Print Sermon

ဤတရားဒေသနာစာရွက်နှင့် ဗွီဒီယိုဖိုင်များသည် လစဥ်လတိုင်းတွင် ကွန်ပြူတာပေါင်း တသန်းခွဲဖြင့် နိုင်ငံပေါင်း ၂၂၁ ကျော် www.sermonsfortheworld.com ဆီသို့သွား ရောက်လေ့ရှိသည်။ အခြားရာပေါင်းများစွာသောသူတို့က ဗွီဒီယိုကို YouTube တွင် ကြည့်ကြပြီး ဤစာမျက်နှာကို လာကြသည်။ Youtube မှ ဒီစာမျက်နှာကို လူတို့အားလာစေသည်။ ဤတရားဒေသနာစာရွက်ကို လစဥ်လတိုင်း စကား ၄၆ မျိုးဖြင့် ကွန်ပြူတာ တသိန်းတသောင်းမျှသော လူတို့ကို ဝေငှပေးထားသည်။ ဤတရားဒေသနာသည် မူပိုင်မလုပ်ထား၍ တရားပို့ချသူများ ခွင့်ပြုချက်မလို အသုံးပြုနိုင်သည်။ ကမ္ဘာတဝှမ်းသို့ ဧဝံဂေလိတရားကို ကျဲဖြန့်နေသော ကြီးမားသည့်အလုပ်တွင် ငါတို့အား အကူအညီပေးရန် လစဉ်အလူတော်ငွေ ပါဝင်ထည့်ဖို့ ဤနေရာကို ကျေးဇူးပြုပြီး နှိပ်ပါ။

ဒေါက်တာ Hymers ထံသို့ စာရေးသားသည့်အချိန်တိုင်းတွင် မည်သည့်တိုင်းပြည်၌ နေထိုင်ကြောင်းကို အမြဲတမ်းပြောပါ။ သို့မဟုတ်လျှင် အဖြေပေးနိုင်မည်မဟုတ်ပါ။ ဒေါက်တာ Hymers ၏လိပ်စာမှာ rlhymersjr@sbcglobal.net. ဖြစ်ပါသည်။




နိုးထမှုသည် ရွေးချယ်စရာမဟုတ်။

REVIVAL IS NO OPTION!
(Burmese)

လော့စ်အိန်ဂျယ်လ်ရှိ Baptist Tabernacle အသင်းတော်၌ ၂၀၁၇ခုနှစ်
အောက်တိုဘာလ ( ၁ ) ရက်၊ သခင်ဘုရား၏နေ့ ညနေပိုင်းတွင် ဟောကြားသော
Dr. R. L. Hymers, Jr.၏ တရားဒေသနာဖြစ်သည်။
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 1, 2017

“သို့သော်လည်း၊ သင်သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီ ဟု သင်၌ အပြစ်တင်စရာရှိ၏။ ထို့ကြောင့်၊ သင်သည် မရွေ့လျော့မှီ၊ အရင် နေရာအရပ်ကိုအောက်မေ့လော့။ နောင်တရလော့။ ရှေးဦးစွာသောအ ကျင့်ကိုကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျှင်အမြန်လာ မည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကို နေရာမှရွေ့မည်။” (ဗျာဒိတ် ၂း ၄၊ ၅ )


ဧဖက်မြို့အသင်းတော်သည် အလွန်ကြီးမားသည်။ ကောင်းမွန်သည့် အသင်းတော် လည်းဖြစ်ပါသည်။ မှားယွင်းသောသွန်သင်ချက်များကို လက်မခံသည့် ဖန်တမင်တယ်လ်အ သင်းတော်လည်းဖြစ်ပါသည်။ သို့ရာတွင် အပြစ်ဆိုဖွယ်ရာတစ်ခုရှိသည်။ ဤအသင်းတော် သည် နှိမ့်သိမ့်ကျန်းမာခြင်းကို ရရှိသည်။ အဆောက်အဦးကိုလည်း ဝယ်ကြသည်။ လူတို့က ကောင်းမွန်စွာ လုပ်ဆောင်လာကြသည်။ သူတို့သည် ငွေကြေးချမ်းသာကြသည်။ သူတို့သည် လိုလေသေးမရှိပါ။ သို့ရာတွင် သူတို့သည် တစ်ခုလိုအပ်တာရှိသည်ဟု ဆိုသည်။ သူတို့သည် မေတ္တာကို ချန်ရစ်ထားခဲ့ကြသည်။ နောင်တရရန်ခေါ်ဖိတ်သည်။ နောက်ပြန်လှည့်ပြီး နှစ် ပေါင်းများစွာပျောက်ဆုံးသောမေတ္တာနှင့်စိတ်အားထက်သန်မှုကို ပြန်လည်ရှာဖွေရန် ခေါ်ဖိတ် သည်။ သူတို့ငြင်းပယ်လျှင် ခရစ်တော်က လာမည့်တရားစီရင်ခြင်းကို သတိပေးထားသည်။ အ သင်းတော်သည် ဖယောင်းတိုင်အလားဖြစ်သည်။ အမှောင်ကမ္ဘာထဲတွင် အလင်းကိုပေးသည်။ သို့ရာတွင် ထိုအသင်းတော်သည် နောင်တမရလျှင် ခရစ်တော်က “ငါသည် အလျှင်အမြန်လာ မည်။ သင်၏မီးခွက်ကို နေရာမှရွေ့မည်ဟုဆိုသည်။” ထို့နောက် ခရစ်တော်က “နားရှိသော သူမည်သည်ကား အသင်းတော်အား သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူစကားကို ကြားပါ စေ” ဟု ဆိုသည်။( ဗျာဒိတ် ၂း ၇) အသင်းတော်သည် နောင်တမရပါ။ အသင်းတော်ကိုကယ် တင်မည့်နိုးထမှုကိုလည်း မတွေ့ကြုံပါ။ ဤအသင်းတော်ကို ရောမစစ်တပ်က ပထမရာစုအ ကုန် ဒိုမီးရှင်းဘုရုင်လက်အောက်တွင် အသေသတ်ခဲ့ကြသည်။ အခြားအသင်းတော်ကို တည် ဆောက်သည်။ သို့သော် မြို့တစ်ခုလုံးသည် နောက်ဆုံးတွင် မွတ်စလင်များကြောင့် ပျကင်စီးခဲ့ သည်။

ထိုအရာကို အသင်းတော်တွင် လက်တွေ့အသုံးချရန်လိုအပ်ပါသလား။ ကနဦးအချိန် ကာလများတွင် ဧဖက်မြို့အသင်းတော်သည် အသက်တာနှင့်ခရစ်ယာန်ချစ်မေတ္တာဖြင့် ပြည့် စေသည်။ နိုးထမှုရှိပြီး မေတ္တာကြွယ်၀သောအသင်းတော်ဖြစ်ပါသည်။ တချိန်က ကျွန်တော်တို့ အသင်းတော်ကဲ့သို့ပင်ဖြစ်ပါသည်။ ကျွန်တော်တို့အသင်းတော်က ကွဲပြားသွားခဲ့သည်။ သို့ရာ တွင် ဆက်ကပ်အပ်နှံခြင်းတွင် ကွဲပြားမှုရှိစမြဲပါ။ ထွက်သွားသူတွေကတော့ ထွက်သွားကြ သည်။ သူတို့သည် ဘုရားသခင်ကို အလေးအနက်ရှိသောခရစ်ယာန်များမဖြစ်လိုကြသော ကြောင့်ဖြစ်သည်။ ခရစ်တော်၏မေတ္တာတရားထံပြန်လာဖို့ အမြဲတမ်းတိုက်တွန်းနေခဲ့သော် လည်း ဤအဖွဲ့သည် ထွက်သွားခဲ့သည်။ ကျွန်တော်က မှားယွင်းသောသွန်သင်ချက်ကို သွန် သင်သောကြောင့် ထွက်သွားခဲ့ကြသည်မဟုတ်။ နိုးထမှုကိုမလိုလားကြသောကြောင့်သာလျှင် ထွက်သွားကြရခြင်းဖြစ်ပါသည်။ သူတို့သည် ယေရှု၏တပည့်မဖြစ်လိုကြပါ။ Richard Olivas က အဆိုးဆုံးကွဲပြားမှုကိုဖြစ်စေပါသည်။ သူတို့က မဟာစေခိုင်းချက်သည် တမန်တော်များအ တွက်သာဖြစ်သည်။ အဘယ်သူမျှ ပျောက်ဆုံးဝိညာဉ်ရှာဖွေရန်မလိုအပ်ပါ။ ၎င်းမှာ ပထမစော ဒကတက်မှုဖြစ်သည်။ သူက သခင်ယေရှု၏စကားကို လုံးဝမုန်းတီးသည်။ “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလ တံ့။ (မဿဲ ၆း ၃၃) သူက လူတို့အား ဘုရားသခင်၏နိုင်ငံတော်ထက်အောင်မြင်ခြင်းနှင့် နိုင်ငံ တော်ကို ရှာဖွေရန်တိုက်တွန်းပေးသည်။ ပျောက်ဆုံးဝိညာဉ်ရှာဖွေခြင်းနှင့်ဆုတောင်းခြင်းကို တိုးချဲ့လုပ်ဆောင်ကြရန် လူတို့အား ဆက်လက်ဟောကြားခဲ့ပါသည်။ လူပေါင်းသုံးရာကျော် သူ့နောက်လိုက်သွားကြသည်။ လူပေါင်း ၁၅ ယောက် သာ ကျန်ရစ်ခဲ့ကြသည်။ ကျွန်တော် တို့လူများက ခရစ်တော်ကို အမြဲဗဟိုပြုပြီး သူ့လူများ ထက် အောင်မြင်မှုကို ပိုမိုရရှိခဲ့ကြသည်။ ထိုထက်သာ၍ အောင်မြင်ခဲ့ကြသည်။ ကျွန်တော်တို့၏ကလေးအားလုံးလိုလိုသည် တက္ကသိုလ် မှဘွဲ့ယူခဲ့ကြသည်။ ကျွန်တော်တို့အသင်းတော်ထဲက လူရင်းအများစုက ကိုယ်ပိုင်အိမ် သို့မ ဟုတ် ကွန်တိုအိမ်ကို ပိုင်ဆိုခဲ့ကြသည်။ သူ့လူတို့သည် တောင်ပံလေးခုဖြင့် ကွဲပြားခဲ့ကြသည်။ ကျွန်တော်တို့ကတော့ အနည်းငယ်သာကွဲကွာကြသည်။ သူ့လူများက လင်မယားကွဲဖို့တောင် တစ်ဦးနှင့်တစ်ဦး မစောင့်ဆိုင်းနိုင်ကြပါ။ ထို့ကြောင့် မည်သူက ပိုကောင်းသနည်း။ ကျွန်တော် တို့က ဤအဆောက်အဦးအတွက်ပေးဖို့တောင် ခက်ခဲနေခဲ့ကြသည်။ ထိုအရာက ကျွန်တော် တို့က ခရစ်တော်၏တပည့်စစ်ဖြစ်စေပါသည်။ သူ၏များပြားလှသောလူစုသည် အားနည်းသော ဧဝံဂေလိအဖွဲ့အစည်းဖြစ်လာကြသည်။ ကျွန်တော်တို့သည် ခရစ်တော်အတွက် ဒုက္ခအနည်း ငယ်ခံကြရသည်။ သို့သော် မင်္ဂလာရှိကြပါသည်။ သင်သည် လောကအရာနှင့်ငွေကြေးနောက် သို့ တကောက်ကောက်လိုက်သွားလျှင် မာရ်နတ်၏ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ယေရှုက “သင်တို့သည် ဘုရားသခင်ကိုသော်လည်းကောင်း၊ စာတန်ကိုသော်လည်းကောင်း အစေမခံ နိုင်ကြ” ဟု မိန့်တော်မူခဲ့သည်။ ( မဿ ၆း ၂၄ ) သခင်ယေရှုမိန့်တော်မူသောစကားမှန်ပေ သည်။ သူတို့၏လုပ်ဆောင်ချက်သည် မှားယွင်းနေသည်။ “ယေရှုနောက်လိုက်ရန် စိတ်ဆုံး ဖြတ်ခဲ့ပြီ။” အားလုံးမတ်တပ်ရပ်ပြီး သီဆိုကြပါစို့။

ယေရှုနောက်လိုက်ရန် စိတ်ဆုံး ဖြတ်ခဲ့ပြီ၊
ယေရှုနောက်လိုက်ရန် စိတ်ဆုံး ဖြတ်ခဲ့ပြီ၊
ယေရှုနောက်လိုက်ရန် စိတ်ဆုံး ဖြတ်ခဲ့ပြီ၊
ယေရှုနောက်လိုက်ရန် စိတ်ဆုံး ဖြတ်ခဲ့ပြီ၊
နောက်ပြန်မလှည့်၊ နောက်ပြန်မလှည့်။

ကားတိုင်ကိုရှေးရှု၊ လောကကိုကျောခိုင်း၊
ကားတိုင်ကိုရှေးရှု၊ လောကကိုကျောခိုင်း၊
ကားတိုင်ကိုရှေးရှု၊ လောကကိုကျောခိုင်း၊
နောက်ပြန်မလှည့်၊ နောက်ပြန်မလှည့်။
( “ယေရှုနောက်လိုက်ရန် စိတ်ဆုံးဖြတ်ခဲ့ပြီ၊ ဟိန္ဒူပြောင်းလဲသူတစ်ဦးစပ်ဆို၊ ၁၉ ရာစု )

အာမင်၊ အားလုံးနိုင်နိုင်ပါသည်။

သို့ရာတွင် ဧဖက်အသင်းတော်တွင် ကြောက်စရာတစ်ခုဖြစ်ပျက်ခဲ့သည်။ ယေရှုက သူတို့အား ဤသို့မိန့်ဆိုခဲ့သည်။

“သို့သော်လည်း၊ သင်သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီ ဟု သင်၌ အပြစ်တင်စရာရှိ၏။” ( ဗျာဒိတ် ၂း ၄ )

ယေရှုက သူတို့သည် ပထမမေတ္တာထဲမှ “လဲကျသည်” ဟု မိန့်တော်မမူခဲ့ပါ။ ပထမမေတ္တာကို “စွန့်ခဲ့သည်” ဟုသာ မိန့်ဆိုခဲ့သည်။

“သို့သော်လည်း၊ သင်သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီ ဟု သင်၌ အပြစ်တင်စရာရှိ၏။” ( ဗျာဒိတ် ၂း ၄ )

ဒေါက်တာ John F. Walvoord က အကြောင်းတရားကို ပေးထားသည်။ သူက ဤသို့ဆိုပါ သည်။

“ဧဖက်မြို့ရှိအသင်းတော်သည် ဒုတိယမျိုးဆက်ခရစ်ယာန်များဖြစ် ကြပါသည်။”

ကျွန်ုပ်အနေဖြင့် ပိုမိုပြောသင့်ပါသလား။ “အသင်းတော်သည် ၎င်း၏ဒုတိယမျိုးဆက်တိုင်ခဲ့ပြီ”။ ၎င်းက အားလုံးကိုဆိုခဲ့ပါသည်။ ထို့နောက် ဒေါက်တာ Walvoord က “ပထမမျိုးဆက်ထင်ရှား စွာပြခဲ့သောဘုရားသခင်၏မေတ္တာသည် ပျောက်ဆုံးနေသည်” ဟုဆိုပါသည်။ (John F. Walvoord, Th.D., ယေရှုခရစ်ဖော်ပြခြင်း၊ Moody Press, ၁၉၇၃၊ စာ- ၅၆ )

လူငယ်တို့၊ သင်တို့သည္ အသင်းတော်၏ဒုတိယမျိုးဆက်များဖြစ်ကြသည်။ သင်တို့ သည် ဤအဆောက်အဦးကြီးကို ကယ်တင်သည့် “၃၉ ဦး” မျိုးဆက်ထဲက မဟုတ်ကြပါ။ သူ တို့သည် ပထမမျိုးဆက်များဖြစ်ကြသည်။ သင်တို့မဟုတ်ကြပါ။ ဒေါက်တာ Chan က ပထမ မျိုးဆက် “၃၉ ဦး” ခရစ်တော်ကိုမည်သို့ချစ်ပြီးအစေခံကြောင်းကို ပြောခဲ့သည်။ သူသည် ဆယ် ကျော်သက်အရွယ်လူငယ်တစ်ဦးအနေဖြင့် အသင်းတော်ကို ရောက်ရှိလာခဲ့သည်။ သူက ဤ သို့ဆိုပါသည်။

ကျွန်ုပ်သည် ခရစ်တော်ကိုယုံကြည်ကိုးစားသောအခါ အသက်တာ ပြောင်းလဲလာသည်။ အပြစ်များသည် အသွေးတော်အားဖြင့် ဆေး ကြောခြင်းခံရသည်။ အသင်းတော်သည် ယခုတွင် ကျွန်ုပ်၏ဒုတိ ယအိမ်ပင်ဖြစ်ပါသည်။ ကျွန်တော်၏အသက်တာကို ခရစ်တော်အ တွက် အလုပ်လုပ်ရန်ဆက်ကပ်လိုက်သည်။ ဒေါက်တာ Hymers ခရစ်တော်၏တပည့်တော်များအကြောင်းကို အမြဲဟောသည်။ ခ ရစ်တော်ကိုဗဟိုပြုခြင်း၊ အသင်းတော်ကိုဦးထိပ်ထားခြင်းအ ကြောင်းကို ၊မိမိကိုယ်ကိုငြင်းပယ်ခြင်း၊ ပျောက်ဆုံးဝိညာဉ်ရှာဖွေ ခြင်းအကြောင်းကို ဟောပြောသည်။ သူက “အင်တီနိုမီနီစိမ်” အ ကြောင်းကိုလည်း ဟောပြောသည်။ ဆိုလိုသည်မှာ ဥပဒေမဲ့ “ခရစ် ယာန်များ” ကိုဆိုလိုသည်။ သူဟောပြောသောအရာသည် မှန်ကန် ကြောင်း နားလည်သည်။ ၎င်းသည် ကျွန်ုပ်အတွက်ဖြစ်သည်။ အတူတကွဆုတောင်းပြီး သီချင်းဆိုကြပါစို့။ ဤအရာကို ကြီးကြီး မားမားမှတ်မိထားသည်။ ကျွန်ုပ်တို့သည် တပတ်လျှင် အကြိမ် ပေါင်းများစွာ ဧဝံဂေလိလုပ်ကြသည်။ ဆွေးနွေးသည့်အခန်းတွင် လူပြည့်ကြသည်။ ကျွန်တော်က Judy Cagan, Melissa Sanders, နှင့် ကျွန်တော့်မိန်းမဖြစ်လာသည့် Winnie Yeung တို့ ကို ခေါ်လာခဲ့သည်။ သူတို့ကို UCLA အဆောင်သို့ ဧဝံဂေလိလုပ် ငန်းထဲမှခေါ်ဆောင်လာရန် ဘုရားသခင်က ကူညီမစခဲ့သည်။ မစ္စ Hymers ( ဆယ်ကျော်သက်အပျိုမလေးတစ်ဦး ) သည် မိမိအ သက်တာကို အသင်းတော်၏လုပ်ငန်းအတွက်ဆက်ကပ်အပ်နှံခဲ့ သည်။ အဘယ်အရာမျှ နောက်ဆန်တင်းစရာမရှိပါ။ ကျွန်တော်တို့ နှစ်ဦးလုံးက လူငယ်အရွယ် ပထမဆုံး သူမ ဘုရားကျောင်းရောက် လာသည်ကို မှတ်မိသည်။ သူသည် ခရစ်တော်ကို များစွာချစ်လာ သည်။ ပျောက်ဆုံးဝိညာဉ်များကို ကယ်တင်ရန် စိတ်အားထက် သန်လာသည်။ အသင်းတော်၌ လူနှစ်ဦးအတွက် ဆက်လက်အ လုပ်လုပ်လာပေးသည်။ ၎င်းမှာ အထက်တန်းကျောင်းမပြီးသေး ခင်က ဖြစ်သည်။ ယခုတွင် သူသည် လူငယ်တရုတ်လူမျိုးများနှင့် အခြားအာရှနိုင်ငံသားမိန်းကလေးများနှင့်အလုပ်လုပ်နေသည်။ သူ သည် အလွယ်ထိရောက်သော မတူညီသည့်ရိုးရာယဉ်ကျေးမှုတွေ ကြား သာသနာလုပ်နေသည့်သူဖြစ်သည်။ ( ပဋိပက္ခမရှိ )

Ileana သည် အချိန်အတော်ကြာကြာ နေမကောင်းဖြစ်ခဲ့သည်။ သို့ရာတွင် သူသည် ဘယ်တော့မှဆုတောင်းမပျက်ပါ။ သို့မဟုတ် ဗုဒဟူးညနှင့်ကြာသပတေးညတွင် ပျောက်ဆုံးသူ များက ဧဝံဂေလိတရားကြားနာဖို့ ခေါ်ဆောင်လာကြရန်ဖြစ်ပါသည်။ အခြားမိန်းမကြီးတစ်ဦး မှာ မစ္စ Salazar ဖြစ်ပါသည်။ သူမသည် မာတာထရေဇာကဲ့သို့ဖြစ်သည်။ သူသည် နှစ်ခြင်းယုံ ကြည်သူတစ်ဦးဖြစ်ပါသည်။

လူငယ်တို့၊ ကျွန်ုပ်တို့၏အသင်းတော်ကို ဧဖက်မြို့အသင်းတော်ရှိဒုတိယမျိုးဆက်များ ပြုသကဲ့သို့ ရေစုန်သို့ဆွဲမချကြပါနှင့်။ သင်တို့သည် အသင်းတော်၏အနာဂတ်ဖြစ်ကြပါသည်။ ကျေးဇူးပြု၍ ယေရှုကိုချစ်သည့်ချစ်ခြင်းကို မစွန့်ပစ်ကြပါနှင့်။

ယခုတွင် ဗျာဒိတ် ၂း ၃ ကိုကြည့်ပါ။ Scofield Study Bible တွင် စာမျက်နှာ ၁၃၃၂ တွင်ရှိပါသည်။

“ခန္ဒီနှင့်ပြည့်စုံ၍၊ ငါ၏နာမကြောင့် ဆင်းရဲခံ၍ အားမလျော့ကြောင်း ကို၎င်း၊ ငါသိ၏။” ( ဗျာဒိတ် ၂း ၃ )

ခေတ်သစ်ဘာသာပြန်ဆိုကျမ်းများက ဤသို့ဘာသာပြန်ကြသည်။ “သင်သည် ခက်ခဲမှုများကို ကျွန်ုပ်၏နာမ၌ သည်းခံကြသည်၊ ပင်ပန်းခြင်းမရှိကြပါ။” (NIV) ဤအရာများသည် အတိတ် က နှင့်တူညီနေသည်ကို သတိပြုပါ။ သင်သည် မွေးဖွါးလာခဲ့သည်။ သင်သည် အခက်အခဲကို ကျော်ဖြတ်လာခဲ့သည်။ သင်သည် စိတ်ပျက်ခြင်းမရှိပါ။ အတိတ်တွင်ရှိခဲ့သောနည်းလမ်းဖော်ပြ ချက်ပင်ဖြစ်ပါသည်။

ဒေါက်တာ Walvoord က “အသင်းတော်သည် ၎င်း၏ဒုတိယမျိုးဆက် ခရစ်ယာန် များဖြစ်ကြသည်။”။ ၎င်းက အားလုံးကိုဆိုခဲ့ပါသည်။ ထို့နောက် ဒေါက်တာ Walvoord က “ပထမမျိုးဆက်ထင်ရှား စွာပြခဲ့သောဘုရားသခင်၏မေတ္တာသည် ပျောက်ဆုံးနေသည်” ဟုဆိုပါသည်။ စိတ်နှလုံးအေးစက်ခြင်းသည် ဝိညာဉ်ရေးယာန်အတွက် အန္တရယ်ရှိသည်။ ၎င်းက ခရစ်ယာန်အသင်းတော်တွင် အရေးကြီးသောအရာဖြစ်သည့် သက်သေခံခြင်းကို ဖျက် ဆီးသည်။ ထို့ကြောင့် ၎င်းမှာ အသင်းတော်သမိုင်းတစ်လျှောက်တွင် အမြဲရှိသောအရာဖြစ်ပါ သည်။ ပထမအချက်မှာ ဝိညာဉ်ရေးရာမေတ္တာအေးစက်ခြင်း၊ ဘုရားမေတ္တာနေရာတွင် လော ကအရာကို အစားထိုးခြင်းတို့ဖြစ်သည်။ ၎င်းကို ယုံကြည်ခြင်းမှလွဲရှောင်ခြင်းက လိုက်လာပြီး ထိရောက်မှုရှိသောသက်သေခံခြင်းကို စွန့်ခွါခြင်းက လိုက်လာသည်။ (Walvoord, ၎င်း)

ကျွန်ုပ်တို့အသင်းတော်တွင်ဖြစ်ပျက်ခဲ့သောအရာကို ကျွန်ု္ပ်သိသည်။ ကျွန်ုပ်တို့အ သင်းတော်၏ဒုတိယမျိုးဆက်သည် ပို၍အေးခဲခဲ့ပြီးပထမမျိုးဆက်တွင်ရှိသည်ထက် ယုံကြည်မှု ကင်းမဲ့လာခဲ့ကြသည်။ ဒေါက်တာ Chan, မစ္စတာ Griffith, ဒေါက်တာ Judy Cagan, မစ္စ Hymers တို့သည် ၁၉၇၀ တွင် အသင်းတော်သို့ရောက်လာကြသည့် လူရင်းများဖြစ်ကြသည်။ သူတို့သည် အသက်ရှင်သောသူများ၊ စိတ်အားထက်သန်သူများ၊ မေတ္တာနှင့်ပြည့်ဝသူများ၊ မိဿဟာရရှိသူများ၊ ခရစ်တော်ကို ဆက်ကပ်အပ်နှံသူများဖြစ်ကြသည်။ တနည်းအားဖြင့် သူတို့နှင့်တူညီသောသူများ ဧဖက်မြို့၏ပထမမျိုးဆက်တွင် များစွာရှိကြသည်။

ဤနွေးထွေးမှုနှင့်စိတ်အားထက်သန်မှုကို အဒုတိယမျိုးဆက်အဖြစ်ကြီးထွားလာကြ သည့်သင်းတော်ကလေးအများစုထံ လက်ဆင့် မကမ်းကြပါ။ ဒုတိယမျိုးဆက်တို့သည် ၎င်းတို့ ကိုယ်စီအသက်တာကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် နေရာပြောင်းရွေ့ကြသည်။ သူတို့ သည် ဆုတောင်းခြင်းအစီအစဉ်သို့လာကြသော်လည်း သူတို့သည် ဆုလည်းမတောင်း၊ စိတ် အားထက်သန်မှုမရှိဘဲ ခြောက်သွေ့သောဆုတောင်းချက်များကိုသာ တောင်းကြသည်။ “ပထ မမျိုးဆက်ကိုထင်ရှား စွာပြခဲ့သောဘုရားသခင်၏မေတ္တာသည် ပျောက်ဆုံးနေသည်။” John Cagan သာလျှင် ပထမမျိုးဆက်ကဲ့သို့ ရပ်တည်ခဲ့သည်။ ၎င်းမှာ သူ့အသက်တာသည် ကနဦး မျိုးဆက်များတွင်ရှိသောမေတ္တာနှင့်စိတ်အားထက်သာမှုကိုဖြစ်စေသည့် ဘဝကိုပြောင်းလဲစေ သောပြောင်းလဲခြင်းရရှိခြင်းကြောင့်ဖြစ်သည်။ သူသည် အားကစားသမား၊ နှင့်သဘာ၀ခေါင်း ဆောင်ကို မမြင်ဘူးလျှင် အခြားအေးစက်သောအသင်းတော်ကလေးများနှင့်ရောစပ်နေပေ လိမ့်မည်။ သူ့အသက်အရွယ်ရှိသောလူအချို့တို့က အသင်းတော်ကို စွန့်ခွါခဲ့ကြသည်။ အခြား သူများက အေးတိအေးစက်ရှိကြသည်။ အနည်းငယ်သာလျှင် သူကဲ့သို့ အသက်ရှင်ကြသည်။ တခါတရံ John ကိုယ်တိုင်လည်း သူအရွယ်မျိုးဆက်များက အေးတိအေးစက်ရှိပြီး လောကီ ဆန်ကြရသည်ကို ရှုပ်ထွေးသည်

ဤအချက်တွင် ကျွန်ုပ်တို့သည် နိုးထမှုရှိရမည်ကိုသတိပြုသည်ကို စတင်ပြောလိုပါ သည်။ ဒုတိယမျိုးဆက်က တန်ခိုးရှိသောပြောင်းလဲခြင်း၌ ခရစ်တော်နှင့်အမှန်တကယ် တွေ့ကြုံခြင်းမရှိလျှင် ကျွန်ု္ပ်တို့အသင်းတော်ကို အသက်ရှင်ခြင်း၊ မေတ္တာနှင့်တန်ခိုးကိုထိမ်း သိမ်းနိုင်ကြရန် မဖြစ်နိုင်ပါ။ သို့ရာတွင် ဒုတိယမျိုးဆက်အများစုက အသင်းတော်ကို ဆန့်ကျင် သည်။ သို့မဟုတ် စွန့်ခွါသည်၊ တစ်ခုခုတော့လုပ်စမြဲဖြစ်သည်။ သူတို့ရှိနေလျှင်ပင် ပြောင်းလဲ ခြင်းကို လစ်လျူရှုကြသည်။ အချို့က စစ်မှန်သောပြောင်းလဲခြင်းမဟုတ်ဟုပင် စတင်တွေး တောနေကြသည်။ အခြားသူများက ခရစ်တော်အစစ်အမှန်ဖြစ်သည်ကို သက်သေထူရန် အ တွင်းပိုင်းအပြောင်းအလဲအချို့ကို တောင်းဆိုခဲ့ကြသည်။

ကျွန်တော်တို့သည် တစ်ဦးချင်းစီ သူတို့အမှန်တကယ် ပြောင်းလဲလာသည်အထိ သို့ မဟုတ် အသင်းတော်ကိုစွန့်ခါြသွားသည်အထိ မျက်နှာချင်းဆိုင်ဆွေးနွေးကြသည်။ သူတို့သည် ပထမမျိုးဆက်ကဲ့သို့ဖြစ်လာကြရန် ကြီးမားသည့်ရုန်းကန်မှုရှိခဲ့ကြသည်။ “သူတို့စွန့်ခွင်သောအ ရာကို သတိရစေရန်” လုပ်ဆောင်ရမည်။ John Cagan ကဲ့သို့သော သူများသတိပြုမိသော ၎င်းတို့၏ယုံကြည်ခြင်းမှာ “၃၉ ဦး” နှင့်နှိုင်းယှဉ်လျှင် သေနေသူများဖြစ်ကြသည်။ ဒုတိယအနေ ဖြင့် သူတို့သည် “ပထမလုပ်ဆောင်သောအရာနှင့်နောင်တရ” ရန်ဖြစ်သည်။ သူတို့သည် စိတ် နှလုံးကို ပြောင်းလဲစေကြရမည်ဖြစ်သည်။ သူတို့သည် စစ်မှန်သောပြောင်းလဲခြင်းဆီသို့သွား ရမည်။ ( ပထမအလုပ် ) Emi, နှင့် Ayako, ဖိလိပိနှင့်တိမောသေ၊ ဝယ်စလီနှင့်နောဧနှင့်အခြား သောသူများကဲ့သို့သော စစ်မှန်သောယုံကြည်ခြင်းရှိသူအချို့တို့ကြောင့် ဘုရားသခင်ကို ကျေး ဇူးတင်ပါသည်။

ထို့နောက် ဘုရားသခင်သည် ကျွန်တို့အလယ်တွင် နိုးထမှုကို စတင်စေလွှတ်ခဲ့သည်။ ဘုရားသခင်ကို ချီးမွမ်းပါသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် ကျွန်ု္ပ်တို့ထံ ဝိညာဉ်တော် ကိုစေလွှတ်ရန် ယုံကြည်ပေးခဲ့သည်။ လွန်ခဲ့သောလအနည်းငယ်တွင် လူ၂၀ ယောက်လာပြီး ကယ်တင်ခြင်းသို့ ရောက်ကြသည်။ ဤလူငယ်များ ယုံကြည်ခြင်းခိုင်မာလာကြဖို့အတွက် ဤသို့သောအစည်းအဝေးပွဲများကို ဆက်လက်လုပ်ဆောင်ကြမည်ဖြစ်သည်။

ယခုတစ်ခါ John Cagan က “နိုးထမှုဟူသည်မှာ ပဟေဠိ၏အစိတ်အပိုင်းဖြစ်သည်” ဟုဆိုပါသည်။ ကျွန်ုပ်တို့အသင်းတော်သည် နိုးထမှုကို ထပ်ခါထပ်ခါအလေးအနက်ထားဖော် ပြရမည်။ သို့မဟုတ် ကျွန်ုပ်တို့၏မူရင်းအသင်းသားများကဲ့သို့ စိတ်အားထက်သန်သောပြောင်း လဲသူများတော့မြင်တွေ့ရတော့မည်မဟုတ်ပါ။ သူတို့က ဧဖက်အသင်းတော်တွင်ရှိသောအရာ များကဲ့သို့ လိုအပ်ပါသည်။ ကျွန်ု္ပ်တို့၏ယနေ့အသင်းတော်တွင်လည်း လိုအပ်ပါသည်။ ၎င်းကို “အသက်ရှင်ခြင်းအတွက် နိုးထမှု” ဟု ကျွန်ုပ်သမုတ်လိုက်သည်။

ညီအစ်ကို၊ မောင်နှမတို့ ကျွန်ုပ်တို့သည် အပြစ်များကို ထပ်ခါထပ်ခါဝန်ခံပြီး ကျွန်ု္ပ်တို့ အလယ်တွင် ဘုရားသ ခင်၏မျက်မှောက်တော်ဆင်းသက်လာဖို့ရာ ဆုတောင်းပဌနာပြုပါမည်။ ထိုသို့လုပ်ဆောင်ပါ၊ ထိုသို့လုပ်ဆောင်ပါ၊ ထိုသို့လုပ်ဆောင်ပါ။ “သူ့အတွက်အသက်ရှင်မည်” သီချင်းနံပတ် ၁၅ ကို အားလုံးမတ်တပ်ရပ်ပြီးသီဆိုပါ။

ကျွန်ုပ်ဘ၀၊ အသက်ကိုပေးသည်၊ ကျွန်ုပ်အတွက်အသေခံသောသိုးသူငယ်၊
   ကျွန်ုပ်အမြဲသစ္စာရှိပါမည်၊ ကျွန်ု္ပ်ကယ်တင်ရှင်၊ ဘုရားသခင်။
ကျွန်ု္ပ်အတွက်အသေခံသူတွက် အသက်ရှင်မည်၊ ကျွန်ုပ်အသက်တာကျေနပ်စရာ၊
   အသေခံပေးသူအတွက်အသက်ရှင်မည်။ ကျွန်ုပ်ကယ်တင်ခြင်း၊ ကျွန်ုပ်ဘုရား။

ကျွန်ုပ်ကိုလက်ခံကြောင်း ယုံကြည်ပါ၏၊ အသက်ရှင်စေလို့ငှါ ကိုယ်တော်အသေခံ၏၊
   ကိုယ်တော်ကို ကိုးစားပါ၏၊ ကျွန်ု္ပ်ကယ်တင်ရှင်ဘုရားသခင်။
ကျွန်ု္ပ်အတွက်အသေခံသူတွက် အသက်ရှင်မည်၊ ကျွန်ုပ်အသက်တာကျေနပ်စရာ၊
   အသေခံပေးသူအတွက်အသက်ရှင်မည်။ ကျွန်ုပ်ကယ်တင်ခြင်း၊ ကျွန်ုပ်ဘုရား။

ကားတိုင်ပေါ်အသေခံသောဘုရား၊ ဝိညာဉ်ကိုကယ်တင်၊ ကျွန်ုပ်အားလွတ်မြောက်စေ၊
ကိုယ်တော်ကိုမျှော်ကြည့်ပါ၏။ ကယ်တင်ရှင်၊ ကျွန်ုပ်ဘုရား။
ကျွန်ု္ပ်အတွက်အသေခံသူတွက် အသက်ရှင်မည်၊ ကျွန်ုပ်အသက်တာကျေနပ်စရာ၊
   အသေခံပေးသူအတွက်အသက်ရှင်မည်။ ကျွန်ုပ်ကယ်တင်ခြင်း၊ ကျွန်ုပ်ဘုရား။
( “ကိုယ်တော့်အတွက်အသက်ရှင်မည်” Ralph E. Hudson, ၁၈၄၃-၁၉၀၄၊ သင်းအုပ် ဆရာမှပြင်ဆင်သည်။ )

ယခုတွင် နံပါတ် ၁၉ “မေတ္တာရှိသည်” ကို သီဆိုကြပါစို့။

မေတ္တာရှိသည်၊ ပင်လယ်ထက်မက၊ ကြင်နာခြင်းတရား လွှမ်းမိုးနေသည်၊
   မေတ္တာအရှင်၊ ရွေးနှုတ်ချိန်၊ အသွေးတော်မြတ်ကိုသွန်းလောင်ပေး။
မေတ္တာဖြင့်မကယ်တင်သူရှိပါသလား၊ ချီးမွမ်းခြင်းကို ရပ်တန့်ပေးသူရှိပါသလား။
   အမေ့ခံရမည်မဟုတ်။ ကောင်းကင်ဘုံရှိနေသ၍ချီးမွမ်းမည်။

လက်ဝါးကပ်တိုင်ပေါ်အသေခံ၊ စမ်းချောင်းများနက်နဲကျယ်ပြန့်စွာဖွင့်လှစ်၊
   ဘုရားသခင်၏မေတ္တာရေစမ်းထွက်လာ၊ ကြီးမားကရုဏာနှင့်ပြည့်စုံသောအချိန်။
ကျေးဇူးမေတ္တာ သန်မာသောမေတ္တာအလား၊ အထက်မှမခြားမလပ်စီးဆင်းသည်၊
   ကောင်းကင်ဘုံ၏ငြိမ်သက်ခြင်း၊ စုံလင်တရားမျှတခြင်း၊ အပြစ်ကမ္ဘာကို မေတ္တာဖြင့်ခိုးနမ်း။

ကိုယ်တော့မေတ္တာကျွန်ုပ်လက်ခံသည်၊ ကိုယ်တော်ကိုချစ်သည်၊ နေ့ရက်အစဉ်တိုင်း၊
   ကိုယ်တော့်နိုင်ငံတော်သာရှာဖွေ၊ ကျွန်ုပ်ဘ၀ ကိုယ်တော်ကိုချီးမွမ်းရာ။
ကိုယ်တော်၏ဘုန်းတော်သာချီးမြှောက်စရာ၊ ဤလောကတွင် အဘယ်အရာမျှရှာမတွေ့၊
   ကျွန်ု္ပ်အား သန့်ရှင်းစဉ်ကြယ်စေပါ၏၊ ကျွန်ု္ပ်အား လွတ်မြောက်ခွင့်ပေးပါ၏။

ကိုယ်တော်၏သမ္မာတရား ကျွန်ု္ပ်အားလမ်းပြ၊ နှုတ်ကပတ်တော်ဝိညာဉ်တော်ဖြင့်၊
   ကိုယ်တော်၏ကျေးဇူးတော်သာလိုအပ်သည်၊ ကိုယ်တော်ကိုယုံကြည်ပါ၏သခင်။
ကိုယ်တော့်ပြည့်စုံခြင်းသွန်းလောင်း၊ ကိုယ်တော့်မေတ္တာတန်ခိုးတော်ကျွန်ု္ပ်အပေါ်မှာ၊
   အတိုင်းအဆမရှိ၊ အချုပ်အနှောင်မရှိ၊ ကျွန်ု္ပ်စိတ်နှလုံးကိုယ်တော့်ကိုပေးပါ၏။
( “သမုဒ္ဒရာအလား မေတ္တာရှိသည်” ၊ William Rees, ၁၈၀၂-၁၈၈၃ ).

ဒေါက်တာ Chan ဆုတောင်းခြင်းနှင့်ကျေးဇူးတော်အားဖြင့် ဦးဆောင်ပေးပါ။


သင်သည် ဒေါက်တာ HYMERS ကို စာရေးသားပေးပို့လျှင် မည်သည့်နိူင်ငံကနေ ရေး သားပေးပို့သည်ကို ပြောပြရမည်။ သို့မဟုတ်လျှင် သင့်အား အဖြေပေးနိူင်မည်မဟုတ် ပါ။ ဤတရားဒေသနာက သင့်အား ကောင်းကြီးပေးလျှင် ဒေါက်တာ Hymers ထံ အီးလ်မေးလ်ပေးပို့ပြီး ပြောပြပါ။ သို့သော် သင်၏နေထိုင်ရာနိူင်ငံကို ထည့်သွင်းရေး သားဖို့ မမေ့ပါနှင့်။ ဒေါက်တာ Hymers ၏ အီးလ်မေးလ်လိပ်စာမှာ rlhymersjr@sbcglobal.net (ဤနေရာတွင် နှိပ်ပါ။ ) ဖြစ်သည်။ ဒေါက်တာ Hymers အား မည်သည့်ဘာသာဖြင့်မဆို စာရေးသားနိူင်သည်။ သို့သော် အင်္ဂလိပ် ဖြင့်ရေးနိူင်လျှင် ပိုကောင်းသည်။ စာတိုက်ဖြင့် ရေးသားပေးပို့လိုလျှင် သူ၏လိပ်စာမှာ စာတိုက်သေတ္တာအမှတ် ၁၅၃၀၈၊ လောစ်အိန်ဂျယ်လ်၊ စီအေ၊ ၉၀၀၁၅ ဖြစ်သည်။ ဖုန်းဆက်ပြီး စကားပြောလိုလျှင် (၈၁၈) ၃၅၂-၀၄၅၂ ဖြစ်သည်။

(တရားဒသေနာနိဂုံး)
www.sermonsfortheworld.com ဖွင့်

များကိုမူ ခှင့်ပွုခကျြဖွင့်သာ အသုံးပွုနိူငျသညျ။

တရားဒေသနာမတိုင်မှီ Mr. Benjamin Kincaid Griffith က ဂုဏ်တော်ချီးမွမ်းသည်။
“ယေရှုနာမသည် သိသမျှတွင် အချိုမြိန်ဆုံးနာမဖြစ်သည်"၊ (Lela Long, ၁၉၂၄ ရေးစပ်သည်။ )