Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ကျေးဇူးကန်းသောလူသား
ကျေးဇူးတော်ချီးမွမ်းခြင်းဒေသနာတော်

(ကမ္ဘာဦးကျမ်းထဲက ၆၅မြောက်သောဒေသနာတော်)
THE MAN WHO FORGOT TO BE THANKFUL
A THANKSGIVING SERMON
(SERMON #65 ON THE BOOK OF GENESIS)
(Burmese)

ဒေါက်တာအာရ်အယ်လ်ဟိုင်မာဂျေအာရ်၏
by Dr. R. L. Hymers, Jr.

၂၀၁၂၊ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်၊
လော့စ်အိန်ဂျယ်လိတ်မြို့၊ တဲတော်နှစ်ခြင်းအသင်းတော်၊ သခင်ဘုရားနေ့၊ ညနေပိုင်းဝတ်ပြုအစည်းအဝေး၌ ဟောကြားသော ဒေသနာတော်၊
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 18, 2012

“သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကို မအောက်မေ့ဘဲ မေ့လျော့၍ နေလေ၏” (ကမ္ဘာဦး ၄ဝး၂၃)


ဖလားတော်ဝန်သည် မိမိ၏အရှင်အဲဂုတ္တုရှင်ဘုရင်ကို ပြစ်မှား၏။ ထိုသူကိုလည်း ယောသပ်နေရသော မြေအောက်အကျဉ်းထောင်ထဲ၌ ချုပ်ထား၏။ ယောသပ်သည် ဟေဗြဲလူမျိုးဖြစ်သဖြင့် အဘယ်မည်သော ရာဇဝတ်မှုကို မကျူးလွန်ဘဲ ချုပ်နှောင်ခြင်း ခံခဲ့ရသည်။ သို့ပါသော်လည်း ထာ၀ရဘုရားသည် ယောသပ်နှင့်အစဉ်အမြဲ ရှိနေပါသဖြင့် ထောင်မှူးသည် ထောင်၌ ချုပ်နှောင်ထားသော သူအပေါင်းတို့ကို ယောသပ်လက်သို့ အပ်၍ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ်စီရင်ရသည်။ ပထမညဉ့်၌ပင် ဖလားတော်ဝန်သည် အိပ်မက်ကို မြင်မက်ခဲ့ပါသည်။ ဖလားတော်ဝန်သည် မိမိအိပ်မက်အနက်ကို ယောသပ်အား ပြောကြားမေးမြန်းခဲ့သည်။ ယောသပ်သည် ထာ၀ရဘုရား မစတော်မူသဖြင့် အိမ်မက်အနက်ကို ပြန်ဆိုခဲ့ပါသည်။ ယောသပ်က သင်၏အိမ်မက်အနက်ကား သင်၏အရင်ရာထူးကို ပြန်ပေးတော်မူသဖြင့် သင်သည် ဖလားတော်ကို ဖာရောမင်း၏လက်တွင် ဆက်မြဲဆက်ရလိမ့်မည်ဟူ၍ ပြောကြားခဲ့ပါသည်။ ဖလားတော်ဝန် အကျဉ်းထောင်မှ လွတ်မြောက်သောအခါ အပြစ်မရှိ ဘဲ ယောသပ်အား ချုပ်နှောင်ခြင်းဖြစ်သည်ဟု အဲဂုတ္တုရှင်ဘုရင်ထံတောင်းဆိုပေးရန် ကတိပြုခဲ့၏။ ထို့နောက် သုံးရက်မြောက်သောနေ့တွင် ယောသပ်ကြိုတင် ဟောကြားခဲ့သည့်အတိုင်း ဖလားတော်ဝန်သည် အထက်အရာ၌ တစ်ဖန် ခန့်ထား တော်မူခြင်းကို ခံခဲ့ရပါသည်။

ယနေ့တွင် ယောသပ်၌ မိမိသည် အပြစ်ကင်းသောသူဖြစ်ကြောင်း ဖာရောမင်း ရှေ့တွင် ထွက်ဆိုပေးမည့် သူငယ်ချင်းကောင်း တွေ့ရပြီဖြစ်သည်။ သို့ပါသော်လည်း နှစ်လကြာညောင်းပါသောအခါ ဖလားတော်ဝန်သည် မည်သည့်စကားကိုမျှ ယောသပ်အဖို့ ဘုရင်မင်းမြတ်ထံ မထွက်ဆိုခဲ့ပေ။ ၎င်းကတိတော်ကို ဖလားတော်ဝန် လုံးလုံးလျားလျား မေ့၍မဟုတ်ပါ။ မိမိ၏အရေးကိစ္စကို ဘုရင်မင်းမြတ်ထံ သံသယရှင်းစွာ အယူခံဝင်ဖို့ ကြောက်ရွံ့၍ ဖြစ်ပါသည်။ ထိုအကြောင်းအရာကို ဖော်ထုတ် ပြောဆိုသောအခါ ဘုရင်သည် စိတ်ဆိုးလျက် ထောင်ထဲပြန်လည်၍ သွင်းချနိုင်သော ကြောင့်ဖြစ်သည်။ သို့တည်းမဟုတ် အခြားသော အကြောင်းကြောင်းကြောင့် ဖြစ်နိုင် ပါသည်။ ထို့ကြောင့် ဖလားတော်ဝန်သည် ယောသပ်အား မေးလျော့ခြင်း ဖြစ်သည်။ အကယ်၍သာ ယောသပ်က ဖလားတော်ဝန်အား ကျေးဇူးမပြုဘဲ အနှောင့်အယှက် ပြုခဲ့မည်ဆိုလျှင် သူ့အား မေ့နိုင်မည်မဟုတ်ပါ။ ယောသပ်က ကူညီမစပေးသောကြောင့် သူ့အား လျှင်မြန်စွာ မေ့ခဲ့ရခြင်းဖြစ်သည်။ “သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကို မအောက်မေ့ဘဲ မေ့လျော့၍ နေလေ၏” (ကမ္ဘာဦး ၄ဝး၂၃)။

အံ့ဩစရာကောင်းအောင် ကျေးဇူးကန်းခြင်း မဟုတ်ပါလား။ ကျေးဇူးကန်းခြင်း ဟူသည် လုံး၀ဥဿုံ ပျက်စီးယိုယွင်းကြသော လူသားထုတစ်ခုလုံး၏ ဖြစ်စဉ်ပင် ဖြစ်သည်။ ဖလားတော်ဝန်သည်လည်း ကျေးဇူးကန်းသောလူသား ဖြစ်ခဲ့ပါသည်။ ယနေ့ဆိုးယုတ်သော မျက်မှောက်တော်၌ အကျင့်စရိုက်ဆိုးယုတ်ခြင်းသည် ကြီးထွားလျှက် ရှိသည်။ တမန်တော်ရှင်ပေါလုမိန့်ကြားသည်မှာ

“နောင်ကာလသည် ခဲယဉ်းသောကာလ ဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား လူတို့သည် ကိုယ့်ကိုကိုယ် ချစ်သောသူ၊ ငွေကိုတက်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ” (၂တိ ၃း၁-၂)

“မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ သန့်ရှင်းခြင်း မရှိသောသူ” နောက်ဆုံးသောကာလ၏ အကျင့်စရိုက်သည် ကြောက်လန့်ထိန့်လန့်စရာ ဖြစ်သည်။ သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကို မအောက်မေ့ဘဲ မေ့လျော့၍ နေလေ၏။ (ကမ္ဘာ ၄ဝး၂၃)၌ မိန့်ကြားထားသကဲ့သို့ ယနေ့ခောတ် လူတို့သည်လည်း ဖလားတော်ဝန်ကဲ့သို့ ကျေးဇူးမရှိကြတော့ပေ။ ယနေ့ခောတ် လူသားတို့၌ “ကျေးဇူးပြုခြင်းမရှိ” “သန့်ရှင်းခြင်းလည်းမရှိ” ကြတော့ပြီဖြစ်သည်။ လူငယ်မောင်မယ် များ ကျေးဇူးပြုခြင်းမရှိသော နယ်ပယ်သုံးရပ်ရှိပါသည်။

၁။ ပထမ၊ အများသောသူတို့သည် မိဘအပေါ် ကျေးဇူးကန်းနေကြသည်။

သမ္မာကျမ်းစာ၌ မိန့်တော်မူသည်ကား “သင်၏မိဘကို ရိုသေစွာပြုလော့” ဟူ၍ (ထွက်မြောက် ၂ဝး၁၂၊ တရားဟော ၅း၁၆)တို့၌ မိန့်တော်မူခဲ့ပါသည်။ ဓမ္မသစ်ကျမ်း ဖြစ်ကြသော (ရှင်မဿဲ ၅း၄၊ ၁၉း၁၉၊ ရှင်မာကု ၇း၁၀၊ ၁ဝး၁၉၊ ရှင်လုကာ ၁၈း၂၀၊ ဧဖက်ဩဝါဒစာ ၆း၂ တို့၌လည်း ခြောက်ကြိမ်တိုင်တိုင် မိဘကိုရိုသေဖို့ ပြောထား ပါသည်။ ထိုပညတ်တော်သည် မည်သည့်အခြေအနေ၌မဆို မိဘကိုရိုသေရန် မိန့်တော်မူခြင်း ဖြစ်ပါသည်။ “သင်၏မိဘသည် ကောင်းမွန်သောကြောင့် သင်၏မိဘကို ရိုသေစွာပြုလော့” ဟူ၍ မိန့်ဆိုထားခြင်းမရှိပါ။ ထိုသို့မိန့်တော်မူခြင်းမဟုတ်သဖြင့် သင်သည် မည်သည့်အခြေအနေ၌မဆို မိဘကိုရိုသေရပါမည်။ မိခင်တစ်ဦးက သူ၏ကလေး နိုးသောအခါ မိခင်၏လက်မောင်းဖြင့် ချီပင့်ချော့သိပ်နေသည်ကို သင်တွေ့ရလျှင် သင်၏မိခင်သည်လည်း သင့်အား ထိုသို့ပြုစုစောင့်ရှောက်ခဲ့သည် မဟုတ်ပါလား၊ သင့်အား သင့်မိခင်က ညစ်ပေနေသော အဝတ်အစားများ လဲပေးခဲ့သည်။ စောင့်ရှောက်ခဲ့သည်။ လျှော်ဖွပ်မီးပူတိုက်ပေးခဲ့သည်။ အစားအစာနှင့် နို့ချိုတိုက် ကျွေးခဲ့သည်။ သင့်အဖို့ မေတ္တာပို့ဆုတောင်းပေးပြီး သင်၏အနာဂါတ်အတွက် အကောင်းဆုံး ပြင်ဆင်ပေးခဲ့သည်ကို မစဉ်းစားမတွေးတောခဲ့ပေဘူးလား၊

ခြောက်လသားအရွယ် ကျွန်ုပ်စကားပြောတတ်ဖို့ မေမေက စကားသင်ကြားပေးခဲ့ သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်။ တယ်လီဗေးရှင်းမပေါ်သေးသဖြင့် မကြာခဏ ဖျားနာနေသောကျွန်ုပ်အား အိမ်၌စာသင်ပေးခဲ့သော မေမေအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ မေမေသေဆုံးသွားပြီဖြစ်သော်လည်း ကျွန်ုပ်၏ နဖူးပြင်၌ အမေလက်တင်ဆုတောင်းပေးခဲ့ခြင်း၊ ကျွန်ုပ်၏ပါးကို နမ်းရှုပ်ပေးခဲ့ခြင်းအား ယနေ့ထိတိုင် မမေ့နိုင်သေးပါ။ ထိုသို့သော မွေးသမိခင်အတွက် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးနိုင်ပါ။ မိတ်ဆွေကော အဘယ်သို့နည်း၊ သင်၏ မွေးသမိခင်ကို ဘယ်အချိန်နောက်ဆုံးထားပြီး အမေ့ကိုအရမ်းချစ်တာပဲဟူ၍ ပြောကြားခဲ့သလဲ၊

တက်ဒူးစတေဖန်သည် အမေရိကန်ပြည်တွင်းစစ်ပွဲကာလ၌ တန်ခိုးကြီးသော နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါသည်။ သူသည် ခြေတစ်ဖက်မစွမ်းသောသူ တစ်ဦးဖြစ်ပါသည်။ သူ၏မိခင်သည် သူ့သားပညာရေးအတွက် နေ့ညမရွေး ကြိုးစား၍ အလုပ်လုပ်ခဲ့ရှာပါသည်။ နောင်တွင်သူသည် ပညာတတ်ပြီး ရှေ့နေတစ်ဦးဖြစ်လာ သောအခါ သူ့အမေအား နှစ်ခြင်းအသင်းတော်ဘုရားကျောင်း၌ အလှူထည့်ဝင်ရန် ရွှေစလေးများကို အပတ်တိုင်းအတွက် ပေးအပ်ခဲ့ပါသည်။ ယနေ့တွင် ဆောင်းဦးရာသီနှင့် နွေရာသီများတို့၌ နှင်းဆီပန်းနှင့် အခြားသောပန်းများ သူမ၏သင်္ချိုင်းပြင်၌ ဖူးပွင့်နေကြသည်ကို ကျွန်ုပ်တို့ တွေ့နေရပါသည်။ တက်ဒူးစတေဖန်သည် သူ့မိခင်၏ သင်္ချိုင်းကို ထိုသို့လှပဝေဆာနေအောင် များစွာသောငွေကြေးကို အသုံးပြုပြီး ပြင်ဆင် မွမ်းမံခဲ့ပါသည်။

စကော့တလန်နိုင်ငံသား ဘုရားရှိခိုးကျောင်း ပါရဂုတ်အတွင်း သင်္ချိုင်း၌ အမှတ်တရကျောက်တိုင်ကို သာသနာပြုဆရာကြီး ဒေါက်တာဒေးဝိဒ်လီးဗိန်စတုန်းအား ရည်စူး၍ သူ၏ ညီအစ်ကိုမောင်နှစ်မတို့က စိုက်ထူပေးခဲ့ပါသည်။ အောက်ဖေါ်ပြပါ စကားလုံးကို ရေးထွင်းထားပါသည်။

သားသမီးရတနာများကြောင့် ဘုရားသခင်ကို
   ကျေးဇူးတင်မဆုံးသောမိဘ၊
ဆင်းရဲပြီး ဘုရားချစ်သော နေးလ်လီးဗင်းစတုန်းနှင့်
   ဇနီးအက်နစ်ဟန်တာတို့၏ ခိုနားရာအရပ်၊ ဟူ၏။

“ကျေးဇူးကန်းသောသားသည် မြွေဆိုးအစွယ်ထက် ချွန်ထက်သည်။”ဟူ၍ အသက်အရွယ်ကြီးရင့်သော ဘုရင်နှင့် ခမည်းတော်တို့၏ ကိန်းလေရာ၌ပြောသော စကားသည် သေစေလောက်အောင် ဝမ်းနည်ဖွယ်ကောင်းသည်ဟူ၍ ရှိတ်စပီးယားပြောခဲ့ ပါသည်။ ကျေးဇူးကန်းခြင်းသည် အစဉ်သဖြင့် ဆိုးညစ်လွန်းလှပါသည်။ ထိုသို့ သားသမီးတို့က မိဘတို့အား ကျေးဇူးကန်းခြင်းသည် အရုပ်ဆိုးအကျဉ်းတန်စေပါသည်။ ရှိတ်စပီးယားပြောကြားခဲ့သည်မှာ၊

ကျေးဇူးကန်းခြင်း၊ မာကျောသောနှလုံးနှင့်ယုတ်မာခြင်း၊
ထိုထက်မက ပို၍လှည့်ပတ်ကောက်ကျစ်သော
သဘောမနောတို့သည် သင်တို့၏ သားသမီးတို့
သိမြင်ပါက ထိုသူတို့သည် ပင်လယ်တစ္ဆေပမာ
ကြောက်စရာသတ္တဝါ ဖြစ်လာပါတော့မည် ဟူသတည်း။

သင်၏မိခင်အား မေမေ့ကိုသား အရမ်းချစ်တယ်ဟူ၍ သင်အချိန်တုန်းက ပြောခဲ့သနည်း၊ သင့်အား လူလားမြောက်အောင် ပြုစုခဲ့သော သင်၏ဖခင်အား ကျေးဇူးတင်ပါတယ်ဟူ၍ ဘယ်တုန်းက ပြောခဲ့ပါသနည်း၊ မိဘအပေါ် ကျေးဇူးကန်းခြင်း သည် သားဆိုးသားမိုက် လူယုတ်မာဖြစ်သည်။ “သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်အား မအောက်မေ့ဘဲ မေ့လျော့နေလေ၏”

၂။ ဒုတိယ၊ အများသောသူတို့သည် မိတ်ဆွေနှင့်ကျေးဇူးရှင်အပေါ် ကျေးဇူး ကန်းနေကြသည်။

ယေရှုသည် အနူသည် ဆယ်ယောက်တို့အား သန့်ရှင်းစေပြီး ပို၍သေချာကြောင်း ပြသရန် ယဇ်ပုရောဟိတ်တို့ထံသို့ ထိုသူတို့အား စေလွှတ်ခဲ့သည်။ သို့သော်ဆယ်ယောက် သောသူတို့ထဲက တစ်ယောက်သာ ယေရှုထံတော်သို့ ကျေးဇူးတင်ကြောင်း လာရောက် ပြောကြားခဲ့ပါသည်။ ထိုအခါကယ်တင်ရှင်က “တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်း သို့ ရောက်ကြသည်မဟုတ်လော့။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိ ကြသနည်း။၊ Þတစ်ပါးအမျိုးကိုတား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ ပြန်လာသောသူတစ်ယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ “ (ရှင်လုကာ ၁၇း၁၇-၁၈) ၌ မိန့်ကြားတော်မူပါသည်။

ကျွန်ုfပ်တို့အား အနာတရဖြစ်စေသောသူ စော်ကားသောသူတို့ကို ကျွန်ုပ်တို့သည် မမေ့တတ်ကြ။ သို့သော် မိမိတို့အား ကျေးဇူးပြုသောသူကိုကား မေ့လျော့ကြ၏။ ကျွန်ုပ်ငယ်ရွယ်စဉ်က အခက်အခဲစုံစမ်းမှု တွေ့ကြုံခဲ့တုန်း ကျွန်ုပ်အား ကူညီဖေးမ ခဲ့သောသူအား အစဉ်သဖြင့် အံ့အားသင့်မှတ်မိနေဆဲပါ။ ဒီနေ့မနက် ထိုသို့သော သူတို့အဖို့ ဘုရားသခင် ကျေးဇူးတော်ချီးမွှမ်းမိပါသည်။ ကျွန်ုပ်လူငယ်ဘ၀ ဝိညာဉ် ပျောက်ဆုံးနေစဉ်ကာလ၌ ကျွန်ုပ်အား နှစ်ခြင်းဘုရားကျောင်းသို့ ခေါ်ဆောင်ခဲ့ကြသည် သာမက သူတို့အိမ်၌လည်း နေ့နေ့ညည ဖိတ်ခေါ်ဧည့်ခံခဲ့ကြသော ဒေါက်တာနှင့်ဇနီး မစ္စစ်ဟင်နရီအမ်မက်ဂိုဝင်အား အမှတ်ရနေဆဲပါ။ ကျွန်ုfပ်အား ဦးစွာ အများသူရှေ့ တရားဟောတတ်ဖို့ သင်ကြားပေးခဲ့သော မစ္စတာရိန်းဖိလစ်အား အမှတ်ရနေဆဲပါ။ လူဖြူကောင်လေး ကျွန်ုပ်တစ်ယောက်တည်း တရုတ်နှစ်ခြင်းအသင်းတော်သို့ တက်ရောက် ခဲ့စဉ်က အစဉ်သဖြင့် မေတ္တာပြဖေးမကူညီခဲ့သော မန်ဖီနှင့်လော်နာလုမ်တို့အား အမှတ်ရ နေဆဲပါ။ ကျွန်ုပ်ကောလိပ်ညကျောင်း မတက်လိုသောအချိန်၌ ကြိုးစားပြီး ပညာသင်ကြားဖို့ အစဉ်ခွန်းအားပေးခဲ့သော မစ္စစ်ဂျီဝမ်ဒက်ဖ်လင်းအား အမှတ်ရ နေဆဲပါ။ အနှစ်လေးဆယ်လုံးလုံး ကျွန်ုပ်၏ချစ်သူငယ်ချင်းဖြစ်သော မစ္စတာဂိန်း ဝီလ်ကာဆန်ကို အမှတ်ရနေဆဲပါ။ အခြားသောနေရာ၌ အိပ်စက်အနားယူဖို့ အဆင်မပြေ ဖြစ်နေချိန်တွင် ထိုသူ၏တိုက်ခန်း၌ သက်တောက်သက်သာ အိပ်စက်အနား ယူခဲ့ပါသည်ကို သတိရလျှက်ပါ။ အတည်တကျ အိပ်စက်အနားယူဖို့ နေရာအခန်းရှိသော သူတို့အဖို့ကား အထူးအဆန်းဖြစ်ကောင်း ဖြစ်နေပါသည်။ ဆင်းရဲသားကျွန်ုပ်အဖို့ကား မစ္စတာဝီလ်ကာဆန်ရှိခြင်းသည် စစ်မှန်သောနွေးထွေးမှုပင်ဖြစ်သည်။ ဒေါက်တာတိမော သေလင်းအား အမှတ်ရနေဆဲပါ။ သူသည် ကျွန်ုပ်အား ကြိုးစားဖို့ အမြဲတိုက်တွန်းသူ တစ်ဦးမို့ သူ့ကြောင့် အနေခက်စေခဲ့ပါသည်။ သို့သော် သူသာ ထိုသို့မဆုံးမခဲ့သော် ယနေ့ ဤသို့သောပုဂ္ဂိုလ် ကျွန်ုပ်ဖြစ်မည်မဟုတ်ပေ။ ထိုဆရာကို စိတ်နှလုံး အကြွင်းမဲ့ချစ်ပါတယ်။ အကြောင်းမှာ သူသည် ကျွန်ုပ်အား အမှုတော်မြတ်နှင့် ပါတ်သက်သမျှ အကုန်အစင်လုနီးပါး သင်ကြားပေးခဲ့သောသူ သည်ဖြစ်သည်။ ကျွန်ုပ်၏ လိုအပ်သောနေရာတိုင်း၌ရှိသော ကျွန်ုfပ်အား အမြဲတစေ မေတ္တာဖြင့်ပြုစုကူညီ ကျွေးမွေးသောဇနီးအား အမြဲသတိရနေလျှက်ပါ။ ကျွန်ုပ်၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သော ဒေါက်တာကေကန်ကိုလည်း အမြဲသတိရလျှက်ပါ။ ဤအသင်းတော်ကြီး အစဉ်ရပ်တည်နိုင်ဖို့ အစဉ်အမြဲ ကြိုးစားလုပ်ဆောင်ပေးခဲ့ကြသော “၃၉”ယောက် တစ်ယောက်ချင်းစီအား အမှတ်ရနေလျှက်ပါ။ ထိုသူတို့နှင့် အခြားသောသူ အားလုံးအတွက် မကြာခဏဘုရားသခင်ကို ချီးမွမ်းလျှက် ဆုတောင်းပေးနေလျှက်ပါ။ မိတ်ဆွေလည်း ထိုသို့ စာရင်းပြုလျှက် အခြားသောသူတို့အား သတိရနေပါသလား၊ မိတ်ဆွေ ထိုသို့သင့်အား ကျေးဇူးပြုသောသူတို့ကို ကျေးဇူးတင်ပါသည်ဟူ၍ ပြောခဲ့ပါသလား၊

ဆင်းရဲသားလူတန်းစားတစ်ယောက်၊ အခြားသောသူတို့၏အားပေးမှုကို ကျွန်ုပ် ဘ၀တစ်လျှောက်လုံး ထပ်ခါတလဲလဲ ကျေးဇူးတင်ကြောင်း ဖေါ်ပြခြင်းဖြင့် အောင်မြင်သူ ဖြစ်စေပါသည်။ ထိုသို့ အစဉ်သဖြင့် နှလုံးသားထဲက နွေးထွေးစွာ ပြောဆိုနိုင်ပြီဖြစ်သည်။ သူတပါးတို့က ကျေးဇူးတင်ခြင်းက ကျွန်ုပ်အား အေးမြမှုကို ရင်တွင်း၌ ဖြစ်ပေါ်စေ ပါသည်။ သင်လည်း ထိုသို့ ပြောဆိုစေလိုပါသည်ဍ သူငယ်ချင်းကောင်း၊ မိတ်ဆွေစစ်သည် ရွှေစင်ထက် တန်ဖိုးရှိပါသည်။

ဘရက်တပ်စ်၏ဓါးမြောင်တိုဖြင့်မဟုတ်၊ ကျေးဇူးကန်းသော ဘရက်တပ်စ်၏ နှလုံးသားဖြင့် ဆီဇာကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ရှိတ်စပီးယားရေးသားသီကုံး ထားသည်မှာ၊

မြင့်မြတ်သောပုဂ္ဂိုလ်ဆီဇာ သူ့ကို လှံချွန်ဖြင့်ထိုးဖေါက်
   မြင်တွေ့သောအခါ၊ ကျေးဇူးကန်းခြင်းသည် သစ္စာဖေါက်ခြင်းထက်
ပို၍ပင်အားကြီ၊ သူ့အားနှိပ်စက်လျှက် နှလုံးသားကိုမီးရှို့၊
   မျက်နှာကို စောင်ဖြင့်ဖုံးအုပ်လျှက် ပုန်ဘီ၏ရုပ်တုအောက်၌
သွေးစီးကာ ဆီဇာသေဆုံးခဲ့ရ၏။
   ဂျူးလီယက်ဆီဇာ IIIယ ၂

ကျွန်ုပ်တို့အသင်းတော်က အသင်းသူ^သားတို့ကို အခြားအသင်းတော်က ခေါ်ဆောင်သွားသောအခါ၊ အရမ်းပဲအံ့ဩမဆုံး၊ ဝမ်းနည်းကြေကွဲရပါသည်။ အကြောင်းမှာ ထိုသူတို့သည် ကျေးဇူးတင်ပါသည်ဟူ၍ ပြောကြားခြင်းမရှိ၍ ဖြစ်သည်။ ကျွန်ုပ်တို့ အသင်းတော်၌ရှိသော ခေါင်းဆောင်ဇနီးမောင်နှံတို့သည် ကျေးဇူးကန်းလျှက် အသင်းတော်ကို ထက်ခြမ်းခွဲပြီး ကျောင်းပြောင်းနေကြသည်ကို စဉ်းစား၍မရ ဖြစ်နေပါသည်။ မိမိသားကဲ့သို့မှတ်၍ အမေက အစစအရာရာ ကူညီခဲ့သော လူငယ်ကောင်လေးသည် တနေ့သောညတွင် မေမေ့၏ လက်ထပ်မင်္ဂလာလက်ဖွဲ့ငွေဓါးနှင့် ငွေခက်ရင်းကို ခိုးယူပြီး မေ့မေ့အား ငိုယိုစေခဲ့သည်ကို စဉ်းစားမရဖြစ်နေပါသည်။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုး မကျူးလွန်ဖို့ ဘုရားသခင် မစပါစေသော်ဍ ထိုသို့သော လူသားတို့အဖို့ အံ့ဩမိပါသည်။ဍ အလွန် နှလုံးမသာယာဖွယ်ပါတကားဍ ထိုသို့သော သူတို့အား တမန်တော်ရှင်ပေါလုက မိန့်ကြားသည်မှာ၊

“အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို သိလျှက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိစိတ်နှလုံးမိုက်မဲခြင်းသို့ရောက်ကြ၏။ ပညာရှိ ယောင်ဆောင်လျှက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍” (ရောမ ၁း၂၁-၂၂)

“သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကို မအောက်မေ့ဘဲ မေ့လျော့၍ နေလေ၏။” မကြာမှီအတောအတွင်း အဆုံးသတ်တော့မှာပါ။ ပြီးတော့ ဒေါက်တာ ကလဲရန်းမက်ကာနီ(၁၈၇၉-၁၉၅၇)ကို ကျေးဇူးတင်ပါသည်။ သူသည် ဘုရားချစ်သော ပရက်ဘေတေးရီးယန်းသင်းအုပ်ဆရာတစ်ပါးဖြစ်သည်။ ဤတရားဒေသနာတော်နှင့် ပုံ ဥပမာများတို့အတွက် ကျေးဇူးတင်ပါတယ်။ ဒေါက်တာမက်ကာနီသည် လွန်ခဲ့သော ၁၉၅၇ ခုနှစ်၌ ကွယ်လွန်ခဲ့ပါသည်။

၃။ တတိယ၊ အများသောသူတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကန်းနေ ကြပါသည်။

တပါးအမျိုးသားတို့သည် ဘုရားသခင်၏ ဘုန်းတော်ကိုမထောက် ကျေးဇူးကန်း ကြသောကြောင့် ဘုရားမဲ့သူများဖြစ်ကြလိမ့်မည်ဟု ရှင်ပေါလုပြောကြားခဲ့ပါသည်။ တစ်ပါးအမျိုးသားတို့အား ရှင်ပေါလုမိန့်ကြားတော်မူသည်မှာ၊

“အကြောင်းမှာ၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျှက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏” (ရောမ ၁း၂၁)။

ကျေးဇူးကိုမသိမမှတ်ခြင်းသည် အပြစ်ဖြစ်၍ ဘုရားသခင်အား ဆန့်ကျင် နေပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မသိ မမှတ်ဘဲလျှက် မေ့လျှော့တတ်ကြသည်။ ထိုအရာသည် အပြစ်ဖြစ်သည်။ တမန်တော် ရှင်ပေါလု မိန့်ကြားခဲ့သည်မှာ၊ “အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့” (၁သက် ၅း၁၈)၌ မိန့်တော်မူပါသည်။

ကျွန်ုပ်၏ မွေးသမိခင်သည် အသက်(၈၀)ပြည့်သည့်တိုင် အသက်တာမပြောင်း လဲသေးပါ။ သူသည် ဘ၀အသက်တာ၌ ကြုံတွေ့ရသော ဖိနှိပ်ခြင်းအတွက် ဝမ်းနည်းကြေကွဲခဲ့ရ၏။ ယေရှုသခင်ထံ တိုးဝင်ချည်းကပ်သောအခါ အသစ်သော အသက်တာ၌ ပြောင်းလဲခဲ့သည်။ သခင်ခရစ်တော်သည် သူ၏စိတ်နှလုံးကို မည်သို့ ပြုပြင်ပြောင်းလဲပေးသည်ကို သူ၏ နောက်ဆုံးပြောင်းလဲခြင်း အသက်တာ၌ တွေ့ခဲ့ ရပါသည်။ သူသည်ဆေးရုံ၌ အထူးခွဲစိတ်ကုသခံရသောအခါ၊ စစ်မှန်သော အသက်တာ ပြောင်းလဲခဲ့ပါသည်။ ထိုအခါ သူသည် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းခဲ့ ပါသော်လည် သေခြင်းနှင့်ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါသည်။ သူ၏ အကြိုက်နှစ်သက်ဆုံး သမ္မတလင်ကွန်းအကြောင်း ကျွန်ုပ်တို့ပြောဆိုခဲ့ကြသည်။ သူ၏ အကြိုက်အနှစ်သက်ဆုံး ကျေးဇူးတော်ချီးမွှမ်းခြင်းပွဲတော်အကြောင်း ကျွန်ုပ်တို့ ပြောခဲ့ကြပါသည်။ သူသည် ကျွန်ုပ်နှင့်အတူတကွ အောက်ပါဓမ္မသီချင်းကို သီဆို ခဲ့ပါသည်။

“မြေကြီးပေါ်မှာ ဒုက္ခဆင်းရဲရောက်သောအခါ၊
   မျှော်လင့်ခြင်းကင်းစိတ်ပျက်ခြင်းကိုခံရလျှင်
ခံစားရကောင်းကြီးမင်္ဂလာရေတွက်ပါ
   ပြုတော်မူသော ကျေးဇူးတော်အံ့ဩလိမ့်မည်
(၁၈၅၆-၁၉၂၆၊ ဂျွန်ဆန်အုတ်မန်ဂျေအာရ်၊သီကုံးသော
      ”ကောင်းချီးရေ တွက်ကျူး”)။

ထို့နောက် မေမေက ဆက်ပြီး “ရောဘတ်ရယ် ကျွန်ုပ်တို့အပေါ် ဘုရားသခင်ပြုပေးသော ကောင်းကြီးမင်္ဂလာတွေဟာ အံ့ဩစရာပါ”ဍ ဟူ၍ ပြောကြားခဲ့ ပါသည်။ သူသည် ဆေးရုံတွင် သေခြင်းနှင့်ရင်ဆိုင်ရပါသော်လည်း ကျွန်ုပ်တို့မိသားစု အပေါ် ဘုရားသခင်သွန်းလောင်းတော်မူသော ကောင်းကြီးမင်္ဂလာအများအတွက် ဘုရားသခင်အား မေမေချီးမွမ်းခဲ့ပါသည်။

ဤတရားဒေသနာကို ရေးသားနေစဉ် အမျိုးသမီးတစ်ဦး ကျွန်ုပ်ဆီသို့ သူ၏ သမီးပြစ်မှားသောအမှုအတွက် ဖုန်းဆက်သွယ်မေးမြန်းခဲ့ပါသည်။ မေမေ၏အကြောင်းနှင့် ပါတ်သက်ပြီး သူ့အား ဖြေသိမ့်ခဲ့ပါသည်။ သင်၏သမီးသည် အသက်ရှင်လျှက် ရှိနေသေးသည်။ သူမကိုယ်တိုင် ဆုတောင်းအသနားခံ၍ ရပါသေးသည်။ သူ၏ ဘ၀အသက်တာ တစ်လျှောက်လုံး၌ ဘုရားသခင်၏ကောင်းကြီးများကို ရေတွက် ကြည့်စေလိုပါသည်ဟူ၍ ကျွန်ုပ်နှစ်သိမ့်ပေးခဲ့ပါသည်။ ရှင်ပေါလု မိန့်ကြားတော်မူသည် နည်းတူ “အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော”ဟူ၍ ရှင်ပေါလုသည် ဧဝံဂေလိ သတင်းကောင်းခရီးစဉ်၌ မည်မျှပင်ဆင်းရဲခြင်းခံစေကာမူ ထိုသို့ မိန့်တော်မူခဲ့ပါသည်။

ခံစားရကောင်းကြီးမင်္ဂလာရေတွက်ပါ
ပြုတော်မူသော ကျေးဇူးတော် အံဩလိမ့်မည်

ဘုရားသခင်ထံတော်ပါးက ကြီးမားသောလက်ဆောင်ဖြစ်သော ယေရှုခရစ်ကို ကျွန်ုပ်တို့အဖို့ ပေးအပ်ခဲ့ပြီဖြစ်ပါသည်။ ရှင်ပေါလု၌ ယေရှုခရစ်အား တင်စားခေါ်ဆိုဖို့ စကားလုံးရှိခဲ့ပါသော်လည်း နုတ်ဖြင့်မြွက်ဆို၍ မှီနိုင်သည်မဟုတ်ပါ။ ရှင်ပေါလု ပြောကြားခဲ့သည်သမှာ၊ “ပြော၍ မကုန်နိုင်သောဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း” (၂ကော ၉း၁၅)၌ ဖေါ်ပြထားပါသည်။

သင်းအုပ်ဆရာရစ်ချက်ဝုန်ဘရမ်းသည် ဧဝံဂေလိတရားဟောကြားသောကြောင့် ရိုမေးနီးယားကွန်မြူနစ်အကျဉ်းစခန်း၌ ၁၄နှစ် အကျဉ်းကျခံခဲ့ပါသည်။ နှစ်လကြာရှည်စွာ အထီးကျန်စွာနေရခြင်း၊ ခန္ဓာကိုညှင်းပန်းနှိပ်စက်ခံရခြင်း၊ စာလောင်မွတ်သိပ်ခြင်း၊ အေးခဲစွာနေရခြင်း၊ ဦးနှောက်ပိုင်းဆိုင်ရာ ဝေဒနာခံစားခြင်းနှင့်း စိတ်ပိုင်းဆိုင်ရာစသော ဝေဒနာများ ဝုန်းဘရမ်းခံစားခဲ့ရပါသည်။ ထိုသို့ ညှင်းပန်းနှိပ်စက်ခြင်းမှ အောင်မြင် ကျော်ကြားသော ခရစ်ယာန်အဖြစ်သို့ သူသည် မည်သို့ဖြစ်သန်းခဲ့ရသနည်း၊ ထိုဆရာပြောကြားခဲ့သည်မှာ၊

အကယ်၍သင်သည် ယေရှုခရစ်တော်၏ မေတ္တာတော်ဖြင့် သန့်ရှင်းခြင်းခံရသူ ဖြစ်လျှင်၊ ညှင်းပန်းနှိပ်စက်ခြင်းကို သင်တွန်းလှန်နိုင်ပါသည်။ မာရိသည် သူငယ်တော်ယေရှုအား လက်ဖြင့်ပွေ့ချီသကဲ့သို့ သင်သည်လည်း ယေရှုကို အမှန်တကယ်ချစ်လျှင် ထိုသို့သော ညှင်းပန်းနှိပ်စက်ခြင်းကို သင်တွန်းလှန် နိုင်ပါသည်။ (Richard Wurmbrand, Th.D., Tortured for Christ, Living sacrifice Books, 1998 edition, p. 38).

သင်ယေရှုကို ချစ်ပါသလား၊ ဟူသော မေးခွန်းသည် အပူတပြင်း မေးရမည့်မေးခွန်း ဖြစ်ပါသည်။ အကယ်၍ သင်သည် ယေရှုကိုချစ်ပါလျှင် မည်သည့် အခက်အခဲပင်ရောက်စေကာမူ၊ သားတော်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်း ရမည်ဖြစ်သည်။ အကယ်၍သင်သည် ယေရှုကို မချစ်ပါက မကြာမီ သင့်ဘ၀သည် ကြေကွဲဝမ်းနည်းခြင်းနှင့် မျှော်လင့်ခြင်းမဲ့ နေမည်ဖြစ်ပါသည်။

ယေရှုသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ပြီး၊ ယုံကြည်ကိုးစားလျှက် ထာ၀ရ အသက်ရယူဖို့ သင့်အား ကျွန်ုပ်တောင်းဆိုပါ၏ဍ ခရစ်တော်မပါရှိဘဲ သင့်အဖို့ ဤကမ္ဘာ၌ မျှော်လင့်စရာမရှိပါ။ အကယ်၍သင်သည် ယေရှုကို ယုံကြည်ကိုးစားပါက မည်သည့် အကြောင်းကိစ္စအတွက် စိုးရိမ်စရာမရှိဘဲ ရှင်ပေါလုကဲ့သို့ “ပြော၍မကုန်နိုင်သော ဘုရားသခင်၏ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း”ဟူ၍ ပြောနိုင် မည်ဖြစ်သည်။ စစ်မှန်သောကျေးဇူးတော်ချီးမွမ်းခြင်းယဇ်မည်သည်ကား၊ ခရစ်တော် ဘုရားက သင့်အတွက် လက်ဝါးကပ်တိုင်၌ အသေခံပေးဆပ်ခဲ့ခြင်း၊ သင့်အား ထာ၀ရ အသက်ကိုပေးခြင်းနှင့် ဤလောကကြီးကိုအောင်ခြင်းစသော ခရစ်တော်၏ ပြုပေး သောအမှုအရာကို ထောက်ရှုခြင်းပေတည်း။

သင်တို့၏သီချင်းစာအုပ်ထဲက နံပါတ်သုံးကို ကျေးဇူးပြု၍ မတ်တပ်ရပ်လျှက် သီဆိုကြပါစို့။ ၎င်းဓမ္မသီချင်းက ကျွန်ုပ်အမေ၏ အကြိုက်နှစ်သက်ဆုံး သီချင်း ဖြစ်ပါသည်။

မြေကြီးပေါ်မှာ ဒုက္ခဆင်းရဲရောက်သောခါ
   မ်ျှာလင့်ခြင်းကင်း စိတ်ပျက်ခြင်းကို ခံရလျှင်
ခံစားရကောင်းကြီးမင်္ဂလာရေတွက်ပါ
   ပြုတော်မူသော ကျေးဇူးတော်အံ့ဩလိမ့်မည်။

ကောင်းကြီးတစ်ခုနော် တစ်ခုရေတွက်
   ပြုတော်မူသော ကျေးဇူးတော်ရေတွက်
ကောင်းကြီးရေတွက် တစ်ခုနောက်တစ်ခု
   ပြုတော်မူသော ကျေးဇူးတော် အံ့ဩလိမ့်မည်။

ကြောင့်ကြဝန်ထုပ်ကို သင်သည်ထမ်းရသလား
   သင်ထမ်းရသော လက်ဝါးကပ်တိုင် လေးသလား၊
ခံစားရာ ကောင်ကြီးမင်္ဂလာရေတွက်ပါ
   ယုံမှားခြင်းကင်းသီချင်းကို သင်ဆိုလိမ့်မည်။

ကောင်းစားသောသူများကို သင်သည်မြင်သောခါ
   ကိုယ်တော်ထားသော ကတိတော်ကို အောက်မေ့ပါ
ခံစားရာ ကောင်းကြီးမင်္ဂလာရေတွက်ပါ
   စည်းစိမ်ဖြင့် ကောင်းကင်ချမ်းသာ မဝယ်နိုင်ပါ။

ဆင်းရဲဒုက္ခမျိုးမျိုးကို ခံရသောခါ
   စိတ်မပျက်ရာ ကိုယ်တော်ကိုသာ အားကိုးပါ၊
ခံစားရာ ကောင်ကြီးမင်္ဂလာရေတွက်ပါ
   လမ်းဆုံးတိုင်အောင် သင့်ကို စောင့်မပို့ဆောင်မည်။
(၁၈၅၆-၁၉၂၆၊ ဂျွန်ဆန်အုတ်မန်ဂျေအာရ်၊သီကုံးသော
   ”ကောင်းချီးရေ တွက်ကျူး”)။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

- တရားဒေသနာတော်မတိုင်ခင် ဒေါက်တာဂရိတန်အယ်လ်ချန်မှ ကောလောသဲ ၃း၁၂-၁၅ကို ဖတ်ကြားပေးသည်။
- ဒေသနာတော်မတိုင်ခင် မစ္စတာဘင်ဂျမင်ခင်ကိတ်ဂရိဖက်စ်မှ (၁၈၆၆- ၁၉၆၀ ခုနှစ်၊ သောမစ်အိုခင်ရွှင်မ် သီကုံးရေးသားသော “သစ္စာရှင်မင်း”ဟူသော ဓမ္မသီချင်းကို သီဆိုပေးပါသည်။
အခြေပြုကျမ်း


အခှပှေုကမွှး

ကျေးဇူးကန်းသောလူသား
ကျေးဇူးတော်ချီးမွမ်းခြင်းဒေသနာတော်

ဒေါက်တာအာရ်အယ်လ်ဟိုင်မာဂျေအာရ်ဟောကြားသည်။

“သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကို မအောက်မေ့ဘဲ မေ့လျော့၍နေလေ၏” (ကမ္ဘာ ၄ဝး၂၃)။

၁။ ပထမ၊ အများသောသူတို့သည် မိဘအပေါ် ကျေးဇူးကန်းနေကြသည်။ ထွက်မြောက်ရာ ၂ဝး၁၂၊ တရား ၅း၁၆၊ မဿဲ ၁၅း၄၊ ၁၉း၁၉၊ မာကု ၇း၁၀၊ ၁ဝး၁၉၊ လုကာ ၁၈း၂၀၊ ဧဖက် ၆း၂

၂။ ဒုတိယ၊ အများသောသူတို့သည် မိတ်ဆွေနှင့်ကျေးဇူးရှင်အပေါ် ကျေးဇူးကန်း နေကြသည်။ လုကာ ၁၇း၁၇-၁၈၊ ရောမ ၁း၂၁-၂၂

၃။ တတိယ၊ အများသောသူတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကန်းနေ ကြပါသည်။ ရောမ ၁း၂၁၊ ၁သက် ၅း၁၈၊ ၂ကော ၉း၁၅