သည် ကလေးသူငယ်များကို ဆန်ဖရန်စစ်စိကိုနှင် လော့ဒ်အိမ်ဂျယ်လ်အတွင်းပိုင်း တွင် ရှာဖွေပြုစုခဲ့ကြသည်။ ယနေ့တွင် ဤအမျိုးသားများနှင့်နတ်ဆိုးစွဲသောသူများသည် ဘရက်အိုဘားမားကို ဒုတိယသမ္မတသက်တမ်းထားပေးသောမဲ့ဆန္ဒပေးသူများကလုပ်ဆောင်ပေသည်။ မစ္စတာအိုဘားမားသည် စာတန်ပိုင်ဆိုင်သည့် အယူအဆများစွာရှိသည်။ သူသည် ရေဒီယိုအစီအစဉ်တွင် အမေရိကန်ကို ဘုရားသခင်က ပြစ်တင်ရှုတ်ချသည်၊ပြစ်တင်ရှုတ်ချသည်၊ ပြစ်တင်ရှုတ်ချသည် ဟုအော်ဟစ်ပြောဆိုသောသူ ဒေါက်တာ ယေရမိရိုက်၏အသင်းတော်တွင် (၂၁ ရက်) တက်ရောက်စဉ်အတွင် နတ်စွဲသည်ဟု ကျွန်ုပ်ယုံကြည်နိူင်သည်။ တစ်စုံတစ်ယောက်သည် နတ်စွဲသူမဖြစ်ဘဲ သူ၏အသင်းတော်သို့ ၂၁နှစ်လုံးလုံး အပတ်တိုင်းလိုလိုတက်ရောက် နိူင်သည်ကို ကျွန်ုပ်နားမလည်နိူင်ပါ။ သမ္မတသည် ခရစ်ယာန်းများထက် တက်ကြွသောမွတ်စလင်များနှင့် ပို၍အခြေအနေကောင်းမွန်ဟန်ရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။ သူတိုသည် တူညီသောမကောင်းသည့်စိတ် သဘောအားဖြင့်အတူတကွပေါင်းစည်းကြဟန်ရှိသည်။

တက်ကြွသောလ္လင်တူပေါင်းသင်းခြင်းပေါများလာခြင်းနှင့် “လ္လင်တူလက်ထပ်ခြင်း” အကြောင်းကို ကျွန်ုပ် ဖော်ပြရန်လိုအပ်ပါသလား။ ယောင်္ကျားလေး ၉၅ ရာခိုင်နှုန်းက ညစ်ညမ်းသောစာပေရုပ်ပုံများကြည့်ရှုနေကြ သည်ကို ကျွန်ုပ်ဖော်ပြရန်လိုအပ်ပါသလား။ ရပ်စ်နှင့်ရော့စ်တေးဂီတပွဲများတွင်ကြားခဲ့ရသောတေးဂီတအမျိုးအ စားများကိုဖော်ပြရန်လိုပါသလား။ယနေ့ဟောလီးဝုဒ်များတွင်တွေ့မြင်ကြရသည့် ပြောမကုန်သောညစ်ညမ်းမှုများ၊ သတ်ဖြတ်မှုများအကြောင်းကိုဖော်ပြရန်လိုအပ်ပါသလား။ ဒေါက်တာ J. Vernon McGee က ဤသို့ဆိုသည်။

များစွာသောသူတို့သည် နတ်ဆိုးစွဲသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် နတ်ဆိုးနှင့် ပါတ်သက်သောထိုအရာများကို တွေ့မြင်ကြရသည်။ ကျွန်ုပ်တို့အကြောင့်နှင့်ပါတ် သက်သည့်အရာအားလုံး၏သက်သေများစွာကိုတွေ့မြင်ကြရသည်။ (J. Vernon McGee,Th.D., Thru the Bible, Thomas Nelson Publishers, အတွဲ ၄၊ ၁၉၈၃၊ စာ-၅၁၊ မဿ ၈း ၃၂ နှင့်ပါတ်သက်၍ သုံးသပ်ချက်)

ဒေါက်တာ McGee သည် လေးစားအားကျစရာကောင်းပြီး ဥာဏ်အမြော်အမြင်ရှိသည့် ကျမ်းစာပို့ချသောသူဖြစ် သည်။ ဒေါက်တာ Martyn Lloyd-Jones သည် နှစ်ဆယ်ရာစုတွင် ကြီးမြတ်သောတရားဟောဆရာအဖြစ် တင် စားခံရသည်။ သူသည် အင်္ဂလန်နိူင်ငံ၏အချက်အချာမြို့ဖြစ်သည့် Westminster Chapel တွင် နှစ်ပေါင်း နှစ် ဆယ့်ငါးနှစ် သင်းအုပ်လုပ်ဆောင်ခဲ့သည်။ ဒေါက်တာ Lloyd-Jones က ဤသို့ဆိုထားသည်။

မာနတ်၏လုပ်ရှားလုပ်ဆောင်မှုသည် ဝိညာဉ်ရေးရာအားနည်းသောတိုင်းနိူင်ငံတစ်ခု လုံးတွင်ပေါ်ထွက်လာပေသည်။(Martyn Lloyd-Jones, M.D., အနာငြိမ်းခြင်းနှင့် နှုတ်ကပါတ်တော်၊ Oliver-Belson Books, ၁၉၈၈၊ စာ ၁၅၂)

သမ္မာကျမ်းစာက နောက်ဆုံးသောကာလတွင်ရှိမည့် မာရ်နတ်၏လုပ်ဆောင်မှုအားလုံးကို ကြိုတင်ဟော ကြားခဲ့ပါသည်။ ၎င်းကို တမန်တော်ရှင်ပေါလုက ဤသို့ဆိုထားသည်။

“နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်ကြလော့။အဘယ်သို့ နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သော သူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိူင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာန နှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက်ကာမဂုဏ်ခံစားခြင်းကိုသာ ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုး ကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။” (၂တ ၃း ၁-၅ )

“ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်းလှည့် ဖြား၍ဆိုးညစ်ခြင်း၌တရွေ့ရွေ့တိုးပွါးကြလိမ့်မည်။” (၂ တိ ၃း ၁၃ )

တမန်တော်ရှင်ပေါလုက ဤနတ်ဆိုး၏လုပ်ဆောင်မှုသည် နောက်ဆုံးသောကာလတွင် ကွန်ဆာဗေ့တစ်အသင်း တော်များကိုသိမ်းပိုက်လိမ့်မည်။

“သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့် မည်။” (၂ တိ ၄း ၄ )

“လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။” (မဿဲ ၂၄း ၃၇ )

ကျွန်ုပ်တို့သည် စာတန်မာရ်နတ်လှုပ်ရှားနေသောအချိန်ကာလတွင် အသက်ရှင်နေကြသည်။ ခရစ်တော်သာ လျှင်ကျွန်ုပ်တို့ကို ကယ်တင်နိူင်သည်။

ယနေ့ကျွန်ုပ်တို့အသက်ရှင်နေသော စာတန်၏အချိန်ကာလတွင် တမန်တော်ပေတရုက ကျွန်ုပ်တို့အား ပေးတော်မူသော သတိပေးချက်ကို သတိပြုသင့်ပါသည်။

“သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့် လည်ရှာဖွေလျက်ရှိ၏။” ( ၁ပေ ၅း ၈ )

ခရစ်တော်ကို ယုံကြည်လက်ခံပြီး ကယ်တင်ခြင်းရရှိရန်မှာ ခက်ခဲသည်ဟု အချို့သောသင်တို့ထင်မြင်မိ သည်ကို အံ့ဩမိပါသလား။ ဤသည်မှာ စာတန်က သင့်၏စိတ်နှလုံးကိုတိုက်ခိုက်ပြီး သင့်အား သူ၏အစေခံအ ဖြစ်နောက်ဆုံးကြိုးစားမှုဖြစ်သည်ဟု ထင်မြင်မိပါသလား။ “အသက်တာတစ်ခုလုံး”တွင် စာတန်၏ချုပ်နှေင်မှုထဲ၌ ရှိနေသောသူများရှိကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ (ဗျာဒိတ် ၂း ၁၄- ၁၅ )

သင့်အား စာတန်၏ချုပ်နှောင်မှုထဲမှ လွတ်မြောက်စေရန်မှာ ခရစ်တော် ဤလောကသို့ကြွလာရသည့်အ ကြောင်တရားပင်ဖြစ်သည်။ ယေရှုသည် အပြစ်၏အဖိုးအခအတွက်လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သည်။ စာတန်၏ကျေးကျွန်ဘဝမှ သင့်အားလွတ်မြောက်စေရန် သေခြင်းမှထမြောက်တော်မူခဲ့သည်။ ခရစ်တော်သည် သင့်အား စာတန်လက်မှ လွတ်မြောက်စေရန်လာရောက်တောင်းလျှောက်အသနားခံလိုက်ပါ။ အပြစ်ခွင့်လွှတ် ခြင်းနှင့် အသက်တာသစ်ကိုလည်း တောင်းလျှောက်ပါ။ ယေရှုက “ဘမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းကို ဟောပြောရန်” ဘုရားသခင်စေလွှတ်တော်မူကြောင်းဖော်ပြထားသည်။(လုကာ ၄း ၁၈) ခရစ်တော်ထံပါးသို့လာပါ၊ လာပါ၊ လာပါ၊ “ ယေရှုတပါးတည်းသာ၊ ယေရှုတပါးတည်းသာ၊ မျှော်လင့်မဲ့ အပြစ်သားများကို မစပေသည်။”

စာတန်အကြောင်းကို နောက်ထပ်မစဉ်းစားပါနှင့်။ ခရစ်တော်အကြောင်းသာစဉ်းစားပါ။ ခရစ်တော်၌မိမိ ကိုယ်ကိုပုံအပ်ပါ၊ ခရစ်တော်သည် သင့်အား အပြစ်နှင့်သေခြင်းမှ ကယ်နှုတ်မူမည်။ ခရစ်တော်ကယ်တင်လိမ့် မည်။ ယေရှုကိုသာယုံပါ၊ ယေရှုကိုသာယုံပါ၊ သူကယ်နှုတ်မည်၊ သူကယ်နှုတ်မည်။ ယခုကယ်နှုတ်မည်။” အပြစ်ထဲမှ နောက်တဖြင့်လှည့်ပြန်၍ ကယ်တင်ရှင်ကို ယုံကြည်ကိုးစားပါ။

ကျွန်ုပ်တို့ထံသို့လာ၍ သင့်ကိုကယ်တင်သောခရစ်တော်အကြောင်းကို ဆွေးနွေးပါ။ သင်၏ခုံကို ထားခဲ့ ပြီး နောက်ဘက်သွားလျှောက်လာပြီး ပရိသတ်ကြားနာရာအခန်းသို့လာခဲ့ပါ။ Dr. Cagan သည် ဆွေးနွေးနိူင် သည့်နေရာတွင် သင့်အားခေါ်ဆောင်လိမ့်မည်။ Dr. Chan တစ်ဦးတစ်ယောက်ပြောင်းလဲလာစေရန် ကျေးဇူးပြု၍ ဆိုတောင်းပေးပါ။ အာမင်……။

ကနဦး ဓမ္မဆရာများသည် ဟေဗြဲစကားလုံး “nephilim” ကို ဆပ်တူးကျင်းတွင် “gigantes” ဟုအနက်ဖွင့်ကြ သည်။ ထို့ကြောင့် nephilim ဟူသောစကားလုံးသည် ဘီးလူးများဟူ၍မှားယွင်းစွာမိတ်ဆက်ထားသည်။ ဤစလုံးသည် KJV တွင် မှားယွင်းသောအနက်ဖွင့်ခြင်းရှိနေသည့် တောလည်ရာကျမ်း၁၃း ၃၃ တွင်လည်း “ဘီလူးများ”ဟုပါရှိသည်။ ဤမှားယွင်းသော အနက်ဖွင့်မှုနှစ်ခုစလုံးသည် ဆပ်တူးကျင်းတွင် မှားယွင်းစွာ ဘာသာပြန်ဆိုခြင်းမှလာသည်။ တောလည်ရာ ၁၃း ၃၃ တွင် ထွားကြိုင်းသောလူများရှိသည်ဟု ကျွန်ုပ်တို့သိရှိ သောနည်းလမ်းမှာ သူတို့က ဟေဗြဲကို သေးငယ်အောင်ခံစားစေကြသည်။ ၎င်းဆိုလိုသည်မှာ ဘီးလူးများ ဟူ၍ မဟုတ်ဘဲ သန်မားထွားကြိုက်ကြသည် ဟူ၍သာဖြစ်သည်။ nephilim ဟူသောစကားလုံး၏ဆိုလိုရင်းမှာ သူတို့သည် ဟေဗြဲလူမျိုးများမတိုင်မှီ ခါနန်ပြည်တွင် နေထိုင်သောလူအများစုကဲ့သို့ နတ်ဆိုးလွှမ်းမိုးထားသည်ဟူ သောအချက်ပင်ဖြစ်သည်။ ဟေဗြဲလူမျိုးများသည် များစွာသောဒုက္ခကို ခံစားခဲ့ကြသည်။ အကြောင်းမှာ သူတို့သည် ဘုရားသခင်စေခိုင်းသကဲ့သို့ သူတို့အားလုံးကို ခါနန်ပြည်မှ နှင်မထုတ်နိူင်သောကြောင့်ဖြစ်သည်။ အချို့သောအနက်ဖွင့်ကျမ်းများသည် ကနဦးဓမ္မဆရာများ၏မှားယွင်းသောအနက်ဖွင့်ခြင်းရှိသော်လည်း ဤကျမ်းပိုဒ်တွင် “ဘီလူးများ”ဟူ၍ မပါရှိပါ။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီသမ္မာကျမ်းစာဖတ်ခြင်းကို သင်းအုပ်ကိုယ်တိုင်ဆောင်ရွက်သည်။ ၁ ကော ၁း၂၆-၃၁
တရာဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က
ကျွန်ုပ်အလိုအပ်ဆုံးတေးသီချင်းဖြင့်ချီးမွမ်းသည်။ (တေးရေး-အမည်မသိ )

အခွပွေုကမျြး

ယနေ့ကမ္ဘာလောကရှိနတ်ဆိုးများ အကျဉ်းချုပ်

(ကမ္ဘာဦးကျမ်းနှင့်ပါတ်သက်၍ တရားဒေသနာ -၇၉ )

“မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍၊ သမီးများကိုလည်းရကြသောအခါ၊ ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကို မြင်၍၊ ကိုယ်စိတ်ရှိသည်အ တိုင်း စုံဘက်ကြ၏။” (ကမ္ဘာဦး ၆း ၁-၂ )

(မဿဲ ၂၄း၃၊၃၇၊ ယုဒ ၁၅၊ ကမ္ဘာဦး ၅း ၂၂၊ ၆း ၉ )

၁။ ပထမအချက်--ဤသည်မှာ မာရ်နတ်လှုပ်ရှားသောအချိန်ဖြစ်သည်။ (ကမ္ဘာဦး ၆း ၁-၅၊ မဿဲ ၂၄း ၃၈၊ ကမ္ဘာဦး ၆း၁၁၊ ၁၃၊၁၄၊ ၁၈ )

၂။ ဒုတိယအချက်--ကျွန်ုပ်တို့သည် မာရ်နတ်လှုပ်ရှားသောအချိန်ကာလတွင် အသက် ရှင်ကြသည်။ (မဿဲ ၂၄း ၃၇၊ ၂ တိ ၃း ၁-၅၊ ၁၃၊ ၄း၄၊ ၁ပေ ၅း၈၊ ဟေဗြဲ ၂း ၁၄၊၁၅၊ လုကာ ၄း ၁၈ )