Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




ဧဝံဂေလိတရားဒေသနာကို ပြင်ဆင်ခြင်းနည်းလမ်း -
စစ်မှန်သောပြောင်း လဲခြင်းအတွက် လိုအပ်သော အမေ့ခံသမ္မာတရား

HOW TO PREPARE AN EVANGELISTIC SERMON –
FORGOTTEN TRUTHS NEEDED FOR REAL CONVERSIONS
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
အောက်တိုဘာလ ( ၁၄ ) ရက်၊ စနေနေ့ ညနေပိုင်းတွင် ဟောကြား
သော Dr. C. L. Cagan နှင့် Dr. R. L. Hymers, Jr. တို့၏
တရားဒေသနာဖြစ်သည်။
A sermon by Dr. C. L. Cagan and Dr. R. L. Hymers, Jr.
preached at the Baptist Tabernacle of Los Angeles
Saturday Evening, October 14, 2017

“သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။” (( ၂ တိ ၄း ၅ )


နီရိုးဘုရင်၏ညှင်းပန်းနှိပ်စက်ခြင်းအောက်တွင် အသေသတ်ခြင်းမခံမှီအချိန်လေး တွင် တမန်တော်ရှင်ပေါလုသည် ဤစကားကို တိမောသေအား ပေးထားခဲ့သည်။ တိမောသေသည် ရှင်ပေါလု၏သားတပည့်ဖြစ်သည်။ အမှုတော်အတွက် ရှင်ပေါလုသွန်သင်ပေးသောသူလည်း ဖြစ်ပါသည်။ တိမောသေသည် နောက်ပိုင်းတွင် ဧဖက်မြို့အသင်းတော်၏ သင်းအုပ်ဆရာဖြစ် လာသည်။ တိမောသေ၏အဓိကလုပ်ငန်းမှာ သင်းအုပ်ဖြစ်ရန်ဖြစ်သည်။

တိမောသေသည် “ဧဝံဂေလိဆရာဖိလိပိ” ကဲ့သို့သော တူညီသည့် အမှုတော်လုပ်ငန်း တော့မရှိပါ။( တမန် ၂၁း ၈ ) ဖိလိပိသည် တစ်နေရာပြီးတစ်နေရာလှည့်လည်သွားနေသည်။ ရှာမာရိမြို့သို့လည်းသွားပြီး ခရစ်တော်အကြောင်းကို ဟောပြောခဲ့သည်။ ( တမန် ၈း ၅) သဲ ကန္တာရသို့သွားပြီး အီသီယိုပီးယားအမတ်ကိုလည်း တရားဟောခဲ့သည်။ ( တမန် ၈း ၅ ) သူ သည် မြို့ရွာများသို့လည်း လှည့်လည်၍ တရားဟောခဲ့သည်။ ( တမန် ၈း ၄၀ ) သူသည် လှည့် လည်သွားလာသည့် ဧဝံဂေလိဆရာတစ်ပါးဖြစ်ပါသည်။ တိမောသေမူကား ဒေသန္တာရအသင်း တော်တစ်ပါးကိုဦးဆောင်သော သင်းအုပ်ဆရာတစ်ပါးဖြစ်ပါသည်။

ရှင်ပေါလုက တိမောသေအား “ဧဝံဂေလိအလုပ်ကိုလုပ်ဆောင်ရန်” အဘယ့်ကြောင့် တိုက်တွန်းခဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် သင်းအုပ်ဆရာတိုင်းသည် ဧဝံဂေလိလုပ်ငန်း ကို လုပ်ဆောင်ရန် ခေါ်ထားခြင်းဖြစ်ပါသည်။ ရှင်ပေါလုက တိမောသေအား “သူ၏လုပ်ငန်းအ ပေါ်သက်သေနှင့်ပြည့်စုံရန်” ( ၂ တိ ၄း ၅ ) ရန် တိုက်တွန်းခဲ့ပါသည်။ သူအမှုတော်လုပ်ငန်း၏ သက်သေကားအဘယ်နည်း။ ဧဝံဂေလိလုပ်ငန်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင်းအုပ်ဆရာ တိုင်းသည် ဧဝံဂေလိလုပ်ငန်းကို လုပ်ဆောင်ရန် ခေါ်ထားခြင်းဖြစ်သည်။ သင်သည် ထိုသို့ သောအလုပ်ကို လုပ်ဆောင်ခြင်းမရှိလျှင် ဘုရားသခင်လုပ်ဆောင်စေလိုသောအရာအားလုံး ကို သင်လုပ်ဆောင်ထားသည်ဟု မဆိုလိုပါ။

သင်းအုပ်ဆရာတိုင်းသည် ၎င်း၏အသင်းတော်တွင် တရားဒေသနာဟောပြောကြ သည်။ ၎င်းမှာ ဘုရားသခင်၏ခေါ်ခြင်းဖြစ်သည်။ သင်းအုပ်တိုင်းသည် ၎င်းတို့၏အသင်းတော် တွင် ဧဝံဂေလိနှင့်ဆိုင်သောတရားဒေသနာကို ဟောပြောရမည်။ မကြာခဏဟောပြောရမည်။ သင်သည် လွန်ခဲ့သောနှစ်အနည်းငယ်က တနင်္ဂနွေနေ့တွင် ဧဝံဂေလိအကြောင်းကို မဟော ပြောဘဲ ချန်ရစ်ထားမည်ဆိုလျှင် သင်သည် သစ္စာရှိသောတရားဟောဆရာမဟုတ်ပါ။ သင် လုပ်ဆောင်ရမည့်အရာအားလုံးမှာ လူတို့အား သွန်သင်ရန်သက်သက်သာဖြစ်လျှင် သင်သည် သစ္စာရှိသောတရားဟောဆရာမဖြစ်နိုင်ပါ။ သင်၏လုပ်ငန်းသည် ကျမ်းစာကိုသင်ကြားခြင်း သက်သက်မဟုတ်ပါ။ သင်သည် ဧဝံဂေလိတစ်ယောက်လုပ်ဆောင်ရမည့်အလုပ်ကို လုပ် ဆောင်ရမည်။ သင်သည် ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေနာကို ဟောပြောရမည်။ ပုံ မှန်လုပ်ဆောင်ရမည်။

ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေသနာဟူသည်မှာ အဘယ်နည်း။ ဧဝံဂေလိတ ရားနှင့်ဆိုင်သောတရားဒေသနာကို အသင်းတော်ရှိပျောက်ဆုံးလူများကို တိုက်ရိုက်ရည်ရွယ် ထားပြီး အချို့တို့သည် အပတ်တိုင်း ဘုရားကျောင်းသို့ရောက်နိုင်ကြသဖြင့် အစီအစဉ်တိုင်း တွင် များစွာရှိကြပါသည်။ ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေသနာခေါင်းစဉ်က အပြစ်၊ နှင့် ခရစ်တော်၌ကယ်တင်ခြင်းအကြောင်း သမ္မာတရားကို ကြွေးကြော်သည်။ သို့မှသာ ထိုအ ကြောင်းကိုကြားသိသောလူတို့သည် ယေရှုခရစ်ကိုယုံကြည်သဖြင့် ကယ်တင်ခြင်းသို့ရောက် ကြသည်။ ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေသနာသည် ကျမ်းပိုဒ်များစွာကို ရှင်းပြပြီး ဟောပြောသောတရားဒေသနာမဟုတ်။ ကျမ်းပိုဒ်တစ်ခု သို့မဟုတ် နှစ်ခုကို ကောက်နှုတ်၍ ဟောပြောခြင်းပင်ဖြစ်ပါသည်။ ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေသနာက ကျမ်းပိုဒ် တစ်ပိုဒ် သို့မဟုတ် နှစ်ပိုဒ်ကို အဓိကဦးတည်ဟောပြောသည်။ ကျမ်းပိုဒ်များစွာကို ရှင်းပြဟော ပြောခြင်းသည် ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေသနာမဟုတ္ပါ။ ဧဝံဂေလိတရားဒေသ နာနှင့်ဆိုင်သာ စပါဂျွန်၏တရားဒေသနာကို လေ့လာပါ။ ၎င်းတို့တွင် ယနေ့တွင် “ရှင်းပြဟော ပြောပို့ချချက်” တစ်ခုမှ မရှိပါ။ တမန်တော်ဝတ္ထုတွင် တစ်ခုမှတပါး အားလုံးသည် ဧဝံဂေလိတ ရားနှင့်ဆိုင်သောတရားဒေနာဖြစ်သည်။ တမန်တော်တစ်ခုလုံးတွင် “ရှင်းပြဟောပြောပို့ချချက်” တရားဒေနာတစ်ခုသာရှိသည်။ ကျွန်ုပ်တို့သည် တမန်တော်များနှင့်စပါဂျွန်တို့နောက်သို့ လိုက် ပြီး ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေသနာကို ဟောပြောသင့်ပါသည်။

ယနေ့ကာလတွင် သင်းအုပ်အနည်းစုကသာလျှင် ဧဝံဂေလိတရားနှင့်ဆိုင်သောတရား ဒေနာကို ဟောပြောကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ဧဝံဂေလိတရားနှင့်ဆိုင်သော တရားဒေသနာကြားရခဲသည်။ အခြားတိုင်းပြည်များနှင့်လည်း ထူးမခြားပါ။ သင်းအုပ်များသည် ၎င်းတို့၏အသင်းသားများအား သမ္မာကျမ်းစာကို သင်ကြားပေးကြသည်။ သို့မဟုတ် အနာငြိမ်း ခြင်း၊ ချမ်းသာကြွယ်၀ခြင်း၊ မည်သို့ကောင်းစွာနေထိုင်အသက်ရှင်နိုင်မည် စသည့်အကြောင်း များကိုသာ ဟောပြောကြသည်။ ခရစ်တော်၏ဧဝံဂေလိတရားမှတပါး အခြားသောအရာများကို ဟောပြောကြသည်။ သူတို့သည် “သာသနာပြုအလုပ်ကို လုပ်ဆောင်ပါ” ဟူသော သမ္မာကျမ်း စာသွန်သင်ချက်ကို ငြင်းဆန်ကြပါသည်။

သင်က “ယခု ဧဝံဂေလိတရားဒေသနာအတွက် မည်သို့ပြင်ဆင်မည်နည်း။ မည်သို့ လုပ်ဆောင်သင့်သနည်း” ဟု ဆိုရမည်။ ဤတရားဒေသနာသည် ထိုအကြောင်းတရားပင်ဖြစ် ပါသည်။ ဧဝံဂေလိတရားဒေသနာ မည်သို့ဟောပြောရမည်ကို ကျွန်ုပ်ပြောပြမည်။

ဧဝံဂေလိတရားဒေသနာဟူသည်မှာ ဧဝံဂေလိဗဟိုပြုတရားဒေသနာဖြစ်သည်။ ဧဝံဂေ လိတရားဒေသနာဟူသည်မှာ အဘယ်နည်း။ ဧဝံဂေလိတရားဟောပြောခြင်းဟုဆိုရာတွင် ဧဝံ ဂေလိသည် မည်သည့်အရာကိုခေါ်ကြောင်း သင်သိရှိရပါမည်။ တမန်တော်ရှင်ပေါလုက ဤသို့ ဆိုပါသည်။

“ဧဝံဂေလိတရားကို သင်တို့အား ငါကြားလိုက်၏။… ခရစ်တော် သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံ တော်မူ၏။ သင်္ဂြိုလ်ပြီးမှ ကျမ်းစာလာသည်အတိုင်း သုံးရက် မြောက်သောနေ့၌ ထမြောက်တော်မူ၏။” ( ၁ ကော ၁၅း ၁၊ ၃၊ ၄ )

တဖန် တမန်တော်ရှင်ပေါလုက ဤသို့ဆိုပြန်သည်။

“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ ဤ လောကသို့ကြွလာတော်မူသည်။” ( ၁ တိ ၁း ၁၅ )

ဧဝံဂေလိတရားဒေသနာတွင် အပိုင်းနှစ်ပိုင်းရှိသည်။ ပထမအပိုင်းတွင် လူ့အပြစ်တွင်ရှိသော ပြဿနာနှင့်ဒုတိယအပိုင်းတါင် လူတို့ကို အပြစ်မှရွေးနှုတ်ကယ်တင်ရန် ခရစ်တော်၏လုပ် ဆောင်ချက္ဖြစ်သည်။

၁။ ပထမအချက်၊ သင်သည် ပညတ်တော်အကြောင်းကို ဟောပြောရမည်။ ၎င်းက လူတို့အား ၎င်းတို့၏အပြစ်နှင့်ပြည့်နှက်နေသောနှလုံးသားအကြောင်းပြေပြ သည်။

ဧဝံဂေလိတရားဒေသနာ၏ပထမအပိုင်းတွင် သင်သည် ပညတ်တရားအကြောင်းကို ဟောပြောရမည်။ လူတစ်ဦးသည် အဘယ့်ကြောင့် ယေရှုကို ကိုးစားသင့်သနည်း။ အဘယ် အ ကြောင်းကြောင့်နည်း။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အဘယ့်ကြောင့် အသေခံခဲ့သ နည်း။ တရားဒေသနာများစွာက သာ၍ကောင်းသောအသက်တာကို ရရှိဖို့ သို့မဟုတ် ပျော်ရွင် ကြဖို့၊ သို့မဟုတ် ချစ်မေတ္တာနှင့်မိတ်ဖွဲ့ခြင်းကို ရှာဖွေတွေ့ရှိဖို့ ယေရှုကိုးစားရမည်အကြောင်း ကို သင်ကြားပေးကြသည်။ သို့ရာတွင် ၎င်းမှာ လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုအသေခံရ သည့် အကြောင်းတရားများမဟုတ်ပါ။ အချို့တရားဒေသနာတို့က ကောင်းကင်သွားနိုင်ဖို့ရန် ယေရှုကို ကိုးစားရမည်အကြောင်း ပြောပြကြသည်။ သို့ရာတွင် ကောင်းကင်ဘုံသို့ရောက်ရန် ယေရှုကို အဘယ့်ကြောင္႔လိုအပ်သည်ဟူသောအချက်မပြောလျှင် ၎င်းသည္ ဧဝံဂေလိသ တင်းစကားမဟုတ်တော့ပါ။ သမ္မာကျမ်းစာက “ခရစ်တော်သည် ငါတို့အပြစ်ကြောင့် အသေခံ တော်မူသည်” ဟု ဆိုထားသည်။ သမ္မာကျမ်းစာက “အပြစ်ရှိသောသူတို့ကုိ ကယ်တင်ခြင်းငှါ ယေရှုခရစ်သည် ဤလောကသို့ကြွလာသည်” ဟု မိန့်တော်မူသည်။

လူတို့က သူတို့သည် အပြစ်ရှိသောသူများဖြစ်ကြောင်းမခံစားတတ်ကြလျှင် ခရစ် တော်ထံသို့ အဘယ့်ကြောင့် လာကြမည်နည်း။ သူတို့လာကြမည်မဟုတ်။သူတို့က ဆုတောင်း နိုင်ကြပါသည်။ လက်လည်း ထောင်နိုင်ကြသည်။ တရားဒေသနာအဆုံးတွင် ရှေ့သို့လည်း လာနိုင်ကြပါသည်။ သို့သော် သူတို့သည် ကယ်တင်ခြင်းသို့ရောက်ကြမည်မဟုတ်။ အဘယ့် ကြောင့်နည်း။ သူတို့ကယ်တင်ခြင်းရနိုင်မည့်အကြောင်းမရှိသောကြောင့်ဖြစ်သည်။

လူတို့သည် အပြစ်ရှိသောသူများဖြစ်ကြောင်းကို သင်မည်သို့ ပြသမည်နည်း။ ဘုရား သခင်၏ပညတ်တော်ကို သူတို့အား ဟောပြောခြင်းအားဖြင့်ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ ဆိုသည်။

“ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်၏။” ( ဂလာတိ ၃း ၂၄ )

ပညတ်တရားက လူတို့အား အပြစ်ရှိကြောင်း ထင်ရှားစေသည်။ သူတို့သည် နှလုံးသားထဲ၌ရှိ သောအပြစ်ကို သိမြင်လာကြသောအခါ သူတို့သည် ခရစ်တော်ထံသို့ လာကြမည်။

သင်းအုပ်ဆရာအများစုက ပညတ်တရားအကြောင်း ဟောပြောဖို့ ကြောက်ရွံ့နေကြ သည်။ လူတို့ကို စိတ်တိုစေဖို့ ဝန်လေးကြသည်။ Iain H. Murray က ဤအရာမှာ “ဧဝံဂေလိ လုပ်ငန်းတွင် အဓိက ပြဿနာဖြစ်သည်” ဟုဆိုသည်။ သူရေးသားသောစာအုပ်ဖြစ်သည့် ရှေး ဟောင်းဧဝံဂေလိလုပ်ငန်းတွင် (Banner of Truth, ၂၀၀၅၊ စာမျက်နှာ ၃ မှ ၃၇ အထိဖတ်ပါ ) Murray က ပျောက်ဆုံးသူများကိုပြစ်မှားခြင်းကို ကြောက်ရွံ့ခြင်းသည် အဓိကအကြောင်းတရား ဖြစ်၍ ယနေ့ဧဝံဂေလိဟောပြောခြင်းသည် ထိရောက်မှုမရှိတော့ပါဟု မှန်မှန်ကန်ကန် ပြောပြခဲ့ သည်။

တရားဟောသည့်အချိန်တိုင်းတွင် တစ်ဦးချင်းအပြစ်ကို လစ်လျူရှုပြီး မဟောပါနှင့်။ “ဒါလုပ်ပါ။ ဒါမလုပ်ပါနှင့်။” စသဖြင့်ဖြစ်သည်။ ဤသည်မှာ လူတို့၏မှန်ကန်သော သို့မဟုတ် တိကျသောအပြစ်အကြောင်း ပြောနေခြင်းဖြစ်ပါသည်။ သို့ရာတွင် အပြစ်သည် သာ၍နက်ရာ သို့သွားပါသည်။ သူတို့သည် အတွင်းပိုင်း၌ အပြစ်သားများဖြစ်ကြပါသည်။ သူတို့တွင် အာဒံထံ မှအမွေရသော အပြစ်နှင့်ပြည့်သောနှလုံးသားကို ပိုင်ဆိုင်ကြပါသည်။ ထို့ကြောင့် ဒါဝိဒ်မင်းက “ငါသည် မွေးစကပင် ပါပါ၏။ အမိဝမ်းထဲ၌ ပဋိသန္ဒေယူစဉ်ကပင် အပြစ်စွဲပါ၏” ဟုဆိုသည်။ ( ဆာလံ ၅၁း ၅ ) ထို့ကြောင့် သမ္မာကျမ်းစာက “စိတ်နှလုံးသည် ခပ်သိမ်းသောအရာတို့ထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏” (ယေရမိ ၁၇း ၉) ဟုဆိုထားသည်။ ဆက် လက်၍ “ဇာတိပကတိစိတ်သဘော(မပြောင်းလဲသော)သည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက် ဖြစ်၏” (ရောမ ၈း ၇) ဟုဆိုထားသည်။ သို့ဖြစ်သောကြောင့် လူတို့က ဆိုးသောအမှုကို ပြုလေ့ ရှိကြသည်။ သူတို့လုပ်ဆောင်အရာသည် သူတို့၏သရုပ်မှန်ထဲက ထွက်လာသည်။ ခရစ်တော် က “လူအတွင်းနှလုံးထဲမှ မကောင်းသောကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ် နှင့်မှားယွင့်ခြင်း…..ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူး စေကြသည်ဟု မိန့်တော်မူ၏။” ( မာကု ၇း ၂၁၊ ၂၃ ) သူတို့လုပ်ဆောင္သောအရာထက် ပိုမို၍ နက်နဲသည်မှာ သူတို့၏အဖြစ် သရုပ်မှန္ပင်ဖြစ်ပါသည်။ လူတစ်ဦးသည် ကောင်းအောင်ကြိုး စားသော်လည်း သူ့စိတ်နှလုံးကို မပြောင်းလဲစေနိုင်ပါ။ ဆိတ်သည် သိုးတစ်ကောင်အဖြစ်သို့ မပြောင်းလဲစေနိုင်သကဲ့သို့ဖြစ်သည်။ လူတို့ကို ခရစ်ယာန်များဖြစ်လာရန် မသင်ပေးနိုင္ပါ။ ဤ တရားဒေသနာတွင် ရှင်းပြသကဲ့သို့ တရားဟောပေးလိုရပါသည်။ ဘုရားသခင်သည် လူ့စိတ် နှလုံးသားနှင့်အပြုအမူကို စီရင်တော်မူသည်။ သမ္မာကျမ်းစာက “သင်တို့သည် အပြစ်ရှိကြ သည်” ( ရောမ ၃း ၉) ဟု မိန့်တော်မူသည်။ လူတိုင်းသည် မပြောင်းလဲမှီ အပြစ်၏တန်ခိုးနှင့်ပြစ် ဒဏ်အောက်တွင် ရှိနေကြသည်။

သင်သည် ပညတ်တရားအကြောင်းကို ဟောရမည်။ သို့မှသာ လူတို့သည် ၎င်းတို့စိတ် နှလုံး၏ယိုယွင်းမှုကို သိရှိခံစားလာတတ်ကြမည်။ ယခုတွင် လူတိုင်းက သူတို့သည် အပြစ်ရှိ သောသူများဖြစ်ကြောင်း တစ်နည်းနည်းဖြင့် သိရှိပြီး ဝန်ခံလာကြမည်။ စုံလင်သောသူဖြစ်ရန် ကြိုးစားအားထုတ်နေသောသူကို မတွေ့ဖူးပါ။ လူတစ်ဦးက တရားဟောဆရာဖြစ်လိုသည်ဟု ဆိုသည်။ သူက “ကျွန်ုပ်အပြစ်သားဖြစ်သည်ဟု ယူဆပါစို့။ သို့ရာတွင် ကျွန်ုပ်သည် သင်ပြော ပြောနေသော အပြစ်သားတော်မဟုတ်ပါ။ကျွန်ု္ပ် ကောင်းသည်ဟု ထင်မိပါသည်။ ကျွန်ု္ပ်သိသ မျှကို အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ဆောင်နေသည်” ဟုဆိုသည်။ ထိုသူသည် ကယ် တင်ခြင်းရရှိဖို့ရန် အဆင်သင့်မဖြစ်သေးပါ။ သူသည် ကယ်တင်ခြင်းမရမှီ သူသည် အပြစ်သား ဖြစ်ကြောင်းကို မြင်တတ်ရမည်။ သို့ဖြစ်သောကြောင့် ၎င်းတို့၏အပြစ်နှင့်ပြည့်နေသောနှလုံး သားအကြောင်းကို ဟောပြောရမည်။

ဘုရားသခင်၏ပညတ်တရားမပါဘဲ လူတို့က ခရစ်တော်၏ဧဝံဂေလိတရားလိုအပ် သည်အကြောင်းကို လုံးဝနားလည်ကြမည်မဟုတ်ပါ။ သို့ဖြစ်သောကြောင့် ဧဝံဂေလိတရားအ ကြောင်းကို မဟောပြောမှီ ပညတ်တရားအကြောင်းကို ဟောပြောရမည်။ သမ္မာကျမ်းစာက “ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်၏” ဟုဆိုသည်။ ( ဂလာတိ ၃း ၂၄ ) အထိန်းတစ်ဦးကဲ့သို့ပင် ပညတ်တရားသည် လူတို့အား ခရစ်တော်လိုအပ် ကြကြောင်းကို ပြသသည်။ ပထမဦးစွာ ပညတ်တရားဟောပြောရန်လိုအပ်သည်။ ထို့နောက်မှ ဧဝံဂေလိတရားဖြစ်သည်။ မာတင်လူသာပြောဆိုသောစကားသည် အလွန်မှန်ကန်မှုရှိသည်။ ဧဝံဂေလိတရားဒေသနာကို ဟောပြောချင်လိုစိတ်ရှိမည်ဆိုလျှင် သူပြောသည့်စကားကို အ လေးထားလေ့လာပါ။ မာတင်လူသာက ဤသို့ဆိုသည်။

သင်သည် ပြောင်းလဲလာမည်ဆိုလျှင် ဒုက္ခရောက်ရန် လိုအပ်ပါ သည်။ ဆိုလိုသည်မှာ သင်သည် ဩတ္တပစိတ်တွင် ထိတ်လန့်ပြီး တုန်လှုပ်ခြင်းဖြစ်သည်။ ထို့နောက် ဤအခြေအနေပြီးနောက်တွင် ဖြစ်လာမည်မှာ သင်ကိုယ်တိုင်၏လုပ်ဆောင်ချက်ထဲကမဟုတ်ဘဲ ဘုရားသခင်၏ လုပ်ဆောင်ချက်ထဲကလာသော နှိမ့်သိမ့်ခြင်းကို ဆုပ်ကိုင်ရမည်။ ကြောက်မက်ဖွယ်အပြစ်ရှိသောသူတို့အပေါ် ဘု ရားသခင်၏သနားခြင်းကရုဏာတော်အကြောင်းကို ကြွေးကြော် ရန် ဘုရားသခင်သည် သားတော်ယေရှုကို ဤလောကသို့ စေ လွှတ်တော်မူခဲ့သည်။ ( မာတင်လူသာ၊ Th.D., လူသာပြောဆိုထား သောအရာ၊ ကွန်ကောဒီယားပုံနှိပ်တိုက်၊ ၁၉၉၄၊ နံပါတ် ၁၀၁၄၊ စာ- ၃၄၃ )

ကျွန်ုပ်က “လူတို့သည် ၎င်းတို့၏အတွင်းပိုင်းအပြစ်များကို သိမြင်ခံစားလာစေရန် ပညတ်တရားကိုဟောပြောရမည်” ဟုဆိုသည်။ “ငရဲအကြောင်းဟောပြောရမည်” ဟု လုံး၀မ ပြောပါ။ ခရစ်တော်က ငရဲအကြောင်းသွန်သင်ထားသည်မှာ မှန်ကန်ပါသည်။ ငရဲသည် အစစ် အမှန်ဖြစ်ပါသည်။ သို့ရာတွင် ငရဲအကြောင်း သင်ဟောပြောသောအခါ သတိပြုရမည်။ ငရဲကို ကြောက်ရွံ့လျက် အဘယ်သူမျှကယ်တင်ခြင်းသို့မရောက်နိုင်ပါ။ သူတို့က လူကောင်းဖြစ် အောင် ကြိုးစားကောင်း ကြိုးစားနိုင်ကြပါသည်။ သူတို့သည် ဘာသာတရားကိုင်းရှိုင်းသူများ လည်း ဖြစ်န်ိုင်ပါသည်။ ငရဲကိုကြောက်ရွံ့ခြင်းက လူတစ်ဦးတစ်ယောက်ကိုမျှ မကယ်တင်နိုင် ပါ။ ခရစ်တော်သည် ငါတို့အပြစ္ကြောင့် အသေခံတော်မူသည်။ ငရဲဟူသည်မှာ အပြစ်၏အ ကျိုးဆက်တစ်ခုသာဖြစ်သည်။ အဓိကပြဿနာမှာ အပြစ္ဖြစ်သည်။ ငရဲမဟုတ်ပါ။ ငရဲအ ကြောင်းဟောပြောချက်တစ်ခုလုံးက လူတို့ကို မပြောင်းလဲစေနိုင်ကြောင်းကို တွေ့ရှိခဲ့ပြီးဖြစ် သည်။ ဧဝံဂေလိတရားဒေသနာတစ်ခု၏ပထမအပိုင်းတွင် တစ်ဦးချင်းရဲ့အပြစ်မဟုတ်ဘဲ ၎င်းတို့အပြစ်ကို ရှင်းပြသင့်ပါသည်။ သူတို့စိတ်နှလုံးထဲတွင် ရှိသော အပြစ်ဖြစ်ပါသည်။

လူတို့အား အပြစ်ကိုဖော်ပြခြင်းတွင် သူတို့၏အပြစ်နှင့်ပြည့်နှက်ပြီးပုန်ကန်တတ်သော စိတ်နှလုံးကို ဆန့်ကျင်ဟောပြောရမည်။ သို့သော် သင်သည် ထိုနေရာတွင် ရပ်တန့်မသွားသင့် ပါ။ ပညတ်တရားသည် လူကို မကယ်တင်နိုင်ပါ။ ပညတ်တရားက စိတ်နှလုံးသားထဲတွင်ရှိ သော အပြစ်ကိုသာဖော်ပြပါသည်။ သမ္မာကျမ်းစာက “ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်ရ” ( ရောမ ၃း ၂၀ ) ဟု မိန့်ဆိုထားသည်။ သမ္မာကျမ်း စာက လူကိုကယ်တင်ခြင်းအမှုသည် “ပညတ်တရားလုပ်ဆောင်နိုင်သောအမှုမဟုတ်” ( ရောမ ၈း၃ ) ဟု ဆိုပါသည်။ ခရစ်တော်၏အသွေးတော်ကသာလျှင် အပြစ်ကို ဆေးကြောပေးနိုင်ပါ သည်။ ထိုအချက်က ကျွန်ုပ်ကို ဒုတိယအချက်ဆီသို့ ပို့ဆောင်ပေးပါသည်။

၂။ ဒုတိယအချက်၊ သင်သည် ဧဝံဂေလိတရားကို ဟောရမည်။ ၎င်းက သူတို့ကို အပြစ်မှကယ်တင်ရန် ခရစ်တော်လုပ်ဆောင်ပေးခဲ့သောအရာကို ပြောပြသည်။

ဧဝံဂေလိတရားဒေသနာ၏ဒုတိယအပိုင်းတွင် သင်သည် ဧဝံဂေလိသတင်းကောင်းအ ကြောင်းကို ဟောပြောရမည်။ ဧဝံဂေလိသတင်းကောင်းသည် ပိုမိုကောင်းမွန်သောအရာကို သင်ကြားပေးခြင်းမဟုတ်ပါ။ သတင်းကောင်းသည် အသင်းတော်အကြောင်း သို့မဟုတ် ကောင်းကင်နိုင်ငံအကြောင်း သတင်းစကားမဟုတ်ပါ။ ဧဝံဂေလိသတင်းကောင်းဟူသည်မှာ “ကျမ်းစာလာသည်အတိုင်း ခရစ်တော်သည် ငါတို့အပြစ်အတွက် အသေခံတော်မူသည်” ( ၁ ကော ၁၅း ၃ ) ဖြစ်ပါသည်။ ဧဝံဂေလိသတင်းကောင်းမှာ “ယေရှုခရစ်သည် အပြစ်ရှိသော သူ တို့ကို ကယ်တင် ခြင်းငှါ ဤလောကသို့ကြွလာသည်” ( ၁ တိ ၁း ၁၅ ) ဟူသောအရာဖြစ်ပါ သည်။

ဧဝံဂေလိသတင်းကောင်းဟူသည်မှာ ဥပဒေသတစ်ခုမဟုတ်ပါ။ ဧဝံဂေလိသတင်း ကောင်းဟူသည်မှာ ခရစ်တော်သည် ကြွလာ၍ အသေခံသည့်တိုင်အောင် ဘုရားသခင်သည် အပြစ်သားများကိုချစ်သည် ဟူသောအချက်ဖြစ်သည်။ ဧဝံဂေလိသတင်းကောင်းသည် ပညတ် တရားအားဖြင့် ဖန်တီးထားခြင်းမဟုတ်ပါ။ ဖြူစင်သောမေတ္တာနှင့်ကျေးဇူးတော်သာလျှင်ဖြစ်ပါ သည်။ မာတင်လူသာက ဤသို့ဆိုထားပါသည်။

ဧဝံဂေလိသတင်းကောင်းက ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာ သို့ မဟုတ် ရှောင်ကြဉ်ရမည့်အရာကို မဟောပြောပါ။ တောင်းဆိုမှုမရှိ ပါ။ သို့ရာတွင် ပညတ်တရားချဉ်းကပ်မှုကို ပြောင်းပြန်လုပ်သည်။ ဆန့်ကျင်ဘက်သို့သွားပြီး “ဤသည်မှာ ဘုရားသခင်က သင့်အဖို့ လုပ်ဆောင်ပေးသောအရာဖြစ်သည်။ သူ၏သားတော်ကို လူ့ဇာ တိခံယူစေသည်။ သင့်ကိုယ်စားအသေခံစေသည်” ဟုသာ ပြော ဆိုသည်။ ဧဝံဂေလိသတင်းကောင်းက ဘုရားသခင်ပေးသနား တော်မူသောအရာ၏အကြောင်းကို သွန်သင်ပေးပါသည်။ ကျွန်ုပ် တို့လုပ်ဆောင်ရမည့်အရာ၊ ဘုရားသခင်အားပေးရမည့်အရာအ ကြောင်းကို သွန်သင်ပေးခြင်းမဟုတ်ပါ။ ( “ခရစ်ယာန်တို့က မောရှေ အပေါ်ဂရုပြုသင့်သောအရာ” ၊ ၁၅၂၅ )

ဧဝံဂေလိတရားက အပြစ်သားတို့အား နှလုံးသစ်ကိုပေးသည်။ ခရစ်တော်၏လက်ဝါးကပ်တိုင် ပေါ်အသေခံခြင်းနှင့်သင်္ချိုင်းဗလာဖြစ်ခြင်းတို့အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းတရားကိုလည်း ပေး ထားပါသည်။

“ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရား သခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။ ဘု ရားသခင်သည် သည်းခံတော်မူ၍၊ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ် များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင် ရှားစေခြင်းငှါ၎င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သောသူတို့၏အပြစ်ကို လွှတ် တော်မူသော်လည်း၊ တရားသဖြင့်ပြုတော်မူခြင်းငှါ၎င်း၊ ယေရှုခရစ် ၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။” ( ရောမ ၃း ၂၄၊ ၂၅ )

သမ္မာကျမ်းစာက “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံ တော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ထင် ရှားစွာပြတော်မူ၏…..အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၏” ( ရောမ ၅း ၈၊ ၉ ) ဟု မိန့်တော်မူ၏။ ခရစ်တော်သည် အပြစ်ကြွေးကိုပေးဆပ်ရန် အပြစ်သားကိုယ်စား အသေခံခဲ့ပါ သည်။ ဟေရှာယက “ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့အပြစ်များကို သူ့အပေါ်မှာ တင် တော်မူ၏” ( ဟေရှာယ ၅၃း ၆ ) ဟု မိန့်ဆိုသကဲ့သို့ ဖြစ်သည်။ ဧဝံဂေလိတရားသည် ယေရှုခ ရစ်အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းနှင့်ဆိုင်သောအခမဲ့ကျေးဇူးတော်ဖြစ်သည်။

သင်သည် ဧဝံဂေလိတရားကိုဟောပြောသောအခါ ခရစ်တော်၏သေခြင်းကို ဟောရုံ သက်သက်မဟောပါနှင့်။ ခရစ်တော်၏ထမြောက်ခြင်းအကြောင်းကိုလည်း ဟောပြောပါ။ “ကျမ်းစာလာသည်အတိုင်း ခရစ်တော်သည် သုံးရက်မြောက်သောနေ့တွင် ထမြောက်တော်မူ သည်” ဟူသောအချက်မှာ ဧဝံဂေလိတရား၏အစိတ်အပိုင်းဖြစ်ပါသည်။ (၁ ကော ၁၅း ၄) ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် အရေးပါသောအချက်ဖြစ်ပါသည်။ သမ္မာကျမ်းစာက “ခရစ်တော်သည် ထမြောက်တော်မမူလျှင် သင်တို့၏ယုံကြည်ခြင်းသည်လည်း အကျိုးမရှိ။ ဒုစ ရိုက်အပြစ်အောက်၌ ရှိနေသေး၏” ( ၁ ကော ၁၅း ၁၇ ) ဟု မိန့်တော်မူသည်။ ခရစ်တော်သည် သင်္ချိုင်းထဲ၌ သေလျက်ရှိနေတော်မမူပါ။ အပြစ်ရှိသောသူတို့အား နှလုံးသားသစ်တစ်စုံပေးဖို့ သေခြင်းမှထမြောက်တော်မူခဲ့သည်။ ( ယေဇကျေ ၁၁း ၁၉၊ ၃၆း ၂၆၊ ၂၇ ကို ကြည့်ပါ။ )

ခရစ်တော်၏သေခြင်းအကြောင်းသက်သက် မဟောပါနှင့်။ ခရစ်တော်၏အသွေးတော် အကြောင်းကိုလည်း ဟောပြောပါ။ လူတို့သည် “အသွေးတော်၌ ယုံကြည်ခြင်းအားဖြင့်” ကယ် တင်ခြင်းသို့ရောက်သည်ကို သတိရပါ။ ( ရောမ ၃း ၂၅ ) ကျွန်ုပ်တို့သည် “အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရ၏။” ( ရောမ ၅း ၉ ) ထို့အပြင် သမ္မာကျမ်းစာက “အသွေးမသွန်း လောင်းဘဲ အပြစ်လွှတ်ခြင်း ( အပြစ်ခွင့်လွှတ်ခြင်း ) မရှိ” ( ဟေဗြဲ ၉း ၂၂ ) ဟု မိန့်မူထားသည်။ ခရစ်တော်၏အသွေးတော်သည် ကယ်တင်ခြင်းအတွက် မလိုအပ်ပါ၊ ယနေ့တွင် ခရစ်တော်၏ အသွေးမရှိတော့ပါဟု ပြောဆိုသော ဒေါက်တာ John MacArthur နောက်ကို တရားဟောဆ ရာများစွာ လိုက်နေကြသည်ကို အံ့ဩမိသည်။ သို့ရာတွင် သစ္စာရှိပြီးကောင်းသောတရားဟော ဆရာသည် ခရစ်တော်၏အသွေးတော်အကြောင်းကို ဟောပြောကြသည်။ ဒေါက်တာ Martyn Lloyd-Jones က “နိုးထမှုအချိန်ကာလတွင်…. ( အသင်းတော် ) သည် အသွေးတော်၌ ဝါကြွား သည်… သန့်ရှင်းရာငှါနတော်ထဲသို့ ရဲရင့်သောစိတ်ဖြင့် ကျွန်ုပ်တို့ဝင်ရောက်နိုင်သည့်တစ်ခု တည်းသောနည်းလမ်းသာရှိသည်။ ၎င်းမှာ ယေရှု၏အသွေးတော်အားဖြင့်သာဖြစ်သည်” ဟု ပြောဆိုရာတွင် မှန်ကန်သောအရာကို ပြောဆိုခြင်းဖြစ်သည်။ ( နိုးထမှု၊ Crossway Books, ၁၉၉၂၊ စာ-၄၈ ) အသွေးတော်အကြောင်းကို ဟောပြောပါ။ အသွေးတော်အကြောင်း ဟော ပြောပါ။ “ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှတို့ကို ဆေးကြောတော်မူ၏။” ( ၁ ယော ၁း ၇ )

ဧဝံဂေလိတရားဟူသည်မှာ ခရစ်တော်၌ ဘုရားသခင်၏ကျေးဇူးတော်ဆုကျေးဇူးပင် ဖြစ်ပါသည်။ အပြစ်ရှိသောသူသည် မိမိကိုယ်ကို မကောင်းစေနိုင်ပါ။ အပြစ်ရှိသောသူလုပ် ဆောင်နိုင်သောအရာတစ်ခုသာရှိသည်။ ယေရှုခရစ်ကို ယုံကြည်ကိုးစားရမည်။ ယေရှု ကြောင်းကို ယုံကြည်ခြင်းသည် မကယ်တင်နိုင်ပါ။ ယေရှုကိုယ်တိုင်ကို ယုံကြည်ကိုးစားရမည်။ တမန်တော်ပေါလုက ဖိလိပိထောင်မှူးအား “ယေရှုခရစ်ကို ယုံကြည်လျှင် (ဂရိစကားလုံး အိပီ၊ အပေါ်၊ ၌ ) ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ( တမန်တော် ၁၆း ၃၁ ) ဟု ဆိုလေသည်။ အပြစ်ရှိသောသူတစ်ဦးသည် ယေရှုခရစ်ကိုယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်မည်။ အ ပြစ်ရှိသောသူတိုင်း လုပ်ဆောင်ရမည့်အရာမှာ ယေရှုခရစ်ကို ယုံကြည်ရန်ပင်ဖြစ်ပါသည်။ ယေရှုသည် အရာခပ်သိမ်းကို လုပ်ဆောင်သည်။ အသစ်သောမွေးဖွါးခြင်းတွင် အပြစ်သားများ အား အသစ်သောနှလုံးသားကိုပေးသည်။ ( ဧဖက် ၂း ၅၊ ယောဟန် ၃း ၆၊ ၇ ) အပြစ်သားများ ၏အပြစ်ရှိသမျှကိုလည်း အသွေးတော်အားဖြင့် ဆေးကြောသည်။ ( ဟေဗြဲ ၉း ၁၄၊ ဗျာဒိတ် ၁း ၅ခ၊ ၅း ၉ခ) “ကိုယ်တော်မြတ်ကို ယုံကြည်ပါ၊ ယုံကြည်ပါ၊ ယခု ယုံကြည်ပါ။ သင်သည် အပြစ် မှကယ်ချွတ်မည်၊ ယခုကယ်ချွတ်မည်။” ( “ကိုယ်တော်မြတ်ကိုယုံကြည်”၊ John H. Stockton, ၁၈၁၃-၁၈၇၇ )

သင်၏တရားဒေသနာအဆုံးပိုင်းတွင် ယေရှုခရစ်ကိုယုံကြည်ကိုးစားရန် အပြစ်သား များကို ခေါ်ဖိတ်ပါ။ တစ်ဦးချင်းစီစကားပြောနိုင်သောအခန်းထဲသို့ ခေါ်ဖိတ်ပါ။ သူတို့သည် သင့်ထံသို့လာ၍ စကားပြောလျှင် သင့်အလုပ်ပြီးမြောက်သည်ဟု မဆိုလိုပါ။ “ရှေ့သို့လာခြင်း” သည် ယေရှုကို ကိုးစားခြင်းနှင့်မတူပါ။ “လက်ကိုမြှောက်ခြင်း” သို့မဟုတ် “အပြစ်သားဆု တောင်းခြင်း” တစ်ခုကို ဆုတောင်းခြင်းသည် ယေရှုကို ကိုးစားခြင်းနှင့်မတူပါ။ ယေရှုကို ကိုး စားခြင်းသည် ယေရှုကို ကိုးစားခြင်းပင်ဖြစ်သည်။ အခြားမဟုတ်။ သို့ဖြစ်၍ တရားဒေသနာပြီး နောက်တွင် သင်၏ခေါ်ဖိတ်မှုကိုတုန့်ပြန်သောလူများနှင့်စကားပြောရသည့် အကြောင်းရင်း ဖြစ်ပါသည်။ ၎င်းမှာ သူတို့ကို အလေးထား နားထောင်ရသည့်အကြောင်းရင်းလည်းဖြစ်ပါ သည်။ နားထောင်ခြင်းအားဖြင့် သူတို့ယုံကြည်သော မှားယွင်းသည့်အယူအဆကို သိလာမည်။ ပြီးနောက် အမှန်ကို ပြင်ပေးနိုင်မည်။ တစ်ဦးချင်းစီနှင့်စကားပြောပါ။ ယေရှုခရစ်ထံသို့ဦးဆောင် ရန် အကောင်းဆုံးလုပ်ဆောင်ပါ။ သို့ရာတွင် ၎င်းသည် သတင်းစကား၏အခြားအကြောင်းအ ရာပင်ဖြစ်ပါသည်။ သင်သည် နှလုံးသားတွင်ရှိသောအပြစ်နှင့်ခရစ်တော်၏အသွေးတော်အား ဖြင့်အပြစ်ခွင့်လွှတ်ခြင်းတရားကို ဟောပြောသည်ဖြစ်၍ ဘုရားသခင်ကောင်းကြီးပေးပါစေ။

ဒေါက်တာ R. L. Hymers, Jr. ရေးသားသော ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေ သနာကိုဖတ်ရှုရန် ဤနေရာတွင်နှိပ်ပါ။ ဒေါက်တာ Hymers သည် ထိုတရားကိုဟောပြော သည်မှာ နှစ်ပေါင်း ခြောက်ဆယ်နီးပါးရှိခဲ့ပြီးဖြစ်သည်။ သူ၏ ဆေးကြောစင်ကြယ်စေပါ- ပြောင်းလဲခြင်း၏စံနမူနာ အမည်ရှိ ၎င်း၏ဧဝံဂေလိနှင့်ဆိုင်သောတရားဒေသနာကို ဖတ်ခြင်း ဖြင့် များစွာသောအကြောင်းအရာကို သင်ယူပါ။ ထိုတရားဒေသနာကိုဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ။ ဧဝံဂေလိတရားနှင့်ဆိုင်သောတရားဒေသနာတစ်ခုတွင် ပညတ်တရားနှင့်ဧဝံဂေလိတ ရားအကြောင်းမည်သို့ဟောပြောမည်ကို ပြသလိမ့်မည်။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

အခှပှေုကမွှး

ဧဝံဂေလိတရားဒေသနာကို ပြင်ဆင်ခြင်းနည်းလမ်း -
 စစ်မှန်သောပြောင်း လဲခြင်းအတွက် လိုအပ်သော အမေ့ခံသမ္မာတရားအကျဉ်း

HOW TO PREPARE AN EVANGELISTIC SERMON –
FORGOTTEN TRUTHS NEEDED FOR REAL CONVERSIONS

Dr. C. L. Cagan နှင့် Dr. R. L. Hymers, Jr.

“သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။” ( ၂ တိ ၄း ၅ )

( တမန် ၂၁း ၈၊ ၈း၅၊ ၂၆-၃၉၊ ၄၀၊ ၁ ကော ၁၅း ၁၊ ၃၊ ၄၊
၁ တိမောသေ ၁း ၁၅)

၁။     ပထမအချက်၊ သင်သည် ပညတ်တော်အကြောင်းကို ဟောပြောရမည်။ ၎င်းက လူတို့အား ၎င်းတို့၏အပြစ်နှင့်ပြည့်နှက်နေသော နှလုံးသားအကြောင်းပြေပြ သည်။ ဂလာတိ ၃း ၂၄၊ ဆာလံ ၅၁း ၅၊ ယေရမိ ၁၇း ၉၊ ရောမ ၈း ၇၊ မာကု ၇း ၂၁၊ ၂၃၊ ရောမ ၃း ၉၊ ၂၀၊ ၈း၃။

၂။      ဒုတိယအချက်၊ သင်သည် ဧဝံဂေလိတရားကို ဟောရမည်။ ၎င်းက သူတို့ကို အပြစ်မှကယ်တင်ရန် ခရစ်တော်လုပ်ဆောင်ပေးခဲ့သောအရာကို ပြောပြသည်။ ၁ ကော ၁၅း ၃၊ ၁ တိ ၁း ၁၅၊ ရောမ ၃း ၂၄၊ ၂၅၊ ၅း ၈၊ ၉၊ ဟေရှာ ၅၃း ၆၊ ၁ ကော ၁၅း ၄၊ ၁၇၊ ယေဇကျေ ၁၁း ၁၉၊ ၃၆း ၂၆၊ ၂၇၊ ဟေဗြဲ ၉း ၂၂၊ ၁ယော ၁း ၇၊ တမန် ၁၆း ၃၁၊ ဧဖက် ၂း ၅၊ ယောဟန် ၃း ၆၊ ၇၊ ဟေဗြဲ ၉း ၁၄၊ ဗျာဒိတ် ၁း၅ခ၊ ၅း ၉ခ။