Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ခရစ်တော်အားဖြင့် ဖြောင့်မတ်သောသူဖြစ်ပြီ

(ဟေရှာယ ၅၃ထဲက ဒေသနာတော်အမှတ်စဉ် ၁၃)
SATISFACTION AND JUSTIFICATION OBTAINED BY CHRIST
(SERMON NUMBER 13 ON ISAIAH 53)
(Burmese)

ဒေါက်တာအာရ်အယ်ဟိုင်မာဂျေအာရ်၏
by Dr. R. L. Hymers, Jr.

၂၀၁၃ခုနှစ် ဧပြီလ၁၄ရက်၊ လော့စ်အိန်လိတ်မြို့၊ တဲတော်နှစ်ခြင်းအသင်းတော်၊ သခင်ဘုရားဘုရားနေ့၊ ညနေပိုင်းဝတ်ပြုအစည်းအဝေး၌ ဟောကြားသောဒေသနာတော်၊
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 14, 2013

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည် စေလိမ့်မည်” (ဟေရှာယ ၅၃း၁၁)။


ဤကျမ်းပိုဒ်၏ စကားလုံးတခုစီတိုင်းတွင် နက်ရှိူင်းသောအနက်အဓိပ္ပါယ်များ ပါရှိသောကြောင့် စိတ်အာရုံပြုလျှက် နားထောင်စေလိုပါသည်။ ထို့ကြောင့် ရှည်ရှည်ဝေးဝေးတွေးခေါ်ပြီး၊ ပုံဥပမာအသုံး ပြု၍ဟောကြားမည်မဟုတ်ပါ။ သမ္မာကျမ်းစာတော်မြတ်၌ လေးနက်သောအနက်အဓိပ္ပါယ်ပါရှိနေသ ဖြင့်၊ ၎င်းကျမ်းစကားအားဖြင့် အရောက်စီတိုင်းအတွက် ခွန်အားဖြစ်စေမည်ထင်ပါသည်။

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ် သောငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်” (ဟေရှာယ ၅၃း၁၁)။

Þကျမ်းပိုဒ်၌ ပါရှိသောသမ္မာတရားကို သင်ခံယူဖို့ ဘုရားသခင်သင့်စိတ်နှလုံးသားကို ဖွင့်ပေးပါ စေ။ သင်တို့အားပြောလိုသည်မှာ “ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို နားသွင်းပါ” အသက်ရှည်မည်အကြောင်း၊ ၎င်းတရားစကားကို နားထောင်ပါ” ဟူ၍ ပြောလိုပါသည်။

၎င်းကျမ်းပိုဒ်၌ အကြောင်းအရာသုံးမျိုးကို ဖော်ပြနေပါသည်။ ပထမအနေဖြင့်၊ ဘုရားသခင် တရားစီရင်ခြင်းအပေါ် အားရခြင်း၊ ဒုတိယအနေဖြင့်၊ အများသောသူတို့ကို ဖြောင့်မတ် ရာသို့တည် စေခြင်း၊ တတိယအနေဖြင့် အပြစ်သားတိုင်းအဖို့ခရစ်တော်သည် အစားဝင်အသေခံပေးပြီဟူ၍ သုံး မျိုးပါဝင်နေပါသည်။

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ် သောငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်” (ဟေရှာယ ၅၃း၁၁)။

၁။ ပထမ၊ ဘုရားသခင်၏တရားစီရင်ခြင်းအပေါ် ခရစ်တော်အားရခြင်း။

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ (ဟေရှာယ ၅၃း၁၁)။

ဒေါက်တာ ဂျာဂျံမော်မန်း (၁၉၂၆)သည် ဂျာမနီလူမျိုးတဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီး သုံးနှစ် တိုင်တိုင် ဗြိတိန်ထောင်ထဲ၌ ကျခံခဲ့သူဖြစ်သည်။ ထောင်ထဲ၌နေစဉ် သူသည် သမ္မာကျမ်းစာကို လေ့လာခဲ့သည်။ ထောင်ထဲနေစဉ်၊ သမ္မာကျမ်းစာလေ့လာခြင်း အတွေ့အကြုံအားဖြင့် ငြွဩွုံးပါးတဆူ ဘုရားသမိုင်းကြောင်းနှင့် သုံးပါးတဆူဘုရားအကြောင်း လေ့လာခြင်း ဟူသော စာအုပ်ကို ရေးသားခဲ့သည်။ (ဃမသျမသadယ ၁၉၉၂). ဒေါက်တာ မော်မန်းသည် လက်ဘရယ်သမား ဖြစ်နေသဖြင့် သူ၏စာအုပ်အကြောင်း မပြောလိုတော့ပါ။ သို့ပါသော်လည်း ၎င်းစာအုပ်ထဲ၌ မှတ်သားလောက်သော အကြောင်းအရာများစွာ ပါဝင်နေပါသည်။ မော်မန်းရေးသားသောစာအုပ်ထဲက ဥပမာအားဖြင့် ကား တိုင်ပေါ်ကအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားနွယ်ဆုတခုလုံးကို “စွန့် တော်မူခဲ့သည်” ဟူသောအချက်ကို တွေ့ရပါသည်။ ဘုရားသခင်၏မေတ္တာတော်ကို ကားတိုင်ထက်၌ တွေ့ရပါသည်။ သားတော်အားစွန့်လွတ်ပြီး ဒုက္ခဝေဒနာကို ခံစားစေခဲ့ပါသည်။ ထိုနက်နဲသော “အတွင်းနှလုံးသားထဲကမေတ္တာ”ကို ဖော်ထုတ်ပြသခြင်းဖြစ်ပါသည်။ မော်မန်သည် အမှန်တရားများ စွာ မဖော်ထုတ်နိုင်ခဲ့သော်လည်း လက်ဝါးကပ်တိုင်ထက်တွင် သုံးပါးတစ်ဆူဘုရားကို တွေ့မြင်ရသည် ဟူသော အရေးကြီးသောအချက်ကို ဖော်ထုတ်ခဲ့သည်။ ကျွန်ုပ်အမြင်၌လည်း သုံးပါးတဆူဘုရား လက်ဝါးကားတိုင်၌ ဝေဒနာမျှဝေခံစားရသည်ဟူသော အချက်သည် တန်ဖိုးရှိ၍ မှန်သောတွေးခေါ်မှု ဖြစ်သည်ဟုမြင်ပါသည်။

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ (ဟေရှာယ ၅၃း၁၁)။

စပါဂျန်ပြောကြားခဲ့သည်မှာ

ထိုနုတ်ကပတ်တော်ထဲ၌ ခမည်းတော်ဘုရားသည် သားတော်ဘုရားနှင့်ပါတ်သတ်၍ ဖော်ပြ သည်မှာ၊ ကိုယ်တော်သည် မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာကိုမြင်လျှက် ဝမ်းမြောက်အားရ ခြင်းရှိလိမ့်မည်ကို အာမခံခြင်းဖြစ်၏။ ကယ်တင်ခြင်းအမှု၌ သုံးပါးတဆူဘုရား ပါဝင်လုပ် ဆောင်ခြင်း၌ နှစ်သက်နှစ်မြို့ခြင်းရှိခြင်းကို ဖော်ပြနေပါသည်! (C. H. Spurgeon, The Metropolitan Tabernacle Pulpit, Pilgrim Publications, 1980 reprint, volume 61. p. 301).

“မိမိ” ဟူသောစကားလုံးသည် “ခမည်းတော်ဘုရားက မိမိခံရသောဝေဒနာကို မြင်လိမ့်မည်” ဟူ၍ ဆိုလိုပါသည်။ “မိမိခံရသော” ဟုဆိုရာတွင် သားတော်ဘုရား ဝိညာဉ်ကိုမြင်ရ၍ အားရလိမ့်မည်ဟု ဆိုလိုပါသည်။ စပါဂျန်ဆိုလိုသည်မှာ၊ “နုတ်ကပတ်တော်၌ ခမည်းတော်ဘုရားနှင့် သားတော်ဘုရား ၏ ပါတ်သတ်မှုကို ဖော်ပြထားပါသည်”။

“မိမိဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်ရ၍ အားရလိမ့်မည်” (ဟေရှာယ ၅၃း၁၁)။

“မိမိဝိညာဉ်၏ဝေဒနာ” သည် ခရစ်တော်၏အတွင်းနှလုံးသားပြင်းထန်စွာ ခံစားရသောဝေဒနာ၊ အပြစ် သားတို့အဖို့ အစားထိုးအသေခံခြင်းကို ဖော်ပြပါသည်။ ခရစ်တော်၏အပြင်သဏ္ဍာန် နာကျင်ခြင်းကို လည်း ပေါပေါတန်တန်သဘောမထားသင့်ပေ။ ပိလတ်မင်း၏လက်၌ သေလုမတတ်ညှင်းဆဲခြင်း ဝေဒနာကို မလျှော့ပါးစေသင့်ပေ။ ခရစ်တော်အား တံတွေးနှင့်ထွေးခြင်း၊ ဆူးရစ်သရဖူကို ဆောင်းစေ ခြင်း မမေ့လျှော့သင့်ပေ။ ကားတိုင်ပေါ် ခြေလက်သံမှိုဖြင့် ရိုက်ခြင်းဝေဒနာနှင့်ရေငတ်ခြင်း၊ စသော ဝေဒနာများအား မမေ့လျှော့သင့်ပေ။ စပါဂျန် ယနေ့တိုင် သတိပေးပြောကြားသည်မှာ၊ စိတ်ဝိညာဉ်၏ ဝေဒနာသည် ၎င်းကျမ်းပိုဒ်၏အဓိကအကြောင်းဖြစ်ပြီး၊ ယေရှု၏ခံရသောဝေဒနာသည် အဘယ်မျှ ပြင်းထန်သည် မဖော်ပြနိုင်ပေ” (Spurgeon, ibid, pp. 302-303). “ခရစ်တော်၏စိတ်ဝိညာဉ်ခံစားရ သောဝေဒနာသည် သူခံစားရမည့်ဝေဒနာဖြစ်သည်ဟု ဆို၏” (ibid., p. 302). အတွင်းနှလုံးသားထဲက ခံစားချက်သည် အထူးသဖြင့် ပြင်းထန်သောဝေဒနာကို ဖြစ်စေသည်။

“ဝေဒနာ”ဟူသည် နာကျင်ခြင်းကို ဆိုလိုသည်။ “ခရစ်တော်၏စိတ်ဝိညာဉ်” ခံရသော၊ ပြင်းစွာ သောဝေဒနာကို အထူးသဖြင့်ဆိုလိုပါသည်။ လူသားတို့၏အပြစ်ရှိသမျှအဖို့၊ ခမည်းတော်သည် ကိုယ်တော်အပေါ် တင်တော်မူခြင်းဖြစ်သည်။ ကိုယ်တော်အား ကားတိုင်ပေါ်အသေမသတ်မှီ၊ ဂေသရှေ မန် ဥယျာဉ်ည၌ ၎င်းပြင်းပြသောဝေဒနာတော်ကို ကိုယ်တော်ခံစားခဲ့ရပါသည်။ ထိုမှတဆင့် ကိုယ် တော်၏စိတ်ဝိညာဉ်သည် နာကျင်ခြင်းဝေဒနာကို ခံခဲ့ရပါသည်။ ဒေါက်တာ ဂီးလ်ရေးသားခဲ့ သည်မှာ၊

ကိုယ်တော်၏လူများ ကယ်တင်ခြင်းရရှိဖို့ နာကျင်ခြင်းဝေဒနာကို သည်းခံရှာသည်။ သေ သည့်တိုင် စိတ်ဆင်းရဲခြင်း ဝေဒနာပြင်းထန်စွာ ခံခဲ့ရသည်။ ဘုရားသခင်၏အမျက်ဒေါသ သည် သူ့အပေါ်သို့ကျရောက်ခြင်းဖြစ်သည်။ အမျိုးသမီးများ မီးဖွားသည့်ပမာ ဝေဒနာကို ခံခဲ့ရသည်။ ထိုသို့သော နာကျင်ခြင်းဝေဒနာကို ကိုယ်တော်သည် အဆုံးတိုင်ခံခဲ့ရသည်။ (John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, volume 5, p. 315).

“မိမိဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်ရ၍ အားရလိမ့်မည်” (ဟေရှာယ ၅၃း ၁၁)။

“အားရလိမ့်မည်” ဆိုရာတွင် ဘုရားသခင်၏အမျက်ဒေါသ ပြေငြိမ်းခြင်းကို ဆိုလိုပါသည်။ အဖ ခမည်းတော် “အားရ” တော်မူခြင်း၊ သို့မဟုတ် အမျက်ဒေါသပြေငြိမ်းခြင်းဟ ဆိုလိုသည်။

“ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ် စေတော်မူ၏”

“ထိုသခင်သည် လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏” (၁ကော ၂း၂)။ (၂ကော ၅း၂၁)။

“အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ဘုရားသခင်ထင်ရှားစွာပြတော်မူပြီ” (ရောမ ၃း၂၅)။

ဒေါက်တာ ဂျွန်မက်အာတာသည် ခရစ်တော်၏အသွေးတော်နှင့် ပါတ်သတ်၍ တွေးခေါ်မှုမှားသော် လည်း ဤနေရာ၌အတည့်အလင်း ပြောကြားခဲ့သည်မှာ၊

အပြစ်ဖြေစရာဟုဆိုရာတွင်၊ “ခွေးသိပ်စိတ်ပြေ” သည်ဟု အဓိပ္ပါယ်ရှိသည်။ သို့တည်း မဟုတ် “ကျေနပ်အားရ”သည်ဟု ဆိုလိုသည်။ ယေရှုကားတိုင်ပေါ်တွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက တောင်းဆိုသောပြစ်ဒဏ်ကို ခံခဲ့ရသည်။ ထို့ကြောင့် ယေရှုသည် ဘုရား သခင်အား ကျေနပ်အားရစေခြင်းဖြစ်သည်။ (John MacArthur, D.D., The MacArthur Study Bible, Word Publishing, 1997, note on I John 2:2).

အသွေးတော်နှင့်ပါတ်သတ်၍ မှားယွင်းမှုရှိခဲ့သော်လည်း၊ အပြစ်ဖြေခြင်းနှင့်ပါတ်သတ်၍ မှန်ကန်စွာ ဖော်ပြခဲ့သည်! ယေရှုသည် ပြင်းစွာသောဝေဒနာတော်ကို၊ ဘုရားသခင်အမျက်တော် ပြေငြိမ်းသည့်တိုင် ပေးဆပ်ခဲ့ခြင်းဖြစ်သည်။ ခရစ်တော်၏ဝေဒနာသည် ဘုရားသခင်၏စိတ်အမျက်တော်ကို ပြေစေသည် “အားရစေသည်” ဖြောင့်မတ်စေသည်။

“အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအား ဖြင့် ဘုရားသခင်ရှေကတော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း”

“မိမိစိတ်ဝိညာဉ် ခံရသောဝေဒနာ၏အကျိုးကို မိမိမြင်ရ၍အားရလိမ့်မည်” (ဟေရှာယ ၅၃း၁၁)။

ခရစ်တော်၏ပြင်းစွာသော ဝေဒနာခံခြင်းအား ဘုရားသခင်ကို ကျေနပ်အားရစေသည်။ ကျွန်ုပ်အဖို့ ကယ်တင်ခြင်းအကြောင်း ဖြစ်စေသည်။

၂။ ဒုတိယ၊ အများသောသူတို့ကို ဖြောင့်မတ်ရာသို့တည်စေခြင်း။

“ဖြောင့်မတ်ရာသို့ တည်စေလိမ့်မည်” ဟူသောကျမ်းစကားအထိ၊ မတ်တပ်ရပ်လျှက်၊ အသံ ကျယ်ကျယ်ဖတ်ကြပါစို့။

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့် မတ်သောငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့် မတ်ရာ၌ တည် စေလိမ့်မည်” (ဟေရှာယ ၅၃း၁၁)။

အားလုံးထိုင်နိုင်ပါပြီ။

ဟေရှာယ ၅၂း၁၃၌၊ ပရောဖက် ဟေရှာယက၊ ခရစ်တော်အား ဘုရားသခင်၏ကျွန်ဟု သုံးနုန်း ထားပါသည်။ ယခုတွင်ခရစ်တော်အား “ဖြောင့်မတ်သောကျွန်ုပ်”ဟု ခေါ်ဆိုပါသည်။ ခရစ်တော်သည် ဖြောင့်မတ်သောသူဖြစ်သည်၊ အကြောင်းမှာ သူ၌ “အပြစ်မရှိ”၍ ဖြစ်သည် (၂ကော ၅း၂၁)။ အပြစ်မရှိ သောကြောင့် “ဖြောင့်မတ်သောငါ၏ကျွန်” ဟု အခေါ်ခံရသည်။

ခရစ်တော်သည် အများသောသူတို့အား ဖြောင့်မတ်ရာသို့တည်စေလိမ့်မည်ဟု ဆိုထားသည်။ (အငယ် ၁၁)။ ဤသည် ဧဝံဂေလိ၏နှလုံးသွေးကြောဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို နာခံပါသော်လည်း ဖြောင့်မတ်သောသူဖြစ်မည်မဟုတ်ပါ။

“ပညတ်တော်၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မ ရောက်ရာ”

ကျွန်ုပ်တို့သည် အပြစ်သားဖြစ်ကြသောကြောင့်၊ မိမိတို့ကိုမိမိတို့ ဖြောင့်မတ်အောင်မတတ်နိုင်ကြပေ။ ခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့်သာ ဖြောင့်မတ်သောသူဖြစ်ရကြသည်။ “သက်ဆိုင်ခြင်း”သည် သာ တရားဝင်ဖြစ်စေသည်။ ခရစ်တော်၏ဖြောင့်မတ်ခြင်းကြောင့် ကျွန်ုပ်တို့လည်း ဖြောင့်မတ်သောသူ ဖြစ်ကြသည်။ “ဘုရားသခင်၏ကျွန်သည် အများသောသူတို့ကို ဖြောင့်မတ်ရာသို့ တည်စေခြင်းဖြစ် သည်” (ဟေရှာယ ၅၃း၁၁)။ ခရစ်တော်၏ဖြောင့်မတ်ခြင်းဖြင့် အများတို့ကို ဖြောင့်မတ်ရာသို့ တည်စေ ခြင်းသာဖြစ်သည်!

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့် မတ်သောငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့် မတ်ရာ၌ တည် စေလိမ့်မည်” (ဟေရှာယ ၅၃း၁၁)။

ရဟန်းတော်ကန်တေရီးနတ်စ်အား အခြားကတ်သလစ် ရဟန်းတော်က သတ်ဖြတ်ခဲ့သည်ကို ဂျွန်ထေရက်ဒ်က ကျွန်ုပ်တို့အား သိတိပေးဖူးသည်။ အကြောင်းမှာ သူ့ကိုသူ ဓဏမသအနျအညေအဓ ခွဲထွက် ဆန့်ကျင်သူဟု ခေါ်ပြီး၊ မိမိ၏ယုံကြည်ချက်အတိုင်း အဆုံးစီရင်ခံခဲ့ခြင်းဖြစ်သည်။ “ဘုရားသခင်၏ သနားခြင်းဂရုဏာတော်ဖြင့် မိမိသည် လွတ်ငြိမ်းချမ်းသာခြင်းရရှိပြီ” ဟု ယုံကြည်ခံယူသောကြောင့် ဖြစ်သည်။ (John Trapp, A Commentary on the Old and New Testaments, 1997 reprint, volume III, pp. 410-411, note on Isaiah 53:11). ရဟန်းတော်ကန်တေရီနတ်စ်သည် ဤနေရာတွင် မှန်သည်! သို့သော် အခြားသောရဟန်းတော်များကား ဤနေရာတွင် မှားယွင်းခဲ့ကြသည်!

“ဖြောင့်မတ်သောငါ၏ကျွန်သည် အများသောသူတို့ကို ဖြောင့်မတ်ရာသို့တည်စေလိမ့်မည်” ၎င်းနုတ်ကပတ်တော်သည် အထူးသဖြင့် မှန်ကန်ပါသလား? အဟုတ်မှန်ကန်ပါသည်! ဤသည် ကျွန်ုပ်တို့နှစ်ခြင်းအသိုင်းအဝန်းတို့၏ နှလုံးသားခံယူချက်ပင်ဖြစ်သည်! မိမိတို့ကိုမိမိဖြောင့်မတ်အောင် မလုပ်နိုင်ကြပါ။ ဖန်နီးနောက်လိုက်များနှင့် ကတ်သလစ်ဘာသာဝင်တို့၏ သွန်သင်ချက်သည် လုံး၀ မှားပါသည်!

“ပညတ်တရား၏အကျင့်အားဖြင့် လူသည်ဖြောင့်မတ်ရာသို့မရောက်။ သို့သော် ယေရှုခရစ် ၏ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်ကြောင်းသိကြသည်။ (ဂလာ ၂း၁၆)။

“ထို့ကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ပညတ် တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ငါတို့၏အထိန်းဖြစ်သတည်း” (ဂလာ ၃း၂၄)။

ဘုရားသခင်၏ “ဖြောင့်မတ်သောကျွန်” ခရစ်တော်သည် ကျွန်ုတို့အား ဖြောင့်မတ်ရာ၌တည်စေသည်!

မည်ကဲ့သို့တည်စေခဲ့သနည်း?မည်သို့အများသောသူတို့ကို ခရစ်တော်ဖြောင့်မတ်ရာသို့တည်စေခဲ့ သနည်း? ကောင်းမှုကုသိုလ်အားဖြင့် အပြစ်တွေကိုဖယ်ရှားပြီး ဖြောင့်မတ်ရာသို့တည်စေသလား? ထိုသို့မဟုတ်ပါ! ၎င်းသည် ကာသိုလ်လစ်နှင့် အပေါ်ယံခရစ်ယာန်တို့၏အပြုအမူသာ ဖြစ်သည်! “အပြစ်သားဆုတောင်းသံ” ဖြင့်သော်၎င်း၊ “တရားဒေသနာတော်နိဂုံး နားထောင်ကာမျှဖြင့်” သို့တို့အား ဖြောင့်မတ်သောသူ ဖြစ်စေပါသလား? ထိုသို့မဖြစ်နိုင်ပါ! ၎င်းသည် ရောမန်ကာသိုလ်လစ်နှင့်အပေါ် ယံခရစ်ယာန်တို့၏ အပြုအမူသည်ဖြစ်သည်! “ကယ်တင်ခြင်း၊ အစီအစဉ်”နှင့်ယောဟန် ၃း၁၆ကို ဖတ်ကာရုံဖြင့်၎င်း၊ “အပြစ်သားဆုတောင်းနည်း? အတိုင်းအားဖြင့် ၎င်းတို့ကို ဖြောင့်မတ်ရာသို့ တည်စေခြင်းလော့? ထိုသို့မဖြစ်နိုင်ပါ! ၎င်းသည်လည်း ရောမန်ကာသိုလ်လစ်နှင့်အပေါ်ယံခရစ်ယာန် တို့၏အပြုအမူသာ ဖြစ်သည်!

မည်ကဲ့သို့ဖြောင့်မတ်သောသူဖြစ်ကြသနည်း?ဘုရားသခင်ရှေ့တော်မှောက်၌ သန့်ရှင်းစင်ကြယ် သူနှင့် ဖြောင့်မတ်သောသူမည်ကဲ့သို့ ဖြစ်လာနိုင်မည်နည်း? ၎င်းသည် အရေးကြီးသော ထာ၀ရ အသက်နှင့်ယှဉ်သောမေးခွန်း ဖြစ်ပါသည်! ၎င်းသည် ယောဘဝတ္တု၌ အရေးပါမေးထားသော မေးခွန်း ဖြစ်သည်! မိန့်တော်မူသည်မှာ!

“သို့ဖြစ်၍လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း? လူမိန်းမ ဘွားမြင်သောသူသည် အဘယ်သို့သန့်ရှင်းနိုင်သနည်း” (ယောဘ ၂၅း၄)။

ကျွန်ုပ်တို့၏ရွှေကျမ်းချက်ထဲက အမှန်တရားပေါ်ထွက်နိုင်ပါပြီ။

“ငါ၏ကျွန်သည် သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာသို့ တည်စေလိမ့်မည်”။ (ဟေရှာယ ၅၃း၁၁)။

စပါဂျန်ကလည်း၊ “ငါ၏ဖြောင့်မတ်သောကျွန်ကို သိကျွမ်းခြင်းအားဖြင့် အများသောသူတို့ကို ဖြောင့် မတ်ရာသို့ တည်စေလိမ့်မည်” ဟူ၍ ဘာသာပြန်ဆိုထားပါသည်။ (C. H. Spurgeon, The Metropolitan Tabernacle Pulpit, Pilgrim Publications, 1980 reprint, volume 63, p. 117). စပါဂျန်ဆက်လတ်၍ပြောကြားသည်မှာ၊

ခရစ်တော်၏ယဇ်ပူဇော်ခြင်းထဲက အကျိူးရလဒ်ရရှိခြင်းကား သိခြင်းနှင့်ယုံကြည်ခြင်းဖြင့် သာ တည်သည်။ လုပ်ဆောင်ခြင်းအားဖြင့်မဟုတ်ပါ။ “ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်နိုင်ပါ”။ “ပညတ်တော်သည် အပြစ်တရားကို ဖော်ပြနေခြင်းဖြစ် သည်”။ “ကျေးဇူးတော်နှင့်ဂရုဏာတော်သည် ခရစ်တော်အားဖြင့် ရရှိလာခြင်းဖြစ်သည်”။ “သိခြင်းနှင့်ယုံကြည်ခြင်းဖြင့် ခရစ်တော်ထံချဉ်းကပ်ရမည်။ ခရစ်တော်အားဖြင့် ဖြောင့်မတ် သောသူဖြစ်သည်”။ (ibid).

“အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသူအား ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျှက်ရှိ၏” (ရောမ ၄း၅)။

“သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” (တမန် ၁၆း၃၁)။

“မိမိ၏စိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိူးကို မိမိမြင်၍ အားရလိမ့်မည်” (ဟေ ရှာယ ၅၃း၁၁)။

ခရစ်တော်၏ပြင်းထန်စွာ ခံရသောဝေဒနာတော်သည် ဘုရားသခင်အား ကျေနပ်စေပါသည်။ ခရစ်တော်ကို သိကျွမ်းခြင်းဖြင့် အများသောသူတို့သည် ကယ်တင်ခြင်းရရှိကြမည်ဖြစ်သည်။

၃။ တတိယ၊ အပြစ်သားတို့အဖို့ ခရစ်တော်အစား အသေခံပေးခြင်း၊

ရွှေကျမ်းချက်အဆုံးပိုင်းကို ကျေးဇူးပြု၍ ဂရုတစိုက်ဖတ်ကြပါစို့။

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည် စေလိမ့်မည် သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွှက်ရ၏” (ဟေရှာယ ၅၃း၁၁)။

အားလုံးထိုင်နိုင်ပါပြီ။

ခရစ်တော်သည် ငြွ“သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွှက်ခြင်းအားဖြငဲ့်” ။ြွငအြွများသောသူတို့ကို ဖြောင့်မတ်ရ၌တည်စေမည်ဖြစ်ည်။ ၎င်းဆိုလိုသည်မှာ ခရစ်တော်သည် သူတို့အပြစ်ကို ဖြေရှင်းပေး မည်ဖြစ်သည်။ ဖြောင့်မတ်ခြင်းရရှိုဖို့ အဓိကလုပ်ဆောင်ရဖို့ အခြေခံလုပ်ရပ်သည်၊ ကျွန်ုပ်တို့၏ကိုယ် စား၊ အစားဝင်အသေခံခြင်းအားဖြင့် ကယ်တင်ခြင်းရရှိခြင်းဖြစ်သည်။ “သူတို့၏အပြစ်ကို ကိုယ်တိုင် ဆောင်ရွှက်ရ၏” (ဟေရှာယ ၅၃း၁၁)ထဲ၌ ဆိုထားပါသည်။

“ထိုသူသည် ငါတို့ကျူးလွန်ခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ငြိမ်သက်ချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက် ၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျှက်ရှိကြ၏” (ဟေရှာ ၅၃း၅)။

ဟေရှာယ ၅၃း၆၌ မိန့်တော်မူသည်ကား၊

“ငါတို့သည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏” (ဟေရှာယ ၅၃း၆)။

ဟေရှာယ ၅၃း၈၌ မိန့်တော်မူသည်ကား၊

“ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံတော်မူ၏” (ဟေရှာ ၅၃း၈)။

၁ ပေ၂း၂၄၌ မိန့်တော်မူသည်ကား၊

“ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ” (၁ပေ ၂း၂၄)။

ကျွန်ုပ်တို့၏ရွှေကျမ်းချက်အား၊ စပါဂျန်က ဘာသာပြန်ဆိုရာတွင်၊ “ငါ၏ဖြောင့်မတ်သောကျွန်ကို သိကျွမ်းခြင်းဖြင့် အများသောသူတို့သည် ဖြောင့်မတ်သောသူများဖြစ်ကြလိမ့်မည်” ဟုပြန်ဆိုသည်။

ဤတွင် ဧဝံဂေလိသတင်းကောင်း ပထမအချက်ကို ရှင်းလင်းစွာ သင်တွေ့ရပြီဖြစ်သည်။ ခရစ်တော်၏ဝေဒနာကို ဘုရားသခင်ကျေနပ်တော်မူသည်။ ခရစ်တော်ကို သိကျွမ်းခြင်းဖြင့်လည်း သင် သည် ဖြောင့်မတ်သောသူဖြစ်ပြီဖြစ်သည်။ ယုံကြည်ခြင်းဖြင့် ခရစ်တော်ကို သိကျွမ်းခြင်းသည် ပြည့်စုံ သောကယ်တင်ခြင်းကို သင်ခံရပြီဖြစ်သည်။ အံ့ဖွယ်ကောင်းသော ဧဝံဂေလိသတင်းကောင်းပင်ဖြစ်၏! အံ့ဖွယ်ကောင်းသောသတင်းကောင်းပင် ဖြစ်ပါသည်တကား! သမိုင်း၌ထိုသို့သောအဖြစ်အပျက်အတွေ့ အကြုံကို ရှေ့ယခင်၌လည်းမတွေ့ရ၊ နောင်တွင်လည်း တွေ့ရလိမ့်မည် မဟုတ်ပါ!

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့် မတ်သော ငါ၏ကျွန်ကိုသိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့် မတ်ရာ၌ တည်စေလိမ့်မည် သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွှက်ရ၏” (ဟေရှာ ၅၃း၁၁)။

vGefcJhaomnu? ဝီစလီနှင့်ကျွန်ုပ်သည် မင်းသားဂျွန်ကယ်ရီဒင်အကြောင်း အင်တာနက်တွင် ဖတ်ဖြစ်ခဲ့ကြသည်။ သူသည်အခြားသော မင်းသားတို့ထက် ပိုသာသောရုပ်ရှင်ကား ၃၀၀ရိုက်ခဲ့သူ ဖြစ်သည်။ သူ၏ရုပ်အလောင်းကို အီတလီနိုင်ငံ၊ မီလန်မြို့၌ရှိ မိမိ၏သားနေအိမ်ခေါင်းတလား၌ ချထားသည်ကို တွေ့ရ၏။ သူ့သားက အရက်အလွန်အကျွံသောက်နေသည်။ သူသည် သေနေသော ဖခင်၏ပါးစပ်ကိုဟပြီး အရက်သွန်းလောင်းခဲ့သည်။

သင်တို့အား ကျွန်ုပ်မေးလိုပါသည်။ ထိုလူသေဟာ အရက်၏အရသာကို သိနိုင်တော့မှားလား? လုံး၀မသိနိုင်တော့ပါ! သင်တို့မခံစားရဖူးသောဝေဒနာကို၊ ခရစ်တော်ခံယူခဲ့ခြင်းအားဖြင့် သင်တို့ကို ခရစ်တော်ကိုယ်စား အသေခံခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည်၊ ဝိညာဉ်ရေးရာ၌ သေနေသောသူဖြစ်သည်။ သမ္မာကျမ်းစာတော်မြတ်က “သင်သည်၊ အပြစ်၌သေနေသောသူ” (ဧဖက် ၂း၅)ဟု ဖော်ပြထားပါသည်။ ၎င်းသည် အပြစ်၏သဘောပင်ဖြစ်သည်။ သင်သည်သေနေသော ခရစ်တော်၏ ပစ္စည်း၊ ဥစ္စာဖြစ်သည်။ ခရစ်တော်ပြုပေးခဲ့သမျှ သင်မခံစားရပေ။ မမြည်းစမ်းရပေ၊ ဂျွန် ကယ်ရီဒင်ကဲ့သို့ ဘုရားသခင်၌ သင်သေနေသောသူဖြစ်သည်။ ထာ၀ရပျောက်နေခြင်းမှ သင်အား ခရစ်တော် ကယ်တင်ခြင်းဖြစ်သည်! သင်သည် ဝမ်းနည်းကြေကွဲလျှက် “ငါသည် ငြိုငြင်သောသူ ဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကိုအဘယ်သူကယ်လွတ်မည်နည်း” (ရောမ ၇း၂၄) ဟူ၍ ငိုကြွေးပါ။

မည်သူမဆို စိတ်နှလုံးသားထဲက ထိုသို့ငိုရေူအးကးမည်ဆိုလျှင်၊ သင်သည် ကယ်တင်ခြင်းနှင့်မဝေး တော့ပြီ။ သင်ငိုရေူအးကးမှာလား? သင်သည်ဘုရားသခင်၌ သေနေသောသူဖြစ်ပြီး ခရစ်တော်၏ ကယ်တင်ခြင်းလိုအပ်သည်ဟု ခံစားပါသလား?၊ ခရစ်တော်၌အသက်တာ ပြောင်းလဲပြီလား?အကယ် ၍ မပြောင်းလဲသေးပါက၊ ဤလောကတစ်ခွင်လုံး၏အပြစ်ကို ယူဆောင်သွားသော ဘုရားသခင်၏သိုး သူငယ်ကို မျော်ကြည့်မှာလား? ခရစ်တော်ကို မျောကြည့်ပြီး ကယ်တင်ခြင်း၊ ရယူမှာလား? မကြာ သေးခင်က မစ္စတာ ဂရိဖက်စ် သီဆိုသွားသော ဓမ္မသီချင်းကို နားထောင်ပါ။

-အပြစ်ဝန်ထုတ်မှ သင်လွတ်မြောက်ဖို့ရန်
   သိုးသူငယ်တော်အား မျော်ကြည့်
ကာရာနီတွင် သင့်ကိုယ်စားအသေခံ
   သိုးသူငယ်တော်အား မျော်ကြည့်
သိုးသူငယ်တော်အား မျောကြည့်၊ သိုးသူငယ်တော်အား မျော်ကြည့်ပါ
   သင့်အား ကယ်တင်ရန်တတ်စွမ်း၏
သိုးသူငယ်တော်အား မျော်ကြည့်
   (၁၈၃၈-၁၉၁၄၊ အိပ်ခ်ျ၊ ဂျီဂျက်ဆင် သီကုံးသော
      ”သိုးသူငယ်တော်အားမျော်ကြည့်”)။


စာရေးသားလျှင် မည်သည့် တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန်လည်ဖြေကြား နိူင်မည်မဟုတ်ပါ။ ဤတ ရားဒေသနာ အားဖြင့်ခွန်အားရလျှင် စာရေးသားပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေး လိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာသာ စကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေးသားပါ။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာ အမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်း ဆက်လိုသောအခါ ( ၈၁၈)၃၅၂-၀၄၅၂။ တရားဒေသနာနိဂုံး သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင် www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။ ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Hymers ၏ခွင့်ပြုချက်မလိုဘဲ အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Hymers ၏ ဗွီဒီယိုတရားဟောချက် များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

(တရားဒေသနာနိဂုံး)
သင်သည် ဒေါက်တာ Hymer ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့်
အပတ်တိုင်းကြည့်ရှုနိူင်သည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။

ဤတရားဒေသနာစာမူများသည် မူပိုင်မဟုတ်ပါ။ ဒေါက်တာ Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲ စာအားဖှငျ့လညျး အသုံးပြုနိူင်ပါသည်။ သို့ရာတွင် ဒေါက်တာ Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်
များကိုမူ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိူင်သည်။

-ဒေသနာတော်မတိုင်ခင် ဒေါက်တာ ဂရိတ်တန် အယ်လ်ချန်မှ ဟေရှာယ ၅၃း၁-၁၁ကို ဖတ်ကြား ပေးပါသည်။
-ဒေသနာတော် မတိုင်ခင် မစ္စတာဘင်ဂျင်မင် ခင်ကိတ်ဂရိဖက်စ်မှအိပ်ခ်ျ၊ ဂျီဂျက်ဆင် သီကုံးသော ]]သိုးသူငယ်တော်ကို မျော်ကြည့်}}ဟူသောဓမ္မသီချင်းကို သီဆိုပေးပါသည်။


အခှပှေုကမြွး

ခရစ်တော်အားဖြင့် ဖြောင့်မတ်သောသူဖြစ်ပြီ

(ဟေရှာယ ၅၃ထဲက ဒေသနာတော်အမှတ်စဉ် ၁၃)
SATISFACTION AND JUSTIFICATION OBTAINED BY CHRIST
(SERMON NUMBER 13 ON ISAIAH 53)

ဒေါက်တာအာရ်အယ်ဟိုင်မာဂျေအာရ်၏

“မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကိုမိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည် စေလိမ့်မည်” (ဟေရှာယ ၅၃း၁၁)။

၁။ ပထမ၊ ဘုရားသခင်၏တရားစီရင်ခြင်းအပေါ် ခရစ်တော်အားရနှစ်ထောင်းဖြစ်ခြင်း။
(ဟေရှာယ ၅၃း၁၁)က၊ (၂ကော ၅း၂၁)၊ (၁ယော ၂း၂)၊ (ရောမ ၃း၂၅)

၂။ ဒုတိယ၊ အများသောသူတို့ကို ဖြောင့်မတ်ရာသို့တည်စေခြင်း။
(ဟေရှာယ ၅၃း၁၁ ခ၊ ၅၂း၁၃)၊ (၂ကော ၅း၂၁)၊ (ရောမ ၃း၂၀)၊ (ဂလာတိ ၂း၁၆၊ ၃း၂၄)၊
(ယောဘ ၂၅း၄)၊ (ရောမ ၄း၅)၊ (တမန် ၁၆း၃၁)။

၃။ တတိယ၊ အပြစ်သားတို့အဖို့ ခရစ်တော်အစား အသေခံပေးခြင်း၊
(ဟေရှာယ ၅၃း၁၁)ဂ၊ (ဟေရှာယ ၅၃း၅၊ ၆၊ ၈)၊ (၁ပေ ၂း၂၄)၊ (ဧဖက် ၂း၅)၊ (ရောမ ၇း၂၄)။