Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခရစ်တော်၌ရှိသည့် ရိုးစင်းသောယုံကြည်ခြင်း

(ဟေရှာယ ၅၃နှင့်စပ်လျဉ်း၍ တရားဒေသနာ ၁၅)
SIMPLE FAITH IN JESUS
(SERMON #15 ON ISAIAH 53)
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်တွင် ၂၀၁၃ခုနှစ်
ဇူလိုင်လ ( ၂၁) ရက်နေ့ နံနက်ပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, July 21, 2013

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။” (ဟေရှာ ၅၃း ၃ )

“ကျွန်တော်တို့သည် သူတပါးမျက်နှာလွှဲခြင်းခံရသကဲ့သို့ဖြစ်သည်။” ခေတ်သစ်မှတ် ချက်ပြုသူတစ်ဦးက ဤစကားသည်ဂျူးလူမျိုးများ၏အသေခံသောမေရှိယအပေါ်”မထီလေးစား ပြုခြင်းနှင့် လူ့ဇာတိခံသောဘုရားသားတော်အပေါ်လေးစားမှုကင်းမဲ့ခြင်းအကြောင်းကိုပြောဆို ထားသည်ဟုဆိုပါသည်။” သူက ခရစ်တော်၏ခေတ်ကာလတွင် ဂျူးလူမျိုးများသာရှိနေသည့် သဘောထားဖြင့် ကျမ်းပိုဒ်ကို ကန့်သတ်ထားပါသည်။ သို့သော် ကျွန်တော်က Moody ၏ပြော ဆိုချက်ကို ပို၍သဘောကျမိသည်။ “သမ္မာကျမ်းစာက အနက်ဖွင့်ကျမ်းများကို အလင်းပေး တော်မူသည်။” တကယ်တော့ ဤကျမ်းပိုဒ်သည် ဂျူးလူမျိုးများက ခရစ်တော်အပေါ်မထီမဲ့မြင် ပြုခြင်းကို ရည်ညွှန်းလိုခြင်းမဟုတ်ပါ။ သို့သောကြောင့် ကျမ်းပိုဒ်အစတွင် ရှင်းလင်းစွာဖော်ပြ ထားပါသည်။ သူသည် “လူတို့၏ငြင်းပယ်ခြင်းကို ခံရသည်။” ဂျူးများသာမဟုတ်ဘဲ၊ ယေဘု ယျသဘောဆောင်လျက် “လူများ၏” ဟုဆိုထားပါသည်။ ဂျူးများကိုသာပြောဆိုသည်မဟုတ် ဘဲ “ငြင်းပယ်သောလူများ”ဖြစ်ကြသည်။ “သမ္မာကျမ်းစာက အနက်ဖွင့်ကျမ်းများကို အလင်း ပေးတော်မူသည်။”

မာတင်လူသာက “သမ္မာကျမ်းစာ နှိုင်းယှဉ်ချက်များ”ကို ပြောဆိုထားသည်။ ပြုပြင်သူ ကြီးမှာ ဘုရားသခင်က အခြားသောကျမ်းစာထဲတွင် ပြောဆိုထားသောအရာကို ရှာဖွေတွေ့ရှိ ရန် ကျမ်းစာကို ကျမ်းစာဖြင့်နှိုင်းယှဉ်ရပါမည်။ ဟေရှာယ ၄၉း ၇ တွင် ဤသို့ဆိုထားသည်။

“ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ထိုအမျိုး၏သန့်ရှင်းသော ထာ၀ ရဘုရားသည် ၊ အဘယ်သူမျှမနှစ်သက်၊” ( ဟေရှာယ ၄၉း ၇ )

ကျွန်တော်တို့ ကြားသိရသကဲ့သို့ “လူ”တို့သည် “သန့်ရှင်းသော” ယေရှုကို ပြစ်တင်ရှုံ့ ချကြသည်။ ဓမ္မသစ်ကျမ်းတွင် ယေရှုကိုယ်တိုင်က ဤသို့ဆိုထားသည်။

“လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကို မုန်း ကြသည်ကို သိမှတ်ကြလော့။” ( ယောဟန် ၁၅း ၁၈ )

ဤကျမ်းပိုဒ်တွင် ပျောက်ဆုံးနေသောလောကသားများသည် ခရစ်တော်ကို မုန်းတီးကြကြောင်း သို့မဟုတ် သူ့ကို မခန့်မလေးပြုလျက် မျက်နှာကို လွှဲကြကြောင်းတွေ့မြင်ရပါသည်။

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။” (ဟေရှာ ၅၃း ၃ )

လူတို့သည် ယေရှုကို နည်းလမ်းများစွာဖြင့် မျက်နှာလွှဲတော်မူကြသည်။ ထိုအထဲမှ ခရစ်တော် ကိုမျက်နှာလွှဲသူသုံးဦးကိုလေ့လာမည်ဖြစ်သည်။

၁။ ပထမအချက်- ခရစ်တော်ကို လုံး၀ ပမာမခန့်ပြုလျက် မျက်နှာလွှဲသူများ ရှိသည်။

ကျွန်တော်သည် သင်းအုပ်ဆရာဖြစ်သူ Wurmbrand ၏စာအုပ်ဖြစ်သည့် Tortured for Christ ကိုဖတ်ဖူးပါသည်။ သင်းအုပ်ဆရာဖြစ်သူ Wurmbrand က သူသည် ခရစ်တော်ကို မုန်းတီးသော ကွန်မြူနစ်များကိုဖြတ်သွားကြောင်း ကြောက်မက်ဖွယ်ရာများအကြောင်းကိုဆိုခဲ့ သည်။ သူပြောဆိုသည်မှာ…

     နှိပ်စက်ခြင်းများနှင့် လူမဆန်ခြင်းများသည် နှောက်ယှက်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပေါ်နေပေသည်။ ကျွန်တော်သည် စိတ်အာရုံကိုပျောက် ဆုံးပြီး သို့မဟုတ် နှိပ်စက်သူများအား ဝန်ခံခြင်းမျှော်လင့်ချက်ကိုပေးရန် မိန်းမောတွေဝေသောအချိန်တွင် ကျွန်တော်၏ဆဲလ်များထံ သတိပြန် လည်လာပါသည်။ ထိုအရပ်တွင် ကျွန်တော်လဲလျောင်းပြီး သတိမေ့မျှော သည်။ ကျွန်တော်အပေါ်နောက်တဖန်ဆက်လက်လုပ်ဆောင်နိူင်ရန် ခွန်အားအနည်းငယ်ကို ပြန်ရသည်။ ထိုစင်ပေါ်တွင် လူများစွာသေဆုံးခဲ့ ကြသည်။ နောက်နှစ်များတွင် မတူညီသောထောင်များ၌ သူတို့သည် ကျွန်တော်၏နောက်ကျောရှိ အကျောလေးခုနှင့်အရိုးများစွာကိုဖြတ်ကြ သည်။ ကျွန်တော်ကို ဆယ့်နှစ်နေရာခန့်တွင် လှောင်ထားကြသည်။ ကျွန်တော်၏ကိုယ်ထဲတွင် မီးရှို့ပြီး ပေါက် ဆယ့်ရှစ်ခုခန့်လှီးဖြတ်ကြ သည်။
     ကျွန်တော်သည် တစ်ရက်လျှင် ဆယ့်ခုနှစ်နာရီခန့် ရက်သတ္တပတ်များစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာထိုင်ရသည်။ ကြားရသောအသံမှာ

ကွန်မြူနစ်သည် ကောင်းပေသည်။
ကွန်မြူနစ်သည် ကောင်းပေသည်။
ကွန်မြူနစ်သည် ကောင်းပေသည်။
ခရစ်ယာန်ဘာသာသည် မိုက်မဲသည်။
ခရစ်ယာန်ဘာသာသည် မိုက်မဲသည်။
ခရစ်ယာန်ဘာသာသည် မိုက်မဲသည်။
အရှုံးပေးလိုက်ပါ။
အရှုံးပေးလိုက်ပါ။
အရှုံးပေးလိုက်ပါ။

(Richard Wurmbrand, Th.D., Tortured for Christ, အသက်ရှင်သောယဇ်ပူဇော် ခြင်းစာအုပ်၊ ၁၉၉၈၊ စာ-၃၈၊၃၉ )

သူသည် အကျယ်ခဲ့်၍ပြောဆိုခြင်းမဟုတ်ပါ။ သူအကြောင်းကို ကျွန်တော်ကောင်းစွာသိထား သည်။

ခရစ်တော်အပေါ် ကွန်မြူနစ်နှင့် ဆိုရှယ်လစ်တို့၏အမုန်းတရားသည် ကြောက်စရာပင် ဖြစ်သည်။ အမေရိကန်ပြည် အိမ်ဖြူတော်ကျောင်းတွင်လည်း ခရစ်တော်နှင့် ၎င်း၏နောက် လိုက်များကို ဆန့်ကျင်သော ဆိုရှယ်လစ်တို့၏ အဓိကတိုက်ခိုက်မှုကိုလည်း ကျွန်တော်တို့ တွေ့မြင်နိူင်ပါသည်။ အမြင့်ဆုံးသောရုံးတွင် အလုပ်လုပ်ဆောင်နေကြသောသူများသည် ခရစ်တော်ပို ပမာမခန့်ပြုလျက် မျက်နှာလွှဲကြသည်။ ခရစ်တော်နှင့်၎င်း၏တပည့်တော်များကို ညှင်းပန်းနှိပ်စက်သူများသည် ကျွန်တော်တို့အသုံးပြုသော ကျမ်းပိုဒ်ကို ပြည့်စုံစေကြသည်။

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။” (ဟေရှာ ၅၃း ၃ )

၂။ ဒုတိယအချက်- ခရစ်တော်ကို စိတ်ဝင်စားခြင်းမရှိဘဲ မျက်နှာလွှဲသူများ ရှိကြသည်။

ထိုဖော်ပြချက်အတိုင်း ဤမနက်တွင်လည်း ဤနေရာတွင် အမှန်တကယ်ရှိနိူင်သည်။ သင်သည် ထိခိုက်နာကျင်စေသောခရစ်ယာန် သို့မဟုတ် “ခရစ်ယာန်ဘာသာသည် မိုက်မဲ သည်” ဟူသောအော်ဟစ်မှုကို စဉ်းစားမည်မဟုတ်ပါ။ ထိုကွန်မြူနစ်များက သင်းအုပ် Wurmbrand အပေါ်ပြုသမျှသောအရာ ကျွန်တော်ပြောပြသောအချိန်တွင် သင်တို့သည် ကြက်သီးများထလာနိူင်ပါသည်။ “ထိုသို့သောအရာကို ကျွန်တော်မလုပ်ပါ” ဟု သင်ဆိုပေလိမ့် မည်။ သင့်ကို ယုံကြည်ပါ၏။ ထိုသို့သော ကွန်မြူနစ်များကဲ့သို့ပင် သင်သည်လည်း ယေရှုကို တိုက်ခိုက်ဖူးလိမ့်မည်ဟု မထင်ပါ။ သင်သည်လည်း ကျွန်တော်တို့၏ကျမ်းပိုဒ်ကို အေးတိအေး စက်ဖြင့် ယေရှုကိုစိတ်ဝင်စားခြင်းမရှိဘဲ မျက်နှာလွှဲထားပြီး ပြည့်စုံစေသူဖြစ်ပါသည်။

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။” (ဟေရှာ ၅၃း ၃ )

သင်သည် ဘုရားကျောင်းသို့လာပြီ ထိုင်ရုံသက်သက်ပါပဲ။ ယေရှုအကြောင်းကိုပြောဆိုသောအ ခါ မျက်လုံးကို ကလိကလိလုပ်လိုက်သည်။ သင်တို့တွင်အချို့တို့သည် မျက်လုံးကို မှိတ်ကြ သည်။ အချို့က နှလုံးသားကိုပင်ပိတ်ကြသည်။ စိတ်ဝင်စားခြင်းမရှိဘဲ ခရစ်တော်ကို မျက်နှာ လွှဲကြသည်။

တရားဟောသူက ထိုသို့လုပ်ဆောင်နိူင်မည်ဟု ထင်ပါသလား။ ကျွန်တော်သည် ဖရန်ဆစ္စကို၏တောင်ပိုင်း တောင်ပိုင်းနှစ်ခြင်းကျမ်းစာကျောင်းတွင် ရှိနေသည့်အချိန်တွင် Tom Frederick ဆိုသူ ကျောင်းသားတစ်ဦးရှိလေသည်။ သူသည် ကျွန်တော်၏ရင်းနှီးသော သူငယ် ချင်းလည်းဖြစ်လာခဲ့သည်။ Tom သည် တရားဟောဆရာဖြစ်ပါသည်။ သို့သော် တစ်ခုသော တနင်္ဂနွေနေ့တွင် သူ၏တရားဟောချက်က သူ့နှလုံးသားကို ထိခိုက်ခဲ့သည်။ သူသည် ငိုကြွေးနေသည်ဖြစ်၍ နောက်ထပ်တရားမဟောနိူင်တော့ပေ။ သူသည် တရားဟောစင်မှ ဆင်း လာပြီး တရားစင်ပေါ်တွင် ဒူးထောက်နေခဲ့သည်။ ထိုနေရာတွင် ကယ်တင်ရှင်ကို မချစ်သည့် အတွက်ကြောင့် နောက်တရနေသည်။ ထိုအရပ် လူတို့ရှေ့တွင် ခရစ်တော်ထံမှ မျက်နှာလွှဲထာ ခြင်းကိုရပ်တန့်ခဲ့သည်။ သူသည် ကယ်တင်ရှင်ကို ယုံကြည်ကိုးစားပြီး စစ်မှန်သောခရစ်ယာန် ဖြစ်လာခဲ့သည်။ သူသည် အရမ်းကြင်နာတတ်သောသူဖြစ်လာခဲ့သည်။ သူသည် ကျွန်တော်နှင့် ပေါင်းသောသူနှင့်အတူ ကြာသပတေးနေ့တိုင်းတွင် ဆုတောင်းရန် အခန်းထဲသို့သွားခဲ့ကြ သည်။ သူသည် သမ္မာကျမ်းစာကို ဆန့်ကျင်သောဆရာနှင့်အငြင်းပွါးရာတွင် ကျွန်တော်ကို ထောက်ခံခဲ့သည်။ မျက်နှာချင်းဆိုင်အခန်းရှိ ကျောင်းအုပ်ဆရာကြီးဆီးသို့သွားသည့်အချိန်တွင် လည်း ကျွန်တော်နှင့်အတူရှိနေခဲ့သည်။ ကျွန်တော်ကို “ ကညာမြှေးကောင်” ဟုဆိုကြသော် လည်း ကျွန်တော့်ကို အမြဲထောက်ခံသည်။ သူသည် ပျောက်ဆုံးနေသော တောင်ပိုင်းနှစ်ခြင်း တရားဟောဆရာအဖြစ်မှ စစ်မှန်သောခရစ်ယာန်အဖြစ်သို့ရောက်လာခဲ့ကြသည်။ သူ၏ပြောင်း လဲခြင်းသည် ခရစ်တော်ကို စိတ်မဝင်စားဘဲမျက်နှာလွှဲခြင်းကို ရပ်တန့်လိုက်သည့်အချိန်တွင် အစပြုခဲ့သည်။

Tom သည် လွန်ခဲ့သည့် ရက်သတ္တပါတ်အနည်းငယ်က ဆုံးသွားခဲ့သည်။ ကျွန်တော် သည်သူ့ဇနီးသည်အား ငွေအနည်းငယ်ကိုပို့ပေးခဲ့သည်။ အနည်းငယ်သာဖြစ်ပါသည်။ ၁၉၇၀ ခုနှစ်အစောပိုင်းက ဂိဒေါင်တခါးနှစ်ခြင်းကျမ်းစာကျောင်းတွင် သမ္မာကျမ်းစာအတွက်တိုက်ပွဲဝင် သည့်အချိန်တွင် ကျွန်တော့်ကို ထောက်ခံပေးခြင်းအတွက် ကျေးဇူးကိုပြန်လည်တုန့်ပြန်နိူင်ခဲ့ပါ သည်။ လွန်ခဲ့သည့်နှစ်များစွာက Tom သည် မိမိတရားဒေသနာကို တနင်္ဂနွေနံနက်တွင်ဟော ကြားနေစဉ် ကယ်တင်တော်မူခြင်းသို့ရောက်သောအခါ သူ၏နှလုံးသားကို ခရစ်တော်အားဖွင့် ပေးခြင်းအတွက် ဘုရားသခင်ကို အထူးကျေးဇူးတင်မိပါသည်။

တစ်ဦးတစ်ယောက်က “Dr. Hymers, Tom Frederick ကဲ့သို့ ကျွန်တော်ကိုမဖြစ်စေ ချင်ဘူးမဟုတ်လား” ဟုပြောဆိုသည်။ ဘုရားသခင် ကျွန်တော်ကို ကူမတော်မူပါစေ။ သင်သည် ထိုသူ၏ထက်ဝက်ခန့်ဖြစ်နိူင်ခဲ့လျှင် ကောင်းကင်တမန်များ၏မျက်မှောက်တော်တွင် ပျော်ရွှင်ပေမည်။ သင်တို့တွင် အချို့တို့သည် ဤနေရာတွင် စိတ်မပါဘဲ၊ နိူးထမှုမရှိဘဲ၊ တစ်ပတ်ပြီးတစ်ပတ်ထိုင်နေကြရသည်။ သင်တို့သည် Tom ကဲ့သို့ အနည်းငယ်မျှဖြစ်လာရန် ဘုရားသခင်ကိုမျှော်လင့်မိသည်။

ယခုတွင် ဤအရာကို အဝေးသို့ဖယ်ရှားလိုက်ပါ။ သင်တို့သည် ၁၉၇၁ သို့မဟုတ် ၁၉၇၂ က ဂိဒေါင်တံခါးကျမ်းစာကျောင်းတွင် ရှိနေခဲ့ပါသလား။ ကျွန်တော်သည် သင်တို့၏သင် အုပ်မဖြစ်နိူင်သည့် အခြားအသင်းတော်တွင် ရှိနေကြပါသလား။ ယခုစဉ်စားကြည့်ပါ။ သမ္မာကျမ်းစာကို တိုက်ခိုက်သည့်ဆရာသမားနှင့် စကားအခြေအတင်ဖြစ်သည့်တွင် ကျွန်တော် ကိုထောက်ခံကြမည်လော။ ယခုစဉ်းစားကြည့်ပါ။ ကျွန်တော်ကိုထောက်ခံမည်လော။ သို့မဟုတ် အငြင်းပွါးမှုမရှိဘဲ အေးတိအေးစက်ရှိနေမည်လော။ စဉ်းစားကြည့်ပါ။

ယခုတွင် သင်တို့သည် အမှန်တကယ်ရိုးသားသည်မှန်လျှင် သင်တို့သည် သင်တို့တွင် အချို့သည် အေးတိအေးစက်ရှိနေကြောင်းဝန်ခံရပေမည်။ နောက်ဆုံးတွင် သင်တို့သည် အလုပ်လုပ်ဆောင်ခြင်းမရှိပါဘဲ သင်တို့၏ဘွဲ့များကိုသာယူပြီး ထွက်သွားကြပေလိမ့်မည်။ သင်တို့လျှောက်သောလမ်းကို ရုတ်တရက်ပြောင်းလဲစေပြီး ခရစ်တော်အတွက် ဝန်တာရှိသော သူများ ဖြစ်လာကြမည်မဟုတ် ဘူးနော်။ စဉ်းစားကြည့်ပါ။ စုံစမ်းစစ်ဆေးသည့်အခန်းအတွင်း အပြင်တွင် ကရှပ်တိုက်လျှောက်သောသင်တို့သည် လီဗရယ်ကျမ်းစာကျောင်းတွင် ကျွန်တော့် ဘက်၌ရပ်တည်မည့်မဟုတ္ကြောင်း ကျွန်တော်ယုံကြည်ပါသည်။ လုံး၀နေမည်မဟုတ်။ သင် တို့သည် ယခုကဲ့သို့ပင် အေးတိအေးစက်ပြီး စိတ်ဝင်စားခြင်းမရှိဘဲဖြစ်နေပေမည်။ အောက်ပါ အတိုင်းပြောဆိုသောသူတို့နှင့်အတူ သင်တို့ပေါင်းဖော်ပေလိမ့်မည်။

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။” (ဟေရှာ ၅၃း ၃ )

၃။ တတိယအချက်- ငြင်းဆန်လျက် ခရစ်တော်ကိုမျက်နှာလွှဲသူများရှိကြသည်။

သင်သည် ကာလအတန်ကြာခရစ်တော်ကို မျက်နှာလွှဲခဲ့သည်။ ကျွန်တော်က ခရစ်တော်အကြောင်းဟောသည်ဖြစ်စေ မဟောသည်ဖြစ်စေ ဂရုမစိုက်ကြတော့ပေ။ကျွန်တော် သည်စိတ်ပညာအကြောင်းကိုဟောပြောလျှင် ထိုင်ခုံပေါ်မှ ဆွဲဆန့်လျက် အာရုံပြုအားထောင် ကြသည်။ နိူင်ငံရေးအကြောင်းကိုပြောသောအခါ ကြားနိူင်ရန် ထိုင်ခုံပေါ်မှ ရှေ့တိုးနားထောင် ကြသည်။ သမ္မာကျမ်းစာ ပရောဖက်ပြုချက်ကိုဟောပြောသောအခါ သင်တို့အာရုံစူးစိုက်ကြ သည်။ လွန်ခဲ့သောရက်သတ္တပါတ်အနည်းငယ်က ကောင်းကင်ဘုံအကြောင်းကိုဟောပြော သောအခါ သင်တို့အားလုံးစူးစိုက်နားထောင်ကြသည်။ အကြောင်းမှာ သင်တို့အတွက် ထူးခြား သည့် အသစ်သောသင်ခန်းစာဖြစ်ပါသည်။ သို့သော် ဧဝံဂေလိအကြောင်းဆီသို့ ကူးပြောင်း ဟောပြောလာသောအခါ သင်တို့မျက်စိသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။ ယေရှုအ ကြောင်းဟောသောအခါ စိတ်ဝင်စားခြင်းမရှိကြတော့ပေ။ ထိုသို့မဟုတ်ပေဘူးလား။

သင်တို့လူငယ်များသည် သင်တို့၏အချိန်နှင့် စွမ်းအားများကို ကောလိပ်ကျောင်းတွင် သင်ယူလေ့လာခြင်း၌သာ အချိန်ကုန်ဆုံးစေကြသည်။ သင်တို့သည် နာရီပေါင်းများစွာလေ့လာ သင်ယူသောကြောင့် အခန်းတွင် ထူးချွန်ထက်မြက်ကြသည်။ နံနက်စောစောထ၍ကြိုးစားကြ သည်။ ညဘက်တွင်လည်း ညနက်တိုင်အောင်လေ့ကျင့်ကြသည်။ သင်တို့သည် ကျောင်းသား ဘဝတွင်ကောင်းစွာလုပ်ဆောင်ထားခြင်းမရှိလျှင် ဆရာဘဝတွင် လုပ်ဆောင်နိူင်မည်မဟုတ် သောကြောင့် သင်တို့၏လုပ်ဆောင်မှုအတွက် ဝမ်းမြောက်ပါသည်။ ကျောင်းတွင် သင်တို့၏ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုပါသည်။ သို့သော် သင်တို့သည် သမ္မာကျမ်းစာလေ့လာရာတွင် မူပုံမှန်ထက်နောက်ကျ၍ ထိုင်လေ့မရှိကြပါ။ သို့မဟုတ် တနင်္ဂနွေနေ့တိုင်းသင်တို့အားပေးသော တရားဒေသနာစာရွက်ကိုလည်းလေ့လာလိုခြင်းမရှိကြပေ။ သင်၏အပြစ်နှင့်ပြည့်နှက်နေသော စိတ်ဝိညာဉ်ကို ကယ်တင်ရန် အသေခံတော်မူသောခရစ်တော်အကြောင်းကို လေ့လာရတွင်မူ သင်စာကျက်သည့်အချိန်ထက် တစ်နာရီစောထ၍ လေ့လာရန်ပင် မစဉ်းစားဖူးပါ။ သင့်ကို ချစ်တော်မူသော၊ သင့်ကိုယ်စားကောင်းကင်တွင် ဆုတောင်းပေးတော်မူသော ခရစ်တော်ထက် လောကတွင်ရှိသောအရာတိုင်းသည် သင့်အတွက် အရေးကြီးဟန်ရှိနေပေသည်။

အသင်းတော်ထဲတွင် ကျွန်တော်ယေရှုအကြောင်းဟောပြောသောအချိန်တွင်လည်း သင်တို့၏စိတ်နှလုံးသည် သူ့ထက်သင့်အတွက်အရေးကြီးဟန်ရှိသောအရာများအပေါ်တွင်သာ လှည့်လည်လျက်ရှိသည်။ လေ့လာစုံစမ်းသည့်အခန်းထဲသို့ရောက်သည့်အချိန်တွင်ပင် သင်တို့ ကယေရှုအကြောင်းပြောသည်ကို ကျွန်တော်မကြားမိပါ။ မိမိအကြောင်းသာပြောနေကြသည်။ ယေရှုအကြောင်းပြောကြသည်ကို ကျွန်တော်မကြားမိပါ။ သင်တို့သည် တစ်ခါတစ်ရံ ဩဝါဒ နှင့် ကျမ်းစာအကြောင်းဆွေးနွေးကြသည်ကို ကြားရသည်။ ယေရှုကိုယ်တိုင်အကြောင်းဆွေး နွေးသည်ကိုမူမကြားရပေ။ သူသည် သင်၏စိတ်နှလုံးအတွေးအခေါ်ကို မလွှမ်းမိုးနိူင်ပါ။ များ သောအားဖြင့် သင်ခံစားချက် သို့မဟုတ် မခံစားသည့်အရာကိုသာပြောဆိုကြသည်။ သင်သည် ခံစားချက်ကိုသာရှာဖွေလေ့လာသည်။ ယေရှုကိုယ်တိုင်ကို မရှာဖွေပါ။ သင်၏စိတ်ချမှုမရှိခြင်း ကိုသာပြောဆိုသည်။ သင်၏ကယ်တင်ခြင်းကိုသေချာစေနိူင်မည့် ကယ်တင်ရှင်ယေရှုအ ကြောင်းကိုမူမပြောဆိုပါ။ အချို့တို့က “ကျိုးပဲ့သောနှလုံးသားမရှိ” ဟုဆိုကြသည်။ ကျွန်တော် က “ကျိုးပဲ့သောနှလုံးကိုမရှာပါနှင့်၊ ယေရှုကိုရှာပါ” ဟုဆိုထားပါသည်။ သူ၏နာမတော်ကိုဖော် ပြသောအချိန်တွင် သင်တို့မျက်စိသည် မှေးမှိန်လာပြီး သင်တို့က “ခံစားချက်လိုအပ်သည်၊ ကယ်တင်ခြင်းကိုခံစားလိုသည်” ဟုသာဆိုကြသည်။ ကျွန်တော်က “ထိုသို့မဟုတ်၊ သင်တို့လို အပ်သည်မှာ ယေရှုဖြစ်သည်” ဟုဆိုထားသည်။ ကျွန်တော်က သူ၏နာမကိုပြောဆိုသောအခါ သင်တို့စိတ်မဝင်စားကြတော့ပါ။ ကျွန်တော်က “သင်အတွက်လက်ဝါးကပ်တိုင်တွင် သွေးစွန်း သောယေရှုကိုမျှော်ကြည့်ပါ” ဟုဆိုထားပါသည်။ သို့ရာတွင် သင်တို့သည် မိမိကိုယ်ကိုသာပြန် ကြည့်ကြသည်။ သင်သည် မိမိအထဲရှိ ခံစားချက္ကိုသာရှာဖွေလျှင် သင့်ထံမှ ခရစ်တော္ကို မျှော်ကြည့်စေရန်သင့်ကို ငါမဆွဲဆောင်နိူင်တော့ပေ။ “တွေ့နိူင်သည်ကာလတွင် ထာဝရဘုရား ကိုရှာကြလော့၊ နီးတော်မူသည်ကာလတွင် ဆုတောင်းပဌနာပြုကြလော့” ပရောဖက်၏စကား ကို ကျွန်တော် ကိုးကားထားပါသည်။ ( ဟေရှာယ ၅၅း ၆ ) သင်သည် သင့်ကိုချစ်တော်မူသော ခရစ်တော်ကိုရှာဖွေသည်ထက် မိမိအထဲ၌ရှိသော ခံစားချက် သို့မဟုတ် စိတ်လှုပ်ရှားမှုကိုသာ ရှာဖွေသည်။

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။” (ဟေရှာ ၅၃း ၃ )

ခရစ်တော်အားမျက်နှာလွှဲခြင်းကို ရပ်တန်းကရပ်ရန် ကျွန်တော်တောင်းဆိုလိုပါသည်။ ခရစ်တော်ထံသို့လှည့်ပြန်သည်နှင့်ချက်ချင်း ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။ ကယ် တင်ခြင်းရရှိသည်ဟု “ခံစားမည်” မဟုတ်။ ရက်ပေါင်းများစွာကြာလာသည့်တိုင်အောင် ထိုနေ့ တွင်ကယ်တင်ခြင်းရသည်ဟုပင် သိမြင်မည်မဟုတ်။ ထိုနေ့တွင် ကျွန်တော်သိသောအရာအား လုံးမှာ ယေရှုပင်ဖြစ်ပါသည်။ အရင်ကတည်းက ယေရှုကိုယုံကြည်သည်။ သို့သော် ထိုနေ့ရက် တွင်သာလျှင် ယေရှုရှိသည်ဟု ဆိုနိူင်ပါသည်။ ဤသည်မှာ တိကျသောယုံကြည်ခြင်းပင်ဖြစ်ပါ သည်။ သို့သော် ယေရှုကို ယုံကြည်သည့် ရိုးစင်းသောယုံကြည်ခြင်းပင်ဖြစ်ပါသည်။ ထိုသူမှာ ယေရှုပင်ဖြစ်ပါသည်။

သင်းအုပ် Wurmbrand က သူတရားဟောသောကြောင့် အချုပ်ခံနေရသည့်အချိန် တွင် ကွန်မြူနစ်များကြောင့် ခရစ်တော်အတွက် ဒုက္ခခံရသူများစွာရှိကြောင်းတွေ့ခဲ့သည်ဟု ဆိုပါသည်။ သူက ကွန်မြူနစ်များစောင့်ကြပ်သော်လည်း ယေရှုကိုယုံကြည်သည့် အကျဉ်းသား များလည်းတွေ့ရသည်ဟုဆိုခဲ့သည်။ သင်းအုပ် Wurmbrand က ဤသို့ဆိုသည်။

တစ်စုံတစ်ဦးသည် ယုံကြည်ခြင်းသို့ရောက်လာသောအခါ ထိုယုံကြည် ခြင်းသည် ကြီးထွားတိုးတက်လာပေသည်။ ထိုအရာကအောင်မြင်မည်ကို ကျွန်တော်တို့ယုံကြည်သည်။ အကြောင်းမှာ ကျွန်တော်တို့အောက်အသင်း တော်က ထိုအရာထပ်ခါထပ်ခါအောင်နိူင်သည်ကိုတွေ့မြင်ကြသည်။ ခရစ် တော်သည် ကွန်မြူနစ်များနှင့် “အခြားယုံကြည်ခြင်းရန်သူများ” ကိုချစ် တော်မူသည်။ ခရစ်တော်အတွက် အောင်မြင်ကြပေမည်။ (Wurmbrand, ၎င်း၊ စာ-၁၁၅ )

ခရစ်တော်၏ဘေးနားတွင်အသတ်ခံရသောသူခိုးသည် လောကမှ ထွက်မသွားခင် ခဏတာအတွင်း ကယ်တင်တော်မူခြင်းသို့ရောက်ခဲ့သည်။ သူဘာမျှမသိပါ။ သင်းအုပ် Wurmbrand ၏စကားလုံးကို အသုံးပြုရန် သူ၏ယုံကြည်ခြင်းကို စစ်မှန်စေသည်။ သူ၏နှလုံး သားက ခရစ်တော်ကို ယုံကြည်လက်ခံသည်နှင့် ချက်ချင်း ကယ်တင်တော်မူခြင်းသို့ရောက်၏။ ကယ်တင်ရှင်က သူ့အား “ယနေ့တွင် ပရဒိသုဘုံ၌ ငါနှင့်အတူရှိသည်” ဟုဆိုပါသည်။ ( လုကာ ၂၃း ၄၃ ) ယနေ့တွင် လည်း ယုံကြည်လက်ခံသောသူရှိလည် ထိုလူကဲ့သို့ပင်ဖြစ်ပေမည်။ ရိုးစင်းသောယုံကြည်ခြင်းပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ကြည့်ရှုခြင်းမရှိဘဲ ခရစ်တော် ကိုယုံကြည်လက်ခံလျှင် ကယ်တင်တော်မူခြင်းသို့ရောက်လိမ့်မည်။ ကလေးငယ်ကဲ့သို့ယေရှုကို ယုံကြည်ခြင်းပေတည်း။ ထိုအရာမှာ ကျွန်ုပ်တို့လိုအပ်သောအရာဖြစ်သည်။ မိမိကိုယ်ကို မကြည့်ပါနှင့်။ သင်၏ခံစားချက်ကိုလည်းမကြည့်ပါနှင့်။ ခရစ်တော်ကိုသာကြည့်မျှော်ပါ။ ထိုအရာများကိုမစဉ်းစားပါနှင့်။ ခရစ်တော်ကို ကိုးစားပြီး ထိုအရာများကို စွန့်ပစ်ထားလိုက်ပါ။ ကျန်သောအရာများကို ခရစ်တော်ကိုယ်တိုင်ပြုတော်မူမည်။ သင်အိပ်ပျော်နေသောအချိန်တွင် ဤယုံကြည်ခြင်းသည် ကြီးထွားလာပေမည်။ သို့ရာတွင် ယေရှုကို ကိုးစားယုံကြည်ရမည်။ သင်သည် ခရစ်တော်ထံသို့သွား၍ ထိုအရာအားလုံးကို စစ်ဆေးခြင်းမပြုဘဲ ခြေတော်ရင်းတွင် ချထားနိူင်ပါသည်။ ခရစ်တော်၏ခြေတော်ရင်းတွင်ချထားပါ။ သင်သည် အိပ်ပျော်နေသည့်အ ချိန်တွင် သင်းအုပ် Wurmbrand ပြောသကဲ့သို့ သင်၏ယုံကြည်ခြင်းသည် “ကြီးထွား တိုးတက်” လာပေမည်။ ခရစ်တော်တွင်ရှိသည့် အားနည်းပြီ ဝေ၀ါးသောယုံကြည်ခြင်းကို သင်လိုအပ်ပါသည်။ Mr. Griffith ၏တေးသီချင်းကို တဖန်နားထောင်ပါ။ ထိုအရာကပင် ခံစားချက်မရှိဘဲ ခရစ်တော်၌ရှိသော ရိုးစင်းသောယုံကြည်ခြင်းကို ပြသသည်။

ကျွန်ုပ်စိတ်ဝိညာဉ်မှောက်မိုက်သည်၊ နှလုံးလည်း မိုက်သည်
   ကျွန်ုပ်မမြင်နိူင်၊ မခံစားနိူင်
အသက်၊အလင်းအား ကျွန်ုပ်တောင်းလျှောက်ရမည်။
   ခရစ်တော်ထံပါး ရိုးစင်းသောယုံကြည်ခြင်းတရားတွင်
(“ခရစ်တော်၌” James Procter၊ ၁၉၁၃ ရေးစပ်သည်။ )

သင်အလိုရှိလျှင် သင်နှင့်အတူဆုတောင်းမည်။ စစ်မှန်သောယုံကြည်သူဖြစ်လာရန် ကျွန်တော်တို့ ကူညီလိုသည်။ သင်၏ထိုင်ခုံကိုချန်ထားပြီး ပရိသတ်ဆွေးနွေးသောအခန်းဆီသို့ လာပါ။ Dr. Cagan က သင်တို့အတွက် ဆုတောင်းပေးမူမည်။ ထိုသီချင်းကို ကျွန်တော်က တဖန်သီဆိုသောအချိန်တွင် သွားပါ။

မရေရာသောအရာများစွာတွင် ကျွန်ုပ်ပင်ပန်းနွမ်းနယ်သည်၊
   ကျွန်ုပ်ကြောက်ရွံ့ခြင်းလွင့်ပျယ်၊ မျှော်လင့်ရောင်ခြည်သန်းလာ
ကျွန်ုပ်လိုအပ်အရာ နှုတ်ကပါတ်တော်မြွတ်ဆို
   ထာဝရအမြဲ ယေရှုသာလျှင်။

ကျွန်ုပ်စိတ်ဝိညာဉ်မှောက်မိုက်သည်၊ နှလုံးလည်း မိုက်သည်
   ကျွန်ုပ်မမြင်နိူင်၊ မခံစားနိူင်
အသက်၊အလင်းအား ကျွန်ုပ်တောင်းလျှောက်ရမည်။
   ခရစ်တော်ထံပါး ရိုးစင်းသောယုံကြည်ခြင်းတရားတွင်
(“ခရစ်တော်၌” James Procter၊ ၁၉၁၃ ရေးစပ်သည်။ )

Dr. Chan တုန့်ပြန်သောသူတို့အား ကျေးဇူးပြုပြီး ဆုတောင်းပေးပါ။ အာမင်….။

(တရားဒသေနာနိဂုံး)



တရားဒေသနာမတိုင်မှီ ကျမ်းစာဖတ်ကြားခြင်းကို Mr. Abel Prudhomme ကဆောင်ရွက်သည်။ ၁တိ ၁း ၁၂-၁၆
တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith ဂုဏ်တော်ချီးမွမ်းသည်။
“ကိုယ်တော်၏ဝိညာဉ်တော်သာ”၊ Fanny J. Crosby, ၁၈၂၀-၁၉၁၅ ရေးစပ်သည်။ )

အခွပွေုကမျြး

ခရစ်တော်၌ရှိသည့် ရိုးစင်းသောယုံကြည်ခြင်း အကျဉ်းချုပ်

(ဟေရှာယ ၅၃နှင့်စပ်လျဉ်း၍ တရားဒေသနာ ၁၅)
SIMPLE FAITH IN JESUS
(SERMON #15 ON ISAIAH 53)

Dr. R. L. Hymers, Jr.

“သူတပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။” (ဟေရှာ ၅၃း ၃ )

( ဟေရှာယ ၄၉း ၇၊ ယောဟန် ၁၅း ၁၈ )

၁။ ပထမအချက်- ခရစ်တော်ကို လုံး၀ ပမာမခန့်ပြုလျက် မျက်နှာလွှဲသူများ ရှိသည်။ ဟေရှာယ ၅၃း ၃

၂။ ဒုတိယအချက်- ခရစ်တော်ကို စိတ်ဝင်စားခြင်းမရှိဘဲ မျက်နှာလွှဲသူများ ရှိကြသည်။ ဟေရှာယ ၅၃း ၃

၃။ တတိယအချက်- ငြင်းဆန်လျက် ခရစ်တော်ကိုမျက်နှာလွှဲသူများရှိကြသည်။ ဟေရှာယ ၅၅း ၆၊ ၅၃း ၃၊ လုကာ ၂၃း ၄၃။