Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




အသင်းတော်ကို ဗဟိုပြုသော ဧဝံဂေလိ!

CHURCH CENTERED EVANGELISM!

ဒေါက်တာ.အာန်.အယ်လ်.ဟိုင်မာ.ဂျေအာရ်.
by Dr. R. L. Hymers, Jr.

၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်၊ သခင်ဘုရားနေ့ နံနက်ပိုင်း လောအင်ဂျလိတ်မြို့၊ တဲတော်နှစ်ခြင်းအသင်းတော်၌ ဟောကြားသော ဒေသနာတော်။
A sermon preached on Lord’s Day Morning, January 25, 2009
at the Baptist Tabernacle of Los Angeles

“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေငြခ်းငှာ ဆုံးမဩဝါဒပေးကြားလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (ရှင်မဿဲ ၂၈း၁၉-၂၀)


“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေငြခ်းငှာ ဆုံးမဩဝါဒပေးကြားလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (ရှင်မဿဲ ၂၈း၁၉-၂၀)

များစွာသောသူတို့က ဧဝံဂေလိသတင်းကောင်းသည် အနည်းစုဖြစ်သော အသင်းတော်ထဲက သင်းအုပ်ဆရာ၊ ဆရာနှင့်သင်းထောက်များ (သို့မဟုတ်) အရေးပါအရာရောက်သူများကသာ ဆောင်ရွက်ရသောအမှုဖြစ်သည်ဟု ယူဆကြပါသည်။ ထိုအရာများသည် ဓမ္မသစ်ကာလ၏ သွန်သင်ချက်များမဟုတ်ပါ။ မဟာစေခိုင်းချက်ဖြစ်သော ရှင်မဿဲ ၂၈း၁၉-၂၀သည် ဒေသန္တရအသင်းတော်၌ရှိသော ယုံကြည်သူတိုင်းအပေါ်သို့ ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဒေါက်တာဒဗလျူ.အေ.ခရစ္စဝေလ် ပြောကြားသည်မှာ –

ယေရှုဘုရား၏ မဟာစေခိုင်းချက်သည် ခေတ်ကာလအဆက်ဆက် အသင်းတော်တစ်ခုလုံးအပေါ်၌ ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ အမိန့်စကားမှာ “လူမျိုးတကာတို့ကို ဆုံးမဩဝါဒပေးရန်” ဖြစ်ပြီး ကျမ်းစာပါ အတိအကျမှာ “တပည့်တော်ဖြစ်စေရန်” ဟူ၍ဖြစ်ပါသည်။ (ဒဗလျူ.အေ.ခရစ္စဝေလ်.ဖီအိပ်ခ်ျ.ဒီÄ The Criswell Study Bible, Thomas Nelsonယ ၁၉၇၉၊ မှတ်စု ရှင်မဿဲ ၂၈း၁၉-၂၀)

“ယေရှုဘုရား၏ကြီးများသော မဟာစေခိုင်းချက်မှာ အသင်းတော်တစ်ခုလုံးအပေါ်၌ ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။” အသင်းတော်တွင် အသင်းသူအသင်းသား အယောက်စီတိုင်းသည် ဧဝံဂေလိသတင်းကောင်း ဝေငှရန်ခရစ်တော်ဘုရား အမိန့်တော်ပေးခြင်း ခံရသူများဖြစ်ကြပါသည်- ယုံကြည်သူတိုင်းသည် ကိုယ်နှင့်ထိတွေ့သမျှသောသူတို့အား ဧဝံဂေလိသတင်းကောင်း ဝေငှဖို့ရန်နှင့် လူမျိုးတကာတို့အား တပည့်တော်ဖြစ်စေရန် အမိန့်ပေးခြင်းခံရသောသူများ ဖြစ်ကြပါသည်။ တစ်ဦးချင်းစီအား ဧဝံဂေလိသတင်းကောင်းဝေငှခြင်းအပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခံယူချက်သည် လူတိုင်းအား ခရစ်တော်၏ သတင်းကောင်းအား ဝေငှရမည်ဖြစ်သည်။ အသင်းသားမဟုတ်သေးသောသူများကိုပင် ခရစ်တော်၏ အမှုတော်မြတ် ထဲ ပါဝင်သည်အထိ ကျွန်ုပ်တို့ ဟောပြောသင့်သည်။ ဧဝံဂေလိသတင်းကောင်း ဝေငှခြင်းသည် ကျွန်ုပ်တို့ အသင်းတော်၏ အရေးကြီးဆုံး စိတ်နှလုံးသား၏ ခံစားချက်ဗဟိုဌာန အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် ဧဝံဂေလိသတင်းကောင်း ဝေငှခြင်းသည် ကျွန်ုပ်တို့၏ ခရစ် တော်အဖို့ လုပ်ဆောင်သမျှအားလုံး၏ အထွဋ်အထိပ်နေရာ၌ထားခြင်း ဖြစ်ပါသည်။ ဧဝံဂေလိသတင်းကောင်းဝေငှခြင်းသည် အသင်းတော်၏ လုပ်ငန်းစဉ်တွင် အရေးပါသော ကဏ္ဍာတစ်ရပ်အနေဖြင့် သီးသန့်ထားရှိခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဆုတောင်းကြပြီး အပတ်စဉ် စနေနေ့ညတိုင်း လုပ်ဆောင်ကြခြင်းဖြစ်သည်။ တနင်္ဂနွေနေ့လည်ပိုင်း ဧဝံဂေလိသတင်းကောင်း ဝေငှကြခြင်းသည် မနက်ပိုင်းဝတ်ပြု အစည်းအဝေး အစီအစဉ်စပြီး နောက် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အပတ်စဉ် ဗုဒ္ဓဟူးညနှင့် ကြာသပတေးည၌ ဧဝံဂေလိသတင်းကောင်း ဝေငှကြပါသည်။ ဒေါက်တာခရစ္စဝေလ်ပြောသည်မှာ “ယေရှုဘုရား၏ ကြီးမားသောစေခိုင်းချက်သည် အသင်းတော် တစ်ခုလုံး” အတွက်ဖြစ်သည်ဟုဆို၏။

“သင်တို့သည် သွား၍ လူမျိုးတကာတို့ကို ငါတပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကိုပေးကြလော့” (ရှင်မဿဲ ၂၈း၁၉-၂၀)

မြောက်များစွာသောသူများက ဧဝံဂေလိသတင်းကောင်း ဝေငှခြင်းသည် လွန်ခဲ့ပြီးသော စာစောင်ငယ်သာဖြစ်ပြီး (သို့မဟုတ်) လေးနက်မှုမရှိသော အပေါ်ယံမျှသာဖြစ်သော “အပြစ်သားများကို ဘာသာရေးကျင့်ဝတ်အတိုင်း” ဆုတောင်းပဋ္ဌနာပြုရန် သွေးဆောင်တွန်း ပို့ထားခြင်းဖြစ်သည်ဟု ယူဆထင်မြင်ကြပါသည်။ သို့သော် ကျွန်ုပ်တို့ သတိထားရမည်မှာ “ဆုံးဖြတ်ချက်” ချရန်မဟုတ်ဘဲ အမိန့်တော်ကိုဝန်ခံ၍ “တပည့်တော်” ဖြစ်စေပါဟူသော အမိန့်တော်ကို ဝန်ခံရန်သာဖြစ်ပါသည်။ ဒေါက်တာ ခရစ္စဝေလ် အမှန်တကယ် ပြောသည်မှာ “လူတိုင်းအား သွန်သင်ရန်သည် ကျမ်းစာအရ တပည့်တော်ဖြစ်စေခြင်း” ဟု ပြောကြားခဲ့ပါသည်။ ကြီးမားသော မဟာစေခိုင်းချက်သည် ဒေသန္တရအသင်းတော် အပေါ်၌ ဗဟိုပြုခြင်းကို ပြသလိုက်ခြင်းဖြစ်သည်။ အပေါ်ယံ ဘာသာရေးအကျင့်သိက္ခာရှိသောသူများနှင့် အပြစ်သားများ “ဘာသာရေး ကျင့်ဝတ်အတိုင်း ဆုတောင်းခြင်းသည်” ဒေသန္တရ အသင်းတော်တစ်ဦးချင်းစီအား အလေးနက်ထား လုပ်ဆောင်ရန် တွန်းပို့ခြင်းမဟုတ်ပါ။ ထို့အတွက်ကြောင့် အများသောအသင်းတော်တို့သည် ၎င်းနည်းလမ်းကို လက်လွှတ်အရှုံးပေးရသည့်အကြောင်းမှာ ထိရောက်မှုမရှိသောကြောင့်ပင် ဖြစ်သည်။ သာလွန်၍ မြင့်မြတ်သောနည်းလမ်းသည်! ဒေသန္တရအသင်းတော်၏ ဧဝံဂေလိသတင်းကောင်း” ဟုပင် ကျွန်ုပ်တို့ခေါ်တွင်ကြပါသည်။ သင်သည် ပြင်အရပ်၌ရှိသောလူများ၏ ဖုန်းနံပါတ်များကို ယူဆောင်လာပြီး အသင်းတော်ခေါင်းဆောင်များမှ ထိုဖုန်းဖြင့် အဆက်အသွယ်ပြုလုပ်ကာ ထိုသူများကို အသင်းတော်သို့ ခေါ်ဆောင်ရပါမည်။ ထို့အပြင် သင်သည်လည်း သင်၏စွမ်းအားဖြင့် ထိုသူကို ဘုရားကျောင်းသို့ ခေါ်ဆောင်လာရပါမည်။ ထိုသူများ ဘုရားကျောင်းသို့ ရောက်ရှိပါက တိကျမှန်ကန်သော ဧဝံဂေလိတရား၏ သတင်းကောင်းကို ဝေငှပေးရပါမည်။ ထိုနည်းလမ်းများက ဝိညာဉ်ဖမ်းဆီးရန်နှင့် အသစ်သောပြုပြင်ပြောင်းလဲခြင်းအတွက် နည်းလမ်းပင်ဖြစ်သည်။ ဤအစီအစဉ်၏ အလုပ်ပင် ဖြစ်ပါသည်။ အခြားသောနည်း လမ်းဖြင့် လုပ်ဆောင်၍မရပေ။ အကယ်၍ မိတ်ဆွေသည် “ဒေသန္တရအသင်းတော် ဧဝံဂေလိတရားနှင့် ပတ်သက်၍ ပိုမို၍သိလိုပါက အီးလ်မီးလ်ဖြင့် ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်၏အီးလ်မေးလ်မှာ ဝက်ဒ်ဆိုက် အရှေ့စာမျက်နှာဘယ်ဘက်ခြမ်း ဘသအအသည မှာဖြစ်သည်။ ဖုန်းနံပါတ်မှာ (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

အနည်းစုသော မျိုးဆက်သစ်များဖြစ်သော အပေါ်ယံခရစ်ယန်ခေါင်းဆောင်များက လူများတို့ကို ဒေသန္တရအသင်းတော်သို့ ခေါ်ဆောင်ကာ ပြောင်းလဲစေဖို့ထက် အပေါ်ယံကိုသာ ဆုံးဖြတ်ချမှတ်ဖို့ တွေးခေါ်ကြံစည်ကြသည်။ သို့သော် လူသားများကို ချဉ်းကပ်ရယူခြင်းမရှိဘဲ ဘယ်အရာ ကို ဆုံးဖြတ်ချက်ချမည်နည်း။ အသင်းတော်၌ လူစုလူဝေးတိုးတက်ဖို့ရန်အတွက် အမိန့်တော်ဖြစ်သော မဟာစေခိုင်းချက်ကို နာခံခြင်းဟူသော အသစ်သော လူသစ်များကို အသင်းတော်သို့ ခေါ်ဆောင်လာခြင်းပင်ဖြစ်သည်။ အသစ်ပြုပြင် ပြောင်းလဲရန်မလိုလားသောသူများကို ပြုစုပျိုးထောင်မည့်အစား၊ အသစ်သောလူငယ်များကို အသင်းတော်သို့ ခေါ်ဆောင်ရန်အတွက် ပြင်ပ၌သွားရောက်ရှာဖွေဖို့ လိုအပ်ပါသည်။ ထိုသူတို့အား သတင်းကောင်း အမှန်ကိုကြားစေခြင်းသည် ဒေသန္တရအသင်းတော်၏ လုပ်ငန်းပင်ဖြစ်သည်။ ခရစ်တော်ဘုရား၏ အသစ်သောတပည့်တော် များဖြစ်လာစေရန် သွန်သင်ခြင်းသည် ဒေသန္တရအသင်းတော်၏ လုပ်ဆောင်ရန်တာဝန်ပင်ဖြစ်သည်။ ကျေးဇူးပြု၍ ရှင်လုကာ (၁၄း၂၃) ကို ဖတ်ကြည့်ကြပါ။ တပည့်တော်ဖြစ်စေခြင်း၏ လုပ်ဆောင်မှု့အတွက် ရှင်းလင်းစွာတွေ့ရပါသည်။

“သခင်ကမြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှာ အနိုင်အထက် ခေါ်သွင်းလော့” (ရှင်လုကာ ၁၄း၂၃)

မိတ်ဆွေများထိုင်နိုင်ကြပါပြီ။

လုပ်ငန်းနည်းဗျူဟာသည် ရှင်မဿဲ ၂၈း၁၉-၂၀ ကို လက်တွေ့လိုက်နာ ကျင့်သုံးခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ဘယ်နေရာကိုသွားပြီး လူမျိုးတကာတို့ကို သွန်သင်ကြမလဲ¿ အဖြေမှာ မြို့ပြင်၊ လမ်းမ၊ ခြံနား၊ လောကီနိုင်ငံအရပ်ရပ်သို့ သွားရောက်ဝေငှရမည်။ (မာကု ၁၆း၁၅)။ ပျောက်ဆုံးသောလူသားများအား ဧဝံဂေလိဝေငှသည့်အခါ ကျွန်ုပ်တို့ ဘယ်အရာကို လုပ်ဆောင်သင့်သနည်း¿ အဖြေမှာ “ငါအိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းရကြပါမည်”၊ ရိုးရှင်းပါတယ်! ဒေသန္တရအသင်းတော်ကို ဗဟိုပြုသော ဧဝံဂေလိတရားသည် ထိုသူတို့အား အသင်းတော်သို့ ခေါ်ဆောင်၍ ဧဝံဂေလိသတင်းကောင်းကို ကြားနာစေပြီး၊ အသစ်သောသတ္တဝါများဖြစ်စေရန်နှင့် ခရစ်တော်ဘုရား၏ တပည့်တော်များ ဖြစ်လာစေရန် အနိုင်အထက် သွေးဆောင်ရပါမည်။ ယခုအခန်းငယ် (၂၃) ထဲက မှတ်သားစရာ “အစ” စကားလုံးနှင့် “အဆုံး” စကားလုံးနှစ်ရပ်မှာ-

“မြို့ပြင်လမ်းမသို့သွားခြင်း”
“အနိုင်အထက် ခေါ်သွင်းခြင်း” ပင်ဖြစ်သည်။

“မြို့ပြင်လမ်းမသို့သွားခြင်း၊ အနိုင်အထက်ခေါ်သွင်းခြင်းပင်ဖြစ်သည်။ ရိုးရှင်ပါတယ်! “မြို့ပြင်လမ်းမသို့သွားပြီး အနိုင်အထက် ခေါ်ဆောင်ခြင်း” “ထို့အတွက်ကြောင့် သင်သည်” လူမျိုးတကာတို့ကို သွန်သင်ရမည်။ ထို့အတွက်ကြောင့် မိတ်ဆွေသည် ဒေသန္တရအသင်းတော် အားဖြင့် ထိုသူတို့ကို အသစ်ပြုပြင်သော သတ္တဝါဖြစ်စေပြီး ခရစ်တော်၏ တပည့်တော်များဖြစ်စေရပါမည်-

“မြို့ပြင်လမ်းမသို့သွားပြီး
အနိုင်အထက်ခေါ်သွင်းပါ”။

၁။ ပထမအသင်းတော်ကို ဗဟိုပြုသော ဧဝံဂေလိဟူသည် “အသင်းတော်အပြင်အရပ်သို့ထွက်ပြီး ဝိညာဉ်ပျောက်ဆုံး လူသားများအား ရှာဖွေရပါမည်”

ကျွန်ုပ်တို့သည် ဖြစ်ပျက်လာတော့မည့် ကမ္ဘာကြီး၏ အဆုံးနေ့ရက်ကို စောင့်မနေနိုင်ကြတော့ပေ။ ဟုတ်ပါတယ်။ အစိုးပိုင်သော ဘုရားရှင်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ယုံကြည်ကြပါ၏။ သို့ပါသော်လည်း ဘုရားသည် မိမိ၏အခွင့်အာဏာကို အလွဲသုံးစားခြင်းမဟုတ်။ မိမိရည်ရွယ် ချက်များကို ပြီးမြောက်စေခြင်းသာဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်ဘုရား၏ အမိန့်တော်ဖြစ်သော ရှင်မဿဲ ၂၈း၁၉-၂၀ နှင့် ရှင်လုကာ ၁၄း၂၃ ကို လိုက်နာခြင်းမရှိပါက ဘုရားသခင် ကျွန်ုပ်တို့အား ကောင်းကြီးချပေးဖို့ မျှော်လင့်စောင့်စား၍ မရကြပါ။ မဟာစေခိုင်းချက်ကို နာခံခြင်းသည် အသင်းတော်တိုင်းအား အောင်မြင်စေခြင်း၏ သော့ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် စိတ်အားထက်သန်လျက် ဆုတောင်းကြပေ မည်။ ထိုအရာသည် ကောင်းပါ၏။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာပြီး သူတစ်ပါး အားသွန်သင်ကောင်းသွန်သင်ပါ လိမ့်မည်။ ထိုအရာကား ကောင်းမွန်ပေ၏။ သို့ပါသော်လည်း ခရစ်တော်ဘုရား၏ ကြီးမားသော မဟာစေခိုင်းချက်ကို နာခံဖို့ ပျက်ကွက်ခဲ့မည် ဆိုလျှင် ကျွန်ုပ်တို့သည် မြို့ပြင်၊ လမ်းမသို့ထွက်ပြီး အနိုင်အထက်ခေါ်သွင်းခြင်း မရှိပါက၊ အကယ်၍ ကျွန်ုပ်တို့ မြို့ပြင်လမ်းမသို့ထွက်ပြီး အနိုင်အထက်ခေါ်သွင်းခြင်း မရှိပါက၊ ခရစ်တော်ဘုရား နောက်ဆုံးပေးလိုက်သော အမိန့်စကားကို ကျွန်ုပ်တို့နာခံဖို့ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်အပြင်သို့ထွက်ပြီး ပျောက်ဆုံးဝိညာဉ်များကို ရှာဖွေပြီး အသင်းတော်သို့ ခေါ်ဆောင်လာရပါမည်။ ထိုသို့မဟုတ်ပါက ကျွန်ုပ်တို့သည် ခရစ်တော်၏ ပေးအပ်ခဲ့သော အလုပ်တာဝန်အတိုင်း လုပ်ဆောင်အသက်ရှင်ခြင်းမရှိ၊ သူ၏အသံတေ်ကို နားထောင်ခြင်းမရှိဘဲ သူရဲ့အမိန့်တော်ကို လေးလေးနက်နက် စဉ်းစားလုပ်ဆောင်ခြင်းမရှိပါက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အရှင်သခင်ရဲ့ အမိန့်တော်ကို နာခံဖို့ ပျက်ကွက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ခွန်အားပေးတိုက်တွန်းလိုသည်မှာ-

“မြို့ပြင်၊ လမ်း၊ ခြံနားသို့သွားလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းပါ” (ရှင်လုကာ ၁၄း၂၃)

အချို့သောသူများသည် အသက်အရွယ်ကြီးရင့်ပြီး ကိုယ်ခန္ဓာအားနည်းသောသူများ ဖြစ်ကောင်းဖြစ်နိုင်ကြပါသည်။ အချို့သောသူများ သည် ငယ်ရွယ်ပြီး နုနယ်သောသူများ ဖြစ်နိုင်ကြ၏။ ထိုသို့ဖြစ်ပါသော်လည်း အသက်အရွယ်ကြီးရင့်သောသူများသည် အသင်း တော်သို့ လာရောက်ကြပြီး ငယ်ရွယ်သော ကလေးသူငယ်များကို ဂရုစိုက်စောင့်ကြပ်ကြရပါမည်။ ထိုကဲ့သို့ ကျွန်ုပ်တို့နှင့် စုပေါင်းလုပ်ဆောင်ခြင်း ဖြင့် ထိုသူတို့၏ မိဘများကို အသင်းတော်သို့ အတားအဆီးမရှိ ဝင်ထွက်စေရပါမည်။ ထိုအသက်အရွယ်ကြီးရင့်သောသူတို့သည် ရေရှည်ဧဝံဂေလိ သတင်းကောင်းအဖို့ သွားလာနိုင်ကြတော့မည်မဟုတ်ပါ။ အာရုန်နှင့် ဟုရသည်မောရှေလက်ကို ထောက်မသကဲ့သို့ ထိုခေါင်းဆောင်ဖခင်ကြီးများအား ထောက်ပံ့ပေးရကြပါမည်။ အသင်းတော်၌ ငယ်ရွယ်သောကလေးသူငယ်များအား ခေါ်ဆောင်နိုင်ခြင်းအားဖြင့် ထိုကလေးများ၏ မိဘများကို အတားအဆီးမရှိ အသင်းတော်သို့ ဝင်ထွက်လာစေခြင်းဖြင့် ဘုရားသခင်၏အိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းခြင်း၏ အရေးပါသော အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ပါက! မိတ်ဆွေအနစ်နာခံလုပ်ဆောင်သမျှ အသက်တာတစ်ခုလုံးကို ပေးဆပ်သမျှသည် ခရစ်တော်ဘုရား၏ အသင်းတော်အဖို့ သူတစ်ပါးတို့အား ဧဝံဂေလိလုပ်ငန်း လုပ်ဆောင်ခြင်းဖြစ်ပါသည်။ မိတ်ဆွေသည် ခွန်အားအစွမ်းသတ္တိရှိသမျှ ဖြင့် လုပ်ဆောင်ကြိုးစားရပါမည်။ ဒေသန္တရအသင်းတော်ကို တည်ဆောက်ခြင်းငှာ ခရစ်တော်အမိန့်တော်ဖြစ်သော “မြို့ပြင်၊ လမ်း၊ ခြံနားသို့သွားပြီး အသင်းတော်ကိုပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းကြလော့ဟူသော အမိန့်တော်ကို အသင်းတော်၌ ပါဝင်သူတိုင်း လုပ်ဆောင်ရကြပါမည်။ ဟူသော အမိန့်တော်ကို အသင်းတော်၌ ပါဝင်သူတိုင်း လုပ်ဆောင်ရကြပါမည်။ ထိုသို့လုပ်ဆောင်ပါက ခရစ်တော်ယေရှု၏ အမိန့်တော်ကို နာခံခြင်းဖြစ်သော “အိမ်တော်ကို ပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းကြလော့” ဟူသော တာဝန်ကို လူကြီး၊ လူငယ်၊ ယောက်ျm;၊ မိန်းမ တတ်နိုင်သောသူများတို့နှင့် အတူတကွ လုပ်ဆောင်ကြိုးစားကြရမည်ဖြစ်ပါသည်။

မိတ်ဆွေသည် သင်၏အသက်အရွယ်နုပျိုချိန်၊ ခွန်အားအစွမ်းသတ္တိရှိခိုက် ဆက်လက်ကြိုးစားလုပ်ဆောင်ပါ။ ခရစ်တော်ဘုရား အဖို့ရှေ့သို့ ချီတက်လုပ်ဆောင်ပါ။ ကြီးမားသော မဟာစေခိုင်းချက်များကို ပြည့်စုံစေရန် မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ထွက်ပြီး အိမ်တော်ကို ပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းအလို့ငှာ မိတ်ဆွေ၏ နုပျို၍ကျမ်းမာသန်စွမ်းချိန်ကို ဧဝံဂေလိသတင်းကောင်းကို ပြောဖို့အတွက် အသုံးပြုပါ။ ပေါ့ပေါ့ပါးပါး အဆီးအတားမရှိ နိုင်ငံတော်အဖို့ သင်၏အသက်တာကို မြှင့်တင်လိုက်ပါ။ ဧဝေံဂေလိ၏ ဘုန်းတန်ခိုးတော်အားဖြင့် ရှေ့သို့တိုး၍ အားထုတ်လုပ်ဆောင်ပါ။ မြဲမြံတည်ကြည်သော အသက်တာကို နိုင်ငံတော်အဖို့ ဆက်ကပ်အပ်နှံကြိုးစား လုပ်ဆောင်ပါ။ အသင်းတော်၌ ဧဝံဂေလိ တရားကို မြှင့်တင်လုပ်ဆောင်ခြင်းဟူသော တစ်ဦးချင်းစီ ဧဝံဂေလိလုပ်ငန်းသည် သန့်ရှင်းခြင်းနှင့် ဘုရားနှင့်ဆိုင်သော ခေါ်ယူအပ်နှင်းခြင်း၏ ပထမအရေးကြီးသော တာဝန်ဖြစ်သည်။ ၎င်းသည် မြို့ပြင်လမ်းမသို့ထွက်ပြီး ပျောက်ဆုံးဝိညာဉ်ရှာဖွေခြင်းဖြင့် စတင်လုပ်ဆောင်ရန် ဖြစ်သည်။ အကယ်၍ မိတ်ဆွေသည် မြို့ပြင်လမ်းမသို့ထွက်ပြီး ပျောက်ဆုံးသောဝိညာဉ်များကို မရှာဖွေပါက ထိုပျောက်ဆုံးဝိညာဉ်များသည် အသင်းတော်သို့ ရောက်လာမည်မဟုတ်ပါ။ ဘုရား၏အိမ်တော်သည်လည်း ပြည့်မှာမဟုတ်ပါ။ “မြို့ပြင်၊ လမ်းမသို့ထွက်ပြီး အနိုင်အထက်ခေါ် သွင်းပါ” မိတ်ဆွေသင့်အားဖြင့် အစပြုပြီး လုပ်ဆောင်ပါ။ မိမိ၏စိတ်နှလုံးသားထဲ၌ သတိပြုပြောရမည်မှာ “အပြင်သို့သွားရောက် ရှာဖွေပါမည်” အခက်အခဲများစွာ ရှိနေပါသော်လည်း အဖိုးအခပေးပြီး လုပ်ဆောင်ပါမည်။ အရာရာထက်ပိုပြီး ကျွန်ုပ်သည် အပြင်သို့ထွက်ပြီး ပျောက်ဆုံးသော ဝိညာဉ်များကို ရှာဖွေပါမည်။ ထိုသို့လုပ်ဆောင်ဖို့ရန် ယေရှုခရစ်တော်ဘုရား မိန့်ကြားခဲ့ပါသည်။ သို့ဖြစ်၍ အကျွန်ုပ်တို့သည် ထိုသခင်၏ အမိန့်တော်စကားကို နာခံပါမည်။ အပြင်အရပ်သို့ထွက်ပြီး ဝိညာဉ်များစွာ ရှာဖွေပါမည်ဟူ၍ ကတိပြုပါသည်ဟု ပြောပါ။

ယခုသည် ဝိညာဉ်တော်ကောက်လှိုင်းများကို ဆောင်ယူလာရန် အချိန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ဖမ်းဆီးခြင်းမရှိပါက စိတ်ပျက်အားလျော့ပြီး အရှုံးကြီးရှုံးကြရမည်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ပျောက်ဆုံးသောဝိညာဉ်များ ရှာဖွေခြင်းလုပ်ငန်း လုပ်ဆောင်ပါက ကျွန်ုပ်တို့ သက်သေခံဝေငှသော ကောလိပ်၊ တက္ကသိုလ်ကျောင်း၌ရှိသော မျက်နှာသစ်များကို တွေ့မြင်ကြရမှာဖြစ်ပြီး ကျွန်ုပ်တို့ သက်သေခံဝေငှသော ဈေးဆိုင်များ၊ လမ်းမများပေါ်က လူသစ်တို့ကို အပြုံးမျက်နှာများစွာဖြင့် အသင်းတော်၌ တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံသော အခြင်းအရာများ အမှန်တကယ်ဖြစ်ပေါ်လာဖို့ မိတ်ဆွေသင်သည် ကျွန်ုပ်တို့အား ကူညီရန် ဘုရားသခင်သည် သင့်ကို အစွမ်းသတ္တိ ပေးစွမ်းပါလိမ့်မည်။ ကျွန်ုပ်သည် အချိန်တိုင်း ခရစ်တော်ဘုရား၏ အမိန့်တော်ကို နာခံလိုက်လျှောက်ပါမည်ဟု စိတ်နှလုံးသားထဲ၌ မိမိကိုယ်ကို မိမိပြောပါ။ သေခြင်းအပြစ် ငရဲမှ ကျွန်ုပ်တို့ကို ကယ်တင်သော ယေရှုခရစ်တော်ဘုရား၏ နာမတော်အဖို့ အလို့ငှာ ကျွန်ုပ်သည် အားကြီးသော ခြေလှမ်း၊ ဝိညာဉ်ပြည့်၀သော စိတ်နှလုံးသားဖြင့် အပြင်အရပ်သို့ထွက်ပြီး ပျောက်ဆုံးဝိညာဉ်များကို ရှာဖွေပါမည်။ အကျွန်ုပ်သည် အပြင်အရပ်သို့ ထွက်ပြီး ဝိညာဉ်ရှာဖွေပါမည်။

မြို့ပြင်လမ်းမထက်သို့ ထွက်ရှိဝိညာဉ်ရှာဖွေခြင်းဖြင့် စတင်လိုက်ပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် ခရစ်တော်ဘုရား၏ မဟာအမိန့်တော်ကို နာခံလိုက်လျှောက်ခြင်းဖြစ်ပါသည်။ ထိုသူတို့၏ နာမည်နာမများ၊ လိပ်စာ၊ ဖုန်းနံပါတ်များကို အသင်းတော်ခေါင်းဆောင်များဆီသို့ ယူဆောင်လာ ပြီး အဆက်အသွယ်ပြုကာ တနင်္ဂနွေနေ့ ဘုရားကျောင်းသို့ ဖိတ်ခေါ်ရပါမည်။

၂။ ဒုတိယအသင်းတော်ကို ဗဟိုပြုသော ဧဝံဂေလိဟူသည် ဝိညာဉ်များခေါ်ဆောင်လာခြင်းဖြင့် ဆက်လက်လုပ်ဆောင်ခြင်းနှင့် စတင်ရမည်။

ဝေစာများပေးကမ်းခြင်းဖြင့် လုံလောက်ပြီဟူ၍မရှိပါ။ ထိုနည်းလမ်းအားဖြင့် အသင်းတော်သို့ အနည်းငယ်မျှသောသူများသာ ရောက်ရှိ လာကြသည့် အတွေ့အကြုံကို ကျွန်ုပ်တို့ သိကြပါသည်။ အပြစ်သားများ၏ ဆုတောင်းသံဟူသော လှေကားအဆင်းနှင့် လမ်းမထက်ရောက်မှ ဆုတောင်းခြင်းသည် ပျောက်ဆုံးဝိညာဉ်များကို ခေါ်ဆောင်နိုင်ဖို့ ထိရောက်မှုမရှိ၊ အကျိုးမဖြစ်ထွန်းသည်ကိုလည်း ကျွန်ုပ်တို့ သိရှိကြပြီးဖြစ်ပါသည်။ ထိုကဲ့သို့သော နည်းလမ်းများသည် “အပေါ်ယံဆန်သော ခရစ်ယန်ခေါင်းဆောင်” များကို နှစ်သိမ့်ကျေနပ်စေသော်လည်း ထိုအတွေ့အကြုံများအရ အနည်းငယ်သောသူများကိုသာ အသင်းတော်သို့ ခေါ်ဆောင်လာနိုင်သည်ကို ကျွန်ုပ်တို့ သိရှိပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုထက်ပိုပြီး လုပ်ဆောင်ကြရမည်။! ယေရှုဘုရားမိန့်တော်မူသည်မှာ-

“မြို့ပြင်၊ ခြံနား၊ လမ်းမသို့သွားလော့! ငါ့အိမ်ကိုပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းလော့”

မိတ်ဆွေသည် “အနိုင်အထက်ခေါ်သွင်းပြီး ဘုရားသခင်၏အိမ်တော်ကို ပြည့်စေရပါမည်။ ထိုသူတို့သညf အနိုင်အထက်ခေါ်သွင်းခြင်း ခံရပြီး အသင်းတော်ကို ပြည့်စေရပါမည်။ ထိုသူတို့သည် အနိုင်အထက်ခေါ်သွင်းခြင်း ခံရပြီး အသင်းတော်ကို ပြည့်စေရပါမည်။ ထိုသူများကို ဆွဲဆောင်ပါ။ အနိုင်အထက်ဆွဲခေါ်ပါ။ ကျွန်ုပ်တို့သည် ထိုသူတို့ကို ခေါ်သွင်းရကြပါမည်! ဂရိဘာသာစကားအားဖြင့် “အနိုင်အထက်ပြုခြင်းသည်” “သိသာထင်ရှားအောင်လုပ်သည်” ဟု အဓိပ္ပာယ်ရှိသည်။ မစ္စတာအေအက်ဖ် မကြာခင်က သီဆိုသွားသကဲ့သို့ ၀

“ခေါ်ဆောင်ယူလာပါ၊ ခေါ်ဆောင်ယူလာပါ
အပြစ်သားများတို့၏နေရာမှ၊ ခေါ်ဆောင်ယူလာပါ၊
ခေါ်ဆောင်ယူလာပါ၊ ခေါ်ဆောင်ယူလာပါ၊ ယေရှုဘုရားထံမှ
လမ်းလွဲသူများ၊ ခေါ်ဆောင်ယူလာပါ”
(“ခေါ်ဆောင်ယူလာပါ၊ ၁၉ ရာစုနှစ်၊ အလက်ဇန္ဒား၊ သောမတ်စ်)။

အသင်းတော်ဝတ်ပြုခြင်း အစည်းအဝေးသို့ အကြိမ်ရံဖန်ရံခါ တက်ကာမျှဖြင့် အသင်းသားများ မဟုတ်ကြသေးပါ။ ခရစ်တော်သည် မိမိ၏ စိတ်နှလုံးသားထဲ၌ အသက်မရှင်မချင်း အသင်းသားမဟုတ်ပါ။ (၁ ကော ၁း၃၀) လူတစ်ဦးသည် အသင်းတော်ဘုရားကျောင်းသို့ သီတင်းပတ်အနည်းငယ်၊ လအနည်းငယ်လောက် တက်ရောက်စေကာမျှဖြင့် ကျွန်ုပ်တို့၏ ဧဝံဂေလိလုပ်ငန်း အောင်မြင်ပြီဟု မထင်မှတ်သင့်ပါ။ ခရစ်တော်၌ စစ်မှန်သောပြောင်းလဲ အသက်ရှင်သူ မဖြစ်မချင်း အသင်းသားဟူ၍ မသတ်မှတ်ရပါ။ ထိုသူများအား မိမိတို့သည် ပျောက်ဆုံးသော သူများဖြစ်ကြကြောင်းကိုလည်းကောင်း၊ အပြစ်သားများဖြစ်ကြောင်း သိကြသည့်တိုင်အောင် ၎င်းခရစ်တော်ဘုရားတော်ကို လက်ခံယုံ ကြည်ကိုးစားသည့်တိုင်အောင် ကျွန်ုပ်တို့သည် အနိုင်အထက်ပြု၍ အိမ်တော်သို့ ခေါ်သွင်းကြရမည်။ ထိုသူများသည် အသစ်ပြုပြင်သော သတ္တဝါ အသစ်ဖြစ်လာပြီးနောက်တွင် ခရစ်တော်ဘုရား၏ နောက်လိုက်ကောင်းများ ဖြစ်လာသည်အထိ ကျွန်ုပ်တို့သည် ထိုသူတို့နှင့်အတူ အမှုတော်မြတ်ကို လုပ်ဆောင်ရပါမည်။

“ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒ ပေးကြလော့” (ရှင်မဿဲ ၂၈း၂၀)

ဤအရာများသည် သင်းအုပ်ဆရာတစ်ပါးတည်းသော လုပ်ဆောင်ရမည့် တာဝန်မဟုတ်ပါ။ နှုတ်ကပတ်တော်၌ မိန့်တော်မူသည်မှာ-

“ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာ လည်းကောင်း၊ တိုက်တွန်းနိုးဆော်ရသော အခွင့်ကိုရှာ၍ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်ရှုကြကုန်အံ့။ လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း အချင်းချင်းစုဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ “အချင်းချင်းတို့ကို တိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန်ရောက်လုသည်ကို ထောက်သဖြင့် သာ၍ကြိုးစားကြလော့” (ဟေဗြဲ ၁ဝး၂၄ - ၂၅)

ကျွန်ုပ်တို့သည် အသင်းတော်ဘုရားကျောင်းသို့ တက်ရောက်လာကြသော အသစ်သောယုံကြည်သူများကို မေ့လျော့စွာနေဖို့ မဟုတ်ပါ။ ကျွန်ုပ်တို့သည် လူသစ်တို့အား မေတ္တာကရုဏာနှင့် ကောင်းမွန်သော အလုပ်ကြိုးစားလုပ်ဆောင်သူများ ဖြစ်လာဖို့ “တိုက်တွန်းနိုးဆော်ရပါမည်” ကျွန်ုပ်တို့သည် ခရစ်ယန်တို့၏ မေတ္တာရုဏာနှင့် သည်းခံခြင်း ပါရမီအားဖြင့် ထိုကဲ့သို့ ကြိုးစားလုပ်ဆောင်ရပါမည်။

ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ ကြီးမားသောစေခိုင်းချက်တစ်လုံး၏ အနက်အဓိပ္ပာယ်ကို အလေးထား ဖတ်ကြားခြင်းမရှိဘဲ သာမန်မျှသာ ဖတ်ကြမည့်ဟု ထင်မိပါသည်။ (ရှင်မဿဲ ၂၈း၀၉-၂၀) ကို အသံကျယ်ကျယ်နှင့် မတ်တပ်ရပ်ပြီး နောက်တစ်ခေါက် ဖတ်ကြကုန်စို့

“သင်တို့သည် သွား၍ လူမျိုးတကာတို့ကို ငါတပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန် သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ အာမင်”

ယခု သင်တို့ထိုင်နိုင်ကြပါပြီ။ ခရစ်တော်၏ ကြီးမားသော မဟာစေခိုင်းချက်ကို သေသေချာချာ ဂရုတစိုက်နဲ့ ဖတ်ပါလျှင် ကျွန်ုပ်ဟောပြော သမျှကို သင်တို့ တွေ့မြင်ရပါမည်ဖြစ်သည်။ စစ်မှန်သော ဧဝံဂေလိသတင်းကောင်းသည် အပြင်ကိုထွက်ခြင်း ဟူသော အပိုင်းအခြားကို မလွန်ဘဲနှင့် အတွင်း၌သာနေရုံမျှသာမဟုတ်ပါ။ လူသားများအား အနိုင်အထက်ဆွဲခေါ်ခြင်း အထိပါဝင်ပါသည်။ (လုကာ ၁၄း၂၃) မှန်ကန်သော ဧဝံဂေလိတရားဟူသည်မှာ ထိုသူတို့အား အခြားသောသူများကို ထပ်ဆင့်ဧဝံဂေလိ သတင်းကောင်းကို ဝေငှတတ်သည်အထိ သူတို့ကိုချစ်ပြီး သွန်သင်ခြင်းပင် ဖြစ်သည်။ ဧဝံဂေလိသတင်းကောင်းဟူသည် ဒေသန္တရအသင်းတော်၌ရှိသော လူသားများအား ဓမ္မသစ် အသင်းတော်၏ ပုံစံအတိုင်း လိုက်လျှောက်ဖို့ မခက်ခဲစေပါ။ သမ္မာကျမ်းစာပါ ဧဝံဂေလိသတင်းကောင်းသည် တမန်တော်ဝတ္ထုပါအတိုင်း ဒေသန္တရ အသင်းတော် ပုံစံကို လူသားများအား ပေါင်းဖက်ပေးသည်။

“အရေအတွက်အားဖြင့် လူပေါင်းသုံးထောင်မျှလောက်သော သူတို့သည် သင်းဝင်ကြ၏။” (တမန် ၂း၄၂)

ဤအကြောင်းအရာများသည် ယေရှုဆလင်မြို့ရှိ အသင်းတော်နှင့် ပတ်သက်ကြောင်း ကျွန်ုပ်တို့ သိရှိကြ၏။

“ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် ဝိညာဉ်ဖမ်းဆီးခြင်းသည် သခင်ဘုရား သင်းဝင်စေတော်မူ၏။ (တမန် ၂း၄၇)

ယေရှုဆလင်အသင်းတော်ကို သင်းဝင်စေသကဲ့သို့ အသင်းတော် ၌ အသင်းဝင်စေခြင်းသည် ဓမ္မသစ်အသင်းတော်၏ ဧဝံဂေလိသတင်းကောင်းမဟုတ်ပါ။

၃။ တတိယ၊ အသင်းတော်ဗဟိုပြုသော ဧဝံဂေလိဟူသည် ဘုရားသခင်၏အိမ်တော်ကို ပြည့်စေရပါမည်။

ယေရှုမိန့်တော်မူသည်-

“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းလော့”။ (ရှင်လုကာ ၁၄း၂၃)

ဤသည် ဒေသန္တရအသင်းတော်ကို ဆိုလိုသည်ဟု ခံယူပါမည်-

“အိမ်တော်ကား အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်၏” (၁ တိ ၃း၁၅)

အကျွန်ုပ်အနေနှင့် “အိမ်တော်သည် အသက်ရှင်သော ဘုရားသခင်၏ အသင်းတော်ကို ဆိုလိုပြီး” အကယ်၍ “ငါ့အိမ်ကိုပြည့်စေခြင်း ငှာ” ဆိုခြင်းသည် ဒေသန္တရအသင်းတော်ကို ရည်ညွှန်းခြင်းမဟုတ်ဘဲ တခြားအဓိပ္ပာယ်မရှိနိုင်ပါ။ (၁တိ ၃း၁၅)

အမှန်စစ်စစ် သိရှိထားသည်မှာ အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်၏ အမိန့်တော်ဖြစ်သော မဟာစေခိုင်းချက်ကို လိုက်နာပါက မယုံကြည်သူများ၊ မပြောင်းလဲသူများပင် အသင်a;တာ်ဝတ်ပြုခြင်း အစည်းအဝေး၌ ရောက်ရှိလာကြပါလိမ့်မည်။ ကျွန်ုပ်သိထားသည်မှာ ထိုအရာသည် အထူးထူးအခြားခြားသော ပြဿနာများနှင့် အခက်အခဲများအပေါ် အကျိုးသက်ရောက်မှုရှိစေမှာ ဖြစ်သည်။ ဧဝံဂေလိသတင်းကောင်းသည် သေသေချာချာ မိန့်တော်မူပြီးပြီ မဟုတ်လား¿ ယေရှုမိန့်တော်မူသည်ကား -

“ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်” (ယောဟန် ၂ဝး၂၁)

အတ္တဆန်သော အမေရိကား၌ရှိသော လူအများတို့သည် ကလေးမမွေးချင်ကြပါ။ အကြောင်းမှာ ကလေးမွေးဖွားလာပါက အခက်အခဲ ဒုက္ခပြဿနာများရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ရုပ်မြင်သံကြားထိုင်ကြည့်နေခြင်းကို တစ်ကိုယ်တည်းသေဆုံးသည့်တိုင် ကျေနပ်ရောင်ရဲသူများ ဖြစ်ကြသည်။ ကလေးငယ်များ မွေးဖွားလာခြင်းနှင့် ပြုစုပျိုးထောင်ခြင်းသည် တစ်ကိုယ်တည်းအေးချမ်းတည်ငြိမ်သော ဘ၀ကို အနှောင့်အယှက် ဖြစ်စေသောကြောင့်ဖြစ်သည်။ အကယ်စစ် အချို့သောအသင်းတော်များသည် လောကီလူသားအသစ်များကို အသင်းတော်ကို မခေါ်ဆောင်ချင်ကြဘူး မဟုတ်လား။ ကျွန်ုပ်တို့သည် အသင်းတော်၌ရှိသော ကလေးများကိုဘဲ ပြုစုသွန်သင်ပြီး ကျွန်ုပ်တို့ကို အနှောင့်အယှက်ပြုနိုင်တဲ့ အခြားအပြင်ရပ်မှ လူများကို အသင်းတော်ကို မခေါ်ဆောင်ကြပါနဲ့ဟု သူတို့ပြောကောင်းပြောနိုင်ကြ၏။ သို့ပါသော်လည်း ထိုကဲ့သို့သော စိတ်နေသဘောထားသည် ကျွန်ုပ်တို့ အရှင်သခင်၏ အမိန့်တော်ဖြစ်သော မဟာစေခိုင်းချက်ကို နာခံရန်ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ ယေရှုဘုရားကျွန်ုပ်တို့အား မိန့်တော်မူသည် ကား -

“လူမျိုးတကာတို့ဆီသွားပြီး သွန်သင်ဆုံးမပါ” (ရှင်မဿဲ ၂၈း၁၉)

ခရစ်တော်၏အမိန့်တော်အတိုင်း လုပ်ဆောင်ခြင်းမရှိဘဲ ကျွန်ုပ်တို့သည် အမိန့်တော်ကို နာခံပါသည်ဟု အဘယ်ကဲ့သို့ ပြောနိုင်ပါမည်နည်း¿

ကျွန်ုပ်တို့၏ “သာသနာကွင်း” သည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်၊ လမ်းမပေါ်၊ ကောလိပ်၊ တက္ကသိုလ်ကျောင်းများ၊ ဈေးဆိုင်များ၊ စတိုးဆိုင်များပင် ဖြစ်ကြပါသည်။ “လူမျိုးတကာ” ဟူသည်မှာ ကျွန်ုပ်တို့၏ အသင်းတော်တည်ရှိရာ ကောလိပ်နှစ်ခုဝန်းရံထားသော လောအင်ဂျလိတ် မြို့၌ပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ အမိန့်ပေးဦးစီးချုပ်သည် ယေရှုခရစ်တော်ပင်ဖြစ်သည်။ အမိန့်တော်ကား ရိုးရှင်းလှပါသည်-

“သင်တို့သည် သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ မတ္တိဇံပေးကြလေ့”။ (ရှင်မဿဲ ၂၈း၁၉)

“မြို့ပြင်၊ ခြံနား၊ လမ်းမသို့သွားလော့! ငါ့အိမ်ကိုပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းလော့” (ရှင်လုကာ ၁၄း၂၄)

ဧဝံဂေလိ သတင်းကောင်းတွေ ဝေငှဖို့သွားပါ! ဘယ်အရာကမှ မရပ်တန့်ပါစေနှင့်! ခရစ်တော်၏အမှုတော်အဖို့ မိမိအသက်တာကို အပ်နှံဆက်ကပ်လိုက်ပါ!” “ခရစ်တော်ဘုရားရဲ့ အိမ်တော်ကျယ်ပြန့်စေဖို့ အလို့ငှာ အပြင်အရပ်သို့ထွက်ပြီး အနိုင်အထက်ခေါ်သွင်းပါ”!

ယနေ့မနက် ဤနေရာ၌ ရှိသော သူအချို့သောသူတို့သည် မပြောင်းလဲသောသူများလည်း ရှိကြမှာဖြစ်သည်။ ယေရှုဘုရားသခင်ထံ မိတ်ဆွေတိုးဝင် မချဉ်းကပ်မချင်း ဤတရားဒေသနာကို အဆုံးမသတ်လိုပါ။ သင်၏အပြစ်အဖိုးအခများအတွက် လက်ဝါးကပ်တိုင်အပေါ် သူအသေခံပေးဆပ်ပြီးပြီ။ သင့်ကို ထာ၀ရအသက်ပေးဖို့ ကိုယ်ခန္ဓာနှင့်သေခြင်းမှ ထမြောက်ခဲ့ပြီး ယခုဆုတောင်းပေးနေသည်။ သူ့ဆီ ချဉ်းကပ်ပါ။ ယုံကြည်ခြင်းနှင့် အသက်တာဆက်ကပ်အပ်နှံပါ။ မိတ်ဆွေသည် ဤဒေသန္တရအသင်းဝင်တစ်ယောက် ဖြစ်လာဖို့ရန် သူ၏အသွေးတော်အားဖြင့် သင့်အပြစ်များကို ဆေးကြောပြီးပြီဖြစ်သည်။ အသစ်သောသတ္တဝါ အသစ်အသက်တာထဲ၌ ထိုခရစ်တော်နှင့်အတူ အသက်ရှင်ဖို့ စတင်ပါတော့လား။ အာမင်!


ဤတရားဒေသနာအားဖြင့် ခွန်အားရလျှင် ဒေါက်တာ Hymers သည် သင့်ထံ က တစ်စုံတစ်ခုကို ကြားလိုပေမည်။ ဒေါက်တာ Hymers ကို စာရေးလျှင် မည်သည့်တိုင်းပြည်က စာရေးသားသည်ကို ပြောပြရမည်၊ သို့မဟုတ်လျှင် ပြန် လည်ဖြေကြားနိူင်မည်မဟုတ်။ ဤတရားဒေသနာအားဖြင့်ခွန်အားရလျှင် စာ ရေးပြီးပြောပြပါ။ သို့သော် မည်သည့်တိုင်းပြည်က ရေးသားသည်ကို အမြဲတမ်း ထည့်သွင်းရေးသားပေးပါ။ ဒေါက်တာ Hymers ၏ အီးလ်မေးလိပ်စာမှာ rlhymersjr@sbcglobal.net (နှိပ်ပါ)၊ ဒေါက်တာ Hymers ကို မည်သည့်ဘာ သာစကားနှင့်မဆို စာရေးသားနိူင်သည်၊ သို့သော် ဖြစ်နိူင်လျှင် အင်္ဂလိပ်လိုရေး သားပါ။ စာတိုက်ဖြင့်ရေးသားပေးပို့လိုလျှင် စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လော့အိန်ဂျယ်၊ စီအေ ၉၀၀၁၅၊ ဖုန်းဆက်လိုသောအခါ (၈၁၈)၃၅၂-၀၄၅၂။

(တရားဒသေနာနိဂုံး)
သင်သည် ဒေါက်တာ Hymers ၏တရားဒေသနာကို အင်တာနက်ပေါ်တွင်
www.sermonsfortheworld.com ဖြင့် အပတ်တိုင်းကြည့်ရှုနိူင်
ပါသည်။ "တရားဒေသနာစာမူ"ကိုနှိပ်ပါ။


ဤတရားဒသေနာစာမူမြားကိုဤတရားဒေသနာစာမူများကို ကူးယူ၍မရပါ။ သင်သည် Dr. Hymers ၏ခွင့်ပြုချက်မလိုဘဲအသုံးပြုနိူင်သည်။ သို့သော်
Dr. Hymers ၏ ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။
ဗွီဒီယိုတရားဟောချက်များကိုမူ ခွင်ပြုချက်ဖြင့်သာအသုံးပြုနိူင်သည်။


အခှပှေုကမြွး

အသင်းတော်ကို ဗဟိုပြုသော ဧဝံဂေလိ!
ဒေါက်တာအာန်အယ်လ်ဟိုင်မာဂျေအာရ်

“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေငြခ်းငှာ ဆုံးမဩဝါဒပေးကြားလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (ရှင်မဿဲ ၂၈း၁၉-၂၀)

(ရှင်မာကု ၁၆း၁၅)

၁။ ပထမအသင်းတော်ကို ဗဟိုပြုသော ဧဝံဂေလိဟူသည် အပြင်အရပ်သို့ထွက်ပြီး ဝိညာဉ်ပျောက်ဆုံး လူသားများအား ရှာဖွေရပါမည်။ (လုကာ ၁၄း၂၃)

၂။ ဒုတိယအသင်းတော်ကို ဗဟိုပြုသော ဧဝံဂေလိဟူသည် ဝိညာဉ်များခေါ်ဆောင်လာခြင်းဖြင့် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် စတင်ရပါမည်။ ၁ကော ၁း၃၀၊ ဟေဗြဲ ၁ဝး၂၄-၂၅၊ တမန်တော် ၂း ၄၁း၄၇။

၃။ တတိယအသင်းတော်ကို ဗဟိုပြုသော ဧဝံဂေလိဟူသည် ဘုရားသခင်၏အိမ်တော်ကို ပြည့်စေရပါမည်။ (၁တိ ၃း၁၅၊ ယောဟန် ၂ဝး၂၁)